【 ဆောင်းပါး 】“ ကိုဗစ်-၁၉ ထိုးစစ်ရဲ့ပြဿနာများ(၂)”

【  ဆောင်းပါး  】“ ကိုဗစ်-၁၉ ထိုးစစ်ရဲ့ပြဿနာများ(၂)”

တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်နေကြရတဲ့ ကမ္ဘာ့ကပ်ကြီး ကိုဗစ်-၁၉ထိုးစစ်ဟာ ထိထိရောက်ရောက် မကာကွယ်နိုင်သေးပါဘူး။အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်၁၉ ကူးစက်မှုမြန်ရောဂါ စဖြစ်ခဲ့ တာ၂၀၁၉ဒီဇင်ဘာလကနေအခု၂၀၂၀ခုနှစ်မေလအထိဆိုရင် ခြောက်လထဲကို ရောက်နေပါပြီ။ ဒီကိုရိုနာဗိုင်းရပ်စ် ကိုဗစ်၁၉ ကူးစက်မှုမြန်ရောဂါရဲ့ တိုက်စစ်ကို မထိမ်းချုပ်နိုင်သေးပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အဆင့်မြင့် ကျန်းမာရေးအဖွဲ့အစည်းတွေက အသိပေး မျှဝေထားတဲ့ ကာကွယ်မှု ပုံစံတွေကိုလူတိုင်းလိုက်နာနေကြရပါတယ်။

ဒီကိုဗစ်-၁၉ရောဂါပိုးကို ကုသပေးစရာ ကုထုံးလဲအတိအကျ မရှိသေးပါဘူး။ ကိုဗစ်၁၉ ရောဂါပိုး တွေ့လူနာနဲ့ ထိတွေ့ထားသူ၊ သံသယလူနာအဖြစ် သတ်မှတ်ပြီးတော့ သီးခြား ခွဲထားပြီး ၂၁ရက် စောင့်ကြည့်(Quarantine)ကြရပါတယ်။ကိုဗစ်-၁၉ရောဂါ လက္ခဏာပြလာရင် နမူနာယူ၊ ဓါတ်ခွဲ ခန်းကို ပို့ပြီးတွေ့ရှိအတည်ပြုရပါတယ်။ စတင်ဖြစ်တဲ့ လူနာကနေစပြီး ထိတွေ့ ကိုဗစ်၁၉လူနာကို ဆက်ပြီး ခြေရာခံနောက်ကြောင်းလိုက်ပြီး ထိတွေ့ဖူးသူများစွာကို နေအိမ်နဲ့တခြား စီစဉ်ထား တဲ့ (Quarantine)မှာ၂၁ရက်ထားရပါတယ်။ ဒီလိုကာကွယ်မှု ဟာ အများကြီး လိုအပ်ချက်တွေ ရှိနေ ပါလိမ့်မယ်။
    
ကျွန်တော်တို့ မြန်မာပြည်မှာပြည်တော်ပြန် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူကနေ စပြီး နောက်ဆက် တွဲလူနာတွေရှိလာခဲ့သလို၊ ပြည်တော်ပြန်မဟုတ်ပဲ ပြည်တွင်းမှာနေထိုင်ပြီး ကိုဗစ်၁၉ရောဂါပိုး တွေ့ရှိသူတွေရှိလာပါပြီ။ အခုဆိုရင်မတ်လက စတင်တွေ့ရှိလူနာ(၁)ယောက် ကနေ ဧပြီလကုန် အထိတွေ့ရှိလူနာ တစ်ရာငါးဆယ်ကျော်ရှိသွားခဲ့ပါပြီ။ ဒီ ကိုဗစ်-၁၉ဗိုင်းရပ်စ် ရောဂါပိုးဟာ အင်မတန် လျှင်မြန်စွာကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ ဖေဖော်ဝါရီလမှာ၁၄ဦးသာ ရှိခဲ့ပြီး ဧပြီလ နောက်ပိုင်း မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူပေါင်း ၉သိန်းလောက်ရှိသွားပါတယ်။

မြန်မာနိုင်ငံမှာဓာတ်ခွဲစစ်ဆေးသူ (၇၀၀၀)ဦးနီးပါးလောက်ကို စစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ (၁၅၀)အထိ ရှိနေပါပြီ။ စောင့်ကြည့်(Quarantine)ဝင်နေရသူတွေ ကတော့ မြန်မာတစ်ပြည်လုံး မှာရှိတဲ့ မြို့နယ်ကျေးရွာတိုင်း လိုလိုရှိနေပါတယ်။ ဒီလို(၂၁)ရက်စောင့်ကြည့် (Quarantine) စခန်း တွေကိုရော၊ လော့ချ်ဒေါင်းချထားတဲ့ ဒေသတွေနဲ့မြို့နယ်တွေမှာ အဓိက ဆောင်ရွက်နေကြ ရသူတွေကရပ်ရွာအရေးအတွက် ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့တွေပါ။ နိုင်ငံတော်အစိုးရ အနေနဲ့ ကြေညာချက်ချက်တွေ၊ညွှန်ကြားချက်တွေကို ကြည့်မယ်ဆိုရင် လွဲချော်နေတာတွေ၊ ရှင်းရှင်း လင်းလင်း မရှိတာတွေကြောင့် ပြည်သူတွေရော၊ပရဟိတအဖွဲ့အစည်းတွေရောအခက် အခဲတွေ ကြုံတွေ့နေရပါတယ်။
 

