【 ဆောင်းပါး 】မကြုံစဖူးအတာသင်္ကြန်ကို အတူလက်တွဲ ဖြတ်ကျော်ကြပါစို့။

【  ဆောင်းပါး  】မကြုံစဖူးအတာသင်္ကြန်ကို အတူလက်တွဲ ဖြတ်ကျော်ကြပါစို့။

နိုင်ငံတစ်နိုင်ငံကိုကြိုက်နှစ်သက်ရင် အဲဒီနိုင်ငံရဲ့ သစ်ပင်၊ မြက်ပင်ကအစ စွဲလမ်း နှစ်သက်ရ ပါတယ်။ လွန်ခဲ့တဲ့နှစ်(၂၀)လောက်က ပထမဆုံးအကြိမ် မြန်မာနိုင်ငံကိုလေးနှစ်ခွဲလာနေ ဖူးပါတယ်။ ဒီရွှေရောင်ဝင်းနေတဲ့ နိုင်ငံဟာ နေရာ တိုင်းမှာ ဖူးမျှော်နိုင်တဲ့ ဘုရားစေတီပုထိုးများနဲ့ ရိုးသားဖြူစင်တဲ့ ပြည်သူများ ရှိ တဲ့အပြင် နာမည်ကိုပင်မသိတဲ့ ပန်းပေါင်းမျိုးစုံလည်းရှိနေတယ် လေ။ အနီရောင်က စိန်ပန်း၊ အဝါရောင်က လက်ပံပွင့်၊ ပန်းရောင်က စက္ကူပန်းလို့ ကျွန်တော့် ကိုမြန်မာမိတ်ဆွေ တစ်ယောက် က ပြောပြပါတယ်။ ကျွန်တော်အနှစ်သက်ဆုံးကတော့ နှစ်စဉ် နှစ်တိုင်းအတာသင်္ကြန်မှာဖူးပွင့်တဲ့ ပန်းပိတောက်ပဲ ဖြစ်ပါတယ်။ မှတ်မိနေပါသေးတယ်။ ဟိုအချိန်တုန်းမှာ ကျွန်တော်ကသံရုံးဝင်းထဲမှာ မြန်မာမိတ်ဆွေတွေ  Pickup trucks ကားနဲ့ သင်္ကြန်လည်ဖို့ လာခေါ်တာ ထိုင်စောင့်နေရတာကို အမောပါပဲ။ ခေါင်းပေါ်မှာ ပိတောက်ပန်းတွေ ဝါဝါထိန်ထိန် ဖူးပွင့်နေပြီး အဝေးမှာရှိတဲ့ သင်္ကြန်မဏ္ဍပ်က ပျော်ရွှင်မြူးတူးတဲ့ သီချင်းသံကိုလည်း နားထောင်ရင်း စိတ်ထဲမှာ သူငယ်ချင်းတွေ ဘာလို့ လာမခေါ် သေးသလဲလို့ တွေးမိပြီး မောရပါ သေးတယ်။ အဲလို ပျော်ရွှင်ပြီး အေးချမ်းတဲ့အရသာနဲ့အတူ ပိတောက်ပန်း ရနံ့တို့ဟာ ကျွန်တော့် ရင်ထဲမှာ ထင်ကျန်နေဆဲပါ။

 

ပိတောက်ပန်းပွင့်တဲ့အချိန်မှာ ကျွန်တော် မြန်မာနိုင်ငံကို ထပ်တခါရောက် လာပါပြီ။ ဒီနှစ် သင်္ကြန်ဟာ အရင်နှစ်တွေနဲ့မတူပါ။ COVID-19 အဆုတ်ရောင် ရောဂါကြောင့် အားလုံးအိမ်မှာ ပဲနေကြ ရပါတယ်။ သင်္ကြန်ရဲ့ဆုတောင်းသံမကြားရတော့ပါ။ ပျော်ရွှင်ကြည်နူးတဲ့ သီချင်းသံမ ကြားရတော့ပါ။ အဲဒါတွေအစား COVID-19 အဆုတ်ရောင်ရောဂါအတွက် စိတ်ပူပန်နေတာ တွေပဲရှိပါတော့တယ်။

 

လွန်ခဲ့တဲ့(၂)လက ကျွန်တော်ဟာ ပီကင်းမှာရှိနေပြီး မြန်မာနိုင်ငံမှာ တာဝန် လာထမ်းဆောင် ဖို့ပြင်ဆင်နေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တရုတ်နိုင်ငံတွင်း မှာ COVID-19 အဆုတ်ရောင် ရောဂါကို သဲကြီးမဲကြီး ရင်ဆိုင်တိုက်ခိုက်နေရတဲ့ အခက်ခဲဆုံးအချိန်ဖြစ်နေတယ်လေ။ တရုတ် ပြည်သူတွေဟာ အရင်က မကြုံစဖူးခဲ့ တဲ့တရုတ်နှစ်သစ်ကူးကို ဖြတ်ကျော်ခဲ့ရတယ်။ လူဦးရေ သန်း(၂၀) ကျော်ရှိတဲ့ ပီကင်းမှာ စူပါမားကတ်၊ စားသောက်ဆိုင် အများစုဟာ ရပ်နားထားခဲ့ ရတယ်။ လူနေရပ်ကွက်တွေ၊ ကွန်ဒိုတိုက်ခန်းတွေအားလုံး အတင်းကျပ်ဆုံး စစ်ဆေးတဲ့ နည်း လမ်းတွေကို သုံးခဲ့ရတယ်။ COVID-19 အဆုတ်ရောင်ရောဂါ က လူသားအားလုံးကို အဆင်မ ပြေမှုတွေပေးလာခဲ့တယ်။ ဒါပေမယ့် အားလုံး က ကိုယ့်အလုပ်ကို ကောင်းကောင်းမွန်မွန်နဲ့ လုပ်နေတာကို ကျွန်တော်မြင်မိတယ်။ အစိုးရဌာန အရာရှိတွေ အားလုံး ကိုယ့်ရုံးခန်းကထွက်ပြီး ရပ်ကွက်တွေရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ကြတယ်။ ရဲ တပ်ဖွဲ့တွေ၊ ယာဉ်ထိန်းရဲတွေလည်း ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခဲ့ကြတယ်။ ရပ်ကွက်က ဦးလေးကြီးတွေ၊ အဒေါ်ကြီးတွေက ရပ်ကွက်ထဲ ဝင်လာတဲ့ သူအားလုံးကို အပူချိန် တိုင်းကိရိယာနဲ့သေသေချာချာတိုင်း ပေးနေကြတယ်။ Delivery ပို့တဲ့အကိုကလည်း ချမ်းအေး တဲ့ဆီးနှင်းတွေကြား က ထမင်းဟင်းပူပူနွေးနွေးကို အိမ်ရှေ့အရောက် ပို့ပေးနေတယ်။ သန့်ရှင်းရေးဝန်ထမ်းတွေကလည်း ပုံမှန်အတိုင်း ပတ်ဝန်းကျင် သန့်ရှင်းအောင် လုပ်နေခဲ့ကြတယ်။ ကျောင်း က ဆရာ၊ ဆရာမတွေကလည်း အင်တာနက်ကတဆင့် ကျောင်းသူ၊ ကျောင်းသားတွေကို စာ သင်ပေးခဲ့ကြတယ်။ တရုတ်နိုင်ငံသားတိုင်း ဟာ နှာခေါင်းစည်းတပ် ထားတာ ကြောင့် သူတို့ရဲ့ မျက်နှာအမူအရာကို မမြင်ရပေမယ့်၊ သူတို့ရဲ့မျက်လုံးမှာ ပူပင်ကြောင့်ကျတဲ့ ပုံစံမျိုးမ တွေ့ရဘူး။ တည်ငြိမ်စွာ နဲ့ ယုံကြည်မှုတွေရှိနေတယ်ဆိုတာကို ခံစားလို့ရနိုင်ခဲ့ပါတယ်။

