【နိုင်ငံတကာဆောင်းပါး 】အာဆီယံထိပ်သီးအစည်းအဝေးများ၏ အခန်းကဏ္ဍ

【နိုင်ငံတကာဆောင်းပါး 】အာဆီယံထိပ်သီးအစည်းအဝေးများ၏ အခန်းကဏ္ဍ

လာမည့် နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ အာဆီယံထိပ်သီးအစည်းအဝေးနှင့် အာဆီယံ+ အစည်းအ ဝေးများကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင် ကျင်းပမည်ဖြစ်သည်။ ထိုအစည်းအဝေးများက  ယခုလက်ရှိဖြစ် နေ သည့် နိုင်ငံတကာအရေးကိစ္စများနှင့် ဆက်စပ်နေသဖြင့် နိုင်ငံတကာအဖို့ စိတ်ဝင်စားစရာဖြစ်သလို ဒေသတွင်း နိုင်ငံများအတွက်လည်း စောင့်ကြည့်ရမည့် နိုင်ငံတကာ အစည်းအဝေးဖြစ်သည်။ အာဆီယံဒေသမှာ မကြာသေးမီ ဆယ်စုနှစ်များအတွင်း ကမ္ဘာ့မဟာဗျူဟာ အခင်းအကျင်းတွင် အရေးပါသည့် ပထဝီဝင်နေရာကို ရောက်ရှိလာ သည်။ ထိုသည်က အာဆီယံဒေသနှင့် ဆက်စပ်ထိစပ်နေသည့် တရုတ်နိုင်ငံ၏ ကမ္ဘာ့စီးပွားရေးနှင့် စစ်ရေးအရ အင်အားကြီးနိုင်ငံဖြစ်လာခြင်းနှင့် ဆက်စပ်နေပေသည်။

အာဆီယံအစည်းအဝေးတွင် လက်တလောကမ္ဘာ့အရေးဖြစ်နေသည့် ယူကရိန်းကို စစ်ရေးအရ တိုက်ခိုက် ကျူးကျော်ခဲ့သည့် ရုရှားသမ္မတပူတင်နှင့် ယူကရိန်းကို လက်နက်ထောက်ပံ့ကာ နေတိုးအဖွဲ့ကိုဦးဆောင်သည့် အ မေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ တွေ့ဆုံမှုရှိနိုင်သည်ကလည်း  စိတ်ဝင်စားဖွယ်အကြောင်းတစ်ရပ်ဖြစ်သည်။ သို့ သော် ထိုထက်ထူးသည်က  တရုတ်နှင့် အမေရိကန် ထိပ်တန်းတာဝန်ရှိသူများ ယူကရိန်းအရေးစပြီးနောက်ပိုင်း ပထမဆုံး လူကိုယ်တိုင်တွေ့ ဆုံ ခြင်း ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော ကမ္ဘာထိပ်တန်း ခေါင်း ဆောင်များတွေ့ဆုံမှုကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့အခင်းအကျင်းတွေ မည်သို့ဖြစ် လာနိုင် မည်လဲဆိုသည်က  စိတ်ဝင်စားဖွယ်ဖြစ်သည်။

ယခုအစည်းအဝေးများလက်ခံကျင်းပမည့် ကမ္ဘောဒီးယားဘက်မှ ထုတ်ပြန်ချက်အရဆိုလျှင် အာဆီယံ ဆက်စပ်ထိပ်သီးဆွေးနွေးပွဲများသို့ တရုတ်ဘက်မှ ဝန်ကြီးချုပ်လီခချန်၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ကုလသ မဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရက်စ်နဲ့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုတို့  တက်ရောက်မည်ဖြစ် သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်မှာ ယခုချိန်ထိ တက်ရောက်မည် မတက်ရောက်မည်ကို အတည်မပြု နိုင် သေး။ လက်ရှိတွင် အမေရိကန်နိုင်ငံတစ်ဝန်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေသည်။ ထိုအချိန်တွင် အာဆီယံ ထိပ်သီးအစည်းအဝေးများ ကျင်းပခြင်းဖြစ်ရာ ယခုအစည်းအဝေးသို့ အမေရိကန်သမ္မတဘိုင်ဒန်ကိုယ်တိုင် တက် ရောက်ခဲ့ခြင်းက အမေရိကန်၏ မဟာဗျူဟာတွင် အာဆီယံဒေသက မည်မျှ အရေးပါနေသည်ကို မြင်နိုင်မည် ဖြစ်သည်။

