【 ဆောင်းပါး 】“စစ်ပွဲကြားက မြေစာပင်……….”

【 ဆောင်းပါး  】“စစ်ပွဲကြားက မြေစာပင်……….”

နှစ်ပေါင်း ၇၀ ကျော်ကြာ ခြေကုပ်ယူထားနိုင်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ ဒီကနေ့ကာလ အရပ်သားအစိုးရလက်ထက်၊ ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းနေတဲ့အချိန်မှာလည်း မြဲမြံစွာခြေကုပ်ယူထားနိုင်ဆဲပဲဆိုတာ အခါမလပ်ကြုံတွေ့နေရတဲ့ တိုက်ပွဲများက သက်သေထူလျက်ရှိနေပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်က ပြန်လည်ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန် ကချင်စစ်ပွဲကစပြီး ပြည်တွင်းစစ်မီးအရှိန်ဟာ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။အဲဒီကာလဟာ အရပ်သားအစိုးရအဖြစ် တက်လာတဲ့ ဦးသိန်းစိန် အစိုးရက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးခရီးလမ်းကို ပြန်လည်ဖော်ဆောင်လာခဲ့တဲ့ ကာလလည်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလမ်းနဲ့အတူ ဆိုခဲ့သလိုပဲ တိုက်ပွဲများဟာလည်း ရှင်သန်ထကြွခဲ့ပါတယ်။အဲဒီတိုက်ပွဲတွေ ရှင်သန်နေ၊ ဖြစ်ပွားနေခြင်းရဲ့ ဆိုးကျိုးကို ဒေသခံပြည်သူလူထုကသာ ခါးစည်းခံကြရပါတယ်။ကျည်ဆန်တွေ၊ ဗုံးတွေ၊ မိုင်းတွေက ဒေသခံပြည်သူလုထုရဲ့ အသက်တွေ၊ ခြေလက်အင်္ဂါတွေ၊ ဘဝတွေကို ခြွေယူသွားတတ်ပါတယ်။သေနတ်သံတွေ၊ ဗုံးသံတွေ၊ အမြောက်သံတွေကြားမှာ ပြေးရလွှားရနဲ့ စစ်ဘေးဒုက္ခသည်ဆိုတဲ့ အမည်စာရင်းကို တင်သွင်းခံကြရပါတယ်။

လတ်တလောကာလမှာတော့ စစ်ပွဲတွေကပေးတဲ့ ဒုက္ခတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ကျော်လွှားနေရတာက အားလုံးအသိဖြစ်တဲ့ ရခိုင်ဒေသက ပြည်သူတို့ပဲ ဖြစ်ပါတယ်။ရခိုင်မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး တပ်မတော်နဲ့ အေအေ လက်နက်ကိုင်အဖွဲ့တို့ကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ တဖြည်းဖြည်းနဲ့ အရှိန်မြင့်လာတဲ့ အနေအထားဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်ကနေ မတ်လ ၂၈ ရက်အထိ တပ်မတော်နဲ့ အေအေတို့ ထိတွေ့တိုက်ပွဲပေါင်း ၁၀၀ ကျော် ရှိခဲ့တယ်လို့ မတ်လ ၂၉ ရက်က နိုင်ငံတော်သမ္မတ အိမ်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

အဲဒီတိုက်ပွဲတွေကြားမှာ အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး သေဆုံးသူထဲမှာ ရခိုင်တိုင်းရင်းသားကိုးဦး၊ ဗမာတိုင်းရင်းသားတစ်ဦး၊ ရှမ်းတိုင်းရင်းသားတစ်ဦးနဲ့ ဘင်္ဂါလီတစ်ဦးတို့ ပါဝင်တယ်လို့ ဦးဇော်ဌေး က ရှင်းပါတယ်။အရပ်သားဒဏ်ရာရရှိမှုက ၂၀ ဦးရှိခဲ့ပြီး အဲဒီထဲမှာ ရခိုင်တိုင်းရင်းသား ၁၇ ဦး၊ ခမီးတိုင်းရင်းသားနှစ်ဦးနဲ့ ဘင်္ဂါလီတစ်ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

