【 ဆောင်းပါး 】“ သူစိမ်းဆန်လာတဲ့ သူတွေ ”

【  ဆောင်းပါး  】“ သူစိမ်းဆန်လာတဲ့ သူတွေ  ”

တစ်ယောက်နဲ့ တစ်ယောက် စောင့်ရှောက်မှုက ဘယ်လောက်ထိ အရေးပါသလဲ။ ဒါက ဒီဘက် ခေတ် မှာ မေးခွန်းထုတ်စရာ ဖြစ်လာတဲ့ ခေါင်းပါးလာတဲ့ စံတန်ဖိုးတစ်ခုပါဘဲ။ ကျွန်တော်တို့ ငယ်စဉ်ခေတ် တစ်လျှောက်လုံး (၁၉၇၀-၁၉၈၈) အားကောင်းမောင်းသန်ဖွံ့ဖြိုးလာတဲ့ ဒီချစ်စရာဓလေ့စံတန်ဖိုးက ယနေ့ခေတ် မှာ ပျောက်ခြင်းမလှပျောက်နေခဲ့ပါပြီ။
 
ဒါကို ကျွန်တော် အကျိုးမဲ့ အကြောင်းမဲ့ပြောနေခြင်းမဟုတ်။ ပြီးခဲ့သည့် လတွေအတွင်း သတင်း တစ်ခုကို ဖတ်ပြီးနောက် ဒီတစ်ခုကို စွဲစွဲမြဲမြဲတွေးမိနေခြင်းဖြစ်ပါတယ်။သတင်းထဲမှာက လှိုင်သာယာမှာ လူမိုက်တွေ အုပ်စုဖွဲ့ပြီးဆက်ကြေးတောင်းတာ၊ ဒါကို လွှတ်တော်ကိုယ်စားလှယ်က အရေးယူပေးဖို့ သမ္မတဆီ တင်မည်ဆိုလား။ နောက်သတင်းတစ်ခုကလည်း ရှမ်းပြည်နယ်ဘက်မှာ လက်ပြန်ကြိုးတုပ်ပြီးသတ်ထားခဲ့တာကို တွေ့ရှိခဲ့တာ။လှိုင်သာယာမှာ နေ့ပြန်တိုးကောက်တဲ့သူကို အိမ်ထဲခေါ်ပြီး သတ်တာ။ 
 
ဒါတွေက ဆက်တိုက်မဟုတ်သော်လည်း ကျွန်တော်အတွေးထဲ ဆက်စပ်ပြီး ဝင်နေခဲ့ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ မတရားတာကို လုပ်နေတဲ့အခါ ဟန့်တားမှု၊ ရပ်ရွာကနေ ဝိုင်းစောင့် ရှောက်မှုတွေက ယခုခေတ်မှာ အတော်လေးကို ပါးရှားလာတဲ့ အရာတွေ ဖြစ်လာပါတယ်။ ဒါဟာ ပြောင်းလဲလာတဲ့ လူနေမှုစနစ်နဲ့ ဆိုင်နေမလားဆိုတာကို မကြာခဏတွေးမိတာရှိပါတယ်။
 
လွန်ခဲ့တဲ့ နှစ် ၃၀ ကာလကျော်ကျော်တုန်းက မြန်မာလူနေမှုစနစ်မှာ တိုက်ခန်းမှာနေတဲ့ ယဉ်ကျေးမှုက သိပ်မထွန်းကားသေးပါဘူး။ လူတွေက ရပ်ကွက်တွေ အထူးသဖြင့် မြေစိုက်လုံးခြင်းသစ်သား အိမ်လေးတွေထဲမှာနေကြတာများပြီး အိမ်လေးတွေကလည်း အိမ်ဝိုင်းလို့ခေါ်တဲ့ ခြံတစ်ခုထဲမှာ မိသားစုဝင်တွေ စုပြီး အိမ်ဆောက်နေထိုင်ကြတဲ့ ဓလေ့က အတော်လေးအားကောင်းခဲ့ပါတယ်။နောက်ပိုင်းကာလဖြစ်တဲ့ ၁၉၈၈ နောက်ပိုင်းမှာ ရန်ကုန်ရဲ့ လူနေမှုကအတော်လေးပြောင်းလဲသွားခဲ့ပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့ က လူနေမှု စုပြုံနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၈၈ အရေးတော်ပုံကာလ တပ်ဘက်က  အာဏာသိမ်း ပြီးနောက် အဓိကထိန်းခဲ့ရတဲ့ လှိုင်၊မြောက်ဥက္ကလာ၊တောင်ဥက္ကလာ၊သာကေတ စတဲ့မြို့နယ်တွေက ရပ်ကွက်အချို့ကို မြို့သစ်တွေ ပို့ပြီး အဆိုပါနေရာမှာ ကန်ထရိုက်တိုက်တွေ ဆောက်ခဲ့ရာကနေ ရန်ကုန်ဟာ တိုက်ခန်းယဉ်ကျေးမှု စတင်ခဲ့ပါတယ်။ 
 