အမှန်တကယ်ကိုဗစ်-၁၉ကူးစက်မြန်ရောဂါပိုးကိုကာကွယ်ဖို့အတွက်ပြည်ထောင်စုအဆင့်အစိုးရအနေနဲ့အောက်ခြေမှာပြည်သူတွေကြုံ တွေ့နေကြရတာတွေကို မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှ လိုအပ်တဲ့ ကြေညာချက်တွေ၊ ညွှန်ကြားချက်တွေ ထုတ်ပြန်နိုင်ဖို့ အရေးကြီး ပါတယ်။ ပြည်သူတွေ ကို ပြည်သူတွေကပဲ ကာကွယ်ပေးနေကြတဲ့နေရာမှာ နိုင်ငံရေး အယူအဆတွေကို ဘေးဖယ် ထားပြီး ပရဟိတစိတ်နဲ့ဆောင်ရွက်နေကြတာပါ။ ဒီအချိန်မှာ အမျိုးသားရေး စိတ် စစ်စစ်ကို မြင်တွေ့နိုင်ပါတယ်။ အခုအချိန်မှာနိုင်ငံတော်အစိုးရ အနေနဲ့ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းအဖွဲ့ကို ဝေဖန်သူတွေများပါလိမ့်မယ်။

ပရဟိတစေတနာဝန်ထမ်းအဖွဲ့ဆိုတာက ရပ်ရွာအကျိုးကို စေတနာသန့်သန့်ရှင်းရှင်းနဲ့ ဆောင်ရွက် နေတဲ့ လူတွေစုဖွဲ့ထားကြတာပါ။ ဒီလိုစေတနာနဲ့ ပြည်သူတွေအကျိုးကို ဆောင်ရွက်နေတဲ့ အဖွဲ့တွေက များပါတယ်။ အဲဒီအဖွဲ့အစည်းတွေထဲမှာ အနီဘက်ကနေ ဖွဲ့စည်းထားတဲ့ ပရဟိတ အဖွဲ့တွေ ရှိသလို၊အစိမ်းဘက်က စုဖွဲ့စည်းထားတဲ့ အဖွဲ့တွေလဲပါနေပါတယ်။ အနီလဲမဟုတ် အစိမ်းလဲ မဟုတ်တဲ့ပြည်သူတွေအတွက် အကျိုးပြုနိုင်ဖို့ စေတနာ သက်သက် အဖွဲ့တွေလဲ ရှိနေ ပါတယ်။
    
အခုရင်ဆိုင်နေရတဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ကိုဗစ်-၁၉ကို ပြည်သူတွေကို ကူးစက်မှု မများနိုင်ဖို့ မြို့နယ်တိုင်းမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေး ကော်မတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက် နေကြ တဲ့နေရာမှာ ပရဟိတအဖွဲ့ပေါင်းစုံ ပါဝင်နေပါတယ်။ မြို့နယ်ပြည်သူ လူထုဆီကနေ ရံပုံငွေ ကောက်ခံပြီးလိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ၊ ထောက်ပံ့ရေးရိက္ခာတွေ စုစည်းနေကြရပါတယ်။ ဒီလိုရံပုံငွေတွေကို လှူဒါန်းကြတာလဲ နိုင်ငံရေးဘာကာလာမှ မကြည့်ခဲ့ကြပါဘူး။ အခုနိုင်ငံတော် အစိုးရက အမျိုးသားရေးအဆင့် စေတနာဝန်ထမ်းအဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌတာဝန်ယူပြီး ကျန်းမာရေးဝန်ကြီးက အတွင်းရေးမှူး။ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ အဖွဲ့ဝင်အဖြစ်ပါဝင်နေကြပါတယ်။ ဒီလိုအာဏာရ နိုင်ငံရေးပါတီ အစိုးရက ဦးဆောင်ဖွဲ့စည်းတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ကို အတိုက်အခံနိုင်ငံရေးပါတီက လူတွေ ကန့်ကွက်ကြမှာပါပဲ။ပညာရှင်တွေကလည်းထောက်ပြဝေဖန်မှုတွေရှိကြမှာပါပဲ။

ပရဟိတစေတနာနဲ့ လုပ်ဆောင်တဲ့နေရာမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အဖြစ် သတ်မှတ်ခဲ့ကြ တယ်။အခုကိုဗစ်-၁၉ဗိုင်းရပ်စ် ရောဂါကာကွယ်အရေးပေါ် တုန့်ပြန်ရေးဆောင်ရွက်နေတဲ့ အချိန်မှာ အာဏာရနိုင်ငံရေးပါတီအစိုးရ အနေနဲ့ အချိန်ကိုက် ပရဟိတ ဆောင်ရွက် မှုကြီး ကို ဘောင်တစ်ခုအတွင်း ဆွဲထည့်သွင်းလိုက်သလို ဖြစ်သွားပါတယ်။ အစိုးရလက်အောက်က စေတနာ့ဝန်ထမ်းအဖွဲ့ဆိုတာက အစိုးရရဲ့ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ရတော့မယ် ။ ပိုဆိုးတာက စေတနာဝန်ထမ်းဆိုတဲ့ စကားအရ အစိုးရရဲ့ အထောက်အပံ့ တွေကို ယူပြီး အစိုးရ အဆင့်ဆင့်ရဲ့ညွှန်ကြားချက်တွေ အတိုင်းဆောင်ရွက်ရတော့မယ်။ ဒီလိုအခြေအနေဖြစ်သွားရင် ပရဟိတ ဆောင်ရွက်မှုဟာ သဘောသဘာဝ အရပျက်သွားတော့မယ်။
    
