【 ဆောင်းပါး 】အလှမ်းကျယ် အလယ်လပ်တဲ့ အစိုးရသစ် မဖြစ်ဖို့လိုပါတယ်

【  ဆောင်းပါး 】အလှမ်းကျယ် အလယ်လပ်တဲ့ အစိုးရသစ် မဖြစ်ဖို့လိုပါတယ်

၂၀၂၀ ရွေးကောက်ပွဲမှာ ဒီချုပ်ပါတီ ပြတ်ပြတ်သားသား မဲအနိုင်ရခဲ့ပြီးနောက် ဒုတိယကြိမ် ပေါ် ပေါက်လာမယ့် ဒီချုပ်အစိုးရအဖွဲ့မှာ ဘယ်သူတွေ ပါမလဲဆိုတာကို လူထု စိတ်ဝင်စားကြပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဘယ်သူဖြစ်လာမလဲ၊ သမ္မတဘယ်သူဖြစ်လာမလဲ၊ ဘယ်တိုင်းရင်းသားကို ဒုတိယသမ္မတ - ၂ နေရာပေးမှာပါလိမ့်၊ ၂၀၁၆ ဒီချုပ်အစိုးရဖွဲ့တုန်းကလို မိုးကျရွှေကိုယ်တွေနဲ့ စစ်ဗိုလ်ဟောင်းတွေကို ဝန်ကြီး၊ ဒုတိယဝန်ကြီးနေရာတွေ ပေးအုံးမှာလား ဆိုတဲ့ မေးခွန်းတွေ လူထုကြားထဲမှာ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီချုပ်ပါတီတာဝန်ရှိသူတွေက ဒုတိယအကြိမ်ထပ်ဖွဲ့ရမယ့် ဒီချုပ်အစိုးရအဖွဲ့ထဲမှာ တာဝန်ပေးမယ့်သူတွေကို မူ ၃ ချက်နဲ့ရွေးမယ်လို့ဆိုပါတယ်။ ဒီချုပ်ပါတီအပေါ် သစ္စာရှိပြီး၊ လူထုကလဲလက်ခံနိုင်သူ၊ လုပ်ရည်ကိုင်ရည် အရည်အချင်းရှိသူ တွေကို  ရွေးချယ်မယ်လို့ ဆိုပါတယ်။ အစိုးရအဖွဲ့မှာ နိုင်ငံတော်သမ္မတ၊  ဝန်ကြီးချုပ်များနဲ့ ဝန်ကြီး၊ ဒုတိယဝန်ကြီးရာထူးတွေ အရေးကြီးသလို၊ တန်းတူအရေးကြီးတာက အုပ်ချုပ်ရေးယန္တရားပါ။ ဟိုတုန်းက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိခဲ့ပြီး၊ ၂၀၁၈ ဒီဇင်ဘာ ၂၈ ကစလို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်ကို ပြောင်းရွှေ့ထားရှိခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ အလွန်အရေးကြီးပါတယ်။ တိုင်း၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကျေးအဆင့်ဆင့်မှာ နေရာပေးထားတဲ့ တာဝန်ယူနေကြတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ နေရာမှန်လူမှန်ဖြစ်ဖို့၊ မှန်ကန်ဖြောင့်မတ်ဖို့ အလွန်အရေးကြီးပါတယ်။  
 
