【နိုင်ငံတကာဆောင်းပါး】အမေရိကန်အထက်လွှတ်တော်၏ နက်ရှိုင်းညစ်ပတ်သော လျှို့ဝှက်ချက်

【နိုင်ငံတကာဆောင်းပါး】အမေရိကန်အထက်လွှတ်တော်၏ နက်ရှိုင်းညစ်ပတ်သော လျှို့ဝှက်ချက်

အမေရိကန်အထက်လွှတ်တော်တွင် ကန့်ကွက်သည် ဆိုသည်မှာ မည်သည်နည်း။ ထိုမေးခွန်းသည် အမေရိကန်နိုင်ငံရေးကို အမှုမဲ့အမှတ်မဲ့လေ့လာသူများ သာမန်အားဖြင့် မေးမည့်မေးခွန်းမဟုတ်ပေ။ သို့သော် အယ်လ်ဘားမားမှ အထက်လွှတ်တော်အမတ် တော်မီတူဘာဗီးလ်သည် အမေရိကန် အထက်လွှတ် တော်က အတည်ပြုပေးရမည့် အဓိကစစ်ဘက်ရာထူးတိုးမြှင့်မှုများအားလုံးကို သိမ်းကြုံးကန့်ကွက်သည်။ ယခုအခါ ၇ လကြာပြီဖြစ်သော တူဘာဗီးလ်၏ လုပ်ရပ်သည် ထိပ်တန်းအရာရှိများအပါအဝင် စစ်ခေါင်းဆောင် ရာပေါင်းများစွာကို မရေမရာဖြစ်စေပြီး နိုင်ငံလက်နက်ကိုင်တပ်များအတွင်း အမှန်တကယ် အန္တရာယ် ကျရောက်စေသည်။

ရေတပ်ဝန်ကြီး ကားလို့စ် ဒယ်လ် တိုရို က CNN သတင်းဌာနသို့ပြောသည့်အတိုင်း  ဆိုပါက တူဘာဗီးလ် သည် အမေရိကန်တပ်ဖွဲ့ဝင်များအတွက် ၎င်းတို့ကို ငြိမ်းချမ်းသောကာလ စစ်ကာလတွင် ဦးဆောင်မည့် ရာထူးများ အတွက် အတွေ့ကြုံရှိ ထိုးစစ်ခေါင်းဆောင်အများစုကို ရရှိစေမည့်အခွင့်အလမ်းကို ပယ်ချပြီး တပ်ဖွဲ့ဝင်များ၏ အသက်ကိုရင်းပြီး ရုရှား ရူလက်ကစားနည်းကစားနေသည်ဟုဆိုရမည်ဖြစ်သည်။ ထိပ်တန်းတပ်ဖွဲ့ဝန်ကြီး ၃ ဦးတို့သည် ယခုအပတ်အစောပိုင်းက ဝါရှင်တန်ပို့စ်တွင် ဆောင်းပါးတစ်စောင်ပူးတွဲရေးသားပြီး တူဘာဗီးလ်၏ လုပ်ရပ်ကို ရှုတ်ချသည်။

အထက်လွှတ်တော်တွင်ကန့်ကွက်သည့် လုပ်ငန်းစဉ်ကိုမည်သည့်စည်းမျဉ်းကမျှ ဖန်တီးထားခြင်းမဟုတ်ပေ။ ထိုလုပ်ငန်းစဉ်သည် အစဉ်အလာသာဖြစ်သော်လည်း ဘုံသဘောတူညီချက်ကိုတန်ဖိုးထားသည့် ဥပဒေပြု အဖွဲ့အစည်းမှ စီးဆင်းလာခြင်းသာဖြစ်ပြီး လုပ်ငန်းအများစုအတွက် ကန့်ကွက်သူမရှိ သဘောတူညီမှုကို ရှာဖွေ ထိုတန်ဖိုးကိုပင်ပြဋ္ဌာန်းသည်။ ပုံမှန်အားဖြင့် အထက်လွှတ်တော်အမတ်တစ်ဦးက သူ (သို့မဟုတ်) သူမသည် အမည် စာရင်းတင်သွင်းထားသူတစ်ဦးကို အားလုံးသဘောတူညီချက်အတွက် မဲခွဲရေးသဘောမတူကြောင်း  အထက်လွှတ်တော်ခေါင်းဆောင်ထံ စာတစ်စောင် ရေးသားသောအခါ ကန့်ကွက်မှု ဖြစ်ပွားသည်။ အားလုံးကန့်ကွက်သူမရှိ သဘောတူခြင်း မရှိသောကြောင့် မဲခွဲရေးအတွက် ထိရောက်သော နည်းလမ်းမှာ အခြား အထက်လွှတ်တော်အမတ်တစ်ဦးက မဲပေးနိုင်ရေးအတွက် ငြင်းခုန်ဆွေးနွေးမှု ရပ်ဆိုင်းရန် အယူခံတင်ရသောကြောင့် ထိုအမည်စာရင်း တင်သွင်းမှုကို အရေးယူဆောင်ရွက်ရန် သီးခြားမဲခွဲရသည့် သဘောဖြစ်သည်။