အခုဆိုနိုင်ငံတော်အစိုးရက စေတနာဝန်ထမ်းအဖွဲ့အတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ဆီစာပို့ပြီး တစ်ရပ်ကွက်ကျေးရွာတစ်ရွာ ဆယ်ယောက်ပါဝင်ရမယ် ဆိုပြီး ညွှန်ကြားချက်တွေပို့ပြီးပါပြီ။ ဒီဆောင်ရွက်မှုမှာ အစိုးရကို ဖားချင်သူတွေ အချောင် သမား တွေနဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်တဲ့လူတွေ ပါဝင်လာနိုင်တယ်။ အခုအခြေအနေမှာ စေတနာ သန့်သန့်နဲ့ဆောင်ရွက်နေကြတဲ့ ပရဟိတသမား စစ်စစ်တွေ နောက်ဆုတ်သွားရင် ကိုယ်ကျိုး စွန့်လွှတ်ပြီး ဆောင်ရွက်နေကြတဲ့ ဆောင်ရွက် နေမှုဟာ ရပ်တန့်သွားနိုင်ပါတယ်။ ပရဟိတ အဖွဲ့တွေ အစိုးရလက်အောက်ကို ရောက်သွားခဲ့ရင် နေရာယူချင်သူတွေ၊ နိုင်ငံတော် အတိုင်ပင်ခံကို မျက်နှာလုပ်လိုသူတွေ၊အခွင့်အရေး သမားတွေပေါ်လာပြီး ပြည်သူတွေရဲ့ မကြိုက် နှစ်သက်ခြင်းတွေကို ခံရနိုင်ပါတယ်။ အတိုက်အခံ နိုင်ငံရေးပါတီတွေကလည်း အခွင့်ကောင်းကို စောင့်ပြီး နိုင်ငံရေးကစားနိုင်ပါတယ်။ အခုအစိုးရရဲ့ စေတနာဝန်ထမ်း ဖွဲ့စည်းခြင်းကိုလည်း နိုင်ငံရေး အရလက်ဦးမှုယူပြီး လုပ်ဆောင်ခြင်းများ ဖြစ်လာမလားလို့ သံသယတွေ ဝင်လာပါ လိမ့်မယ်။
    
အခုကမ္ဘာ့ကပ်ရောဂါကြီး ကိုဗစ်၁၉ ရောဂါပိုးကို ကာကွယ်နေရတဲ့ အခြေအနေမှာပဲ ရှိပါသေး တယ်။ အစိုးရရဲ့ညွှန်ကြားချက်တွေပြောဆိုမှု တွေအများအပြား လွဲချော်နေပါတယ်။ ကိုဗစ်-၁၉ အလွန်ကာလမှာ မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် နည်းဗျူဟာတွေ ရေးဆွဲနေပြီလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်မှာ ကိုဗစ်ကမ္ဘာ့ ကပ်ဘေးကြီးက ရုန်းထွက်နိုင်ဖို့ အဆင့် ၄ ဆင့်ချမှတ်ထားပြီး ဆောင်ရွက်နေပါတယ်။

ကိုဗစ်-၁၉ရောဂါပိုးကူးစက်သူတွေ အများအပြားကျန်ရှိနေပါသေးတယ်။ အဆင့်(၁)အနေနဲ့ ကူးစက်မှု လျော့နည်းစေရန် ဆေးစစ်နှုန်းမြှင့်တင်နိုင်ရန်နဲ့ ဆေးရုံဆေးဝန်ထမ်း ဆေးပစ္စည်းများ အဆင်သင့် ဖြည့်တင်းထားရန်ဖြစ်ပါတယ်။ အဆင့်(၂)မှာ လူတစ်ယောက်နဲ့ တစ်ယောက် ၆ပေ အကွာ အကန့်အသတ် အောက်မှာ လုပ်ငန်းခွင်များ စတင်ဖွင့်လှစ်ပြီးလည်ပတ်ရန်။ စက်ရုံများ၊ ရုံးအလုပ်များ စတင်ဖွင့်လှစ်ခြင်း၊ စားသောက်ဆိုင်များ ပါဆယ်ထုတ်ဖြင့် ဝယ်ယူနိုင်ခြင်းဖြစ် ပါတယ်။ အဆင့်(၃)အိမ်အပြင် လုပ်ငန်းများဖြေဖျော်ရေး၊ ဘာသာရေးပွဲများစတင် ဖွင့်လှစ် ပေးခြင်း။အဆင့်(၄)ကိုဗစ်-၁၉ကာလ အလွန်သတ်မှတ်ပြီး လူထုအစည်းအဝေးများက စပြီး ညီလာခံများ ကျင်းပခွင့်ပြုခြင်းတို့ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ အဆင့်(၁)ပဲ ရှိပါသေးတယ်လို့ ပြောပါတယ်။
    
