【 ဆောင်းပါး 】 ကပ်ရောဂါအလွန် ကမ္ဘာ့အနာဂတ်ရှုမျှော်ခင်း

 ဆောင်းပါး  ကပ်ရောဂါအလွန် ကမ္ဘာ့အနာဂတ်ရှုမျှော်ခင်း

 

မကြာသေးမီက Sapiens  HOMD Deus စတဲ့ နာမည်ကျော်စာအုပ်တွေကို ရေးသားခဲ့တဲ့ စာရေးဆရာ ယူဗားနိုအာဟာရာရီက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သူရှုမြင်တွေးဆမိတဲ့ အကြောင်းအရာ အချို့ကို ပြောဆို လာခဲ့ပါတယ်။ စာရေးဆရာ ဟာရာရီ ပြောဆိုခဲ့တဲ့အကြောင်းအရာတွေထဲက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ပြီး ဆုံးသွားတဲ့ အချိန်ကျရင် တွေ့မြင်ရမယ့် ကမ္ဘာကြီးအကြောင်းကတော့ စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါတယ်။ 

 

လက်ရှိ ကမ္ဘာပေါ်မှာ ကြုံတွေ့နေရတဲ့ ကပ်ရောဂါဟာ ကမ္ဘာလူသားတွေအတွက်ဆိုးရွားပြင်းထန်တဲ့အကျပ်အတည်းတစ်ခုနဲ့ တွေ့ဆုံရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါဟာ ဒီနေ့ခေတ်မျိုးဆက်တွေအတွက်တော့ မကြုံစဖူးတဲ့ ကပ်ရောဂါဘေးလည်းဖြစ်တယ်။ ဒီကပ်ရောဂါဟာ လူသားတွေရဲ့ ကျန်းမာရေးစနစ်အပေါ် သက် ရောက်မှုကြီးမားခဲ့ရုံသာမက စီးပွားရေး၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု အပေါ်မှာပါ သက်ရောက်နေတဲ့ အကျပ်အတည်း လည်းဖြစ်တယ်။ ဒီအကျပ်အတည်းကနေ လွတ်မြောက်ဖို့အတွက် အလျင်အမြန်ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

 

တကယ်တော့ လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ဆိုတာ ချက်ချင်းလက်ငင်းကြီး ဖြစ်လာနိုင်မှာ မဟုတ်တာတော့ သေချာပါတယ်။ မိမိတို့နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ ကပ်ရောဂါတွေ၊ သဘာဝဘေးဒုက္ခတွေနဲ့ စစ်ပွဲတွေကို မကြာခဏဆိုသလို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ ကမ္ဘာကြီးလည်းဖြစ်တယ်။ အဲဒီလိုကျော်ဖြတ်ခဲ့တဲ့ အချိန်တိုင်းလည်း လူသားတွေဟာ အသက်ရှင်သန်အောင် ကြိုးပမ်းခဲ့ကြတယ်။ ဒီနေ့ခေတ်ကာလဆိုတာ အတိတ်ကာလကထက်ကို ခေတ်မီတိုးတက်တဲ့ ကမ္ဘာြကီးပေါ်မှာ လူသားတွေနေထိုင်နေကြတာဖြစ်တယ်။ 

လက်ရှိလူသားတွေဟာ အလွန်တိုးတက်တဲ့နည်းပညာတွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်သလို အလွန်ခေတ် မီတဲ့လက်နက်တွေ ကိုပိုင်ဆိုင်ထားသူတွေဖြစ်တယ်။ ဒါတင်မက အတိတ်က ဘိုးဘွားဘီဘင်တွေထဲကနေ စစ်ပွဲတွေ၊ကပ်ဘေးတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံသင်ခန်းစာတွေကို ရရှိပိုင်ဆိုင်ထားသူတွေ လည်းဖြစ်တယ်။ ဒါပေမဲ့ ဒီနေ့ကြုံတွေ့နေရတဲ့ အကျပ်အတည်းက ပုံမှန်အချိန်တွေလိုတော့ မဟုတ်ဘူး။ ပုံမှန်အချိန်တွေမှာလို ပြဿနာတစ်ရပ်ကို အငြင်းအခုန််တွေပြုပြီး အချိန်ယူဖြေရှင်းရမယ့်အချိန်မဟုတ်ဘူး။ ဒီနေ့ရင်ဆိုင်နေရတဲ့အကျပ်အတည်းနဲ့ ပတ်သက်ရင် တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ မှန်ကန်တဲ့ ရွေးချယ်မှုတွေက အရေးပါနေတဲ့အချိန်ဖြစ်တယ်။ အဲဒီရွေးချယ်မှုနဲ့ ပတ်သက်လို့ စာရေးဆရာ ဟာရာရီကတော့ အာဏာရှင် ဆန်ဆန်စောင့်ကြပ် ကြည့်ရှု့ခြင်းနဲ့ နိုင်ငံသားလုပ်ပိုင်ခွင့်တို့အကြားက ရွေးချယ်မှု  ဒါမျှမဟုတ်အထီးကျန်ဆန်ဆန် နေထိုင်နေတဲ့အမျိုးသားဝါဒီတစ်ဖက်စွန်းရောက်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းညီညွတ်မှုအကြားက ရွေးချယ်မှုတွေအနက်တစ်ခုခုကို မှန်ကန်စွာ ရွေးချယ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ 

