【 ဆောင်းပါး 】''လူလျှော့မလား ကားလျှော့မလား''

【  ဆောင်းပါး  】''လူလျှော့မလား ကားလျှော့မလား''

တစ်နေ့ ရုံးသွားမယ်ဆိုပြီး အိမ်ကထွက်တော့ လမ်းထိပ်မှာ စက်ဘီးတစ်စီးက ကိုယ့်ကားနဲ့တိုက်မိတယ်။စက်ဘီးက လူနှစ်ယောက်စီးလာတာပါ။အရွယ်တွေက လူလတ်ပိုင်းလောက်ပေါ့။ကံကောင်းတာက ကိုယ့်ကားက သူတို့စက်ဘီးကို တိုက်မိတာမဟုတ်ဘဲ သူတို့စက်ဘီးကလာတိုက်လို့သာပေါ့။အရှိန်က အတော်ကိုပြင်းပါတယ်။

အရှိန်ပြင်းရတဲ့ အကြောင်းရင်းက ဒီလိုပါ။ကိုယ်ကလမ်းသွယ်ကနေ လမ်းမကြီးဆီကို ညာဘက်ချိုးအကွေ့ သူတို့က ကားရှင်းတယ်ဆိုပြီး ညာဘက်ကနေလမ်းပြောင်းပြန်နဲ့ ကိုယ့်ကားရှေ့ကနေ ဖြတ်ပြီး လမ်းကြားထဲချိုးအဝင် ကားကိုဝင်တိုက်တာဖြစ်ပါတယ်။အဲဒီလိုဖြစ်ချိန်မှာ လမ်းထိပ်ဝန်းကျင် အနီးအနားမှာလူတချို့ရှိနေပါတယ်။ကိုယ့်ကားကလည်းအထွက်ဆိုပေမယ့် ရုတ်တရက်သူတို့ စက်ဘီး လမ်းပြောင်းပြန်ချိုးဝင်လာတာလည်းမြင်ရော အချိန်မီ ဘရိတ်အုပ်လိုက်နိုင်ပါတယ်။ ကိုယ့်ကားရပ်အပြီးမှ သူတို့စက်ဘီးက အရှိန်နဲ့ကိုယ့်ကားကို မျက်နှာချင်းဆိုင် ဝင်တိုက်တာ ဖြစ်ပါတယ်။ ဘေးလူတွေ ကဖြစ်စဉ်ကို မြင်နေတာမို့ ကိုယ့်ကို ပြဿနာမရှာဘဲ သူတို့ဘာဖြစ်သွားသေးလဲပဲ ဝိုင်းမေးကြပါတယ်။

ကိုယ်ကတိုက်တာမဟုတ်ပေမယ့် သူတို့နှစ်ယောက်စလုံးစက်ဘီးပေါ်က ပြုတ်ကျလုနီးနီး ကိုးရိုးကားရားဖြစ်သွားတာရော နာကျင်သွားကြတဲ့ပုံရော ပေါက်နေတာမို့ ကားပေါ်ကဆင်းပြီး ဘာဖြစ်သွားကြ သေးလဲ မေးလိုက်ပါတယ်။သူတို့ကမှားနေတာတစ်ကြောင်း၊ ကိုယ်ကတိုက်မိတာမဟုတ်တာကတစ်ကြောင်း၊သူတို့စက်ဘီးနဲ့ ဝင်တိုက်မိလို့ ကိုယ့်ကားဘန်ဘာချိုင့်ဝင်သွားတာကတစ်ကြောင်း သူတို့လျော်ရမှာ ကြောက်လို့နဲ့တူပါတယ်။ဘာမှမဖြစ်ပါဘူးဆိုပြီး အမြန်ထွက်သွားလေရဲ့။

ဒီဖြစ်စဉ်မှာ တရားခံက စက်ဘီးစီးလာတဲ့သူနှစ်ယောက်တင်ပဲလားဆိုတော့ မကပါဘူး။နောက်ထပ်တရားခံတစ်ယောက်ရှိပါသေးတယ်။အဲဒီတရားခံက ကားတစ်စီးပါ။ ညာဘက်ယာဉ်ကြောမှာ ရပ်ထားရာ ကနေ ညာဘက်အချက်ပြမီးပြပြီး ဘယ်ဘက်ကိုရုတ်တရက် ခေါင်းထုတ်ပြီးထွက်ပါတယ်။စက်ဘီးသမားက အဲဒီကား ညာဘက်အချက်ပြမီးပြထားတာမို့ ဘယ်ဘက်မထွက်လောက်ဘူးအထင်နဲ့ လမ်းပြောင်း ပြန်တိုးဝင်ချိန်မှာ အဲဒီကားလဲထွက်လာရော ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ အဲဒီကားကိုရှောင်ရင်း ကိုယ့်ကားတည့်တည့်တိုးလာတာဖြစ်ပါတယ်။ကိုယ်သာအကုသိုလ်ဝင်ချိန် မဆင်မခြင်အရှိန်နဲ့ထွက်ချိန် ဘရိတ်လည်းအချိန်မီမအုပ်မိလိုက်ချိန်ဆိုရင်တော့ စက်ဘီးသမားနှစ်ယောက်ရဲ့အဖြစ်က မတွေးဝံ့စရာပါ။