အဲဒီကာလမှာ မြေပိုင်အိမ်ပိုင်နဲ့နေတဲ့သူထက် တိုက်ခန်းနဲ့နေတဲ့သူက ပိုပြီး လူရာဝင်တဲ့ ခေတ် တစ်ခေတ်ဖြစ်လာသလို တစ်မိုးအောက်ထဲမှာနေထိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် မသိကြတဲ့ ၊ အထူး သဖြင့် ခေတ်စနစ်ရဲ့ ပြဋ္ဌာန်းသင်ကြားချက်အရ မဆိုင်ရင် မစပ်စုနဲ့ဆိုတဲ့ ဓလေ့ကြောင့် ရန်ကုန်ဟာ သူစိမ်း ဆန်လာခဲ့ပါတယ်။ ယခင်က ရပ်ထဲရွာထဲ တစ်မိသားစုနဲ့ တစ်မိသားစု စောင့်ရှောက်ကြတဲ့ ဓလေ့ဟာ ဒီမစပ်စုတဲ့ ဓလေ့ကြောင့် သူစိမ်းပြင်ပြင်ဖြစ်လာခဲ့ပါတယ်။
 
ဘာကြောင့် မဆိုင်ရင် မစပ်စုကြတာလဲ..။ ဒါဟာ ယခုချိန်မှာ အနည်းဆုံး ၄၅-၅၀အသက်တန်းကို ရောက်နေတဲ့ သူတိုင်း ပြောစရာမလိုအောင် သိနေကြတဲ့ ဓလေ့ပါ။ အရင်အစိုးရခေတ်မှာ ဒါဟာ အလုပ် ဖြစ်တဲ့ ဓလေ့ပါ။ ဘာအလုပ်ဖြစ်တာလဲဆိုရင် ကိုယ်အတွက်အန္တရာယ်ကင်းတဲ့ ဓလေ့ပါ။ အဲ့ဒီခေတ်က နိုင်ငံရေးသမားဆိုရင် ကလေးတောင် မချန်ဆိုင်ဆိုင် မဆိုင်ဆိုင် ထောင်ချတဲ့ ခေတ်၊ ဖမ်းတဲ့ခေတ်ဆိုတော့ လူစုစု ဖြစ်ရင်  စပ်စုတတ်တဲ့ မြန်မာလူမျိုးတွေအတွက် မကြာခဏဆိုသလို ဆိုင်ဆိုင်မဆိုင်ဆိုင် အဖမ်းခံရပါတယ်။ ဒီတော့ စီကနဲ့ လူတွေက အိမ်ထဲပြန်ဝင်ကြ၊တချို့ဆိုလဲ တံခါးပိတ်ပြီးနေတဲ့အထိ အကြောက်တရား ခေတ် ဖြစ်ထွန်းအောင် အဲဒီခေတ်မှာ  လက်နက်နဲ့ အာဏာကို တည်ဆောက်ခဲ့တဲ့သူတွေက လုပ်ခဲ့ကြပါတယ်။ ဒီအကျိုးဆက်က ဘာလဲ။
 
လူတွေ အတ္တအရမ်းကြီးလာခဲ့ပါတယ်။ ကိုယ်အတွက်ကလွဲပြီး ဘာမှ မစဉ်းစားလာကြတော့ပါဘူး။ ကိုယ်ကြောင့်  ဘယ်သူနစ်နာမလဲဆိုတာမှာတောင် သူစိမ်းမပြောနဲ့ ကိုယ်သွေးရင်းသားရင်းတောင် ထည့်မ တွက်တော့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ စိတ်ပျက်စရာ သူစိမ်းဆန်တဲ့ အခင်းအကျင်းက ရန်ကုန်ကနေ စပြီး တခြားနယ်မြို့တွေထိ ကူးစက်သွားခဲ့ပါတယ်။ ကျွန်တော်တို့ ဘေးနားမှာ ဘယ်လိုလူတွေ ရောက်လာလဲ၊ ဘယ်လို ကိုယ်ကျင့်စာရိတ္တရှိလဲ ဆိုတာထက် ကိုယ်ဘေးနားရောက်လာတဲ့သူက ဘယ်လောက် သုံးနိုင်လဲ၊ ဘယ်ဂွင်မှာထောလာလဲဆိုတာကို အားကျတဲ့ စိတ်အခြေခံတွေ ဖွံ့ဖြိုးလာခဲ့ပါတယ်။ 
 