ထိုအခါ ရာထူးအတည်ပြုခြင်းများအတွက် အများစုမဲသာ လိုတော့သည်။ အထက်လွှတ်တော်အမတ် ၁၀၀ အနက် ၆၀ ထောက်ခံလျှင်အထက်လွှတ်တော်က အဓိက အများစုဟု သတ်မှတ်သည်။ သို့သော် ထိုလုပ်ငန်းစဉ်သည်ပင် အချိန်လွန်စွာကုန်သော လုပ်ငန်းစဉ်ဖြစ်သည်။ ထို အယူခံလွှာကို တင်သွင်းပြီးနောက် နောက်ဆုံး မဲမခွဲမီ ဆွေးနွေးရန်နှင့် အောင်မြင်ပါက ဆွေးနွေးရန် လွှတ်တော်ဖွင့်ရက် ၂ ရက် ဆိုင်းငံ့ထားရမည် ဖြစ်သည်။

စစ်တပ်ဘက်မှ ရာထူးတိုးမြှင့်ပေးရန် ၆၅၀ ခန့်ရှိနေသောအခါ ၎င်းတို့ကို အားလုံးထောက်ခံမှုမရှိခြင်းကြောင့် တစ်ခုချင်းစီလုပ်ဆောင်ပေးရန် လိုအပ်နေပြီး အထက်လွှတ်တော် အစည်းအဝေးကျင်းပချိန်သည် အဖိုးတန်သောအချိန်ဖြစ်သောကြောင့် ထိုကိစ္စသည် လက်တွေ့ကျသော ကိစ္စမဟုတ်ပေ။ အရာရှိအဆင့် ရာထူး တိုးမြင့်ပေးခြင်းကို အထက်လွှတ်တော်ကအတည်ပြုပေးရန်လိုအပ်သည်။ ထိုကိစ္စသည် မည်သည့်အခါကမျှ အငြင်းပွားဖွယ်မဖြစ်ခဲ့ပေ။ သို့သော်တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိဘဲဖြစ်နေသည်မှာ စစ်တပ်ရာထူးတိုးမြှင့်မှုများနှင့်ပတ်သက်သည့် အားလုံးတညီတညွတ်တည်း အသံဖြင့်မဲခွဲခြင်းသည် မရှိတော့ပေ။

ယခင်က ကောလိပ်ဘောလုံးအသင်းနည်းပြသာလုပ်ဖူးပြီး မည်သည့်အခါကမျှ စစ်မှုမထမ်းခဲ့ဖူးသူ တူဘာ ဗီးလ် သည် သန္ဓေဖျက်ချမှု ပိတ်ပင်သည့် ပြည်နယ်များမှ စစ်စခန်းများမှ စစ်သည်များ အခြားပြည်နယ်များသို့ သွားရောက် သန္ဓေဖျက်ချသည့် မူဝါဒကို ဖျက်သိမ်းရန် ဖိအားပေးသည့်အနေဖြင့် ထိုခြေလှမ်းများလှမ်းနေသည်။ တပ်ဖွဲ့ဝင်များသည် သန္ဓေဖျက်ချသည့်စရိတ်ကို ၎င်းတို့ဘာသာကျခံရပြီး ခရီးစရိတ်ကျခံရခြင်းမရှိပေ။ သူသည် စစ်တပ်နှင့်အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် ကိစ္စများကို မသိဘဲ သူ၏ခေါင်းဆောင် မစ်ချ် မက်ကွန်းနလ် အပါအဝင် သူ့ပါတီ၏ ဝေဖန်မှုများကိုပင် သူရင်ဆိုင်နေရသည်။