ဒီလိုကယ်လီဖိုးနီးယားပြည်နယ်နဲ့ မြန်မာနိုင်ငံရဲ့ ကိုဗစ်၁၉ကာကွယ်ရေး အရေးပေါ်တုန့်ပြန်ရေး ဆောင်ရွက်နေမှုတွေကို နှိုင်းယှဉ်ပြချင်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ကပ်ရောဂါကို ကာကွယ်ထိမ်းချုပ်နိုင်ဖို့ အတွက် ကာလအတော်ကြာပါလိမ့်မယ်။ အခုအချိန်မှာ လော့ဒေါင်းလုပ် ထားတဲ့နယ်မြေတွေမှာလည်း စက်ရုံအလုပ်ရုံတွေဖွင့်နေကြပါပြီ။ လော့ဒေါင်းပြုလုပ်ထားတဲ့ နယ်မြေတွေထဲက အလုပ်ရုံစက်ရုံတွေ၊ ဝန်ထမ်းတွေကို ဝင်ထွက်ခွင့်ပြုနေပါတယ်။ တစ်အိမ်ထဲ အတူနေသူချင်းတောင် အလုပ်သွားသူသွားပြီး၊ စတေးဟုမ်း နေသူနေဆိုပြီး ခွဲခြားခံနေရတာ အင်မတန်အန္တရာယ်ကြီးပါတယ်။ အဲဒီလိုပဲ။ နေပြည်တော်ကို ပြင်ပက ဝင်လာသူတွေ (Quarantine) ကွာရန်တင်း၂၁ရက်နေပြီးမှာမှ ဝင်ခွင့်ပေးပါတယ်။ ဒါပေမယ့် ပြည်ထောင်စု လွှတ်တော် ကိုမေလလယ်မှာ ကျင်းပမယ်လို့ ကြေညာ လိုက်တဲ့အချိန်မှာ (Quarantine) ကွာရန်တင်း၂၁ရက်နေပြီးမှ နေပြည်တော်ကို ဝင်ခွင့်ပြုမယ်ဆိုတဲ့ ကြေညာချက်ကိုပြင်လိုက် ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာကိုဗစ် - ၁၉ ကာကွယ်ရေးအဆင့်(၄) ရောက်မှ ညီလာခံတွေ ကျင်းပခွင့်ပြုမှာပါ။
    

ပြောမယ်ဆိုရင်အစိုးရရဲ့ကြေညာချက်တွေ၊ ညွှန်ကြားချက်တွေက အဆင့်တွေ လိုအပ်တာတွေက လိုအပ်နေပြီး။ ကျော်လွန်နေတာတွေက ကျော်လွန်နေပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံ ကိုဗစ်၁၉ ကမ္ဘာ့ကပ်ရောဂါကာကွယ်ရေး အရေးပေါ်တုန့်ပြန်ရေး ကုသရေးအတွက် ဆေးပစ္စည်း တွေ အဆင်သင့်ဖြည့်တင်းထားနိုင်ဖို့၊ ဆေးရုံဆေးဝန်ထမ်းတွေ အဆင့်မြှင့်တင်ထားနိုင်ဖို့၊ ကူးစက်မှုမြန်မှုနဲ့ အညီဆေးစစ်နှုန်း မြင့်မားအောင် ဆောင်ရွက်နိုင်အောင်နဲ့ စေတနာဝန်ထမ်းတွေ ဖြစ်တဲ့ ပရဟိတအဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို အစိုးရအနေနဲ့ ဖြည်းဆည်း ထောက်ပံ့ပေးပြီး လွတ်လပ်စွာ ဆောင်ရွက်နိုင်မှုတွေ အဓိကကျပါတယ်။တစ်ပြိုင်နက်ထဲမှာ ဆင်းရဲနိမ့်ပါးတဲ့ တိုင်းရင်းသားပြည်သူအများစုကြီးရဲ့ အငတ်ပြဿနာကို ဖြေရှင်းသွား ရမှာဖြစ်ပါတယ်။ ဒီလိုမှမဖြေရှင်းနိုင်ရင် ကိုဗစ်-၁၉ကမ္ဘာ့ကပ်ကြီးနဲ့ အတူငတ်ဘေးနဲ့ အတူပါလာနိုင်တဲ့ ဒုစရိုက်မှုတွေကိုပါ ရင်ဆိုင်နိုင်ရပါတယ်။

                                                                                                                                                                 မြတ်လှိုင်း

(   Zawgyi  )

တစ္ကမာၻလုံးမွာ ရင္ဆိုင္ေနၾကရတဲ့ ကမာၻ႔ကပ္ႀကီး ကိုဗစ္-၁၉ထိုးစစ္ဟာ ထိထိေရာက္ေရာက္ မကာကြယ္ႏိုင္ေသးပါဘူး။အခုဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ကိုဗစ္၁၉ ကူးစက္မႈျမန္ေရာဂါ စျဖစ္ခဲ့ တာ၂၀၁၉ဒီဇင္ဘာလကေနအခု၂၀၂၀ခုႏွစ္ေမလအထိဆိုရင္ ေျခာက္လထဲကို ေရာက္ေနပါၿပီ။ ဒီကို႐ိုနာဗိုင္းရပ္စ္ ကိုဗစ္၁၉ ကူးစက္မႈျမန္ေရာဂါရဲ႕ တိုက္စစ္ကို မထိမ္းခ်ဳပ္ႏိုင္ေသးပါဘူး။ ကမာၻ႔က်န္းမာေရးအဖြဲ႕နဲ႔ အဆင့္ျမင့္ က်န္းမာေရးအဖြဲ႕အစည္းေတြက အသိေပး မွ်ေဝထားတဲ့ ကာကြယ္မႈ ပုံစံေတြကိုလူတိုင္းလိုက္နာေနၾကရပါတယ္။

