【နိုင်ငံတကာဆောင်းပါး】အမေရိကန်အင်စတီကျူးရှင်းများအပေါ်ယုံကြည်မှု အန္တရာယ်ရှိအောင် ကျဆင်းခြင်း

【နိုင်ငံတကာဆောင်းပါး】အမေရိကန်အင်စတီကျူးရှင်းများအပေါ်ယုံကြည်မှု အန္တရာယ်ရှိအောင် ကျဆင်းခြင်း

ကွန်ဂရက်၊ သမ္မတ၊ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို၊ တရားစီရင်ရေး၊ မီဒီယာ၊ ကောလိပ်များနှင့် တက္ကသိုလ်များ၊ စီးပွားရေးလုပ်ငန်းကြီးများ၊ ဘုရားကျောင်းများ၊ သိပ္ပံပညာရှင်များ၊ နည်းပညာကုမ္ပဏီများ၊ အလုပ်သမားသမဂ္ဂများနှင့် ပြည်သူ့ကျန်းမာရေးခေါင်းဆောင်များ စသည့်အင်စတီကျူးရှင်းများတွင် တူညီသည့် မည်သည့်အရာရှိသနည်း။ အဖြေမှာ အမေရိကန်တို့သည် ထိုအင်စတီကျူးရှင်းများကို ဆက်လက်ယုံကြည်ခြင်း မရှိတော့ခြင်းပင်ဖြစ်သည်ဟု "အမေရိကန်ပြိုကွဲခြင်း - အမေရိကန်များ ၄င်းတို့အင်စတီကျူးရှင်းများနှင့် ခေါင်းဆောင်များကိုမည်သို့ အယုံကြည်ကင်းမဲ့လာခြင်းနှင့် ယုံကြည်မှုမည်သို့ပြန်လည်တည်ဆောက်မည်နည်း" ဆိုသည့်စာအုပ်ကိုရေးသားသူ ဂျရတ် ဘေကာ ကပြောသည်။
လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း မိမိတို့သည် အမေရိကန် ဒီမိုကရေစီဆက်လက်ရှင်ရေးအတွက် အန္တရာယ်ရှိသည့် ယခင်မကြုံဖူးသည့်တစ်စုံတစ်ခုကို တွေ့မြင်ခဲ့ပြီး ထိုအရာမှာ နိုင်ငံ၏ခေါင်းဆောင်များနှင့် အင်စတီကျူးရှင်းများအပေါ် အများပြည်သူယုံကြည်မှု ပြိုလဲခြင်းပင်ဖြစ်သည်။
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အမေရိကမည်သည်တို့မှားနေသည်ကို မည်သည့်အရာထက်မဆို ပိုမိုဖေါ်ပြနိုင်သော အခြင်းအရာတစ်ခုရှိသည်ဆိုပါက ထိုအရာမှာ မိမိသည် မယုံကြည်မှု ယဉ်ကျေးမှုတွင် နေထိုင်နေခြင်းပင်ဖြစ်သည်။
အမေရိကန် ဒီမိုကရေစီကို ဖွင့်ဆိုပုံဖေါ်သည့် အဓိကအင်စတီကျူးရှင်းများအားလုံးသည် ၄င်းတို့အပေါ် အမေရိကန်များမျိုးဆက်တစ်ခုကြာထားသည့် ယုံကြည်မှုအကြီးအ ကျယ်ကျဆင်းနေသည်ကိုတွေ့ကြုံရသည်။
၄င်းတို့၏ပြုမူပုံကိုကြည့်သောအခါ ထိုကိစ္စသည် အံ့သြစရာဖြစ်ပါသလား။
Gallup အဖွဲ့အစည်းသည် အရေးအပါဆုံးအမေရိကန်အင်စတီကျူးရှင်းများကို ပြည်သူလူထုယုံကြည်မှုကို တိုင်းတာနေသည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်သည်။
ထိုအဖွဲ့က ဇူလိုင်လတွင်ကောက်ယူသည့် နောက်ဆုံးစစ်တမ်းတွင် အရေးပါသော အင်စတီကျူးရှင်း ၉ ခုတွင် ၄င်းတို့ယုံကြည်မှုများစွာရှိသည်ဟုပြောသည့် အမေရိကန်ပျမ်း မျှ ၂၆ ရာခိုင်နှုန်းရှိသည်။
