【 ဆောင်းပါး 】“ စိတ်ကူးယဉ်အိပ်မက်မက်နေတဲ့ လွှတ်တော်”

【 ဆောင်းပါး 】“ စိတ်ကူးယဉ်အိပ်မက်မက်နေတဲ့ လွှတ်တော်”

အခုအချိန်မှာ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်ရေးဂယက်တွေပြန်ထပြီး လှိုင်းထနေရပြန် ပါပြီ။ အခုဂယက်က လှိုင်းထရုံမကတော့ပဲ လှိုင်းထန်မလိုဖြစ်လာခဲ့ရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင် နိုင်ရေး အတွက်ဆန့်ကျင်ဘက် လူအုပ်စုနှစ်စု ကလည်းအပြိုင်အဆိုင်ထောက်ခံပွဲတွေကျင်းပပြီး လှုံ့ဆော်နေကြပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး ပြည်ထောင်စုလွှတ်တော်မှာ အင်အယ်ဒီလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပူးပေါင်းကော်မတီ ဖွဲ့ဖို့ အဆိုတင် ကတည်းက ပြဿနာတွေများပြားစွာရှိလာခဲ့တာက စ တယ်လို့ပြောရပါလိမ့်မယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းရေးအဆို ပြည်ထောင်စုလွှတ်တော် မှာတင်တာကို တပ်မတော်လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ နဲ့ ပြည်ခိုင်ဖြိုး ပါတီလွှတ်တော် ကိုယ်စားလှယ် တွေက ကန့်ကွက်ခဲ့ကြပါသေးတယ်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေး အဆိုတင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး၊ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်း ကော်မတီကို လွှတ်တော်ကိုယ်စားလှယ် (၄၅)ဦးနဲ့ ဖွဲ့ခဲ့ ပါတယ်။

အဲဒီလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို အင်အယ်ဒီလွှတ်တော် ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းခဲ့တာကိုလည်း တပ်မတော်လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့တွေ၊ ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်အချို့က သဘောမတူကန့်ကွက်ခဲ့ကြပြန်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီဝင်တွေက ပြင်ဆင်၊ဖြည့်စွက်၊ ပယ်ဖျက် မယ့် ဥပဒေတွေကိုအစည်းအဝေးအကြိမ်ကြိမ်ထိုင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဖို့အစီရင် ခံစာ တစ်စောင်ကိုပြုစုခဲ့ပါတယ်။ အခုပြည်ထောင်စု လွှတ်တော်ပြန်ကျင်းပတာနဲ့ တစ်ပြိုင်နက်ထဲမှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေ ခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီက အစီရင်ခံစာကို တင်သွင်းလိုက် ပါ တယ်။ ပြည်ထောင်စုလွှတ်တော် မှာ(၄၅)ဦးပါ ဝင်တဲ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ က ပြင်ဆင်၊ဖြည့်စွက်၊ပယ်ဖျက်ဖို့ အ ချက်ပေါင်း ၃၇၆၅ ချက်ကို ပြီးခဲ့တဲ့ဇူလိုင်လ ၁၅ရက်နေ့ မှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။

အမှန်တကယ်ဆိုရင်ပြည်ထောင်စုလွှတ်တော်ကိုတင်ပြမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်၊ဖြည့်စွက်၊ ပယ်ဖျက်မယ့်အချက်တွေကို ပြည်သူတိုင်းရင်းသားတွေကို အသိပေးဖြန့်ဝေပြီးမှ ထောက်ခံ ပွဲတွေလုပ်မယ် ဆိုရင်ပိုပြီးသင့်တော်ပါလိမ့်ပါမယ်။ အခုအချိန်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲက ဘယ်အချက်တွေပြင်ဆင်၊ ဖြည့်စွက်၊ပယ်ဖျက်မယ်ဆိုတာတွေကို မသိဘဲနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အစီရင်စာ တင်သွင်းတာကို ထောက်ခံပွဲတွေ၊ ကန့်ကွက်ပွဲတွေ ထလုပ်နေတာကတော့ မြန်မာနိုင်ငံ နိုင်ငံရေးကို ပိုပြီး ရှုတ် ထွေးသွားစေနိုင်ပါတယ်။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်သွင်းတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်၊ ဖြည့်စွက်၊ပယ်ဖျက်လိုတဲ့အချက်တွေကိုကြည့်ရင်တိုင်းရင်းသားပါတီတွေထဲကရခိုင်အမျိုးသား ပါတီကလွှတ် တော်ထဲမှာ တပ်မတော်ရဲ့အခန်းကဏ္ ဍပယ်ဖျက်ဖို့အပါအဝင် အချက်ပေါင်း ၈၅၈ ချက် ကို အကြံပြုထားတာတွေ့ရပါတယ်။

