【 ဆောင်းပါး 】 ကိုဗစ်ဒုတိယလှိုင်း၊ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများအခက်အခဲ

【 ဆောင်းပါး 】 ကိုဗစ်ဒုတိယလှိုင်း၊ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများအခက်အခဲ

ကျွန်တော်တို့နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ (ကိုဗစ်-၁၉) ဖြစ်ပေါ်လာခဲ့တာ ၆ လကျော်ကာလ ရောက်လာခဲ့ပါပြီ။တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ (ကိုဗစ်-၁၉) ဖြစ်နေတာပါ။ဒီကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ (ကိုဗစ်-၁၉) ရဲ့ဒဏ်ကို ခံစားရပြီး ကူးစက်သူဦးရေနဲ့ သေဆုံးသူများတဲ့ နိုင်ငံတွေလည်းရှိပါတယ်။နောက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ (ကိုဗစ်-၁၉) ပိုးဟာ အသွင်ပြောင်းနေပါတယ်။ဗိုင်းရပ်စ်ပိုးကူးစက်မှုအသစ်တွေဖြစ်နေပါတယ်။တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့ပေမယ့် ကူးစက်ခံရသူအများဆုံးနဲ့ သေဆုံးသူအများဆုံးဖြစ်နေတာက အမေရိကန်နိုင်ငံနဲ့ ဥရောပတိုင်းပြည်တွေရော၊ အမေရိကတိုက်နိုင်ငံတွေ ဖြစ်နေပါတယ်။

ကိုဗစ်ဒုတိယလှိုင်းအဖြစ် မြန်မာပြည်ရဲ့ အိမ်နီးချင်းနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုများပြီး သေဆုံးမှုများလာတာ တွေ့ရပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ကိုဗစ်-၁၉ ကူးစက်မှုမြန်ရောဂါပိုး အတည်ပြုလူနာ သိပ်မရှိခဲ့သလို၊ သေဆုံးသူ ၆ ဦးလောက်သာရှိပြီး ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်၊ ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပေါ်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံကြီး အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုရောဂါ ပိုကြီးမားလာပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ကိုဗစ်-၁၉ ဒုတိယလှိုင်းထဲ ရောက်သွားပါတယ်။အခုအချိန်မှာ နိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါ တွေ့ရှိအတည်ပြုသူပေါင်း တစ်ထောင်ကျော်ရှိလာပါပြီ။အခုမှ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းကို စတင်ခဲ့တာလို့ ပြောနိုင်ပါတယ်။နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ထိတွေ့အတည်ပြုလူနာတွေ များပြားလာပါတယ်။မြန်မာပြည်တစ်ပြည်လုံး ဒေသအနှံ့မှာဖြစ်နေပါတယ်။ဒီကိုဗစ်-၁၉ ဒုတိယလှိုင်းဟာ ဆက်လက်ဖြစ်ပွားနေတာကို ဘယ်အချိန်ကာလရောက်မှ တားဆီးထိန်းချုပ်နိုင်မယ်ဆိုတာကို မခန့်မှန်းနိုင်သေးပါဘူး။

အခုလို ကိုဗစ်-၁၉ ဒုတိယလှိုင်းစတင်ဖြစ်ပွားချိန်က ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်နီးလာတာနဲ့ တိုက်ဆိုင်နေပါတယ်။မြန်မာနိုင်ငံမှာ ငါးနှစ်တစ်ကြိမ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပရတာပါ။အခုအကြိမ်ဆို ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပခြင်းဟာ သုံးကြိမ်ဖြစ်ပါလိမ့်မယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တော့၊ အခု ၂၀၂၀ ခုနှစ်မှာလည်း နိုဝင်ဘာလကို နောက်ဆုံးထားပြီး ပြန်လည်ကျင်းပမှာပါ။

မြန်မာနိုင်ငံ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အနေနဲ့ ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကိုလည်း ကြေညာထားပြီးပါပြီ။သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ မဲပေးပိုင်ခွင့်ရှိသူတွေစာရင်းကို ကြေညာခဲ့ပြီးပါပြီ။ဝင်ရောက်ယှဉ်ခွင့်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုခဲ့ပါတယ်။
ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအနေနဲ့ မဲဆွယ်ကြတော့မှာပါ။