အဲဒီလိုဖြစ်တော့ ခုနက ညာဘက်အချက်ပြမီးပြပြီး ဘယ်ဘက်ကိုရုတ်တရက် ခေါင်းထုတ်ထွက်တဲ့ ယာဉ်မောင်းရဲ့ကျွမ်းကျင်မှုကို မှန်းစမိပါတယ်။အခုနောက်ပိုင်း ကားမောင်းတတ်ခါစ လူတချို့က ထင်ကြပါတယ်။ကားကိုမောင်းတတ်ရုံနဲ့ လမ်းပေါ်ထွက်လို့ရပြီထင်ကြပါတယ်။ယာဉ်စည်းကမ်းလမ်းစည်းကမ်း လမ်းကြောအထာ မကျွမ်းကျင်ရုံ၊ အချက်ပြမီးမှားပြရုံလောက်က ပြဿနာမဟုတ်လောက် ဘူးလို့ ထင်ကြတာဖြစ်ပါတယ်။ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ လမ်းကြောအထာ မကျွမ်းကျင်လို့ အချက်ပြပြီး မှားပြလို့ အသက်သေဆုံးရတဲ့အထိ ဖြစ်ပေါ်ခဲ့တဲ့ ယာဉ်မတော်တဆမှုတွေ အများကြီးရှိခဲ့ ပါတယ်။

ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ဝန်းကျင်လောက်က ဖြစ်မယ်ထင်ပါတယ်။ရန်ကုန် - မန္တလေးအဝေးပြေးလမ်းမှာ ဖြစ်ခဲ့တဲ့မတော်တဆမှုတစ်ခုပါ။အဲဒီခေတ်က မြို့ထဲမှာဘယ်လို စည်းကမ်းနဲ့မောင်းမောင်း အဝေးပြေးလမ်းမှာမောင်းရင် အချက်ပြမီးပြတဲ့စနစ်က ပြောင်းပြန်ပါ။အခုလည်းအဲဒီစနစ်ကိုတချို့ယာဉ်မောင်းတွေကျင့်သုံးနေကြတုန်းလို့တော့ တချို့ကပြောကြပါတယ်။ အဝေးပြေးလမ်းမပေါ်မှာ ဘယ်ကွေ့အချက်ပြမီးပြရင် ရှေ့ဆန့်ကျင်ဘက်လမ်းကြောမှာ ကားရှင်းတယ်၊ နောက်ကပါလာတဲ့ကားကို ဘယ်ဘက်ကကျော်တက်ခိုင်းတဲ့ သဘောဖြစ်ပါတယ်။တကယ်တော့ အဲဒီစနစ်နဲ့ အယူအဆက အမှားကြီးဖြစ်ပါတယ်။အမှန်က နောက်ကားကို ကျော်တက်စေချင်ရင် ရှေ့ကားက ညာဘက်အချက်ပြမီးပြပြီး ကိုယ့်ကားကို ညာဘက်ကပ်ပေးလိုက်ရမှာပါ။

အထက်မှာပြောခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ဝန်းကျင်လောက်က ထင်ရှားတဲ့ဖြစ်ရပ်ကို အခုပြောပါမယ်။ တစ်ရက်မှာတော့ မိသားစုတွေလိုက်ပါစီးနင်းလာပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းအမှန်ကိုပဲ သိတဲ့ကားတစ်စီးက ရန်ကုန် - မန္တလေးအဝေးပြေးလမ်းမှာမောင်းလာရင်း ဘယ်ဘက်ကိုချိုးကွေ့ချင်တာမို့ ဘယ်အချက်ပြမီးကို ပြလိုက်ပါတယ်။အဲဒီလိုအချက်ပြတာကို နောက်ကလိုက်လာတဲ့ ကုန်တင်ကားတစ်စီးက ရှေ့မှာကားရှင်းလို့ ကျော်တက်ခိုင်းတယ်အထင်နဲ့ ရှေ့ကားရဲ့ ဘယ်ဘက်ကနေကျော်တက်လိုက်ပါတယ်။သူကျော်တက်ချိန် ရှေ့ကားက ဘယ်ဘက်ဖြတ်အကွေ့ ရှေ့ကားကို ခါးလယ်ကနေဖြတ်တိုက်လိုက်လို့ လူတချို့အသက်ဆုံးရှုံးလိုက်ရပါတယ်။ဒီဖြစ်စဉ်မှာ ခါးလယ်ကဖြတ်တိုက်ခံရတဲ့ကားက ယာဉ်စည်းကမ်းလမ်းစည်းကမ်းမှန်ရဲ့သားနဲ့ စနစ်အမှားကျင့်သုံးတဲ့သူကြောင့် မဖြစ်သင့်တဲ့ အသက်ဆုံးရှုံးမှုဖြစ်ပေါ်စေခဲ့ရတာဖြစ်ပါတယ်။

အဲဒီလိုယာဉ်စည်းကမ်းလမ်းစည်းကမ်းသေချာမသိသူတွေအကြောင်းတွေးရင် စာရေးသူရဲ့ဇနီး ကားမောင်းသင်တာကိုသွားသတိရပါတယ်။ကားမောင်းသင်တန်းပြီးလို့ လိုင်စင်တောင်ယူတော့မယ် သေချာ မမောင်းတတ်ပါဘူး။ဒါနဲ့လိုင်စင်မဖြေခင် သူ့ကိုအိမ်က အော်တိုဂီယာ ၁၃၀၀စီစီကားလေးပေးမောင်းကြည့်ပြီး စာရေးသူက ဘေးကထိုင်စီးပါတယ်။အခြေအနေကအတော်ကိုဆိုးပါတယ်။ အော်တိုဂီယာ ကိုတောင် ဖြောင့်အောင်မမောင်းတတ်သေးတာတွေ့ရပါတယ်။ဒါနဲ့စာရေးသူလည်း သူ့ကိုမေးလိုက်ပါတယ်။မင်းရဲ့ ကားမောင်းသင်တန်းက ဒီအခြေအနေကို ကားမောင်းတတ်ပြီဆိုပြီး ပြောလိုက်တာလား၊ လိုင်စင်ဖြေခိုင်းတာလားဆိုတော့ ဟုတ်တယ်တဲ့။အဲဒါနဲ့ကိုယ်လည်းပြောလိုက်တယ်။ကားမှ မမောင်းတတ်သေးတာကို သွားဖြေလို့အောင်လည်း လမ်းပေါ်မှာ သူများကို ဒုက္ခပေးသလိုဖြစ်မယ် အန္တရာယ်ရှိ တယ်ဆိုပြီး လိုင်စင်မဖြေခိုင်းသေးတာခုချိန်ထိပဲ။သူကလည်း ကားကိုမဖြစ်မနေမောင်းဖို့လိုလို့သင်ရသူဖြစ်တာရယ် ကားမောင်းချင်တဲ့ရောဂါသည်မဟုတ်တာရယ်မို့ တော်ပြီဒီလောက်အန္တရာယ်များတာ မမောင်းတာကောင်းမယ်ဆိုပြီး လိုင်စင်မဖြေသေးပါဘူး။