ယခုအစည်းအဝေးသို့ တက်ရောက်လမည့် တရုတ်ဝန်ကြီးချုပ်လီခချန်မှာလည်း COVID-19 ကပ် ရောဂါ စတင် ဖြစ်ပွားချိန်မှစ၍ ပြည်ပမထွက်ဘဲနေရာမှာ  ယခုခရီးစဉ်မှာ ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။ ယခုအစည်းအဝေးတွင် ကပ်ရောဂါနှင့် စစ်မက်ရေးရာ၊စွမ်းအင်ရေးရာများကြောင့် နိုင်ငံတကာရေးရာ ရှုပ်ထွေး နေသည့် အချိန်တွင် ထိပ်တန်းခေါင်းဆောင်များ၊အထူးသဖြင့် ကမ္ဘာ့ဦးဆောင်နိုင်ငံများဖြစ်သည့် အမရေိကန်နှင့် တရုတ်နိုင်ငံတို့ တွေ့ဆုံမှုကြောင့် စိုးရိမ်ဖွယ်အခြေအနေရောက်နေသည့် ကမ္ဘာ့အရေးနှင့် ဒေသတွင်းတင်းမာမှုများ အတွက် ပြေလျော့စေမည့် မည်သည့် ရလဒ်များထွက်ပေါ်လာမလဲဆိုသည်မှာမျှော်လင့်စရာ ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရဆိုလျှင် နိုဝင်ဘာ ၁၀ မှ နိုဝင်ဘာ ၁၃ ရက် အတွင်း လေးရက်တာကျင်းပမည့် အစည်းအဝေးများတွင် အာဆီယံထိပ်သီးအစည်းအဝေးအပြင် ၂၅ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၊၂၅ ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီး အစည်းအဝေး၊ ၂၃ ကြိမ် မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေး၊ ၂၅ ကြိမ်မြောက် အာဆီယံ+3  ထိပ် သီးအစည်း အဝေး၊ နှစ် ၃၀  မြောက် ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး၊ ၁၀ ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၊ ဒုတိယအကြိမ် အာဆီယံ-သြစတြေးလျ ထိပ်သီး အစည်းအဝေး၊ အာဆီယံ-ကနေဒါ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၊ အာဆီယံ-ကုလသမဂ္ဂ (UN) ထိပ်သီး အစည်းအဝေး၊ ၁၇ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး (EAS)တို့ပါ ကျင်းပမည် ဖြစ်သည်။

ထိုအစည်းအဝေးတွင် ဒေသတွင်းပြဿနာဖြစ်နေသည့် မြန်မာနိုင်ငံရေးပြဿနာကြောင့် အာဆီယံထိပ် သီးအစည်းအဝေးက စိတ်ဝင်စားစရာဖြစ်နေသည်။ထို့အပြင် လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်နေသည့် ကမ္ဘောဒီး ယား ဝန်ကြီးချုပ် ဟွန်ဆန် မှာ ယခုအာဆီယံထိပ်သီးအစည်းအဝေးတွင် သက်တမ်းကုန်မည်ဖြစ်ရာ ယခုအစည်းအဝေး တွင် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုထံ အာဆီယံ ဥက္ကဋ္ဌနေရာကို  လွှဲပြောင်း ပေးအပ်မည် ဖြစ်သဖြင့် အာဆီယံ၏ ဒေသတွင်း ဦးဆောင်မှုမှာ ကမ္ဘောဒီးယားလိုဘဲ လား၊ သွက်သွက်လက်လက်ဖြစ်လာမလား၊အာဆီယံ ပဋိညာဉ် အ ပြောင်းအလဲရှိလာနိုင်မည်လားဆိုသည်မှာ တွေးဆစရာဖြစ်သည်။ 

