【 ဆောင်းပါး 】 ကားလက်မှတ်ပြဿနာတောင် မကိုင်တွယ်နိုင်ဘူးလား

【 ဆောင်းပါး 】 ကားလက်မှတ်ပြဿနာတောင်  မကိုင်တွယ်နိုင်ဘူးလား

ဇာတ်၏အစမှာ ၁၉၉၀ ပြည့်နှစ်ကျော် ကာလများကတည်းကဖြစ်သည်။ရန်ကုန်တွင် ကုမ္ပဏီတွေ ပေါ်လာသည်။စက်ရုံတွေပေါ်လာသည်။ရန်ကုန်တွင်သာ ပေါ်လာခြင်းဖြစ်သဖြင့် နယ်မြို့များမှ ဘွဲ့ရလူငယ်များမှာ မျှော်လင့်ချက်ကိုယ်စီဖြင့် ပြေးတက်လာကြသည်။နောက်ပိုင်း စက်ရုံအလုပ်သမားအဖြစ်မှ ဘဝကိုချွန်မြရန် ရန်ကုန်သို့ ပြေးတက်လာကြသော အတန်းပညာ အားနည်းသူများပါ ထပ်ပေါင်းဖြည့်လိုက်သည့်အခါမှာတော့ ရန်ကုန်သည် အကြည့်ရဆိုးလာသည့် ဗိုက်ပူနံကားပမာ အသက်ရှူရတာလည်း ပိုပိုကြပ်လာသည်။နာဂစ်မုန်တိုင်းအပြီးတွင် အချိန်မရွေး ပေါက်ကွဲထွက်နိုင်သည့် လူအင်အားအခြေအနေ။

ရန်ကုန်ကတော့ ရောက်လာသမျှ မည်သူ့ကိုမဆို ဝဲကမ်းလုပ်သည်။သို့သော် အဆင်တပြေဖြစ်လိမ့်မည်လို့တော့ အာမ မခံ။ရန်ကုန်တွင် အဆင်ပြေသူလည်းရှိ၊ မပြေသူလည်းရှိ။သို့သော် သူတို့အားလုံး၏ တူညီမှုမှာ ပူလောင်လွန်းလှခြင်းဖြစ်သည်။ရန်ကုန်တွင် သက်သောင့်သက်သာနေ့များ ဆိုသည်မှာ ပါးရှားလွန်းလှသလိုရ န်ကုန်တွင် ကိုယ့်ဒုက္ခ ကိုယ့်ဘာသာထမ်း စနစ်သာ တွင်ကျယ်သည်။

သို့သော်၊ လူငယ်များအတွက် ရန်ကုန်ကနေကြည့်မှ အနာဂတ်ကို လှမ်းမြင်ရသောကြောင့် ရန်ကုန်မှ နောက်ပြန်ဆုတ်ရန် မည်သူမျှမစဉ်းစား။နေသင့်သည်ဆိုသော်လည်း သက်သောင့်သက်သာမရှိသော ရန်ကုန်တွင် ပျော်လွန်းလို့ နေနေတာတော့မဟုတ်။

ထို့ကြောင့်ပင်၊ ဘဝအရသာကို အကောင်းဆုံးပြောပြနိုင်သည်ဆိုသော ဇာတိမြေဆီသို့ အခွင့်အရေးရလျှင် ရသလို အဆိုတော် ထူးအိမ်သင်၏ နာမည်ကျော် အမေ့အိမ်သီချင်းကို ဖွဖွလေးညည်းကာ ပြန်ကြတာချည်းဖြစ်သည်။အထူးသဖြင့် သြင်္ကန်ရုံးပိတ်ရှည်ကာလ။စာရင်းဇယား အတိအကျမရှိသဖြင့် ရန်ကုန်မှ နယ်ဒေသအသီးသီးသို့ သြင်္ကန်နားနီးပြန်သည့် လူအရေအတွက်ကို မပြောနိုင်သော်လည်း ရန်ကုန်မြို့နေ စုစုပေါင်း၏ သုံးပုံတစ်ပုံပင် မကပေဘူးလားဟု ခန့်မှန်းကြည့်မိသည်။ထား။

အမေ့အိမ်သီချင်းကို ဖွဖွလေးမညည်းမီမှာတော့ ချွေးတွေလည်း ဒီးဒီးကျရသည်။ဟိုပြေးဒီလွှားဖြင့် စိတ်တွေလည်းရှုပ်ရသည်။ရထားလက်မှတ်ဆိုလည်း မဆံ့မပြဲအုံခဲနေသော လက်မှတ်ဝယ်ပရိသတ်က များမှများဆိုတော့ ရိုးရိုးတန်း ထိုင်ခုံလက်မှတ်ရဖို့ပင် နံနက် ၃ နာရီလောက်ကတည်းက သွားစောင့်နေရသည်။ထိုသို့သွားစောင့်တာတောင် မသေချာ။
ပုံမှန်လက်မှတ်ခထက် ၃ ဆမက ဈေးပေးနိုင်သူများအတွက်တော့  မှောင်ခိုလက်မှတ်က အဆင်သင့်ရှိသည်။(ယခုအခါမှာတော့ ရထားမှောင်ခိုလက်မှတ် ရှိခဲ့လျှင်တောင် တော်တော်ရှားမည်ဟုထင်၏။)

