【 ဆောင်းပါး 】“ပြည်သူနဲ့ အတူဆိုရင်………. ”

【  ဆောင်းပါး  】“ပြည်သူနဲ့ အတူဆိုရင်……….  ”

အလုပ်ကနေ အိမ်အပြန်တိုင်း ဘူတာရုံလမ်းကနေပြန်ရပါတယ်။အဲဒီနေရာရောက်တိုင်း စိတ်တော် တော်ညစ်ရပါတယ်။ ရထားလာတဲ့ အတွက် တံခါးပိတ်ထားချိန်မှာ သွားလို့ မရတဲ့ လမ်းဘက်ကကားတွေ  ဗဟိုလမ်းပေါ်ကို အတင်းတိုးပြီး ပိတ်ထားတာမျိုုး ခဏခဏ တွေ့ရပါတယ်။အဲဒီလို အခါမျိုးမှာ လမ်းဟို ဘက်ဒီဘက် အကုန်ပိတ်ကုန်ပြီး လိုင်းကားတွေ တက္ကစီတွေ ဆိုက်ကားတွေ ဒုက္ခရောက်ကုန်တော့ပါတယ်။ ကားလမ်းကို ပိတ်ထားတဲ့ ကားကတော့ အဲကွန်းဖွင့်ထားတဲ့ သူ့ကားထဲမှာ  တဟီးဟီးတဟားဟားနဲ့ သူတို့ မဟုတ်သလို။ ကိုယ်လည်း သွားမရ ဘယ်သူမှလည်း သွားလို့မရအောင်လုပ်တဲ့  အောက်တန်းကျတဲ့ ဒီလုပ်ရက်ကို ရှက်ရကောင်းမှန်းမသိတဲ့   ဒီလူတွေနဲ့  ဒီလိုလုပ်ရပ်တွေ ခဏခဏမြင်ရတဲ့အခါ ငါတို့တိုင်းပြည်မှာ   ဒီလိုလူတွေများနေလို့ ငါတို့ အခုလို ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေဖြစ်နေတာလားလို့ တွေးမိပါတယ်။
 
 
 
လက်ရှိနိုင်ငံရေးအခြေအနေကို ဒီလိုဖြစ်နပါတယ်။ ဘာတစ်ခုမှ အားရစရာမရှိပါဘူး။ အရင်က အပြစ်ကျူး လွန်ခဲ့သူတွေကို ခွင့်လွှတ်ပေးထားရတယ်။ခိုးထားတဲ့သူတွေရဲ့ ခိုးရာပါပစ္စည်းတွေ ကို မထိ မပါး အောင် ဘောင်ဝင်အောင် လုပ်ပေးနေရတယ်။လူအခွင့်အရေးတွေ ယခင်ကထက် ဆုံးပါးလာတယ်။မီဒီယာ တွေလွတ်လပ်ခွင့် ဆုံးရှုံးလာတယ်။အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ လျော့ပါးလာတယ်။ယခင်လိုဘဲ အများစုဟာ ကြပ်တည်းမှုတွေအောက်မှာ လူးလိမ့်နေရတုန်းပါဘဲ။
ဒီအခြေအနေတွေဟာ ဒီမိုကရက်တစ်တွေကို အစိုးရတစ်ရပ်ဖြစ်လာဖို့ မဲပေးတင်မြောက်ခဲ့သူတွေ လိုချင်တဲ့ အခြေအနေ မဟုတ်ပါဘူး။ လက်ရှိမှာ ယခင်ကထက် ပိုပြီး လုံခြုံမှု ကင်းမဲ့လာတယ်လို့  ပြည်သူတွေ ခံစားနေရတဲ့ အချိန်အခါဖြစ်နေပါတယ်။ နိုင်ငံရေး ၊လူမှုရေး၊အုပ်ချုပ်ရေးဆိုင်ရာမှာ ဘယ်လိုမှ ချိတ်ဆက်လုပ် နိုင်ဖို့ မလွယ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ သွားနေတဲ့ အရပ်သားအစိုးရလက်ထက်မှာ ဘာကိုမှ အကောင်းဘက်ကနေ မျှော်လင့်လို့မရဘဲ သံကန်လန့်ကာအောက်က နေရတဲ့ ဆိုဗီယက်ခေတ်က ရုရှားပြည်သူတွေ ခံစားရသလိုမျိုး ကျွန်တော်တို့ ပြီးခဲ့တဲ့ ၅နှစ်သက်တမ်းမှာ စိတ်မလုံမခြုံမှု ခံစားနေရတာအမှန်ပါဘဲ။
 
 
 
ဘာကြောင့်လဲ……။ဒီမေးခွန်းက အများစု မေးချင်ကြတဲ့ မေးခွန်းဖြစ်နေပါတယ်။အမှန်အတိုင်း ကျွန် တော်တို့ အားနာမှုတွေ ကြောက်ရွှံမှုတွေကို ခွာချပြီး သုံးသပ်ကြည့်မယ်ဆိုရင် အဖြေက ရှင်းရှင်း လေးပါ။ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ အရပ်ဘက် ဥပဒေအများစုက ပြည်သူတွေအတွက် ကောင်းမွန်တယ်လို့ ဆိုလို့ရပေမယ့် ဒီဥပဒေတွေဟာ အသက်ဝင်မှု နည်းပါတယ်။ ဒီအစား  ပြည်သူကို လှုပ်မရအောင်ချုပ်ထားနိုင်တဲ့ ဥပဒေတွေက အသက်ဝင်မှု အား အလွန် ကောင်းနေပါတယ်။
 