ဒီအချိန်မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကော်မရှင်အတွက် အင်မတန်အရေးအကြီးဆုံး ကာလတစ်ခုပါ။ကျင်းပပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ကြီးကြပ်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံသူ နိုင်ငံသားတွေ မကျေနပ်သံတွေ ထွက်ခဲ့ဖူးပါတယ်။ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘက်မလိုက်ပဲ သမာသမတ်ကျဖို့ အရေးကြီးပါတယ်။ဒီလိုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘက်လိုက်မှုကင်းပြီး သမာသမတ်ကျကျ ကြီးကြပ်နိုင်ပါမှ တိုင်းပြည်အပြောင်းအလဲကိုဖြစ်နိုင်မယ့် ရွေးကောက်ပွဲကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးဟာလည်း အင်မတန်အရေးကြီးပါတယ်။အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း ခေါင်းစဉ်အောက်မှာလည်း - ၃၉၁။လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရာတွင် (က) ရွေးကောက်ပွဲစတင်ကျင်းပသည့် နေ့ရက်တွင် အသက် (၁၈) နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူမဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။မြန်မာပြည်မှာနေထိုင်ကြတဲ့ နိုင်ငံသားတွေအတွက် ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အရေးကြီးသလို၊ မိမိပိုင်တဲ့ ဆန္ဒမဲတစ်မဲက တိုင်းပြည်ပြောင်းလဲနိုင်ရေးအတွက် အလွန်အရေးပါနေပါတယ်။

အခု ၂၀၂၀ ခုနှစ်မှာ ကျင်းပတော့မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားပြည်သူတွေ မဲပေးပိုင်ခွင့်ရှိတဲ့စာရင်းမှာ မပါဝင်တာတွေ၊ သေဆုံးသူတွေရဲ့ အမည်စာရင်းတွေ ပါဝင်နေတာတွေ၊ မဲပေးပိုင်ခွင့်ရှိသူရဲ့ အချက်အလက်တွေ မှားနေတာတွေ အလွန်များနေတာတွေ့ရပါတယ်။ဒီလိုမဲပေးပိုင်ခွင့်ရှိသူတွေ မဲစာရင်းမှာမပါဝင်နေတာတွေ၊ အချက်အလက်မှားယွင်းနေတာတွေ အလွန်များနေတော့ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ရှိတဲ့အခွင့်အရေး ဆုံးရှုံးနေရပါတယ်။

ဒီလိုမဲစာရင်းအမှားတွေအတွက် တာဝန်ရှိတာက ရွေးကောက်ပွဲကော်မရှင်ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊
(ခ) လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းခြင်းနှင့် ကြီးကြပ်ခြင်း၊
(ဂ) မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊
(ဃ) မဲစာရင်းများ ပြုစုခြင်းနှင့် ပြင်ဆင်ခြင်းဆိုတာပြဋ္ဌာန်းထားပါတယ်။

အခု ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာကျင်းပတော့မယ့် မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေမှားနေတာ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်အပြည့်ရှိနေပါတယ်။တာဝန်ယူမှုမရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ကြောင့် ပြည်သူတွေအတွက် နစ်နာဆုံးရှုံးစေနိုင်ပါတယ်။ဒါကလည်း အာဏာရအစိုးရရဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ၃၉၈ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရမည်ဆိုပြီး ပြဋ္ဌာန်းထားခဲ့တော့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီရဲ့ လွှတ်တော်က နိုင်ငံတော်သမ္မတကိုတင်မြှောက်ပြီး၊ တင်မြှောက်ခံရတဲ့သမ္မတက ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခွင့်ရသွားပါတယ်။အနိုင်ရနိုင်ငံရေးပါတီက သူ့ပါတီအကြိုက်ရွေးချယ်ပြီး ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခွင့်ရတာကတော့ အလွန်မှားယွင်းနေပါတယ်။နိုင်ငံရေးမှာ သမာသမတ်ကျတဲ့လူတွေထက် ကိုယ့်အာဏာဆက်လက်တည်မြဲဖို့အတွက် လုပ်ဆောင်တွေပိုများနေကြမှာပါပဲ။