 
အင်္ဂလိပ်ခေတ်နဲ့ ဖဆပလခေတ်တုန်းက တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင်နဲ့ သူကြီး စတဲ့ရာထူးတွေဟာ လက်ရှိမျက်မှောက်ခေတ်မှာ‌တော့ ထွေ/အုပ်ရာထူးအဆင့်ဆင့် အခေါ်အဝေါ်တွေ ဖြစ်လာပါတယ်။ ခေါ်ဝေါ်ပုံအမည် ပညတ်သာကွာခြားသွားပေမဲ့ လုပ်ဆောင်ရတဲ့လုပ်ငန်းတာဝန်က အထွေထွေအုပ်ချုပ်ရေးပါ။  မြို့ပြအုပ်ချုပ်ရေးရာထူးတွေဖြစ်တဲ့ အဲဒီရာထူးနေရာတွေကို စစ်ဗိုလ်တွေ ဝင်ယူပြီး အုပ်ချုပ်လာတာကြာပါပြီ။ တော်လှန်ရေးကောင်စီ အစိုးရခေတ်ကတည်းက မြို့ပြအုပ်ချုပ်ရေး နေရာတွေမှာ စစ်ဗိုလ်တွေကို အစားထိုးခန့်အပ်ပါတယ်။ ခလကဥက္ကဌ ၊ နလကဥက္ကဌ လို့ပြောင်းလဲခေါ်ဝေါ်စေခဲ့ပါတယ်။ အဲဒီနောက် မဆလအစိုးရခေတ်ရောက်တော့ ကောင်စီဥက္ကဌ ဆိုတဲ့အခေါ်အဝေါ်ဖြစ်လာပါတယ်။ နိုင်ငံရေးပိုင်းမှာ ပါတီယူနစ်ဥက္ကဌက ကိုင်ထားပြီး၊ အုပ်ချုပ်ရေးပိုင်းမှာ တိုင်း၊ ခရိုင်နဲ့ မြို့နယ် ကောင်စီဥက္ကဌက ကိုင်ထားပါတယ်။ ပါတီယူနစ်ဥက္ကဌတချို့ အရပ်သားတွေဖြစ်တတ်ပေမဲ့၊  တိုင်း၊ ခရိုင်နဲ့ မြို့နယ် ကောင်စီဥက္ကဌအားလုံး စစ်ဗိုလ်တွေက အရပ်ဝတ်ပြောင်းဝတ်ပြီး နေရာယူထားတာပါ။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဒုတိယအကြိမ် စစ်အစိုးရပြန်တက်လာတော့ ၊ နဝတဥက္ကဌအဖြစ် ဗိုလ်ချုပ်မှူးကြီးစောမောင်ကတာဝန်ယူပြီး သူ့လက်အောက်မှာ  တဝတဥက္ကဌ၊ ခဝကဥက္ကဌနဲ့ မဝတဥက္ကဌနေရာအားလုံး စစ်ဗိုလ်တွေက တာဝန်ယူကြပါတယ်။ ဒီမိုကရေစီစနစ်ပြန်ကျင့်သုံးပြီဆိုတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ရောက်မှ ဥက္ကဌအခေါ်အဝေါ်တွေ ပျောက်ကွယ်သွားပါတယ်။ ဟိုတုန်းက တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင်စတဲ့ နေရာတွေမှာ အုပ်ချုပ်ရေးမှူးဆိုတဲ့ အခေါ်အဝေါ်ပြောင်းသုံးနှုန်းခဲ့တာ ၊ ဒီကနေ့ထိပါပဲ။
 
 
တကယ်တော့ မြို့ပြအုပ်ချုပ်ရေးယန္တရားကြီးတခုလုံးကို မိုးကျတွေ ကိုင်တွယ်လည်ပတ် လာတာကြာပါပြီ။  ၁၉၆၂ ကနေ ၂၀၁၅ ထိ၊ နှစ်ပေါင်း ၅၄ နှစ်နီးပါးဖြစ်ပါတယ်။ ဒီချုပ်အစိုးရ ၂၀၁၆ မှာ စတက်လာတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အလွန်အရေးကြီးတယ်ဆိုတာ မသိနိုင်စရာမရှိပါဘူး။ ဒါပေမဲ့ ဒီချုပ်အစိုးရရဲ့ ရင်ကြားစေ့ရေးပေါ်လစီအရ၊ ညင်သာစွာ ကိုင်တွယ်လက်တွဲနည်းကို ကျင့်သုံးခဲ့တာကြောင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို မထိ မတို့ဘဲ၊ ပြည်ထဲရေးအောက်မှာပဲ ဆက်ထားပေးခဲ့ပါတယ်။  အစိုးရသက်တမ်း ၃ နှစ်အတွင်း ရောက်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာကို ပြည်ထဲရေးအောက်ကနေ ဆွဲထုတ်ခဲ့ပါတယ်။  နဝတ၊ နအဖနဲ့ အရပ်သားတပိုင်း ဦးသိန်းစိန်အစိုးရ လက်ထက်ထိ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိခဲ့တဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ( ၂၈.၁၂.၂၀၁၈) ရက်နေ့ကစပြီး အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်ကို ပြောင်းရွှေ့ထားရှိခဲ့ပါတယ်။ ဒီလိုပြောင်းရွှေ့တာဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်လိုက်တာဖြစ်ပါတယ်။
 
