【 ဆောင်းပါး 】“သမ္မတကြီးသိပါစေ”

【 ဆောင်းပါး 】“သမ္မတကြီးသိပါစေ”

သမ္မတကြီး ဦးထင်ကျော် နေရာကို ဦးဝင်းမြင့် ဆက်ခံမယ်ဆိုတော့ ရွှေဘ လာပြီဆိုပြီး ဝမ်းသာအားရ ကြိုဆိုခဲ့သူတွေ ရှိခဲ့ပါတယ်။တကယ်တော့ ပြည်သူတွေဟာ တည်ငြိမ်အေးဆေးတဲ့ သမ္မတကြီး ဦးထင်ကျော် ကို အလွန်ချစ်ခင် လေးစားကြပါတယ်။ဒါကြောင့် ဦးထင်ကျော် သမ္မတရာထူးက နှုတ်ထွက်တော့မယ်ဆိုတော့ စိတ်မကောင်းဖြစ်ကြတဲ့ စိတ်ကိုကုစားတဲ့အနေနဲ့ ဦးဝင်းမြင့် ကို လက်ရှိအခြေအနေတွေအပေါ် ထိထိရောက်ရောက် ဖြေရှင်းမယ့် သမ္မတအဖြစ် ရွှေဘ လာပြီလို့ အားတင်းလိုက်ကြတာပါ။
    

အခုခေတ် ကလေးတွေကတော့ ရွှေဘ လို့ တင်စားလိုက်တဲ့ အဓိပ္ပာယ်ကို သိကြမယ် မဟုတ်ပါဘူး။အသက် ၅၀ ကျော် အရွယ်တွေကစပြီး ၆၀ ကျော်နဲ့ အထက်ပိုင်းအရွယ် ရောက်နေသူတွေကတော့ ရွှေဘ လို့ တင်စားလိုက်တာကို ကောင်းကောင်းနားလည်ကြပါတယ်။၁၉၆၀ - ၁၉၈၀ ဝန်းကျင်တုန်းက ရုပ်ရှင်ပရိတ်သတ်ရဲ့ အသည်းကျော် မင်းသားတွေထဲမှာ ရွှေဘ ပါခဲ့ပါတယ်။ရွှေဘ ဟာ မတရားမှုကို တွန်းလှန်ရတဲ့ ဇာတ်ရုပ်၊ မတရားသူတွေကို နှိမ်နင်းရတဲ့ ဇာတ်ရုပ်အဖြစ် အတိုက်အခိုက် အသတ်အပုတ် ဇာတ်လမ်းအမျိုးမျိုးမှာ အဓိကမင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ရုပ်ရှင်ဇာတ်လမ်း ထုံးစံအရ ရွှေဘ ဟာ ပထမပိုင်းမှာ မတရားတာပြုကျင့်ခံရသူ၊ ဆိုးသွမ်းသူတွေ ငွေရှင်ကြေးရှင်တွေက နှိပ်စက်ညှဉ်းပန်းတာကို ခံရသူအဖြစ် သရုပ်ဆောင်ရပါတယ်။ထိုးကြိတ်ခန်းတွေမှာ ရွှေဘ ရှုံးနေပြီ ရွှေဘ ခံနေရပြီဆိုရင် သူ့ကိုချစ်တဲ့ ပရိတ်သတ်က ရုပ်ရှင်ပိတ်ကားကို ခဲနဲ့ပစ်တာတို့ ဒီဇာတ်ကားကို ဆက်မပြနဲ့ အော်ဟစ်ဆူပူကြတဲ့ အဖြစ်မျိုး နယ်ရုပ်ရှင်ရုံတွေမှာ ဖြစ်ခဲ့ဖူးပါတယ်။ရုပ်ရှင်ပြတာကို ခဏရပ်ပြီး ရုပ်ရှင်ရုံမန်နေဂျာက “ပရိသတ်ကြီးခင်ဗျား ရွှေဘ ခဏပဲရှုံးတာပါ။ပြန်နိုင်မှာပါ ခင်ဗျာ” လို့ ထွက်ပြောရပါတယ်။ဒီတော့မှ ပရိသတ်က ရုပ်ရှင်ဆက်ကြည့်ပါတယ်။အဲ ရွှေဘ ပြန်နိုင်တဲ့ အခန်းလဲရောက်ရော လက်ခုပ်တွေတီး ဒါမှ ရွှေဘ ကွ အော်သူကအော်ကြနဲ့ ကျေနပ်သွားကြပါတယ်။
    