သဘောတရားအရဆိုပါက မစ်ချ်မက်ကွန်းနဲလ်(သို့မဟုတ်)အထက်လွှတ်တော် ရီပတ်ဗလစ်ကန်များသည် ထိုအရူးထမှုကို တားဆီးလိုပါက တူဘာဗီးလ်ကို အထက်လွှတ်တော်ဆွေးနွေးသည့် နေရာတွင် မရှိအောင်အချိန်မရွေးလုပ်နိုင်သည်။ အထက်လွှတ်တော် လူများစုခေါင်းဆောင်က အားလုံးသဘောတူညီချက်တောင်းခံပြီး မည်သည့်အထက်လွှတ်တော်အမတ်မျှ မကန့်ကွက်လျှင် ထိုသို့လုပ်နိုင်သည်။ သို့သော်လက်တွေ့တွင် တစ်စုံတစ်ဦး ကန့်ကွက်လိမ့်မည်ဖြစ်သည်။ အထက်လွှတ်တော် အစည်းအဝေး ကျင်းပသောအခါ တစ်ပါတီစီသည် ၎င်းတို့ ကိုယ်စားလှယ်တစ်ဦးဆွေးနွေးသည့်စင်မြင့်တွင် အခြားသူများမတားဆီးနိုင်စေရန် အထက်လွှတ်တော်အမတ် အနည်းဆုံး တစ်ဦးထားပေးသည်။

ထိုသို့ လုပ်ခြင်းသည် အခြားပါတီကတစ်စုံတစ်ခုကို တင်သွင်းလိုပါက အားလုံးသဘောတူညီမှု မရအောင် လုပ်သည်ဟု အဓိပ္ပါယ်သက်ရောက်သည်။ စံလုပ်ထုံးလုပ်နည်းမှာ ပါတီတစ်ခုခုမှ အထက်လွှတ်တော် အမတ်များသည် ကန့်ကွက်မှုစည်းကမ်းများကို လေးစားလိုက်နာပြီး ကန့်ကွက်သူမရှိ သဘောတူခြင်းကို ကန့်ကွက်သူကို မည်သည့်နေရာတွင်မျှ မတွေ့ရသည်ဖြစ်စေ လေးစားရမည်ဖြစ်သည်။ ထိုရာထူးတိုးမြှင့်ပေးမှုများကို အရေးယူဆောင်ရွက်ပေးရန် ချတ်ရှူးမား၏ မည်သည့်လုပ်ဆောင်မှုမဆိုသည် ပယ်ချခံရပြီး ထိုသို့လုပ်ဆောင်ချိန်တွင် ဆွေးနွေးသည့်နေရာတွင်ရှိနေသည့် ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ်က ကန့်ကွက်သူမဲ့ သဘောတူညီချက်မဟုတ်ကြောင်း ကန့်ကွက်ခံနေရသည်။