 

ဒါအပြင် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်စေဖို့ဆိုရင် တိကျတဲ့ လမ်းညွှန်မှုတွေကို အားလုံးက လိုက်နာကျင့်သုံးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် အစိုးရက လူတွေကို စောင့်ကြည့် တဲ့ နည်းလမ်းရှိတယ်။ စည်းကမ်းချိုးဖောက်တဲ့သူကို အပြစ်ပေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ဆိုဗီယက် ရုရှားမှာ လူသားထောက်လှမ်းရေးတွေနဲ့ အတူ သတင်းအချက်အလက်တွေ စုဆောင်းပြီး  သူ့နိုင်ငံသား တွေကို စောင့်ကြည့်စစ်ဆေးတယ်။ ဒီနေ့ခေတ်မှာတော့ စောင့်ကြည့်ကိရိယာတွေနဲ့ အတူ လူတိုင်းကို စောင့်ကြည့် စစ်ဆေးနိုင်တဲ့နည်းပညာတွေရှီနေပြီလို့ ဆိုတယ်။ 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါတိုက်ဖျက်ရေးစစ်ပွဲမှာ အစိုးရတွေက ထောက်လှမ်းရေး ကိရိယာသစ်တွေ ကိုဖြန့်ကြက်တပ်ဆင်ပြီးစောင့်ကြည့်တယ်။ အသိသာဆုံးကတော့ တရုတ်နိုင်ငံမှာဖြစ်တယ်။ မျက်နှာမှတ်မိတဲ့ကင်မရာပေါင်းများစွာကို အသုံးပြုပြီး စမတ်ဖုန်းတွေကနေတဆင့် လူတွေရဲ့ ကိုယ်အပူချိန်နဲ့ ဆေးကုသမှု အခြေအနေတွေကို စောင့်ကြည့်စစ်ဆေးတယ်။ ဆိုရရင် တရုတ်အစိုးရက သံသယရှိတဲ့ ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူတွေကို အလျင်အမြန်သိနိုင်ရုံသာမကပဲ အဲဒီလူတွေဘယ်သူတွေနဲ့ ထိတွေ့ခဲ့တယ်ဆိုတဲ့ လှုပ်ရှားမှုမှန်သမျှကိုပါ  ခြေရာခံနိုင်တယ်လို့ဆိုတယ်။ 

 

အစ္စရေးအဆိုအရ ဆိုရင်လည်း ထောက်လှမ်းရေးနည်းပညာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာ တွေကိုခြေရာခံပြီး ကူးစက်ရောဂါထိန်းချုပ်ရေးကို လုပ်ဆောင်နေတယ်လို့ဆိုတယ်။  ဒီလိုထောက်လှမ်း တာမျိုး ကို သတိမထားမိဘူးဆိုရင် ဒီကူးစက်ရောဂါက ထောက်လှမ်းစစ်ဆေးရေးသမိုင်းမှာ အရေးပါတဲ့ အပြောင်းအလဲ တွေကိုဖြစ်ပေါ်လာစေမယ်လို့ဆိုတယ်။ 

 

လူတွေကို လွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်းနေရတာနဲ့ ကျန်းကျန်းမာမာနေရတာ နှစ်ခုအနက် ဘယ်ဟာကိုရွေးမလဲဆိုရင် လူတွေကတော့ လွတ်လွတ်လပ်လပ်အေးဆေးချမ်းချမ်းနဲ့ ကျန်းကျန်းမာမာနေချင်ကြ မှာပါပဲ။ဆိုလိုတာက ကျန်းမာရေး အတွက် ကာကွယ်ပေးတာကို သဘောကျတယ်၊ အာဏာရှင်ဆန်ဆန်ထောက် လှမ်းစစ်ဆေးခြင်းမပြုဘဲ ကိုရိုနာဗိုင်းရပ် ကူးစက်မှုရပ်တန့်အောင်လုပ်ပေးတာကို ပိုပြီးလိုလားကြမှာ ဖြစ်တယ်။ သိတ်မကြာသေးခင်က တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ဗိုင်းရပ်စ်ထိန််းချုပ်တဲ့ လုပ်ဆောင်မှုဆိုရင် အတော် အောင် မြင်တယ်။ ဒီလိုအောင်မြင်တဲ့ ကြိုးပမ်းမှုကို ကြည့်ရင် သူတို့ဆီမှာ ခြေရာခံတဲ့ အက်ပလီကေးရှင်းတွေ အသုံးပြုတာမှန်တယ်။ ဒါပေမဲ့ သူတို့က ကျယ်ကျယ်ပြန့်ပြန့်ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးမှုတွေကို အားထား တယ်။ အရိုးသားဆုံး သတင်းပေးပို့မှုတွေကို အားထားတယ်။ တာဝန်သိသိ စိတ်အားထက်ထက်သန်သန် နဲ့ သတင်းပေးအကြောင်းကြားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အားထားတဲ့ အတွက်ကြောင့် ဖြစ်တယ်။ 