ဒီကိုဗစ္-၁၉ေရာဂါပိုးကို ကုသေပးစရာ ကုထုံးလဲအတိအက် မရွိေသးပါဘူး။ ကိုဗစ္၁၉ ေရာဂါပိုး ေတြ႕လူနာနဲ႔ ထိေတြ႕ထားသူ၊ သံသယလူနာအျဖစ္ သတ္မွတ္ၿပီးေတာ့ သီးျခား ခြဲထားၿပီး ၂၁ရက္ ေစာင့္ၾကည့္(Quarantine)ၾကရပါတယ္။ကိုဗစ္-၁၉ေရာဂါ လကၡဏာျပလာရင္ နမူနာယူ၊ ဓါတ္ခြဲ ခန္းကို ပို႔ၿပီးေတြ႕ရွိအတည္ျပဳရပါတယ္။ စတင္ျဖစ္တဲ့ လူနာကေနစၿပီး ထိေတြ႕ ကိုဗစ္၁၉လူနာကို ဆက္ၿပီး ေျခရာခံေနာက္ေၾကာင္းလိုက္ၿပီး ထိေတြ႕ဖူးသူမ်ားစြာကို ေနအိမ္နဲ႔တျခား စီစဥ္ထား တဲ့ (Quarantine)မွာ၂၁ရက္ထားရပါတယ္။ ဒီလိုကာကြယ္မႈ ဟာ အမ်ားႀကီး လိုအပ္ခ်က္ေတြ ရွိေန ပါလိမ့္မယ္။
    
ကြၽန္ေတာ္တို႔ ျမန္မာျပည္မွာျပည္ေတာ္ျပန္ ကိုဗစ္-၁၉ေရာဂါ ပိုးေတြ႕ရွိသူကေန စၿပီး ေနာက္ဆက္ တြဲလူနာေတြရွိလာခဲ့သလို၊ ျပည္ေတာ္ျပန္မဟုတ္ပဲ ျပည္တြင္းမွာေနထိုင္ၿပီး ကိုဗစ္၁၉ေရာဂါပိုး ေတြ႕ရွိသူေတြရွိလာပါၿပီ။ အခုဆိုရင္မတ္လက စတင္ေတြ႕ရွိလူနာ(၁)ေယာက္ ကေန ဧၿပီလကုန္ အထိေတြ႕ရွိလူနာ တစ္ရာငါးဆယ္ေက်ာ္ရွိသြားခဲ့ပါၿပီ။ ဒီ ကိုဗစ္-၁၉ဗိုင္းရပ္စ္ ေရာဂါပိုးဟာ အင္မတန္ လွ်င္ျမန္စြာကူးစက္တဲ့ေရာဂါျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါပိုးေတြ႕ရွိသူ ေဖေဖာ္ဝါရီလမွာ၁၄ဦးသာ ရွိခဲ့ၿပီး ဧၿပီလ ေနာက္ပိုင္း မွာ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္သူေပါင္း ၉သိန္းေလာက္ရွိသြားပါတယ္။

ျမန္မာႏိုင္ငံမွာဓာတ္ခြဲစစ္ေဆးသူ (၇၀၀၀)ဦးနီးပါးေလာက္ကို စစ္ေဆးခဲ့ၿပီး ေရာဂါပိုးေတြ႕ရွိသူ (၁၅၀)အထိ ရွိေနပါၿပီ။ ေစာင့္ၾကည့္(Quarantine)ဝင္ေနရသူေတြ ကေတာ့ ျမန္မာတစ္ျပည္လုံး မွာရွိတဲ့ ၿမိဳ႕နယ္ေက်း႐ြာတိုင္း လိုလိုရွိေနပါတယ္။ ဒီလို(၂၁)ရက္ေစာင့္ၾကည့္ (Quarantine) စခန္း ေတြကိုေရာ၊ ေလာ့ခ်္ေဒါင္းခ်ထားတဲ့ ေဒသေတြနဲ႔ၿမိဳ႕နယ္ေတြမွာ အဓိက ေဆာင္႐ြက္ေနၾက ရသူေတြကရပ္႐ြာအေရးအတြက္ ဖြဲ႕စည္းထားတဲ့ ပရဟိတအဖြဲ႕ေတြပါ။ ႏိုင္ငံေတာ္အစိုးရ အေနနဲ႔ ေၾကညာခ်က္ခ်က္ေတြ၊ၫႊန္ၾကားခ်က္ေတြကို ၾကည့္မယ္ဆိုရင္ လြဲေခ်ာ္ေနတာေတြ၊ ရွင္းရွင္း လင္းလင္း မရွိတာေတြေၾကာင့္ ျပည္သူေတြေရာ၊ပရဟိတအဖြဲ႕အစည္းေတြေရာအခက္ အခဲေတြ ႀကဳံေတြ႕ေနရပါတယ္။
 

အမွန္တကယ္ကိုဗစ္-၁၉ကူးစက္ျမန္ေရာဂါပိုးကိုကာကြယ္ဖို႔အတြက္ျပည္ေထာင္စုအဆင့္အစိုးရအေနနဲ႔ေအာက္ေျခမွာျပည္သူေတြႀကဳံ ေတြ႕ေနၾကရတာေတြကို ေျမျပင္ကြင္းဆင္း စစ္ေဆးၿပီးမွ လိုအပ္တဲ့ ေၾကညာခ်က္ေတြ၊ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ႏိုင္ဖို႔ အေရးႀကီး ပါတယ္။ ျပည္သူေတြ ကို ျပည္သူေတြကပဲ ကာကြယ္ေပးေနၾကတဲ့ေနရာမွာ ႏိုင္ငံေရး အယူအဆေတြကို ေဘးဖယ္ ထားၿပီး ပရဟိတစိတ္နဲ႔ေဆာင္႐ြက္ေနၾကတာပါ။ ဒီအခ်ိန္မွာ အမ်ိဳးသားေရး စိတ္ စစ္စစ္ကို ျမင္ေတြ႕ႏိုင္ပါတယ္။ အခုအခ်ိန္မွာႏိုင္ငံေတာ္အစိုးရ အေနနဲ႔ ဖြဲ႕စည္းလိုက္တဲ့ အမ်ိဳးသားအဆင့္ ေစတနာ့ဝန္ထမ္းအဖြဲ႕ကို ေဝဖန္သူေတြမ်ားပါလိမ့္မယ္။