အန်အယ်ဒီပါတီကလွှတ်တော်ထဲကတပ်မတော်ကိုယ်စားလှယ်ပါဝင်မှုကို တဖြည်းဖြည်းလျှော့ချ ဖို့ အဆို ပြုထားတာကိုတွေ့ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နဲ့ရွေးကောက်တင်မြှောက်ခြင်းကဏ္ဍတွေ အတွက်(၁၀)ချက်ကို တင်သွင်းထားတာတွေ့ရပါတယ်။ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီက ပြည် ထောင်စုလွှတ်တော်ကိုတင်ပြထားတဲ့ အစီရင် ခံစာ မှာ အုပ်ချုပ်ရေးကဏ္ဍ၊အခန်း(၅)က အများဆုံးပြင်ဆင်၊ ဖြည့်စွက်၊ပယ်ဖျက်ဖို့အချက် ၁၂၀၀ ကျော်အကြံပြုတင်ပြ ထား ပါတယ်။ တပ်မတော်လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စဉ်ကတည်း ကန့်ကွက်ထားခဲ့ပြီးတော့၊ အခုဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်ကိုတင်ပြထားတဲ့ အစီရင် ခံစာမှာ လုံးဝအကြုံပြုထားတာ မတွေ့ရပါဘူး။

 ဒီအချက်ကိုသေချာကြည့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်၊ဖြည့်စွက်၊ပယ်ဖျက်တာတွေကို သဘောမတူဘူးဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ ဒီအစီရင်ခံစာမှာ ကာလုံလို့ခေါ်တဲ့ အမျိုးသား ကာကွယ်ရေး နဲ့လုံခြုံရေးကောင်စီကို ဖျက်သိမ်းပစ်လိုက်ဖို့ အထိ အကြုံပြုထားတာကိုလဲ တွေ့လိုက် ရပါတယ်။ ဒါပေမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကပြည်ထောင်စုလွှတ်တော် ကို တင်ပြတဲ့အစီရင်ခံစာထဲမှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ)ထဲမှာ တိုင်းရင်းသား ဝန်ကြီးကိုဖြည့်စွက်ဖို့ အကြံပြုထားတာတွေ့ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီတင်ပြ အကြံပြု တဲ့ (၁၀) ချက်ထဲမှာ၂၀၁၄ ခုနှစ်မှာ အန်အယ်ဒီပါတီက ပြင်ဆင်နိုင်ဖို့ ကြိုးစားခဲ့တဲ့ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ဖို့ မသင့်ဘူးလို့လည်း ပြောထားပါတယ်။

နောက်အရေးကြီးတာက ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို အကြုံပြုထားတဲ့အချက်(၁၀)ချက်က လွဲပြီးကျန်တဲ့ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မယ့်အချက်တွေအားလုံးကို ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေးတာတွေကို ကန့်ကွက်သွားမယ်လို့ လည်း ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမီဒီယာတွေကို ပြောသွားပါတယ်။ ပိုပြီးအရေးကြီးတာက အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်လာတဲ့ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ ပုဒ်မကိုပြင်ဆင်၊ ပယ်ဖျက်ဖို့ မှာ တပ်မတော်လွှတ်တော် ကိုယ်စားလှယ် အစု အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးချုပ်မောင်မောင် ကတော့ ”ဒီလိုဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးပမ်း တာ ဟာ တိုင်းပြည်အတွက်အန္တရာယ်ရှိနိုင်တယ်”ဆိုတာလောက်ပဲ ပြောသွားတာ တွေ့ရပါတယ်။

ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်၊ဖြည့်စွက်၊ပယ်ဖျက်ဖို့ပြည်ထောင်စုလွှတ်တော်ကိုတင်ပြထားတဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီးပါဝင်ဆွေးနွေးမယ့်ကိုယ်စားလှယ်တွေဟာ ဇူလိုင်လ၂၄ရက်နေ့မှာ ဆွေးနွေးဖို့အမည်စာရင်းပေးခဲ့ပါတယ်။ အန်အယ် ဒီပါတီရဲ့သဘောထားကတော့ဒီဖွဲ့စည်းပုံပြင်ဆင်မယ့် ဆောင်ရွက်ချက် တွေကိုဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာ အန်အယ်ဒီပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က”၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်ကို အကောင်အထည် တဲ့အနေနဲ့ ပြည်ထောင်စု လွှတ်တော်မှာ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီက အစီရင် ခံစာတင်သွင်းမှုကိုဆက်ဆွေးနွေးမှုကို လုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။

ဒီအစီရင်ခံစာတင်ပြထားမှုကို ဆွေးနွေးမှာမဟုတ်ဘူးလို့လည်း တပ်မတော်ကိုယ်စားလှယ်အစုအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်ကတုန့်ပြန်ပြောလိုက်တာကိုလည်း သိလိုက်ရပါတယ်။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ပူးပေါင်း ကော်မတီရဲ့ အစီရင်စာကို တပ်မတော်ဘက်က အပြင်ခံ မလဲဆိုတာက လည်း အင်မတန် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော် က မဲခွဲပြီး အတည်ပြု လိုက်တဲ့အချိန်ကတည်းက အခြေခံဥပဒေအခန်း(၁၂)ပါ ပြဋ္ဌာန်းချက် တွေနဲ့ညီညွတ်မှုမရှိဘူးဆိုပြီး တပ်မတော်လွှတ်တော်ကိုယ်စားလှယ် အစု အဖွဲ့ကပြောခဲ့သလို၊ အခုအချိန်ထိ လည်းပြောဆိုနေတုန်းဖြစ်ပါတယ်။