အာဆီယံထိပ်သီးအစည်းအဝေးထက်ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ၁၇ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး (EAS)ဖြစ်သည်။ ထိုအစည်းအဝေးတွင် အာဆီယံ ၁၀ နိုင်ငံအပြင် တရုတ်၊ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊နယူးဇီလန်၊တောင်ကိုရီးယား၊ရုရှားနှင့် အမေရိကန်နိုင်ငံတို့ပါဝင်လေရာ လက်ရှိဖြစ်နေသည့် အခင်း အကျင်းနှင့် ဆက်စပ်ပါက မည်မျှ အရေးပါနေသည့် အစည်းအဝေးဖြစ်နေသည်ကိုတွေ့ရမည် ဖြစ်သည်။

 မျက်မှောက်ခေတ်ယနေ့ကမ္ဘာတွင်  စီးပွားရေး၊နည်းပညာနှင့် စစ်အင်အားအရ သိသိသာသာတိုးတက်လာ နေသည့် တရုတ်နိုင်ငံကို ၀ိုင်းပတ်ကာ ထိန်းချုပ်ထားချင်သည့် အမေရိကန်၏မဟာဗျူဟာသစ်ကြောင့် အာရှ-ပစိ ဖိတ်ဒေသမှာ တင်းမာမှု ပို့မြင့်တက်လာနေသည်။ ယခုအာဆီယံအစည်းအဝေးတွင် ထိုသို့ အားပြိုင်မှုကို ထပ် တွေ့ရဖွယ်ရှိနေသည်။ 

သို့သော် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးတွင် အချက်အခြာကျလာသည့် အာဆီယံဒေသတွင်မှု အမေရိကန် အခန်းကဏ္ဍက တရုတ်နိုင်ငံ၏ အခန်းကဏ္ဍထက် များစွာလျော့နည်းသည်။ အထူးသဖြင့် ရေမြေဆက်စပ်မှုနှင့် အစဉ်အလာအရ တရုတ်နှင့် အာဆီယံဒေသမှာ တစ်ဆက်တည်း ဖြစ်နေသလို ယနေဆယ်စုနှစ်နောက်ပိုင်း တရုတ် ၏အဓိကကုန်သွယ်ဘက်ဖြစ်သည့် ဥရောပသမဂ္ဂနေရာကို အစားထိုးလာသည့် အာဆီယံဒေသကြောင့် အာဆီယံ-တရုတ် ယက်နွယ်မှုမှာ အမေရိကန်နှင့် ဆက်စပ်မှုထက် ပိုအားကောင်းခဲ့သည်။ ထို့ကြောင့် တရုတ်-အာဆီယံ ဆွေးနွေးပွဲနှင့် အမေရိကန်- အာဆီယံဆွေးနွေးမှုမှာ သဘောသဘာ၀ခြင်း ကွာခြားနိုင်ပြီး ဖြစ်နိုင်သည်က ဒေသ တွင်း တင်းမာမှုများကိုလျော့ချကာ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးဖြစ်နေသည်များကိုဖယ်ရှားပြီး ကုန်သွယ် ရေး တိုးတက်ရန် ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက်  ပူးပေါင်းလုပ်ဆောင်ရန် အဓိက ထားဆွေးနွေးဖွယ်ရှိ လေသည်။ ထိုသည်က  နှစ်ဘက်စလုံးအတွက် အရေးပါနေပြီး ဘုံအကျိုးစီးပွားအတွက် ထိရောက်သည့် ရည် မှန်းချက်ပင် ဖြစ်သည်။  