ကျွန်တော်တို့ဘေးနားကို မကောင်းတဲ့အလုပ်ကို လုပ်ပြီး ချမ်းသာလာတဲ့ သူတွေ၊ လင်ငယ် မယား ငယ်လို့ စာရိတ္တနိမ့်ကျနေတဲ့သူတွေ၊ ခန္ဓာကိုယ်ကို ရင်းပြီး ဘဝကို ရေစုန်မျောတဲ့သူတွေ၊ သူများပစ္စည်းတွေ၊ ပြည်သူပိုင်ပစ္စည်းကို ကိုယ်ပစ္စည်းလို သဘောထားတဲ့သူတွေ၊သူများလယ်ယာကို လက်နက်၊အာဏာနဲ့ အပိုင် စီးပြီး ကြီးပွားလာတဲ့ လူတွေ အလုံးအရင်းရောက်လာခဲ့ပါတယ်။ စားသောက်ဆိုင် ယဉ်ကျေးမှု၊ကေတီဗွီ ယဉ်ကျေးမှုနဲ့ အတူ ညဘက် လိင်ဖျော်ဖြေပေးရတဲ့သူတွေကို တိုက်ခန်းယဉ်ကျေးမှုထွန်းကားရာ ရန်ကုန်နဲ့မြို့ကြီး က အရပ်တွေမှာ ခပ်စိပ်စိပ်တွေ့လာရပါတယ်။ တစ်ကယ်တော့ လူတစ်စုအာဏာတည်မြဲဖို့ ခေတ်ကို ယုတ်မာတဲ့အကြံနဲ့ အစွန်းဘက်ကို တွန်းပို့လိုက်ရာမှာ မြန်မာလူနေမှုစနစ်က ဆိုးရွားတဲ့ ဖာဆန်တဲ့ယဉ်ကျေးမှုကို အတင်းအကြပ်လက်ခံလိုက်ရပါတယ်။ ရပ်ကွက်တွေထဲ မူးယစ်ဆေးရောင်းတဲ့သူတွေ ၊ ဇိမ်ခန်းဖွင့်စားတဲ့သူတွေ ၊အရက်သေစာရောင်းချတဲ့သူတွေကို ရပ်ရေးရွာရေးမှာ ငွေကြေးစိုက်ထုတ်နိုင်သူတွေအဖြစ် ခေါင်းရင်းခန်းမှာ ထိုင်ခွင့်ပေးလိုက်ရပြီးနောက် ဘာလို့ ဒီနေရာကို ရလာလဲဆိုတဲ့ မေးခွန်းဟာ မြန်မာ့လူနေမှုယဉ်ကျေးမှုမှာ အတော်လေးကိုယ်ချင်းမစာတဲ့ မေးခွန်းအထိ ဖြစ်လာခဲ့တဲ့အထိ လူယဉ်ကျေးမှုစံက ထိုးကျသွားခဲ့တာ အထင်အရှားပါဘဲ။   
 
ဒီအတွက် ဘယ်သူကို အပြစ်တင်ရမလဲ။ ဒီစနစ်ထဲမှာ မြောပါသွားတဲ့သူကို အပြစ်တင်ရမှာလား ၊ဒီ ယဉ်ကျေးမှုဖြစ်ထွန်းလာအောင် ခွင့်ပြုခဲ့တဲ့သူတွေကို အပြစ်တင်ရမှာလား။တစ်ကယ်ကော ကျွန်တော်တို့ အပြစ်တင်ဖို့ အခွင့်အလမ်းရှိပြီလား ။ဒါက ယနေ့တိုင် ကျွန်တော်တို့ တွေးနေရတဲ့ အရာတွေဖြစ်သည်။ တစ်ကယ်ဆို ဒီယဉ်ကျေးမှုထဲမှာ မဖြစ်သာလို့ မြောပါနေရခဲ့ရသည့် ပန်းအကြွေတွေအကြောင်း၊ ဒီယဉ်ကျေး မှုဖြစ်ထွန်းဖို့ ချောဆီသဖွယ် ကြိတ်စာဖြစ်ခဲ့သူတွေကို စာနာ နားလည်ပေးရန် အခံက ကျွန်တော်တို့မှာ ရှိပြီး သားဖြစ်သည်။ 
 
တစ်ကယ်က ကျွန်တော်တို့ မတည်ဆောက်ခဲ့သော ကမ္ဘာကို ကျွန်တော်တို့ လက်ခံထားနေရ ခြင်း ဖြစ်သည်။ ကျွန်တော်တို့မှာ ရွေးချယ်စရာကား ပါးရှားလွန်းလှသည်။ ဂရိအတွေးအခေါ်ပညာရှင် ပါမင် နင်ဒီ(Parmenides)က “အာရုံငါးပါးသည် ကျွန်ုပ်တို့ကိုလှည့်စားသည်။ ဆင်ခြင်တုံတရားကတော့ အမှန် တရား ကို ဖွင့်ပြသည်”လို့ ဆိုခဲ့ပါတယ်။ 
 