အခုလဲ ပြည်သူတွေဟာ မတရားမှုအပေါင်းကို ခံလာကြရတာ ကြာခဲ့ပါပြီ။၂၀၁၆ ရောက်မှ အရပ်သားအစိုးရ စစ်စစ်ကို ပထမဆုံးအကြိမ်အဖြစ် ရခဲ့ကြပါတယ်။ဒါပေမဲ့ တရားစီရင်မှု မဏ္ဍိုင်ကလည်း တိမ်းစောင်းနေ၊ တရားဥပဒေ စိုးမိုးရေးကလဲ မရှိသေးတာကြောင့် ရွှေဘ လာပြီ တနည်းအားဖြင့် ပြတ်ပြတ်သားသား ရှင်းလင်းမယ့်သူ လာပြီဆိုတဲ့ အသံကြားရတော့ အားတက်သွားကြပါတယ်။သမ္မတကြီး ဦးဝင်းမြင့် ကလဲ ပထမဆုံး တိုင်းပြည်ကိုပြောတဲ့ မိန့်ခွန်းမှာ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောသွားပေတာကိုး။
    

မိန့်ခွန်းပြောပြီး အတန်ကြာတိတ်နေတဲ့ သမ္မတကြီးဟာ ဇူလိုင်လထဲမှာ ရှမ်းပြည်နယ်ဘက်ကိုသွားပြီး အာဏာပိုင်တွေ ဒေသခံတွေနဲ့ တွေ့ဆုံပါတယ်။ဇူလိုင် ၂၈ ရက်နေ့မှာ ပဲခူးအာဏာပိုင်တွေနဲ့ တွေ့ဆုံပါတယ်။၂၈ ရက်နေ့မှာ ရန်ကုန်အာဏာပိုင် သုံးဖွဲ့နဲ့တွေ့ပြီး အဲဒီပွဲမှာပဲ အောင်ရဲထွေး အသတ်ခံရမှုကို ပြန်စစ်ဆေးဖို့ ပြောခဲ့ပါတယ်။ပြည်သူတွေက ဒါမှ သမ္မတကြီးလို့ သြဘာပေးသံတွေ ညံထွက်ခဲ့ပါတယ်။ဒီအမှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့လဲ ပါဝင်စစ်ဆေးပေးခဲ့ပါတယ်။မကြာမီ ရန်ကုန်တိုင်း ဥပဒေချုပ် အပါအဝင် တခြားအရာရှိ ၅ ဦးကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့် အရေးယူတာ ခံရပါတယ်။လူထုက အလွန်ကျေနပ်ကြပေမယ့် တရားရေးလောကမှာ ငွေပေးရတယ်ဆိုတာ အစဉ်အလာတစ်ခုလို ဖြစ်နေတာကြောင့် ဒီလောကထဲ တာဝန်ယူလုပ်ကိုင်နေသူ အများစုက ကြိုက်ကြမယ် မဟုတ်ပါဘူး။ဒါပေမဲ့ တိုင်းပြည်နဲ့ လူမျိုး ကောင်းဖို့ မတရားမှုနည်းပါးတဲ့ နေချင့်စဖွယ် လူ့ဘောင်ဝန်းကျင်ဖြစ်ဖို့ မတရားမှု မကောင်းမှုတွေကို ဆက်တိုက်ဖျက်သွားရမှာသာ ဖြစ်ပါတယ်။
    

ဦးဟန်ထူး တို့လို အရေးယူခံရမယ့်သူတွေ ထပ်ထွက်ပေါ်လာအုံးမယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ပြောခဲ့ပါတယ်။တိုင်စာတွေထဲမှာ ရဲတပ်ဖွဲ့နဲ့ ပတ်သက်တဲ့ တိုင်စာတွေက အများဆုံးဖြစ်တယ်လို့ မွန်ပြည်နယ်က လွှတ်တော်အမတ် တစ်ယောက်က ပြောခဲ့ပါတယ်။ဒါပေမဲ့ တပ်မတော်သားတွေကိုတော့ အဂတိတိုက်ဖျက်ရေးအဖွဲ့က စစ်ဆေးခွင့်မရှိပါဘူး။ဦးဟန်ထူး တို့ အမှုကို ရုံးတင်စစ်တဲ့နေ့က တရားခံအားလုံး ဦးထုပ်တွေကို ရှေ့ငိုက်ပြီး ဆောင်းထားကြပါတယ်။
နောက်လိုက်နောက်ပါတွေက ထီးတွေဆောင်းပေးပြီး မျက်နှာကိုမမြင်နိုင်အောင် မီဒီယာတွေက ဓာတ်ပုံရိုက်မယူနိုင်အောင် ဖန်တီးခဲ့ကြပါတယ်။
    