နိုဝင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပုံမှန်သတင်း စာရှင်းလင်းပွဲတွင် တရုတ်ဝန်ကြီးချုပ် လီခချန်တက်ရောက်မည့် ၂၅ ကြိမ်မြောက် တရုတ်-အာဆီယံထိပ်သီးအစည်းအဝေး၊ ၂၅ ကြိမ်မြောက် အာဆီယံ+ သုံး (APT)ထိပ်သီးအစည်းအဝေးနှင့် ၁၇ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်း အ ဝေး ခရီးစဉ်နှင့် ပတ်သက်ပြီး တရုတ်ဘက်မှ အမြင်ကို မီဒီယာများသို့ ရှင်းလင်းခဲ့သည်။  

ထိုသို့ရှင်းလင်းရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက လက်ရှိ တွင် ကပ်ရောဂါသည် တုံ့ဆိုင်းနေပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်ရန် ရုန်းကန်နေရချိန် တွင် မသေချာ မရေရာမှုများနှင့် မတည်ငြိမ်မှုများ ဆက်လက်မြင့်တက်လျက်ရှိနေသည် ကမ္ဘာ့အခြေအနေကို ပြောခဲ့သည်။ ထို အခြေအနေတွင် တရုတ်နိုင်ငံက  ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ၎င်း၏ နိုင်ငံခြားရေးမူဝါဒပန်းတိုင်များကို ကတိကဝတ်ပြုကာ လူသားအသိုက်အဝန်းကို မျှဝေသည့် အနာဂတ်ဖြင့် မြှင့်တင်ရန်ရည်ရွယ်ထားကြောင်း၊ ချစ်ခင်ရင်းနှီးမှု၊ ရိုးသားမှု၊ အပြန်အလှန်အကျိုးရှိမှု၊ အားလုံးပါဝင်နိုင်မှု စသည့် အခြေခံမူများနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေးများ ထူထောင်ရေး မူဝါဒကို ကျင့်သုံးကာ တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး၊ အပြန်အလှန်ယုံကြည်မှုနှင့် အကျိုးစီးပွားများ ပေါင်းစည်းရန် ကမ္ဘောဒီးယားနှင့် အခြားအိမ်နီးချင်းနိုင်ငံများနှင့် ပေါင်းစည်းရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောခဲ့ သည်။

နိုဝင်ဘာ ၈ ရက်ညပိုင်းတွင်  ဖနွမ်းပင်သို့ အာဆီယံ+ အစည်းအဝေးများသို့တက်ရောက်ရန်လာသည့် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်နှင့် ASEAN သည် ကျယ်ပြန့်သော သေနင်္ဂဗျူဟာ မဟာမိတ်များဖြစ် ကြောင်း နှင့် အကြီးမားဆုံး ကုန်သွယ်ဖက်များဖြစ်ကြောင်းပြောခဲ့ကာ နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေသည် ရှုပ်ထွေး နက်ရှိုင်းသည့် အပြောင်းအလဲများဖြစ်နေပြီး မရောရာမှု မတည်ငြိမ်မှုများဖြစ်နေကြောင်း ကမ္ဘာ့တိုးတက် ရေးအတွက် မကြုံဖူးသည့် စိန်ခေါ်မှုများ ရင်ဆိုင်နေရကြောင်း ပြောခဲ့သည်။

ထို့ပြင် ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပူး ပေါင်းဆောင်ရွက်ရေးကို အာရုံစိုက်ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက် ရေးနှင့် လွတ်လပ်သော ကုန်သွယ်ရေးကို အားပေးပြီး ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်ရေး နှင့် နိုင်ငံတကာ စက် မှုနှင့် ကုန်စည်ဖြန့်ဖြူးရေး ကွင်းဆက်များ လုံခြုံ ရေးကို ဦးတည်မည်ဟု မျှော်လင့်ကြောင်း အရှေ့အာရှ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးနှင့်ပတ်သက်ပြီး ပြောခဲ့သည်။