 
၂၀၂၀ စက်တင်ဘာထဲမှာ ပထမအကြိမ် ထုတ်ပြန်လိုက်တဲ့  မဲစာရင်း ဝက်ဝက်ကွဲမှားတာဟာ သွေးရိုးသားရိုးမဟုတ်ဘူးလို့ ယူဆသူများပြားလှပါတယ်။ မဲစာရင်းပြုစုရေးလုပ်ငန်းအဆင့်ဆင့်မှာ ပါဝင်တဲ့ ဝန်ကြီးဌာနတွေနဲ့ အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့် လုပ်ဆောင်မှုတွေထဲမှာ ဘယ်အဆင့်ကြောင့်လဲ၊ ဘယ်လိုစီမံခန့်ခွဲမှုကြောင့် မဲစာရင်းအမှားများတာလဲ အသံတွေ လူထုဆီက ထွက်လာပါတယ်။ ဒါကြောင့် ဗီဒီယိုကွန်ဖရင့် စကားဝိုင်းတဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က၊ မဲစာရင်းပြုစုရေးတာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေနဲ့ အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်မှာ တာဝန် ထမ်းဆောင်နေသူတွေဟာ လက်ရှိအစိုးရအပေါ် သစ္စာစောင့်သိဖို့လိုကြောင်း၊ လုပ်ငန်းတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်ကြဖို့လိုကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အောက်တိုဘာလထဲမှာ ဒုတိယ အကြိမ် မဲစာရင်းတွေ ထပ်မံထုတ်ပြန်တော့လဲ အမှားပါတုန်းပါပဲ။ ဒုတိယအကြိမ် မဲစာရင်းကို အွန်လိုင်းပေါ်က ရှာလို့ရအောင် လုပ်ထားပေးပေမဲ့၊ မဲစာရင်းမှာ အမည်မပါလာသူတွေနဲ့ အချက်အလက်မှားယွင်းနေသူတွေဟာ အွန်လိုင်းကတဆင့်ပြင်ဆင်ရတာ မလွယ်ကူကြောင်း လက်တွေ့ကြုံခဲ့ရပါတယ်။ မွေးနေ့၊ အဖေ အမေနာမည်၊ မှတ်ပုံတင်နံပါတ် စတဲ့ အချက်အလက်မှားနေသူတွေနဲ့ မဲစာရင်းမပါသူတွေဟာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲကို လူကိုယ်တိုင်သွားမှ အဆင်ပြေသွားကြပါတယ်။ ကိုဗစ်ဖြစ်နေတဲ့ကြားမှာ မဲစာရင်းကမောက်ကဖြစ်နေတာက မဲထည့်မယ့်သူနည်းသွားစေမယ်လို့ ယူဆသူတွေလဲ ရှိပုံရပါတယ်။ လက်တွေ့မှာတော့ လူထုဟာ မဲစာရင်းမပါရင်၊ သက်ဆိုင်ရာကို သွားပြောကြတယ်။ မိမိတို့ရဲ့ မဲပေးခွင့် အဟောသိကံမဖြစ်ဖို့ လုပ်ဆောင်ကြပါတယ်။
 
 
အထွေထွေအုပ်ချုပ်ရေးတဖွဲ့လုံး ဘယ်လောက်အရေးကြီးတယ်ဆိုတာ တနိုင်ငံလုံး ဗြောင်းဆန်နေတဲ့ ကိုဗစ်ထောက်ပံ့ ပစ္စည်းတွေပေးဝေတုန်းကနဲ့ နောက်ပိုင်း ငွေထောက်ပံ့ချိန်မှာ ကြုံရတဲ့ ပြဿနာတွေက ပြသပေးခဲ့ပါတယ်။ အထွေထွေအုပ်ချုပ်ရေး တာဝန်ယူထားသူ အဆင့်ဆင့်ဟာ မိမိအဆင့်နဲ့မိမိ မှန်မှန်ကန်ကန် လုပ်ဆောင်ပေးရုံနဲ့ ဆောင်ရွက်ပေးလို့ရတဲ့ ကိုဗစ်ထောက်ပံ့မှုဟာ မရိုးသားတဲ့ စာရင်းကောက်ယူမှုတွေကြောင့် ပေးဝေချိန်မှာ ပြဿနာတက်ကြတာပါ။ ရပ်ကွက်တိုင်းမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေရှိပါတယ်။ သူတို့က သူတို့တာဝန်ရှိတဲ့ ဆယ်အိမ်ထောင်အခြေအနေကို အမှန်အတိုင်းသိကြသူတွေပါ။ ဒါပေမဲ့ တချို့ရပ်ကွက်တွေမှာ အောက်ခြေက ကောက်ခံပေးတဲ့စာရင်း မပြည့်စုံတာ ( ရသင့်သူတွေကျန်ခဲ့တာ၊ မရသင့်သူတွေပါလာတာ စသဖြင့်) ရှိသလို၊ တချို့မြို့နယ်တွေမှာ ပါဝင်ပတ်သက်နေကြတာဆိုတဲ့ ဖြစ်ရပ်တွေ ကြုံရပါတယ်။
 