 
 
ဒီအဖြစ်တွေ မြင်တော့ ယနေ့ခေတ် မြောက်ကိုရီး ယား၊ဆီးရီးယား စတဲ တတိယကမ္ဘာနိုင်ငံတွေကို သွားမြင်မိပါတယ်။ တတိယကမ္ဘာနိုင်ငံတွေ ဖြစ်တဲ့  အာရှ၊အာဖရိက ၊လက်တင်အမေရိက စတဲ့မဖွံဖြိုးသေးတဲ့ အဲဒီနိုင်ငံတွေမှာ  လက်နက်ကိုင်အဖွဲ့အစည်းတွေ ၊အုပ်ချုပ်သူတွေဟာ ပြည်သူတွေကို ကုပ်ခွစီးထားပြီး ကျေးဇူး ရှင်သဖွယ် ပဒေသရာဇ်စနစ်အတိုင်း  ပြုမှုကျင့်ကြံကြပါတယ်။ဒါပေမယ့် ပြည်သူတွေက သူတို့ကို ဒီလိုမြင်နေ ပါတယ်လို့ ပြောလို့ မရသလို ပြောခဲ့ရင် အသက်တစ်ချောင်းဟာ သူတို့ အာဏာစက်ထဲမှာ လက်နက်တစ်လက် လောက်တောင် တန်ဖိုးမရှိပါဘူး။ဒါပေမယ့် သူတို့တွေက ပြည်သူကို အမြဲတမ်းကယ်တင်နေတဲ့သူ ၊ပြည်သူတွေ အတွက် ဒုက္ခ ဆင်းရဲ အမြဲခံပေး နေရတဲ့သူ၊ သမိုင်းအရ ပြည်သူ့အသက်အိုးအိမ်စည်းစိမ် တွေကို အသက်ပေး ကာကွယ် စောင့်ရှာက်ရတဲ့သူအဖြစ် ပြယုဂ်တွေနဲ့ မှိုင်းတိုက်လေ့ရှိပါတယ်။ လွတ်လပ်စွာ ပြောဆို ရေး သားနိုင်ခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့် ဆိုတာတွေ အသာထား အာဏာရှင်တွေ အာဏာပိုင်တွေရှေ့မှာ နှာချေမိရင် တောင် အသတ်ခံရမယ့် အခြေအနေတွေပါ။ဒီအခြေအနေကို ကျွန်တော်တို့  ကြုံခဲ့ရဘူးပါတယ်။ မကြာသေးတဲ့ ဆယ်စုနှစ်တွေမှာပါ။ ဒါကို လက်မခံနိုင်လို့ အရပ်သားအစိုးရကို တင်မြှောက်ခဲ့တာပါ။
 
 
 
၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေဘောင်အတွင်းက ကျင်းပတဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ၊၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေကို ဝင်ပြိုင်ပြီး အရပ်သားအစိုးရဖြစ်လာတဲ့ NLD လက်ထက်မှာ အများစု မျှော်မှန်းထားတာက ပြတ်သားတဲ့ ပါတီမူဝါဒတွေနဲ့ လျှင်မြန်ပြီး အဂတိတရားကင်းစင်တဲ့ အုပ်ချုပ်ရေး အာဏာစက် အမြန်အကောင်အထည်ဖော်လာလိမ့်မယ်ဆိုတဲ့ အထင်ဘဲဖြစ်ပါတယ်။ပြီးတော့ အစိုးရက ကြော်ငြာခဲ့တဲ့ ရင်ကြားစေ့ရေးကြောင့် အတော်လေး နားလည်မှု ရလာမယ်၊ တစ်ဖက်ကလည်း ပြည်သူကိုမျက်နှာမူပြီး ပြင်လာလိမ့်မယ်ဆိုတဲ့ အထင်တွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး အားကောင်းလာမယ်ဆိုတဲ့ အယူအဆပါဘဲ။ ဒါပေမယ့် ထင်ထားသမျှ အကုန်လွဲခဲ့ပါတယ်။ 
 
 
 
ဒီလိုပါဘဲ လွှတ်တော်ထဲမှာလည်း ရှုံးနိမ့်သွားတဲ့ ပါတီကိုက အားကောင်းတဲ့ အတိုက်အခံ ၊ပြည်သူတွေရဲ့ အကျိုးစီးပွား ကြည့်ပြီး လွှတ်တော်ထဲမှာ ချက်ကျလက်ကျ ထောက်ပြနိုင်တဲ့ အာဏာရ ပါတီက ထိန်းချုပ်ထားတဲ့ အစိုးရအဖွဲ့ ကို လမ်းမချော်အောင် ထောက်ပြနိုင်တဲ့ အတိုက်အခံဖြစ်လာလိမ်မယ်လို့ ယူဆထား ကြပါတယ်။ အတိုက်အခံနဲ့  အဏာရ ပါတီကြား ရင့်ကျက်တဲ့ ယှဉ်ပြိုင်မှုကို မြင်ရလိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။ ဒါလည်းထင်ထားသမျှ လွဲခဲ့ပါတယ်။ 
လက်တွေ့မှာ အရပ်သားအစိုးရသက်တမ်းတစ်ခုကနေ နောက်သက်တမ်းတစ်ခုကိုကူးပါတော့မယ်။ ဒါပေမယ့် ရင်ကြားစေ့ရေးမှာ တစ်ဘက်အဖွဲ့က ပျော့ပျောင်းသလောက် တစ်ဘက်က  ပိုပြီးတင်းတင်းမာမာ ပြောနေ ဆိုနေတာတွေ၊ မိုက်ကြေးခွဲနေတာတွေကို မြင်နေရသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပိုပြီးသာတိုးလာခဲ့ပါတယ်။ ပြည်သူတွေ ထင်ထားသမျှ မဖြစ်လာခဲ့ပါဘူး။ တက်တက်စင်အောင် လွဲခဲ့ပါတယ်။ 
 