ကားလက်မှတ်ခဈေးနှုန်းမှာ အဝေးပြေးယာဉ်လိုင်းတို့၏ အလိုကျ ပုံမှန်ဈေးထက်၂ ဆမက မြင့်တက်သွားသော်လည်း ဈေးဆစ်နေလို့ကတော့ အိမ်မပြန်ရရုံသာမို့ ဘာမှမတတ်နိုင်။ထို့ကြောင့် အိမ်ပြန်ရလျှင်ပြီးရောစိတ်ဖြင့် မျက်စိကိုမှိတ်ကာ လက်မှတ်ခ ၂ ဆကျော်ဆိုလည်းဝယ်။ခရီးသွားများခြင်းကို အကြောင်းပြုကာ သြင်္ကန်ဆို တစ်ချီကောင်း ရိုက်စားဂွင်က ကြီးမှကြီး။ဈေးကွက်စီးပွားရေးစနစ်တွင် ကိုယ့်ကားလက်မှတ် ကိုယ့်ဘာသာ ကြိုက်သလောက် ဈေးတင်မည်ဟု ခပ်တင်းတင်းပြောသော ယာဉ်ပိုင်ရှင်အချို့၏ ခပ်ညစ်ညစ်အသံကိုလည်း ကြားခဲ့ရဖူးသည်။

အဝေးပြေး (မထသ) မှ တာဝန်ရှိသူများကတော့ သြင်္ကန်နားနီးလျှင် လက်မှတ် ဈေးတင်မရောင်းရန်နှင့် ရောင်းချပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း နှစ်စဉ်မပျက် လူကြားကောင်းရုံ ကြေညာချက်ထုတ်လေ့ရှိသည်။သို့သော်၊ ကားဝင်းအတွင်းသို့ ပြင်ပမှ ခရီးသည်တင်ကားများ တရားမဝင်ရောက်ရှိလာကာ ခရီးသည်ခေါ်နေသည့်တိုင် တာဝန်ရှိသူတို့က မမြင်ရမကြားရသလို ကန်းချင်ယောင် ဆောင်ကြသည်။

တစ်ခုတော့ရှိသည်။မထသ နောက်ဆုံးကိုင်တွယ်ခဲ့သော ၂၀၁၆ ခုနှစ် သြင်္ကန်တွင်မူ ယခင့်ယခင်က တာဝန်ပျက်ကွက်သမျှ အကောင်းဆုံးလုပ်ပြနိုင်ခဲ့သည်။ထိုနှစ်တွင် မထသ (အဝေးပြေး) က ပြတ်သည်။ယာဉ်လိုင်းများက လက်မှတ်ကုန်ပြီဟုပြောပါက သူတို့ဆီလာ၊ မထသ တာဝန်ရှိသူက သူ့ဘာသာယာဉ်လိုင်းများထံ ချိတ်ဆက်ကာ လက်မှတ်ဝယ်ပေးသည်။လက်မှတ်ခ ဈေးတင်ထားပါကလည်း သူတို့ဆီကိုလာခဲ့။သူတို့က ပုံမှန်လက်မှတ်ခငွေထက် ပိုတင်ထားသမျှ ချက်ချင်းပြန်အမ်းပေးသည်။ပြီးနောက် ပြန်အမ်းထားငွေအပြင် ဒဏ်ကြေးငွေကိုပါ ယာဉ်လိုင်းများထံမှ ပြန်တောင်းသည်။ခရီးသည်များအတွက် အင်မတန်မှ အဆင်ပြေခဲ့သော နှစ်ဖြစ်သည်။ယခင့်ယခင်က မကိုင်တွယ်ချင်၍ မသိချင်ယောင် ဆောင်ပေးခြင်းဖြစ်ပြီး အမှန်တကယ် ကိုင်တွယ်မည်ဆိုပါက လွယ်လွယ်လေးဖြစ်ကြောင်း သက်သေပြချက်လည်းဖြစ်သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် မထသ တစ်ဇာတ်သိမ်းကာ YRTA (ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့) ဟူ၍ ဝရုန်းသုန်းကား ပြောင်းလဲလိုက်သည်။YBS ယာဉ်လိုင်းများအဖြစ် အခြေတကျဖြစ်ရန် အားယူနေရဆဲအချိန်တွင် ၂၀၁၇ သြင်္ကန်က ရောက်လာတာမို့ အဝေးပြေး ယာဉ်လိုင်းများကို စီမံခန့်ခွဲသော YRTA (အဝေးပြေး) မှာ မည်သို့မျှ စီမံခန့်ခွဲနိုင်ခြင်းမရှိ။ကားလက်မှတ်ဈေးမှာ ယာဉ်လိုင်းတို့ စိတ်ကြိုက်တင်ထားသော ဈေးဖြစ်သည်။

တစ်ခုတော့ရှိသည်။ဟိုး..အရင် မထသတုန်းကလို ဗြောင်ဈေးတင်ရောင်းတာတော့မဟုတ်။ကားဂိတ်များဆီ လက်မှတ်သွားဝယ်လျှင် လက်မှတ်ရောင်းစာရေးက လက်မှတ်ကုန်ပြီဟုဆိုမည်။ထိုသို့ဆိုပါက အသံတိုးတိုး၊ မျက်နှာငယ်ငယ်ဖြင့် “တစ်စောင်လောက်တော့ ဖြစ်အောင်လုပ်ပေးပါဗျာ” ဟု ဆိုလိုက်လျှင် အရောင်းစာရေးက ဈေးတင်ထားသော လက်မှတ်ခကိုပြောကာ ရောင်းပေးပေလိမ့်မည်။(၂၀၁၇ သြင်္ကန်နားနီး ကာလအတွင်း အောင်မင်္ဂလာအဝေးပြေးဝင်း၌ ကားလက်မှတ် လိမ်လည်ရောင်းချခြင်းပင် ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၆၂ ဦး အလိမ်ခံလိုက်ရကြောင်း သတင်းများအရ သိရသည်။)