အခုမနေ့တစ်နေ့ကမှ ကားမောင်းသူတွေထဲက တချို့ရဲ့ပြဿနာက ကားမောင်းချင်တဲ့ရောဂါရနေကြတာပါပဲ။တချို့ကတော့ မဖြစ်မနေမောင်းဖို့လိုလို့ အမောင်းသင်ပြီး မောင်းကြတာတွေ့ရပါတယ်။ အဲဒီနှစ်မျိုးနှစ်စားမှာ ကားမောင်းကြမ်းတဲ့သူ ကားမောင်းရမ်းတဲ့သူ ယာဉ်စည်းကမ်းလမ်းစည်းကမ်းသေချာမသိဘဲလမ်းပေါ်မှာတလွဲလုပ်တဲ့သူတွေကြည့်လိုက်ရင် အများစုက ကားမောင်းချင်တဲ့ ရောဂါသည် တွေဖြစ်နေတာ တွေ့ရပါတယ်။မဖြစ်မနေမောင်းဖို့လိုလို့ အမောင်းသင်ပြီး မောင်းကြတဲ့လူအများစုကိုကြည့်လိုက်ရင် ဖြေးဖြေးနဲ့မှန်မှန်မောင်းတဲ့သူ စိတ်ရှည်တဲ့သူတွေ အများစုဖြစ်နေတာ တွေ့ရပါတယ်။

အခုရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာ ကားတွေအတော်များပြီး ယာဉ်ကြောတွေကြပ်ပါတယ်။အဲဒီကြားထဲ မမောင်းတတ်မောင်းတတ်နဲ့မောင်းသူတွေ ယာဉ်ကြောအထာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအထာ သေချာမသိဘဲ မောင်းသူတွေကြောင့် ယာဉ်ကြောကြပ်တာ ယာဉ်မတော်တဆဖြစ်တာတွေကြုံနေရပါတယ်။ဒီနေရာမှာ စဉ်းစားစရာရှိတာက အဲဒီဖြစ်စဉ်တွေလျှော့ချဖို့ လမ်းပေါ်တက် လာတဲ့ ကားတွေ လျော့အောင်လုပ်မလား။ကားမောင်းတဲ့ ယာဉ်မောင်းတွေလျော့အောင်လုပ်မလားဆိုတာပါပဲ။အဖြေကရှင်းပါတယ်။ကားမောင်းမယ့်သူလျော့သွားရင် ကားတွေချည်းသက်သက်ယာဉ်မောင်းမပါဘဲ လမ်းပေါ်တက်လာလို့ မရတာမို့ ကားလျှော့တာထက် လူလျှော့တာက ပိုပြီးထိရောက်မယ်ထင်ပါတယ်။

လူတစ်ယောက်၊မိသားစုတစ်စု ပိုက်ဆံပေါလို့ ကားဘယ်နှစီးဝယ်ဝယ် ယာဉ်မောင်းမရှိရင် အဲဒီကားအားလုံးတစ်ပြိုင်ထဲ လမ်းပေါ်ရောက်မလာနိုင်ပါဘူး။လူတစ်ယောက်ထဲကလည်း ကားဘယ်နှစီး ရှိရှိ တစ်စီး ပဲတက်မောင်းလို့ရမှာပါ။အဲဒီတော့ ကားတွေသွင်းချင်သလောက်သွင်း ရောင်းချင်သလောက်ရောင်း ဝယ်ချင်သလောက်ဝယ် ယာဉ်မောင်းလိုင်စင်ကိုသေချာစိစစ်ပြီးမှ ထုတ်ပေးလိုက်မယ်ဆို ယာဉ်ကြောကြပ် တာ ယာဉ်မတော်တဆဖြစ်တာတွေ အထိုက်အလျောက်လျော့သွားမှာပါ။

ကိုယ်ကိုယ်တိုင်လည်း ကားမောင်းတာဝါသနာပါပါတယ်။လိုင်စင်သက်တမ်း နှစ်၂၀နီးပါးရှိပါပြီ။တခြားသူမောင်းချင်တာကို မတားလိုပါဘူး။ဒါကြောင့် ယာဉ်မောင်းလိုင်စင်တွေ လုံးဝထပ်ပြီး ထုတ်မပေးဖို့ ပြောလိုတာမဟုတ်ပါဘူး။ထုတ်ပေးပါ။ဒါပေမယ့်သေချာစိစစ်ပြီးမှ ထုတ်ပေးပါ။ဒါဆိုရင် ဝါသနာပါလို့မောင်းချင်သူတွေကလည်း လိုင်စင်လိုချင်ရင် သေချာကျွမ်းကျင်အောင် ကြိုးစားကြပါလိမ့်မယ်။ အဲဒီချိန် ကြရင် လမ်းပေါ်ရောက်လာမယ့် ကားတွေကို ထိန်းချုပ်မောင်းနှင်မယ့်သူတွေက ကျွမ်းကျင်မှာမို့ ယာဉ်ကြောကြပ်တာ ယာဉ်မတော်တဆဖြစ်တာတွေ အခုထက်တော့ သိသိသာသာသက်သာသွားမယ်လို့ ယုံကြည်ပါတယ်။မောင်းချင်တိုင်း လိုင်စင်လာဖြေတိုင်း သေချာမစိစစ်ဘဲ လိုင်စင်အလွယ်ထုတ်ပေးမိနေမယ်ဆိုရင်တော့ ယာဉ်အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်နေမှာပါ။