အခု ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရ အင်အယ်ဒီအစိုးရက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရပ်တည်ချက်တွေကို တခြားနိုင်ငံရေးပါတီတွေက မမျှတတဲ့လုပ်ဆောင်မှုတွေရှိနေတယ်လို့ ဝေဖန်နေကြပါတယ်။မကြာသေးခင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်ဘူးဆိုပြီး ပြောဆိုမှုတွေကြားရပါတယ်။

ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလမှာ နိုင်ငံတော်တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံတော်အဆောင်အယောင်တွေ သုံးစွဲခွင့်ရှိတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့အချက်တွေဟာ ဝေဖန်စရာတွေဖြစ်နေပါတယ်။မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းပုံဟာ ပြည်သူတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။နိုင်ငံရေးပါတီတစ်ခုတည်းကို သုံးစွဲမှုမပြုသင့်ပါဘူးဆိုတဲ့ အချက်တွေကိုကြည့်ရင် အာဏာရအစိုးရက ဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဘက်လိုက်မှုတွေဖြစ်နေပါလိမ့်မယ်။

ကိုဗစ်-၁၉ ကြောင့် ပြဋ္ဌာန်းလိုက်တဲ့ ဒေသန္တရဥပဒေတွေထဲမှာ လူစုလူဝေးမပြုလုပ်ရဆိုတာကို အာဏာရအစိုးရပိုင်းတွေ မလိုက်နာခဲ့ကြတာကို အရေးမယူခဲ့ပဲ၊ ပြည်သူတွေကို ဒေသန္တရဥပဒေတွေနဲ့ အရေးယူနေတာတွေကို တွေ့နေရပါတယ်။

မကြာခင်မှာ ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပပြုလုပ်တော့မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်သူတွေကို မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရတော့မှာပါ။အခု ကိုဗစ်-၁၉ ဒုတိယလှိုင်း ကြီးမားလာတာကြောင့် ဒေသန္တရအမိန့်တွေပြန်ထုတ်နေရပါတယ်။လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ဒေသန္တရအမိန့်အရ လူ ၃၀ ထက် ပိုမစုဝေးရဆိုတာ ပြဋ္ဌာန်းထားပါတယ်။တစ်ချို့မြို့နယ်တွေအလိုက် လော့ချ်ဒေါင်းချထားတာတွေရှိနေပါတယ်။

အခု ကိုဗစ်-၁၉ ကြောင့် ပြဋ္ဌာန်းထားတဲ့ ဒေသန္တရဥပဒေတွေကြောင့်လည်း ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေအတွက် အခက်အခဲဖြစ်နေပါလိမ့်မယ်။အဲဒီလိုအခြေအနေမှာ အာဏာရအစိုးရက ဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်သာ သမာသမတ်မဖြစ်ခဲ့ရင် ပိုခက်ခဲလာနိုင်မှာကို အာဏာရအင်အယ်ဒီပါတီကလွဲလို့ အခြားနိုင်ငံရေးပါတီတွေ စိုးရိမ်နေကြပါတယ်။

မြတ်လှိုင်း
စက်တင်ဘာ - ၉

( Zawgyi )

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျမန္ေရာဂါ (ကိုဗစ္-၁၉) ျဖစ္ေပၚလာခဲ့တာ ၆ လေက်ာ္ကာလ ေရာက္လာခဲ့ပါၿပီ။တစ္ကမာၻလုံးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျမန္ေရာဂါ (ကိုဗစ္-၁၉) ျဖစ္ေနတာပါ။ဒီကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျမန္ေရာဂါ (ကိုဗစ္-၁၉) ရဲ႕ဒဏ္ကို ခံစားရၿပီး ကူးစက္သူဦးေရနဲ႔ ေသဆုံးသူမ်ားတဲ့ ႏိုင္ငံေတြလည္းရွိပါတယ္။ေနာက္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျမန္ေရာဂါ (ကိုဗစ္-၁၉) ပိုးဟာ အသြင္ေျပာင္းေနပါတယ္။ဗိုင္းရပ္စ္ပိုးကူးစက္မႈအသစ္ေတြျဖစ္ေနပါတယ္။တ႐ုတ္ႏိုင္ငံကေန စတင္ျဖစ္ပြားခဲ့ေပမယ့္ ကူးစက္ခံရသူအမ်ားဆုံးနဲ႔ ေသဆုံးသူအမ်ားဆုံးျဖစ္ေနတာက အေမရိကန္ႏိုင္ငံနဲ႔ ဥေရာပတိုင္းျပည္ေတြေရာ၊ အေမရိကတိုက္ႏိုင္ငံေတြ ျဖစ္ေနပါတယ္။