၂၀၁၈ ခုနှစ် သြင်္ကန်နားနီးကာလသို့ ရောက်သည်။၂၀၁၇ တုန်းက YRTA အခုမှစတာမို့ဟု ဆင်ခြေပေးခွင့်ရှိသော်လည်း ၂၀၁၈ ခုနှစ်တွင်မူ ဆင်ခြေပေးလို့မရ။သက်ဆိုင်ရာ ရန်ကုန်တိုင်းအစိုးရဝန်ကြီးနှင့် YRTA အကြီးအကဲတို့ကို စာမေးပွဲစတင်စစ်သော နှစ်ဖြစ်သည်။

၂၀၁၈ မတ်လလယ်ကိုရောက်တော့ သြင်္ကန်နားနီး နယ်ဒေသများသို့ပြန်မည့် လက်မှတ်များကို ယာဉ်လိုင်းအချို့က ဈေးတင်ရောင်းချသည်။တချို့လက်မှတ်က ၂ ဆနီးပါး တက်သည်။တချို့ကတော့ သိပ်များများစားစားမတက်။YRTA (အဝေးပြေး) က မထသ စတိုင်အတိုင်း ယာဉ်လိုင်းတာဝန်ခံများနှင့် တွေ့ဆုံကာ လက်မှတ်ခ ဈေးမတက်ရန် ပြောကြားသလို ကြေညာချက်လည်းထုတ်သည်။ကြေညာချက်ထဲတွင် လက်မှတ်ခ ဈေးတင်ရောင်းပါက လာတိုင်ကြရန်လည်း နှိုးဆော်ထားသည်။

လာတိုင်လျှင် ဘာလုပ်ပေးမလဲဆိုတော့ အထက်ကို တင်ပြပေးမည်ဟုဆိုသည်။အထက်ဆိုသည်မှာ YRTA (အဝေးပြေး) မှနေ၍ YRTA (ဗဟို) သို့ တင်ပြပေးခြင်းဖြစ်သည်။ထိုအထက်နှင့် ပြီးပြီလားဆိုတော့ မပြီးသေး။YRTA (ဗဟို) မှနေ၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ တင်ပြပေးမည်ဟု သတင်းများအရ သိခဲ့ရသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ဆိုတာက တိုင်းအစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးဆီ တင်ပြပေးမည်ဟု ဆိုလိုတာလား။တိုင်းအစိုးရအဖွဲ့ဝင်များ၏ ကက်ဘိနက်အစည်းအဝေးတွင် လက်မှတ်ခ ဈေးတင်မှုအပေါ် ခေါင်းချင်းဆိုင် ဆွေးနွေးအဖြေရှာကြမည်လားတော့ မသဲကွဲ။မည်သို့ပင်ဆိုစေ၊ လက်မှတ်ခ ဈေးတင်ခြင်းကို ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကိုယ်တိုင် မအိပ်နိုင်မစားနိုင် အဖြေရှာပေးမည်သဘောဖြစ်သည်။

ဟုတ်ပြီ။လက်မှတ်ခ ဈေးတင်ထားလျှင် YRTA (အဝေးပြေး) သို့ သွားတိုင်။YRTA (အဝေးပြေး) က YRTA (ဗဟို) သို့ တင်ပြ။YRTA (ဗဟို) မှ တိုင်းအစိုးရထံ ဆက်တင်။တိုင်းအစိုးရက ဘာဆက်လုပ်ပေးမည်လဲ ဆိုတာကိုတော့ မည်သူမျှမသိရသဖြင့် ထိပ်တန်းလျိူ့ဝှက်ချက်ဟု ဆိုရမည်ထင်၏။

လက်မှတ်ဈေးတင်ရောင်းသည့် ကိစ္စကို တိုင်းအစိုးရကိုယ်တိုင် ဖြေရှင်းပေးမည့်သဘော ကြီးကြီးကျယ်ကျယ် ဆိုလိုက်သဖြင့် ပြည်သူတို့က သဘောပေါက်သွားသည်။ကိုယ်တိုင်လည်း ဂိုးသွင်းမည်။နောက်တန်းခံစစ်မှူးအဖြစ်လည်း ကြံ့ကြံ့ခံမည်။ဂိုးသမားလည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်မည်ဆိုသည့် မည်သူ့ကိုမျှ မယုံကြည်သော တစ်ကိုယ်တော်စီမံခန့်ခွဲမှုမျိုးကို ပြည်သူတို့ ကောင်းကောင်းသိသည်။ထို့ကြောင့် တိုင်လို့လည်း ဘာမှမဖြစ်နိုင်မှန်းသိ၊ နားလည်မှုလည်းရှိသဖြင့် လက်မှတ်ခ ဈေးတင်ရောင်းသည်ဟုဆိုကာ YRTA (အဝေးပြေး) သို့ ဘယ်ပြည်သူမှသွားမတိုင်။၂၀၁၈ သြင်္ကန်နားနီး ကာလအတွင်း YRTA (အဝေးပြေး) မှ ဆောင်ရွက်ပေးလိုက်နိုင်တာဆိုလို့ မတ်လ နောက်ဆုံးပတ်အတွင်း လက်မှတ်မရသဖြင့် လာတိုင်သူ သြင်္ကန်ပြန် ၇၆ ဦးကို ယာဉ်လိုင်းများနှင့် ချိတ်ဆက်ကာ မူရင်းဈေးဖြင့် လက်မှတ်ရအောင် ဆောင်ရွက်ပေးနိုင်ခြင်းသာရှိသည်။ပြောရလျှင်၂၀၁၈ သြင်္ကန်စာမေးပွဲ စစစ်သည့်နှစ်တွင် YRTA ရော တိုင်းအစိုးရပါ မော်ဒင်းရှင်းဖြင့်ပင် မအောင်ခဲ့ပေ။