 
ရွေးကောက်ပွဲအပြီး ပေးဝေခဲ့တဲ့ လေးကြိမ်မြောက် ထောက်ပံကြေးငွေ လေးသောင်းမှာ ပြဿနာ အများ ဆုံးဖြစ်ခဲ့တာ၊ အားလုံးသိကြပါတယ်။ လေးသောင်းရသူ၊ မရသူ အတော်ကို ဆူညံပူညံဖြစ်ခဲ့လို့၊ ဒေါ်အောင်ဆန်းစုကြည်က နစ်နာသူတွေ တိုင်ကြားနိုင်တယ်လို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ရန်ကုန်မြို့ပေါ်က လူလတ်တန်းစားအများစုရှိတဲ့ မြို့နယ်တခုမှာ ကိုဗစ်ထောက်ပံ့ကြေး စပေး ကတည်းက၊ သတ်မှတ်ထား ချက်တွေနဲ့ အကြုံးမဝင်ရုံသာမက၊ နေနိုင်စားနိုင် မိသားစုအတော်များများပါထောက်ပံ့ကြေးရနေတာကို တိုင်ကြတောကြပါတယ်။ 
အစိုးရနောက်ဆုံးပေးတဲ့ ငွေလေးသောင်းနဲ့ ပတ်သက်ပြီး ကယားပြည်နယ်ကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်အားလုံးက တိုင်စာတွေတက်တယ်လို့ဆိုပါတယ်။ စိတ်စေတနာမှန်မှန်ကန်ကန်နဲ့ အားထည့် လုပ်ဆောင်မယ်။ အဆင့်ဆင့်တာဝန်ယူစစ်ဆေးပေးကြမယ်ဆိုရင် မဲစာရင်းလဲ ဒီလောက်ဝက်ဝက်ကွဲ မှားစရာ မရှိပါ။ ကိုဗစ်ထောက်ပံ့ကြေး ဖို့ဘောင်ဝင်တဲ့ မိသားစု စာရင်းကျန်တာ၊ ထောက်ပံ့ကြေးမရသင့် တဲ့ မိသားစု တွေ ပါလာတာမျိုး ရှိမယ်မဟုတ်ပါ။ 
 
 
၂၀၂၀ ရွေးကောက်ပွဲမှာ ဒီချုပ်အနိုင်ထပ်ရတဲ့အတွက် တချို့အဖွဲ့အစည်းတွေရဲ့ အခဲမကြေနိုင်တဲ့ ဒဏ်ကို ဒီချုပ်ရင်ဆိုင်နေရပြီး ဆက်လည်းရင်ဆိုင်ရအုံးမှာဖြစ်ပါတယ်။ ဥပဒေအရ ဒီချုပ်အစိုးရဟာ ၂၀၂၂ ထဲမှာ ကြားဖြတ်ရွေးကောက်ပွဲ ထပ်ကျင်းပပေးရမှာဖြစ်ပါတယ်။ ကိုဗစ်ရောဂါက ဘယ်လောက်ကြာရှည်အုံးမယ်၊ ဘယ်အခါ အပြီးပျောက်ကွယ်မယ် ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ပါ။ အားနည်းချို့ယွင်းချက်များတဲ့ အုပ်ချုပ်ရေးအဖွဲ့စည်းအဆင့်ဆင့်ကြောင့် မှားယွင်းတဲ့ဖြစ်ရပ်တွေကို နောက်ကလိုက် အမြဲဖြေရှင်းနေရမယ်ဆိုရင် အချိန်ကုန်၊ လူပန်း ရုံသာမက၊ စရိတ်စကလဲ ပိုကုန်ကျမှာဖြစ်ပါတယ်။ ဒီလိုအုပ်ချုပ်ရေးယန္တရားကြီးကို မပြင်ဆင်နိုင်ဘူး၊ မသန့်စင် မဆေးကြော မတည့်မတ် ပေးနိုင်ဘူးဆိုရင်၊ သမ္မတကအစ ဝန်ကြီး ဝန်လေးနဲ့ ဝန်ထမ်းထုဘယ်လိုပဲကောင်းပါစေ၊ အလှမ်းကျယ် အလယ်လတ်နေတဲ့ အစိုးရအဖွဲ့သာ ဖြစ်လာပါလိမ့်မယ်။
 
 
ခင်နှင်းဦး
 
(  Zawgyi  )
 
 ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဒီခ်ဳပ္ပါတီ ျပတ္ျပတ္သားသား မဲအႏိုင္ရခဲ့ၿပီးေနာက္ ဒုတိယႀကိမ္ ေပၚ ေပါက္လာမယ့္ ဒီခ်ဳပ္အစိုးရအဖြဲ႕မွာ ဘယ္သူေတြ ပါမလဲဆိုတာကို လူထု စိတ္ဝင္စားၾကပါတယ္။ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဘယ္သူျဖစ္လာမလဲ၊ သမၼတဘယ္သူျဖစ္လာမလဲ၊ ဘယ္တိုင္းရင္းသားကို ဒုတိယသမၼတ - ၂ ေနရာေပးမွာပါလိမ့္၊ ၂၀၁၆ ဒီခ်ဳပ္အစိုးရဖြဲ႕တုန္းကလို မိုးက်ေ႐ႊကိုယ္ေတြနဲ႔ စစ္ဗိုလ္ေဟာင္းေတြကို ဝန္ႀကီး၊ ဒုတိယဝန္ႀကီးေနရာေတြ ေပးအုံးမွာလား ဆိုတဲ့ ေမးခြန္းေတြ လူထုၾကားထဲမွာ ျဖစ္ေပၚခဲ့ပါတယ္။
ဒီခ်ဳပ္ပါတီတာဝန္ရွိသူေတြက ဒုတိယအႀကိမ္ထပ္ဖြဲ႕ရမယ့္ ဒီခ်ဳပ္အစိုးရအဖြဲ႕ထဲမွာ တာဝန္ေပးမယ့္သူေတြကို မူ ၃ ခ်က္နဲ႔ေ႐ြးမယ္လို႔ဆိုပါတယ္။ ဒီခ်ဳပ္ပါတီအေပၚ သစၥာရွိၿပီး၊ လူထုကလဲလက္ခံႏိုင္သူ၊ လုပ္ရည္ကိုင္ရည္ အရည္အခ်င္းရွိသူ ေတြကို  ေ႐ြးခ်ယ္မယ္လို႔ ဆိုပါတယ္။ အစိုးရအဖြဲ႕မွာ ႏိုင္ငံေတာ္သမၼတ၊  ဝန္ႀကီးခ်ဳပ္မ်ားနဲ႔ ဝန္ႀကီး၊ ဒုတိယဝန္ႀကီးရာထူးေတြ အေရးႀကီးသလို၊ တန္းတူအေရးႀကီးတာက အုပ္ခ်ဳပ္ေရးယႏၲရားပါ။ ဟိုတုန္းက ျပည္ထဲေရးဝန္ႀကီးဌာန လက္ေအာက္မွာရွိခဲ့ၿပီး၊ ၂၀၁၈ ဒီဇင္ဘာ ၂၈ ကစလို႔ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာနေအာက္ကို ေျပာင္းေ႐ႊ႕ထားရွိခဲ့တဲ့ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနဟာ အလြန္အေရးႀကီးပါတယ္။ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္နဲ႔ ရပ္ေက်းအဆင့္ဆင့္မွာ ေနရာေပးထားတဲ့ တာဝန္ယူေနၾကတဲ့ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ေတြ ေနရာမွန္လူမွန္ျဖစ္ဖို႔၊ မွန္ကန္ေျဖာင့္မတ္ဖို႔ အလြန္အေရးႀကီးပါတယ္။  
 
 
အဂၤလိပ္ေခတ္နဲ႔ ဖဆပလေခတ္တုန္းက တိုင္းမင္းႀကီး၊ ခ႐ိုင္ဝန္၊ နယ္ပိုင္၊ ၿမိဳ႕ပိုင္နဲ႔ သူႀကီး စတဲ့ရာထူးေတြဟာ လက္ရွိမ်က္ေမွာက္ေခတ္မွာ‌ေတာ့ ေထြ/အုပ္ရာထူးအဆင့္ဆင့္ အေခၚအေဝၚေတြ ျဖစ္လာပါတယ္။ ေခၚေဝၚပုံအမည္ ပညတ္သာကြာျခားသြားေပမဲ့ လုပ္ေဆာင္ရတဲ့လုပ္ငန္းတာဝန္က အေထြေထြအုပ္ခ်ဳပ္ေရးပါ။  ၿမိဳ႕ျပအုပ္ခ်ဳပ္ေရးရာထူးေတြျဖစ္တဲ့ အဲဒီရာထူးေနရာေတြကို စစ္ဗိုလ္ေတြ ဝင္ယူၿပီး အုပ္ခ်ဳပ္လာတာၾကာပါၿပီ။ ေတာ္လွန္ေရးေကာင္စီ အစိုးရေခတ္ကတည္းက ၿမိဳ႕ျပအုပ္ခ်ဳပ္ေရး ေနရာေတြမွာ စစ္ဗိုလ္ေတြကို အစားထိုးခန႔္အပ္ပါတယ္။ ခလကဥကၠဌ ၊ နလကဥကၠဌ လို႔ေျပာင္းလဲေခၚေဝၚေစခဲ့ပါတယ္။ အဲဒီေနာက္ မဆလအစိုးရေခတ္ေရာက္ေတာ့ ေကာင္စီဥကၠဌ ဆိုတဲ့အေခၚအေဝၚျဖစ္လာပါတယ္။ ႏိုင္ငံေရးပိုင္းမွာ ပါတီယူနစ္ဥကၠဌက ကိုင္ထားၿပီး၊ အုပ္ခ်ဳပ္ေရးပိုင္းမွာ တိုင္း၊ ခ႐ိုင္နဲ႔ ၿမိဳ႕နယ္ ေကာင္စီဥကၠဌက ကိုင္ထားပါတယ္။ ပါတီယူနစ္ဥကၠဌတခ်ိဳ႕ အရပ္သားေတြျဖစ္တတ္ေပမဲ့၊  တိုင္း၊ ခ႐ိုင္နဲ႔ ၿမိဳ႕နယ္ ေကာင္စီဥကၠဌအားလုံး စစ္ဗိုလ္ေတြက အရပ္ဝတ္ေျပာင္းဝတ္ၿပီး ေနရာယူထားတာပါ။ ၁၉၈၈ စက္တင္ဘာ ၁၈ ရက္ေန႔မွာ ဒုတိယအႀကိမ္ စစ္အစိုးရျပန္တက္လာေတာ့ ၊ နဝတဥကၠဌအျဖစ္ ဗိုလ္ခ်ဳပ္မႉးႀကီးေစာေမာင္ကတာဝန္ယူၿပီး သူ႔လက္ေအာက္မွာ  တဝတဥကၠဌ၊ ခဝကဥကၠဌနဲ႔ မဝတဥကၠဌေနရာအားလုံး စစ္ဗိုလ္ေတြက တာဝန္ယူၾကပါတယ္။ ဒီမိုကေရစီစနစ္ျပန္က်င့္သုံးၿပီဆိုတဲ့ ဦးသိန္းစိန္အစိုးရလက္ထက္ေရာက္မွ ဥကၠဌအေခၚအေဝၚေတြ ေပ်ာက္ကြယ္သြားပါတယ္။ ဟိုတုန္းက တိုင္းမင္းႀကီး၊ ခ႐ိုင္ဝန္၊ နယ္ပိုင္၊ ၿမိဳ႕ပိုင္စတဲ့ ေနရာေတြမွာ အုပ္ခ်ဳပ္ေရးမႉးဆိုတဲ့ အေခၚအေဝၚေျပာင္းသုံးႏႈန္းခဲ့တာ ၊ ဒီကေန႔ထိပါပဲ။
 