မတ်လ ၂၄ ရက်အထိ နေရပ်စွန့်ခွာသူ (IDP) စုစုပေါင်း ၁၇၃၀၀ ကျော် ရှိတယ်လို့ ဦးဇော်ဌေး က ထုတ်ဖော်ပြောဆိုထားပြီး အဲဒီထဲက ဘူးသီးတောင်မှာ ၂၇၀၀ ကျော်၊ ကျောက်တော်မှာ ၃၈၀၀ ကျော်၊ မင်းပြားမှာ ၂၁၀၀ ကျော်၊ မြောက်ဦးမှာ ၃၅၀၀ ကျော်၊ ပုဏ္ဏားကျွန်းမှာ ၁၉၀၀ ကျော်၊ ရသေ့တောင်မှာ ၂၅၀၀ ကျော်နဲ့ ချင်းပြည်နယ် ပလက်ဝမှာ ၅၀၀ ကျော်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့ သုတေသနပြုချက်အရတော့ တပ်မတော်နဲ့ အေအေတို့ကြား တိုက်ပွဲတွေကြောင့် လေးလတာကာလအတွင်း စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။ပုဏ္ဏားကျွန်းမှာ ၁၉၀၀ ကျော်၊ ကျောက်တော်မှာ ၂၉၀၀ ကျော်၊ မြောက်ဦးမှာ ၃၈၀၀ ကျော်၊ ရသေ့တောင်မှာ ၁၆၀၀ ကျော်၊ ဘူးသီးတောင်မှာ ၁၁၀၀ ကျော်၊ မင်းပြားမှာ ၂၄၀၀ ကျော်ရှိပြီး ပိတ်မိနဲ့ စစ်ဒဏ်သင့်သူ ဦးရေက ၆၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီလေးလတာကာလအတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ၁၆ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိတယ်လို့လည်း REC က ဆိုပါတယ်။

တပ်မတော်နဲ့ အေအေတို့ကြား ထိတွေ့တိုက်ပွဲတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှုအပေါ် အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းနှစ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ကိန်းဂဏန်းအားဖြင့် အနည်းငယ်သာကွာဟတာကို တွေ့ရမှာဖြစ်ပါတယ်။ဒီကိန်းဂဏန်းတွေဟာ တိုက်ပွဲတွေကနေ ဒေသခံပြည်သူလူထုအပေါ် သက်ရောက်လာတဲ့ ဆိုးကျိုးများသာ ဖြစ်ပါတယ်။တိုက်ပွဲတွေဟာ ပြည်သူလူထုအပေါ်ကို ဘယ်လောက်အထိ ဆိုးကျိုးသက်ရောက်စေသလဲဆိုတဲ့ သက်သေပြချက်များလည်း ဖြစ်ပါတယ်။

အဲဒီလိုသေဆုံးဒဏ်ရာရ ဖြစ်စဉ်တွေထဲမှာ ရွာထဲက ကိုယ့်အိမ်မှာကိုယ် နေနေတဲ့ အသက် (၇) နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ဆန်ထိမှန်သေဆုံးမှု၊ အသက် (၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦး သေနတ်သံကြားလို့ ကြောက်လန့်ပြီး အိမ်ပေါ်တက်ပြေးရာကနေ ကျည်ဆန်ထိမှန်သေဆုံးမှု၊ ရသေ့တောင်မြို့နယ် မင်းဖူးရွာက အသက် (၉၀) ကျော်အရွယ် အဘွားအိုတစ်ဦး ကျည်ထိမှန်သေဆုံးမှု၊ ဘူးသီးတောင်မြို့ နယ်စည်တောင်ရွာမှာ ပစ်ခတ်မှုတွေဖြစ်ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာကနေ ငါးဦးသေဆုံးခဲ့မှု စတဲ့ အလားတူရင်နင့်စရာ ဖြစ်ရပ်များစွာ ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ့အဖွဲ့အစည်း (MIPS) ရဲ့ သုတေသန အစီရင်ခံစာလည်း ထွက်လာပါတယ်။အဲဒီသုတေသနပြုချက်က ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုရှိ မြို့နယ်ပေါင်း ၅၀ မှာ လက်နက်ကိုင်ထိတွေ့မှု (Armed Clash) ၄၉၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖြစ်ပွားမှု ၃၆၇ ကြိမ်၊ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားမှု ၉၃ ကြိမ်၊ အခြားတိုက်ပွဲ ၃၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာက ဆိုထားပြီး အဲဒီတိုက်ပွဲတွေထဲမှာ တပ်မတော်နဲ့ KIA ဖြစ်ပွားမှု ၁၆၂ ကြိမ်၊ တပ်မတော်နဲ့ အေအေ ဖြစ်ပွားမှု ၅၅ ကြိမ်၊ တပ်မတော်နဲ့ TNLA ဖြစ်ပွားမှု ၈၇ ကြိမ်၊ တပ်မတော်နဲ့ KNU ဖြစ်ပွားမှု ၃၃ ကြိမ် ရှိခဲ့ပြီး အဲဒီနှစ်အတွင်း မိုင်းပေါက်ကွဲမှု ၁၅၈ ကြိမ် ရှိခဲ့တယ်လို့လည်း MIPS ရဲ့ သုတေသနအစီရင်ခံစာက ဆိုပါတယ်။