 

လက်ရှိကူးစက်ရောဂါမှာ လက်ကိုဆပ်ပြာနဲ့ဆေးတဲ့ လုပ်ဆောင်မှုဟာ ဘယ်လောက်အရေးပါလဲဆိုရင် အဲဒီရိုးရှင်းတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ဆောင်မှုက လူသားတို့ရဲ့ အသက်ပေါင်းများစွာကို ကယ်တင် ပေးနိုင်မှာဖြစ်တယ်။ လက်ကိုဆပ်ပြာနဲ့ ဆေးတဲ့အကျိုးကျေးဇူးကို သိပ္ပံပညာရှင်တွေက ၁၉ ရာစုနှစ်လောက်က တွေ့ရှိခဲ့တာဖြစ်တယ်။ ဆိုရရင်ဒီနေ့ခေတ်မှာ ဗိုင်းရပ်ပစ်နဲ့ ဘက်တီးရီးယားအကြောင်းကို နားလည်သဘောပေါက် ထားတဲ့ လူတိုင်းက လက်ကို ဆပ်ပြာနဲ့ ဆေးကြမှာြဖစ်တယ်။ ပိုးမွှားတွေက ရောဂါဖြစ်စေတယ်။ ဒါပေမဲ့ ဆပ်ပြာ က ပိုးမွှားတွေကို ဖယ်ရှားရှင်းလင်းပေးတယ်။ 

 

လူတွေဒီလိုလိုက်နာကျင့်သုံးဖို့ အတွက် ကပ်ရောဂါထိန်းချုပ်ရေးကို ပူးပေါင်းဆောင်ရွက်ဖို့အတွက် ယုံကြည်ကိုးစားမှုရှိဖို့လိုအပ်တယ်လို့ ဟာရာရီကဆိုပါတယ်။ ဆိုရရင် သိပ္ပံပညာကို ယုံကြည်ကိုးစားရမယ်။ အစိုးရကိုယုံကြည်ကိုးစားရမယ်။ သတင်းမီဒီယာတွေကို ယုံကြည်ကိုးစားမှုရှိဖို့ လိုအပ်တယ်လို့ဆိုတယ်။ ရှေ့လာမယ့် အချိန်ကာလတွေမှာ မိမိတို့အနေနဲ့ မှန်ကန်တဲ့ ရွေးချယ်မှုကို မလုပ်နိုင်ဘူးဆိုရင် မိမိတို့အား လုံးမိမိတို့ရဲ့ ကျန်းမာရေးဘေးကင်းလုံခြုံမှုကို လက်လွတ်လိုက်ရသလို ဖြစ်နေမှာဖြစ်တယ်။ 

 

လက်ရှိရင်ဆိုင်နေရတဲ့ ဗိုင်းရပ်စ်အကျပ်အတည်းနဲ့ ပတ်သက်ရင် နောက်ထပ်အရေးကြီးတဲ့ ရွေးချယ်မှု တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ဗိုင်းရပ်စ်ကို အနိုင်တိုက်ဖို့ဆိုရင် မိမိတို့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ သတင်း အချက်အလက်တွေကို မျှဝေပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုပြောရလဲဆိုရင် တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့တယ်။ အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ပျံ့နှံ့တယ်။ဒါပေမဲ့ ဒီဗိုင်းရပ်စ်က လူကိုဘယ်လို ကူးစက်တယ်ဆိုတာမျိုး သတင်းအချက်အလက် လဲလှယ်နိုင်ခြင်းမရှိခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကတော့တရုတ်နိုင်ငံကနေ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေကို ရရှိခဲ့တယ်လို့ ထင်မြင်မိတယ်။ ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်မျှဝေပေးမှုက ဘယ်လောက်အရေးပါလဲ ဆိုရင် မနက်ပိုင်းမှာ အီတလီဆရာဝန်တစ်ယောက်က မီလန်မှာ ဗိုင်းရပ်စ်ကူးစက်မှုက နေသက်သာရာရပုံကို ရှာဖွေတွေ့ရှိတယ်။ ဒီသတင်းကို မျှဝေလိုက်မယ်ဆိုရင် တီဟီရန်က လူနာတွေရဲ့ အသက်ပေါင်းများစွာကို ညနေ ပိုင်းလောက်မှာ ကယ်တင်ပေးနိုင်မယ်လို့ ဆိုတယ်။  ဆိုရရင်ဗိုင်းရပ်စ်ကို အနိုင်တိုက်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ယုံကြည်ကိုးစားမှုစိတ်ဓာတ်တွေ မွေးမြူဖို့လိုအပ်နေတာဖြစ်ပါတယ်။ 

 