 
တကယ္ေတာ့ ၿမိဳ႕ျပအုပ္ခ်ဳပ္ေရးယႏၲရားႀကီးတခုလုံးကို မိုးက်ေတြ ကိုင္တြယ္လည္ပတ္ လာတာၾကာပါၿပီ။  ၁၉၆၂ ကေန ၂၀၁၅ ထိ၊ ႏွစ္ေပါင္း ၅၄ ႏွစ္နီးပါးျဖစ္ပါတယ္။ ဒီခ်ဳပ္အစိုးရ ၂၀၁၆ မွာ စတက္လာေတာ့ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန အလြန္အေရးႀကီးတယ္ဆိုတာ မသိႏိုင္စရာမရွိပါဘူး။ ဒါေပမဲ့ ဒီခ်ဳပ္အစိုးရရဲ႕ ရင္ၾကားေစ့ေရးေပၚလစီအရ၊ ညင္သာစြာ ကိုင္တြယ္လက္တြဲနည္းကို က်င့္သုံးခဲ့တာေၾကာင့္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနကို မထိ မတို႔ဘဲ၊ ျပည္ထဲေရးေအာက္မွာပဲ ဆက္ထားေပးခဲ့ပါတယ္။  အစိုးရသက္တမ္း ၃ ႏွစ္အတြင္း ေရာက္မွ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာကို ျပည္ထဲေရးေအာက္ကေန ဆြဲထုတ္ခဲ့ပါတယ္။  နဝတ၊ နအဖနဲ႔ အရပ္သားတပိုင္း ဦးသိန္းစိန္အစိုးရ လက္ထက္ထိ ျပည္ထဲေရးဝန္ႀကီးဌာနေအာက္မွာရွိခဲ့တဲ့၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနကို ( ၂၈.၁၂.၂၀၁၈) ရက္ေန႔ကစၿပီး အစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာနေအာက္ကို ေျပာင္းေ႐ႊ႕ထားရွိခဲ့ပါတယ္။ ဒီလိုေျပာင္းေ႐ႊ႕တာဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္လိုက္တာျဖစ္ပါတယ္။
 