ပရဟိတေစတနာဝန္ထမ္းအဖြဲ႕ဆိုတာက ရပ္႐ြာအက်ိဳးကို ေစတနာသန႔္သန႔္ရွင္းရွင္းနဲ႔ ေဆာင္႐ြက္ ေနတဲ့ လူေတြစုဖြဲ႕ထားၾကတာပါ။ ဒီလိုေစတနာနဲ႔ ျပည္သူေတြအက်ိဳးကို ေဆာင္႐ြက္ေနတဲ့ အဖြဲ႕ေတြက မ်ားပါတယ္။ အဲဒီအဖြဲ႕အစည္းေတြထဲမွာ အနီဘက္ကေန ဖြဲ႕စည္းထားတဲ့ ပရဟိတ အဖြဲ႕ေတြ ရွိသလို၊အစိမ္းဘက္က စုဖြဲ႕စည္းထားတဲ့ အဖြဲ႕ေတြလဲပါေနပါတယ္။ အနီလဲမဟုတ္ အစိမ္းလဲ မဟုတ္တဲ့ျပည္သူေတြအတြက္ အက်ိဳးျပဳႏိုင္ဖို႔ ေစတနာ သက္သက္ အဖြဲ႕ေတြလဲ ရွိေန ပါတယ္။
    
အခုရင္ဆိုင္ေနရတဲ့ ကမာၻ႔ကပ္ေရာဂါဆိုးႀကီး ကိုဗစ္-၁၉ကို ျပည္သူေတြကို ကူးစက္မႈ မမ်ားႏိုင္ဖို႔ ၿမိဳ႕နယ္တိုင္းမွာ ကိုဗစ္-၁၉ေရာဂါ ကာကြယ္ကုသေရး ေကာ္မတီေတြ ဖြဲ႕စည္းၿပီး ေဆာင္႐ြက္ ေနၾက တဲ့ေနရာမွာ ပရဟိတအဖြဲ႕ေပါင္းစုံ ပါဝင္ေနပါတယ္။ ၿမိဳ႕နယ္ျပည္သူ လူထုဆီကေန ရံပုံေငြ ေကာက္ခံၿပီးလိုအပ္တဲ့ ေဆးဝါးပစၥည္းေတြ၊ ေထာက္ပံ့ေရးရိကၡာေတြ စုစည္းေနၾကရပါတယ္။ ဒီလိုရံပုံေငြေတြကို လႉဒါန္းၾကတာလဲ ႏိုင္ငံေရးဘာကာလာမွ မၾကည့္ခဲ့ၾကပါဘူး။ အခုႏိုင္ငံေတာ္ အစိုးရက အမ်ိဳးသားေရးအဆင့္ ေစတနာဝန္ထမ္းအဖြဲ႕ကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ က ဥကၠ႒တာဝန္ယူၿပီး က်န္းမာေရးဝန္ႀကီးက အတြင္းေရးမႉး။ တိုင္းနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြ အဖြဲ႕ဝင္အျဖစ္ပါဝင္ေနၾကပါတယ္။ ဒီလိုအာဏာရ ႏိုင္ငံေရးပါတီ အစိုးရက ဦးေဆာင္ဖြဲ႕စည္းတဲ့ ေစတနာ့ဝန္ထမ္းအဖြဲ႕ကို အတိုက္အခံႏိုင္ငံေရးပါတီက လူေတြ ကန႔္ကြက္ၾကမွာပါပဲ။ပညာရွင္ေတြကလည္းေထာက္ျပေဝဖန္မႈေတြရွိၾကမွာပါပဲ။

ပရဟိတေစတနာနဲ႔ လုပ္ေဆာင္တဲ့ေနရာမွာ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္း အျဖစ္ သတ္မွတ္ခဲ့ၾက တယ္။အခုကိုဗစ္-၁၉ဗိုင္းရပ္စ္ ေရာဂါကာကြယ္အေရးေပၚ တုန႔္ျပန္ေရးေဆာင္႐ြက္ေနတဲ့ အခ်ိန္မွာ အာဏာရႏိုင္ငံေရးပါတီအစိုးရ အေနနဲ႔ အခ်ိန္ကိုက္ ပရဟိတ ေဆာင္႐ြက္ မႈႀကီး ကို ေဘာင္တစ္ခုအတြင္း ဆြဲထည့္သြင္းလိုက္သလို ျဖစ္သြားပါတယ္။ အစိုးရလက္ေအာက္က ေစတနာ့ဝန္ထမ္းအဖြဲ႕ဆိုတာက အစိုးရရဲ႕ၫႊန္ၾကားခ်က္ေတြကို လိုက္နာေဆာင္႐ြက္ရေတာ့မယ္ ။ ပိုဆိုးတာက ေစတနာဝန္ထမ္းဆိုတဲ့ စကားအရ အစိုးရရဲ႕ အေထာက္အပံ့ ေတြကို ယူၿပီး အစိုးရ အဆင့္ဆင့္ရဲ႕ၫႊန္ၾကားခ်က္ေတြ အတိုင္းေဆာင္႐ြက္ရေတာ့မယ္။ ဒီလိုအေျခအေနျဖစ္သြားရင္ ပရဟိတ ေဆာင္႐ြက္မႈဟာ သေဘာသဘာဝ အရပ်က္သြားေတာ့မယ္။
    