လက်နက်နဲ့ အာဏာကို တည်ဆောက်ခဲ့တဲ့ သူတွေ ကျွန်တော်တို့ကို လုပ်ခဲ့တာတစ်ခု တည်းဖြစ် သည်။ ဒါက ကျွန်တော်တို့မှာ ဆင်ခြင်တုံတရားမတွေးတောနိုင်အောင် လုပ်ခဲ့ခြင်း(ဝါ)ဆင်ခြင် တုံတရား မရှိအောင် အခင်းအကျင်းတစ်ခုကို ဖန်တီးခြင်းပင် ဖြစ်သည်။ ဘယ်လိုဖန်တီးသနည်း။ အာရုံငါးပါးကို ပို၍ ပို၍အားကောင်းလာအောင် ဖန်တီးခဲ့ခြင်းပင်ဖြစ်သည်။ ထိုအကျိုးဆက်ကား ကျွန်တော်တို့အနားရှိလူတွေနှင့် ကျွန်တော်တို့ဝေးကွာစေပြီး ကျွန်တော်တို့အဝေးမှာရှိသည့်လူတွေနှင့် ကျွန်တော်တို့ ပိုပြီး အကျွမ်းတဝင်ဖြစ် လာခဲ့ခြင်းပင်ဖြစ်သည်။ဒီအရာက ကျွန်တော်တို့ကို အနားရှိသူတွေနှင့် သူစိမ်းဆန်လာစေခဲ့သည်။ 
 
ကျွန်တော်တို့နားတွင် ဘယ်သူတွေနေသလဲဆိုတာထက်၊ ဘယ်လိုလူတွေ ဆိုတာထက် ငါပြည်စုံရင် ဘယ်သူမှ ဂရုစိုက်စရာမလိုဆိုသည့် တောရိုင်းဆန်သည့် အယူဝါဒက ပိုဖြစ်ထွန်းလာခဲ့သည်။ ယခု အာဖရိ ကမှာ လာတဲ့ လူတွေနှင့်တောင် မြန်မာအမျိုးသမီးအချို့ အတူနေတွေ ဖြစ်လာကြပြီ။ ကိုယ်ရှေ့မှာ ဓား ထောက် လူဆွဲတင် သားမယားပြု့ကျင်လျှင် ဝင်မတားကြတော့ပြီ။ သက်ငယ်မုဒိမ်းကိစ္စတွေမှာ အလွယ် တကူငွေနဲ့ညှိနိုင်းကြတာကို မသိသလို နေရက်ကြပြီ။ အဓမ္မကို အဓမ္မမှန်းသိလျက်နဲ့ ကိုယ်နဲ့မဆိုင်လို့ ဘေး ရှောင်နေတတ်ကြနေပြီ။ ကျွန်တော်တို့ သူစိမ်းဆန်နေချိန်မှာ အချို့ လူမျိုးတွေက သူတို့လူမျိုးထိလို့ စစ်တွေဆင်နွဲကြ၊ သူတို့ နိုင်ငံထိလို့ စစ်ကို ဆင်နွဲကြ၊ သူတို့ ဘာသာထိလို့ စစ်ကိုဆင်နွဲကြနှင့်။ 
 
သူစိမ်းဆန်ခြင်းကို ဘယ်အထိကျွန်တော်တို့ ကျင့်သုံးဦးမလဲ။ ခေတ်က အတန်အသင့်ပြောင်းလဲ လာ နေပြီလို့ ဆိုနိုင်သည်။ လူတွေ အကျင့်က ယခုထိ မပြောင်းလဲနိုင်သေး။ ပြီးခဲ့သည့်ခေတ်က ဖြစ်ထွန်းခဲ့သည့် အသီးအပွင့်တွေကို စားရင်း ပြီးခဲ့သည့် ခေတ်ကို အပြစ်တင်ဆဲ။ ကိုယ်လွတ်ရုန်းနေဆဲ။ယခုထိ သူစိမ်း ဆန်ဆန် အတ္တကြီးနေဆဲ။ 
 
မောင်ဦးလွင်
 
(  Zawgyi  )
 
 တစ္ေယာက္နဲ႔ တစ္ေယာက္ ေစာင့္ေရွာက္မႈက ဘယ္ေလာက္ထိ အေရးပါသလဲ။ ဒါက ဒီဘက္ ေခတ္ မွာ ေမးခြန္းထုတ္စရာ ျဖစ္လာတဲ့ ေခါင္းပါးလာတဲ့ စံတန္ဖိုးတစ္ခုပါဘဲ။ ကြၽန္ေတာ္တို႔ ငယ္စဥ္ေခတ္ တစ္ေလွ်ာက္လုံး (၁၉၇၀-၁၉၈၈) အားေကာင္းေမာင္းသန္ဖြံ႕ၿဖိဳးလာတဲ့ ဒီခ်စ္စရာဓေလ့စံတန္ဖိုးက ယေန႔ေခတ္ မွာ ေပ်ာက္ျခင္းမလွေပ်ာက္ေနခဲ့ပါၿပီ။
 