ထိုပမာဏသည် မှတ်တမ်းတင်ထားသမျှတွင် အနိမ့်ဆုံးဖြစ်ပြီး Gallup က စတင်တိုင်းတာသည့် ၁၉၇၀ ခုနှစ်များက ထိုအရေအတွက်မှာ ၅၀ ရာခိုင်နှုန်းအထိရှိသည်။
"အမေရိကန်ပြိုကွဲခြင်း - အမေရိကန်များ ၄င်းတို့အင်စတီကျူးရှင်းများနှင့် ခေါင်းဆောင်များကိုမည်သို့ အယုံကြည်ကင်းမဲ့လာခြင်းနှင့် ယုံကြည်မှုမည်သို့ပြန်လည်တည် ဆောက်မည်နည်း" ဆိုသည့်စာအုပ်တွင် လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်အတွင်း အမေရိကန်ခေါင်းဆောင်များအပေါ် အများပြည်သူယုံကြည်မှု မည်သည့်ပြိုလဲသွားသည်ကို အသေးစိတ်ဖေါ်ပြထားသည်။
Gallup က အမြဲတမ်းမှတ်တမ်းတင်နေသည် အင်စတီကျုးရှင်းများအနက် စစ်တပ်နှင့် အသေးစားစီးပွားရေးလုပ်ငန်းများသာ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က ၄င်းတို့ရရှိခဲ့သည့် ယုံကြည်မှုအဆင့်ကို ဆက်လက်ရနေသည်။
ကျန်အင်စတီကျူးရှင်းများသည် မိမိတို့ယခင်ကထားရှိခဲ့သည့် ယုံကြည်မှု ပြိုလဲနေသည်။
အများပြည်သူယုံကြည်မှု အများဆုံးကျဆင်းသည့် အင်စတီကျူးရှင်းသည် မီဒီယာဖြစ်ကြောင်းသိရသောကြောင့် သင်အံ့သြမည်မဟုတ်ပေ။
လွန်ခဲ့သောနှစ်က မီဒီယာအပေါ်ယုံကြည်သူ ၁၆ ရာခိုင်နှုန်းသာရှိသည်။ ယခုအခါ ရုပ်မြင်သံကြားသတင်းများကို ယုံကြည်သူ ၁၁ ရာခိုင်နှုန်းသာရှိသည်။ထိုသို့သော တွေ့ရှိချက်များကို အခြားစစ်တမ်းများကလည်း ဖေါ်ပြကြသည်။ Pew သုတေသနဌာနသည် အလားတူ စစ်တမ်းများကို ကောက်ယူနေသည်မှာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်ပြီး အဓိကကျသည့် အမေရိကန် အင်စတီကျူးရှင်းများအပေါ် ပြည်သူလူထုယုံကြည်မှု သိသိသာသာကျဆင်းကြောင်းဖေါ်ပြသည်။
ပိုမိုစိတ်ပျက်စရာကောင်းသောအချက်မှာ အမေရိကန်တို့သည် ၄င်းတို့၏ ထိပ်တန်းအင်စတီကျူးရှင်းများအပေါ် အယုံအကြည်ကင်းမဲ့ရုံသာမက ၄င်းတို့အချင်းချင်းလည်း အယုံအကြည်မရှိကြပေ။
အထွေထွေလူမှုစစ်တမ်းတွင် ယေဘုယျအားဖြင့်ဆိုပါက လူအများစုကို မယုံကြည်နိုင် သို့မဟုတ် လူများနှင့်ဆက်ဆံရာတွင် လွန်စွာဂရုမစိုက်နိုင်ဟု ပြောမည်လားဟုမေးသောအခါ လူများကို ယုံနိုင်သည်ဟု ပြောဆိုသူအရေအတွက်သည် လွန်ခဲ့သော နှစ် ၅၀ အတွင်းထက်ဝက်ခန့်မှ သုံးပုံတစ်ပုံသို့ကျဆင်းသွားသည်။
ထိုကျဆင်းသွားသော လူမှုယုံကြည်မှုသည် အမေရိကန်များကို အတူတကွစုစည်းထားသည့် ချည်နှောင်မှုများကို ပြန်လည်ပြင်ဆင်မရသည့်ပျက်စီးမှုများဖြစ်စေခဲ့သည်။
