【 ဆောင်းပါး 】''ရောမရောက်ရင် ရောမလိုပေါ့''

【 ဆောင်းပါး 】''ရောမရောက်ရင် ရောမလိုပေါ့''

နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ လူမှုဘဝမှာ ဘယ်အရာမှတော့မလွယ်ကူပါဘူး။အားလုံးမှာသူ့ဒုက္ခနဲ့သူချည်းပါပဲ။ဆင်းရဲသားကလည်း ဆင်းရဲသားမို့လို့ သူဌေးကလည်းသူဌေးမို့လို့ သူ့အခက်အခဲနဲ့သူ သူ့ဒုက္ခနဲ့သူ အခက်အခဲမျိုးစုံ ကြုံနေရတာပါပဲ။ အမြဲတမ်း စိတ်ချမ်းသာနေတဲ့ သာယာနေတဲ့ဘ၀ ထာဝစဉ်ပိုင်ဆိုင်ထားရမယ်လို့တော့ မထင်လိုက်ပါနဲ့။

အကောင်းအဆိုး ကံကြမ္မာအနိမ့်အမြင့်ဆိုတာ လူတိုင်းကြုံရတတ်တာပါပဲ။ဒီနေရာမှာ အခက်အခဲအနိမ့်အမြင့် လောကဓံကို ကြံ့ကြံ့ခံကျော်ဖြတ်နိုင်သူတွေက လက်လျှော့အားငယ်တတ်သူတွေထက် ပိုမိုအောင်မြင်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြ တာများပါတယ်။

အခုလိုအချိန်မျိုးမှာ ပိုသိသာပါတယ်။တစ်ကမ္ဘာလုံး ကြုံတွေ့နေရတဲ့ ကိုဗစ်လိုကပ်ရောဂါရဲ့နောက်ဆက်တွဲ လူမှုရေး၊စီးပွားရေး၊နိုင်ငံရေး အဘက်ဘက်က အကျပ်အတည်းတွေကို ကျော်ဖြတ်နေကြရတာဖြစ်ပါတယ်။ သူဌေးတွေလည်း ကျပ်တည်း၊ ဆင်းရဲသားလည်းကျပ်တည်း၊လူလတ်တန်းစားဝန်ထမ်းတွေလည်း ကျပ်တည်းနေကြရတဲ့ ကာလပေါ့။စားဝတ်နေရေးပဲ ကျပ်တည်းတာလားဆိုတော့မဟုတ်ပါဘူး။လူမှုရေးတွေပါ အနေရခက်ခဲစေတဲ့အချိန်ပါပဲ။သွားချင်ရာ လုပ်ချင်ရာကို အရင်လို စိတ်လွတ်ကိုယ်လွတ် မလုပ်နိုင်ကြလို့ဖြစ်ပါတယ်။အနည်းဆုံးတော့ အပြင်ထွက်မယ်ဆို အသက်ရှူ အကြပ်ခံပြီး နှာခေါင်းစည်းတွေ တပ်သွားရတာမျိုးပေါ့။ မိတ်ဆွေအပေါင်းအသင်းတွေကြား ခက်ကြဲကြဲပဲ နေရပါတယ်။ မလိုအပ်ရင် အပြင်မထွက် ရဘူးပေါ့။ဒီလိုတွေဆင်ခြင်ရတဲ့ ချုပ်တည်းရတဲ့ကာလကို အများစု မကြုံဖူးခဲ့ကြတော့ အခုလိုလူနေထိုင်မှုဘ၀ အပြောင်းအလဲတွေကြားထဲ လိုက်လျောညီထွေဖြစ်အောင် သည်းခံရတာက အတော်ကို ခက်ခဲကြတာတွေ့ရပါတယ်။

