【 ဆောင်းပါး 】 ကိုဗစ်နဲ့ ရွေးကောက်ပွဲ ဘာကိုရွေးမလဲ

【 ဆောင်းပါး 】 ကိုဗစ်နဲ့ ရွေးကောက်ပွဲ ဘာကိုရွေးမလဲ

အခုတလော လူတွေစိတ်ဝင်စားမှုအရှိဆုံး အကြောင်းဖြစ်ရပ်တွေထဲမှာ ရွေးကောက်ပွဲနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဒုတိယလှိုင်းက ထိပ်ဆုံးတန်းက နေရာယူထားပါတယ်။ကိုဗစ်ကူးစက်ကပ်ရောဂါက မြန်မာနိုင်ငံမှာတော့ မတ်လထဲမှာ ရောဂါပိုးကူးစက်ခံရကြောင်း စတင်သိရှိခဲ့ရတယ်။အဲဒီအချိန်တုန်းက ကိုဗစ်-၁၉ နဲ့ပတ်သက်ရင် လူတွေရဲ့ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ကြီးစိုးနေခဲ့တာဖြစ်တယ်။

စိုးရိမ်ရလောက်အောင်လည်း အဲဒီတုန်းက ကမ္ဘာတစ်လွှားမှာ ကိုဗစ်ရဲ့ရိုက်ခတ်မှုက ထိတ်လန့်စရာကောင်းလောက်အောင် ပြင်းထန်နေခဲ့တာဖြစ်တယ်။တကယ်တော့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဟာ ကမ္ဘာပေါ်က အခြားနိုင်ငံတွေမှာဖြစ်ပွားနေမှုနဲ့ နှိုင်းစာမယ်ဆိုရင် ပြောပလောက်အောင် အန္တရာယ်ပေးတဲ့အနေအထားမျိုးမှာ ရှိမနေခဲ့တာလည်း အမှန်ပါ။အဲဒီအချိန်က အစိုးရရဲ့ စနစ်တကျ စီမံဆောင်ရွက်မှုကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ကြီးမားကျယ်ပြန့်မှုမရှိခဲ့တာလည်းဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုရင် အဲဒီအချိန်က ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လူနာတွေကိုကြည့်ရင် ဗြိတိန်နိုင်ငံမှာ ၄၀၀၀၀ ကျော်၊ အမေရိကန်ပြည်ထောင်စုမှာ ၆ သန်းကျော်၊ အိန္ဒိယမှာ ၃ သန်းကျော်၊ စပိန် ၄ သန်းကျော်နဲ့ ဘရာဇီးလ်မှာ ၄ သန်းကျော်ရှိနေပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရတဲ့လူနာ ၂၀၀၉ ဦးလောက်သာရှိပြီး သေဆုံးသူအရေအတွက် ၁၂ ဦးလောက်သာရှိတဲ့ အတွက် ကိုဗစ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ စီမံဆောင်ရွက်မှုက အတိုင်းအတာတစ်ခုအထိ ကိုဗစ်ကို အသာစီးရယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒါပေမဲ့ လတ်တလော မြန်မာနိုင်ငံမှာရိုက်ခတ်လာတဲ့ ကိုဗစ်ဒုတိယလှိုင်းကတော့ စိုးရိမ်ပူပန်စရာအခြေအနေမှာ ရှိနေတာတော့အမှန်ပါ။ဒီလိုဖြစ်ရတဲ့အကြောင်းကလည်း စည်းမျဉ်းစည်းကမ်းတွေကို မသိမသာချိုးဖောက်နေတဲ့လူတွေရဲ့ ပေါ့လျော့မှုကြောင့်ဆိုရင် မှားမယ်မထင်ပါ။ဒါကြောင့်လည်း မြန်မာအစိုးရအနေနဲ့  လတ်တလောကူးစက်မှုမြန်ဆန်နေတဲ့ ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကို ထိန်းချုပ်နိုင်ရေးအတွက် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေထုတ်ပြီး ထိန်းချုပ်ကာကွယ်နိုင်ဖို့ ကြိုးပမ်းနေတာလည်း တွေ့ရပါတယ်။