ဒါကို ကြၽန္ေတာ္ အက်ိဳးမဲ့ အေၾကာင္းမဲ့ေျပာေနျခင္းမဟုတ္။ ၿပီးခဲ့သည့္ လေတြအတြင္း သတင္း တစ္ခုကို ဖတ္ၿပီးေနာက္ ဒီတစ္ခုကို စြဲစြဲၿမဲၿမဲေတြးမိေနျခင္းျဖစ္ပါတယ္။သတင္းထဲမွာက လႈိင္သာယာမွာ လူမိုက္ေတြ အုပ္စုဖြဲ႕ၿပီးဆက္ေၾကးေတာင္းတာ၊ ဒါကို လႊတ္ေတာ္ကိုယ္စားလွယ္က အေရးယူေပးဖို႔ သမၼတဆီ တင္မည္ဆိုလား။ ေနာက္သတင္းတစ္ခုကလည္း ရွမ္းျပည္နယ္ဘက္မွာ လက္ျပန္ႀကိဳးတုပ္ၿပီးသတ္ထားခဲ့တာကို ေတြ႕ရွိခဲ့တာ။လႈိင္သာယာမွာ ေန႔ျပန္တိုးေကာက္တဲ့သူကို အိမ္ထဲေခၚၿပီး သတ္တာ။ 
 
ဒါေတြက ဆက္တိုက္မဟုတ္ေသာ္လည္း ကြၽန္ေတာ္အေတြးထဲ ဆက္စပ္ၿပီး ဝင္ေနခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ ျဖစ္ေနတဲ့ မတရားတာကို လုပ္ေနတဲ့အခါ ဟန႔္တားမႈ၊ ရပ္႐ြာကေန ဝိုင္းေစာင့္ ေရွာက္မႈေတြက ယခုေခတ္မွာ အေတာ္ေလးကို ပါးရွားလာတဲ့ အရာေတြ ျဖစ္လာပါတယ္။ ဒါဟာ ေျပာင္းလဲလာတဲ့ လူေနမႈစနစ္နဲ႔ ဆိုင္ေနမလားဆိုတာကို မၾကာခဏေတြးမိတာရွိပါတယ္။
 
လြန္ခဲ့တဲ့ ႏွစ္ ၃၀ ကာလေက်ာ္ေက်ာ္တုန္းက ျမန္မာလူေနမႈစနစ္မွာ တိုက္ခန္းမွာေနတဲ့ ယဥ္ေက်းမႈက သိပ္မထြန္းကားေသးပါဘူး။ လူေတြက ရပ္ကြက္ေတြ အထူးသျဖင့္ ေျမစိုက္လုံးျခင္းသစ္သား အိမ္ေလးေတြထဲမွာေနၾကတာမ်ားၿပီး အိမ္ေလးေတြကလည္း အိမ္ဝိုင္းလို႔ေခၚတဲ့ ၿခံတစ္ခုထဲမွာ မိသားစုဝင္ေတြ စုၿပီး အိမ္ေဆာက္ေနထိုင္ၾကတဲ့ ဓေလ့က အေတာ္ေလးအားေကာင္းခဲ့ပါတယ္။ေနာက္ပိုင္းကာလျဖစ္တဲ့ ၁၉၈၈ ေနာက္ပိုင္းမွာ ရန္ကုန္ရဲ႕ လူေနမႈကအေတာ္ေလးေျပာင္းလဲသြားခဲ့ပါတယ္။ အထူးသျဖင့္ ရန္ကုန္ၿမိဳ႕ က လူေနမႈ စုၿပဳံေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ၈၈ အေရးေတာ္ပုံကာလ တပ္ဘက္က  အာဏာသိမ္း ၿပီးေနာက္ အဓိကထိန္းခဲ့ရတဲ့ လႈိင္၊ေျမာက္ဥကၠလာ၊ေတာင္ဥကၠလာ၊သာေကတ စတဲ့ၿမိဳ႕နယ္ေတြက ရပ္ကြက္အခ်ိဳ႕ကို ၿမိဳ႕သစ္ေတြ ပို႔ၿပီး အဆိုပါေနရာမွာ ကန္ထ႐ိုက္တိုက္ေတြ ေဆာက္ခဲ့ရာကေန ရန္ကုန္ဟာ တိုက္ခန္းယဥ္ေက်းမႈ စတင္ခဲ့ပါတယ္။ 
 