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ စီးပွားရေးကဏ္ဍမှာလည်း အရေးပါနေတာဖြစ်တယ်။ ကမ္ဘာ ပေါ်မှာအစိုးရတစ်ရပ်ချင်းစီက အခြားသူတွေရဲ့ ပြဿနာကို အရေးမစိုက်ဘူးဆိုရင် စီးပွားရေး ဝရုန်းသုန်း ကား ဖြစ်မှုနဲ့အကျပ်ဆိုဒ်မှု ဆိုတဲ့ ရလဒ်ကိုသာ ထွက်ပေါ်လာစေမှာဖြစ်တယ်။ ၂၀၀၈ ခုနှစ်ငွေကြေးအကျပ်အတည်းနဲ့ ၂၀၁၄ ခုနှစ် အီဘိုလာ ကူးစက်ရောဂါလို ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းဖြစ်ပွားနေချိန်က အမေရိကန်ပြည် ထောင်စုဟာကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူနေရာကနေပါဝင်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိကပ်ရောဂါအကျပ်အတည်း ဖြစ်ပွားလာချိန်မှာတော့ လက်ရှိအမေရိကန်အစိုးရက ဦးဆောင်သူနေရာကို ခေါင်းရှောင်ခဲ့တယ်။ 

 

ဒါတင်မကဘူး အရင်ကအရင်းနှီးဆုံး မဟာမိတ်တွေကိုတောင် လျစ်လျူရှု့လာခဲ့တယ်။ ဒီအတောအတွင်း ထွက်ပေါ်လာတဲ့ ကောလာဟလက ပိုဆိုးတယ်။ COVID- 19 ကာကွယ်ဆေးဝါးသစ် မူပိုင်ခွင့်အတွက် ဂျာမန်ဆေး ဝါးထုတ်လုပ်တဲ့ ကုမ္ပဏီကို အမေရိကန််ဒေါ်လာ တစ်ဘီလျံကမ်းလှမ်းတယ်ဆိုတဲ့ အပုပ်နံ့သတင်းကတော့ ကျော်မကောင်းကြားမကောင်းဖြစ်ရတဲ့အထိ။ 

 

လက်ရှိအနေအထားအတိုင်း ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကို နိုင်အောင်တိုက်ဖို့ပိုပြီး ခက်ခဲလာရုံသာမက ဒီအရေးမှာ ထရန့်အစိုးရ ထားရစ်ခဲ့တဲ့ အမွေအနှစ်က နိုင်ငံတကာဆက်ဆံရေးမှာပါ အဆိပ်အတောက်အဖြစ် နှစ်ကာလအတန်ကြာ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်တယ်။ လက်ရှိကြုံတွေ့နေရတဲ့ ကပ်ရောဂါ အကျပ်အတည်း

ကနေ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု မရှိဘူးဆိုရင် နောက်ထပ်ဘေးဥပဒ်အန္တရာယ်တွေကို ထပ်မံတွေ့ကြုံလာရဦးမှာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိကပ်ရောဂါ အကျပ်အတည်းက အနာဂတ်မှာ ဘာတွေပြင် ဆင်ထားသင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး လူသားတွေကို အလင်းပြပေးနိုင်မယ်လို့ မျှော်လင့်မိတဲ့ အကြောင်းတွေးဆဆင်ခြင်ရင်း …… 

 

မြင့်နောင်မိုး

Ref: The World after coronavirus

 

( Zawgyi )

 

မၾကာေသးမီက Sapiens  HOMD Deus စတဲ့ နာမည္ေက်ာ္စာအုပ္ေတြကို ေရးသားခဲ့တဲ့ စာေရးဆရာ ယူဗားႏိုအာ ဟာရာရီက ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး သူရႈျမင္ေတြးဆမိတဲ့ အေၾကာင္းအရာ အခ်ိဳ႕ကို ေျပာဆို လာခဲ့ပါတယ္။ စာေရးဆရာ ဟာရာရီ ေျပာဆိုခဲ့တဲ့အေၾကာင္းအရာေတြထဲက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါ ၿပီး ဆုံးသြားတဲ့ အခ်ိန္က်ရင္ ေတြ႕ျမင္ရမယ့္ ကမာၻႀကီးအေၾကာင္းကေတာ့ စိတ္ဝင္စားဖြယ္ရာေကာင္းလွပါတယ္။ 

 

လက္ရွိ ကမာၻေပၚမွာ ႀကဳံေတြ႕ေနရတဲ့ ကပ္ေရာဂါဟာ ကမာၻလူသားေတြအတြက္ဆိုး႐ြားျပင္းထန္တဲ့အက်ပ္အတည္းတစ္ခုနဲ႔ ေတြ႕ဆုံရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဒါဟာ ဒီေန႔ေခတ္မ်ိဳးဆက္ေတြအတြက္ေတာ့မႀကဳံစဖူးတဲ့ ကပ္ေရာဂါေဘးလည္းျဖစ္တယ္။ ဒီကပ္ေရာဂါဟာ လူသားေတြရဲ႕ က်န္းမာေရးစနစ္အေပၚသက္ ေရာက္မႈ ႀကီးမားခဲ့႐ုံသာမက စီးပြားေရး၊ ႏိုင္ငံေရးနဲ႔ ယဥ္ေက်းမႈ အေပၚမွာပါ သက္ေရာက္ေနတဲ့ အက်ပ္အတည္း လည္းျဖစ္တယ္။ ဒီအက်ပ္အတည္းကေန လြတ္ေျမာက္ဖို႔အတြက္ အလ်င္အျမန္ဆုံးျဖတ္လုပ္ကိုင္ေဆာင္႐ြက္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