 
 
ပွင့်ပွင့်လင်းလင်း ပြောရရင် အရပ်သားအစိုးရလက်ထက်မှာ အစိုးရရဲ့ သြဇာအာဏာ လျော့ကျ လာခဲ့ တယ်ဆိုတာ ငြင်းလို့ မရခဲ့ပါဘူး။ ဘယ်သူက အစိုးရလဲဆိုတာကို ဝေခွဲမရနိုင်အောင် ဒီလိုစင်ပြိုင်သဘောမျိုး ပြောဆိုလုပ် ဆောင်လာတာတွေကို  ပြည်သူက ဒီလိုလုပ်တဲ့ ဖြစ်ချင်တာဖြစ် ပြတ်ပြတ်သားသား ကိုင်တွယ်စေချင်နေပါတယ်။ ဒီလိုလုပ်လာရင်လည်း အရပ်သားအစိုးရနောက်က ပြည်သူအများစုက မားမားမတ်မတ်ရပ်ဖို့ အသင့်အနေအထား ရှိခဲ့ပါတယ်။ ဒါကို မြင်သာချင်ရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အခင်းအကျင်းကို ကြည့်ရင်မြင် ပါလိမ်မယ့် ။ 
 
 
 
အရပ်သားအစိုးရလက်ထက် နောက်ပိုင်းနှစ်တွေမှာ နေ့စဉ်ဖြစ်ပွားနေတဲ့ လုယက် သတ်ဖြတ်မှု တွေ၊ဖမ်းမိလို့ မကုန်နိုင်တဲ့ မူးယစ်ဆေးဝါးတွေ၊ယခင်လိုဘဲ အာဏစက်ပြင်းနေတဲ့ အာဏာရှင် ဟောင်း တွေ။ဒါတွေကို နေ့စဉ်တွေ့လာရတဲ့အခါ  ပြည်သူတွေ စိတ်ထဲ အကြောက်တရားပြန်ဖြစ်လာသလို   အာဏာရှင်တွေက ငါတို့ကို နှစ်ပေါက်တစ် ပေါက် ရိုက်လိုက်ပြီဆိုတဲ့ စိတ်ခံစားမှုက ဖြစ်လာခဲ့တာတွေလည်းရှိပါတယ်။ အရပ်သားအစိုးရကို လည်း တခြားသောအစိုးရများနည်းတူ အာဏာစက်ပိုပြင်းတဲ့ အဖွဲ့အစည်းတွေကို ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ် ထားနိုင်တဲ့ အစိုးရမျိုးဖြစ်စေချင်ကြပါတယ်။ 
 
 
ဒါပေမယ့် ဒါတွေ အားလုံးကို လုပ်မရအောင် တားဆီးထားမှုတွေ ရှိပါတယ်။  ဒါဟာ  ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ အရ ဘာပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဒီမိုကရေစီစနစ်စစ်စစ်ကို သွားမယ်ဆိုရင် မဖြစ်နိုင်အောင် ခက်ခဲထားတာတွေ ပိတ်ဆို့ ထားတာတွေ အများကြီး ရှိနေပါတယ်။ ဘယ်လောက်တောင် တလွဲတစ်ချော်ဖြစ်နေသလဲဆိုတာကို ဒီအချက်တွေကိုကြည့်ရင် သိနိုင်ပါ တယ်။ ယခု အမျိုးသားရေးအမည်ခံတွေက လက်ရှိ ပြည်ထောင်စုဝန်ကြီးကို နူတ်ထွက်ပေးဖို့ တောင်းဆိုတာမျိုးတွေ၊ ပမာဏ ကြီးမားတဲ့ မူးယစ်ဆေးဝါးဖမ်းမိတာတွေ၊ ရုပ်ပျက်ဆင်းပျက်နိုင်လွန်းတဲ့  အလွဲသုံးစားမှုတွေ၊ အစိုးရကို လမ်းဘေးက သာသာတွေက စော်ကားနေတာမှာ အရေးယူဖို့ ခက်ခဲနေတာတွေကိုကြည့်ရင် သိသာပါတယ်။ 
 
 
 