အဲဒီကာလမွာ ေျမပိုင္အိမ္ပိုင္နဲ႔ေနတဲ့သူထက္ တိုက္ခန္းနဲ႔ေနတဲ့သူက ပိုၿပီး လူရာဝင္တဲ့ ေခတ္ တစ္ေခတ္ျဖစ္လာသလို တစ္မိုးေအာက္ထဲမွာေနထိုင္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ မသိၾကတဲ့ ၊ အထူး သျဖင့္ ေခတ္စနစ္ရဲ႕ ျပ႒ာန္းသင္ၾကားခ်က္အရ မဆိုင္ရင္ မစပ္စုနဲ႔ဆိုတဲ့ ဓေလ့ေၾကာင့္ ရန္ကုန္ဟာ သူစိမ္း ဆန္လာခဲ့ပါတယ္။ ယခင္က ရပ္ထဲ႐ြာထဲ တစ္မိသားစုနဲ႔ တစ္မိသားစု ေစာင့္ေရွာက္ၾကတဲ့ ဓေလ့ဟာ ဒီမစပ္စုတဲ့ ဓေလ့ေၾကာင့္ သူစိမ္းျပင္ျပင္ျဖစ္လာခဲ့ပါတယ္။
 
ဘာေၾကာင့္ မဆိုင္ရင္ မစပ္စုၾကတာလဲ..။ ဒါဟာ ယခုခ်ိန္မွာ အနည္းဆုံး ၄၅-၅၀အသက္တန္းကို ေရာက္ေနတဲ့ သူတိုင္း ေျပာစရာမလိုေအာင္ သိေနၾကတဲ့ ဓေလ့ပါ။ အရင္အစိုးရေခတ္မွာ ဒါဟာ အလုပ္ ျဖစ္တဲ့ ဓေလ့ပါ။ ဘာအလုပ္ျဖစ္တာလဲဆိုရင္ ကိုယ္အတြက္အႏၲရာယ္ကင္းတဲ့ ဓေလ့ပါ။ အဲ့ဒီေခတ္က ႏိုင္ငံေရးသမားဆိုရင္ ကေလးေတာင္ မခ်န္ဆိုင္ဆိုင္ မဆိုင္ဆိုင္ ေထာင္ခ်တဲ့ ေခတ္၊ ဖမ္းတဲ့ေခတ္ဆိုေတာ့ လူစုစု ျဖစ္ရင္  စပ္စုတတ္တဲ့ ျမန္မာလူမ်ိဳးေတြအတြက္ မၾကာခဏဆိုသလို ဆိုင္ဆိုင္မဆိုင္ဆိုင္ အဖမ္းခံရပါတယ္။ ဒီေတာ့ စီကနဲ႔ လူေတြက အိမ္ထဲျပန္ဝင္ၾက၊တခ်ိဳ႕ဆိုလဲ တံခါးပိတ္ၿပီးေနတဲ့အထိ အေၾကာက္တရား ေခတ္ ျဖစ္ထြန္းေအာင္ အဲဒီေခတ္မွာ  လက္နက္နဲ႔ အာဏာကို တည္ေဆာက္ခဲ့တဲ့သူေတြက လုပ္ခဲ့ၾကပါတယ္။ ဒီအက်ိဳးဆက္က ဘာလဲ။
 
လူေတြ အတၱအရမ္းႀကီးလာခဲ့ပါတယ္။ ကိုယ္အတြက္ကလြဲၿပီး ဘာမွ မစဥ္းစားလာၾကေတာ့ပါဘူး။ ကိုယ္ေၾကာင့္  ဘယ္သူနစ္နာမလဲဆိုတာမွာေတာင္ သူစိမ္းမေျပာနဲ႔ ကိုယ္ေသြးရင္းသားရင္းေတာင္ ထည့္မ တြက္ေတာ့တဲ့အထိ ျဖစ္ခဲ့ပါတယ္။ စိတ္ပ်က္စရာ သူစိမ္းဆန္တဲ့ အခင္းအက်င္းက ရန္ကုန္ကေန စၿပီး တျခားနယ္ၿမိဳ႕ေတြထိ ကူးစက္သြားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ေဘးနားမွာ ဘယ္လိုလူေတြ ေရာက္လာလဲ၊ ဘယ္လို ကိုယ္က်င့္စာရိတၱရွိလဲ ဆိုတာထက္ ကိုယ္ေဘးနားေရာက္လာတဲ့သူက ဘယ္ေလာက္ သုံးႏိုင္လဲ၊ ဘယ္ဂြင္မွာေထာလာလဲဆိုတာကို အားက်တဲ့ စိတ္အေျခခံေတြ ဖြံ႕ၿဖိဳးလာခဲ့ပါတယ္။ 
 