 

တကယ္ေတာ့ လက္ရွိအက်ပ္အတည္းကို ေက်ာ္လႊားႏိုင္ဖို႔ဆိုတာ ခ်က္ခ်င္းလက္ငင္းႀကီး ျဖစ္လာႏိုင္မွာ မဟုတ္တာေတာ့ ေသခ်ာပါတယ္။ မိမိတို႔ေနထိုင္ေနတဲ့ ကမာၻႀကီးဟာ ကပ္ေရာဂါေတြ၊ သဘာဝေဘးဒုကၡေတြနဲ႔ စစ္ပြဲေတြကို မၾကာခဏဆိုသလို ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရတဲ့ ကမာၻႀကီးလည္းျဖစ္တယ္။ အဲဒီလိုေက်ာ္ျဖတ္ခဲ့တဲ့ အခ်ိန္တိုင္းလည္း လူသားေတြဟာ အသက္ရွင္သန္ေအာင္ ႀကိဳးပမ္းခဲ့ၾကတယ္။ ဒီေန႔ေခတ္ကာလဆိုတာ အတိတ္ကာလက ထက္ကို ေခတ္မီတိုးတက္တဲ့ ကမာၻႀကီးေပၚမွာ လူသားေတြေနထိုင္ေနၾကတာျဖစ္တယ္။ 

လက္ရွိလူသားေတြဟာ အလြန္တိုးတက္တဲ့နည္းပညာေတြကို ပိုင္ဆိုင္ထားသူေတြ ျဖစ္သလို အလြန္ေခတ္ မီတဲ့ လက္နက္ေတြ ကိုပိုင္ဆိုင္ထားသူေတြျဖစ္တယ္။ ဒါတင္မက အတိတ္က ဘိုးဘြားဘီဘင္ေတြထဲကေန စစ္ပြဲေတြ၊ ကပ္ေဘးေတြနဲ႔ ပတ္သက္တဲ့ အေတြ႕အႀကဳံသင္ခန္းစာေတြကို ရရွိပိုင္ဆိုင္ထားသူေတြ လည္းျဖစ္တယ္။ ဒါေပမဲ့ ဒီေန႔ႀကဳံေတြ႕ေနရတဲ့ အက်ပ္အတည္းက ပုံမွန္အခ်ိန္ေတြလိုေတာ့ မဟုတ္ဘူး။ ပုံမွန္အခ်ိန္ေတြမွာလို ျပႆနာတစ္ရပ္ကိုအျငင္းအခုန္္ေတြျပဳၿပီး အခ်ိန္ယူေျဖရွင္းရမယ့္အခ်ိန္မဟုတ္ဘူး။ ဒီေန႔ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းနဲ႔ ပတ္သက္ရင္ တိက်ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္နဲ႔ မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈေတြက အေရးပါေနတဲ့ အခ်ိန္ျဖစ္တယ္။ အဲဒီေ႐ြးခ်ယ္မႈနဲ႔ ပတ္သက္လို႔ စာေရးဆရာ ဟာရာရီကေတာ့ အာဏာရွင္ ဆန္ဆန္ေစာင့္ၾကပ္ ၾကည့္ရႈ႕ျခင္းနဲ႔ ႏိုင္ငံသားလုပ္ပိုင္ခြင့္တို႔အၾကားက ေ႐ြးခ်ယ္မႈ  ဒါမွ်မဟုတ္အထီးက်န္ဆန္ဆန္ ေနထိုင္ေနတဲ့ အမ်ိဳးသားဝါဒီတစ္ဖက္စြန္းေရာက္ေတြနဲ႔ ကမာၻလုံးဆိုင္ရာ ေပါင္းစည္းညီၫြတ္မႈအၾကားက ေ႐ြးခ်ယ္မႈေတြအနက္ တစ္ခုခုကို မွန္ကန္စြာ ေ႐ြးခ်ယ္ဖို႔ လိုတယ္လို႔ ဆိုပါတယ္။ 

 