ဒါတွေက မြန်မာ့မြေပေါ်မှာ ဖြစ်ပွားခဲ့၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခအခြေအနေနဲ့ အဲဒီအပေါ်ကနေ သက်ရောက်လာစေတဲ့ ဆိုးကျိုးတွေအပေါ် ကိန်းဂဏန်းတွေကနေတစ်ဆင့် သိရှိစေနိုင်ဖို့ ထုတ်နုတ်ဖော်ပြရခြင်း ဖြစ်ပါတယ်။

ဒီစစ်ပွဲတွေကြားမှာ သေဆုံးခဲ့ရတဲ့ ဒေသခံအရေအတွက် မနည်းတော့ပါဘူး။ထိခိုက်ဒဏ်ရာရပြီး ဘဝနာခဲ့ရတဲ့ ဒေသခံပြည်သူအရေအတွက် မနည်းတော့ပါဘူး။အိုးပစ်၊ အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူအရေအတွက် မနည်းတော့ဘူးဆိုတာ အဲဒီကိန်းဂဏန်းတွေကနေပဲ သက်သေထူနေပါတယ်။

ဒီဆောင်းပါး အပြီးသတ်နေချိန်ဖြစ်တဲ့ ဧပြီ ၄ ရက်နေ့မှာပဲ ဘူးသီးတောင်မှာ အရပ်သားတွေ အများအပြား ပစ်ခတ်ခံရတယ်ဆိုတဲ့ သတင်းကို ကြားသိရပြန်ပါတယ်။အဲဒီသတင်းထဲမှာတော့ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်မှုကြောင့် ဧပြီ ၃ ရက်က ဒေသခံ ၁၃ ဦးထက်မနည်း ဒဏ်ရာရပြီး သေဆုံးသူတချို့ ရှိတယ်လို့ ဆိုထားသလို ငါးဦးထက်မနည်း သေဆုံးတယ်လို့လည်း သတင်းများက ဆိုပါတယ်။စစ်ပွဲကြားက ထပ်မံထွက်ပေါ်လာခဲ့တဲ့ စိတ်မကောင်းဖွယ် သတင်းစကားများ ဖြစ်ပါတယ်။

နောက်ထပ်စိတ်မကောင်းစရာ သတင်းစကားတစ်ခုကတော့ ၂၀၀၄ ခုနှစ်က စတင်ကျင်းပလာခဲ့တဲ့ ရန်ကုန်က ရခိုင်ရိုးရာယဉ်ကျေးမှု သြင်္ကန်ပွဲတော်ကို ဒီနှစ်မကျင်းပတော့ဘူးဆိုတဲ့ သတင်းစကားဖြစ်ပါတယ်။ရခိုင်ဒေသက လက်နက်ကိုင် ပဋိပက္ခတွေရဲ့ သက်ရောက်မှုပဲဖြစ်ပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပါပြီ။မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံသားအချင်းချင်းကြား တောက်လောင်နေခဲ့တဲ့ ပြည်တွင်းစစ်မီးရဲ့ သက်တမ်းဖြစ်ပါတယ်။အဲဒီမီးကို မြန်မြန်ငြှိမ်းသတ်နိုင်ကြဖို့ လိုပါတယ်။ငြှိမ်းသတ်နိုင်စေမယ့် နည်းလမ်းများကိုလည်း မှန်မှန်ကန်ကန် ရွေးချယ်ကြဖို့ လိုမှာဖြစ်ပါတယ်။