ဒါတွေ အားလုံးက  စဉ်းစားကြည့်ရင့် ဘာကြောင့်ဆိုတာကို တွေ့ပါလိမ့်မယ်။တစ်ချိန်တုန်းက တုပ်တုပ် မှ မလှုပ်အောင် အာဏာစက်ပြင်းတဲ့ သူတွေ/ရာထူးပါဝါရှိတဲ့သူတွေကို ဝေဖန်လို့ရ ယခု ရလား/မရလားဆိုတာကို ကြည့်ရင် သိပါလိမ့်မယ်။ဒီလိုပါဘဲ ဝေဖန်လိုရခဲ့ရင်လည်း အားနည်းချက်ကို ထောက် ပြလို့ ရမှာမဟုတ်ဘဲ ချီးမွမ်းတာတွေ အောင်မြင်တာတွေကိုသာ ရေးတာမျိုး ပြောတာမျိုးသာ ဖြစ်ပါလိမ့်မယ်။
လက်ရှိမှာ နိုင်ငံကို တည်ငြိမ်တိုးတက်အောင်လုပ်နေတဲ့နေရာမှာ ဗာဟီရတွေနဲ့ အချိန်ကုန်နေတဲ့ သူတွေ၊ ချီးကသေးကစပြီး အထအနကောက်ပြီး တရားတဘောင်လုပ်တဲ့သူတွေ ၊မင်း သားကြီး မကရရင် ပတ်မကြီးထိုး ဖောက်မယ်ဆိုတဲ့သူတွေ ၊ဗလတပြတပြနဲ့ လုပ်လိုက်ရမလားဆိုပြီး ခဏခဏခြိမ်းခြောက်တဲ့သူတွေ ၊ငါလည်းမသွားရရင် မင်းလည်းမသွားရဘူးဆိုပြီး ကန့်လန့်တိုက်နေတဲ့သူတွေ တစ်ကယ်ကော ဘယ်သူအတွက် စဉ်းစားပြီးလုပ်နေတာလဲဆိုတာ ပြည်သူတွေက စဉ်းစားနေကြပါတယ်။
 
 
 
လက်ရှိမှာ ပြန်လည်ရင်ကြားစေ့ရေးဆိုတာ ရှိသင့်ပေမယ့် ယခင်အာဏာရှင်တွေ အဲဒီဘက်ကလူတွေ ဘာလုပ်လုပ်နူတ်ဆိတ်နေရမယ့် ဆိုတဲ့ သဘောကတော့ သိပ်အလုပ်မဖြစ်သလို အခွင့်ထူးခံပေးနေသလို ဖြစ် နေခဲ့ပါတယ်။ဒါအပြင် အာဏာရပါတီရော၊အာဏာမရပါတီရော၊မျိုးချစ်ရော၊မျိုးမချစ်ရော ပြည်သူတွေဝေဖန်ရင် ပြည်သူတွေထောက်ပြရင် တရားတဘောင်လုပ်တာတွေ တရားစွဲတာတွေ ဒါတွေကို အစိုးရက မတားဆီးရင် ၊ မကာကွယ်ပေးနိုင်ရင်  ပြည်သူတွေ စိတ်ထဲ နိုင်ငံရေးမှာ အရပ်သားအစိုးရအပေါ် အားကိုးရာမဲ့စေပါတယ်။ အုပ်ချုပ်သူတွေ အာဏာပိုင်တွေကို ရွံ့မုန်းစေပါတယ်။ဒါမျိုးတွေ များ လာရင် ပြည်သူက ဖယ်ကြဉ်လာပါလိမ့်မယ်။ ဒါမျိုးဖြစ်လာအောင် ဘယ်သူကပုံဖော်နေသလဲ ဆိုတာ ရှင်းရှင်းလင်းလင်းသိသင့်ပါတယ်။ 
 
 
 
ပြည်သူနှင့်အတူဆိုတာ ကောင်းပါတယ်။ဒါပေမယ့် မူဝါဒတွေ အကောင် အထည်ဖော်မယ်ဆိုရင် ပြည်သူနဲ့အတူမရပ်တည်ခဲ့တဲ့ သူတွေကို ဘယ်လိုအရေးယူသင့်တယ်ဆိုတာကိုလည်း ၂၀၂၀ နောက်ပိုင်း အစိုးရသက်တမ်းသစ်မှာ ဦးစားပေးထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဒီလိုအရေးယူရာမှာလည်း ရင်ကြားစေ့ရေးကို အခြေခံပြီး  ယခင်လူတွေတော့ ကင်းလွတ်စေဆိုတာတော့ မဖြစ်သင့်ပါ ဘူး။ခံစရာရှိတိုင်း ပြည်သူတွေဘဲ ခံခံနေရတာ  နှစ်ပေါင်း ရာချီနေပြီ ထင်ပါတယ်။ လာမယ့် ၅ နှစ် ပြည်သူနဲ့ အတူဆိုတဲ့ အစိုးရဖြစ်ဖို့ဆိုရင်  အနည်းဆုံးတော့ ပြည်သူနဲ့ တစ်သားတည်း ရပ်တည်ကြောင်း ပြဖို့ ၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြရဲဖို့ တော့ လိုပါတယ်။
 
 
 
မောင်ဦးလွင်
 
 
( Zawgyi  )
 
 
 အလုပ္ကေန အိမ္အျပန္တိုင္း ဘူတာ႐ုံလမ္းကေနျပန္ရပါတယ္။အဲဒီေနရာေရာက္တိုင္း စိတ္ေတာ္ ေတာ္ညစ္ရပါတယ္။ ရထားလာတဲ့ အတြက္ တံခါးပိတ္ထားခ်ိန္မွာ သြားလို႔ မရတဲ့ လမ္းဘက္ကကားေတြ  ဗဟိုလမ္းေပၚကို အတင္းတိုးၿပီး ပိတ္ထားတာမ်ိဳုး ခဏခဏ ေတြ႕ရပါတယ္။အဲဒီလို အခါမ်ိဳးမွာ လမ္းဟို ဘက္ဒီဘက္ အကုန္ပိတ္ကုန္ၿပီး လိုင္းကားေတြ တကၠစီေတြ ဆိုက္ကားေတြ ဒုကၡေရာက္ကုန္ေတာ့ပါတယ္။ ကားလမ္းကို ပိတ္ထားတဲ့ ကားကေတာ့ အဲကြန္းဖြင့္ထားတဲ့ သူ႔ကားထဲမွာ  တဟီးဟီးတဟားဟားနဲ႔ သူတို႔ မဟုတ္သလို။ ကိုယ္လည္း သြားမရ ဘယ္သူမွလည္း သြားလို႔မရေအာင္လုပ္တဲ့  ေအာက္တန္းက်တဲ့ ဒီလုပ္ရက္ကို ရွက္ရေကာင္းမွန္းမသိတဲ့   ဒီလူေတြနဲ႔  ဒီလိုလုပ္ရပ္ေတြ ခဏခဏျမင္ရတဲ့အခါ ငါတို႔တိုင္းျပည္မွာ   ဒီလိုလူေတြမ်ားေနလို႔ ငါတို႔ အခုလို ေရွ႕တိုးမရ ေနာက္ဆုတ္မရ အေျခအေနျဖစ္ေနတာလားလို႔ ေတြးမိပါတယ္။
 