ယခု ၂၀၁၉ ခုနှစ်တွင်တော့ သြင်္ကန်နားနီး လက်မှတ်ဈေးတင်မှုကို ဖြေရှင်းရန် ရန်ကုန်အဝေးပြေးဂိတ်များ၌ YRTA တာဝန်ရှိသူများ ရုံးသွားထိုင်မည်ဟု သိရသည်။ရုံးသွားထိုင်ပြီး မည်သို့ကိုင်တွယ်မလဲ ဆိုသည်ကိုတော့  သေချာမသိရသေး။ယခုနှစ်တွင် စားသုံးသူရေးရာဦးစီးဌာနကလည်း လက်မှတ်ခ ဈေးတင်ရောင်းပါက တိုင်ကြားရန်နှင့် ထိရောက်စွာအရေးယူမည်ဟုလည်း သိရသည်။

အမှန်တကယ်ဖြစ်သင့်တာက သြင်္ကန်နားနီးကာလ နယ်အသီးသီးသို့ပြန်သော ခရီးသည်ခန့်မှန်း မည်မျှရှိသည်။လက်ရှိပြေးဆွဲနေသော အဝေးပြေးယာဉ်များနှင့် မလုံလောက်ပါက မည်သို့ဖြည့်တင်းပေးမည်ဆိုသည့် အစီအမံကို ကြိုတင်ပြင်ဆင်ထားရန် လိုပါသည်။ထို့ပြင် လက်မှတ်ခဈေးတက်ခြင်းမှာ အမှန်တကယ် ဈေးတက်ရန်လိုသဖြင့် ဈေးတက်ခြင်းလား။လုပ်ငန်းရှင်တို့၏ လောဘစိတ်ကြောင့် ဈေးတင်ခြင်းလား ဆိုသည်ကို YRTA အနေနှင့် အသေအချာစိစစ်ရန် လိုပါမည်။

အမှန်တကယ် လက်မှတ်ခ ဈေးတက်သင့်သည်ဆိုပါက ရာခိုင်နှုန်းမည်မျှ ဈေးတက်သင့်သည်ကို YRTA အနေနှင့် အရပ်ရပ်သော အခြေအနေအား သုံးသပ်ကာ မည်သည့်ဘက်မှမလိုက်ဘဲ မှန်ကန်စွာ ဆုံးဖြတ်ပေးရန် လိုပါသည်။ဈေးမတက်သင့်ဟု ယူဆပါကလည်း YRTA ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ရပါမည်။

YRTA ဆုံးဖြတ်ထားသည့်အတိုင်း အတည်ဖြစ်ရန်မှာ မဖြစ်စလောက်သော ဒဏ်ကြေးငွေဖြင့် မလုံလောက်ပါ။သတ်မှတ်နှုန်းထက် ဈေးတင်ရောင်းပါက အယူခံခွင့်မရှိသော အနည်းဆုံး ၆ လ ယာဉ်လိုင်းပိတ် ပြစ်ဒဏ်မျိုး ချမှတ်မည်ဖြစ်ကြောင်း ယာဉ်လိုင်းအားလုံးကို တရားဝင်အသိပေးထားပြီး တကယ်ကျူးလွန်လျှင် တကယ်ချမှတ်ပါက လာမည့်နှစ်များတွင် ဘယ်ယာဉ်လိုင်းမှ မထီမဲ့မြင်မလုပ်ရဲမှာ သေချာပါသည်။

ပြောရလျှင် သြင်္ကန်နားနီး လက်မှတ်ပြဿနာကို အာဏာရှိသူများ ကိုင်တွယ်ရသည်မှာ ထိုးထွင်းဉာဏ်များစွာသုံးရန် မလိုသလို လက်တွေ့ဖော်ဆောင်ရသည်မှာလည်း မခက်ခဲပါ။သိပ်မခက်သော ကိစ္စကို ဘာ့ကြောင့်နှစ်များစွာကြာ ခက်နေရသလဲဟု မေးပါက အာဏာပိုင်တို့၏ တာဝန်မကျေပွန်ခြင်းအပေါ်သာ လက်ညှိုးထိုးပြရပေမည်။

လင်းဆက်ငြိမ်းချမ်း
ဧပြီ - ၃
( Zawgyi )
ဇာတ္၏အစမွာ ၁၉၉၀ ျပည့္ႏွစ္ေက်ာ္ ကာလမ်ားကတည္းကျဖစ္သည္။ရန္ကုန္တြင္ ကုမၸဏီေတြ ေပၚလာသည္။စက္႐ုံေတြေပၚလာသည္။ရန္ကုန္တြင္သာ ေပၚလာျခင္းျဖစ္သျဖင့္ နယ္ၿမိဳ႕မ်ားမွ ဘြဲ႕ရလူငယ္မ်ားမွာ ေမွ်ာ္လင့္ခ်က္ကိုယ္စီျဖင့္ ေျပးတက္လာၾကသည္။ေနာက္ပိုင္း စက္႐ုံအလုပ္သမားအျဖစ္မွ ဘဝကိုခြၽန္ျမရန္ ရန္ကုန္သို႔ ေျပးတက္လာၾကေသာ အတန္းပညာ အားနည္းသူမ်ားပါ ထပ္ေပါင္းျဖည့္လိုက္သည့္အခါမွာေတာ့ ရန္ကုန္သည္ အၾကည့္ရဆိုးလာသည့္ ဗိုက္ပူနံကားပမာ အသက္ရွဴရတာလည္း ပိုပိုၾကပ္လာသည္။နာဂစ္မုန္တိုင္းအၿပီးတြင္ အခ်ိန္မေ႐ြး ေပါက္ကြဲထြက္ႏိုင္သည့္ လူအင္အားအေျခအေန။