သို့မဟုတ်ပါက စစ်ပွဲတွေကပေးတဲ့ ဒုက္ခကို ဒေသခံပြည်သူလူထု တစ်နေ့ထက်တစ်နေ့ တိုးလို့သာ ခါးစည်းခံကြရဖို့ ရှိပါတယ်။

ဂျေငြိမ်း
ဧပြီ - ၆

( Zawgyi )

ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာ ေျခကုပ္ယူထားႏိုင္ခဲ့တဲ့ ျပည္တြင္းစစ္ဟာ ဒီကေန႔ကာလ အရပ္သားအစိုးရလက္ထက္၊ ၿငိမ္းခ်မ္းေရးလမ္းကို ေလွ်ာက္လွမ္းေနတဲ့အခ်ိန္မွာလည္း ၿမဲၿမံစြာေျခကုပ္ယူထားႏိုင္ဆဲပဲဆိုတာ အခါမလပ္ႀကဳံေတြ႕ေနရတဲ့ တိုက္ပြဲမ်ားက သက္ေသထူလ်က္ရွိေနပါတယ္။

ဦးသိန္းစိန္ အစိုးရလက္ထက္ ၂၀၁၁ ခုႏွစ္က ျပန္လည္ျဖစ္ပြားခဲ့တဲ့ တစ္ေက်ာ့ျပန္ ကခ်င္စစ္ပြဲကစၿပီး ျပည္တြင္းစစ္မီးအရွိန္ဟာ ျပန္လည္ျမင့္တက္လာခဲ့ပါတယ္။အဲဒီကာလဟာ အရပ္သားအစိုးရအျဖစ္ တက္လာတဲ့ ဦးသိန္းစိန္ အစိုးရက အပစ္အခတ္ရပ္စဲေရးနဲ႔ ၿငိမ္းခ်မ္းေရးခရီးလမ္းကို ျပန္လည္ေဖာ္ေဆာင္လာခဲ့တဲ့ ကာလလည္းျဖစ္ပါတယ္။

ၿငိမ္းခ်မ္းေရးလမ္းနဲ႔အတူ ဆိုခဲ့သလိုပဲ တိုက္ပြဲမ်ားဟာလည္း ရွင္သန္ထႂကြခဲ့ပါတယ္။အဲဒီတိုက္ပြဲေတြ ရွင္သန္ေန၊ ျဖစ္ပြားေနျခင္းရဲ႕ ဆိုးက်ိဳးကို ေဒသခံျပည္သူလူထုကသာ ခါးစည္းခံၾကရပါတယ္။က်ည္ဆန္ေတြ၊ ဗုံးေတြ၊ မိုင္းေတြက ေဒသခံျပည္သူလုထုရဲ႕ အသက္ေတြ၊ ေျခလက္အဂၤါေတြ၊ ဘဝေတြကို ေႁခြယူသြားတတ္ပါတယ္။ေသနတ္သံေတြ၊ ဗုံးသံေတြ၊ အေျမာက္သံေတြၾကားမွာ ေျပးရလႊားရနဲ႔ စစ္ေဘးဒုကၡသည္ဆိုတဲ့ အမည္စာရင္းကို တင္သြင္းခံၾကရပါတယ္။

လတ္တေလာကာလမွာေတာ့ စစ္ပြဲေတြကေပးတဲ့ ဒုကၡေတြကို ျပင္းျပင္းထန္ထန္ ရင္ဆိုင္ေက်ာ္လႊားေနရတာက အားလုံးအသိျဖစ္တဲ့ ရခိုင္ေဒသက ျပည္သူတို႔ပဲ ျဖစ္ပါတယ္။ရခိုင္မွာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းကစၿပီး တပ္မေတာ္နဲ႔ ေအေအ လက္နက္ကိုင္အဖြဲ႕တို႔ၾကား ျဖစ္ပြားခဲ့တဲ့ ပဋိပကၡေတြဟာ တျဖည္းျဖည္းနဲ႔ အရွိန္ျမင့္လာတဲ့ အေနအထားျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ကေန မတ္လ ၂၈ ရက္အထိ တပ္မေတာ္နဲ႔ ေအေအတို႔ ထိေတြ႕တိုက္ပြဲေပါင္း ၁၀၀ ေက်ာ္ ရွိခဲ့တယ္လို႔ မတ္လ ၂၉ ရက္က ႏိုင္ငံေတာ္သမၼတ အိမ္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က ေျပာပါတယ္။