လှည်းကူးက မကရင်မ အမှုတုန်းကလဲ ဒီလိုပါပဲ။တရားခံလို့ သံသယရှိခံရတဲ့ ဥပဒေအရာရှိဟာ မျက်နှာကို ဖုံးအုပ်ပြီး ထွက်လာပါတယ်။တရားခွင်တွေကို တရားခံအသီးသီးဟာ အမှုအမျိုးမျိုးနဲ့ ထွက်ခဲ့ကြရတာပါ။ရာထူးကြီးမားသူတွေထဲက ပထမဆုံး လက်ထိပ်နဲ့ ထွက်လာရသူက အက်ဖ်ဒီအေက ညွှန်ချုပ်ပါ။သူက သတ္တိမကြောင်ပါဘူး။မျက်နှာကို ဘာနဲ့မှဖုံးကွယ်မထားဘဲ ထွက်လာရင်ဆိုင်ပါတယ်။အမှုသည်ပေါင်း များစွာထဲမှ မကရင်မ အမှုက တရားခံလို့ သံသယရှိခံရတဲ့ ဥပဒေအရာရှိ အမျိုးသမီးနဲ့ ဦးဟန်ထူး တို့ အဖွဲ့သာ မျက်နှာတွေကို အမျိုးမျိုးဖုံးအုပ်၊ ဘေးကဝန်းရံသူတွေက ထီးဆောင်းကာကွယ်ပေး လုပ်ကြတာဟာ ရဲရဲရင့်ရင့် ထွက်ရင်ဆိုင်ကြတဲ့ တရားခံတွေထက် အခွင့်ထူးခံစားနေရတာသာ ဖြစ်ပါတယ်။ဥပဒေရဲ့ အထက်မှာ ပါးပါးလေး လက်တလုံးခြား လုပ်နေတာလဲ ဖြစ်ပါတယ်။မတရားမှု မကောင်းမှုကို လုပ်တုန်းက လုပ်ခဲ့ပြီး ခံရတဲ့အချိန်ကြမှ ရှက်ကြတာ ရင်မဆိုင်ရဲကြတာဟာ သတ္တိကြောင်ခြင်း တစ်မျိုးပါပဲ။
    

သမ္မတကြီးဟာ ပြောပြီးတဲ့စကားကို တည်အောင် လုပ်ရပါတော့မယ်။ဦးဟန်ထူး နဲ့ အပေါင်းအပါတို့ရဲ့ အမှု မကရင်မ အမှုတွေမှာ တရားခံကို ဘေးကဝန်းရံသူတွေက သူတို့ကို မီဒီယာက ဓာတ်ပုံရိုက်မယူနိုင်စေဖို့ အကာကွယ်ပေးခွင့် ရှိပါသလား။ဒါဟာ အသေးအဖွဲဖြစ်ခဲ့ရင်တောင် တရားခံတွေရဲ့ ခံစားခွင့် တပြေးညီဖြစ်ဖို့ သမ္မတကြီး သက်ဆိုင်ရာကို ညွှန်ကြားသင့်ပါတယ်။တချို့က တရားစီရင်ရေးမှာ ဝင်ရောက်စွက်ဖက်တယ်လို့ ရမယ်ရှာ ပြောလာကြသူတွေ ရှိလာကြမှာပါ။ဒါပေမဲ့ သမ္မတကြီးအနေနဲ့ တခြား မျက်နှာမွဲတရားခံတွေနဲ့ မျက်နှာကြီးတရားခံတွေရဲ့ တရားခွင်ထွက်လာချိန် ခံစားခွင့်တူညီမှုကို ပေးရမယ့် နိုင်ငံရဲ့ အမြင့်ဆုံးတာဝန် ယူထားသူပါ။အမှုရင်ဆိုင်ဖို့ ထွက်လာတဲ့အခါ မျက်နှာကို ဖုံးကွယ်တာ၊ ဘေးကလူတချို့က ပါဝင်ဖုံးကွယ်ပေးတာတွေကို ဟန့်တားပယ်ဖျက်ပေးသင့်ပါပြီ။
    