ရန္ကုန္ကေတာ့ ေရာက္လာသမွ် မည္သူ႔ကိုမဆို ဝဲကမ္းလုပ္သည္။သို႔ေသာ္ အဆင္တေျပျဖစ္လိမ့္မည္လို႔ေတာ့ အာမ မခံ။ရန္ကုန္တြင္ အဆင္ေျပသူလည္းရွိ၊ မေျပသူလည္းရွိ။သို႔ေသာ္ သူတို႔အားလုံး၏ တူညီမႈမွာ ပူေလာင္လြန္းလွျခင္းျဖစ္သည္။ရန္ကုန္တြင္ သက္ေသာင့္သက္သာေန႔မ်ား ဆိုသည္မွာ ပါးရွားလြန္းလွသလိုရ န္ကုန္တြင္ ကိုယ့္ဒုကၡ ကိုယ့္ဘာသာထမ္း စနစ္သာ တြင္က်ယ္သည္။

သို႔ေသာ္၊ လူငယ္မ်ားအတြက္ ရန္ကုန္ကေနၾကည့္မွ အနာဂတ္ကို လွမ္းျမင္ရေသာေၾကာင့္ ရန္ကုန္မွ ေနာက္ျပန္ဆုတ္ရန္ မည္သူမွ်မစဥ္းစား။ေနသင့္သည္ဆိုေသာ္လည္း သက္ေသာင့္သက္သာမရွိေသာ ရန္ကုန္တြင္ ေပ်ာ္လြန္းလို႔ ေနေနတာေတာ့မဟုတ္။

ထို႔ေၾကာင့္ပင္၊ ဘဝအရသာကို အေကာင္းဆုံးေျပာျပႏိုင္သည္ဆိုေသာ ဇာတိေျမဆီသို႔ အခြင့္အေရးရလွ်င္ ရသလို အဆိုေတာ္ ထူးအိမ္သင္၏ နာမည္ေက်ာ္ အေမ့အိမ္သီခ်င္းကို ဖြဖြေလးညည္းကာ ျပန္ၾကတာခ်ည္းျဖစ္သည္။အထူးသျဖင့္ ၾသကၤန္႐ုံးပိတ္ရွည္ကာလ။စာရင္းဇယား အတိအက်မရွိသျဖင့္ ရန္ကုန္မွ နယ္ေဒသအသီးသီးသို႔ ၾသကၤန္နားနီးျပန္သည့္ လူအေရအတြက္ကို မေျပာႏိုင္ေသာ္လည္း ရန္ကုန္ၿမိဳ႕ေန စုစုေပါင္း၏ သုံးပုံတစ္ပုံပင္ မကေပဘူးလားဟု ခန႔္မွန္းၾကည့္မိသည္။ထား။

အေမ့အိမ္သီခ်င္းကို ဖြဖြေလးမညည္းမီမွာေတာ့ ေခြၽးေတြလည္း ဒီးဒီးက်ရသည္။ဟိုေျပးဒီလႊားျဖင့္ စိတ္ေတြလည္းရႈပ္ရသည္။ရထားလက္မွတ္ဆိုလည္း မဆံ့မၿပဲအုံခဲေနေသာ လက္မွတ္ဝယ္ပရိသတ္က မ်ားမွမ်ားဆိုေတာ့ ႐ိုး႐ိုးတန္း ထိုင္ခုံလက္မွတ္ရဖို႔ပင္ နံနက္ ၃ နာရီေလာက္ကတည္းက သြားေစာင့္ေနရသည္။ထိုသို႔သြားေစာင့္တာေတာင္ မေသခ်ာ။
ပုံမွန္လက္မွတ္ခထက္ ၃ ဆမက ေဈးေပးႏိုင္သူမ်ားအတြက္ေတာ့  ေမွာင္ခိုလက္မွတ္က အဆင္သင့္ရွိသည္။(ယခုအခါမွာေတာ့ ရထားေမွာင္ခိုလက္မွတ္ ရွိခဲ့လွ်င္ေတာင္ ေတာ္ေတာ္ရွားမည္ဟုထင္၏။)

ကားလက္မွတ္ခေဈးႏႈန္းမွာ အေဝးေျပးယာဥ္လိုင္းတို႔၏ အလိုက် ပုံမွန္ေဈးထက္၂ ဆမက ျမင့္တက္သြားေသာ္လည္း ေဈးဆစ္ေနလို႔ကေတာ့ အိမ္မျပန္ရ႐ုံသာမို႔ ဘာမွမတတ္ႏိုင္။ထို႔ေၾကာင့္ အိမ္ျပန္ရလွ်င္ၿပီးေရာစိတ္ျဖင့္ မ်က္စိကိုမွိတ္ကာ လက္မွတ္ခ ၂ ဆေက်ာ္ဆိုလည္းဝယ္။ခရီးသြားမ်ားျခင္းကို အေၾကာင္းျပဳကာ ၾသကၤန္ဆို တစ္ခ်ီေကာင္း ႐ိုက္စားဂြင္က ႀကီးမွႀကီး။ေဈးကြက္စီးပြားေရးစနစ္တြင္ ကိုယ့္ကားလက္မွတ္ ကိုယ့္ဘာသာ ႀကိဳက္သေလာက္ ေဈးတင္မည္ဟု ခပ္တင္းတင္းေျပာေသာ ယာဥ္ပိုင္ရွင္အခ်ိဳ႕၏ ခပ္ညစ္ညစ္အသံကိုလည္း ၾကားခဲ့ရဖူးသည္။