ကိုဗစ္ဒုတိယလႈိင္းအျဖစ္ ျမန္မာျပည္ရဲ႕ အိမ္နီးခ်င္းႏိုင္ငံႀကီးျဖစ္တဲ့ အိႏၵိယႏိုင္ငံမွာ ကူးစက္မႈမ်ားၿပီး ေသဆုံးမႈမ်ားလာတာ ေတြ႕ရပါတယ္။ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကေတာ့ ကိုဗစ္-၁၉ ကူးစက္မႈျမန္ေရာဂါပိုး အတည္ျပဳလူနာ သိပ္မရွိခဲ့သလို၊ ေသဆုံးသူ ၆ ဦးေလာက္သာရွိၿပီး ကိုဗစ္-၁၉ ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္၊ ကိုဗစ္-၁၉ ဒုတိယလႈိင္းျဖစ္ေပၚခဲ့ၿပီး အိမ္နီးခ်င္းႏိုင္ငံႀကီး အိႏၵိယႏိုင္ငံမွာ ကိုဗစ္-၁၉ ကူးစက္မႈေရာဂါ ပိုႀကီးမားလာၿပီး ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ကေန ကိုဗစ္-၁၉ ဒုတိယလႈိင္းထဲ ေရာက္သြားပါတယ္။အခုအခ်ိန္မွာ ႏိုင္ငံတြင္း ကိုဗစ္-၁၉ ေရာဂါ ေတြ႕ရွိအတည္ျပဳသူေပါင္း တစ္ေထာင္ေက်ာ္ရွိလာပါၿပီ။အခုမွ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ဒုတိယလႈိင္းကို စတင္ခဲ့တာလို႔ ေျပာႏိုင္ပါတယ္။ေန႔စဥ္ ကိုဗစ္-၁၉ ကူးစက္ျမန္ေရာဂါ ထိေတြ႕အတည္ျပဳလူနာေတြ မ်ားျပားလာပါတယ္။ျမန္မာျပည္တစ္ျပည္လုံး ေဒသအႏွံ႔မွာျဖစ္ေနပါတယ္။ဒီကိုဗစ္-၁၉ ဒုတိယလႈိင္းဟာ ဆက္လက္ျဖစ္ပြားေနတာကို ဘယ္အခ်ိန္ကာလေရာက္မွ တားဆီးထိန္းခ်ဳပ္ႏိုင္မယ္ဆိုတာကို မခန႔္မွန္းႏိုင္ေသးပါဘူး။

အခုလို ကိုဗစ္-၁၉ ဒုတိယလႈိင္းစတင္ျဖစ္ပြားခ်ိန္က ၂၀၂၀ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ က်င္းပခ်ိန္နီးလာတာနဲ႔ တိုက္ဆိုင္ေနပါတယ္။ျမန္မာႏိုင္ငံမွာ ငါးႏွစ္တစ္ႀကိမ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို က်င္းပရတာပါ။အခုအႀကိမ္ဆို ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ က်င္းပျခင္းဟာ သုံးႀကိမ္ျဖစ္ပါလိမ့္မယ္။ ၂၀၁၅ ခုႏွစ္ ႏိုဝင္ဘာလမွာ က်င္းပခဲ့ေတာ့၊ အခု ၂၀၂၀ ခုႏွစ္မွာလည္း ႏိုဝင္ဘာလကို ေနာက္ဆုံးထားၿပီး ျပန္လည္က်င္းပမွာပါ။