အထက်လွှတ်တော်၏ နက်ရှိုင်းပြီး ညစ်ပတ်သည့် လျှို့ဝှက်ချက်မှာ ထိုသို့သောကန့်ကွက်ခြင်းသည် အထက်လွှတ်တော်ကိုယ်စားလှယ်အားလုံးက လိုလားသောကြောင့် ရှိနေခြင်းဖြစ်သည်။ အခြားအထက်လွှတ်တော်အမတ်များက ကန့်ကွက်သူမရှိသဘောတူညီမှုကို ပယ်ချနေခြင်းမှာ ၎င်းတို့၏ မတက်ရောက်နိုင်သော ကိုယ်စားလှယ်များကိုကာကွယ်ရန်သာမက ၎င်းတို့ကိုယ်တိုင်လည်းအနာဂတ် ကန့်ကွက်ခွင့် ဆုံးရှုံးသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။ အထက်လွှတ်တော်အမတ်အားလုံးတွင် အပြစ်ရှိသည်။ ၎င်းတို့အားလုံးသည် သမ္မတကိုဖြစ်စေ အခြားအုပ်ချုပ်ရေးအေဂျင်စီတစ်ခုကိုဖြစ်စေ သြဇာသက်ရောက်ရန် အခွင့် အလမ်းလိုချင်နေသောကြောင့်ဖြစ်သည်။ သမ္မတနှင့် ပါတီတူသည့် အထက်လွှတ်တော် အမတ်များသည်ပင် ၎င်းတို့အာရုံစိုက်သည့်နေရာများ သို့မဟုတ် လုပ်ရပ်များကို လျစ်လျူရှုခံရသောအခါ ထိုသို့လုပ်တတ်ကြသည်။ သမ္မတက လွန်စွာခန့်ထားလိုသည့် အရာရှိတစ်စုံတစ်ဦးကို ကန့်ကွက်ခြင်းသည် အာရုံစိုက်မှုတောင်းခံခြင်းဖြစ်သည်။ အများအားဖြင့် ထိုသို့ ကန့်ကွက်ခြင်းများသည် တသီးပုဂ္ဂလများအတွက်သာဖြစ်ပြီး ကာလကြာမြင့်ခြင်းလည်းမရှိပေ။

ထိုသို့ကန့်ကွက်ခြင်းများသည် အထက်လွှတ်တော်လုပ်ထုံးလုပ်နည်းဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ၎င်းတို့ကို ဒဏ်ခတ်သည့်သဘော အတွေးအခေါ်သဘော အသုံးပြုခြင်းသည် မကြာသေးမီကမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အိုဘားမားလက်ထက်က ရီပတ်ဗလစ်ကန် အထက်လွှတ် တော်အမတ် အာကန်းဆပ်မှ တွမ်ကော့တွန်သည် အိုဘားမား၏ ဘဟားမားနိုင်ငံသံအမတ် ကက်ဆန်ဒရာဘတ်ကို ကန့်ကွက်သည်မှာ ၂၇ လကြာပြီး ဘတ်ကင်ဆာဖြင့်သေဆုံးသည့် အချိန်အထိ ဖြစ်သည်။ ထိုသို့ ကန့်ကွက်မှုမှာ ဘတ်၏ အရည်အချင်းနှင့် ကျင့်ဝတ်စရိုက်နှင့် မဆိုင်ဘဲ တမင်သက်သက် ဒဏ်ခတ်ခြင်းသာဖြစ်သည်။ တူဘာဗီးသည် သိမ်းကျုံးကန့်ကွက်ခြင်းကို ပါတီဘက်လိုက်မှုအရ သို့မဟုတ် အတွေးအခေါ်အရ အသုံးပြုသည့် တစ်ဦးတည်းသောအထက်လွှတ်တော်အမတ်မဟုတ်ပေ။

ကင်တပ်ကီမှ ရန်းပေါလ်သည် သံအမတ် ၆၀ ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိများ ခန့်အပ်သည်ကို ကန့်ကွက်ခဲ့ပြီး အိုဟိုင်ယိုမှ ဂျေဒီဗန့်စ်သည် ဒေါ်နယ်ထရမ့်အပေါ် တရားရေးဌာန၏ အရေးယူမှုများကို လက်စားချေသည့်အနေဖြင့် အမျိုးသမီးနှင့်ကလေးသူငယ်များကို အကြမ်းဖက်မှုတိုက်ဖျက်ရေး အမေရိကန်ရှေ့နေချုပ်ရုံး အကြီးအကဲအပါအဝင် တရားရေးဌာနအရာရှိများခန့်အပ်သည်ကို အလားတူ ကန့်ကွက်ခဲ့သည်။