 
၂၀၂၀ စက္တင္ဘာထဲမွာ ပထမအႀကိမ္ ထုတ္ျပန္လိုက္တဲ့  မဲစာရင္း ဝက္ဝက္ကြဲမွားတာဟာ ေသြး႐ိုးသား႐ိုးမဟုတ္ဘူးလို႔ ယူဆသူမ်ားျပားလွပါတယ္။ မဲစာရင္းျပဳစုေရးလုပ္ငန္းအဆင့္ဆင့္မွာ ပါဝင္တဲ့ ဝန္ႀကီးဌာနေတြနဲ႔ အုပ္ခ်ဳပ္ေရးယႏၲရား အဆင့္ဆင့္ လုပ္ေဆာင္မႈေတြထဲမွာ ဘယ္အဆင့္ေၾကာင့္လဲ၊ ဘယ္လိုစီမံခန႔္ခြဲမႈေၾကာင့္ မဲစာရင္းအမွားမ်ားတာလဲ အသံေတြ လူထုဆီက ထြက္လာပါတယ္။ ဒါေၾကာင့္ ဗီဒီယိုကြန္ဖရင့္ စကားဝိုင္းတဝိုင္းမွာ ေဒၚေအာင္ဆန္းစုၾကည္က၊ မဲစာရင္းျပဳစုေရးတာဝန္ရွိတဲ့ ဝန္ႀကီးဌာနေတြနဲ႔ အုပ္ခ်ဳပ္ေရးယႏၲရား အဆင့္ဆင့္မွာ တာဝန္ ထမ္းေဆာင္ေနသူေတြဟာ လက္ရွိအစိုးရအေပၚ သစၥာေစာင့္သိဖို႔လိုေၾကာင္း၊ လုပ္ငန္းေတြကို မွန္မွန္ကန္ကန္ ေဆာင္႐ြက္ၾကဖို႔လိုေၾကာင္း ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။ ေအာက္တိုဘာလထဲမွာ ဒုတိယ အႀကိမ္ မဲစာရင္းေတြ ထပ္မံထုတ္ျပန္ေတာ့လဲ အမွားပါတုန္းပါပဲ။ ဒုတိယအႀကိမ္ မဲစာရင္းကို အြန္လိုင္းေပၚက ရွာလို႔ရေအာင္ လုပ္ထားေပးေပမဲ့၊ မဲစာရင္းမွာ အမည္မပါလာသူေတြနဲ႔ အခ်က္အလက္မွားယြင္းေနသူေတြဟာ အြန္လိုင္းကတဆင့္ျပင္ဆင္ရတာ မလြယ္ကူေၾကာင္း လက္ေတြ႕ႀကဳံခဲ့ရပါတယ္။ ေမြးေန႔၊ အေဖ အေမနာမည္၊ မွတ္ပုံတင္နံပါတ္ စတဲ့ အခ်က္အလက္မွားေနသူေတြနဲ႔ မဲစာရင္းမပါသူေတြဟာ ရပ္ကြက္ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးခြဲကို လူကိုယ္တိုင္သြားမွ အဆင္ေျပသြားၾကပါတယ္။ ကိုဗစ္ျဖစ္ေနတဲ့ၾကားမွာ မဲစာရင္းကေမာက္ကျဖစ္ေနတာက မဲထည့္မယ့္သူနည္းသြားေစမယ္လို႔ ယူဆသူေတြလဲ ရွိပုံရပါတယ္။ လက္ေတြ႕မွာေတာ့ လူထုဟာ မဲစာရင္းမပါရင္၊ သက္ဆိုင္ရာကို သြားေျပာၾကတယ္။ မိမိတို႔ရဲ႕ မဲေပးခြင့္ အေဟာသိကံမျဖစ္ဖို႔ လုပ္ေဆာင္ၾကပါတယ္။
 
 
အေထြေထြအုပ္ခ်ဳပ္ေရးတဖြဲ႕လုံး ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ တႏိုင္ငံလုံး ေျဗာင္းဆန္ေနတဲ့ ကိုဗစ္ေထာက္ပံ့ ပစၥည္းေတြေပးေဝတုန္းကနဲ႔ ေနာက္ပိုင္း ေငြေထာက္ပံ့ခ်ိန္မွာ ႀကဳံရတဲ့ ျပႆနာေတြက ျပသေပးခဲ့ပါတယ္။ အေထြေထြအုပ္ခ်ဳပ္ေရး တာဝန္ယူထားသူ အဆင့္ဆင့္ဟာ မိမိအဆင့္နဲ႔မိမိ မွန္မွန္ကန္ကန္ လုပ္ေဆာင္ေပး႐ုံနဲ႔ ေဆာင္႐ြက္ေပးလို႔ရတဲ့ ကိုဗစ္ေထာက္ပံ့မႈဟာ မ႐ိုးသားတဲ့ စာရင္းေကာက္ယူမႈေတြေၾကာင့္ ေပးေဝခ်ိန္မွာ ျပႆနာတက္ၾကတာပါ။ ရပ္ကြက္တိုင္းမွာ ဆယ္အိမ္မႉး၊ ရာအိမ္မႉးေတြရွိပါတယ္။ သူတို႔က သူတို႔တာဝန္ရွိတဲ့ ဆယ္အိမ္ေထာင္အေျခအေနကို အမွန္အတိုင္းသိၾကသူေတြပါ။ ဒါေပမဲ့ တခ်ိဳ႕ရပ္ကြက္ေတြမွာ ေအာက္ေျခက ေကာက္ခံေပးတဲ့စာရင္း မျပည့္စုံတာ ( ရသင့္သူေတြက်န္ခဲ့တာ၊ မရသင့္သူေတြပါလာတာ စသျဖင့္) ရွိသလို၊ တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ပါဝင္ပတ္သက္ေနၾကတာဆိုတဲ့ ျဖစ္ရပ္ေတြ ႀကဳံရပါတယ္။
 