 

လွန်ခဲ့တဲ့(၃)လမှာ တရုတ်အစိုးရက တစ်ကမ္ဘာလုံးကို အံ့ဩစေလောက်တဲ့ ကယ်ဆယ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ပြတ်သားတဲ့ အကျိုးရှိတဲ့ ရောဂါ  ကာကွယ်ရေး ထိန်းချုပ်ရေးနည်းလမ်းကို ကျင့်သုံးခဲ့တယ်။ တစ်နိုင်ငံလုံးရှိ လူဦးရေသန်း(၁၄၀ဝ)က တစ်စိတ်တစ်ဝမ်းတည်းနဲ့ စည်းလုံး ညီညာအောင်ကြောင်းဖြာ နိုင်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်နယ်အားလုံးနဲ့ တပ်မတော်မှ သောင်းနဲ့ချီတဲ့ အထူးချွန်ဆုံး ဆရာဝန် နဲ့ သူနာပြုတွေ၊ ကျန်းမာရေးပညာရှင်တွေဟာ ရောဂါ ဖြစ်ပွားနေတဲ့ ဟူဘေပြည်နယ်ကို  သွားခဲ့ကြတယ်။ တန်ပေါင်းရာနဲ့ချီတဲ့ ဆေးပစ္စည်းတွေ၊ ကြို တင်ကာကွယ်ရေး ပစ္စည်းတွေနဲ့ နေ့စဉ်သုံး ပစ္စည်းတွေကို ပြည်နယ်အားလုံးကနေ လေယာဉ်နဲ့၊ ရထားနဲ့၊ ကားနဲ့ အဆက်မပြတ်ပို့ပေးခဲ့တယ်။ ရောဂါအဆိုးရွားဖြစ်တဲ့ ဝူဟန်မှာ ဆောက်လုပ် ရေးလုပ်သားတွေက ကုတင်(၁၀ဝဝ)ဆန့် အဆင့်မြင့် ကူးစက် ရောဂါကုသ တဲ့ဆေးရုံကို (၁၀) ရက်နဲ့ အပြီးဆောက်လုပ်ခဲ့ပြီး အဆုတ်ရောင် ရောဂါပြင်းထန်တဲ့ လူနာတွေကို အဓိကထားကုပေးတာဖြစ်ပါ တယ်။ တိုတောင်းတဲ့ (၃)လတာကာလမှာပဲ တရုတ်နိုင်ငံက ပြည်တွင်းမှာ ရောဂါ ကူးစက်ပြန့်ပွားတာကို ထိန်းချုပ်နိုင်ခဲ့ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ် လုံခြုံ ရေးနဲ့ ကျန်းမာရေးကို ကာကွယ်ပေးနိုင်ခဲ့တယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ အကဲဖြတ်မှုအရ  တရုတ်နိုင်ငံ အစိုးရဟာ ပြတ်သားတဲ့၊ အကျိုးရှိတဲ့၊ အချိန်မီတဲ့ နည်းလမ်းကိုသုံးပြီး လူဦးရေး (၁)သိန်း ကျော် ရောဂါ ကူးစက်တဲ့ဘေးကနေလွတ်မြောက်စေနိုင်ခဲ့တယ်။

 

တရုတ်နိုင်ငံက ကြီးမားတဲ့ပေးဆပ်ချက်နဲ့ဆုံးရှုံးမှုဟာ ကမ္ဘာ့နိုင်ငံတွေအတွက် ရောဂါကာကွယ် တိုက်ဖျက်ဖို့ အဖိုးတန်တဲ့အချိန်တွေကို ရယူပေးနိုင်ခဲ့တယ်လေ။ ဥပမာ-မြန်မာနိုင်ငံမှာဆို ရင် ရောဂါ မဖြစ်ပွားခင်က အပတ်တိုင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ တရုတ်နိုင်ငံက မြို့ကြီး(၁၀)မြို့ ကျော်တို့ အပြန်အလှန်သွားလာနေတဲ့ လေကြောင်းလိုင်း(၁၅၀)ကျော်ရှိတယ်။ တရုတ်-မြန်မာနယ်စပ်ဂိတ်က နေ့တိုင်းလူဦးရေ (၁)သိန်းနီးပါးလောက် ဝင်ထွက် သွား လာနေ ခဲ့ကြတယ်။ ဒါပေမယ့် ဒီနေ့ ထိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူတွေထဲမှာ တရုတ်နိုင်ငံက သယ်ဆောင်လာတာ မရှိခဲ့ပါဘူး။ ဒါက တရုတ်နိုင်ငံမှာကျင့်သုံးတဲ့ နည်းလမ်းကောင်းတာ ကြောင့်ပဲဖြစ်ပါတယ်။

 

ကမ္ဘာ့နိုင်ငံတွေက ရောဂါကို ကာကွယ်တိုက်ဖျက်နေချိန်မှာ အနောက်တိုင်း နိုင်ငံရေးသမား တစ်ချို့ရဲ့ အပြုအမူက လူတွေကိုစိတ်ပျက်စေခဲ့တယ်။ သူတို့က COVID-19 အဆုတ်ရောင်ရော ဂါကို “ဝူဟန် အဆုတ်ရောင်ရောဂါ”၊ “တရုတ်ရောဂါပိုး”လို့ ပြောနေကြတာဟာ ရည်ရွယ်ချက် ရှိရှိနဲ့ COVID-19 အဆုတ်ရောင်ရောဂါကို “တရုတ်နိုင်ငံတွင်ထုတ်လုပ်သည်” ဆိုတဲ့ အမှတ် တံဆိပ် ကပ်ပေးနေကြ တာဖြစ်တယ်။

 

 “တရုတ်နိုင်ငံက ရောဂါဖြစ်ပွားနေတဲ့ အကြောင်းကို ဖုံးဖိကွယ်ဝှက်ထားလို့ ကမ္ဘာ့နိုင်ငံက ရောဂါ ကာကွယ် တိုက်ဖျက်ဖို့ အချိန်တွေနှောင့်နှေးစေခဲ့တယ်”လို့ တာဝန်မဲ့အရှက်ကင်းမဲ့စွာနဲ့ ပြောနေကြတဲ့ အနောက်တိုင်း နိုင်ငံရေးသမား လည်း ရှိသေးတယ်။ အကယ်လို့ တရုတ်နိုင်ငံမှာ  သာဆိုရင် ဒီလို ပြည်သူလူထု အတွက် လက်တွေ့ကျတဲ့ အလုပ်တွေမလုပ်ပေးဘဲ လိမ်ညာတဲ့စကားတွေသာ ပြောနေတဲ့ အရာရှိတွေဟာ တာဝန်ကနေ ရပ်ဆိုင်းပြီး စစ်ဆေးခံရတာကလွဲလို့ တစ်ခြား အဆုံးသတ်မယ့် နည်းလမ်း မရှိပါဘူး။ ကျွန်တော်က အဲဒီလူတွေ ကို ပြောချင်တာကတော့ “မင်းတို့ပါးစပ်ကို ပိတ်ထားပြီး နှာခေါင်းစည်းကိုကောင်းကောင်းသာ တပ်ထားလိုက်ပါတော့” ဟူ၍ပင် ဖြစ်တယ်။