လူအချို့က အပြောင်းအလဲတစ်ခု ရင်ဆိုင်ရမှာအတော်ကို ကြောက်တတ်ကြပါတယ်။အဲဒီလိုပဲ ချုပ်တည်းရတာတွေ ထိန်းသိမ်းရတာတွေဆို လွယ်လွယ်နဲ့ မလိုက်နာချင်ကြပါဘူး။အဲဒီတော့ ဥပဒေတစ်ခု အပြောင်းအလဲလုပ်တော့မယ်ဆိုလည်း ထိုနည်းလည်းကောင်းပေါ့။ဥပဒေအသစ်တစ်ခုထွက်ပြီဆိုရင် အဲဒီဥပဒေပါပြဌာန်းချက်တွေ ကန့်သတ်ချက်တွေ တားမြစ်ချက်တွေကို လိုက်နာလာအောင် မနည်းကိုပညာပေးကြရပါတယ်။ဒါတောင် တချို့ဥပဒေတွေက ထုတ်ပြန်ပြီး နှစ်ချီကြာတဲ့  အထိလိုက်နာနိုင်မှု အားနည်းတာတွေ ယနေ့ထိ တွေ့နေရစမြဲပါပဲ။

ဥပဒေ စည်းမျဉ်းစည်းကမ်းတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီကြပါဘူး။အမေရိကန်ရောက်ရင် အမေရိကန်ဥပဒေကို လိုက်နာရပါတယ်။ဂျပန်ရောက်ရင် ဂျပန်ဥပဒေကိုလိုက်နာရပါတယ်။အဲဒီလိုပဲ မြန်မာနိုင်ငံရောက်ရင် မြန်မာဥပဒေတွေကို လိုက်နာကြရပါတယ်။သူ့နိုင်ငံ သူ့အထာ သူ့ယဉ်ကျေးမှုတွေနဲ့အညီ ဥပဒေတွေက ပြဌာန်းထားကြတာမို့ မကြိုက်လည်းပဲ လိုက်နာကြရမှာပါ။အဲဒီနိုင်ငံရဲ့ဥပဒေတွေက သဘာဝမကျဘူး မကြိုက်ဘူးဆိုရင် အဲဒီနိုင်ငံမှာမနေနဲ့လို့ပဲ ပြောရမှာပါ။ အဲဒီလိုမှမဟုတ်ဘဲ အဲဒီနိုင်ငံနဲ့ မကင်းနိုင်ရင်တော့ အဲဒီနိုင်ငံက ပြဌာန်းထားတဲ့ ဥပဒေတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေလိုက်နာကြရမှာဖြစ်ပါတယ်။ရောမရောက်ရင် ရောမလိုကျင့်ဆိုတဲ့ စကားလိုပေါ့။သူ့အိုးနဲ့ သူ့ဆန် တန်ဖို့အရေးကြီး သလို တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး သူ့အကျင့်နဲ့သူ သူ့စရိုက်နဲ့သူ လိုက်ရောညီထွေဖြစ်အောင် ပြောင်းလဲရစမြဲပါပဲ။

အခုမကြာသေးမီကပြဌာန်းလိုက်တဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ တားမြစ်ချက်တချို့က လူတချို့အတွက် လိုက်နာဖို့ ခက်ခဲနိုင်မှာ ဖြစ်သလို တော်တော်နဲ့လည်း အသားကျနိုင်မှာမဟုတ်ဘူးလို့ ထင်မြင်ယူဆ မိပါတယ်။

ဒီဥပဒေအသစ်ကို၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းခဲ့တာဖြစ်ပါတယ်။ အခုဥပဒေပါ ပုဒ်မအချို့ရဲ့ ပြစ်မှုပြစ်ဒဏ်တွေက ယခင်၂၀၁၅ခုနှစ် မော်တော်ယာဉ်ဥပဒေ ပါပြဌာန်းချက်တွေထက် ပိုလာတာတွေ့ရပါတယ်။

ဥပဒေအသစ်မှာ အခန်းပေါင်း ၁၅ ခန်း၊ပုဒ်မပေါင်း၁၀၇ခုပါရှိပြီး အနည်းဆုံး ကျပ်သုံးသောင်းထက်မပိုတဲ့ ငွေဒဏ်ကနေ အမြင့်ဆုံးကျပ်၁၅သိန်းထက်မပိုတဲ့ ငွေဒဏ်အထိရယ်၊ အနိမ့်ဆုံးတစ်လထက်မပိုတဲ့ ထောင်ဒဏ် ကနေ အမြင့်ဆုံး၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်အထိရယ် ချမှတ်နိုင်အောင် ပြဌာန်းထားပါတယ်။