ထိုသို့ကန့်ကွက်ခြင်းများသည် ခွင့်ပြုနိုင်ဖွယ်ဖြစ်ပြီး အထက်လွှတ်တော်နှင့်သမ္မတအကြား အာဏာချိန်ခွင်လျှာ ချိန်ညှိရန် အကျိုးပြုသော ကိစ္စဖြစ်နေသည်မှာ ကာလကြာပြီဖြစ်သည်။ အထက်လွှတ်တော်အမတ်များသည် ထိုလုပ်ငန်းစဉ်ကို အခွင့်အရေးယူခဲလှပြီး သိမ်းကျုံးကန့်ကွက်ခြင်းနှင့် ထိုသို့ကန့်ကွက်ခြင်းကို ကျိုးကြောင်း မဆီလျှော်စွာဆက်လက်ပြုလုပ်ခြင်းတို့ လုပ်ခဲလှသည်။ အတိတ်က ထိုသို့ကန့်ကွက်ခြင်းများကို အများဖြင့် အလွဲသုံးစားလုပ်ခြင်းမှာ အထက်လွှတ်တော်အမတ်များသည် ၎င်းတို့ကန့်ကွက်ခြင်းကို လျှို့ဝှက်ထားပြီး ဝေဖန်မှုများကို ရှောင်ရှားနိုင်စဉ်ကဖြစ်သည်။ ထိုအလေ့အထကို လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အပြင်းအထန် ကန့်သတ်ခဲ့သည်။ သို့သော် ထိုအလေ့အထကို ဟန့်တားမည့် စံနှုန်းများကိုမူ တစစီဖျက်ပစ်ကြသည်။

မည်သို့လုပ်မည်နည်း။ ရိုးရှင်းသော စည်းမျဉ်းပြောင်းလဲမှု ၂ ခုသည် ထိုအကျပ်အတည်းကို ချိုးဖျက်နိုင်သည်။ ပထမအချက်မှာ အများစုမဲဖြင့် အထက်လွှတ်တော်သည် သက်ဆိုင်ရာကော်မတီက အမည်စာရင်းတင်သွင်း ပြီး ရက်ပေါင်း ၃၀ အတွင်း အတည်ပြုမဲခွဲစေနိုင်သည်။ အခြားတနည်းမှာ အထက်လွှတ်တော်အနေဖြင့် အထက်လွှတ်တော်အယူခံစည်းမျဉ်းချနိုင်သည်။ အထက်လွှတ်တော်အမတ်အများစုက ထိုသို့သော အယူခံကို လက်မှတ်ရေးထိုးပါက အထူးဆုံးဖြတ်ချက်ဖြင့် မဲခွဲခြင်းဖြစ်သည်။

အထက်လွှတ်တော်အနေဖြင့် တရားသူကြီးများ အုပ်ချုပ်ရေးအရာရှိများကို အတည်ပြုခြင်းလွယ်ကူစေရန် ပိုမိုလုပ်ဆောင်သင့်သည်။ အထက်လွှတ်တော်သည် အမျိုးမျိုးသော ရာထူးအတည်ပြုမှုများကို အုပ်စုလိုက် အတည်ပြုခြင်း ခွင့်ပြုသင့်ပြီး တစ်ဦးချင်းမဲမှ လမ်းခွဲသင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းတွင် အထက်လွှတ်တော်၏ အဖိုးတန်အချိန်များကို သုံးမည့် အဆင့်အမျိုးမျိုး ပါဝင်မည်ဖြစ်သည်။ ထို့အပြင်အထက်လွှတ်တော်က အတည်ပြုပေးရမည့် ရာထူးအရေအတွက်ကိုလည်း သိသိသာသာလျှော့ချသင့်သည်။ အထက်လွှတ်တော် ပုံစံဟောင်းကို ဆက်လက်မလိုအပ်တော့ပေ။ အကျိုးဆက်ကို ဂရုမစိုက်ဘဲ အုပ်ချုပ်ရေးနှင့် အမျိုးသားလုံခြုံရေးကို ထိခိုက်စေလိုသော ခေါင်းမာသည့်  အဖွဲ့ဝင်များသည် အုပ်စုဖွဲ့ အထက်လွှတ်တော်သစ်တွင် ပိုမိုကောင်းမွန်သော စည်းမျဉ်းများသည်သာ ထိုသို့အလွဲသုံးစားမှုများကိုရှောင်ရှားရန် ပိုမိုကောင်းမွန်သော နည်းလမ်းဖြစ်ပေသည်။

Linko

Ref: Theatlantic | The Senate’s Deep and Dirty Secret