၆.၁၀.၂၀၁၆ မှာ သမ္မတကြီး မကွေးမြို့ကို သွားရောက်ပြီး အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ ဆုံခဲ့ပါတယ်။တွေ့ဆုံပွဲမှာ သမ္မတကြီးက အဂတိတိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပါတယ်။အဂတိတိုက်ဖျက်ရေးမှာ သမ္မတကြီးက ရှေ့ဆက်ဖို့ ပြင်ဆင်နေတုန်း နောက်ပြန်ဆွဲနေတဲ့ ဖြစ်ရပ်တွေ ရှိခဲ့တယ်ဆိုတာ သတိမူပါလို့ ပန်ကြားချင်ပါတယ်။အောက်တိုဘာ ၇ ရက်ထုတ် မြန်မာတိုင်မ်းသတင်းစာမှာ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်က လယ် - ဆည် ဝန်ကြီးဌာနက စိုက်ကွင်းမှူးတစ်ယောက်ဟာ ဌာနပိုင်စိုက်ပျိုးမြေ ဧက ၉၀ ကို အလွဲသုံးစားပြုပြီး တစ်ဧက ၂၅ သိန်းနှုန်းနဲ့ ရောင်းစားခဲ့တယ်။တာဝန်သိသူတစ်ဦးက ဦးသိန်းစိန် လက်ထက်မှာ ၃ ကြိမ်၊ ဦးထင်ကျော် လက်ထက်မှာ ၃ ကြိမ် နဲ့ ဦးဝင်းမြင့် လက်ထက်မှာ တစ်ကြိမ် တိုင်ကြားခဲ့ပါသတဲ့။ဒါပေမဲ့ ဌာနဆိုင်ရာက ဌာနတွင်း စစ်ဆေးမှု (PE) ၊ ဌာနဆိုင်ရာစစ်ဆေးမှု (DE) ဝင်တယ်။စစ်ဆေးခံရသူတွေကလဲ အမှန်အတိုင်း ဘယ်သူက ဘယ်သူ့ထံက ငွေဘယ်လောက် သွားယူျပးခဲ့ရပါတယ်လို့ ထွက်ဆိုကြတယ်။ဒါပေမဲ့ ဒီစိုက်ကွင်းမှူးဟာ ဒီနေ့ထိ အရေးယူမခံရပါဘူးတဲ့။သက်ဆိုင်ရာ ဌာနကို မီဒီယာတွေက ဖုန်းဆက်တော့လဲ ဖုန်းမကိုင်ပါဘူးတဲ့။
    

ဒီလို ဖြစ်ရပ်မျိုးမှာတော့ စိုက်ကွင်းမှူး နောက်မှာ အလွန်အင်အားကြီးမားသူ ရှိနေပါပြီ။ဒါကြောင့် သမ္မတ သုံးဆက်စလုံးကို တိုင်ကြားတာတောင် ခုထိအရေးယူမခံတာဖြစ်ဖို့ သေချာသလောက်ပါ။သမ္မတကြီးအနေနဲ့ အဂတိတိုက်ဖျက်ရေးအတွက် ရှေ့သို့ အရှိန်အဟုန်နဲ့ ချီတက်နေတုန်း ဌာနတွင်းက အဂတိလိုက်စားမှုတွေမှာ ရုပ်လုံးထွက်ပြရသူတွေကို ကာကွယ်ပေးတဲ့ ထီးမိုးပေးနေတဲ့ အတွင်းလက်သည် ငါးကြီးကြီးများ ရှိနေကြကြောင်း သိစေချင်ပါတယ်။
                                            

ခင်နှင်းဦး
အောက်တိုဘာ - ၁၀

( Zawgyi )

သမၼတႀကီး ဦးထင္ေက်ာ္ ေနရာကို ဦးဝင္းျမင့္ ဆက္ခံမယ္ဆိုေတာ့ ေ႐ႊဘ လာၿပီဆိုၿပီး ဝမ္းသာအားရ ႀကိဳဆိုခဲ့သူေတြ ရွိခဲ့ပါတယ္။တကယ္ေတာ့ ျပည္သူေတြဟာ တည္ၿငိမ္ေအးေဆးတဲ့ သမၼတႀကီး ဦးထင္ေက်ာ္ ကို အလြန္ခ်စ္ခင္ ေလးစားၾကပါတယ္။ဒါေၾကာင့္ ဦးထင္ေက်ာ္ သမၼတရာထူးက ႏႈတ္ထြက္ေတာ့မယ္ဆိုေတာ့ စိတ္မေကာင္းျဖစ္ၾကတဲ့ စိတ္ကိုကုစားတဲ့အေနနဲ႔ ဦးဝင္းျမင့္ ကို လက္ရွိအေျခအေနေတြအေပၚ ထိထိေရာက္ေရာက္ ေျဖရွင္းမယ့္ သမၼတအျဖစ္ ေ႐ႊဘ လာၿပီလို႔ အားတင္းလိုက္ၾကတာပါ။
    