 

ဖြစ်ရပ်မှန်ကတော့ တရုတ်နိုင်ငံကရောဂါကို စောစောစီးစီးတွေ့ခဲ့တယ်၊ တစ်ကမ္ဘာလုံးကို အစောဆုံး အသိပေးခဲ့တယ်၊ အကျိုးရလဒ်ကောင်းရမယ့် ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေ ကို အစောဆုံး ကျင့်သုံးခဲ့တယ်၊ တတ်နိုင်သလောက်ကြိုးစားပြီး တစ်ကမ္ဘာလုံးအတွက် အဖိုးတန်အချိန်တွေကို လုယူပေးခဲ့တယ်။ ကိုယ့်နိုင်ငံမှာရောဂါကို ကောင်းကောင်းကာကွယ်ထိန်းချုပ် နိုင်ချိန်မှာ ကမ္ဘာ့နိုင်ငံ တွေကို အစောဆုံးပြန်ပြီးကူညီပေးခဲ့တယ်လေ။ တစ်ကမ္ဘာလုံးရောဂါကာ ကွယ်ထိန်းချုပ်ဖို့ တရုတ်နိုင်ငံ က ဘယ်လောက်ကူညီပံ့ပိုးခဲ့တယ်ဆိုတာကို ဘယ်လောက်အချိန် လုပြီးထုတ်ပြန်ရတာကို အောက်မှာ ပြထားတဲ့ ဇယားကိုကြည့်တာနဲ့သိနိုင်ပါတယ်၊ အများကြီး ရှင်းပြဖို့မလိုပါဘူး။

 

  အချိန်

ဖြစ်ရပ်မှန်

၂၇-၁၂-၂၀၁၉

ဟူဘေပြည်နယ် ဆရာဝန်ကျန်းကျိရှိန်းမှ အစောဆုံး သံသယလူနာ (၃) ယောက်ရှိတာကို တင်ပြတယ်။

၂၉-၁၂-၂၀၁၉

ဟူဘေပြည်နယ်နဲ့ ဝူဟန်မြို့ ကျန်းမာရေးကော်မရှင်က ကူးစက်ရောဂါကို စတင်စုံစမ်းစစ်ဆေးတယ်။

၃၀-၁၂-၂၀၁၉

ဝူဟန်မြို့မှ “ဘာကြောင့်ဖြစ်မှန်းမသိတဲ့ အဆုတ်ရောဂါ အတွက် အရေးပေါ် ကုသဖို့ သတိပေးချက်”ကို ထုတ်ပြန် တယ်။

၃၁-၁၂-၂၀၁၉

အမျိုးသားကျန်းမာရေးကော်မရှင်က ပညာရှင်အဖွဲ့ ဝူဟန်မှာ စတင်စုံစမ်း စစ်ဆေးတယ်။

၀၃-၀၁-၂၀၂၀

တရုတ်ဘက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့နိုင်ငံများကို တရားဝင် အချိန်မီ အကြောင်းကြားခဲ့တယ်။

၁၁-၀၁-၂၀၂၀

တရုတ်နိုင်ငံကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ကမ္ဘာ့နိုင်ငံ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နဲ့ သတင်း အချက် အလက် မျှဝေနိုင်ဖို့အတွက် COVID-19အဆုတ်ရောင်ရောဂါရဲ့ မျိုးရိုးဗီဇစီးရီး (၅)ခုကို အင်တာနက် ပေါ် တင်ပေးလိုက်တယ်။

၂၃-၀၁-၂၀၂၀

တရုတ်ဘက်က ဝူဟန်မြို့မှ ထွက်ခွာလို့ရတဲ့ လမ်းကြောင်း တွေကို ပိတ် ထားကာ ထောင့်စေ့ပြီးတင်းကျပ်တဲ့ နည်းလမ်းတွေ ကို ကျင့်သုံးခဲ့တယ်။

 
 တရုတ်နိုင်ငံ ရောဂါကာကွယ်တိုက်ဖျက်တဲ့ အခက်ခဲဆုံးအချိန်မှာ မြန်မာနိုင်ငံအပါအဝင် ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံများက ကူညီပံ့ပိုးမှုတွေ ပေးခဲ့တယ်။ မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်နဲ့ နယ်ပယ်အသီးသီးက မိတ်ဆွေများဟာ တရုတ်နိုင်ငံကို ဆန်နဲ့ ကာကွယ်ရေးပစ္စည်းတွေ အစောဆုံး လှူဒါန်းခဲ့ကြတယ်။

တရုတ်နိုင်ငံတွင်း ရောဂါဖြစ်ပွားတာ နည်းသွားတာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တတ်နိုင်သလောက် စပြီးကူညီပြီ။ တရုတ်အစိုးရက နိုင်ငံပေါင်း (၁၂၀)ကျော်နဲ့ နိုင်ငံတကာ အဖွဲ့အ စည်းတွေကို N 95  နှာခေါင်းစည်း၊ ကာကွယ်ရေးဝတ်စုံ၊  Nucleic acid ဆေးစစ်ကူပစ္စည်း၊ အသက်ရှုစက်တွေပါတဲ့ ကာကွယ်ရေးနဲ့ ကုသရေး ပစ္စည်းတွေ ကူညီပံ့ပိုးပေးခဲ့တယ်။ တရုတ်နိုင်ငံဒေသ အစိုးရက နိုင်ငံတကာ ချစ်ကြည်ရေးမြို့တော် စတဲ့ လမ်းကြောင်းတွေကတဆင့် နိုင်ငံပေါင်း (၅၀)ကျော်ကို ကာကွယ်ရေးနဲ့ ကုသရေး ပစ္စည်းတွေ လှူဒါန်းခဲ့တယ်။ တရုတ်နိုင်ငံကုမ္ပဏီတွေ ကလည်း နိုင်ငံပေါင်း (၁၀ဝ)ကျော်နဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေကို ရောဂါကာကွယ်ရေး ပစ္စည်းတွေကို လှူဒါန်းပေးခဲ့တယ်လေ။

 

မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိပြီး နောက်ပိုင်း မြန်မာနိုင်ငံ အစိုးရက တင်းကျပ်တဲ့နည်းလမ်း တွေကို မြန်မြန်ဆန်ဆန် ကျင့်သုံးတာဟာ မှန်ကန်တဲ့နည်း ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ရဲ့ရောဂါကာကွယ်ထိန်းချုပ်တဲ့ နေရာမှာ ကျင့်သုံးတဲ့နည်းလမ်းတွေဟာ အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံ တွေထက် လုံးဝသာပါတယ်။ ကျွန်တော်ပြောချင်တာက မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး ရောဂါကို ကာကွယ်ထိန်းချုပ်တို က်ဖျက်နေချိန်မှာ မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေက အားသာချက် တွေ ရှိတယ်လေ။