နောက် ရခိုင်အမျိုးသားပါတီလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ဦးဦးလှစောကလည်း ”ဖွဲ့စည်း ပုံပြင်တာမျိုးမဟုတ်ပဲနဲ့ အသစ်ရေးတာလိုလိုဖြစ်ပြီဆိုတော့ သိပ်ခရီးပေါက်မယ် မထင်ဘူး” လို့ပြောပါ တယ်။ နောက် ထပ်ပြောတာက”ဒုတိယပင်လုံ၊တတိယ ပင်လုံဆိုပြီးတော့၅၁ချက်ရထားတာရှိတယ်။ အဲ့ဒါကိုဘေး ဖယ် လိုက်တော့မှာလား။ အဲ့ဒါက တပ်မတော်ရော၊ အာဏာရတဲ့သူရော၊ အာဏာမရတဲ့ သူရော၊ EAOတွေရော အကုန်လုံးသဘောတူညီချက်ရတဲ့အချက်။အဲ့ဒါမပါပဲနဲ့ ပင်လုံကထွက်လာ တဲ့ ၅၁ ချက် ကိုခေါက်ထားပြီး သွားမယ်ဆိုရင် အဲ့ဒီပင်လုံရဲ့ အနှစ်သာရ ဘယ်ရောက် သွားမလဲ။ အဲဒီတော့ ဒီ၄၅ဦးကော်မတီနဲ့လုပ်မယ့် Process (လုပ်ငန်းစဉ်)က ပင်လုံကို လုံး၀ အသိအမှတ် မပြုဘူး ဆိုတဲ့သဘောဆောင်နေသလား၊ ဒါလည်းမေးခွန်း တစ်ခုပဲ”လို့ မေးခွန်းထုတ်သွားပါတယ်။လွှတ်တော်ကိုယ်စားလှယ်မေးခွန်းထုတ်လိုက်တာကို ပြန်စဉ်းစားကြည့်ရင်ထပ်မံပြီးမေးရမယ့် မေးခွန်း တွေအများကြီးပေါ်လာပါလိမ့်မယ်။

မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ အစိုးရ၊လွှတ်တော်တွေ ရဲ့ဆောင်ရွက်ချက်တွေဟာ အချိတ်အဆက်မမိသလိုဖြစ်နေတာကို တွေ့ရပါတယ်။အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စကိုပဲကြည့်ပါ။ လွှတ်တော်ရော ၂၁(ရာစု)ပင်လုံငြိမ်းချမ်းရေးညီလာခံပါ နိုင်ငံတော် အဆင့်အရေးပါသလို၊ပြည်ထောင်စုဖော်ဆောင်ဆောက်တည်ရေး အတွက်လည်း အလွန်အရေးကြီး တဲ့ အခန်းကဏ္ဍ တွေဖြစ်ပါတယ်။

လွှတ်တော်တွင်းနဲ့ ၂၁(ရာစု)ပင်လုံငြိမ်းချမ်းရေးညီလာခံမှာပါ အစိုးရ၊လွှတ် တော်နဲ့ တပ်မတော်၊ တိုင်းရင်းသားခေါင်းဆောင်တွေညှိနှိုင်းနိုင်ဖို့အရေးကြီးပါတယ်။တိုင်းပြည်အတွက်အုပ်ချုပ်ရေး(အစိုးရ)မှာပါဝင်နေတဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေအချင်းချင်းချိတ် ဆက်ဆောင်ရွက်နိုင်ဖို့ အရေးကြီးသလို၊ လွှတ်တော်တွင်းမှာပါဝင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်အစု အဖွဲ့တွေ ကလည်း ကြိုတင် ညှိနှိုင်း သဘောတူချက်ရယူပြီး ဆောင်ရွက်နိုင်မှသာ တိုင်းပြည်အကျိုးပြုမယ့် ဥပဒေတွေ ပေါ်ပေါက်လာနိုင် ပါလိမ့်မယ်။ေ နာက်တိုင်းပြည်အတွက်အရေးကြီးလိုအပ်ချက်ဖြစ်နေသလို၊ အရေးပါတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့လည်းချိတ်ဆက်နိုင်ဖို့အရေးကြီးပါတယ်။

ပြည်ထောင်စုလွှတ်တော်တွင်းမှာအင်အားအများစုဖြစ်တဲ့ အန်အယ်ဒီပါတီလွှတ်တော်ကိုယ်စား လှယ် တွေ အဖို့လည်းလွှတ်တော်တွင်းမှာမဲခွဲဆုံးဖြတ်ချိန်ကျရင်အနိုင်ရရှိနိုင်ပေမယ့်၊ အမှန်တကယ် အကောင်အထည် ဖော်နိုင်မှသာပြည်သူ့ အကျိုးပြုရာ ရောက်မယ်ဆိုတာကိုလည်း အမြဲသတိပြုရပါ လိမ့်မယ်။