အခုေခတ္ ကေလးေတြကေတာ့ ေ႐ႊဘ လို႔ တင္စားလိုက္တဲ့ အဓိပၸာယ္ကို သိၾကမယ္ မဟုတ္ပါဘူး။အသက္ ၅၀ ေက်ာ္ အ႐ြယ္ေတြကစၿပီး ၆၀ ေက်ာ္နဲ႔ အထက္ပိုင္းအ႐ြယ္ ေရာက္ေနသူေတြကေတာ့ ေ႐ႊဘ လို႔ တင္စားလိုက္တာကို ေကာင္းေကာင္းနားလည္ၾကပါတယ္။၁၉၆၀ - ၁၉၈၀ ဝန္းက်င္တုန္းက ႐ုပ္ရွင္ပရိတ္သတ္ရဲ႕ အသည္းေက်ာ္ မင္းသားေတြထဲမွာ ေ႐ႊဘ ပါခဲ့ပါတယ္။ေ႐ႊဘ ဟာ မတရားမႈကို တြန္းလွန္ရတဲ့ ဇာတ္႐ုပ္၊ မတရားသူေတြကို ႏွိမ္နင္းရတဲ့ ဇာတ္႐ုပ္အျဖစ္ အတိုက္အခိုက္ အသတ္အပုတ္ ဇာတ္လမ္းအမ်ိဳးမ်ိဳးမွာ အဓိကမင္းသားအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သူပါ။႐ုပ္ရွင္ဇာတ္လမ္း ထုံးစံအရ ေ႐ႊဘ ဟာ ပထမပိုင္းမွာ မတရားတာျပဳက်င့္ခံရသူ၊ ဆိုးသြမ္းသူေတြ ေငြရွင္ေၾကးရွင္ေတြက ႏွိပ္စက္ညႇဥ္းပန္းတာကို ခံရသူအျဖစ္ သ႐ုပ္ေဆာင္ရပါတယ္။ထိုးႀကိတ္ခန္းေတြမွာ ေ႐ႊဘ ရႈံးေနၿပီ ေ႐ႊဘ ခံေနရၿပီဆိုရင္ သူ႔ကိုခ်စ္တဲ့ ပရိတ္သတ္က ႐ုပ္ရွင္ပိတ္ကားကို ခဲနဲ႔ပစ္တာတို႔ ဒီဇာတ္ကားကို ဆက္မျပနဲ႔ ေအာ္ဟစ္ဆူပူၾကတဲ့ အျဖစ္မ်ိဳး နယ္႐ုပ္ရွင္႐ုံေတြမွာ ျဖစ္ခဲ့ဖူးပါတယ္။႐ုပ္ရွင္ျပတာကို ခဏရပ္ၿပီး ႐ုပ္ရွင္႐ုံမန္ေနဂ်ာက “ပရိသတ္ႀကီးခင္ဗ်ား ေ႐ႊဘ ခဏပဲရႈံးတာပါ။ျပန္ႏိုင္မွာပါ ခင္ဗ်ာ” လို႔ ထြက္ေျပာရပါတယ္။ဒီေတာ့မွ ပရိသတ္က ႐ုပ္ရွင္ဆက္ၾကည့္ပါတယ္။အဲ ေ႐ႊဘ ျပန္ႏိုင္တဲ့ အခန္းလဲေရာက္ေရာ လက္ခုပ္ေတြတီး ဒါမွ ေ႐ႊဘ ကြ ေအာ္သူကေအာ္ၾကနဲ႔ ေက်နပ္သြားၾကပါတယ္။
    