ျမန္မာႏိုင္ငံ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲက်င္းပေရး ေကာ္မရွင္အေနနဲ႔ ၂၀၂၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ႏိုင္ငံေရးပါတီေတြကိုလည္း ေၾကညာထားၿပီးပါၿပီ။သက္ဆိုင္ရာ မဲဆႏၵနယ္ေတြမွာ မဲေပးပိုင္ခြင့္ရွိသူေတြစာရင္းကို ေၾကညာခဲ့ၿပီးပါၿပီ။ဝင္ေရာက္ယွဥ္ခြင့္ရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို အတည္ျပဳခဲ့ပါတယ္။
ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲအတြက္ ႏိုင္ငံေရးပါတီမ်ားအေနနဲ႔ မဲဆြယ္ၾကေတာ့မွာပါ။

ဒီအခ်ိန္မွာ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲေကာ္မရွင္အတြက္ အင္မတန္အေရးအႀကီးဆုံး ကာလတစ္ခုပါ။က်င္းပၿပီးခဲ့တဲ့ ၂၀၁၀ ခုႏွစ္ ေ႐ြးေကာက္ပြဲနဲ႔ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲကို ႀကီးၾကပ္ခဲ့တဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္မွာ ႏိုင္ငံေရးပါတီေတြနဲ႔ ႏိုင္ငံသူ ႏိုင္ငံသားေတြ မေက်နပ္သံေတြ ထြက္ခဲ့ဖူးပါတယ္။ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ဘက္မလိုက္ပဲ သမာသမတ္က်ဖို႔ အေရးႀကီးပါတယ္။ဒီလိုေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ဘက္လိုက္မႈကင္းၿပီး သမာသမတ္က်က် ႀကီးၾကပ္ႏိုင္ပါမွ တိုင္းျပည္အေျပာင္းအလဲကိုျဖစ္ႏိုင္မယ့္ ေ႐ြးေကာက္ပြဲကိုေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္မွာျဖစ္ပါတယ္။

ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ မဲေပးပိုင္ခြင့္ရွိသူတိုင္း မဲေပးႏိုင္ေရးဟာလည္း အင္မတန္အေရးႀကီးပါတယ္။အခန္း (၉) ေ႐ြးေကာက္တင္ေျမႇာက္ျခင္း ေခါင္းစဥ္ေအာက္မွာလည္း - ၃၉၁။လႊတ္ေတာ္မ်ားသို႔ ျပည္သူ႔ကိုယ္စားလွယ္မ်ားကို ေ႐ြးေကာက္တင္ေျမႇာက္ရာတြင္ (က) ေ႐ြးေကာက္ပြဲစတင္က်င္းပသည့္ ေန႔ရက္တြင္ အသက္ (၁၈) ႏွစ္ျပည့္၍ ဥပေဒအရ အရည္အခ်င္းပ်က္ယြင္းသူမဟုတ္သည့္အျပင္ ဆႏၵမဲေပးပိုင္ခြင့္ရွိေသာ ႏိုင္ငံသားႏွင့္ ဥပေဒအရ ဆႏၵမဲေပးခြင့္ရွိသူတိုင္းသည္ ဆႏၵမဲေပးပိုင္ခြင့္ရွိသည္ဆိုၿပီး ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ျပ႒ာန္းထားပါတယ္။ျမန္မာျပည္မွာေနထိုင္ၾကတဲ့ ႏိုင္ငံသားေတြအတြက္ ငါးႏွစ္တစ္ႀကိမ္က်င္းပတဲ့ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ မဲေပးႏိုင္ဖို႔အေရးႀကီးသလို၊ မိမိပိုင္တဲ့ ဆႏၵမဲတစ္မဲက တိုင္းျပည္ေျပာင္းလဲႏိုင္ေရးအတြက္ အလြန္အေရးပါေနပါတယ္။