အဲဒီတိုက္ပြဲေတြၾကားမွာ အရပ္သား ၁၂ ဦး ေသဆုံးခဲ့ၿပီး ေသဆုံးသူထဲမွာ ရခိုင္တိုင္းရင္းသားကိုးဦး၊ ဗမာတိုင္းရင္းသားတစ္ဦး၊ ရွမ္းတိုင္းရင္းသားတစ္ဦးနဲ႔ ဘဂၤါလီတစ္ဦးတို႔ ပါဝင္တယ္လို႔ ဦးေဇာ္ေဌး က ရွင္းပါတယ္။အရပ္သားဒဏ္ရာရရွိမႈက ၂၀ ဦးရွိခဲ့ၿပီး အဲဒီထဲမွာ ရခိုင္တိုင္းရင္းသား ၁၇ ဦး၊ ခမီးတိုင္းရင္းသားႏွစ္ဦးနဲ႔ ဘဂၤါလီတစ္ဦးတို႔ ပါဝင္တယ္လို႔ ဆိုပါတယ္။

မတ္လ ၂၄ ရက္အထိ ေနရပ္စြန႔္ခြာသူ (IDP) စုစုေပါင္း ၁၇၃၀၀ ေက်ာ္ ရွိတယ္လို႔ ဦးေဇာ္ေဌး က ထုတ္ေဖာ္ေျပာဆိုထားၿပီး အဲဒီထဲက ဘူးသီးေတာင္မွာ ၂၇၀၀ ေက်ာ္၊ ေက်ာက္ေတာ္မွာ ၃၈၀၀ ေက်ာ္၊ မင္းျပားမွာ ၂၁၀၀ ေက်ာ္၊ ေျမာက္ဦးမွာ ၃၅၀၀ ေက်ာ္၊ ပုဏၰားကြၽန္းမွာ ၁၉၀၀ ေက်ာ္၊ ရေသ့ေတာင္မွာ ၂၅၀၀ ေက်ာ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝမွာ ၅၀၀ ေက်ာ္တို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး (REC) ရဲ႕ သုေတသနျပဳခ်က္အရေတာ့ တပ္မေတာ္နဲ႔ ေအေအတို႔ၾကား တိုက္ပြဲေတြေၾကာင့္ ေလးလတာကာလအတြင္း စစ္ေဘးဒုကၡသည္ ႏွစ္ေသာင္းေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။ပုဏၰားကြၽန္းမွာ ၁၉၀၀ ေက်ာ္၊ ေက်ာက္ေတာ္မွာ ၂၉၀၀ ေက်ာ္၊ ေျမာက္ဦးမွာ ၃၈၀၀ ေက်ာ္၊ ရေသ့ေတာင္မွာ ၁၆၀၀ ေက်ာ္၊ ဘူးသီးေတာင္မွာ ၁၁၀၀ ေက်ာ္၊ မင္းျပားမွာ ၂၄၀၀ ေက်ာ္ရွိၿပီး ပိတ္မိနဲ႔ စစ္ဒဏ္သင့္သူ ဦးေရက ၆၀၀၀ ေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။

အဲဒီေလးလတာကာလအတြင္း တိုက္ပြဲေတြေၾကာင့္ အရပ္သား ၁၆ ဦး ေသဆုံးၿပီး ၃၀ ေက်ာ္ ဒဏ္ရာရရွိတယ္လို႔လည္း REC က ဆိုပါတယ္။