အေဝးေျပး (မထသ) မွ တာဝန္ရွိသူမ်ားကေတာ့ ၾသကၤန္နားနီးလွ်င္ လက္မွတ္ ေဈးတင္မေရာင္းရန္ႏွင့္ ေရာင္းခ်ပါက ထိေရာက္စြာအေရးယူမည္ျဖစ္ေၾကာင္း ႏွစ္စဥ္မပ်က္ လူၾကားေကာင္း႐ုံ ေၾကညာခ်က္ထုတ္ေလ့ရွိသည္။သို႔ေသာ္၊ ကားဝင္းအတြင္းသို႔ ျပင္ပမွ ခရီးသည္တင္ကားမ်ား တရားမဝင္ေရာက္ရွိလာကာ ခရီးသည္ေခၚေနသည့္တိုင္ တာဝန္ရွိသူတို႔က မျမင္ရမၾကားရသလို ကန္းခ်င္ေယာင္ ေဆာင္ၾကသည္။

တစ္ခုေတာ့ရွိသည္။မထသ ေနာက္ဆုံးကိုင္တြယ္ခဲ့ေသာ ၂၀၁၆ ခုႏွစ္ ၾသကၤန္တြင္မူ ယခင့္ယခင္က တာဝန္ပ်က္ကြက္သမွ် အေကာင္းဆုံးလုပ္ျပႏိုင္ခဲ့သည္။ထိုႏွစ္တြင္ မထသ (အေဝးေျပး) က ျပတ္သည္။ယာဥ္လိုင္းမ်ားက လက္မွတ္ကုန္ၿပီဟုေျပာပါက သူတို႔ဆီလာ၊ မထသ တာဝန္ရွိသူက သူ႔ဘာသာယာဥ္လိုင္းမ်ားထံ ခ်ိတ္ဆက္ကာ လက္မွတ္ဝယ္ေပးသည္။လက္မွတ္ခ ေဈးတင္ထားပါကလည္း သူတို႔ဆီကိုလာခဲ့။သူတို႔က ပုံမွန္လက္မွတ္ခေငြထက္ ပိုတင္ထားသမွ် ခ်က္ခ်င္းျပန္အမ္းေပးသည္။ၿပီးေနာက္ ျပန္အမ္းထားေငြအျပင္ ဒဏ္ေၾကးေငြကိုပါ ယာဥ္လိုင္းမ်ားထံမွ ျပန္ေတာင္းသည္။ခရီးသည္မ်ားအတြက္ အင္မတန္မွ အဆင္ေျပခဲ့ေသာ ႏွစ္ျဖစ္သည္။ယခင့္ယခင္က မကိုင္တြယ္ခ်င္၍ မသိခ်င္ေယာင္ ေဆာင္ေပးျခင္းျဖစ္ၿပီး အမွန္တကယ္ ကိုင္တြယ္မည္ဆိုပါက လြယ္လြယ္ေလးျဖစ္ေၾကာင္း သက္ေသျပခ်က္လည္းျဖစ္သည္။

၂၀၁၇ ခုႏွစ္ ဇန္နဝါရီတြင္ မထသ တစ္ဇာတ္သိမ္းကာ YRTA (ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕) ဟူ၍ ဝ႐ုန္းသုန္းကား ေျပာင္းလဲလိုက္သည္။YBS ယာဥ္လိုင္းမ်ားအျဖစ္ အေျခတက်ျဖစ္ရန္ အားယူေနရဆဲအခ်ိန္တြင္ ၂၀၁၇ ၾသကၤန္က ေရာက္လာတာမို႔ အေဝးေျပး ယာဥ္လိုင္းမ်ားကို စီမံခန႔္ခြဲေသာ YRTA (အေဝးေျပး) မွာ မည္သို႔မွ် စီမံခန႔္ခြဲႏိုင္ျခင္းမရွိ။ကားလက္မွတ္ေဈးမွာ ယာဥ္လိုင္းတို႔ စိတ္ႀကိဳက္တင္ထားေသာ ေဈးျဖစ္သည္။

တစ္ခုေတာ့ရွိသည္။ဟိုး..အရင္ မထသတုန္းကလို ေျဗာင္ေဈးတင္ေရာင္းတာေတာ့မဟုတ္။ကားဂိတ္မ်ားဆီ လက္မွတ္သြားဝယ္လွ်င္ လက္မွတ္ေရာင္းစာေရးက လက္မွတ္ကုန္ၿပီဟုဆိုမည္။ထိုသို႔ဆိုပါက အသံတိုးတိုး၊ မ်က္ႏွာငယ္ငယ္ျဖင့္ “တစ္ေစာင္ေလာက္ေတာ့ ျဖစ္ေအာင္လုပ္ေပးပါဗ်ာ” ဟု ဆိုလိုက္လွ်င္ အေရာင္းစာေရးက ေဈးတင္ထားေသာ လက္မွတ္ခကိုေျပာကာ ေရာင္းေပးေပလိမ့္မည္။(၂၀၁၇ ၾသကၤန္နားနီး ကာလအတြင္း ေအာင္မဂၤလာအေဝးေျပးဝင္း၌ ကားလက္မွတ္ လိမ္လည္ေရာင္းခ်ျခင္းပင္ ျဖစ္ပြားခဲ့ရာ ခရီးသည္ ၁၆၂ ဦး အလိမ္ခံလိုက္ရေၾကာင္း သတင္းမ်ားအရ သိရသည္။)