အရင်၂၀၁၅မော်တော်ယာဉ်ဥပဒေပြဌာန်းချက်မှာ အနည်းဆုံး ကျပ်သုံးသောင်းထက်မပိုတဲ့ ငွေဒဏ်ကနေ အမြင့်ဆုံးကျပ်သိန်း၅၀ထက်မပိုတဲ့ ငွေဒဏ်အထိရယ်၊ အနိမ့်ဆုံးသုံးလထက်မပိုတဲ့ ထောင်ဒဏ်ကနေ အမြင့်ဆုံး၆လထက်မပိုတဲ့ ထောင်ဒဏ်အထိရယ် ချမှတ်နိုင်အောင် ပြဌာန်းထားတာကိုကြည့်ရင် မော်တော်ယာဉ်ဥပဒေအသစ်ဖြစ်တဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေက ၂၀၁၅မော်တော်ယာဉ်ဥပဒေထက် ထောင်ဒဏ်ပိုများလာတာ တွေ့ရပါတယ်။

အထက်မှာပြောခဲ့တဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ တားမြစ်ချက်တချို့က လူတချို့အတွက် လိုက်နာဖို့ ခက်ခဲနိုင်မှာ ဖြစ်သလို တော်တော်နဲ့လည်း အသားကျနိုင်မှာမဟုတ်ဘူးလို့ ထင်မြင်ယူဆတဲ့ ပြဌာန်းချက် တချို့ကို အခုပြောပါမယ်။

အဲဒါက ပုဒ်မ၇၅ ပုဒ်မခွဲ(ဋ)နဲ့(ဌ)တို့ရဲ့ပြဌာန်းချက်တွေဖြစ်ပါတယ်။မော်တော်ယာဉ်ကို ကိုယ်တိုင်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရဆိုပြီး ပုဒ်မ၇၅ ပုဒ်မခွဲ(ဋ)မှာ ပြဌာန်းထားပါတယ်။နောက်ပြီး  သတ်မှတ်ထားတဲ့ မော်တော်ယာဉ်ကို မောင်းနှင်နေတဲ့အချိန် ယာဉ်ပေါ်ပါရှိတဲ့ အသက်၁၀နှစ်အောက်ကလေးငယ်တွေကို ကလေးအသက်ကယ်ထိုင်ခုံကို အသုံးမပြုဘဲ စီးနင်းစေခြင်းမပြုရဆိုပြီး ပုဒ်မ၇၅ ပုဒ်မခွဲ(ဌ)မှာ ပြဌာန်းထားပါတယ်။အဲဒီပုဒ်မ၇၅ ပုဒ်မခွဲ(ဋ)နဲ့(ဌ)တို့ရဲ့ တားမြစ်ချက်တွေကို ဖောက်ဖျက်တယ်ဆိုပြီး ပြစ်မှုထင်ရှားစီရင်ခံရရင် ကျပ်သုံးသောင်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်ရမယ်ဆိုပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၈၆မှာ ဆိုပါတယ်။

အခုချိန်မှာ ကားမောင်းရင်းဖုန်းပြောတဲ့သူနဲ့ ကားလိုက်စီးတဲ့ကလေးငယ်တွေကို ကလေးအသက်ကယ်ထိုင်ခုံနဲ့ မခေါ်ဆောင်တဲ့သူတွေက အများစုရှိနေတာမို့ ခုနကပြောခဲ့တဲ့ တားမြစ်ချက်တွေကို လိုက်နာဖို့ ခက်ခဲနိုင်မှာ ဖြစ်သလို တော်တော်နဲ့လည်း အသားကျနိုင်မှာမဟုတ်ဘူးလို့ ထင်မြင်ယူဆမိတာဖြစ်ပါတယ်။