”ဖွဲ့စည်းပုံပြင်ဆင်ရေးအစီရင်ခံစာဟာ ဖြစ်ချင်တာတွေစုထားတာပဲရှိသေးလို့ စိုးရိမ်စရာမရှိတဲ့ အကြောင်း နဲ့ နိုင်ငံတော်အတွက်ဖြစ်သင့်တာတွေဖြစ်အောင် ဆက်ကြိုးစားသွားရ မယ်”ဆိုပြီး၊ နောက် ”အဲဒီလို ပြောခွင့်နှစ်၆၀အတွင်းမှာ ဘယ်တုန်းကမှမရခဲ့ဘူး။ အခုပြောလို့ရတယ်။ပြောကြတယ်။ ဒါဘာမှမဆန်းဘူး၊ အဲဒီ တော့ဒီပြောခွင့်ရတဲ့အတိုင်း အကုန်လုံးကို လိုက်လုပ်ရမှာ လား ဆိုတော့လည်းမဟုတ်ဘူး။ အဲဒီတော့ အခုပြော ခွင့်ရ လို့သာပြောချင်တာတွေဖြစ်ချင်တာ တွေအကုန်လုံးစုထားတဲ့ကိစ္စပဲရှိတဲ့အတွက် စိုးရိမ်ဖွယ်ရာ မရှိပါဘူး” လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ဖို့ အဆိုစတင်ခဲ့တဲ့ အန်အယ်ဒီလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်ညွန့်ကပြောပါတယ်။

သူ့စကားကိုပြန်မေးချင်တာက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြောချင်တာ၊ဖြစ် ချင်တာ တွေပြောလို့ရတဲ့နေရာလားဆိုတာကို တော့သတိပြုစေချင်ပါတယ်။ ပြည်သူတွေရွေးချယ် တင်ပေးလိုက်တဲ့ပြည်သူ့ကိုယ်စားလှယ် တွေအနေနဲ့ ပြည်သူတွေအတွက်ဖြစ်သင့်တာတွေကိုတိုင်ပင်ညှိနှိုင်းဆောင်ရွက်နိုင်မယ့်နေရာကိုရောက်နေတာပါ။အန်အယ်ဒီပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကဖွဲ့စည်းပုံအခြေခံဥပဒေထဲကပြင်နိုင်မယ့်ပုဒ်မတွေကိုအရင်ဆုံးပြင်ဖို့ပြောထားခဲ့ပေမယ့်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ် ချင်တဲ့ဆန္ဒဇောကပ်ပြီး ဆောင်ရွက်နေကြမယ်ဆိုရင် အမှားတွေ များပါလိမ့်မယ်။

အခုလောက် ဖွဲ့စည်းပုံပြင်ဆင်၊ဖြည့်စွက်၊ပယ်ဖျက်အချက်တွေတအားများနေပြီး ပြည်ထောင်စု လွှတ် တော်ကို တရားဝင်တင်ပြလိုက်တဲ့အတွက် မလိုလားအပ်တဲ့အန္တရာယ်တွေရှိလာနိုင်ပါတယ်။ ပြောမယ် ဆိုရင် ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် နိုင်ငံရေးဂယက်တွေထလာတဲ့ အပြင်ကာလ အကြာကြီး လှိုင်းထန် နေဦးမှာကိုစိုးရိမ်မိပါတယ်။

                                                                                                                                     မြတ်လှိုင်း

(  Zawgyi  )

 အခုအခ်ိန္မွာ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကိုျပင္ဆင္ႏိုင္ေရးဂယက္ေတြျပန္ထၿပီး လႈိင္းထေနရျပန္ ပါၿပီ။ အခုဂယက္က လႈိင္းထ႐ုံမကေတာ့ပဲ လႈိင္းထန္မလိုျဖစ္လာခဲ့ရတယ္။ ၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ ႏိုင္ေရး အတြက္ဆန႔္က်င္ဘက္ လူအုပ္စုႏွစ္စု ကလည္းအၿပိဳင္အဆိုင္ေထာက္ခံပြဲေတြက်င္းပၿပီး လႈံ႕ေဆာ္ေနၾကပါတယ္။ ၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ႏိုင္ေရး ျပည္ေထာင္စုလႊတ္ေတာ္မွာ အင္အယ္ဒီလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫြန႔္က ပူးေပါင္းေကာ္မတီ ဖြဲ႕ဖို႔ အဆိုတင္ ကတည္းက ျပႆနာေတြမ်ားျပားစြာရွိလာခဲ့တာက စ တယ္လို႔ေျပာရပါလိမ့္မယ္။

၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီဖြဲ႕စည္းေရးအဆို ျပည္ေထာင္စုလႊတ္ေတာ္ မွာတင္တာကို တပ္မေတာ္လႊတ္ေတာ္ကိုယ္စားလွယ္အစုအဖြဲ႕ နဲ႔ ျပည္ခိုင္ၿဖိဳး ပါတီလႊတ္ေတာ္ ကိုယ္စားလွယ္ ေတြက ကန႔္ကြက္ခဲ့ၾကပါေသးတယ္။ ၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီဖြဲ႕စည္းေရး အဆိုတင္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ၿပီး၊ ၂၀၀၈ ဖြဲ႕စည္း ပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္း ေကာ္မတီကို လႊတ္ေတာ္ကိုယ္စားလွယ္ (၄၅)ဦးနဲ႔ ဖြဲ႕ခဲ့ ပါတယ္။