ဒါအျပင္ ကပ္ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကို ရပ္တန႔္ေစဖို႔ဆိုရင္ တိက်တဲ့ လမ္းၫႊန္မႈေတြကို အားလုံးက လိုက္နာက်င့္သုံးဖို႔ လိုအပ္မွာျဖစ္ပါတယ္။ ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးအတြက္ အစိုးရက လူေတြကို ေစာင့္ၾကည့္ တဲ့ နည္းလမ္းရွိတယ္။ စည္းကမ္းခ်ိဳးေဖာက္တဲ့သူကို အျပစ္ေပးတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀ ေလာက္က ဆိုဗီယက္ ႐ုရွားမွာ လူသားေထာက္လွမ္းေရးေတြနဲ႔ အတူ သတင္းအခ်က္အလက္ေတြ စုေဆာင္းၿပီး  သူ႔ႏိုင္ငံသား ေတြကို ေစာင့္ၾကည့္စစ္ေဆးတယ္။ ဒီေန႔ေခတ္မွာေတာ့ ေစာင့္ၾကည့္ကိရိယာေတြနဲ႔ အတူ လူတိုင္းကို ေစာင့္ၾကည့္ စစ္ေဆးႏိုင္တဲ့ နည္းပညာေတြရွီေနၿပီလို႔ ဆိုတယ္။ 

 

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါတိုက္ဖ်က္ေရးစစ္ပြဲမွာ အစိုးရေတြက ေထာက္လွမ္းေရး ကိရိယာသစ္ေတြ ကိုျဖန႔္ၾကက္တပ္ဆင္ၿပီးေစာင့္ၾကည့္တယ္။ အသိသာဆုံးကေတာ့ တ႐ုတ္ႏိုင္ငံမွာျဖစ္တယ္။ မ်က္ႏွာမွတ္မိတဲ့ ကင္မရာေပါင္းမ်ားစြာကို အသုံးျပဳၿပီး စမတ္ဖုန္းေတြကေနတဆင့္ လူေတြရဲ႕ ကိုယ္အပူခ်ိန္နဲ႔ ေဆးကုသမႈအေျခ အေနေတြကို ေစာင့္ၾကည့္စစ္ေဆးတယ္။ ဆိုရရင္ တ႐ုတ္အစိုးရက သံသယရွိတဲ့ ဗိုင္းရပ္စ္ပိုး သယ္ေဆာင္ထားသူ ေတြကို အလ်င္အျမန္သိႏိုင္႐ုံသာမကပဲ အဲဒီလူေတြဘယ္သူေတြနဲ႔ ထိေတြ႕ခဲ့တယ္ဆိုတဲ့ လႈပ္ရွားမႈမွန္သမွ်ကိုပါ  ေျခရာခံႏိုင္တယ္လို႔ဆိုတယ္။ 

 

အစၥေရးအဆိုအရ ဆိုရင္လည္း ေထာက္လွမ္းေရးနည္းပညာနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ လူနာ ေတြကို ေျခရာခံၿပီး ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးကို လုပ္ေဆာင္ေနတယ္လို႔ဆိုတယ္။  ဒီလိုေထာက္လွမ္းတာမ်ိဳး ကို သတိမထားမိဘူးဆိုရင္ ဒီကူးစက္ေရာဂါက ေထာက္လွမ္းစစ္ေဆးေရးသမိုင္းမွာ အေရးပါတဲ့အေျပာင္းအလဲ ေတြကို ျဖစ္ေပၚလာေစမယ္လို႔ဆိုတယ္။ 

 

လူေတြကို လြတ္လြတ္လပ္လပ္ေအးေအးခ်မ္းခ်မ္းေနရတာနဲ႔ က်န္းက်န္းမာမာေနရတာ ႏွစ္ခုအနက္ ဘယ္ဟာကို ေ႐ြးမလဲဆိုရင္ လူေတြကေတာ့ လြတ္လြတ္လပ္လပ္ေအးေဆးခ်မ္းခ်မ္းနဲ႔ က်န္းက်န္းမာမာေနခ်င္ၾက မွာပါပဲ။ ဆိုလိုတာက က်န္းမာေရး အတြက္ ကာကြယ္ေပးတာကို သေဘာက်တယ္၊ အာဏာရွင္ဆန္ဆန္ေထာက္ လွမ္းစစ္ေဆးျခင္းမျပဳဘဲ ကို႐ိုနာဗိုင္းရပ္ ကူးစက္မႈရပ္တန႔္ေအာင္လုပ္ေပးတာကို ပိုၿပီးလိုလားၾကမွာ ျဖစ္တယ္။ သိတ္မၾကာေသးခင္က ေတာင္ကိုရီးယားနဲ႔ ထိုင္ဝမ္တို႔မွာ ဗိုင္းရပ္စ္ထိန္္းခ်ဳပ္တဲ့ လုပ္ေဆာင္မႈဆိုရင္ အေတာ္ ေအာင္ ျမင္တယ္။ ဒီလိုေအာင္ျမင္တဲ့ ႀကိဳးပမ္းမႈကို ၾကည့္ရင္ သူတို႔ဆီမွာ ေျခရာခံတဲ့ အက္ပလီေကးရွင္းေတြ အသုံးျပဳတာမွန္တယ္။ ဒါေပမဲ့ သူတို႔က က်ယ္က်ယ္ျပန႔္ျပန႔္ေရာဂါရွာေဖြ စမ္းသပ္စစ္ေဆးမႈေတြကို အားထား တယ္။ အ႐ိုးသားဆုံး သတင္းေပးပို႔မႈေတြကို အားထားတယ္။ တာဝန္သိသိ စိတ္အားထက္ထက္သန္သန္ နဲ႔ သတင္းေပး အေၾကာင္းၾကားတဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြကို အားထားတဲ့ အတြက္ေၾကာင့္ ျဖစ္တယ္။ 