 

အဲဒါကတော့ ဆွေမျိုးပေါက်ဖော်ညီအစ်ကိုရဲ့ ကူညီမှုတွေပဲဖြစ်ပါတယ်။ (၂၀ဝ၈)ခုနှစ် မြန်မာနိုင်ငံ “နာဂစ်”မုန်တိုင်းဒဏ်ခံရတဲ့အခါမှာပဲဖြစ်ဖြစ်၊ (၂၀၁၅)ခုနှစ် သမိုင်းမှာ တွေ့ကြုံရခဲတဲ့ ရေကြီးရေလျှံမှု ဒဏ်ခံရတဲ့ အခါမှာပဲ ဖြစ်ဖြစ် တရုတ်နိုင်ငံက ပထမဆုံး ကူညီမှုတွေ ပေးတဲ့ နိုင်ငံဖြစ်ပါတယ်။ “တရုတ်-မြန်မာဟာ ရွေးချယ်လို့မရတဲ့ အိမ်နီးချင်းတွေဖြစ်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူး ပါတယ်။

 

တစ်ဦးကိုတစ်ဦး “ပေါက်ဖော်”လို့ခေါ်တယ်ဆိုတော့ အေးအတူပူအမျှနဲ့ ချမ်းသာြကွယ်ဝတာတွေ အတူတူခံစားမယ်၊ အခက်အခဲတွေကို အတူတူဖြတ်ကျော်မယ်။ မြန်မာနိုင်ငံကို ကူညီတာက ကိုယ့်ကိုကိုယ် ကူညီတာပဲလို့ တရုတ်ပြည်သူတွေက ယုံကြည်ထားကြတယ်လေ။

 

လွန်ခဲ့တဲ့ရက်ပိုင်းက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ကျွန်တော် ဖုန်းဆက်ပြီး ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းအကြောင်းတွေ တိုင်ပင်ဆွေးနွေးခဲ့ပါ တယ်။ ဒုတိယအသုတ် တရုတ်အစိုးရ ကူညီတဲ့ တန်ချိန် (၂.၄၅)ရှိ ကာကွယ်ရေးပစ္စည်းတွေ ဖြစ်တဲ့ ရောဂါပိုး ကာကွယ်ရေးဝတ်စုံ အရေအတွက်(၅၀ဝဝ)၊  N95 နှာခေါင်းစည်းအရေအတွက် (၅၀ဝဝ)၊ ရိုးရိုးနှာခေါင်း စည်း အရေအတွက် (၂သိန်း)တို့ဟာ မြန်မာနိုင်ငံကို ရောက်နေပါပြီ၊ မကြာခင် တရုတ်ကုသရေး ပညာရှင် အဖွဲ့လည်းရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းမှာ ပါဝင် ကူညီဖို့ မြန်မာနိုင်ငံကို ရောက်လာပါ တော့မယ်လို့ ကျွန်တော်ကဝန်ကြီးချုပ်ကို ပြောလိုက်ပါတယ်။ မြန်မာညီအစ်ကို မောင်နှမများ စိတ်ချပါ၊ အခက်အခဲရှိတဲ့အချိန်မှာ တရုတ်နိုင်ငံက ခင်ဗျားတို့နဲ့အတူ အမြဲရှိနေမှာပါ။

 

မကြာခင် အတာသင်္ကြန်ရောက်တော့မယ်နော်။ အတာသင်္ကြန်ရဲ့ပျော်ရွှင်ကြည်နူးတဲ့ အရ သာကို ဒီနှစ်မှာမခံစားရပေမယ့် အပြင်ဘက်က ပိတောက်ပန်းက ဝေဝေဆာဆာဖူးပွင့်နေတာက နှစ်သစ်မှာ ချမ်းသာကြွယ်ဝမယ်၊ ပျော်ရွှင်မယ်ဆိုတာကို နိမိတ်ပြနေပါတယ်။ သန့်စင်တဲ့ရေကို နောက်နှစ်အတွက် ချန်ထားပြီး မကြုံစဖူး အတာသင်္ကြန်ကို အတူဖြတ်ကျော်ကြပါစို့။ ပခုံးချင်း ဖက်၊ လက်ချင်းတွဲပြီး ရောဂါပိုးကို အောင်မြင်အောင် တိုက်ဖျက်ကြပါစို့။ မြန်မာနိုင်ငံနာမည်ကျော် ကဗျာဆရာကြီး မင်းသုဝဏ်ရေး စပ်တဲ့ “သပြေညို”ကဗျာထဲကလိုပါပဲ-  “ဘာမလျော့လေနဲ့၊ လာတော့မကွဲ့ ရွှေဗဟိုရ်၊ လေချိုကအသွေး။”

 

 

                                          မန္တလေးမြို့ အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်

                                                                      ဦးခင်စိန် (Chen Chen )

(  Zawgyi  )

 ႏိုင္ငံတစ္ႏိုင္ငံကိုႀကိဳက္ႏွစ္သက္ရင္ အဲဒီႏိုင္ငံရဲ႕ သစ္ပင္၊ ျမက္ပင္ကအစ စြဲလမ္း ႏွစ္သက္ရ ပါတယ္။ လြန္ခဲ့တဲ့ႏွစ္(၂၀)ေလာက္က ပထမဆုံးအႀကိမ္ ျမန္မာႏိုင္ငံကိုေလးႏွစ္ခြဲလာေန ဖူးပါတယ္။ ဒီေ႐ႊေရာင္ဝင္းေနတဲ့ ႏိုင္ငံဟာ ေနရာ တိုင္းမွာ ဖူးေမွ်ာ္ႏိုင္တဲ့ ဘုရားေစတီပုထိုးမ်ားနဲ႔ ႐ိုးသားျဖဴစင္တဲ့ ျပည္သူမ်ား ရွိ တဲ့အျပင္ နာမည္ကိုပင္မသိတဲ့ ပန္းေပါင္းမ်ိဳးစုံလည္းရွိေနတယ္ ေလ။ အနီေရာင္က စိန္ပန္း၊ အဝါေရာင္က လက္ပံပြင့္၊ ပန္းေရာင္က စကၠဴပန္းလို႔ ကြၽန္ေတာ့္ ကိုျမန္မာမိတ္ေဆြ တစ္ေယာက္ က ေျပာျပပါတယ္။ ကြၽန္ေတာ္အႏွစ္သက္ဆုံးကေတာ့ ႏွစ္စဥ္ ႏွစ္တိုင္းအတာသၾကၤန္မွာဖူးပြင့္တဲ့ ပန္းပိေတာက္ပဲ ျဖစ္ပါတယ္။ မွတ္မိေနပါေသးတယ္။ ဟိုအခ်ိန္တုန္းမွာ ကြၽန္ေတာ္ကသံ႐ုံးဝင္းထဲမွာ ျမန္မာမိတ္ေဆြေတြ  Pickup trucks ကားနဲ႔ သၾကၤန္လည္ဖို႔ လာေခၚတာ ထိုင္ေစာင့္ေနရတာကို အေမာပါပဲ။ ေခါင္းေပၚမွာ ပိေတာက္ပန္းေတြ ဝါဝါထိန္ထိန္ ဖူးပြင့္ေနၿပီး အေဝးမွာရွိတဲ့ သၾကၤန္မ႑ပ္က ေပ်ာ္႐ႊင္ျမဴးတူးတဲ့ သီခ်င္းသံကိုလည္း နားေထာင္ရင္း စိတ္ထဲမွာ သူငယ္ခ်င္းေတြ ဘာလို႔ လာမေခၚ ေသးသလဲလို႔ ေတြးမိၿပီး ေမာရပါ ေသးတယ္။ အဲလို ေပ်ာ္႐ႊင္ၿပီး ေအးခ်မ္းတဲ့အရသာနဲ႔အတူ ပိေတာက္ပန္း ရနံ႔တို႔ဟာ ကြၽန္ေတာ့္ ရင္ထဲမွာ ထင္က်န္ေနဆဲပါ။