 
 
လက္ရွိႏိုင္ငံေရးအေျခအေနကို ဒီလိုျဖစ္နပါတယ္။ ဘာတစ္ခုမွ အားရစရာမရွိပါဘူး။ အရင္က အျပစ္က်ဴး လြန္ခဲ့သူေတြကို ခြင့္လႊတ္ေပးထားရတယ္။ခိုးထားတဲ့သူေတြရဲ႕ ခိုးရာပါပစၥည္းေတြ ကို မထိ မပါး ေအာင္ ေဘာင္ဝင္ေအာင္ လုပ္ေပးေနရတယ္။လူအခြင့္အေရးေတြ ယခင္ကထက္ ဆုံးပါးလာတယ္။မီဒီယာ ေတြလြတ္လပ္ခြင့္ ဆုံးရႈံးလာတယ္။အရပ္ဘက္အဖြဲ႕အစည္းေတြရဲ႕ အခန္းက႑ ေလ်ာ့ပါးလာတယ္။ယခင္လိုဘဲ အမ်ားစုဟာ ၾကပ္တည္းမႈေတြေအာက္မွာ လူးလိမ့္ေနရတုန္းပါဘဲ။
ဒီအေျခအေနေတြဟာ ဒီမိုကရက္တစ္ေတြကို အစိုးရတစ္ရပ္ျဖစ္လာဖို႔ မဲေပးတင္ေျမာက္ခဲ့သူေတြ လိုခ်င္တဲ့ အေျခအေန မဟုတ္ပါဘူး။ လက္ရွိမွာ ယခင္ကထက္ ပိုၿပီး လုံၿခဳံမႈ ကင္းမဲ့လာတယ္လို႔  ျပည္သူေတြ ခံစားေနရတဲ့ အခ်ိန္အခါျဖစ္ေနပါတယ္။ ႏိုင္ငံေရး ၊လူမႈေရး၊အုပ္ခ်ဳပ္ေရးဆိုင္ရာမွာ ဘယ္လိုမွ ခ်ိတ္ဆက္လုပ္ ႏိုင္ဖို႔ မလြယ္တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံနဲ႔ သြားေနတဲ့ အရပ္သားအစိုးရလက္ထက္မွာ ဘာကိုမွ အေကာင္းဘက္ကေန ေမွ်ာ္လင့္လို႔မရဘဲ သံကန္လန႔္ကာေအာက္က ေနရတဲ့ ဆိုဗီယက္ေခတ္က ႐ုရွားျပည္သူေတြ ခံစားရသလိုမ်ိဳး ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ ၅ႏွစ္သက္တမ္းမွာ စိတ္မလုံမၿခဳံမႈ ခံစားေနရတာအမွန္ပါဘဲ။
 
 
 
ဘာေၾကာင့္လဲ……။ဒီေမးခြန္းက အမ်ားစု ေမးခ်င္ၾကတဲ့ ေမးခြန္းျဖစ္ေနပါတယ္။အမွန္အတိုင္း ကြၽန္ ေတာ္တို႔ အားနာမႈေတြ ေၾကာက္႐ႊံမႈေတြကို ခြာခ်ၿပီး သုံးသပ္ၾကည့္မယ္ဆိုရင္ အေျဖက ရွင္းရွင္း ေလးပါ။ ျမန္မာႏိုင္ငံမွာ ျပ႒ာန္းထားတဲ့ အရပ္ဘက္ ဥပေဒအမ်ားစုက ျပည္သူေတြအတြက္ ေကာင္းမြန္တယ္လို႔ ဆိုလို႔ရေပမယ့္ ဒီဥပေဒေတြဟာ အသက္ဝင္မႈ နည္းပါတယ္။ ဒီအစား  ျပည္သူကို လႈပ္မရေအာင္ခ်ဳပ္ထားႏိုင္တဲ့ ဥပေဒေတြက အသက္ဝင္မႈ အား အလြန္ ေကာင္းေနပါတယ္။
 
 
 