အဲဒီလို ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကို အင္အယ္ဒီလႊတ္ေတာ္ ကိုယ္စားလွယ္အမ်ားစုနဲ႔ ဖြဲ႕စည္းခဲ့တာကိုလည္း တပ္မေတာ္လႊတ္ေတာ္ ကိုယ္စားလွယ္ အစုအဖြဲ႕ေတြ၊ ျပည္ခိုင္ၿဖိဳးလႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ တိုင္းရင္းသား လူမ်ိဳးစုလႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕က သေဘာမတူကန႔္ကြက္ခဲ့ၾကျပန္ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီဝင္ေတြက ျပင္ဆင္၊ျဖည့္စြက္၊ ပယ္ဖ်က္ မယ့္ ဥပေဒေတြကိုအစည္းအေဝးအႀကိမ္ႀကိမ္ထိုင္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္သြင္းဖို႔အစီရင္ ခံစာ တစ္ေစာင္ကိုျပဳစုခဲ့ပါတယ္။ အခုျပည္ေထာင္စု လႊတ္ေတာ္ျပန္က်င္းပတာနဲ႔ တစ္ၿပိဳင္နက္ထဲမွာ ၂၀၀၈ဖြဲ႕စည္းပုံ အေျခ ခံဥပေဒ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီက အစီရင္ခံစာကို တင္သြင္းလိုက္ ပါ တယ္။ ျပည္ေထာင္စုလႊတ္ေတာ္ မွာ(၄၅)ဦးပါ ဝင္တဲ့ဖြဲ႕စည္းပုံ အေျခခံ ဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ က ျပင္ဆင္၊ျဖည့္စြက္၊ပယ္ဖ်က္ဖို႔ အ ခ်က္ေပါင္း ၃၇၆၅ ခ်က္ကို ၿပီးခဲ့တဲ့ဇူလိုင္လ ၁၅ရက္ေန႔ မွာ ျပည္ေထာင္စုလႊတ္ေတာ္ကို တင္သြင္းခဲ့ပါတယ္။

အမွန္တကယ္ဆိုရင္ျပည္ေထာင္စုလႊတ္ေတာ္ကိုတင္ျပမယ့္ဖြဲ႕စည္းပုံအေျခခံဥပေဒထဲက ျပင္ဆင္၊ျဖည့္စြက္၊ ပယ္ဖ်က္မယ့္အခ်က္ေတြကို ျပည္သူတိုင္းရင္းသားေတြကို အသိေပးျဖန႔္ေဝၿပီးမွ ေထာက္ခံ ပြဲေတြလုပ္မယ္ ဆိုရင္ပိုၿပီးသင့္ေတာ္ပါလိမ့္ပါမယ္။ အခုအခ်ိန္မွာ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ထဲက ဘယ္အခ်က္ေတြျပင္ဆင္၊ ျဖည့္စြက္၊ပယ္ဖ်က္မယ္ဆိုတာေတြကို မသိဘဲနဲ႔ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ အစီရင္စာ တင္သြင္းတာကို ေထာက္ခံပြဲေတြ၊ ကန႔္ကြက္ပြဲေတြ ထလုပ္ေနတာကေတာ့ ျမန္မာႏိုင္ငံ ႏိုင္ငံေရးကို ပိုၿပီး ရႈတ္ ေထြးသြားေစႏိုင္ပါတယ္။

ဒီဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီက တင္သြင္းတဲ့ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ျပင္ဆင္၊ ျဖည့္စြက္၊ပယ္ဖ်က္လိုတဲ့အခ်က္ေတြကိုၾကည့္ရင္တိုင္းရင္းသားပါတီေတြထဲကရခိုင္အမ်ိဳးသား ပါတီကလႊတ္ ေတာ္ထဲမွာ တပ္မေတာ္ရဲ႕အခန္းကဏ္ ဍပယ္ဖ်က္ဖို႔အပါအဝင္ အခ်က္ေပါင္း ၈၅၈ ခ်က္ ကို အႀကံျပဳထားတာေတြ႕ရပါတယ္။

အန္အယ္ဒီပါတီကလႊတ္ေတာ္ထဲကတပ္မေတာ္ကိုယ္စားလွယ္ပါဝင္မႈကို တျဖည္းျဖည္းေလွ်ာ့ခ် ဖို႔ အဆို ျပဳထားတာကိုေတြ႕ရပါတယ္။ ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ကေတာ့ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး နဲ႔ေ႐ြးေကာက္တင္ေျမႇာက္ျခင္းက႑ေတြ အတြက္(၁၀)ခ်က္ကို တင္သြင္းထားတာေတြ႕ရပါတယ္။ ဒီဖြဲ႕စည္းပုံျပင္ဆင္ေရးပူးေပါင္းေကာ္မတီက ျပည္ ေထာင္စုလႊတ္ေတာ္ကိုတင္ျပထားတဲ့ အစီရင္ ခံစာ မွာ အုပ္ခ်ဳပ္ေရးက႑၊အခန္း(၅)က အမ်ားဆုံးျပင္ဆင္၊ ျဖည့္စြက္၊ပယ္ဖ်က္ဖို႔အခ်က္ ၁၂၀၀ ေက်ာ္အႀကံျပဳတင္ျပ ထား ပါတယ္။ တပ္မေတာ္လႊတ္ေတာ္ကိုယ္စားလွယ္ အစုအဖြဲ႕ကေတာ့ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီဖြဲ႕စဥ္ကတည္း ကန႔္ကြက္ထားခဲ့ၿပီးေတာ့၊ အခုဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီက ျပည္ေထာင္စုလႊတ္ေတာ္ကိုတင္ျပထားတဲ့ အစီရင္ ခံစာမွာ လုံးဝအႀကဳံျပဳထားတာ မေတြ႕ရပါဘူး။