ဒီနေရာမှာ စဉ်းစားစရာရှိတာက မကြာခဏအရေးယူခံရလို့ ဒဏ်ငွေသောင်းနဲ့သိန်းနဲ့ချီ အကုန်ကျခံမယ့်အစား သုံး/လေး/ငါးသောင်း/တစ်သိန်းဝန်းကျင် တစ်ခါပဲအကုန်ကျခံရုံနဲ့ အသက်အန္တရာယ်ပါ ကာကွယ်ပြီးသားဖြစ်မယ့် Bluetooth ဖုန်းပြော ကိရိယာလို၊ကလေးအသက်ကယ်ထိုင်ခုံလိုမျိုးတွေကို ဝယ်ယူအသုံးပြုတာက ပိုပြီး သင့်လျော်မယ်လို့ သုံးသပ်မိပါတယ်။

ဒါကြောင့်မို့ ဘယ်လိုစည်းမျဉ်းစည်းကမ်း ဥပဒေအသစ်တွေ ထွက်ရှိနေပါစေ ရောမရောက်ရင် ရောမလိုကျင့်နိုင်တဲ့ လိုက်လျောညီထွေ အကျင့်စရိုက်မျိုး ကျင့်သုံးနိုင်ကြမယ်ဆိုရင် အပြောင်းအလဲတွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ရင်း ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ပိုင်ဆိုင်နိုင်ကြမှာပါလို့ အကြံပြုလိုက်ပါရစေ။

  သာဓက

(  Zawgyi  )

  နေ့စဉ္လှုပ်ရွားရုန်းကန်နေရတဲ့ လူမှုဘဝမွာ ဘယ်အရာမွေတာ့မလြယ္ကူပါဘူး။အားလုံးမွာသူ့ဒုက္ခနဲ့သူခ်ည်းပါပဲ။ဆင်းရဲသားကလည်း ဆင်းရဲသားမို့လို့ သူဌေးကလည်းသူဌေးမို့လို့ သူ့အခက်အခဲနဲ့သူ သူ့ဒုက္ခနဲ့သူ အခက်အခဲမိုးစုံ ကြုံနေရတာပါပဲ။ အမြဲတမ်း စိတ္ခ်မ်းသာနေတဲ့ သာယာနေတဲ့ဘ၀ ထာဝစဉ္ပိုင္ဆိုင္ထားရမယ္လို့တော့ မထင္လိုက္ပါနဲ့။

အေကာင်းအဆိုး ကံကြမ္မာအနိမ့်အျမင့္ဆိုတာ လူတိုင်းကြုံရတတ္တာပါပဲ။ဒီနေရာမွာ အခက်အခဲအနိမ့်အျမင့် လောကဓံကို ကြံ့ကြံ့ခံကော််ျဖတ္နိုင်သူတြေက လက်လွော့်အားငယ္တတ်သူတြေထက် ပိုမိုအောင်ျမင္တဲ့ အနာဂတ္ကို ပိုင္ဆိုင္နိုင်ကြ တာမ်ားပါတယ်။

အခုလိုအခိန္မိုးမွာ ပိုသိသာပါတယ်။တစ္ကမ္ဘာလုံး ကြုံတြေ့နေရတဲ့ ကိုဗစ္လိုကပ်ရောဂါရဲ့နောက္ဆက္တြဲ လူမှုရေး၊စီးပြားရေး၊နိုင်ငံရေး အဘက္ဘက္က အက်ပ်အတည်းတြေကို ကော််ျဖတ်နေကြရတျာဖစ္ပါတယ်။ သူဌေးတြေလည်း က်ပ္တည်း၊ ဆင်းရဲသားလည်းက်ပ္တည်း၊လူလတ္တန်းစားဝန္ထမ်းတြေလည်း က်ပ္တည်းနေကြရတဲ့ ကာလေပါ့။စားဝတ်နေရးပဲ က်ပ္တည်းတာလားဆိုတော့မဟုတ္ပါဘူး။လူမှုရေးတြေပါ အေနရခက္ခဲစေတဲ့အခိန္ပါပဲ။သြားခ်င်ရာ လုပ္ခ်င်ရာကို အရင္လို စိတ္လြတ္ကိုယ္လြတ် မလုပ္နိုင်ကြလိျု့ဖစ္ပါတယ်။အနည်းဆုံးတော့ အျပင္ထြက္မယ္ဆို အသက်ရှူ အကြပ္ခံပြီး နွာခေါင်းစည်းတြေ တပ်သြားရတာမိုးပေါ့။ မိတ်ဆြေအေပါင်းအသင်းတြေကြား ခက်ကြဲကြဲပဲ နေရပါတယ်။ မလိုအပ်ရင် အျပင္မထြက် ရဘူးပေါ့။ဒီလိုတြေဆင်ျခင်ရတဲ့ ခ်ုပ္တည်းရတဲ့ကာလကို အမ်ားစု မကြုံဖူးခဲ့ကြေတာ့ အခုလိုလူနေထိုင္မှုဘ၀ အျေပာင်းအလဲတြေကြားထဲ လိုက်လော်ညီထျြေဖစ်အောင် သည်းခံရတာက အေတ္ကာို ခက္ခဲကြတာတြေ့ရပါတယ်။