ပိေတာက္ပန္းပြင့္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ ျမန္မာႏိုင္ငံကို ထပ္တခါေရာက္ လာပါၿပီ။ ဒီႏွစ္ သၾကၤန္ဟာ အရင္ႏွစ္ေတြနဲ႔မတူပါ။ COVID-19 အဆုတ္ေရာင္ ေရာဂါေၾကာင့္ အားလုံးအိမ္မွာ ပဲေနၾက ရပါတယ္။ သၾကၤန္ရဲ႕ဆုေတာင္းသံမၾကားရေတာ့ပါ။ ေပ်ာ္႐ႊင္ၾကည္ႏူးတဲ့ သီခ်င္းသံမ ၾကားရေတာ့ပါ။ အဲဒါေတြအစား COVID-19 အဆုတ္ေရာင္ေရာဂါအတြက္ စိတ္ပူပန္ေနတာ ေတြပဲရွိပါေတာ့တယ္။

လြန္ခဲ့တဲ့(၂)လက ကြၽန္ေတာ္ဟာ ပီကင္းမွာရွိေနၿပီး ျမန္မာႏိုင္ငံမွာ တာဝန္ လာထမ္းေဆာင္ ဖို႔ျပင္ဆင္ေနခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက တ႐ုတ္ႏိုင္ငံတြင္း မွာ COVID-19 အဆုတ္ေရာင္ ေရာဂါကို သဲႀကီးမဲႀကီး ရင္ဆိုင္တိုက္ခိုက္ေနရတဲ့ အခက္ခဲဆုံးအခ်ိန္ျဖစ္ေနတယ္ေလ။ တ႐ုတ္ ျပည္သူေတြဟာ အရင္က မႀကဳံစဖူးခဲ့ တဲ့တ႐ုတ္ႏွစ္သစ္ကူးကို ျဖတ္ေက်ာ္ခဲ့ရတယ္။ လူဦးေရ သန္း(၂၀) ေက်ာ္ရွိတဲ့ ပီကင္းမွာ စူပါမားကတ္၊ စားေသာက္ဆိုင္ အမ်ားစုဟာ ရပ္နားထားခဲ့ ရတယ္။ လူေနရပ္ကြက္ေတြ၊ ကြန္ဒိုတိုက္ခန္းေတြအားလုံး အတင္းက်ပ္ဆုံး စစ္ေဆးတဲ့ နည္း လမ္းေတြကို သုံးခဲ့ရတယ္။ COVID-19 အဆုတ္ေရာင္ေရာဂါ က လူသားအားလုံးကို အဆင္မ ေျပမႈေတြေပးလာခဲ့တယ္။ ဒါေပမယ့္ အားလုံး က ကိုယ့္အလုပ္ကို ေကာင္းေကာင္းမြန္မြန္နဲ႔ လုပ္ေနတာကို ကြၽန္ေတာ္ျမင္မိတယ္။ အစိုးရဌာန အရာရွိေတြ အားလုံး ကိုယ့္႐ုံးခန္းကထြက္ၿပီး ရပ္ကြက္ေတြရဲ႕ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြမွာ ပါဝင္လုပ္ကိုင္ခဲ့ၾကတယ္။ ရဲ တပ္ဖြဲ႕ေတြ၊ ယာဥ္ထိန္းရဲေတြလည္း ကိုယ့္တာဝန္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္ေနခဲ့ၾကတယ္။ ရပ္ကြက္က ဦးေလးႀကီးေတြ၊ အေဒၚႀကီးေတြက ရပ္ကြက္ထဲ ဝင္လာတဲ့ သူအားလုံးကို အပူခ်ိန္ တိုင္းကိရိယာနဲ႔ေသေသခ်ာခ်ာတိုင္း ေပးေနၾကတယ္။ Delivery ပို႔တဲ့အကိုကလည္း ခ်မ္းေအး တဲ့ဆီးႏွင္းေတြၾကား က ထမင္းဟင္းပူပူေႏြးေႏြးကို အိမ္ေရွ႕အေရာက္ ပို႔ေပးေနတယ္။ သန႔္ရွင္းေရးဝန္ထမ္းေတြကလည္း ပုံမွန္အတိုင္း ပတ္ဝန္းက်င္ သန႔္ရွင္းေအာင္ လုပ္ေနခဲ့ၾကတယ္။ ေက်ာင္း က ဆရာ၊ ဆရာမေတြကလည္း အင္တာနက္ကတဆင့္ ေက်ာင္းသူ၊ ေက်ာင္းသားေတြကို စာ သင္ေပးခဲ့ၾကတယ္။ တ႐ုတ္ႏိုင္ငံသားတိုင္း ဟာ ႏွာေခါင္းစည္းတပ္ ထားတာ ေၾကာင့္ သူတို႔ရဲ႕ မ်က္ႏွာအမူအရာကို မျမင္ရေပမယ့္၊ သူတို႔ရဲ႕မ်က္လုံးမွာ ပူပင္ေၾကာင့္က်တဲ့ ပုံစံမ်ိဳးမ ေတြ႕ရဘူး။ တည္ၿငိမ္စြာ နဲ႔ ယုံၾကည္မႈေတြရွိေနတယ္ဆိုတာကို ခံစားလို႔ရႏိုင္ခဲ့ပါတယ္။