ယာဉ်အန္တရာယ်ဆိုလို့ ယာဉ်မောင်းတွေသိသင့်တဲ့ ဒီနှစ် မေလ၂၆ရက်ကမှ ထုတ်ပြန်ထားတဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေထဲမှာပါတဲ့အချက်အချို့ကို ပြန်လည်မျှဝေ ပေးချင်ပါတယ်။

အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာ ယာဉ်မောင်းလိုင်စင်မရှိဘဲ မော်တော်ယာဉ်ကို မောင်းနှင်တာ၊ယာဉ်မောင်းလိုင်စင်မှာ ခွင့်ပြုမထားတဲ့ မော်တော်ယာဉ်ကို မောင်းနှင်တာ၊တခြားသူရဲ့ ယာဉ်မောင်းလိုင်စင်ကို အသုံးပြုပြီး မော်တော်ယာဉ်ကို မောင်းနှင်တာတွေလုပ်လို့ ပြစ်မှုထင်ရှားစီရင်ခံရရင် တစ်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ် ခံရနိုင်ပါတယ်။

အဲဒီလိုပဲ မော်တော်ယာဉ်ကို သတ်မှတ်ထားတဲ့ အမြန်နှုန်းထက်ပိုပြီး မောင်းနှင်တာ၊သတ်မှတ်ထားတဲ့ အမြန်နှုန်းအောက်လျှော့ပြီး မောင်းနှင်တာ၊မော်တော်ယာဉ်ကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့အထိ မဆင်မခြင် ၊အရှိန်ပြင်းစွာ၊ ပေါ့လျော့စွာမောင်းနှင်တာ၊ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ မော်တော်ယာဉ်ကို မောင်းနှင်တာ တွေလုပ်လို့ ပြစ်မှုထင်ရှားစီရင်ခံရရင် တစ်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ခံရနိုင်ပါတယ်။

ဒါ့ပြင် မူးယစ်ဆေးဝါးသုံးပြီးဖြစ်ဖြစ်၊ သတ်မှတ်ထားတဲ့ ပမာဏထက်ပိုပြီး အရက်သေစာသောက်စားမူးယစ်ပြီးဖြစ်ဖြစ် မော်တော်ယာဉ်ကို မောင်းလို့ ပြစ်မှုထင်ရှားစီရင်ခံရရင်လည်း တစ်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ခံရနိုင်ပါတယ်။အခုပြောခဲ့တဲ့အချက်တွေနဲ့ပတ်သက်လို့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ၉၁မှာ ပြဌာန်းထားတာဖြစ်ပါတယ်။

အဲဒီပြစ်မှုတွေနဲ့ ပတ်သက်လို့ ပြစ်မှုထင်ရှားစီရင်ခံရပြီး တစ်နှစ်အတွင်း အဲဒီပြစ်မှုကို ထပ်မံကျူးလွန်တယ်ဆိုပြီး ပြစ်မှုထင်ရှားစီရင်ခံရရင် သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ကျပ်သုံးသိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်လို့ရပါတယ်။

ဒါကြောင့် ယာဉ်မောင်းလိုင်စင်ကိုသေချာစိစစ်ပြီးမှ ထုတ်ပေးလိုက်မယ်ဆိုရင် ယာဉ်ကြောကြပ်တာ ယာဉ်မတော်တဆဖြစ်တာတွေ အထိုက်အလျောက်လျော့သွားစေမှာဖြစ်ပါတယ်။အလားတူပဲ ကားမောင်း မယ့်သူလျော့သွားရင် ကားတွေချည်းသက်သက်ယာဉ်မောင်းမပါဘဲ လမ်းပေါ်တက်လာလို့ မရတာကြောင့် ကားလျှော့တာထက် လူလျှော့တာက ပိုပြီးထိရောက်မယ်လို့ ထင်မြင်သုံးသပ်မိပါကြောင်း အပြုသဘောဆောင် အကြံပေးလိုက်ပါရစေ။

 သာဓက 

(  Zawgyi  )

 တစ္ေန႔ ႐ုံးသြားမယ္ဆိုၿပီး အိမ္ကထြက္ေတာ့ လမ္းထိပ္မွာ စက္ဘီးတစ္စီးက ကိုယ့္ကားနဲ႔တိုက္မိတယ္။စက္ဘီးက လူႏွစ္ေယာက္စီးလာတာပါ။အ႐ြယ္ေတြက လူလတ္ပိုင္းေလာက္ေပါ့။ကံေကာင္းတာက ကိုယ့္ကားက သူတို႔စက္ဘီးကို တိုက္မိတာမဟုတ္ဘဲ သူတို႔စက္ဘီးကလာတိုက္လို႔သာေပါ့။အရွိန္က အေတာ္ကိုျပင္းပါတယ္။