သို့ရာတွင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် ပတ်သက်ပြီး အမေရိ ကန်၏ သဘောထားက  တရုတ်နှင့်ကွဲလွဲနေခဲ့သည်။ အမေရိကန်က ယခု အာဆီယံထိပ်သီးအစည်းအဝေးနှင့် အ ရှေ့အာရှထိပ်သီးအစည်းအဝေးကို ကမ္ဘာမှာ အမေရိကန်ရဲ့ ဦးဆောင်မှု အခိုင်အမာဆက်ရှိနေတာကို ပြသ သွား ဖို့ စင်မြင်တစ်ခုအဖြစ် ရည်ရွယ်ထားသည်ကို အမေရိကန်သတင်းဌာန VOA နှင့် အမေရိကန် အမျိုးသား လုံခြုံ ရေးကောင်စီပြောခွင့်ရဂျွန်ကာဘီ၏ အင်တာဗျူးတွင် တွေ့ရသည်။  

သို့သော် နိုင်ငံတကာသုတေသီများက ယခုအစည်းအဝေးကို အမြင်တမျိုးဖြင့် မြင်သည်။ ယခုအစည်း အဝေးတွင် အမေရိကန်ဦးဆောင်သော အာရှ-ပစိဖိတ်မူဘောင် (IPEF) ကို  အရှိန်ရရန် အာဆီယံအဖွဲ့ကို လှုံဆော် စည်းရုံးမှုရှိမည်ဟု ခန့်မှန်းထားသည်။ အာရှ-ပစိဖိတ်မူဘောင် (IPEF) ဆိုသည်က အာဆီယံ ၁၀ နိုင်ငံ ပါဝင်ပြီး တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊သြစတြေးလျနှင့် နယူးဇီလန်တို့ပါဝင်သည့် RCEP ဟုခေါ်သည့် ဒေသ တွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို တန်ပြန်ရန် ယခုနှစ်အတွင်း စတင်ခဲ့သည့် ကုန်သွယ်ရေးဆိုင် ရာ အဖွဲ့ဖြစ်သည်။ ကုန်သွယ်ခွန် ၉၀ ရာခိုင်နူန်းထိ လျော့ချရန် ရည်မှန်းထားသည့် RCEP တွင် အဓိကပါဝင်သည့် အာဆီယံနိုင်ငံများ၏ တရုတ်နှင့် ယခုနှစ်ဝက်သွင်းကုန်ပို့ကုန် ကုန်သွယ်မှုမှာ ယွမ် ၂.၉၅ ထရီလီယံရှိခဲ့သည်။ ထို့ကြောင့် အားကောင်းလည်ပတ်နေသည့် RCEP ကို အရှိန်လျော့ရန်နှင့် တရုတ်ပါဝင်ခွင့်ပိတ်ပင်ထားသည့် အာရှ-ပစိဖိတ်မူဘောင် (IPEF)တွင် အာဆီယံ၏ ကုန်သွယ်မှုအခန်းကဏ္ဍကို  တိုးချဲ့ရန် ယခုအစည်းအဝေးတွင်ကြိုးစား ဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။

စင်ကာပူ အခြေစိုက် ISEAS Yusof Ishak Institute အရဆိုလျှင် တရုတ်နိုင်ငံသည် ဒေသတွင်းအတွက် အရေးပါသော စီးပွားရေးမိတ်ဖက်နိုင်ငံဖြစ်သောကြောင့်၊ တရုတ်သည် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုနယ် ပယ်များစွာကို ထူထောင်ထားပြီး အများစုမှာ အဖွဲ့အစည်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်းဆိုသည်။ ထို့ကြောင့် ယခုအစည်းအဝေးတွင် တရုတ်က အခြေကျပြီးဖြစ်သည့် အာဆီယံကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန် သွယ်မှုနှင့် အခြေခံအဆောက်အဦပိုင်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုဖြစ်သည့် BRI ကဲ့သို့  စီမံကိန်းများ၏ အရှိန်ကို ထပ်မံ တွန်းတင်ရန် ၊ဒေသတွင်း တည်ငြိမ်မှုအတွက်သာ  အဓိကထားဆွေးနွေးရဖွယ်ရှိနေသည်။