ဒီအျဖစ္ေတြ ျမင္ေတာ့ ယေန႔ေခတ္ ေျမာက္ကိုရီး ယား၊ဆီးရီးယား စတဲ တတိယကမာၻႏိုင္ငံေတြကို သြားျမင္မိပါတယ္။ တတိယကမာၻႏိုင္ငံေတြ ျဖစ္တဲ့  အာရွ၊အာဖရိက ၊လက္တင္အေမရိက စတဲ့မဖြံၿဖိဳးေသးတဲ့ အဲဒီႏိုင္ငံေတြမွာ  လက္နက္ကိုင္အဖြဲ႕အစည္းေတြ ၊အုပ္ခ်ဳပ္သူေတြဟာ ျပည္သူေတြကို ကုပ္ခြစီးထားၿပီး ေက်းဇူး ရွင္သဖြယ္ ပေဒသရာဇ္စနစ္အတိုင္း  ျပဳမႈက်င့္ႀကံၾကပါတယ္။ဒါေပမယ့္ ျပည္သူေတြက သူတို႔ကို ဒီလိုျမင္ေန ပါတယ္လို႔ ေျပာလို႔ မရသလို ေျပာခဲ့ရင္ အသက္တစ္ေခ်ာင္းဟာ သူတို႔ အာဏာစက္ထဲမွာ လက္နက္တစ္လက္ ေလာက္ေတာင္ တန္ဖိုးမရွိပါဘူး။ဒါေပမယ့္ သူတို႔ေတြက ျပည္သူကို အၿမဲတမ္းကယ္တင္ေနတဲ့သူ ၊ျပည္သူေတြ အတြက္ ဒုကၡ ဆင္းရဲ အၿမဲခံေပး ေနရတဲ့သူ၊ သမိုင္းအရ ျပည္သူ႔အသက္အိုးအိမ္စည္းစိမ္ ေတြကို အသက္ေပး ကာကြယ္ ေစာင့္ရွာက္ရတဲ့သူအျဖစ္ ျပယုဂ္ေတြနဲ႔ မႈိင္းတိုက္ေလ့ရွိပါတယ္။ လြတ္လပ္စြာ ေျပာဆို ေရး သားႏိုင္ခြင့္၊ လြတ္လပ္စြာ ေဟာေျပာခြင့္ ဆိုတာေတြ အသာထား အာဏာရွင္ေတြ အာဏာပိုင္ေတြေရွ႕မွာ ႏွာေခ်မိရင္ ေတာင္ အသတ္ခံရမယ့္ အေျခအေနေတြပါ။ဒီအေျခအေနကို ကြၽန္ေတာ္တို႔  ႀကဳံခဲ့ရဘူးပါတယ္။ မၾကာေသးတဲ့ ဆယ္စုႏွစ္ေတြမွာပါ။ ဒါကို လက္မခံႏိုင္လို႔ အရပ္သားအစိုးရကို တင္ေျမႇာက္ခဲ့တာပါ။
 
 
 
၂၀၀၈ ဖြဲစည္းပုံအေျခခံဥပေဒေဘာင္အတြင္းက က်င္းပတဲ့ ၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲနဲ႔ ၂၀၁၅ ၊၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲေတြကို ဝင္ၿပိဳင္ၿပီး အရပ္သားအစိုးရျဖစ္လာတဲ့ NLD လက္ထက္မွာ အမ်ားစု ေမွ်ာ္မွန္းထားတာက ျပတ္သားတဲ့ ပါတီမူဝါဒေတြနဲ႔ လွ်င္ျမန္ၿပီး အဂတိတရားကင္းစင္တဲ့ အုပ္ခ်ဳပ္ေရး အာဏာစက္ အျမန္အေကာင္အထည္ေဖာ္လာလိမ့္မယ္ဆိုတဲ့ အထင္ဘဲျဖစ္ပါတယ္။ၿပီးေတာ့ အစိုးရက ေၾကာ္ျငာခဲ့တဲ့ ရင္ၾကားေစ့ေရးေၾကာင့္ အေတာ္ေလး နားလည္မႈ ရလာမယ္၊ တစ္ဖက္ကလည္း ျပည္သူကိုမ်က္ႏွာမူၿပီး ျပင္လာလိမ့္မယ္ဆိုတဲ့ အထင္ေတြ ရွိခဲ့ပါတယ္။ အထူးသျဖင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး အားေကာင္းလာမယ္ဆိုတဲ့ အယူအဆပါဘဲ။ ဒါေပမယ့္ ထင္ထားသမွ် အကုန္လြဲခဲ့ပါတယ္။ 
 
 
 
ဒီလိုပါဘဲ လႊတ္ေတာ္ထဲမွာလည္း ရႈံးနိမ့္သြားတဲ့ ပါတီကိုက အားေကာင္းတဲ့ အတိုက္အခံ ၊ျပည္သူေတြရဲ႕ အက်ိဳးစီးပြား ၾကည့္ၿပီး လႊတ္ေတာ္ထဲမွာ ခ်က္က်လက္က် ေထာက္ျပႏိုင္တဲ့ အာဏာရ ပါတီက ထိန္းခ်ဳပ္ထားတဲ့ အစိုးရအဖြဲ႕ ကို လမ္းမေခ်ာ္ေအာင္ ေထာက္ျပႏိုင္တဲ့ အတိုက္အခံျဖစ္လာလိမ္မယ္လို႔ ယူဆထား ၾကပါတယ္။ အတိုက္အခံနဲ႔  အဏာရ ပါတီၾကား ရင့္က်က္တဲ့ ယွဥ္ၿပိဳင္မႈကို ျမင္ရလိမ့္မယ္လို႔ ေမွ်ာ္မွန္းထားၾကပါတယ္။ ဒါလည္းထင္ထားသမွ် လြဲခဲ့ပါတယ္။ 
လက္ေတြ႕မွာ အရပ္သားအစိုးရသက္တမ္းတစ္ခုကေန ေနာက္သက္တမ္းတစ္ခုကိုကူးပါေတာ့မယ္။ ဒါေပမယ့္ ရင္ၾကားေစ့ေရးမွာ တစ္ဘက္အဖြဲ႕က ေပ်ာ့ေပ်ာင္းသေလာက္ တစ္ဘက္က  ပိုၿပီးတင္းတင္းမာမာ ေျပာေန ဆိုေနတာေတြ၊ မိုက္ေၾကးခြဲေနတာေတြကို ျမင္ေနရသလို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြက ပိုၿပီးသာတိုးလာခဲ့ပါတယ္။ ျပည္သူေတြ ထင္ထားသမွ် မျဖစ္လာခဲ့ပါဘူး။ တက္တက္စင္ေအာင္ လြဲခဲ့ပါတယ္။ 
 