အခုဆိုႏိုင္ငံေတာ္အစိုးရက ေစတနာဝန္ထမ္းအဖြဲ႕အတြက္ သက္ဆိုင္ရာ ရပ္ကြက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေတြ ဆီစာပို႔ၿပီး တစ္ရပ္ကြက္ေက်း႐ြာတစ္႐ြာ ဆယ္ေယာက္ပါဝင္ရမယ္ ဆိုၿပီး ၫႊန္ၾကားခ်က္ေတြပို႔ၿပီးပါၿပီ။ ဒီေဆာင္႐ြက္မႈမွာ အစိုးရကို ဖားခ်င္သူေတြ အေခ်ာင္ သမား ေတြနဲ႔ ရပ္ကြက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ နီးစပ္တဲ့လူေတြ ပါဝင္လာႏိုင္တယ္။ အခုအေျခအေနမွာ ေစတနာ သန႔္သန႔္နဲ႔ေဆာင္႐ြက္ေနၾကတဲ့ ပရဟိတသမား စစ္စစ္ေတြ ေနာက္ဆုတ္သြားရင္ ကိုယ္က်ိဳး စြန႔္လႊတ္ၿပီး ေဆာင္႐ြက္ေနၾကတဲ့ ေဆာင္႐ြက္ ေနမႈဟာ ရပ္တန႔္သြားႏိုင္ပါတယ္။ ပရဟိတ အဖြဲ႕ေတြ အစိုးရလက္ေအာက္ကို ေရာက္သြားခဲ့ရင္ ေနရာယူခ်င္သူေတြ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံကို မ်က္ႏွာလုပ္လိုသူေတြ၊အခြင့္အေရး သမားေတြေပၚလာၿပီး ျပည္သူေတြရဲ႕ မႀကိဳက္ ႏွစ္သက္ျခင္းေတြကို ခံရႏိုင္ပါတယ္။ အတိုက္အခံ ႏိုင္ငံေရးပါတီေတြကလည္း အခြင့္ေကာင္းကို ေစာင့္ၿပီး ႏိုင္ငံေရးကစားႏိုင္ပါတယ္။ အခုအစိုးရရဲ႕ ေစတနာဝန္ထမ္း ဖြဲ႕စည္းျခင္းကိုလည္း ႏိုင္ငံေရး အရလက္ဦးမႈယူၿပီး လုပ္ေဆာင္ျခင္းမ်ား ျဖစ္လာမလားလို႔ သံသယေတြ ဝင္လာပါ လိမ့္မယ္။
    
အခုကမာၻ႔ကပ္ေရာဂါႀကီး ကိုဗစ္၁၉ ေရာဂါပိုးကို ကာကြယ္ေနရတဲ့ အေျခအေနမွာပဲ ရွိပါေသး တယ္။ အစိုးရရဲ႕ၫႊန္ၾကားခ်က္ေတြေျပာဆိုမႈ ေတြအမ်ားအျပား လြဲေခ်ာ္ေနပါတယ္။ ကိုဗစ္-၁၉ အလြန္ကာလမွာ ျမန္မာႏိုင္ငံျပန္လည္ထူေထာင္ေရးအတြက္ နည္းဗ်ဴဟာေတြ ေရးဆြဲေနၿပီလို႔ ဆိုပါတယ္။ အေမရိကန္ႏိုင္ငံ ကာလီဖိုးနီးယားျပည္နယ္မွာ ကိုဗစ္ကမာၻ႔ ကပ္ေဘးႀကီးက ႐ုန္းထြက္ႏိုင္ဖို႔ အဆင့္ ၄ ဆင့္ခ်မွတ္ထားၿပီး ေဆာင္႐ြက္ေနပါတယ္။

ကိုဗစ္-၁၉ေရာဂါပိုးကူးစက္သူေတြ အမ်ားအျပားက်န္ရွိေနပါေသးတယ္။ အဆင့္(၁)အေနနဲ႔ ကူးစက္မႈ ေလ်ာ့နည္းေစရန္ ေဆးစစ္ႏႈန္းျမႇင့္တင္ႏိုင္ရန္နဲ႔ ေဆး႐ုံေဆးဝန္ထမ္း ေဆးပစၥည္းမ်ား အဆင္သင့္ ျဖည့္တင္းထားရန္ျဖစ္ပါတယ္။ အဆင့္(၂)မွာ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ၆ေပ အကြာ အကန႔္အသတ္ ေအာက္မွာ လုပ္ငန္းခြင္မ်ား စတင္ဖြင့္လွစ္ၿပီးလည္ပတ္ရန္။ စက္႐ုံမ်ား၊ ႐ုံးအလုပ္မ်ား စတင္ဖြင့္လွစ္ျခင္း၊ စားေသာက္ဆိုင္မ်ား ပါဆယ္ထုတ္ျဖင့္ ဝယ္ယူႏိုင္ျခင္းျဖစ္ ပါတယ္။ အဆင့္(၃)အိမ္အျပင္ လုပ္ငန္းမ်ားေျဖေဖ်ာ္ေရး၊ ဘာသာေရးပြဲမ်ားစတင္ ဖြင့္လွစ္ ေပးျခင္း။အဆင့္(၄)ကိုဗစ္-၁၉ကာလ အလြန္သတ္မွတ္ၿပီး လူထုအစည္းအေဝးမ်ားက စၿပီး ညီလာခံမ်ား က်င္းပခြင့္ျပဳျခင္းတို႔ ျဖစ္ပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္မွာ အဆင့္(၁)ပဲ ရွိပါေသးတယ္လို႔ ေျပာပါတယ္။
    