လူအခို့က အျေပာင်းအလဲတစ္ခု ရင္ဆိုင်ရမွာအေတ္ကာို ကြောက္တတ်ကြပါတယ်။အဲဒီလိုပဲ ခ်ုပ္တည်းရတာတြေ ထိန်းသိမ်းရတာတြေဆို လြယ္လြယ္နဲ့ မလိုက္နာခ်င်ကြပါဘူး။အဲဒီတော့ ဥပေဒတစ္ခု အျေပာင်းအလဲလုပ်တော့မယ္ဆိုလည်း ထိုနည်းလည်းကောင်းပေါ့။ဥပေဒအသစ္တစ္ခုထြက်ပြီဆိုရင် အဲဒီဥပေဒပျါပဌာန်းခ်က်တြေ ကန့်သတ္ခ်က်တြေ တာျးမစ္ခ်က်တြေကို လိုက္နာလာအောင် မနည်းကိုပညာပေးကြရပါတယ်။ဒါတောင် တခို့ဥပေဒေတြက ထုတ်ျပန်ပြီး နွစ္ခ်ီကြာတဲ့  အထိလိုက္နာနိုင္မှု အားနည်းတာတြေ ယေန့ထိ တြေ့နေရစမြဲပါပဲ။

ဥပေဒ စည်းမ်ဉ်းစည်းကမ်းတြေက တစ္နိုင်ငံနဲ့တစ္နိုင်ငံ မတူညီကြပါဘူး။အေမရိကန်ရောက်ရင် အေမရိကန်ဥပေဒကို လိုက္နာရပါတယ်။ဂ်ပန်ရောက်ရင် ဂ်ပန်ဥပေဒကိုလိုက္နာရပါတယ်။အဲဒီလိုပျဲမန္မာနိုင်ငံရောက်ရင်ျမန္မာဥပေဒေတြကို လိုက္နာကြရပါတယ်။သူ့နိုင်ငံ သူ့အထာ သူ့ယဉ်ကေ်းမှုတြေနဲ့အညီ ဥပေဒေတြကျပဌာန်းထားကြတာမို့ မကြိုက္လည်းပဲ လိုက္နာကြရမွာပါ။အဲဒီနိုင်ငံရဲ့ဥပေဒေတြက သဘာဝမက်ဘူး မကြိုက္ဘူးဆိုရင် အဲဒီနိုင်ငံမွာမေနနဲ့လို့ပဲျေပာရမွာပါ။ အဲဒီလိုမွမဟုတ္ဘဲ အဲဒီနိုင်ငံနဲ့ မကင်းနိုင်ရင်တော့ အဲဒီနိုင်ငံကျပဌာန်းထားတဲ့ ဥပေဒေတြကို ကြိုက်သည်ျဖစ်စေ မကြိုက်သည်ျဖစ်စေလိုက္နာကြရမျွာဖစ္ပါတယ်။ရောမေရာက်ရင် ရောမလိုက်င့္ဆိုတဲ့ စကားလိုပေါ့။သူ့အိုးနဲ့ သူ့ဆန် တန္ဖို့အေရးကြီး သလို တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး သူ့အက်င့္နဲ့သူ သူ့စရိုက္နဲ့သူ လိုက်ရောညီထျြေဖစ်အောင်ျေပာင်းလဲရစမြဲပါပဲ။