တပ္မေတာ္နဲ႔ ေအေအတို႔ၾကား ထိေတြ႕တိုက္ပြဲေတြနဲ႔ အရပ္သား ထိခိုက္ေသဆုံးမႈအေပၚ အစိုးရနဲ႔ အရပ္ဘက္ အဖြဲ႕အစည္းႏွစ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ကိန္းဂဏန္းအားျဖင့္ အနည္းငယ္သာကြာဟတာကို ေတြ႕ရမွာျဖစ္ပါတယ္။ဒီကိန္းဂဏန္းေတြဟာ တိုက္ပြဲေတြကေန ေဒသခံျပည္သူလူထုအေပၚ သက္ေရာက္လာတဲ့ ဆိုးက်ိဳးမ်ားသာ ျဖစ္ပါတယ္။တိုက္ပြဲေတြဟာ ျပည္သူလူထုအေပၚကို ဘယ္ေလာက္အထိ ဆိုးက်ိဳးသက္ေရာက္ေစသလဲဆိုတဲ့ သက္ေသျပခ်က္မ်ားလည္း ျဖစ္ပါတယ္။

အဲဒီလိုေသဆုံးဒဏ္ရာရ ျဖစ္စဥ္ေတြထဲမွာ ႐ြာထဲက ကိုယ့္အိမ္မွာကိုယ္ ေနေနတဲ့ အသက္ (၇) ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး က်ည္ဆန္ထိမွန္ေသဆုံးမႈ၊ အသက္ (၁၈) ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး ေသနတ္သံၾကားလို႔ ေၾကာက္လန႔္ၿပီး အိမ္ေပၚတက္ေျပးရာကေန က်ည္ဆန္ထိမွန္ေသဆုံးမႈ၊ ရေသ့ေတာင္ၿမိဳ႕နယ္ မင္းဖူး႐ြာက အသက္ (၉၀) ေက်ာ္အ႐ြယ္ အဘြားအိုတစ္ဦး က်ည္ထိမွန္ေသဆုံးမႈ၊ ဘူးသီးေတာင္ၿမိဳ႕ နယ္စည္ေတာင္႐ြာမွာ ပစ္ခတ္မႈေတြျဖစ္ၿပီး လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲရာကေန ငါးဦးေသဆုံးခဲ့မႈ စတဲ့ အလားတူရင္နင့္စရာ ျဖစ္ရပ္မ်ားစြာ ပါဝင္ေနပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးဆိုင္ရာ ျမန္မာ့အဖြဲ႕အစည္း (MIPS) ရဲ႕ သုေတသန အစီရင္ခံစာလည္း ထြက္လာပါတယ္။အဲဒီသုေတသနျပဳခ်က္က ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ တစ္ႏွစ္လုံးအတြင္း တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ၁၀ ခုရွိ ၿမိဳ႕နယ္ေပါင္း ၅၀ မွာ လက္နက္ကိုင္ထိေတြ႕မႈ (Armed Clash) ၄၉၀ ႀကိမ္ ျဖစ္ပြားခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီမွာ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္မ်ားအၾကား ျဖစ္ပြားမႈ ၃၆၇ ႀကိမ္၊ တိုင္းရင္းသား လက္နက္ကိုင္အခ်င္းခ်င္း ျဖစ္ပြားမႈ ၉၃ ႀကိမ္၊ အျခားတိုက္ပြဲ ၃၀ ႀကိမ္ ျဖစ္ပြားခဲ့တယ္လို႔ အစီရင္ခံစာက ဆိုထားၿပီး အဲဒီတိုက္ပြဲေတြထဲမွာ တပ္မေတာ္နဲ႔ KIA ျဖစ္ပြားမႈ ၁၆၂ ႀကိမ္၊ တပ္မေတာ္နဲ႔ ေအေအ ျဖစ္ပြားမႈ ၅၅ ႀကိမ္၊ တပ္မေတာ္နဲ႔ TNLA ျဖစ္ပြားမႈ ၈၇ ႀကိမ္၊ တပ္မေတာ္နဲ႔ KNU ျဖစ္ပြားမႈ ၃၃ ႀကိမ္ ရွိခဲ့ၿပီး အဲဒီႏွစ္အတြင္း မိုင္းေပါက္ကြဲမႈ ၁၅၈ ႀကိမ္ ရွိခဲ့တယ္လို႔လည္း MIPS ရဲ႕ သုေတသနအစီရင္ခံစာက ဆိုပါတယ္။