ထိုအချိန်တွင် ဘိုင်ဒင်ဦးဆောင်သည့် အမေရိကန်အစိုးရကမှု အာဆီယံနိုင်ငံများနှင့်  ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံ ချိတ်ဆက်မှုနှင့် စီးပွား ရေးဆိုင်ရာ ဆက်ဆံရေးစသည့် နယ်ပယ်များတွင် လက်ခံနိုင်သော မိတ်ဖက်များကို ရှာ ဖွေရန် မျှော်လင့်နေရသည် အခြေအနေမျိုးဖြစ်နေသည်။

ထို့ကြောင့် ယခုအစည်းအဝေးတွင် အမေရိကန်က လက်ရှိနိုင်ငံတကာအခင်းအကျင်းနှင့် အကျပ်အတည်း များကြောင့် အာဆီယံကို တစ်ဘက်ဘက်အား ရွေးချယ်ရန် ဖိအားပေးလာနိုင်သည်။ သို့သော် ပထဝီအနေအ ထား အရ အာဆီယံဒေသသည့် စနစ်ပေါင်းစုံ ခေတ်ပေါင်းစုံကြုံလည်ဖြစ်သန်းခဲ့ရသဖြင့် လက်ရှိပြင်းထန်နေသည့် အမေ ရိကန်နှင့် တရုတ်စီးပွားရေးနှင့် နိုင်ငံရေးအားပြိုင်မှုများကြားတွင်လည်း နေတတ်နေပြီ ဖြစ်သည်။ဒေသတွင်းနှင့် နိုင်ငံတကာအခင်းအကျင်းများတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအများစု အနေဖြင့် တရုတ်နဲ့ အမေရိကန်ကြား တစ် ဖက်ဖက်ကို ရွေးချယ်မှုလုပ်ဖို့ အတင်းအကြပ် တွန်းအား ပေးမခံရဖို့ အပြင်းအထန် ကြိုးစားနေသည်ကို တွေ့ရ သည်။

မကြာသေးမီက အရှေ့အာရှဒေသနှင့် ပတ်သက်ပြီး တရုတ်ဘက်က ၎င်းဒေသကို ကမ္ဘာပေါ်တွင် ငြိမ်း ချမ်းမှုအရှိဆုံးနှင့် တည်ငြိမ်မှုအရှိဆုံးဒေသများအနက်တစ်ခုအဖြစ်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် အလားအလာကောင်းသောနေရာအဖြစ်နှင့်ပထဝီနိုင်ငံရေးအားပြိုင်မှုအတွက် နေရာမဟုတ်သည်ကို ပြောခဲ့တာတွေ့ရသည်။ ယခု အာဆီယံနှင့် ဆက်စပ်ကျင်းပသည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာလည်း အ ရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) ၏ ဗဟိုအချက် အချာကျမှုကို အလေးထားပြီး ဒေသတွင်း ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး မြှင့်တင်ရေး အခြေခံ မူများဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ထို ရည်ရွယ် ချက်အတိုင်း ယခုအစည်းအဝေးကို ဦးတည်ကြရန် မျှော်လင့်ထားကြသည်။

တကယ်အစည်းအဝေးစတင်သည့်အခါ မည်သို့ အကြောင်းအရာများ သဘောတူခဲ့သည် ၊ မည်သည် အကြောင်း အရာများ ဆွေးနွေးခဲ့သည်၊ မည်သည့် အရွေ့များ ဖြစ်ခဲ့သည်ကို ၊ မတည်ငြိမ်သည့် ဒေသတွင်းနှင့် နိုင်ငံတကာအတွက် ယခုအစည်းအဝေးက မည်သို့ အကျိုးပြုခဲ့သည်ကို  စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။  

 

လင်းသစ်အောင်