၂၀၁၈ ခုႏွစ္ ၾသကၤန္နားနီးကာလသို႔ ေရာက္သည္။၂၀၁၇ တုန္းက YRTA အခုမွစတာမို႔ဟု ဆင္ေျခေပးခြင့္ရွိေသာ္လည္း ၂၀၁၈ ခုႏွစ္တြင္မူ ဆင္ေျခေပးလို႔မရ။သက္ဆိုင္ရာ ရန္ကုန္တိုင္းအစိုးရဝန္ႀကီးႏွင့္ YRTA အႀကီးအကဲတို႔ကို စာေမးပြဲစတင္စစ္ေသာ ႏွစ္ျဖစ္သည္။

၂၀၁၈ မတ္လလယ္ကိုေရာက္ေတာ့ ၾသကၤန္နားနီး နယ္ေဒသမ်ားသို႔ျပန္မည့္ လက္မွတ္မ်ားကို ယာဥ္လိုင္းအခ်ိဳ႕က ေဈးတင္ေရာင္းခ်သည္။တခ်ိဳ႕လက္မွတ္က ၂ ဆနီးပါး တက္သည္။တခ်ိဳ႕ကေတာ့ သိပ္မ်ားမ်ားစားစားမတက္။YRTA (အေဝးေျပး) က မထသ စတိုင္အတိုင္း ယာဥ္လိုင္းတာဝန္ခံမ်ားႏွင့္ ေတြ႕ဆုံကာ လက္မွတ္ခ ေဈးမတက္ရန္ ေျပာၾကားသလို ေၾကညာခ်က္လည္းထုတ္သည္။ေၾကညာခ်က္ထဲတြင္ လက္မွတ္ခ ေဈးတင္ေရာင္းပါက လာတိုင္ၾကရန္လည္း ႏႈိးေဆာ္ထားသည္။

လာတိုင္လွ်င္ ဘာလုပ္ေပးမလဲဆိုေတာ့ အထက္ကို တင္ျပေပးမည္ဟုဆိုသည္။အထက္ဆိုသည္မွာ YRTA (အေဝးေျပး) မွေန၍ YRTA (ဗဟို) သို႔ တင္ျပေပးျခင္းျဖစ္သည္။ထိုအထက္ႏွင့္ ၿပီးၿပီလားဆိုေတာ့ မၿပီးေသး။YRTA (ဗဟို) မွေန၍ ရန္ကုန္တိုင္းအစိုးရအဖြဲ႕သို႔ တင္ျပေပးမည္ဟု သတင္းမ်ားအရ သိခဲ့ရသည္။

ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဆိုတာက တိုင္းအစိုးရအဖြဲ႕မွ သက္ဆိုင္ရာဝန္ႀကီးဆီ တင္ျပေပးမည္ဟု ဆိုလိုတာလား။တိုင္းအစိုးရအဖြဲ႕ဝင္မ်ား၏ ကက္ဘိနက္အစည္းအေဝးတြင္ လက္မွတ္ခ ေဈးတင္မႈအေပၚ ေခါင္းခ်င္းဆိုင္ ေဆြးေႏြးအေျဖရွာၾကမည္လားေတာ့ မသဲကြဲ။မည္သို႔ပင္ဆိုေစ၊ လက္မွတ္ခ ေဈးတင္ျခင္းကို ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ားကိုယ္တိုင္ မအိပ္ႏိုင္မစားႏိုင္ အေျဖရွာေပးမည္သေဘာျဖစ္သည္။

ဟုတ္ၿပီ။လက္မွတ္ခ ေဈးတင္ထားလွ်င္ YRTA (အေဝးေျပး) သို႔ သြားတိုင္။YRTA (အေဝးေျပး) က YRTA (ဗဟို) သို႔ တင္ျပ။YRTA (ဗဟို) မွ တိုင္းအစိုးရထံ ဆက္တင္။တိုင္းအစိုးရက ဘာဆက္လုပ္ေပးမည္လဲ ဆိုတာကိုေတာ့ မည္သူမွ်မသိရသျဖင့္ ထိပ္တန္းလ်ိဴ႕ဝွက္ခ်က္ဟု ဆိုရမည္ထင္၏။

လက္မွတ္ေဈးတင္ေရာင္းသည့္ ကိစၥကို တိုင္းအစိုးရကိုယ္တိုင္ ေျဖရွင္းေပးမည့္သေဘာ ႀကီးႀကီးက်ယ္က်ယ္ ဆိုလိုက္သျဖင့္ ျပည္သူတို႔က သေဘာေပါက္သြားသည္။ကိုယ္တိုင္လည္း ဂိုးသြင္းမည္။ေနာက္တန္းခံစစ္မႉးအျဖစ္လည္း ႀကံ့ႀကံ့ခံမည္။ဂိုးသမားလည္း ကိုယ္ကိုယ္တိုင္ပဲ လုပ္မည္ဆိုသည့္ မည္သူ႔ကိုမွ် မယုံၾကည္ေသာ တစ္ကိုယ္ေတာ္စီမံခန႔္ခြဲမႈမ်ိဳးကို ျပည္သူတို႔ ေကာင္းေကာင္းသိသည္။ထို႔ေၾကာင့္ တိုင္လို႔လည္း ဘာမွမျဖစ္ႏိုင္မွန္းသိ၊ နားလည္မႈလည္းရွိသျဖင့္ လက္မွတ္ခ ေဈးတင္ေရာင္းသည္ဟုဆိုကာ YRTA (အေဝးေျပး) သို႔ ဘယ္ျပည္သူမွသြားမတိုင္။၂၀၁၈ ၾသကၤန္နားနီး ကာလအတြင္း YRTA (အေဝးေျပး) မွ ေဆာင္႐ြက္ေပးလိုက္ႏိုင္တာဆိုလို႔ မတ္လ ေနာက္ဆုံးပတ္အတြင္း လက္မွတ္မရသျဖင့္ လာတိုင္သူ ၾသကၤန္ျပန္ ၇၆ ဦးကို ယာဥ္လိုင္းမ်ားႏွင့္ ခ်ိတ္ဆက္ကာ မူရင္းေဈးျဖင့္ လက္မွတ္ရေအာင္ ေဆာင္႐ြက္ေပးႏိုင္ျခင္းသာရွိသည္။ေျပာရလွ်င္၂၀၁၈ ၾသကၤန္စာေမးပြဲ စစစ္သည့္ႏွစ္တြင္ YRTA ေရာ တိုင္းအစိုးရပါ ေမာ္ဒင္းရွင္းျဖင့္ပင္ မေအာင္ခဲ့ေပ။