အရွိန္ျပင္းရတဲ့ အေၾကာင္းရင္းက ဒီလိုပါ။ကိုယ္ကလမ္းသြယ္ကေန လမ္းမႀကီးဆီကို ညာဘက္ခ်ိဳးအေကြ႕ သူတို႔က ကားရွင္းတယ္ဆိုၿပီး ညာဘက္ကေနလမ္းေျပာင္းျပန္နဲ႔ ကိုယ့္ကားေရွ႕ကေန ျဖတ္ၿပီး လမ္းၾကားထဲခ်ိဳးအဝင္ ကားကိုဝင္တိုက္တာျဖစ္ပါတယ္။အဲဒီလိုျဖစ္ခ်ိန္မွာ လမ္းထိပ္ဝန္းက်င္ အနီးအနားမွာလူတခ်ိဳ႕ရွိေနပါတယ္။ကိုယ့္ကားကလည္းအထြက္ဆိုေပမယ့္ ႐ုတ္တရက္သူတို႔ စက္ဘီး လမ္းေျပာင္းျပန္ခ်ိဳးဝင္လာတာလည္းျမင္ေရာ အခ်ိန္မီ ဘရိတ္အုပ္လိုက္ႏိုင္ပါတယ္။ ကိုယ့္ကားရပ္အၿပီးမွ သူတို႔စက္ဘီးက အရွိန္နဲ႔ကိုယ့္ကားကို မ်က္ႏွာခ်င္းဆိုင္ ဝင္တိုက္တာ ျဖစ္ပါတယ္။ ေဘးလူေတြ ကျဖစ္စဥ္ကို ျမင္ေနတာမို႔ ကိုယ့္ကို ျပႆနာမရွာဘဲ သူတို႔ဘာျဖစ္သြားေသးလဲပဲ ဝိုင္းေမးၾကပါတယ္။

ကိုယ္ကတိုက္တာမဟုတ္ေပမယ့္ သူတို႔ႏွစ္ေယာက္စလုံးစက္ဘီးေပၚက ျပဳတ္က်လုနီးနီး ကိုး႐ိုးကားရားျဖစ္သြားတာေရာ နာက်င္သြားၾကတဲ့ပုံေရာ ေပါက္ေနတာမို႔ ကားေပၚကဆင္းၿပီး ဘာျဖစ္သြားၾက ေသးလဲ ေမးလိုက္ပါတယ္။သူတို႔ကမွားေနတာတစ္ေၾကာင္း၊ ကိုယ္ကတိုက္မိတာမဟုတ္တာကတစ္ေၾကာင္း၊သူတို႔စက္ဘီးနဲ႔ ဝင္တိုက္မိလို႔ ကိုယ့္ကားဘန္ဘာခ်ိဳင့္ဝင္သြားတာကတစ္ေၾကာင္း သူတို႔ေလ်ာ္ရမွာ ေၾကာက္လို႔နဲ႔တူပါတယ္။ဘာမွမျဖစ္ပါဘူးဆိုၿပီး အျမန္ထြက္သြားေလရဲ႕။

ဒီျဖစ္စဥ္မွာ တရားခံက စက္ဘီးစီးလာတဲ့သူႏွစ္ေယာက္တင္ပဲလားဆိုေတာ့ မကပါဘူး။ေနာက္ထပ္တရားခံတစ္ေယာက္ရွိပါေသးတယ္။အဲဒီတရားခံက ကားတစ္စီးပါ။ ညာဘက္ယာဥ္ေၾကာမွာ ရပ္ထားရာ ကေန ညာဘက္အခ်က္ျပမီးျပၿပီး ဘယ္ဘက္ကို႐ုတ္တရက္ ေခါင္းထုတ္ၿပီးထြက္ပါတယ္။စက္ဘီးသမားက အဲဒီကား ညာဘက္အခ်က္ျပမီးျပထားတာမို႔ ဘယ္ဘက္မထြက္ေလာက္ဘူးအထင္နဲ႔ လမ္းေျပာင္း ျပန္တိုးဝင္ခ်ိန္မွာ အဲဒီကားလဲထြက္လာေရာ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိဘဲ အဲဒီကားကိုေရွာင္ရင္း ကိုယ့္ကားတည့္တည့္တိုးလာတာျဖစ္ပါတယ္။ကိုယ္သာအကုသိုလ္ဝင္ခ်ိန္ မဆင္မျခင္အရွိန္နဲ႔ထြက္ခ်ိန္ ဘရိတ္လည္းအခ်ိန္မီမအုပ္မိလိုက္ခ်ိန္ဆိုရင္ေတာ့ စက္ဘီးသမားႏွစ္ေယာက္ရဲ႕အျဖစ္က မေတြးဝံ့စရာပါ။

အဲဒီလိုျဖစ္ေတာ့ ခုနက ညာဘက္အခ်က္ျပမီးျပၿပီး ဘယ္ဘက္ကို႐ုတ္တရက္ ေခါင္းထုတ္ထြက္တဲ့ ယာဥ္ေမာင္းရဲ႕ကြၽမ္းက်င္မႈကို မွန္းစမိပါတယ္။အခုေနာက္ပိုင္း ကားေမာင္းတတ္ခါစ လူတခ်ိဳ႕က ထင္ၾကပါတယ္။ကားကိုေမာင္းတတ္႐ုံနဲ႔ လမ္းေပၚထြက္လို႔ရၿပီထင္ၾကပါတယ္။ယာဥ္စည္းကမ္းလမ္းစည္းကမ္း လမ္းေၾကာအထာ မကြၽမ္းက်င္႐ုံ၊ အခ်က္ျပမီးမွားျပ႐ုံေလာက္က ျပႆနာမဟုတ္ေလာက္ ဘူးလို႔ ထင္ၾကတာျဖစ္ပါတယ္။ယာဥ္စည္းကမ္းလမ္းစည္းကမ္းနဲ႔ လမ္းေၾကာအထာ မကြၽမ္းက်င္လို႔ အခ်က္ျပၿပီး မွားျပလို႔ အသက္ေသဆုံးရတဲ့အထိ ျဖစ္ေပၚခဲ့တဲ့ ယာဥ္မေတာ္တဆမႈေတြ အမ်ားႀကီးရွိခဲ့ ပါတယ္။