 

လက္ရွိကူးစက္ေရာဂါမွာ လက္ကိုဆပ္ျပာနဲ႔ေဆးတဲ့ လုပ္ေဆာင္မႈဟာ ဘယ္ေလာက္အေရးပါလဲဆိုရင္ အဲဒီ႐ိုးရွင္းတဲ့ တစ္ကိုယ္ေရသန႔္ရွင္းေရး လုပ္ေဆာင္မႈက လူသားတို႔ရဲ႕ အသက္ေပါင္းမ်ားစြာကို ကယ္တင္ ေပးႏိုင္မွာျဖစ္တယ္။ လက္ကိုဆပ္ျပာနဲ႔ ေဆးတဲ့အက်ိဳးေက်းဇူးကို သိပၸံပညာရွင္ေတြက ၁၉ ရာစုႏွစ္ေလာက္ကေတြ႕ရွိခဲ့တာျဖစ္တယ္။ ဆိုရရင္ဒီေန႔ေခတ္မွာ ဗိုင္းရပ္ပစ္နဲ႔ ဘက္တီးရီးယားအေၾကာင္းကို နားလည္သေဘာေပါက္ ထားတဲ့ လူတိုင္းက လက္ကို ဆပ္ျပာနဲ႔ ေဆးၾကမွာျဖစ္တယ္။ ပိုးမႊားေတြက ေရာဂါျဖစ္ေစတယ္။ဒါေပမဲ့ ဆပ္ျပာ က ပိုးမႊားေတြကို ဖယ္ရွားရွင္းလင္းေပးတယ္။ 

 

လူေတြဒီလိုလိုက္နာက်င့္သုံးဖို႔ အတြက္ ကပ္ေရာဂါထိန္းခ်ဳပ္ေရးကို ပူးေပါင္းေဆာင္႐ြက္ဖို႔အတြက္ယုံၾကည္ကိုးစားမႈရွိဖို႔လိုအပ္တယ္လို႔ ဟာရာရီကဆိုပါတယ္။ ဆိုရရင္ သိပၸံပညာကို ယုံၾကည္ကိုးစားရမယ္။အစိုးရကို ယုံၾကည္ကိုးစားရမယ္။ သတင္းမီဒီယာေတြကို ယုံၾကည္ကိုးစားမႈရွိဖို႔ လိုအပ္တယ္လို႔ဆိုတယ္။ေရွ႕လာမယ့္ အခ်ိန္ကာလေတြမွာ မိမိတို႔အေနနဲ႔ မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈကို မလုပ္ႏိုင္ဘူးဆိုရင္ မိမိတို႔အား လုံးမိမိတို႔ရဲ႕ က်န္းမာေရးေဘးကင္းလုံၿခဳံမႈကို လက္လြတ္လိုက္ရသလို ျဖစ္ေနမွာျဖစ္တယ္။ 

 

လက္ရွိရင္ဆိုင္ေနရတဲ့ ဗိုင္းရပ္စ္အက်ပ္အတည္းနဲ႔ ပတ္သက္ရင္ ေနာက္ထပ္အေရးႀကီးတဲ့ ေ႐ြးခ်ယ္မႈ တစ္ခုရွိပါေသးတယ္။ အဲဒါကေတာ့ ဗိုင္းရပ္စ္ကို အႏိုင္တိုက္ဖို႔ဆိုရင္ မိမိတို႔အေနနဲ႔ ကမာၻလုံးဆိုင္ရာ သတင္း အခ်က္အလက္ေတြကို မွ်ေဝေပးဖို႔လိုအပ္မွာျဖစ္ပါတယ္။ ဘာေၾကာင့္ဒီလိုေျပာရလဲဆိုရင္ တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔တယ္။ အေမရိကန္ျပည္ေထာင္စုမွာ ကူးစက္ပ်ံ႕ႏွံ႔တယ္။ဒါေပမဲ့ ဒီဗိုင္းရပ္စ္က လူကိုဘယ္လို ကူးစက္တယ္ဆိုတာမ်ိဳး သတင္းအခ်က္အလက္ လဲလွယ္ႏိုင္ျခင္းမရွိခဲ့တာေတြ႕ရတယ္။ ဒါေပမဲ့ အေမရိကန္ျပည္ေထာင္စုကေတာ့ တ႐ုတ္ႏိုင္ငံကေန ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ သင္ခန္းစာေတြကို ရရွိခဲ့တယ္လို႔ ထင္ျမင္မိတယ္။ ကမာၻလုံးဆိုင္ရာ သတင္းအခ်က္အလက္မွ်ေဝေပးမႈက ဘယ္ေလာက္အေရးပါလဲ ဆိုရင္ မနက္ပိုင္းမွာ အီတလီဆရာဝန္တစ္ေယာက္က မီလန္မွာ ဗိုင္းရပ္စ္ကူးစက္မႈက ေနသက္သာရာရပုံကို ရွာေဖြေတြ႕ရွိတယ္။ ဒီသတင္းကို မွ်ေဝလိုက္မယ္ဆိုရင္ တီဟီရန္က လူနာေတြရဲ႕ အသက္ေပါင္းမ်ားစြာကို ညေန ပိုင္းေလာက္မွာ ကယ္တင္ေပးႏိုင္မယ္လို႔ ဆိုတယ္။  ဆိုရရင္ဗိုင္းရပ္စ္ကို အႏိုင္တိုက္ဖို႔အတြက္ ကမာၻလုံးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ ယုံၾကည္ကိုးစားမႈ စိတ္ဓာတ္ေတြ ေမြးျမဴဖို႔လိုအပ္ေနတာျဖစ္ပါတယ္။ 