အခုလဲ ျပည္သူေတြဟာ မတရားမႈအေပါင္းကို ခံလာၾကရတာ ၾကာခဲ့ပါၿပီ။၂၀၁၆ ေရာက္မွ အရပ္သားအစိုးရ စစ္စစ္ကို ပထမဆုံးအႀကိမ္အျဖစ္ ရခဲ့ၾကပါတယ္။ဒါေပမဲ့ တရားစီရင္မႈ မ႑ိဳင္ကလည္း တိမ္းေစာင္းေန၊ တရားဥပေဒ စိုးမိုးေရးကလဲ မရွိေသးတာေၾကာင့္ ေ႐ႊဘ လာၿပီ တနည္းအားျဖင့္ ျပတ္ျပတ္သားသား ရွင္းလင္းမယ့္သူ လာၿပီဆိုတဲ့ အသံၾကားရေတာ့ အားတက္သြားၾကပါတယ္။သမၼတႀကီး ဦးဝင္းျမင့္ ကလဲ ပထမဆုံး တိုင္းျပည္ကိုေျပာတဲ့ မိန႔္ခြန္းမွာ ဒီျပႆနာေတြကို ကိုင္တြယ္ေျဖရွင္းမယ္လို႔ ေျပာသြားေပတာကိုး။
    

မိန႔္ခြန္းေျပာၿပီး အတန္ၾကာတိတ္ေနတဲ့ သမၼတႀကီးဟာ ဇူလိုင္လထဲမွာ ရွမ္းျပည္နယ္ဘက္ကိုသြားၿပီး အာဏာပိုင္ေတြ ေဒသခံေတြနဲ႔ ေတြ႕ဆုံပါတယ္။ဇူလိုင္ ၂၈ ရက္ေန႔မွာ ပဲခူးအာဏာပိုင္ေတြနဲ႔ ေတြ႕ဆုံပါတယ္။၂၈ ရက္ေန႔မွာ ရန္ကုန္အာဏာပိုင္ သုံးဖြဲ႕နဲ႔ေတြ႕ၿပီး အဲဒီပြဲမွာပဲ ေအာင္ရဲေထြး အသတ္ခံရမႈကို ျပန္စစ္ေဆးဖို႔ ေျပာခဲ့ပါတယ္။ျပည္သူေတြက ဒါမွ သမၼတႀကီးလို႔ ၾသဘာေပးသံေတြ ညံထြက္ခဲ့ပါတယ္။ဒီအမႈနဲ႔ ပတ္သက္ၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး အဖြဲ႕လဲ ပါဝင္စစ္ေဆးေပးခဲ့ပါတယ္။မၾကာမီ ရန္ကုန္တိုင္း ဥပေဒခ်ဳပ္ အပါအဝင္ တျခားအရာရွိ ၅ ဦးကို အဂတိလိုက္စားမႈနဲ႔ အမႈဖြင့္ အေရးယူတာ ခံရပါတယ္။လူထုက အလြန္ေက်နပ္ၾကေပမယ့္ တရားေရးေလာကမွာ ေငြေပးရတယ္ဆိုတာ အစဥ္အလာတစ္ခုလို ျဖစ္ေနတာေၾကာင့္ ဒီေလာကထဲ တာဝန္ယူလုပ္ကိုင္ေနသူ အမ်ားစုက ႀကိဳက္ၾကမယ္ မဟုတ္ပါဘူး။ဒါေပမဲ့ တိုင္းျပည္နဲ႔ လူမ်ိဳး ေကာင္းဖို႔ မတရားမႈနည္းပါးတဲ့ ေနခ်င့္စဖြယ္ လူ႔ေဘာင္ဝန္းက်င္ျဖစ္ဖို႔ မတရားမႈ မေကာင္းမႈေတြကို ဆက္တိုက္ဖ်က္သြားရမွာသာ ျဖစ္ပါတယ္။
    

ဦးဟန္ထူး တို႔လို အေရးယူခံရမယ့္သူေတြ ထပ္ထြက္ေပၚလာအုံးမယ္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးအဖြဲ႕က ေျပာခဲ့ပါတယ္။တိုင္စာေတြထဲမွာ ရဲတပ္ဖြဲ႕နဲ႔ ပတ္သက္တဲ့ တိုင္စာေတြက အမ်ားဆုံးျဖစ္တယ္လို႔ မြန္ျပည္နယ္က လႊတ္ေတာ္အမတ္ တစ္ေယာက္က ေျပာခဲ့ပါတယ္။ဒါေပမဲ့ တပ္မေတာ္သားေတြကိုေတာ့ အဂတိတိုက္ဖ်က္ေရးအဖြဲ႕က စစ္ေဆးခြင့္မရွိပါဘူး။ဦးဟန္ထူး တို႔ အမႈကို ႐ုံးတင္စစ္တဲ့ေန႔က တရားခံအားလုံး ဦးထုပ္ေတြကို ေရွ႕ငိုက္ၿပီး ေဆာင္းထားၾကပါတယ္။
ေနာက္လိုက္ေနာက္ပါေတြက ထီးေတြေဆာင္းေပးၿပီး မ်က္ႏွာကိုမျမင္ႏိုင္ေအာင္ မီဒီယာေတြက ဓာတ္ပုံ႐ိုက္မယူႏိုင္ေအာင္ ဖန္တီးခဲ့ၾကပါတယ္။
    