လြန္ခဲ့တဲ့(၃)လမွာ တ႐ုတ္အစိုးရက တစ္ကမာၻလုံးကို အံ့ဩေစေလာက္တဲ့ ကယ္ဆယ္ေရး အဖြဲ႕ကို ဖြဲ႕စည္းခဲ့ၿပီး ျပတ္သားတဲ့ အက်ိဳးရွိတဲ့ ေရာဂါ  ကာကြယ္ေရး ထိန္းခ်ဳပ္ေရးနည္းလမ္းကို က်င့္သုံးခဲ့တယ္။ တစ္ႏိုင္ငံလုံးရွိ လူဦးေရသန္း(၁၄၀ဝ)က တစ္စိတ္တစ္ဝမ္းတည္းနဲ႔ စည္းလုံး ညီညာေအာင္ေၾကာင္းျဖာ ႏိုင္ခဲ့တယ္။ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ျပည္နယ္အားလုံးနဲ႔ တပ္မေတာ္မွ ေသာင္းနဲ႔ခ်ီတဲ့ အထူးခြၽန္ဆုံး ဆရာဝန္ နဲ႔ သူနာျပဳေတြ၊ က်န္းမာေရးပညာရွင္ေတြဟာ ေရာဂါ ျဖစ္ပြားေနတဲ့ ဟူေဘျပည္နယ္ကို  သြားခဲ့ၾကတယ္။ တန္ေပါင္းရာနဲ႔ခ်ီတဲ့ ေဆးပစၥည္းေတြ၊ ႀကိဳ တင္ကာကြယ္ေရး ပစၥည္းေတြနဲ႔ ေန႔စဥ္သုံး ပစၥည္းေတြကို ျပည္နယ္အားလုံးကေန ေလယာဥ္နဲ႔၊ ရထားနဲ႔၊ ကားနဲ႔ အဆက္မျပတ္ပို႔ေပးခဲ့တယ္။ ေရာဂါအဆိုး႐ြားျဖစ္တဲ့ ဝူဟန္မွာ ေဆာက္လုပ္ ေရးလုပ္သားေတြက ကုတင္(၁၀ဝဝ)ဆန႔္ အဆင့္ျမင့္ ကူးစက္ ေရာဂါကုသ တဲ့ေဆး႐ုံကို (၁၀) ရက္နဲ႔ အၿပီးေဆာက္လုပ္ခဲ့ၿပီး အဆုတ္ေရာင္ ေရာဂါျပင္းထန္တဲ့ လူနာေတြကို အဓိကထားကုေပးတာျဖစ္ပါ တယ္။ တိုေတာင္းတဲ့ (၃)လတာကာလမွာပဲ တ႐ုတ္ႏိုင္ငံက ျပည္တြင္းမွာ ေရာဂါ ကူးစက္ျပန႔္ပြားတာကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ျပည္သူလူထုရဲ႕ အသက္အိုးအိမ္ လုံၿခဳံ ေရးနဲ႔ က်န္းမာေရးကို ကာကြယ္ေပးႏိုင္ခဲ့တယ္။ ကမာၻက်န္းမာေရးအဖြဲ႕ရဲ႕ အကဲျဖတ္မႈအရ  တ႐ုတ္ႏိုင္ငံ အစိုးရဟာ ျပတ္သားတဲ့၊ အက်ိဳးရွိတဲ့၊ အခ်ိန္မီတဲ့ နည္းလမ္းကိုသုံးၿပီး လူဦးေရး (၁)သိန္း ေက်ာ္ ေရာဂါ ကူးစက္တဲ့ေဘးကေနလြတ္ေျမာက္ေစႏိုင္ခဲ့တယ္။

တ႐ုတ္ႏိုင္ငံက ႀကီးမားတဲ့ေပးဆပ္ခ်က္နဲ႔ဆုံးရႈံးမႈဟာ ကမာၻ႔ႏိုင္ငံေတြအတြက္ ေရာဂါကာကြယ္ တိုက္ဖ်က္ဖို႔ အဖိုးတန္တဲ့အခ်ိန္ေတြကို ရယူေပးႏိုင္ခဲ့တယ္ေလ။ ဥပမာ-ျမန္မာႏိုင္ငံမွာဆို ရင္ ေရာဂါ မျဖစ္ပြားခင္က အပတ္တိုင္း ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္နဲ႔ တ႐ုတ္ႏိုင္ငံက ၿမိဳ႕ႀကီး(၁၀)ၿမိဳ႕ ေက်ာ္တို႔ အျပန္အလွန္သြားလာေနတဲ့ ေလေၾကာင္းလိုင္း(၁၅၀)ေက်ာ္ရွိတယ္။ တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္က ေန႔တိုင္းလူဦးေရ (၁)သိန္းနီးပါးေလာက္ ဝင္ထြက္ သြား လာေန ခဲ့ၾကတယ္။ ဒါေပမယ့္ ဒီေန႔ ထိ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးေတြ႕ရွိသူေတြထဲမွာ တ႐ုတ္ႏိုင္ငံက သယ္ေဆာင္လာတာ မရွိခဲ့ပါဘူး။ ဒါက တ႐ုတ္ႏိုင္ငံမွာက်င့္သုံးတဲ့ နည္းလမ္းေကာင္းတာ ေၾကာင့္ပဲျဖစ္ပါတယ္။

ကမာၻ႔ႏိုင္ငံေတြက ေရာဂါကို ကာကြယ္တိုက္ဖ်က္ေနခ်ိန္မွာ အေနာက္တိုင္း ႏိုင္ငံေရးသမား တစ္ခ်ိဳ႕ရဲ႕ အျပဳအမူက လူေတြကိုစိတ္ပ်က္ေစခဲ့တယ္။ သူတို႔က COVID-19 အဆုတ္ေရာင္ေရာ ဂါကို “ဝူဟန္ အဆုတ္ေရာင္ေရာဂါ”၊ “တ႐ုတ္ေရာဂါပိုး”လို႔ ေျပာေနၾကတာဟာ ရည္႐ြယ္ခ်က္ ရွိရွိနဲ႔ COVID-19 အဆုတ္ေရာင္ေရာဂါကို “တ႐ုတ္ႏိုင္ငံတြင္ထုတ္လုပ္သည္” ဆိုတဲ့ အမွတ္ တံဆိပ္ ကပ္ေပးေနၾက တာျဖစ္တယ္။

 “တ႐ုတ္ႏိုင္ငံက ေရာဂါျဖစ္ပြားေနတဲ့ အေၾကာင္းကို ဖုံးဖိကြယ္ဝွက္ထားလို႔ ကမာၻ႔ႏိုင္ငံက ေရာဂါ ကာကြယ္ တိုက္ဖ်က္ဖို႔ အခ်ိန္ေတြေႏွာင့္ေႏွးေစခဲ့တယ္”လို႔ တာဝန္မဲ့အရွက္ကင္းမဲ့စြာနဲ႔ ေျပာေနၾကတဲ့ အေနာက္တိုင္း ႏိုင္ငံေရးသမား လည္း ရွိေသးတယ္။ အကယ္လို႔ တ႐ုတ္ႏိုင္ငံမွာ  သာဆိုရင္ ဒီလို ျပည္သူလူထု အတြက္ လက္ေတြ႕က်တဲ့ အလုပ္ေတြမလုပ္ေပးဘဲ လိမ္ညာတဲ့စကားေတြသာ ေျပာေနတဲ့ အရာရွိေတြဟာ တာဝန္ကေန ရပ္ဆိုင္းၿပီး စစ္ေဆးခံရတာကလြဲလို႔ တစ္ျခား အဆုံးသတ္မယ့္ နည္းလမ္း မရွိပါဘူး။ ကြၽန္ေတာ္က အဲဒီလူေတြ ကို ေျပာခ်င္တာကေတာ့ “မင္းတို႔ပါးစပ္ကို ပိတ္ထားၿပီး ႏွာေခါင္းစည္းကိုေကာင္းေကာင္းသာ တပ္ထားလိုက္ပါေတာ့” ဟူ၍ပင္ ျဖစ္တယ္။