 ဒီအခ်က္ကိုေသခ်ာၾကည့္ရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲက ျပင္ဆင္၊ျဖည့္စြက္၊ပယ္ဖ်က္တာေတြကို သေဘာမတူဘူးဆိုတဲ့ အဓိပၸါယ္ပဲျဖစ္ပါတယ္။ ဒီအစီရင္ခံစာမွာ ကာလုံလို႔ေခၚတဲ့ အမ်ိဳးသား ကာကြယ္ေရး နဲ႔လုံၿခဳံေရးေကာင္စီကို ဖ်က္သိမ္းပစ္လိုက္ဖို႔ အထိ အႀကဳံျပဳထားတာကိုလဲ ေတြ႕လိုက္ ရပါတယ္။ ဒါေပမယ့္ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီကျပည္ေထာင္စုလႊတ္ေတာ္ ကို တင္ျပတဲ့အစီရင္ခံစာထဲမွာ အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီ (ကာလုံ)ထဲမွာ တိုင္းရင္းသား ဝန္ႀကီးကိုျဖည့္စြက္ဖို႔ အႀကံျပဳထားတာေတြ႕ရပါတယ္။ ျပည္ခိုင္ၿဖိဳးပါတီတင္ျပ အႀကံျပဳ တဲ့ (၁၀) ခ်က္ထဲမွာ၂၀၁၄ ခုႏွစ္မွာ အန္အယ္ဒီပါတီက ျပင္ဆင္ႏိုင္ဖို႔ ႀကိဳးစားခဲ့တဲ့ ပုဒ္မ ၅၉ (စ)ကို ျပင္ဆင္ဖို႔ မသင့္ဘူးလို႔လည္း ေျပာထားပါတယ္။

ေနာက္အေရးႀကီးတာက ျပည္ခိုင္ၿဖိဳးလႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီကို အႀကဳံျပဳထားတဲ့အခ်က္(၁၀)ခ်က္က လြဲၿပီးက်န္တဲ့ျပင္ဆင္၊ ျဖည့္စြက္၊ ပယ္ဖ်က္မယ့္အခ်က္ေတြအားလုံးကို ျပည္ေထာင္စုလႊတ္ေတာ္မွာေဆြးေႏြးတာေတြကို ကန႔္ကြက္သြားမယ္လို႔ လည္း ျပည္ခိုင္ၿဖိဳးလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကမီဒီယာေတြကို ေျပာသြားပါတယ္။ ပိုၿပီးအေရးႀကီးတာက အုပ္ခ်ဳပ္ေရးက႑မွာ ပါဝင္လာတဲ့ အမ်ိဳးသား ကာကြယ္ေရး နဲ႔ လုံၿခဳံေရးေကာင္စီ ပုဒ္မကိုျပင္ဆင္၊ ပယ္ဖ်က္ဖို႔ မွာ တပ္မေတာ္လႊတ္ေတာ္ ကိုယ္စားလွယ္ အစု အဖြဲ႕ေခါင္းေဆာင္ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္ ကေတာ့ ”ဒီလိုဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဖို႔ ႀကိဳးပမ္း တာ ဟာ တိုင္းျပည္အတြက္အႏၲရာယ္ရွိႏိုင္တယ္”ဆိုတာေလာက္ပဲ ေျပာသြားတာ ေတြ႕ရပါတယ္။

ဒီ၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒကိုျပင္ဆင္၊ျဖည့္စြက္၊ပယ္ဖ်က္ဖို႔ျပည္ေထာင္စုလႊတ္ေတာ္ကိုတင္ျပထားတဲ့အစီရင္ခံစာနဲ႔ ပတ္သက္ၿပီးပါဝင္ေဆြးေႏြးမယ့္ကိုယ္စားလွယ္ေတြဟာ ဇူလိုင္လ၂၄ရက္ေန႔မွာ ေဆြးေႏြးဖို႔အမည္စာရင္းေပးခဲ့ပါတယ္။ အန္အယ္ ဒီပါတီရဲ႕သေဘာထားကေတာ့ဒီဖြဲ႕စည္းပုံျပင္ဆင္မယ့္ ေဆာင္႐ြက္ခ်က္ ေတြကိုဆက္လက္လုပ္ေဆာင္သြားမယ္ဆိုတာ အန္အယ္ဒီပါတီဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္က”၂၀၁၅ ေ႐ြးေကာက္ပြဲ ကတိကဝတ္ကို အေကာင္အထည္ တဲ့အေနနဲ႔ ျပည္ေထာင္စု လႊတ္ေတာ္မွာ၂၀၀၈ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီက အစီရင္ ခံစာတင္သြင္းမႈကိုဆက္ေဆြးေႏြးမႈကို လုပ္ေဆာင္သြားမယ္” လို႔ ေျပာပါတယ္။