 
 
ပြင့္ပြင့္လင္းလင္း ေျပာရရင္ အရပ္သားအစိုးရလက္ထက္မွာ အစိုးရရဲ႕ ၾသဇာအာဏာ ေလ်ာ့က် လာခဲ့ တယ္ဆိုတာ ျငင္းလို႔ မရခဲ့ပါဘူး။ ဘယ္သူက အစိုးရလဲဆိုတာကို ေဝခြဲမရႏိုင္ေအာင္ ဒီလိုစင္ၿပိဳင္သေဘာမ်ိဳး ေျပာဆိုလုပ္ ေဆာင္လာတာေတြကို  ျပည္သူက ဒီလိုလုပ္တဲ့ ျဖစ္ခ်င္တာျဖစ္ ျပတ္ျပတ္သားသား ကိုင္တြယ္ေစခ်င္ေနပါတယ္။ ဒီလိုလုပ္လာရင္လည္း အရပ္သားအစိုးရေနာက္က ျပည္သူအမ်ားစုက မားမားမတ္မတ္ရပ္ဖို႔ အသင့္အေနအထား ရွိခဲ့ပါတယ္။ ဒါကို ျမင္သာခ်င္ရင္ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲ အခင္းအက်င္းကို ၾကည့္ရင္ျမင္ ပါလိမ္မယ့္ ။ 
 
 
 
အရပ္သားအစိုးရလက္ထက္ ေနာက္ပိုင္းႏွစ္ေတြမွာ ေန႔စဥ္ျဖစ္ပြားေနတဲ့ လုယက္ သတ္ျဖတ္မႈ ေတြ၊ဖမ္းမိလို႔ မကုန္ႏိုင္တဲ့ မူးယစ္ေဆးဝါးေတြ၊ယခင္လိုဘဲ အာဏစက္ျပင္းေနတဲ့ အာဏာရွင္ ေဟာင္း ေတြ။ဒါေတြကို ေန႔စဥ္ေတြ႕လာရတဲ့အခါ  ျပည္သူေတြ စိတ္ထဲ အေၾကာက္တရားျပန္ျဖစ္လာသလို   အာဏာရွင္ေတြက ငါတို႔ကို ႏွစ္ေပါက္တစ္ ေပါက္ ႐ိုက္လိုက္ၿပီဆိုတဲ့ စိတ္ခံစားမႈက ျဖစ္လာခဲ့တာေတြလည္းရွိပါတယ္။ အရပ္သားအစိုးရကို လည္း တျခားေသာအစိုးရမ်ားနည္းတူ အာဏာစက္ပိုျပင္းတဲ့ အဖြဲ႕အစည္းေတြကို ပိုင္ပိုင္ႏိုင္ႏိုင္ကိုင္တြယ္ ထားႏိုင္တဲ့ အစိုးရမ်ိဳးျဖစ္ေစခ်င္ၾကပါတယ္။ 
 
 
ဒါေပမယ့္ ဒါေတြ အားလုံးကို လုပ္မရေအာင္ တားဆီးထားမႈေတြ ရွိပါတယ္။  ဒါဟာ  ၂၀၀၈ ဖြဲစည္းပုံအေျခခံဥပေဒ အရ ဘာပဲ။ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒက ဒီမိုကေရစီစနစ္စစ္စစ္ကို သြားမယ္ဆိုရင္ မျဖစ္ႏိုင္ေအာင္ ခက္ခဲထားတာေတြ ပိတ္ဆို႔ ထားတာေတြ အမ်ားႀကီး ရွိေနပါတယ္။ ဘယ္ေလာက္ေတာင္ တလြဲတစ္ေခ်ာ္ျဖစ္ေနသလဲဆိုတာကို ဒီအခ်က္ေတြကိုၾကည့္ရင္ သိႏိုင္ပါ တယ္။ ယခု အမ်ိဳးသားေရးအမည္ခံေတြက လက္ရွိ ျပည္ေထာင္စုဝန္ႀကီးကို ႏူတ္ထြက္ေပးဖို႔ ေတာင္းဆိုတာမ်ိဳးေတြ၊ ပမာဏ ႀကီးမားတဲ့ မူးယစ္ေဆးဝါးဖမ္းမိတာေတြ၊ ႐ုပ္ပ်က္ဆင္းပ်က္ႏိုင္လြန္းတဲ့  အလြဲသုံးစားမႈေတြ၊ အစိုးရကို လမ္းေဘးက သာသာေတြက ေစာ္ကားေနတာမွာ အေရးယူဖို႔ ခက္ခဲေနတာေတြကိုၾကည့္ရင္ သိသာပါတယ္။ 
 
 
 