အခုမကြာသေးမီကျပဌာန်းလိုက္တဲ့ ယာဉ်အန္တရာယ္ကင်းရွင်းရေးနွင့် မော်တော်ယာဉ္စီမံခန့္ခြဲမှုဥပေဒပါ တာျးမစ္ခ်က္တခို့က လူတခို့အတြက် လိုက္နာဖို့ ခက္ခဲနိုင္မျွာဖစ်သလို တော်တ္နောဲ့လည်း အသားက်နိုင္မွာမဟုတ္ဘူးလို့ ထင်ျမင်ယူဆ မိပါတယ်။

ဒီဥပေဒအသစ္ကို၂၀၂၀ျပည့္နွစ် မေ ၂၆ ရက္မျွာပည်ထောင္စုလွှတ်တ္ကော အတည်ျပျုပဌာန်းခဲ့တျာဖစ္ပါတယ်။ အခုဥပေဒပါ ပုဒ္မအခို့ရျဲ့ပစ္မျှုပစ္ဒဏ်တြေက ယခင်၂၀၁၅ခုနွစ် မော်တော်ယာဉ်ဥပေဒ ပျါပဌာန်းခ်က်တြေထက် ပိုလာတာတြေ့ရပါတယ်။

ဥပေဒအသစ္မွာ အခန်းပေါင်း ၁၅ ခန်း၊ပုဒ္မေပါင်း၁၀၇ခုပါရွိပြီး အနည်းဆုံး က်ပ်သုံးသောင်းထက္မပိုတဲ့ ငြေဒဏ္ကေန အျမင့္ဆုံးက်ပ်၁၅သိန်းထက္မပိုတဲ့ ငြေဒဏ်အထိရယ်၊ အနိမ့္ဆုံးတစ္လထက္မပိုတဲ့ ထောင္ဒဏ် ကေန အျမင့္ဆုံး၃ နွစ္ထက္မပိုတဲ့ ထောင္ဒဏ်အထိရယ် ခ်မွတ္နိုင်အောင်ျပဌာန်းထားပါတယ်။

အရင်၂၀၁၅မော်တော်ယာဉ်ဥပေဒျပဌာန်းခ်က္မွာ အနည်းဆုံး က်ပ်သုံးသောင်းထက္မပိုတဲ့ ငြေဒဏ္ကေန အျမင့္ဆုံးက်ပ်သိန်း၅၀ထက္မပိုတဲ့ ငြေဒဏ်အထိရယ်၊ အနိမ့္ဆုံးသုံးလထက္မပိုတဲ့ ထောင္ဒဏ္ကေန အျမင့္ဆုံး၆လထက္မပိုတဲ့ ထောင္ဒဏ်အထိရယ် ခ်မွတ္နိုင်အောင်ျပဌာန်းထားတာကိုကြည့်ရင် မော်တော်ယာဉ်ဥပေဒအသစ်ျဖစ္တဲ့ ယာဉ်အန္တရာယ္ကင်းရွင်းရေးနွင့် မော်တော်ယာဉ္စီမံခန့္ခြဲမှုဥပေဒက ၂၀၁၅မော်တော်ယာဉ်ဥပေဒထက် ထောင္ဒဏ္ပိုမ်ားလာတာ တြေ့ရပါတယ်။

အထက္မွျာေပာခဲ့တဲ့ ယာဉ်အန္တရာယ္ကင်းရွင်းရေးနွင့် မော်တော်ယာဉ္စီမံခန့္ခြဲမှုဥပေဒပါ တာျးမစ္ခ်က္တခို့က လူတခို့အတြက် လိုက္နာဖို့ ခက္ခဲနိုင္မျွာဖစ်သလို တော်တ္နောဲ့လည်း အသားက်နိုင္မွာမဟုတ္ဘူးလို့ ထင်ျမင်ယူဆတျဲ့ပဌာန်းခ်က် တခို့ကို အချုေပာပါမယ်။