အမေရိကသည် အခြေခံအားဖြင့်နာဖျားမကျန်းဖြစ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်နေကြောင်း ၄င်းကိုယ်၎င်း တွေ့မြင်နေရပြီး နိုင်ငံသားအများအပြားသည် ၄င်းတို့ကိုအုပ်ချုပ်သော အင်စတီကျူးရှင်းများ၊ ၄င်းတို့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် စီးပွားရေးလုပ်ငန်းများနှင့် ၄င်းတို့ကို ပညာပေး သတင်းပေးသူများကို မယုံကြည်သည့် နိုင်ငံတခုဖြစ်နေသည်။
မည်သည်တို့မှားယွင်းနေသနည်း။ ထိုအင်စတီကျူးရှင်းအများစုကို ထိန်းချုပ်ထားသည့် တိုးတက်သော သူများက ထိုကိစ္စအတွက် ရိုးရှင်းသော ရှင်းလင်းချက်ရှိပြီး ထိုသို့ဖြစ်ရခြင်းသည် သူတို့နှင့်မဆိုင်ဟု ပြည်သူများ ယုံကြည်စေချင်ကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ မသမာသောရီပတ်ဗလစ်ကန်နိုင်ငံရေးသမားများ၊ လက်ယာမီဒီယာ၊ သမ္မတဟောင်းဒေါ်နယ်ထရမ့်နှင့် မဟာမိတ်များနှင့် လူမှုကွန်ရက်က သတင်းမှားများဖြန့်ချိခြင်းတို့၏ အပြစ်ကြောင့်ဖြစ်သည်။
သို့သော် မိမိတို့အင်စတီကျူးရှင်းများပျက်စီးနေသည်မှာ  ထရမ့်မတိုင်မီကပင်ဖြစ်ပြီး ပိုမိုနက်ရှိုင်းသည်။ လက်တွေ့တွင် မိမိတို့ထိပ်တန်းအင်စတီကျူးရှင်းအကြီးအကဲများက ၄င်းတို့မှလွဲပြီး လူတိုင်းလူတိုင်းကို အပြစ်တင်ကြသည်။
လွန်ခဲ့သောဆယ်စုနှစ်တစ်ခုခန့်အတွင်း ပြည်သူများက ၄င်းတို့သည် လမ်းလွဲခံရ၊ အလိမ်ခံရ၊ ရောင်းစားခံရကြောင်း ထိုသို့လုပ်ဆောင်ရာတွင် အမေရိက၏ ခေါင်းဆောင်များသည် အမေရိကကို ပျက်ကွက်ခဲ့ကြကြောင်းသဘောပေါက်လာကြသည်။
ယုံကြည်မှု ပြိုလဲခြင်းကိုဖြစ်စေသည့် အခြားအချက်များတွင် မိမိတို့အင်စတီကျူးရှင်းများသည် လိမ်ညာပြီးလှည့်ဖျားရုံသာမက လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ၄င်းတို့၏ စွမ်းဆောင်မှုသည် ဆိုးရွားလှသည် ဆိုသည့်အချက်၊ အန္တရာယ်များသည့်ပြည်ပစစ်ပွဲများသို့ မိမိတို့ကိုခေါ်ဆောင်သွားပြီး ဖွင့်ထားသည့် နယ်စပ်များ၊ မူးယစ်ဆေးဆွဲခြင်း၊ ဘဏ္ဍာရေးအကျပ်အတည်းများ၊ ကော်ပိုရိတ်လုပ်ငန်းအရှုပ်တော်ပုံများ၊ စီးပွားရေးနှင့်လူမှုရေးမညီမျှမှုကျယ်ပြန့်လာခြင်းတို့ကို ကမကထပြုသည့် အစိုးရနှင့် ပုဂ္ဂလိကဘ၀ကို ထိခိုက်စေသော အန္တရာယ်နှင့် စိတ်ကျန်းမာရေးအကျပ်အတည်းဖြစ်စေသော နည်းပညာ တီထွင်ဆန်းသစ်မှုများတို့ပါဝင်သည်။
ထို့အပြင် အဆိုးရွားဆုံးမှာ ထိုအင်စတီကျူးရှင်းများကို လွှမ်းမိုးချုပ်ကိုင်ပြီး သာမန်အမေရိကန်များ၏ယုံကြည်ချက်များ မျှော်မှန်းချက်များကို မထေမဲ့မြင်လုပ်တတ်သည် အထက်လွှာအသိုက်အ၀န်းနှင့် ကျယ်ပြန့်လာသော ကွာဟမှုဖြစ်သည်။
 
Linko
 
Ref: ModerndiplomacylFaith in U.S. institutions and each other takes dangerous drop