လွည္းကူးက မကရင္မ အမႈတုန္းကလဲ ဒီလိုပါပဲ။တရားခံလို႔ သံသယရွိခံရတဲ့ ဥပေဒအရာရွိဟာ မ်က္ႏွာကို ဖုံးအုပ္ၿပီး ထြက္လာပါတယ္။တရားခြင္ေတြကို တရားခံအသီးသီးဟာ အမႈအမ်ိဳးမ်ိဳးနဲ႔ ထြက္ခဲ့ၾကရတာပါ။ရာထူးႀကီးမားသူေတြထဲက ပထမဆုံး လက္ထိပ္နဲ႔ ထြက္လာရသူက အက္ဖ္ဒီေအက ၫႊန္ခ်ဳပ္ပါ။သူက သတၱိမေၾကာင္ပါဘူး။မ်က္ႏွာကို ဘာနဲ႔မွဖုံးကြယ္မထားဘဲ ထြက္လာရင္ဆိုင္ပါတယ္။အမႈသည္ေပါင္း မ်ားစြာထဲမွ မကရင္မ အမႈက တရားခံလို႔ သံသယရွိခံရတဲ့ ဥပေဒအရာရွိ အမ်ိဳးသမီးနဲ႔ ဦးဟန္ထူး တို႔ အဖြဲ႕သာ မ်က္ႏွာေတြကို အမ်ိဳးမ်ိဳးဖုံးအုပ္၊ ေဘးကဝန္းရံသူေတြက ထီးေဆာင္းကာကြယ္ေပး လုပ္ၾကတာဟာ ရဲရဲရင့္ရင့္ ထြက္ရင္ဆိုင္ၾကတဲ့ တရားခံေတြထက္ အခြင့္ထူးခံစားေနရတာသာ ျဖစ္ပါတယ္။ဥပေဒရဲ႕ အထက္မွာ ပါးပါးေလး လက္တလုံးျခား လုပ္ေနတာလဲ ျဖစ္ပါတယ္။မတရားမႈ မေကာင္းမႈကို လုပ္တုန္းက လုပ္ခဲ့ၿပီး ခံရတဲ့အခ်ိန္ၾကမွ ရွက္ၾကတာ ရင္မဆိုင္ရဲၾကတာဟာ သတၱိေၾကာင္ျခင္း တစ္မ်ိဳးပါပဲ။
    

သမၼတႀကီးဟာ ေျပာၿပီးတဲ့စကားကို တည္ေအာင္ လုပ္ရပါေတာ့မယ္။ဦးဟန္ထူး နဲ႔ အေပါင္းအပါတို႔ရဲ႕ အမႈ မကရင္မ အမႈေတြမွာ တရားခံကို ေဘးကဝန္းရံသူေတြက သူတို႔ကို မီဒီယာက ဓာတ္ပုံ႐ိုက္မယူႏိုင္ေစဖို႔ အကာကြယ္ေပးခြင့္ ရွိပါသလား။ဒါဟာ အေသးအဖြဲျဖစ္ခဲ့ရင္ေတာင္ တရားခံေတြရဲ႕ ခံစားခြင့္ တေျပးညီျဖစ္ဖို႔ သမၼတႀကီး သက္ဆိုင္ရာကို ၫႊန္ၾကားသင့္ပါတယ္။တခ်ိဳ႕က တရားစီရင္ေရးမွာ ဝင္ေရာက္စြက္ဖက္တယ္လို႔ ရမယ္ရွာ ေျပာလာၾကသူေတြ ရွိလာၾကမွာပါ။ဒါေပမဲ့ သမၼတႀကီးအေနနဲ႔ တျခား မ်က္ႏွာမြဲတရားခံေတြနဲ႔ မ်က္ႏွာႀကီးတရားခံေတြရဲ႕ တရားခြင္ထြက္လာခ်ိန္ ခံစားခြင့္တူညီမႈကို ေပးရမယ့္ ႏိုင္ငံရဲ႕ အျမင့္ဆုံးတာဝန္ ယူထားသူပါ။အမႈရင္ဆိုင္ဖို႔ ထြက္လာတဲ့အခါ မ်က္ႏွာကို ဖုံးကြယ္တာ၊ ေဘးကလူတခ်ိဳ႕က ပါဝင္ဖုံးကြယ္ေပးတာေတြကို ဟန႔္တားပယ္ဖ်က္ေပးသင့္ပါၿပီ။
    