အဲဒါက ပုဒ္မ၇၅ ပုဒ္မခြဲ(ဋ)နဲ့(ဌ)တို့ရျဲ့ပဌာန်းခ်က်တျြေဖစ္ပါတယ်။မော်တော်ယာဉ္ကို ကိုယ္တိုင်မောင်းနွင်နေစဉ် လက္ကိုင္ဖုန်းအသုံးမျပုရဆိုပြီး ပုဒ္မ၇၅ ပုဒ္မခြဲ(ဋ)မျွာပဌာန်းထားပါတယ်။နောက်ပြီး  သတ္မွတ္ထားတဲ့ မော်တော်ယာဉ္ကို မောင်းနွင်နေတဲ့အခိန် ယာဉ်ပေါ်ပါရွိတဲ့ အသက်၁၀နွစ်အောက္ကေလးငယ်တြေကို ကေလးအသက္ကယ္ထိုင္ခုံကို အသုံးမျပုဘဲ စီးနင်းဈေခင်းမျပုရဆိုပြီး ပုဒ္မ၇၅ ပုဒ္မခြဲ(ဌ)မျွာပဌာန်းထားပါတယ်။အဲဒီပုဒ္မ၇၅ ပုဒ္မခြဲ(ဋ)နဲ့(ဌ)တို့ရဲ့ တာျးမစ္ခ်က်တြေကို ဖောက္ဖ်က္တယ္ဆိုပြီျးပစ္မှုထင်ရွားစီရင္ခံရရင် က်ပ်သုံးသောင်းထက္မပိုတဲ့ ငြေဒဏ္ခ်မွတ်ရမယ္ဆိုပြီး ယာဉ်အန္တရာယ္ကင်းရွင်းရေးနွင့် မော်တော်ယာဉ္စီမံခန့္ခြဲမှုဥပေဒပုဒ္မ ၈၆မွာ ဆိုပါတယ်။

အခုခိန္မွာ ကားမောင်းရင်းဖုန်ျးေပာတဲ့သူနဲ့ ကားလိုက္စီးတဲ့ကေလးငယ်တြေကို ကေလးအသက္ကယ္ထိုင္ခုံနဲ့ မေခ်ါဆောင္တဲ့သူတြေက အမ်ားစုရွိနေတာမို့ ခုနကျေပာခဲ့တဲ့ တာျးမစ္ခ်က်တြေကို လိုက္နာဖို့ ခက္ခဲနိုင္မျွာဖစ်သလို တော်တ္နောဲ့လည်း အသားက်နိုင္မွာမဟုတ္ဘူးလို့ ထင်ျမင်ယူဆမိတျာဖစ္ပါတယ်။

ဒီနေရာမွာ စဉ်းစားစရာရွိတာက မကြာခဏအေရးယူခံရလို့ ဒဏ်ငြေသာင်းနဲ့သိန်းနဲ့ခ်ီ အကုန္က်ခံမယ့်အစား သုံး/လေး/ငါးသောင်း/တစ်သိန်းဝန်းက်င် တစ္ခါပဲအကုန္က်ခံရုံနဲ့ အသက်အန္တရာယ္ပါ ကာကြယ်ပြီးသာျးဖစ္မယ့် Bluetooth ဖုန်ျးေပာ ကိရိယာလို၊ကေလးအသက္ကယ္ထိုင္ခုံလိုမိုးတြေကို ဝယ်ယူအသုံျးပုတာက ပိုပြီး သင့်လေ်္မာယ္လို့ သုံးသပ္မိပါတယ်။

ဒါကြောင့္မို့ ဘယ္လိုစည်းမ်ဉ်းစည်းကမ်း ဥပေဒအသစ်တြေ ထြက်ရွိနေပါစေ ရောမေရာက်ရင် ရောမလိုက်င့္နိုင္တဲ့ လိုက်လော်ညီထြေ အက်င့္စရိုက္မိုး က်င့်သုံးနိုင်ကြမယ္ဆိုရင် အျေပာင်းအလဲတြေကို တည္တည်ငြိမ်ငြိမ်ရင္ဆိုင်ရင်း ပိုမိုကောင်းမြန္တဲ့ အနာဂတ်တြေ ပိုင္ဆိုင္နိုင်ကြမွာပါလို့ အကျြံပုလိုက္ပါရေစ။

  သာဓက