ထင္ရွားတဲ့ျဖစ္ရပ္တစ္ခုဆိုရင္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္ဝန္းက်င္ေလာက္က ျဖစ္မယ္ထင္ပါတယ္။ရန္ကုန္ - မႏၲေလးအေဝးေျပးလမ္းမွာ ျဖစ္ခဲ့တဲ့မေတာ္တဆမႈတစ္ခုပါ။အဲဒီေခတ္က ၿမိဳ႕ထဲမွာဘယ္လို စည္းကမ္းနဲ႔ေမာင္းေမာင္း အေဝးေျပးလမ္းမွာေမာင္းရင္ အခ်က္ျပမီးျပတဲ့စနစ္က ေျပာင္းျပန္ပါ။အခုလည္းအဲဒီစနစ္ကိုတခ်ိဳ႕ယာဥ္ေမာင္းေတြက်င့္သုံးေနၾကတုန္းလို႔ေတာ့ တခ်ိဳ႕ကေျပာၾကပါတယ္။ အေဝးေျပးလမ္းမေပၚမွာ ဘယ္ေကြ႕အခ်က္ျပမီးျပရင္ ေရွ႕ဆန႔္က်င္ဘက္လမ္းေၾကာမွာ ကားရွင္းတယ္၊ ေနာက္ကပါလာတဲ့ကားကို ဘယ္ဘက္ကေက်ာ္တက္ခိုင္းတဲ့ သေဘာျဖစ္ပါတယ္။တကယ္ေတာ့ အဲဒီစနစ္နဲ႔ အယူအဆက အမွားႀကီးျဖစ္ပါတယ္။အမွန္က ေနာက္ကားကို ေက်ာ္တက္ေစခ်င္ရင္ ေရွ႕ကားက ညာဘက္အခ်က္ျပမီးျပၿပီး ကိုယ့္ကားကို ညာဘက္ကပ္ေပးလိုက္ရမွာပါ။

အထက္မွာေျပာခဲ့တဲ့ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္ဝန္းက်င္ေလာက္က ထင္ရွားတဲ့ျဖစ္ရပ္ကို အခုေျပာပါမယ္။ တစ္ရက္မွာေတာ့ မိသားစုေတြလိုက္ပါစီးနင္းလာၿပီး ယာဥ္စည္းကမ္းလမ္းစည္းကမ္းအမွန္ကိုပဲ သိတဲ့ကားတစ္စီးက ရန္ကုန္ - မႏၲေလးအေဝးေျပးလမ္းမွာေမာင္းလာရင္း ဘယ္ဘက္ကိုခ်ိဳးေကြ႕ခ်င္တာမို႔ ဘယ္အခ်က္ျပမီးကို ျပလိုက္ပါတယ္။အဲဒီလိုအခ်က္ျပတာကို ေနာက္ကလိုက္လာတဲ့ ကုန္တင္ကားတစ္စီးက ေရွ႕မွာကားရွင္းလို႔ ေက်ာ္တက္ခိုင္းတယ္အထင္နဲ႔ ေရွ႕ကားရဲ႕ ဘယ္ဘက္ကေနေက်ာ္တက္လိုက္ပါတယ္။သူေက်ာ္တက္ခ်ိန္ ေရွ႕ကားက ဘယ္ဘက္ျဖတ္အေကြ႕ ေရွ႕ကားကို ခါးလယ္ကေနျဖတ္တိုက္လိုက္လို႔ လူတခ်ိဳ႕အသက္ဆုံးရႈံးလိုက္ရပါတယ္။ဒီျဖစ္စဥ္မွာ ခါးလယ္ကျဖတ္တိုက္ခံရတဲ့ကားက ယာဥ္စည္းကမ္းလမ္းစည္းကမ္းမွန္ရဲ႕သားနဲ႔ စနစ္အမွားက်င့္သုံးတဲ့သူေၾကာင့္ မျဖစ္သင့္တဲ့ အသက္ဆုံးရႈံးမႈျဖစ္ေပၚေစခဲ့ရတာျဖစ္ပါတယ္။

အဲဒီလိုယာဥ္စည္းကမ္းလမ္းစည္းကမ္းေသခ်ာမသိသူေတြအေၾကာင္းေတြးရင္ စာေရးသူရဲ႕ဇနီး ကားေမာင္းသင္တာကိုသြားသတိရပါတယ္။ကားေမာင္းသင္တန္းၿပီးလို႔ လိုင္စင္ေတာင္ယူေတာ့မယ္ ေသခ်ာ မေမာင္းတတ္ပါဘူး။ဒါနဲ႔လိုင္စင္မေျဖခင္ သူ႔ကိုအိမ္က ေအာ္တိုဂီယာ ၁၃၀၀စီစီကားေလးေပးေမာင္းၾကည့္ၿပီး စာေရးသူက ေဘးကထိုင္စီးပါတယ္။အေျခအေနကအေတာ္ကိုဆိုးပါတယ္။ ေအာ္တိုဂီယာ ကိုေတာင္ ေျဖာင့္ေအာင္မေမာင္းတတ္ေသးတာေတြ႕ရပါတယ္။ဒါနဲ႔စာေရးသူလည္း သူ႔ကိုေမးလိုက္ပါတယ္။မင္းရဲ႕ ကားေမာင္းသင္တန္းက ဒီအေျခအေနကို ကားေမာင္းတတ္ၿပီဆိုၿပီး ေျပာလိုက္တာလား၊ လိုင္စင္ေျဖခိုင္းတာလားဆိုေတာ့ ဟုတ္တယ္တဲ့။အဲဒါနဲ႔ကိုယ္လည္းေျပာလိုက္တယ္။ကားမွ မေမာင္းတတ္ေသးတာကို သြားေျဖလို႔ေအာင္လည္း လမ္းေပၚမွာ သူမ်ားကို ဒုကၡေပးသလိုျဖစ္မယ္ အႏၲရာယ္ရွိ တယ္ဆိုၿပီး လိုင္စင္မေျဖခိုင္းေသးတာခုခ်ိန္ထိပဲ။သူကလည္း ကားကိုမျဖစ္မေနေမာင္းဖို႔လိုလို႔သင္ရသူျဖစ္တာရယ္ ကားေမာင္းခ်င္တဲ့ေရာဂါသည္မဟုတ္တာရယ္မို႔ ေတာ္ၿပီဒီေလာက္အႏၲရာယ္မ်ားတာ မေမာင္းတာေကာင္းမယ္ဆိုၿပီး လိုင္စင္မေျဖေသးပါဘူး။