၆.၁၀.၂၀၁၆ မွာ သမၼတႀကီး မေကြးၿမိဳ႕ကို သြားေရာက္ၿပီး အာဏာပိုင္အဖြဲ႕အစည္းေတြနဲ႔ ေတြ႕ ဆုံခဲ့ပါတယ္။ေတြ႕ဆုံပြဲမွာ သမၼတႀကီးက အဂတိတိုက္ဖ်က္ေရး တိုးျမႇင့္ေဆာင္႐ြက္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။အဂတိတိုက္ဖ်က္ေရးမွာ သမၼတႀကီးက ေရွ႕ဆက္ဖို႔ ျပင္ဆင္ေနတုန္း ေနာက္ျပန္ဆြဲေနတဲ့ ျဖစ္ရပ္ေတြ ရွိခဲ့တယ္ဆိုတာ သတိမူပါလို႔ ပန္ၾကားခ်င္ပါတယ္။ေအာက္တိုဘာ ၇ ရက္ထုတ္ ျမန္မာတိုင္မ္းသတင္းစာမွာ ရွမ္းျပည္နယ္ ေတာင္ပိုင္း လြိဳင္လင္ခ႐ိုင္ နမ့္စန္ၿမိဳ႕နယ္က လယ္ - ဆည္ ဝန္ႀကီးဌာနက စိုက္ကြင္းမႉးတစ္ေယာက္ဟာ ဌာနပိုင္စိုက္ပ်ိဳးေျမ ဧက ၉၀ ကို အလြဲသုံးစားျပဳၿပီး တစ္ဧက ၂၅ သိန္းႏႈန္းနဲ႔ ေရာင္းစားခဲ့တယ္။တာဝန္သိသူတစ္ဦးက ဦးသိန္းစိန္ လက္ထက္မွာ ၃ ႀကိမ္၊ ဦးထင္ေက်ာ္ လက္ထက္မွာ ၃ ႀကိမ္ နဲ႔ ဦးဝင္းျမင့္ လက္ထက္မွာ တစ္ႀကိမ္ တိုင္ၾကားခဲ့ပါသတဲ့။ဒါေပမဲ့ ဌာနဆိုင္ရာက ဌာနတြင္း စစ္ေဆးမႈ (PE) ၊ ဌာနဆိုင္ရာစစ္ေဆးမႈ (DE) ဝင္တယ္။စစ္ေဆးခံရသူေတြကလဲ အမွန္အတိုင္း ဘယ္သူက ဘယ္သူ႔ထံက ေငြဘယ္ေလာက္ သြားယူ်ပးခဲ့ရပါတယ္လို႔ ထြက္ဆိုၾကတယ္။ဒါေပမဲ့ ဒီစိုက္ကြင္းမႉးဟာ ဒီေန႔ထိ အေရးယူမခံရပါဘူးတဲ့။သက္ဆိုင္ရာ ဌာနကို မီဒီယာေတြက ဖုန္းဆက္ေတာ့လဲ ဖုန္းမကိုင္ပါဘူးတဲ့။
    

ဒီလို ျဖစ္ရပ္မ်ိဳးမွာေတာ့ စိုက္ကြင္းမႉး ေနာက္မွာ အလြန္အင္အားႀကီးမားသူ ရွိေနပါၿပီ။ဒါေၾကာင့္ သမၼတ သုံးဆက္စလုံးကို တိုင္ၾကားတာေတာင္ ခုထိအေရးယူမခံတာျဖစ္ဖို႔ ေသခ်ာသေလာက္ပါ။သမၼတႀကီးအေနနဲ႔ အဂတိတိုက္ဖ်က္ေရးအတြက္ ေရွ႕သို႔ အရွိန္အဟုန္နဲ႔ ခ်ီတက္ေနတုန္း ဌာနတြင္းက အဂတိလိုက္စားမႈေတြမွာ ႐ုပ္လုံးထြက္ျပရသူေတြကို ကာကြယ္ေပးတဲ့ ထီးမိုးေပးေနတဲ့ အတြင္းလက္သည္ ငါးႀကီးႀကီးမ်ား ရွိေနၾကေၾကာင္း သိေစခ်င္ပါတယ္။
                                            

ခင္ႏွင္းဦး
ေအာက္တိုဘာ - ၁၀