ကြၽန္ေတာ္တို႔ေဘးနားကို မေကာင္းတဲ့အလုပ္ကို လုပ္ၿပီး ခ်မ္းသာလာတဲ့ သူေတြ၊ လင္ငယ္ မယား ငယ္လို႔ စာရိတၱနိမ့္က်ေနတဲ့သူေတြ၊ ခႏၶာကိုယ္ကို ရင္းၿပီး ဘဝကို ေရစုန္ေမ်ာတဲ့သူေတြ၊ သူမ်ားပစၥည္းေတြ၊ ျပည္သူပိုင္ပစၥည္းကို ကိုယ္ပစၥည္းလို သေဘာထားတဲ့သူေတြ၊သူမ်ားလယ္ယာကို လက္နက္၊အာဏာနဲ႔ အပိုင္ စီးၿပီး ႀကီးပြားလာတဲ့ လူေတြ အလုံးအရင္းေရာက္လာခဲ့ပါတယ္။ စားေသာက္ဆိုင္ ယဥ္ေက်းမႈ၊ေကတီဗြီ ယဥ္ေက်းမႈနဲ႔ အတူ ညဘက္ လိင္ေဖ်ာ္ေျဖေပးရတဲ့သူေတြကို တိုက္ခန္းယဥ္ေက်းမႈထြန္းကားရာ ရန္ကုန္နဲ႔ၿမိဳ႕ႀကီး က အရပ္ေတြမွာ ခပ္စိပ္စိပ္ေတြ႕လာရပါတယ္။ တစ္ကယ္ေတာ့ လူတစ္စုအာဏာတည္ၿမဲဖို႔ ေခတ္ကို ယုတ္မာတဲ့အႀကံနဲ႔ အစြန္းဘက္ကို တြန္းပို႔လိုက္ရာမွာ ျမန္မာလူေနမႈစနစ္က ဆိုး႐ြားတဲ့ ဖာဆန္တဲ့ယဥ္ေက်းမႈကို အတင္းအၾကပ္လက္ခံလိုက္ရပါတယ္။ ရပ္ကြက္ေတြထဲ မူးယစ္ေဆးေရာင္းတဲ့သူေတြ ၊ ဇိမ္ခန္းဖြင့္စားတဲ့သူေတြ ၊အရက္ေသစာေရာင္းခ်တဲ့သူေတြကို ရပ္ေရး႐ြာေရးမွာ ေငြေၾကးစိုက္ထုတ္ႏိုင္သူေတြအျဖစ္ ေခါင္းရင္းခန္းမွာ ထိုင္ခြင့္ေပးလိုက္ရၿပီးေနာက္ ဘာလို႔ ဒီေနရာကို ရလာလဲဆိုတဲ့ ေမးခြန္းဟာ ျမန္မာ့လူေနမႈယဥ္ေက်းမႈမွာ အေတာ္ေလးကိုယ္ခ်င္းမစာတဲ့ ေမးခြန္းအထိ ျဖစ္လာခဲ့တဲ့အထိ လူယဥ္ေက်းမႈစံက ထိုးက်သြားခဲ့တာ အထင္အရွားပါဘဲ။   
 
ဒီအတြက္ ဘယ္သူကို အျပစ္တင္ရမလဲ။ ဒီစနစ္ထဲမွာ ေျမာပါသြားတဲ့သူကို အျပစ္တင္ရမွာလား ၊ဒီ ယဥ္ေက်းမႈျဖစ္ထြန္းလာေအာင္ ခြင့္ျပဳခဲ့တဲ့သူေတြကို အျပစ္တင္ရမွာလား။တစ္ကယ္ေကာ ကြၽန္ေတာ္တို႔ အျပစ္တင္ဖို႔ အခြင့္အလမ္းရွိၿပီလား ။ဒါက ယေန႔တိုင္ ကြၽန္ေတာ္တို႔ ေတြးေနရတဲ့ အရာေတြျဖစ္သည္။ တစ္ကယ္ဆို ဒီယဥ္ေက်းမႈထဲမွာ မျဖစ္သာလို႔ ေျမာပါေနရခဲ့ရသည့္ ပန္းအေႂကြေတြအေၾကာင္း၊ ဒီယဥ္ေက်း မႈျဖစ္ထြန္းဖို႔ ေခ်ာဆီသဖြယ္ ႀကိတ္စာျဖစ္ခဲ့သူေတြကို စာနာ နားလည္ေပးရန္ အခံက ကြၽန္ေတာ္တို႔မွာ ရွိၿပီး သားျဖစ္သည္။ 
 
တစ္ကယ္က ကြၽန္ေတာ္တို႔ မတည္ေဆာက္ခဲ့ေသာ ကမာၻကို ကြၽန္ေတာ္တို႔ လက္ခံထားေနရ ျခင္း ျဖစ္သည္။ ကြၽန္ေတာ္တို႔မွာ ေ႐ြးခ်ယ္စရာကား ပါးရွားလြန္းလွသည္။ ဂရိအေတြးအေခၚပညာရွင္ ပါမင္ နင္ဒီ(Parmenides)က “အာ႐ုံငါးပါးသည္ ကြၽႏ္ုပ္တို႔ကိုလွည့္စားသည္။ ဆင္ျခင္တုံတရားကေတာ့ အမွန္ တရား ကို ဖြင့္ျပသည္”လို႔ ဆိုခဲ့ပါတယ္။ 
 