ျဖစ္ရပ္မွန္ကေတာ့ တ႐ုတ္ႏိုင္ငံကေရာဂါကို ေစာေစာစီးစီးေတြ႕ခဲ့တယ္၊ တစ္ကမာၻလုံးကို အေစာဆုံး အသိေပးခဲ့တယ္၊ အက်ိဳးရလဒ္ေကာင္းရမယ့္ ကာကြယ္ထိန္းခ်ဳပ္ေရးနည္းလမ္းေတြ ကို အေစာဆုံး က်င့္သုံးခဲ့တယ္၊ တတ္ႏိုင္သေလာက္ႀကိဳးစားၿပီး တစ္ကမာၻလုံးအတြက္ အဖိုးတန္အခ်ိန္ေတြကို လုယူေပးခဲ့တယ္။ ကိုယ့္ႏိုင္ငံမွာေရာဂါကို ေကာင္းေကာင္းကာကြယ္ထိန္းခ်ဳပ္ ႏိုင္ခ်ိန္မွာ ကမာၻ႔ႏိုင္ငံ ေတြကို အေစာဆုံးျပန္ၿပီးကူညီေပးခဲ့တယ္ေလ။ တစ္ကမာၻလုံးေရာဂါကာ ကြယ္ထိန္းခ်ဳပ္ဖို႔ တ႐ုတ္ႏိုင္ငံ က ဘယ္ေလာက္ကူညီပံ့ပိုးခဲ့တယ္ဆိုတာကို ဘယ္ေလာက္အခ်ိန္ လုၿပီးထုတ္ျပန္ရတာကို ေအာက္မွာ ျပထားတဲ့ ဇယားကိုၾကည့္တာနဲ႔သိႏိုင္ပါတယ္၊ အမ်ားႀကီး ရွင္းျပဖို႔မလိုပါဘူး။
 

 

  အခ်ိန္

ျဖစ္ရပ္မွန္

၂၇-၁၂-၂၀၁၉

ဟူေဘျပည္နယ္ ဆရာဝန္က်န္းက်ိရွိန္းမွ အေစာဆုံး သံသယလူနာ (၃) ေယာက္ရွိတာကို တင္ျပတယ္။

၂၉-၁၂-၂၀၁၉

ဟူေဘျပည္နယ္နဲ႔ ဝူဟန္ၿမိဳ႕ က်န္းမာေရးေကာ္မရွင္က ကူးစက္ေရာဂါကို စတင္စုံစမ္းစစ္ေဆးတယ္။

၃၀-၁၂-၂၀၁၉

ဝူဟန္ၿမိဳ႕မွ “ဘာေၾကာင့္ျဖစ္မွန္းမသိတဲ့ အဆုတ္ေရာဂါ အတြက္ အေရးေပၚ ကုသဖို႔ သတိေပးခ်က္”ကို ထုတ္ျပန္ တယ္။

၃၁-၁၂-၂၀၁၉

အမ်ိဳးသားက်န္းမာေရးေကာ္မရွင္က ပညာရွင္အဖြဲ႕ ဝူဟန္မွာ စတင္စုံစမ္း စစ္ေဆးတယ္။

၀၃-၀၁-၂၀၂၀

တ႐ုတ္ဘက္က ကမာၻ႔က်န္းမာေရးအဖြဲ႕နဲ႔ ကမာၻ႔ႏိုင္ငံမ်ားကို တရားဝင္ အခ်ိန္မီ အေၾကာင္းၾကားခဲ့တယ္။

၁၁-၀၁-၂၀၂၀

တ႐ုတ္ႏိုင္ငံကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးစင္တာက ကမာၻ႔ႏိုင္ငံ၊ ကမာၻ႔က်န္းမာေရးအဖြဲ႕တို႔နဲ႔ သတင္း အခ်က္ အလက္ မွ်ေဝႏိုင္ဖို႔အတြက္ COVID-19အဆုတ္ေရာင္ေရာဂါရဲ႕ မ်ိဳး႐ိုးဗီဇစီးရီး (၅)ခုကို အင္တာနက္ ေပၚ တင္ေပးလိုက္တယ္။

၂၃-၀၁-၂၀၂၀

တ႐ုတ္ဘက္က ဝူဟန္ၿမိဳ႕မွ ထြက္ခြာလို႔ရတဲ့ လမ္းေၾကာင္း ေတြကို ပိတ္ ထားကာ ေထာင့္ေစ့ၿပီးတင္းက်ပ္တဲ့ နည္းလမ္းေတြ ကို က်င့္သုံးခဲ့တယ္။

 

တ႐ုတ္ဘက္က ဝူဟန္ၿမိဳ႕မွ ထြက္ခြာလို႔ရတဲ့ လမ္းေၾကာင္း ေတြကို ပိတ္ ထားကာ ေထာင့္ေစ့ၿပီးတင္းက်ပ္တဲ့ နည္းလမ္းေတြ ကို က်င့္သုံးခဲ့တယ္။
 တ႐ုတ္ႏိုင္ငံ ေရာဂါကာကြယ္တိုက္ဖ်က္တဲ့ အခက္ခဲဆုံးအခ်ိန္မွာ ျမန္မာႏိုင္ငံအပါအဝင္ ခ်စ္ၾကည္ရင္းႏွီးတဲ့ ႏိုင္ငံမ်ားက ကူညီပံ့ပိုးမႈေတြ ေပးခဲ့တယ္။ ျမန္မာႏိုင္ငံအစိုးရ၊ တပ္မေတာ္နဲ႔ နယ္ပယ္အသီးသီးက မိတ္ေဆြမ်ားဟာ တ႐ုတ္ႏိုင္ငံကို ဆန္နဲ႔ ကာကြယ္ေရးပစၥည္းေတြ အေစာဆုံး လႉဒါန္းခဲ့ၾကတယ္။

တ႐ုတ္ႏိုင္ငံတြင္း ေရာဂါျဖစ္ပြားတာ နည္းသြားတာနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းကို တတ္ႏိုင္သေလာက္ စၿပီးကူညီၿပီ။ တ႐ုတ္အစိုးရက ႏိုင္ငံေပါင္း (၁၂၀)ေက်ာ္နဲ႔ ႏိုင္ငံတကာ အဖြဲ႕အ စည္းေတြကို N 95  ႏွာေခါင္းစည္း၊ ကာကြယ္ေရးဝတ္စုံ၊  Nucleic acid ေဆးစစ္ကူပစၥည္း၊ အသက္ရႈစက္ေတြပါတဲ့ ကာကြယ္ေရးနဲ႔ ကုသေရး ပစၥည္းေတြ ကူညီပံ့ပိုးေပးခဲ့တယ္။ တ႐ုတ္ႏိုင္ငံေဒသ အစိုးရက ႏိုင္ငံတကာ ခ်စ္ၾကည္ေရးၿမိဳ႕ေတာ္ စတဲ့ လမ္းေၾကာင္းေတြကတဆင့္ ႏိုင္ငံေပါင္း (၅၀)ေက်ာ္ကို ကာကြယ္ေရးနဲ႔ ကုသေရး ပစၥည္းေတြ လႉဒါန္းခဲ့တယ္။ တ႐ုတ္ႏိုင္ငံကုမၸဏီေတြ ကလည္း ႏိုင္ငံေပါင္း (၁၀ဝ)ေက်ာ္နဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္း ေတြကို ေရာဂါကာကြယ္ေရး ပစၥည္းေတြကို လႉဒါန္းေပးခဲ့တယ္ေလ။