ဒီလိုကယ္လီဖိုးနီးယားျပည္နယ္နဲ႔ ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္၁၉ကာကြယ္ေရး အေရးေပၚတုန႔္ျပန္ေရး ေဆာင္႐ြက္ေနမႈေတြကို ႏႈိင္းယွဥ္ျပခ်င္တာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ကပ္ေရာဂါကို ကာကြယ္ထိမ္းခ်ဳပ္ႏိုင္ဖို႔ အတြက္ ကာလအေတာ္ၾကာပါလိမ့္မယ္။ အခုအခ်ိန္မွာ ေလာ့ေဒါင္းလုပ္ ထားတဲ့နယ္ေျမေတြမွာလည္း စက္႐ုံအလုပ္႐ုံေတြဖြင့္ေနၾကပါၿပီ။ ေလာ့ေဒါင္းျပဳလုပ္ထားတဲ့ နယ္ေျမေတြထဲက အလုပ္႐ုံစက္႐ုံေတြ၊ ဝန္ထမ္းေတြကို ဝင္ထြက္ခြင့္ျပဳေနပါတယ္။ တစ္အိမ္ထဲ အတူေနသူခ်င္းေတာင္ အလုပ္သြားသူသြားၿပီး၊ စေတးဟုမ္း ေနသူေနဆိုၿပီး ခြဲျခားခံေနရတာ အင္မတန္အႏၲရာယ္ႀကီးပါတယ္။ အဲဒီလိုပဲ။ ေနျပည္ေတာ္ကို ျပင္ပက ဝင္လာသူေတြ (Quarantine) ကြာရန္တင္း၂၁ရက္ေနၿပီးမွာမွ ဝင္ခြင့္ေပးပါတယ္။ ဒါေပမယ့္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုေမလလယ္မွာ က်င္းပမယ္လို႔ ေၾကညာ လိုက္တဲ့အခ်ိန္မွာ (Quarantine) ကြာရန္တင္း၂၁ရက္ေနၿပီးမွ ေနျပည္ေတာ္ကို ဝင္ခြင့္ျပဳမယ္ဆိုတဲ့ ေၾကညာခ်က္ကိုျပင္လိုက္ ပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္မွာကိုဗစ္ - ၁၉ ကာကြယ္ေရးအဆင့္(၄) ေရာက္မွ ညီလာခံေတြ က်င္းပခြင့္ျပဳမွာပါ။
    

ေျပာမယ္ဆိုရင္အစိုးရရဲ႕ေၾကညာခ်က္ေတြ၊ ၫႊန္ၾကားခ်က္ေတြက အဆင့္ေတြ လိုအပ္တာေတြက လိုအပ္ေနၿပီး။ ေက်ာ္လြန္ေနတာေတြက ေက်ာ္လြန္ေနပါတယ္။ အခုအခ်ိန္မွာ ျမန္မာႏိုင္ငံ ကိုဗစ္၁၉ ကမာၻ႔ကပ္ေရာဂါကာကြယ္ေရး အေရးေပၚတုန႔္ျပန္ေရး ကုသေရးအတြက္ ေဆးပစၥည္း ေတြ အဆင္သင့္ျဖည့္တင္းထားႏိုင္ဖို႔၊ ေဆး႐ုံေဆးဝန္ထမ္းေတြ အဆင့္ျမႇင့္တင္ထားႏိုင္ဖို႔၊ ကူးစက္မႈျမန္မႈနဲ႔ အညီေဆးစစ္ႏႈန္း ျမင့္မားေအာင္ ေဆာင္႐ြက္ႏိုင္ေအာင္နဲ႔ ေစတနာဝန္ထမ္းေတြ ျဖစ္တဲ့ ပရဟိတအဖြဲ႕ေတြရဲ႕ လိုအပ္ခ်က္ေတြကို အစိုးရအေနနဲ႔ ျဖည္းဆည္း ေထာက္ပံ့ေပးၿပီး လြတ္လပ္စြာ ေဆာင္႐ြက္ႏိုင္မႈေတြ အဓိကက်ပါတယ္။တစ္ၿပိဳင္နက္ထဲမွာ ဆင္းရဲနိမ့္ပါးတဲ့ တိုင္းရင္းသားျပည္သူအမ်ားစုႀကီးရဲ႕ အငတ္ျပႆနာကို ေျဖရွင္းသြား ရမွာျဖစ္ပါတယ္။ ဒီလိုမွမေျဖရွင္းႏိုင္ရင္ ကိုဗစ္-၁၉ကမာၻ႔ကပ္ႀကီးနဲ႔ အတူငတ္ေဘးနဲ႔ အတူပါလာႏိုင္တဲ့ ဒုစ႐ိုက္မႈေတြကိုပါ ရင္ဆိုင္ႏိုင္ရပါတယ္။

                                                                                                                                                                 ျမတ္လႈိင္း