ယခု ၂၀၁၉ ခုႏွစ္တြင္ေတာ့ ၾသကၤန္နားနီး လက္မွတ္ေဈးတင္မႈကို ေျဖရွင္းရန္ ရန္ကုန္အေဝးေျပးဂိတ္မ်ား၌ YRTA တာဝန္ရွိသူမ်ား ႐ုံးသြားထိုင္မည္ဟု သိရသည္။႐ုံးသြားထိုင္ၿပီး မည္သို႔ကိုင္တြယ္မလဲ ဆိုသည္ကိုေတာ့  ေသခ်ာမသိရေသး။ယခုႏွစ္တြင္ စားသုံးသူေရးရာဦးစီးဌာနကလည္း လက္မွတ္ခ ေဈးတင္ေရာင္းပါက တိုင္ၾကားရန္ႏွင့္ ထိေရာက္စြာအေရးယူမည္ဟုလည္း သိရသည္။

အမွန္တကယ္ျဖစ္သင့္တာက ၾသကၤန္နားနီးကာလ နယ္အသီးသီးသို႔ျပန္ေသာ ခရီးသည္ခန႔္မွန္း မည္မွ်ရွိသည္။လက္ရွိေျပးဆြဲေနေသာ အေဝးေျပးယာဥ္မ်ားႏွင့္ မလုံေလာက္ပါက မည္သို႔ျဖည့္တင္းေပးမည္ဆိုသည့္ အစီအမံကို ႀကိဳတင္ျပင္ဆင္ထားရန္ လိုပါသည္။ထို႔ျပင္ လက္မွတ္ခေဈးတက္ျခင္းမွာ အမွန္တကယ္ ေဈးတက္ရန္လိုသျဖင့္ ေဈးတက္ျခင္းလား။လုပ္ငန္းရွင္တို႔၏ ေလာဘစိတ္ေၾကာင့္ ေဈးတင္ျခင္းလား ဆိုသည္ကို YRTA အေနႏွင့္ အေသအခ်ာစိစစ္ရန္ လိုပါမည္။

အမွန္တကယ္ လက္မွတ္ခ ေဈးတက္သင့္သည္ဆိုပါက ရာခိုင္ႏႈန္းမည္မွ် ေဈးတက္သင့္သည္ကို YRTA အေနႏွင့္ အရပ္ရပ္ေသာ အေျခအေနအား သုံးသပ္ကာ မည္သည့္ဘက္မွမလိုက္ဘဲ မွန္ကန္စြာ ဆုံးျဖတ္ေပးရန္ လိုပါသည္။ေဈးမတက္သင့္ဟု ယူဆပါကလည္း YRTA ၏ ဆုံးျဖတ္ခ်က္သည္ အတည္ျဖစ္ရပါမည္။

YRTA ဆုံးျဖတ္ထားသည့္အတိုင္း အတည္ျဖစ္ရန္မွာ မျဖစ္စေလာက္ေသာ ဒဏ္ေၾကးေငြျဖင့္ မလုံေလာက္ပါ။သတ္မွတ္ႏႈန္းထက္ ေဈးတင္ေရာင္းပါက အယူခံခြင့္မရွိေသာ အနည္းဆုံး ၆ လ ယာဥ္လိုင္းပိတ္ ျပစ္ဒဏ္မ်ိဳး ခ်မွတ္မည္ျဖစ္ေၾကာင္း ယာဥ္လိုင္းအားလုံးကို တရားဝင္အသိေပးထားၿပီး တကယ္က်ဴးလြန္လွ်င္ တကယ္ခ်မွတ္ပါက လာမည့္ႏွစ္မ်ားတြင္ ဘယ္ယာဥ္လိုင္းမွ မထီမဲ့ျမင္မလုပ္ရဲမွာ ေသခ်ာပါသည္။

ေျပာရလွ်င္ ၾသကၤန္နားနီး လက္မွတ္ျပႆနာကို အာဏာရွိသူမ်ား ကိုင္တြယ္ရသည္မွာ ထိုးထြင္းဉာဏ္မ်ားစြာသုံးရန္ မလိုသလို လက္ေတြ႕ေဖာ္ေဆာင္ရသည္မွာလည္း မခက္ခဲပါ။သိပ္မခက္ေသာ ကိစၥကို ဘာ့ေၾကာင့္ႏွစ္မ်ားစြာၾကာ ခက္ေနရသလဲဟု ေမးပါက အာဏာပိုင္တို႔၏ တာဝန္မေက်ပြန္ျခင္းအေပၚသာ လက္ညႇိဳးထိုးျပရေပမည္။

လင္းဆက္ၿငိမ္းခ်မ္း
ဧၿပီ - ၃