လက္နက္နဲ႔ အာဏာကို တည္ေဆာက္ခဲ့တဲ့ သူေတြ ကြၽန္ေတာ္တို႔ကို လုပ္ခဲ့တာတစ္ခု တည္းျဖစ္ သည္။ ဒါက ကြၽန္ေတာ္တို႔မွာ ဆင္ျခင္တုံတရားမေတြးေတာႏိုင္ေအာင္ လုပ္ခဲ့ျခင္း(ဝါ)ဆင္ျခင္ တုံတရား မရွိေအာင္ အခင္းအက်င္းတစ္ခုကို ဖန္တီးျခင္းပင္ ျဖစ္သည္။ ဘယ္လိုဖန္တီးသနည္း။ အာ႐ုံငါးပါးကို ပို၍ ပို၍အားေကာင္းလာေအာင္ ဖန္တီးခဲ့ျခင္းပင္ျဖစ္သည္။ ထိုအက်ိဳးဆက္ကား ကြၽန္ေတာ္တို႔အနားရွိလူေတြႏွင့္ ကြၽန္ေတာ္တို႔ေဝးကြာေစၿပီး ကြၽန္ေတာ္တို႔အေဝးမွာရွိသည့္လူေတြႏွင့္ ကြၽန္ေတာ္တို႔ ပိုၿပီး အကြၽမ္းတဝင္ျဖစ္ လာခဲ့ျခင္းပင္ျဖစ္သည္။ဒီအရာက ကြၽန္ေတာ္တို႔ကို အနားရွိသူေတြႏွင့္ သူစိမ္းဆန္လာေစခဲ့သည္။ 
 
ကြၽန္ေတာ္တို႔နားတြင္ ဘယ္သူေတြေနသလဲဆိုတာထက္၊ ဘယ္လိုလူေတြ ဆိုတာထက္ ငါျပည္စုံရင္ ဘယ္သူမွ ဂ႐ုစိုက္စရာမလိုဆိုသည့္ ေတာ႐ိုင္းဆန္သည့္ အယူဝါဒက ပိုျဖစ္ထြန္းလာခဲ့သည္။ ယခု အာဖရိ ကမွာ လာတဲ့ လူေတြႏွင့္ေတာင္ ျမန္မာအမ်ိဳးသမီးအခ်ိဳ႕ အတူေနေတြ ျဖစ္လာၾကၿပီ။ ကိုယ္ေရွ႕မွာ ဓား ေထာက္ လူဆြဲတင္ သားမယားျပဳ႕က်င္လွ်င္ ဝင္မတားၾကေတာ့ၿပီ။ သက္ငယ္မုဒိမ္းကိစၥေတြမွာ အလြယ္ တကူေငြနဲ႔ညႇိႏိုင္းၾကတာကို မသိသလို ေနရက္ၾကၿပီ။ အဓမၼကို အဓမၼမွန္းသိလ်က္နဲ႔ ကိုယ္နဲ႔မဆိုင္လို႔ ေဘး ေရွာင္ေနတတ္ၾကေနၿပီ။ ကြၽန္ေတာ္တို႔ သူစိမ္းဆန္ေနခ်ိန္မွာ အခ်ိဳ႕ လူမ်ိဳးေတြက သူတို႔လူမ်ိဳးထိလို႔ စစ္ေတြဆင္ႏြဲၾက၊ သူတို႔ ႏိုင္ငံထိလို႔ စစ္ကို ဆင္ႏြဲၾက၊ သူတို႔ ဘာသာထိလို႔ စစ္ကိုဆင္ႏြဲၾကႏွင့္။ 
 
သူစိမ္းဆန္ျခင္းကို ဘယ္အထိကြၽန္ေတာ္တို႔ က်င့္သုံးဦးမလဲ။ ေခတ္က အတန္အသင့္ေျပာင္းလဲ လာ ေနၿပီလို႔ ဆိုႏိုင္သည္။ လူေတြ အက်င့္က ယခုထိ မေျပာင္းလဲႏိုင္ေသး။ ၿပီးခဲ့သည့္ေခတ္က ျဖစ္ထြန္းခဲ့သည့္ အသီးအပြင့္ေတြကို စားရင္း ၿပီးခဲ့သည့္ ေခတ္ကို အျပစ္တင္ဆဲ။ ကိုယ္လြတ္႐ုန္းေနဆဲ။ယခုထိ သူစိမ္း ဆန္ဆန္ အတၱႀကီးေနဆဲ။ 
 
ေမာင္ဦးလြင္