အခု ၂၀၂၀ ခုႏွစ္မွာ က်င္းပေတာ့မယ့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ မဲေပးပိုင္ခြင့္ရွိတဲ့ ႏိုင္ငံသားျပည္သူေတြ မဲေပးပိုင္ခြင့္ရွိတဲ့စာရင္းမွာ မပါဝင္တာေတြ၊ ေသဆုံးသူေတြရဲ႕ အမည္စာရင္းေတြ ပါဝင္ေနတာေတြ၊ မဲေပးပိုင္ခြင့္ရွိသူရဲ႕ အခ်က္အလက္ေတြ မွားေနတာေတြ အလြန္မ်ားေနတာေတြ႕ရပါတယ္။ဒီလိုမဲေပးပိုင္ခြင့္ရွိသူေတြ မဲစာရင္းမွာမပါဝင္ေနတာေတြ၊ အခ်က္အလက္မွားယြင္းေနတာေတြ အလြန္မ်ားေနေတာ့ ႏိုင္ငံသားတစ္ေယာက္ရဲ႕ ရပိုင္ခြင့္ရွိတဲ့အခြင့္အေရး ဆုံးရႈံးေနရပါတယ္။

ဒီလိုမဲစာရင္းအမွားေတြအတြက္ တာဝန္ရွိတာက ေ႐ြးေကာက္ပြဲေကာ္မရွင္ျဖစ္ပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ တာဝန္မ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္ -

(က) လႊတ္ေတာ္ေ႐ြးေကာက္ပြဲမ်ား က်င္းပျခင္း၊
(ခ) လႊတ္ေတာ္ေ႐ြးေကာက္ပြဲမ်ားကို ႀကီးၾကပ္ျခင္း၊ ေကာ္မရွင္အဖြဲ႕ခြဲအဆင့္ဆင့္ကို ဖြဲ႕စည္းျခင္းႏွင့္ ႀကီးၾကပ္ျခင္း၊
(ဂ) မဲဆႏၵနယ္မ်ား သတ္မွတ္ျခင္းႏွင့္ ျပင္ဆင္သတ္မွတ္ျခင္း၊
(ဃ) မဲစာရင္းမ်ား ျပဳစုျခင္းႏွင့္ ျပင္ဆင္ျခင္းဆိုတာျပ႒ာန္းထားပါတယ္။

အခု ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလမွာက်င္းပေတာ့မယ့္ မဲေပးပိုင္ခြင့္ရွိသူစာရင္းေတြမွားေနတာ ေ႐ြးေကာက္ပြဲေကာ္မရွင္မွာ တာဝန္အျပည့္ရွိေနပါတယ္။တာဝန္ယူမႈမရွိတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ေၾကာင့္ ျပည္သူေတြအတြက္ နစ္နာဆုံးရႈံးေစႏိုင္ပါတယ္။ဒါကလည္း အာဏာရအစိုးရရဲ႕ လိုအပ္ခ်က္တစ္ခုျဖစ္ပါတယ္။ ၃၉၈ (က) ႏိုင္ငံေတာ္သမၼတသည္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္တစ္ရပ္ကို ဖြဲ႕စည္းရမည္ဆိုၿပီး ျပ႒ာန္းထားခဲ့ေတာ့ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရတဲ့ပါတီရဲ႕ လႊတ္ေတာ္က ႏိုင္ငံေတာ္သမၼတကိုတင္ေျမႇာက္ၿပီး၊ တင္ေျမႇာက္ခံရတဲ့သမၼတက ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဖြဲ႕စည္းခြင့္ရသြားပါတယ္။အႏိုင္ရႏိုင္ငံေရးပါတီက သူ႔ပါတီအႀကိဳက္ေ႐ြးခ်ယ္ၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ဖြဲ႕စည္းခြင့္ရတာကေတာ့ အလြန္မွားယြင္းေနပါတယ္။ႏိုင္ငံေရးမွာ သမာသမတ္က်တဲ့လူေတြထက္ ကိုယ့္အာဏာဆက္လက္တည္ၿမဲဖို႔အတြက္ လုပ္ေဆာင္ေတြပိုမ်ားေနၾကမွာပါပဲ။