 

ကမာၻလုံးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈဟာ စီးပြားေရးက႑မွာလည္း အေရးပါေနတာျဖစ္တယ္။ ကမာၻေပၚမွာ အစိုးရတစ္ရပ္ခ်င္းစီက အျခားသူေတြရဲ႕ ျပႆနာကို အေရးမစိုက္ဘူးဆိုရင္ စီးပြားေရး ဝ႐ုန္းသုန္းကား ျဖစ္မႈနဲ႔ အက်ပ္ဆိုဒ္မႈ ဆိုတဲ့ ရလဒ္ကိုသာ ထြက္ေပၚလာေစမွာျဖစ္တယ္။ ၂၀၀၈ ခုႏွစ္ေငြေၾကးအက်ပ္အတည္းနဲ႔ ၂၀၁၄ ခုႏွစ္ အီဘိုလာ ကူးစက္ေရာဂါလို ကမာၻလုံးဆိုင္ရာ အက်ပ္အတည္းျဖစ္ပြားေနခ်ိန္က အေမရိကန္ျပည္ ေထာင္စုဟာ ကမာၻလုံးဆိုင္ရာ ဦးေဆာင္သူေနရာကေနပါဝင္ခဲ့တယ္။ ဒါေပမဲ့ လက္ရွိကပ္ေရာဂါအက်ပ္အတည္း ျဖစ္ပြားလာခ်ိန္မွာေတာ့ လက္ရွိအေမရိကန္အစိုးရက ဦးေဆာင္သူေနရာကို ေခါင္းေရွာင္ခဲ့တယ္။ 

 

ဒါတင္မကဘူး အရင္ကအရင္းႏွီးဆုံး မဟာမိတ္ေတြကိုေတာင္ လ်စ္လ်ဴရႈ႕လာခဲ့တယ္။ ဒီအေတာအတြင္း ထြက္ေပၚလာတဲ့ ေကာလာဟလက ပိုဆိုးတယ္။ COVID- 19 ကာကြယ္ေဆးဝါးသစ္ မူပိုင္ခြင့္အတြက္ ဂ်ာမန္ေဆး ဝါး ထုတ္လုပ္တဲ့ ကုမၸဏီကို အေမရိကန္္ေဒၚလာ တစ္ဘီလ်ံကမ္းလွမ္းတယ္ဆိုတဲ့ အပုပ္နံ႔သတင္းကေတာ့ေက်ာ္မေကာင္းၾကားမေကာင္းျဖစ္ရတဲ့အထိ။ 

 

လက္ရွိအေနအထားအတိုင္း ဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ကို ႏိုင္ေအာင္တိုက္ဖို႔ပိုၿပီး ခက္ခဲလာ႐ုံသာမက ဒီအေရးမွာထရန႔္အစိုးရ ထားရစ္ခဲ့တဲ့ အေမြအႏွစ္က ႏိုင္ငံတကာဆက္ဆံေရးမွာပါ အဆိပ္အေတာက္အျဖစ္ ႏွစ္ကာလအတန္ၾကာ ဆက္လက္ျဖစ္ေပၚေနမွာျဖစ္တယ္။ လက္ရွိႀကဳံေတြ႕ေနရတဲ့ ကပ္ေရာဂါ အက်ပ္အတည္း

ကေန ကမာၻလုံးဆိုင္ရာ စည္းလုံးညီၫြတ္မႈ မရွိဘူးဆိုရင္ ေနာက္ထပ္ေဘးဥပဒ္အႏၲရာယ္ေတြကို ထပ္မံေတြ႕ႀကဳံ လာရဦးမွာျဖစ္တယ္။ ဘာပဲျဖစ္ျဖစ္ လက္ရွိကပ္ေရာဂါ အက်ပ္အတည္းက အနာဂတ္မွာ ဘာေတြျပင္ ဆင္ထားသင့္တယ္ဆိုတာနဲ႔ ပတ္သက္ၿပီး လူသားေတြကို အလင္းျပေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္မိတဲ့ အေၾကာင္းေတြးဆ ဆင္ျခင္ရင္း …… 

 

ျမင့္ေနာင္မိုး

Ref: The World after coronavirus