 
ေ႐ြးေကာက္ပြဲအၿပီး ေပးေဝခဲ့တဲ့ ေလးႀကိမ္ေျမာက္ ေထာက္ပံေၾကးေငြ ေလးေသာင္းမွာ ျပႆနာ အမ်ား ဆုံးျဖစ္ခဲ့တာ၊ အားလုံးသိၾကပါတယ္။ ေလးေသာင္းရသူ၊ မရသူ အေတာ္ကို ဆူညံပူညံျဖစ္ခဲ့လို႔၊ ေဒၚေအာင္ဆန္းစုၾကည္က နစ္နာသူေတြ တိုင္ၾကားႏိုင္တယ္လို႔ လမ္းဖြင့္ေပးခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ေပၚက လူလတ္တန္းစားအမ်ားစုရွိတဲ့ ၿမိဳ႕နယ္တခုမွာ ကိုဗစ္ေထာက္ပံ့ေၾကး စေပး ကတည္းက၊ သတ္မွတ္ထား ခ်က္ေတြနဲ႔ အႀကဳံးမဝင္႐ုံသာမက၊ ေနႏိုင္စားႏိုင္ မိသားစုအေတာ္မ်ားမ်ားပါေထာက္ပံ့ေၾကးရေနတာကို တိုင္ၾကေတာၾကပါတယ္။ 
အစိုးရေနာက္ဆုံးေပးတဲ့ ေငြေလးေသာင္းနဲ႔ ပတ္သက္ၿပီး ကယားျပည္နယ္ကလြဲလို႔ က်န္တိုင္းနဲ႔ ျပည္နယ္အားလုံးက တိုင္စာေတြတက္တယ္လို႔ဆိုပါတယ္။ စိတ္ေစတနာမွန္မွန္ကန္ကန္နဲ႔ အားထည့္ လုပ္ေဆာင္မယ္။ အဆင့္ဆင့္တာဝန္ယူစစ္ေဆးေပးၾကမယ္ဆိုရင္ မဲစာရင္းလဲ ဒီေလာက္ဝက္ဝက္ကြဲ မွားစရာ မရွိပါ။ ကိုဗစ္ေထာက္ပံ့ေၾကး ဖို႔ေဘာင္ဝင္တဲ့ မိသားစု စာရင္းက်န္တာ၊ ေထာက္ပံ့ေၾကးမရသင့္ တဲ့ မိသားစု ေတြ ပါလာတာမ်ိဳး ရွိမယ္မဟုတ္ပါ။ 
 
 
၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဒီခ်ဳပ္အႏိုင္ထပ္ရတဲ့အတြက္ တခ်ိဳ႕အဖြဲ႕အစည္းေတြရဲ႕ အခဲမေၾကႏိုင္တဲ့ ဒဏ္ကို ဒီခ်ဳပ္ရင္ဆိုင္ေနရၿပီး ဆက္လည္းရင္ဆိုင္ရအုံးမွာျဖစ္ပါတယ္။ ဥပေဒအရ ဒီခ်ဳပ္အစိုးရဟာ ၂၀၂၂ ထဲမွာ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ထပ္က်င္းပေပးရမွာျဖစ္ပါတယ္။ ကိုဗစ္ေရာဂါက ဘယ္ေလာက္ၾကာရွည္အုံးမယ္၊ ဘယ္အခါ အၿပီးေပ်ာက္ကြယ္မယ္ ဘယ္သူမွ တပ္အပ္ေသခ်ာ မေျပာႏိုင္ပါ။ အားနည္းခ်ိဳ႕ယြင္းခ်က္မ်ားတဲ့ အုပ္ခ်ဳပ္ေရးအဖြဲ႕စည္းအဆင့္ဆင့္ေၾကာင့္ မွားယြင္းတဲ့ျဖစ္ရပ္ေတြကို ေနာက္ကလိုက္ အၿမဲေျဖရွင္းေနရမယ္ဆိုရင္ အခ်ိန္ကုန္၊ လူပန္း ႐ုံသာမက၊ စရိတ္စကလဲ ပိုကုန္က်မွာျဖစ္ပါတယ္။ ဒီလိုအုပ္ခ်ဳပ္ေရးယႏၲရားႀကီးကို မျပင္ဆင္ႏိုင္ဘူး၊ မသန႔္စင္ မေဆးေၾကာ မတည့္မတ္ ေပးႏိုင္ဘူးဆိုရင္၊ သမၼတကအစ ဝန္ႀကီး ဝန္ေလးနဲ႔ ဝန္ထမ္းထုဘယ္လိုပဲေကာင္းပါေစ၊ အလွမ္းက်ယ္ အလယ္လတ္ေနတဲ့ အစိုးရအဖြဲ႕သာ ျဖစ္လာပါလိမ့္မယ္။
 
 
ခင္ႏွင္းဦး