အခု ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရ အင္အယ္ဒီအစိုးရက ဖြဲ႕စည္းထားတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ရပ္တည္ခ်က္ေတြကို တျခားႏိုင္ငံေရးပါတီေတြက မမွ်တတဲ့လုပ္ေဆာင္မႈေတြရွိေနတယ္လို႔ ေဝဖန္ေနၾကပါတယ္။မၾကာေသးခင္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ႏိုင္ငံေရးပါတီေတြ ေတြ႕ဆုံပြဲမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို မယုံၾကည္ဘူးဆိုၿပီး ေျပာဆိုမႈေတြၾကားရပါတယ္။

ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ကာလမွာ ႏိုင္ငံေတာ္တာဝန္ရွိသူေတြအေနနဲ႔ ႏိုင္ငံေတာ္အေဆာင္အေယာင္ေတြ သုံးစြဲခြင့္ရွိတယ္ဆိုၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာတဲ့အခ်က္ေတြဟာ ေဝဖန္စရာေတြျဖစ္ေနပါတယ္။ျမန္မာႏိုင္ငံရဲ႕ လြတ္လပ္ေရးဗိသုကာႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံဟာ ျပည္သူေတြအားလုံးနဲ႔ သက္ဆိုင္ပါတယ္။ႏိုင္ငံေရးပါတီတစ္ခုတည္းကို သုံးစြဲမႈမျပဳသင့္ပါဘူးဆိုတဲ့ အခ်က္ေတြကိုၾကည့္ရင္ အာဏာရအစိုးရက ဖြဲ႕စည္းေပးထားတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဘက္လိုက္မႈေတြျဖစ္ေနပါလိမ့္မယ္။

ကိုဗစ္-၁၉ ေၾကာင့္ ျပ႒ာန္းလိုက္တဲ့ ေဒသႏၲရဥပေဒေတြထဲမွာ လူစုလူေဝးမျပဳလုပ္ရဆိုတာကို အာဏာရအစိုးရပိုင္းေတြ မလိုက္နာခဲ့ၾကတာကို အေရးမယူခဲ့ပဲ၊ ျပည္သူေတြကို ေဒသႏၲရဥပေဒေတြနဲ႔ အေရးယူေနတာေတြကို ေတြ႕ေနရပါတယ္။

မၾကာခင္မွာ ၂၀၂၀ ႏိုဝင္ဘာလမွာ က်င္းပျပဳလုပ္ေတာ့မယ့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ ႏိုင္ငံေရးပါတီေတြအေနနဲ႔ ျပည္သူေတြကို မဲဆြယ္စည္း႐ုံးေရးလုပ္ေဆာင္ရေတာ့မွာပါ။အခု ကိုဗစ္-၁၉ ဒုတိယလႈိင္း ႀကီးမားလာတာေၾကာင့္ ေဒသႏၲရအမိန႔္ေတြျပန္ထုတ္ေနရပါတယ္။လက္ရွိအေျခအေနအရ ကိုဗစ္-၁၉ ေဒသႏၲရအမိန႔္အရ လူ ၃၀ ထက္ ပိုမစုေဝးရဆိုတာ ျပ႒ာန္းထားပါတယ္။တစ္ခ်ိဳ႕ၿမိဳ႕နယ္ေတြအလိုက္ ေလာ့ခ်္ေဒါင္းခ်ထားတာေတြရွိေနပါတယ္။

အခု ကိုဗစ္-၁၉ ေၾကာင့္ ျပ႒ာန္းထားတဲ့ ေဒသႏၲရဥပေဒေတြေၾကာင့္လည္း ေ႐ြးေကာက္ပြဲဝင္မယ့္ ႏိုင္ငံေရးပါတီေတြအတြက္ အခက္အခဲျဖစ္ေနပါလိမ့္မယ္။အဲဒီလိုအေျခအေနမွာ အာဏာရအစိုးရက ဖြဲ႕စည္းေပးထားတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္သာ သမာသမတ္မျဖစ္ခဲ့ရင္ ပိုခက္ခဲလာႏိုင္မွာကို အာဏာရအင္အယ္ဒီပါတီကလြဲလို႔ အျခားႏိုင္ငံေရးပါတီေတြ စိုးရိမ္ေနၾကပါတယ္။

ျမတ္လႈိင္း
စက္တင္ဘာ - ၉