ဒီအစီရင္ခံစာတင္ျပထားမႈကို ေဆြးေႏြးမွာမဟုတ္ဘူးလို႔လည္း တပ္မေတာ္ကိုယ္စားလွယ္အစုအဖြဲ႕ ေခါင္းေဆာင္ ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္ကတုန႔္ျပန္ေျပာလိုက္တာကိုလည္း သိလိုက္ရပါတယ္။ အဆိုပါ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ဖို႔ပူးေပါင္း ေကာ္မတီရဲ႕ အစီရင္စာကို တပ္မေတာ္ဘက္က အျပင္ခံ မလဲဆိုတာက လည္း အင္မတန္ စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီကို ျပည္ေထာင္စုလႊတ္ေတာ္ က မဲခြဲၿပီး အတည္ျပဳ လိုက္တဲ့အခ်ိန္ကတည္းက အေျခခံဥပေဒအခန္း(၁၂)ပါ ျပ႒ာန္းခ်က္ ေတြနဲ႔ညီၫြတ္မႈမရွိဘူးဆိုၿပီး တပ္မေတာ္လႊတ္ေတာ္ကိုယ္စားလွယ္ အစု အဖြဲ႕ကေျပာခဲ့သလို၊ အခုအခ်ိန္ထိ လည္းေျပာဆိုေနတုန္းျဖစ္ပါတယ္။

ေနာက္ ရခိုင္အမ်ိဳးသားပါတီလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ဦးဦးလွေစာကလည္း ”ဖြဲ႕စည္း ပုံျပင္တာမ်ိဳးမဟုတ္ပဲနဲ႔ အသစ္ေရးတာလိုလိုျဖစ္ၿပီဆိုေတာ့ သိပ္ခရီးေပါက္မယ္ မထင္ဘူး” လို႔ေျပာပါ တယ္။ ေနာက္ ထပ္ေျပာတာက”ဒုတိယပင္လုံ၊တတိယ ပင္လုံဆိုၿပီးေတာ့၅၁ခ်က္ရထားတာရွိတယ္။ အဲ့ဒါကိုေဘး ဖယ္ လိုက္ေတာ့မွာလား။ အဲ့ဒါက တပ္မေတာ္ေရာ၊ အာဏာရတဲ့သူေရာ၊ အာဏာမရတဲ့ သူေရာ၊ EAOေတြေရာ အကုန္လုံးသေဘာတူညီခ်က္ရတဲ့အခ်က္။အဲ့ဒါမပါပဲနဲ႔ ပင္လုံကထြက္လာ တဲ့ ၅၁ ခ်က္ ကိုေခါက္ထားၿပီး သြားမယ္ဆိုရင္ အဲ့ဒီပင္လုံရဲ႕ အႏွစ္သာရ ဘယ္ေရာက္ သြားမလဲ။ အဲဒီေတာ့ ဒီ၄၅ဦးေကာ္မတီနဲ႔လုပ္မယ့္ Process (လုပ္ငန္းစဥ္)က ပင္လုံကို လုံး၀ အသိအမွတ္ မျပဳဘူး ဆိုတဲ့သေဘာေဆာင္ေနသလား၊ ဒါလည္းေမးခြန္း တစ္ခုပဲ”လို႔ ေမးခြန္းထုတ္သြားပါတယ္။လႊတ္ေတာ္ကိုယ္စားလွယ္ေမးခြန္းထုတ္လိုက္တာကို ျပန္စဥ္းစားၾကည့္ရင္ထပ္မံၿပီးေမးရမယ့္ ေမးခြန္း ေတြအမ်ားႀကီးေပၚလာပါလိမ့္မယ္။

ျမန္မာႏိုင္ငံဒီမိုကေရစီအသြင္ကူးေျပာင္းေရးကာလမွာ အစိုးရ၊လႊတ္ေတာ္ေတြ ရဲ႕ေဆာင္႐ြက္ခ်က္ေတြဟာ အခ်ိတ္အဆက္မမိသလိုျဖစ္ေနတာကို ေတြ႕ရပါတယ္။အခု ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒျပင္ဆင္ေရးကိစၥကိုပဲၾကည့္ပါ။ လႊတ္ေတာ္ေရာ ၂၁(ရာစု)ပင္လုံၿငိမ္းခ်မ္းေရးညီလာခံပါ ႏိုင္ငံေတာ္ အဆင့္အေရးပါသလို၊ျပည္ေထာင္စုေဖာ္ေဆာင္ေဆာက္တည္ေရး အတြက္လည္း အလြန္အေရးႀကီး တဲ့ အခန္းက႑ ေတြျဖစ္ပါတယ္။