အခုမေန႔တစ္ေန႔ကမွ ကားေမာင္းသူေတြထဲက တခ်ိဳ႕ရဲ႕ျပႆနာက ကားေမာင္းခ်င္တဲ့ေရာဂါရေနၾကတာပါပဲ။တခ်ိဳ႕ကေတာ့ မျဖစ္မေနေမာင္းဖို႔လိုလို႔ အေမာင္းသင္ၿပီး ေမာင္းၾကတာေတြ႕ရပါတယ္။ အဲဒီႏွစ္မ်ိဳးႏွစ္စားမွာ ကားေမာင္းၾကမ္းတဲ့သူ ကားေမာင္းရမ္းတဲ့သူ ယာဥ္စည္းကမ္းလမ္းစည္းကမ္းေသခ်ာမသိဘဲလမ္းေပၚမွာတလြဲလုပ္တဲ့သူေတြၾကည့္လိုက္ရင္ အမ်ားစုက ကားေမာင္းခ်င္တဲ့ ေရာဂါသည္ ေတြျဖစ္ေနတာ ေတြ႕ရပါတယ္။မျဖစ္မေနေမာင္းဖို႔လိုလို႔ အေမာင္းသင္ၿပီး ေမာင္းၾကတဲ့လူအမ်ားစုကိုၾကည့္လိုက္ရင္ ေျဖးေျဖးနဲ႔မွန္မွန္ေမာင္းတဲ့သူ စိတ္ရွည္တဲ့သူေတြ အမ်ားစုျဖစ္ေနတာ ေတြ႕ရပါတယ္။

အခုရန္ကုန္ၿမိဳ႕ရဲ႕လမ္းေတြေပၚမွာ ကားေတြအေတာ္မ်ားၿပီး ယာဥ္ေၾကာေတြၾကပ္ပါတယ္။အဲဒီၾကားထဲ မေမာင္းတတ္ေမာင္းတတ္နဲ႔ေမာင္းသူေတြ ယာဥ္ေၾကာအထာ ယာဥ္စည္းကမ္းလမ္းစည္းကမ္းအထာ ေသခ်ာမသိဘဲ ေမာင္းသူေတြေၾကာင့္ ယာဥ္ေၾကာၾကပ္တာ ယာဥ္မေတာ္တဆျဖစ္တာေတြႀကဳံေနရပါတယ္။ဒီေနရာမွာ စဥ္းစားစရာရွိတာက အဲဒီျဖစ္စဥ္ေတြေလွ်ာ့ခ်ဖို႔ လမ္းေပၚတက္ လာတဲ့ ကားေတြ ေလ်ာ့ေအာင္လုပ္မလား။ကားေမာင္းတဲ့ ယာဥ္ေမာင္းေတြေလ်ာ့ေအာင္လုပ္မလားဆိုတာပါပဲ။အေျဖကရွင္းပါတယ္။ကားေမာင္းမယ့္သူေလ်ာ့သြားရင္ ကားေတြခ်ည္းသက္သက္ယာဥ္ေမာင္းမပါဘဲ လမ္းေပၚတက္လာလို႔ မရတာမို႔ ကားေလွ်ာ့တာထက္ လူေလွ်ာ့တာက ပိုၿပီးထိေရာက္မယ္ထင္ပါတယ္။

လူတစ္ေယာက္၊မိသားစုတစ္စု ပိုက္ဆံေပါလို႔ ကားဘယ္ႏွစီးဝယ္ဝယ္ ယာဥ္ေမာင္းမရွိရင္ အဲဒီကားအားလုံးတစ္ၿပိဳင္ထဲ လမ္းေပၚေရာက္မလာႏိုင္ပါဘူး။လူတစ္ေယာက္ထဲကလည္း ကားဘယ္ႏွစီး ရွိရွိ တစ္စီး ပဲတက္ေမာင္းလို႔ရမွာပါ။အဲဒီေတာ့ ကားေတြသြင္းခ်င္သေလာက္သြင္း ေရာင္းခ်င္သေလာက္ေရာင္း ဝယ္ခ်င္သေလာက္ဝယ္ ယာဥ္ေမာင္းလိုင္စင္ကိုေသခ်ာစိစစ္ၿပီးမွ ထုတ္ေပးလိုက္မယ္ဆို ယာဥ္ေၾကာၾကပ္ တာ ယာဥ္မေတာ္တဆျဖစ္တာေတြ အထိုက္အေလ်ာက္ေလ်ာ့သြားမွာပါ။

ကိုယ္ကိုယ္တိုင္လည္း ကားေမာင္းတာဝါသနာပါပါတယ္။လိုင္စင္သက္တမ္း ႏွစ္၂၀နီးပါးရွိပါၿပီ။တျခားသူေမာင္းခ်င္တာကို မတားလိုပါဘူး။ဒါေၾကာင့္ ယာဥ္ေမာင္းလိုင္စင္ေတြ လုံးဝထပ္ၿပီး ထုတ္မေပးဖို႔ ေျပာလိုတာမဟုတ္ပါဘူး။ထုတ္ေပးပါ။ဒါေပမယ့္ေသခ်ာစိစစ္ၿပီးမွ ထုတ္ေပးပါ။ဒါဆိုရင္ ဝါသနာပါလို႔ေမာင္းခ်င္သူေတြကလည္း လိုင္စင္လိုခ်င္ရင္ ေသခ်ာကြၽမ္းက်င္ေအာင္ ႀကိဳးစားၾကပါလိမ့္မယ္။ အဲဒီခ်ိန္ ၾကရင္ လမ္းေပၚေရာက္လာမယ့္ ကားေတြကို ထိန္းခ်ဳပ္ေမာင္းႏွင္မယ့္သူေတြက ကြၽမ္းက်င္မွာမို႔ ယာဥ္ေၾကာၾကပ္တာ ယာဥ္မေတာ္တဆျဖစ္တာေတြ အခုထက္ေတာ့ သိသိသာသာသက္သာသြားမယ္လို႔ ယုံၾကည္ပါတယ္။ေမာင္းခ်င္တိုင္း လိုင္စင္လာေျဖတိုင္း ေသခ်ာမစိစစ္ဘဲ လိုင္စင္အလြယ္ထုတ္ေပးမိေနမယ္ဆိုရင္ေတာ့ ယာဥ္အႏၲရာယ္ကို ဖိတ္ေခၚေနသလိုျဖစ္ေနမွာပါ။