ဒါေတြ အားလုံးက  စဥ္းစားၾကည့္ရင့္ ဘာေၾကာင့္ဆိုတာကို ေတြ႕ပါလိမ့္မယ္။တစ္ခ်ိန္တုန္းက တုပ္တုပ္ မွ မလႈပ္ေအာင္ အာဏာစက္ျပင္းတဲ့ သူေတြ/ရာထူးပါဝါရွိတဲ့သူေတြကို ေဝဖန္လို႔ရ ယခု ရလား/မရလားဆိုတာကို ၾကည့္ရင္ သိပါလိမ့္မယ္။ဒီလိုပါဘဲ ေဝဖန္လိုရခဲ့ရင္လည္း အားနည္းခ်က္ကို ေထာက္ ျပလို႔ ရမွာမဟုတ္ဘဲ ခ်ီးမြမ္းတာေတြ ေအာင္ျမင္တာေတြကိုသာ ေရးတာမ်ိဳး ေျပာတာမ်ိဳးသာ ျဖစ္ပါလိမ့္မယ္။
လက္ရွိမွာ ႏိုင္ငံကို တည္ၿငိမ္တိုးတက္ေအာင္လုပ္ေနတဲ့ေနရာမွာ ဗာဟီရေတြနဲ႔ အခ်ိန္ကုန္ေနတဲ့ သူေတြ၊ ခ်ီးကေသးကစၿပီး အထအနေကာက္ၿပီး တရားတေဘာင္လုပ္တဲ့သူေတြ ၊မင္း သားႀကီး မကရရင္ ပတ္မႀကီးထိုး ေဖာက္မယ္ဆိုတဲ့သူေတြ ၊ဗလတျပတျပနဲ႔ လုပ္လိုက္ရမလားဆိုၿပီး ခဏခဏၿခိမ္းေျခာက္တဲ့သူေတြ ၊ငါလည္းမသြားရရင္ မင္းလည္းမသြားရဘူးဆိုၿပီး ကန႔္လန႔္တိုက္ေနတဲ့သူေတြ တစ္ကယ္ေကာ ဘယ္သူအတြက္ စဥ္းစားၿပီးလုပ္ေနတာလဲဆိုတာ ျပည္သူေတြက စဥ္းစားေနၾကပါတယ္။
 
 
 
လက္ရွိမွာ ျပန္လည္ရင္ၾကားေစ့ေရးဆိုတာ ရွိသင့္ေပမယ့္ ယခင္အာဏာရွင္ေတြ အဲဒီဘက္ကလူေတြ ဘာလုပ္လုပ္ႏူတ္ဆိတ္ေနရမယ့္ ဆိုတဲ့ သေဘာကေတာ့ သိပ္အလုပ္မျဖစ္သလို အခြင့္ထူးခံေပးေနသလို ျဖစ္ ေနခဲ့ပါတယ္။ဒါအျပင္ အာဏာရပါတီေရာ၊အာဏာမရပါတီေရာ၊မ်ိဳးခ်စ္ေရာ၊မ်ိဳးမခ်စ္ေရာ ျပည္သူေတြေဝဖန္ရင္ ျပည္သူေတြေထာက္ျပရင္ တရားတေဘာင္လုပ္တာေတြ တရားစြဲတာေတြ ဒါေတြကို အစိုးရက မတားဆီးရင္ ၊ မကာကြယ္ေပးႏိုင္ရင္  ျပည္သူေတြ စိတ္ထဲ ႏိုင္ငံေရးမွာ အရပ္သားအစိုးရအေပၚ အားကိုးရာမဲ့ေစပါတယ္။ အုပ္ခ်ဳပ္သူေတြ အာဏာပိုင္ေတြကို ႐ြံ႕မုန္းေစပါတယ္။ဒါမ်ိဳးေတြ မ်ား လာရင္ ျပည္သူက ဖယ္ၾကဥ္လာပါလိမ့္မယ္။ ဒါမ်ိဳးျဖစ္လာေအာင္ ဘယ္သူကပုံေဖာ္ေနသလဲ ဆိုတာ ရွင္းရွင္းလင္းလင္းသိသင့္ပါတယ္။ 
 
 
 
ျပည္သူႏွင့္အတူဆိုတာ ေကာင္းပါတယ္။ဒါေပမယ့္ မူဝါဒေတြ အေကာင္ အထည္ေဖာ္မယ္ဆိုရင္ ျပည္သူနဲ႔အတူမရပ္တည္ခဲ့တဲ့ သူေတြကို ဘယ္လိုအေရးယူသင့္တယ္ဆိုတာကိုလည္း ၂၀၂၀ ေနာက္ပိုင္း အစိုးရသက္တမ္းသစ္မွာ ဦးစားေပးထည့္သြင္းစဥ္းစားရေတာ့မွာ ျဖစ္ပါတယ္။ ဒီလိုအေရးယူရာမွာလည္း ရင္ၾကားေစ့ေရးကို အေျခခံၿပီး  ယခင္လူေတြေတာ့ ကင္းလြတ္ေစဆိုတာေတာ့ မျဖစ္သင့္ပါ ဘူး။ခံစရာရွိတိုင္း ျပည္သူေတြဘဲ ခံခံေနရတာ  ႏွစ္ေပါင္း ရာခ်ီေနၿပီ ထင္ပါတယ္။ လာမယ့္ ၅ ႏွစ္ ျပည္သူနဲ႔ အတူဆိုတဲ့ အစိုးရျဖစ္ဖို႔ဆိုရင္  အနည္းဆုံးေတာ့ ျပည္သူနဲ႔ တစ္သားတည္း ရပ္တည္ေၾကာင္း ျပဖို႔ ၊ လုပ္သင့္လုပ္ထိုက္တာကို လုပ္ျပရဲဖို႔ ေတာ့ လိုပါတယ္။
 
 
 
ေမာင္ဦးလြင္