လႊတ္ေတာ္တြင္းနဲ႔ ၂၁(ရာစု)ပင္လုံၿငိမ္းခ်မ္းေရးညီလာခံမွာပါ အစိုးရ၊လႊတ္ ေတာ္နဲ႔ တပ္မေတာ္၊ တိုင္းရင္းသားေခါင္းေဆာင္ေတြညႇိႏႈိင္းႏိုင္ဖို႔အေရးႀကီးပါတယ္။တိုင္းျပည္အတြက္အုပ္ခ်ဳပ္ေရး(အစိုးရ)မွာပါဝင္ေနတဲ့သက္ဆိုင္ရာဝန္ႀကီးဌာနေတြအခ်င္းခ်င္းခ်ိတ္ ဆက္ေဆာင္႐ြက္ႏိုင္ဖို႔ အေရးႀကီးသလို၊ လႊတ္ေတာ္တြင္းမွာပါဝင္ေနတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္အစု အဖြဲ႕ေတြ ကလည္း ႀကိဳတင္ ညႇိႏႈိင္း သေဘာတူခ်က္ရယူၿပီး ေဆာင္႐ြက္ႏိုင္မွသာ တိုင္းျပည္အက်ိဳးျပဳမယ့္ ဥပေဒေတြ ေပၚေပါက္လာႏိုင္ ပါလိမ့္မယ္။ေ နာက္တိုင္းျပည္အတြက္အေရးႀကီးလိုအပ္ခ်က္ျဖစ္ေနသလို၊ အေရးပါတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံနဲ႔လည္းခ်ိတ္ဆက္ႏိုင္ဖို႔အေရးႀကီးပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္တြင္းမွာအင္အားအမ်ားစုျဖစ္တဲ့ အန္အယ္ဒီပါတီလႊတ္ေတာ္ကိုယ္စား လွယ္ ေတြ အဖို႔လည္းလႊတ္ေတာ္တြင္းမွာမဲခြဲဆုံးျဖတ္ခ်ိန္က်ရင္အႏိုင္ရရွိႏိုင္ေပမယ့္၊ အမွန္တကယ္ အေကာင္အထည္ ေဖာ္ႏိုင္မွသာျပည္သူ႔ အက်ိဳးျပဳရာ ေရာက္မယ္ဆိုတာကိုလည္း အၿမဲသတိျပဳရပါ လိမ့္မယ္။

”ဖြဲ႕စည္းပုံျပင္ဆင္ေရးအစီရင္ခံစာဟာ ျဖစ္ခ်င္တာေတြစုထားတာပဲရွိေသးလို႔ စိုးရိမ္စရာမရွိတဲ့ အေၾကာင္း နဲ႔ ႏိုင္ငံေတာ္အတြက္ျဖစ္သင့္တာေတြျဖစ္ေအာင္ ဆက္ႀကိဳးစားသြားရ မယ္”ဆိုၿပီး၊ ေနာက္ ”အဲဒီလို ေျပာခြင့္ႏွစ္၆၀အတြင္းမွာ ဘယ္တုန္းကမွမရခဲ့ဘူး။ အခုေျပာလို႔ရတယ္။ေျပာၾကတယ္။ ဒါဘာမွမဆန္းဘူး၊ အဲဒီ ေတာ့ဒီေျပာခြင့္ရတဲ့အတိုင္း အကုန္လုံးကို လိုက္လုပ္ရမွာ လား ဆိုေတာ့လည္းမဟုတ္ဘူး။ အဲဒီေတာ့ အခုေျပာ ခြင့္ရ လို႔သာေျပာခ်င္တာေတြျဖစ္ခ်င္တာ ေတြအကုန္လုံးစုထားတဲ့ကိစၥပဲရွိတဲ့အတြက္ စိုးရိမ္ဖြယ္ရာ မရွိပါဘူး” လို႔ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီဖြဲ႕ဖို႔ အဆိုစတင္ခဲ့တဲ့ အန္အယ္ဒီလႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ ဦးေအာင္ၾကည္ၫြန႔္ကေျပာပါတယ္။

သူ႔စကားကိုျပန္ေမးခ်င္တာက ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ ေျပာခ်င္တာ၊ျဖစ္ ခ်င္တာ ေတြေျပာလို႔ရတဲ့ေနရာလားဆိုတာကို ေတာ့သတိျပဳေစခ်င္ပါတယ္။ ျပည္သူေတြေ႐ြးခ်ယ္ တင္ေပးလိုက္တဲ့ျပည္သူ႔ကိုယ္စားလွယ္ ေတြအေနနဲ႔ ျပည္သူေတြအတြက္ျဖစ္သင့္တာေတြကိုတိုင္ပင္ညႇိႏႈိင္းေဆာင္႐ြက္ႏိုင္မယ့္ေနရာကိုေရာက္ေနတာပါ။အန္အယ္ဒီပါတီေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ကဖြဲ႕စည္းပုံအေျခခံဥပေဒထဲကျပင္ႏိုင္မယ့္ပုဒ္မေတြကိုအရင္ဆုံးျပင္ဖို႔ေျပာထားခဲ့ေပမယ့္၊ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြျဖစ္ ခ်င္တဲ့ဆႏၵေဇာကပ္ၿပီး ေဆာင္႐ြက္ေနၾကမယ္ဆိုရင္ အမွားေတြ မ်ားပါလိမ့္မယ္။

အခုေလာက္ ဖြဲ႕စည္းပုံျပင္ဆင္၊ျဖည့္စြက္၊ပယ္ဖ်က္အခ်က္ေတြတအားမ်ားေနၿပီး ျပည္ေထာင္စု လႊတ္ ေတာ္ကို တရားဝင္တင္ျပလိုက္တဲ့အတြက္ မလိုလားအပ္တဲ့အႏၲရာယ္ေတြရွိလာႏိုင္ပါတယ္။ ေျပာမယ္ ဆိုရင္ ၂၀၀၈ဖြဲ႕စည္းပုံ ျပင္ဆင္ေရးအတြက္ ႏိုင္ငံေရးဂယက္ေတြထလာတဲ့ အျပင္ကာလ အၾကာႀကီး လႈိင္းထန္ ေနဦးမွာကိုစိုးရိမ္မိပါတယ္။

                                                                                                                                     ျမတ္လႈိင္း