ဒါေတြက ျမန္မာ့ေျမေပၚမွာ ျဖစ္ပြားခဲ့၊ ျဖစ္ပြားေနဆဲျဖစ္တဲ့ လက္နက္ကိုင္ ပဋိပကၡအေျခအေနနဲ႔ အဲဒီအေပၚကေန သက္ေရာက္လာေစတဲ့ ဆိုးက်ိဳးေတြအေပၚ ကိန္းဂဏန္းေတြကေနတစ္ဆင့္ သိရွိေစႏိုင္ဖို႔ ထုတ္ႏုတ္ေဖာ္ျပရျခင္း ျဖစ္ပါတယ္။

ဒီစစ္ပြဲေတြၾကားမွာ ေသဆုံးခဲ့ရတဲ့ ေဒသခံအေရအတြက္ မနည္းေတာ့ပါဘူး။ထိခိုက္ဒဏ္ရာရၿပီး ဘဝနာခဲ့ရတဲ့ ေဒသခံျပည္သူအေရအတြက္ မနည္းေတာ့ပါဘူး။အိုးပစ္၊ အိမ္ပစ္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံျပည္သူအေရအတြက္ မနည္းေတာ့ဘူးဆိုတာ အဲဒီကိန္းဂဏန္းေတြကေနပဲ သက္ေသထူေနပါတယ္။

ဒီေဆာင္းပါး အၿပီးသတ္ေနခ်ိန္ျဖစ္တဲ့ ဧၿပီ ၄ ရက္ေန႔မွာပဲ ဘူးသီးေတာင္မွာ အရပ္သားေတြ အမ်ားအျပား ပစ္ခတ္ခံရတယ္ဆိုတဲ့ သတင္းကို ၾကားသိရျပန္ပါတယ္။အဲဒီသတင္းထဲမွာေတာ့ ရဟတ္ယာဥ္ေပၚကေန ပစ္ခတ္မႈေၾကာင့္ ဧၿပီ ၃ ရက္က ေဒသခံ ၁၃ ဦးထက္မနည္း ဒဏ္ရာရၿပီး ေသဆုံးသူတခ်ိဳ႕ ရွိတယ္လို႔ ဆိုထားသလို ငါးဦးထက္မနည္း ေသဆုံးတယ္လို႔လည္း သတင္းမ်ားက ဆိုပါတယ္။စစ္ပြဲၾကားက ထပ္မံထြက္ေပၚလာခဲ့တဲ့ စိတ္မေကာင္းဖြယ္ သတင္းစကားမ်ား ျဖစ္ပါတယ္။

ေနာက္ထပ္စိတ္မေကာင္းစရာ သတင္းစကားတစ္ခုကေတာ့ ၂၀၀၄ ခုႏွစ္က စတင္က်င္းပလာခဲ့တဲ့ ရန္ကုန္က ရခိုင္႐ိုးရာယဥ္ေက်းမႈ ၾသကၤန္ပြဲေတာ္ကို ဒီႏွစ္မက်င္းပေတာ့ဘူးဆိုတဲ့ သတင္းစကားျဖစ္ပါတယ္။ရခိုင္ေဒသက လက္နက္ကိုင္ ပဋိပကၡေတြရဲ႕ သက္ေရာက္မႈပဲျဖစ္ပါတယ္။

ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာျမင့္ခဲ့ပါၿပီ။ျမန္မာႏိုင္ငံအတြင္းမွာ ႏိုင္ငံသားအခ်င္းခ်င္းၾကား ေတာက္ေလာင္ေနခဲ့တဲ့ ျပည္တြင္းစစ္မီးရဲ႕ သက္တမ္းျဖစ္ပါတယ္။အဲဒီမီးကို ျမန္ျမန္ျငႇိမ္းသတ္ႏိုင္ၾကဖို႔ လိုပါတယ္။ျငႇိမ္းသတ္ႏိုင္ေစမယ့္ နည္းလမ္းမ်ားကိုလည္း မွန္မွန္ကန္ကန္ ေ႐ြးခ်ယ္ၾကဖို႔ လိုမွာျဖစ္ပါတယ္။

သို႔မဟုတ္ပါက စစ္ပြဲေတြကေပးတဲ့ ဒုကၡကို ေဒသခံျပည္သူလူထု တစ္ေန႔ထက္တစ္ေန႔ တိုးလို႔သာ ခါးစည္းခံၾကရဖို႔ ရွိပါတယ္။

ေဂ်ၿငိမ္း
ဧၿပီ - ၆