ျမန္မာႏိုင္ငံမွာ ေရာဂါပိုးေတြ႕ရွိၿပီး ေနာက္ပိုင္း ျမန္မာႏိုင္ငံ အစိုးရက တင္းက်ပ္တဲ့နည္းလမ္း ေတြကို ျမန္ျမန္ဆန္ဆန္ က်င့္သုံးတာဟာ မွန္ကန္တဲ့နည္း ျဖစ္ပါတယ္။ ဖြံ႕ၿဖိဳးဆဲႏိုင္ငံတစ္ႏိုင္ငံ အေနနဲ႔ ျမန္မာႏိုင္ငံ ရဲ႕ေရာဂါကာကြယ္ထိန္းခ်ဳပ္တဲ့ ေနရာမွာ က်င့္သုံးတဲ့နည္းလမ္းေတြဟာ အေမရိကန္ႏိုင္ငံနဲ႔ ဥေရာပႏိုင္ငံ ေတြထက္ လုံးဝသာပါတယ္။ ကြၽန္ေတာ္ေျပာခ်င္တာက ျမန္မာႏိုင္ငံမွာ တစ္ႏိုင္ငံလုံး ေရာဂါကို ကာကြယ္ထိန္းခ်ဳပ္တို က္ဖ်က္ေနခ်ိန္မွာ ျမန္မာႏိုင္ငံအစိုးရနဲ႔ ျပည္သူေတြက အားသာခ်က္ ေတြ ရွိတယ္ေလ။

အဲဒါကေတာ့ ေဆြမ်ိဳးေပါက္ေဖာ္ညီအစ္ကိုရဲ႕ ကူညီမႈေတြပဲျဖစ္ပါတယ္။ (၂၀ဝ၈)ခုႏွစ္ ျမန္မာႏိုင္ငံ “နာဂစ္”မုန္တိုင္းဒဏ္ခံရတဲ့အခါမွာပဲျဖစ္ျဖစ္၊ (၂၀၁၅)ခုႏွစ္ သမိုင္းမွာ ေတြ႕ႀကဳံရခဲတဲ့ ေရႀကီးေရလွ်ံမႈ ဒဏ္ခံရတဲ့ အခါမွာပဲ ျဖစ္ျဖစ္ တ႐ုတ္ႏိုင္ငံက ပထမဆုံး ကူညီမႈေတြ ေပးတဲ့ ႏိုင္ငံျဖစ္ပါတယ္။ “တ႐ုတ္-ျမန္မာဟာ ေ႐ြးခ်ယ္လို႔မရတဲ့ အိမ္နီးခ်င္းေတြျဖစ္တယ္”လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့ဖူး ပါတယ္။

တစ္ဦးကိုတစ္ဦး “ေပါက္ေဖာ္”လို႔ေခၚတယ္ဆိုေတာ့ ေအးအတူပူအမွ်နဲ႔ ခ်မ္းသာႂကြယ္ဝတာေတြ အတူတူခံစားမယ္၊ အခက္အခဲေတြကို အတူတူျဖတ္ေက်ာ္မယ္။ ျမန္မာႏိုင္ငံကို ကူညီတာက ကိုယ့္ကိုကိုယ္ ကူညီတာပဲလို႔ တ႐ုတ္ျပည္သူေတြက ယုံၾကည္ထားၾကတယ္ေလ။

လြန္ခဲ့တဲ့ရက္ပိုင္းက မႏၲေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္နဲ႔ ကြၽန္ေတာ္ ဖုန္းဆက္ၿပီး ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး လုပ္ငန္းအေၾကာင္းေတြ တိုင္ပင္ေဆြးေႏြးခဲ့ပါ တယ္။ ဒုတိယအသုတ္ တ႐ုတ္အစိုးရ ကူညီတဲ့ တန္ခ်ိန္ (၂.၄၅)ရွိ ကာကြယ္ေရးပစၥည္းေတြ ျဖစ္တဲ့ ေရာဂါပိုး ကာကြယ္ေရးဝတ္စုံ အေရအတြက္(၅၀ဝဝ)၊  N95 ႏွာေခါင္းစည္းအေရအတြက္ (၅၀ဝဝ)၊ ႐ိုး႐ိုးႏွာေခါင္း စည္း အေရအတြက္ (၂သိန္း)တို႔ဟာ ျမန္မာႏိုင္ငံကို ေရာက္ေနပါၿပီ၊ မၾကာခင္ တ႐ုတ္ကုသေရး ပညာရွင္ အဖြဲ႕လည္းေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမွာ ပါဝင္ ကူညီဖို႔ ျမန္မာႏိုင္ငံကို ေရာက္လာပါ ေတာ့မယ္လို႔ ကြၽန္ေတာ္ကဝန္ႀကီးခ်ဳပ္ကို ေျပာလိုက္ပါတယ္။ ျမန္မာညီအစ္ကို ေမာင္ႏွမမ်ား စိတ္ခ်ပါ၊ အခက္အခဲရွိတဲ့အခ်ိန္မွာ တ႐ုတ္ႏိုင္ငံက ခင္ဗ်ားတို႔နဲ႔အတူ အၿမဲရွိေနမွာပါ။

မၾကာခင္ အတာသၾကၤန္ေရာက္ေတာ့မယ္ေနာ္။ အတာသၾကၤန္ရဲ႕ေပ်ာ္႐ႊင္ၾကည္ႏူးတဲ့ အရ သာကို ဒီႏွစ္မွာမခံစားရေပမယ့္ အျပင္ဘက္က ပိေတာက္ပန္းက ေဝေဝဆာဆာဖူးပြင့္ေနတာက ႏွစ္သစ္မွာ ခ်မ္းသာႂကြယ္ဝမယ္၊ ေပ်ာ္႐ႊင္မယ္ဆိုတာကို နိမိတ္ျပေနပါတယ္။ သန႔္စင္တဲ့ေရကို ေနာက္ႏွစ္အတြက္ ခ်န္ထားၿပီး မႀကဳံစဖူး အတာသၾကၤန္ကို အတူျဖတ္ေက်ာ္ၾကပါစို႔။ ပခုံးခ်င္း ဖက္၊ လက္ခ်င္းတြဲၿပီး ေရာဂါပိုးကို ေအာင္ျမင္ေအာင္ တိုက္ဖ်က္ၾကပါစို႔။ ျမန္မာႏိုင္ငံနာမည္ေက်ာ္ ကဗ်ာဆရာႀကီး မင္းသုဝဏ္ေရး စပ္တဲ့ “သေျပညိဳ”ကဗ်ာထဲကလိုပါပဲ-  “ဘာမေလ်ာ့ေလနဲ႔၊ လာေတာ့မကြဲ႕ ေ႐ႊဗဟိုရ္၊ ေလခ်ိဳကအေသြး။”

                                          မႏၲေလးၿမိဳ႕ အေျခစိုက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံေကာင္စစ္ဝန္ခ်ဳပ္

                                                                      ဦးခင္စိန္ (Chen Chen )