ယာဥ္အႏၲရာယ္ဆိုလို႔ ယာဥ္ေမာင္းေတြသိသင့္တဲ့ ဒီႏွစ္ ေမလ၂၆ရက္ကမွ ထုတ္ျပန္ထားတဲ့ ယာဥ္အႏၲရာယ္ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္ စီမံခန႔္ခြဲမႈဥပေဒထဲမွာပါတဲ့အခ်က္အခ်ိဳ႕ကို ျပန္လည္မွ်ေဝ ေပးခ်င္ပါတယ္။

အမ်ားျပည္သူနဲ႔ဆိုင္တဲ့ေနရာမွာ ယာဥ္ေမာင္းလိုင္စင္မရွိဘဲ ေမာ္ေတာ္ယာဥ္ကို ေမာင္းႏွင္တာ၊ယာဥ္ေမာင္းလိုင္စင္မွာ ခြင့္ျပဳမထားတဲ့ ေမာ္ေတာ္ယာဥ္ကို ေမာင္းႏွင္တာ၊တျခားသူရဲ႕ ယာဥ္ေမာင္းလိုင္စင္ကို အသုံးျပဳၿပီး ေမာ္ေတာ္ယာဥ္ကို ေမာင္းႏွင္တာေတြလုပ္လို႔ ျပစ္မႈထင္ရွားစီရင္ခံရရင္ တစ္လထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ျဖစ္၊ က်ပ္တစ္သိန္းထက္မပိုတဲ့ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ ခံရႏိုင္ပါတယ္။

အဲဒီလိုပဲ ေမာ္ေတာ္ယာဥ္ကို သတ္မွတ္ထားတဲ့ အျမန္ႏႈန္းထက္ပိုၿပီး ေမာင္းႏွင္တာ၊သတ္မွတ္ထားတဲ့ အျမန္ႏႈန္းေအာက္ေလွ်ာ့ၿပီး ေမာင္းႏွင္တာ၊ေမာ္ေတာ္ယာဥ္ကို ေဘးအႏၲရာယ္ျဖစ္ေစႏိုင္တဲ့အထိ မဆင္မျခင္ ၊အရွိန္ျပင္းစြာ၊ ေပါ့ေလ်ာ့စြာေမာင္းႏွင္တာ၊ေဘးအႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ေမာ္ေတာ္ယာဥ္ကို ေမာင္းႏွင္တာ ေတြလုပ္လို႔ ျပစ္မႈထင္ရွားစီရင္ခံရရင္ တစ္လထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ျဖစ္၊ က်ပ္တစ္သိန္းထက္မပိုတဲ့ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ခံရႏိုင္ပါတယ္။

ဒါ့ျပင္ မူးယစ္ေဆးဝါးသုံးၿပီးျဖစ္ျဖစ္၊ သတ္မွတ္ထားတဲ့ ပမာဏထက္ပိုၿပီး အရက္ေသစာေသာက္စားမူးယစ္ၿပီးျဖစ္ျဖစ္ ေမာ္ေတာ္ယာဥ္ကို ေမာင္းလို႔ ျပစ္မႈထင္ရွားစီရင္ခံရရင္လည္း တစ္လထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ျဖစ္၊ က်ပ္တစ္သိန္းထက္မပိုတဲ့ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ခံရႏိုင္ပါတယ္။အခုေျပာခဲ့တဲ့အခ်က္ေတြနဲ႔ပတ္သက္လို႔ ယာဥ္အႏၲရာယ္ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ၉၁မွာ ျပဌာန္းထားတာျဖစ္ပါတယ္။

အဲဒီျပစ္မႈေတြနဲ႔ ပတ္သက္လို႔ ျပစ္မႈထင္ရွားစီရင္ခံရၿပီး တစ္ႏွစ္အတြင္း အဲဒီျပစ္မႈကို ထပ္မံက်ဴးလြန္တယ္ဆိုၿပီး ျပစ္မႈထင္ရွားစီရင္ခံရရင္ သုံးလထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ျဖစ္၊ က်ပ္သုံးသိန္းထက္မပိုတဲ့ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္လို႔ရပါတယ္။

ဒါေၾကာင့္ ယာဥ္ေမာင္းလိုင္စင္ကိုေသခ်ာစိစစ္ၿပီးမွ ထုတ္ေပးလိုက္မယ္ဆိုရင္ ယာဥ္ေၾကာၾကပ္တာ ယာဥ္မေတာ္တဆျဖစ္တာေတြ အထိုက္အေလ်ာက္ေလ်ာ့သြားေစမွာျဖစ္ပါတယ္။အလားတူပဲ ကားေမာင္း မယ့္သူေလ်ာ့သြားရင္ ကားေတြခ်ည္းသက္သက္ယာဥ္ေမာင္းမပါဘဲ လမ္းေပၚတက္လာလို႔ မရတာေၾကာင့္ ကားေလွ်ာ့တာထက္ လူေလွ်ာ့တာက ပိုၿပီးထိေရာက္မယ္လို႔ ထင္ျမင္သုံးသပ္မိပါေၾကာင္း အျပဳသေဘာေဆာင္ အႀကံေပးလိုက္ပါရေစ။

 သာဓက