လတ်တလောအနေအထားအရ ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှု လျော့ပါးရေးအတွက် နယ်မြေအသွားအလာကန့်သတ်မှုတွေ ပြုနေသလို လော့ဒ်ဒေါင်း၊ ကွာရန်တင်း၊ စတေးအက်ဟုမ်း အစီအစဉ်တွေနဲ့ ကာကွယ်နိုင်ဖို့ ကြိုးပမ်းနေတာကိုလည်း တွေ့ရပါတယ်။ကိုဗစ်ကူးစက်ခံရသူတွေ တစ်နေ့တခြားတိုးပွားလာနေတာကိုကြည့်ရင် အစိုးရက ရောဂါကူးစက်ပျံ့နှံ့မှု ကျယ်ပြန့်လာခြင်းမရှိအောင် တားဆီးကာကွယ်ဖို့ ကြိုးပမ်းနေတယ်ဆိုပေမဲ့ အချို့သောလူတွေကတော့ လမ်းပေါ်မှာ၊ ဈေးထဲမှာ၊ လူအသွားအလာထူထပ်တဲ့နေရာတွေမှာ နှာခေါင်းစည်းမပါဘဲ သွားလာနေကြတာဖြစ်ပြီး ကိုဗစ်နဲ့ပတ်သက်လို့ ခပ်ပေါ့ပေါ့သဘောထားလာကြတဲ့ နောက်ဆက်တွဲအကျိုးဆက်ကြောင့်ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှု အရှိန်မြင့်တက်နေချိန်မှာပဲ နိုဝင်ဘာလအတွင်းကျင်းပမယ့် ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းဖို့ အစီအစဉ်မရှိသေးတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောကြားလာတာကိုလည်း တွေ့ရပါတယ်။တကယ်လို့ ရက်ရွှေ့ဆိုင်းဖြစ်မယ်ဆိုရင်လည်း အောက်တိုဘာလထဲမှာ ကြေညာပေးမယ်လို့ ဆိုပါသေးတယ်။ရွေးကောက်ပွဲကော်မရှင်ရဲ့ အစိုးရလက်ရှိအချိန်အထိတော့ ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့အတိုင်း ကျင်းပမယ့်အနေအထားမှာ ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲကျင်းပဖြစ်မယ်ဆိုရင် ရွေးကောက်ပွဲကျင်းပမယ့် အခင်းအကျင်းအနေအထားဟာ ကိုဗစ်အန္တရာယ်ကနေကင်းဝေးဖို့ အထူးဂရုပြုပြင်ဆင်ရမယ့် အနေအထားပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာတောင် ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၂၈ မြို့နယ်မှာ စတေးအက်ဟုမ်းနေဖို့ ကန့်သတ်မှုပြုထားသလို ဆီမီးလော့ခ်ဒေါင်းချဖားတဲ့ လမ်းတွေမြို့နယ်တွေကိုပါ တွေ့နေရပြီဖြစ်ပါတယ်။

မကြာသေးမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တာဝန်ရှိသူတွေအနေနဲ့ ကန့်သတ်ထားမှုတွေကို မလိုက်နာသူတွေကို ဥပဒေအရ တင်းကျပ်စွာအရေးယူဖို့ ညွှန်ကြားခဲ့ပါသေးတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ မလိုအပ်ဘဲနဲ့ လူအသွားအလာများနိုင်တဲ့ နိုက်ကလပ်လိုနေရာမျိုးတွေမှာ ရောဂါကူးစက်မှုလွယ်ကူနိုင်တဲ့အတွက် တင်းကျပ်စွာအရေးယူဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ဒီလိုတင်းကျပ်စွာ အရေးယူရမယ်ဆိုတဲ့သဘောက နိုင်ငံကိုကာကွယ်ရမယ်ဆိုတဲ့ အပြုသဘောဆောင် စိတ်ကောင်းစေတနာနဲ့ လုပ်ဆောင်ရမယ်ဆိုတဲ့ သဘောမျိုးဆောင်ဖို့လိုတယ်လို့ ဆိုပါတယ်။

တကယ်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်ဟာ ပြည်သူပြည်သားတွေ ဘေးကင်းစေရေးကို အဓိကထားတဲ့ ညွှန်ကြားမှုပဲဖြစ်ပါတယ်။ပြည်သူပြည်သားတွေဆိုတာ နိုင်ငံတော်ကိုစီမံကွပ်ကဲနေတဲ့ အစိုးရအတွက် ရင်ဝယ်သားနဲ့မခြားတဲ့ သားသမီးတွေဆိုရင်လည်း မမှားပါဘူး။အဲဒီလိုသားသမီးတွေထဲမှာ ပြောစကားနားထောင်တဲ့ သားသမီးတွေရှိသလို မိဘစကားကိုပစ်ပယ်ပြီး ထင်ရာစိုင်းချင်တဲ့ သားသမီးတွေလည်း ရှိနိုင်ပါတယ်။အဲဒီလိုပြောစကားနားမထောင်တဲ့ သားသမီးတွေဆိုတာ သူတို့တွေ့ကြုံရင်ဆိုင်ရမယ့် ဘေးကိုတောင် မသိမမြင်နိုင်လောက်အောင် အမိုက်မှောင်ဖုံးနေတတ်တာမျိုးပါ။အဲဒီလိုသားသမီးတွေကို ထိရောက်တဲ့အပြစ်ပေး အရေးယူမှုပြုမှသာ သူတို့ရဲ့မဆင်မခြင်မှုကနေ တွေ့ကြုံရမယ့်ဘေးကနေ ကင်းဝေးစေနိုင်မှာဖြစ်ပါတယ်။

စောစောကပြောခဲ့သလိုပါပဲ၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ကြားကာလ နှစ်လတာနီးပါး၊ ရက်အားဖြင့် ၆၀ ကျော်လောက်သာ ကျန်ရှိတော့တာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ဒီကြားကာလအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ကူးစက်မှုအခြေအနေအရ ရွေးကောက်ပွဲအခင်းအကျင်းကို ဘေးကင်းအောင် ဘယ်လိုခင်းကျင်း သွားမလဲဆိုတာကတော့ အခုကတည်းက ကြိုတင်တွေးဆ ပြင်ဆင်ထားမယ်လို့ ယူဆရပါတယ်။

တကယ်တမ်းပြောရရင် ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်လို့ တာဝန်ယူထားတဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကိုဗစ်ကာကွယ်ရေး ရွေးကောက်ပွဲအခင်းအကျင်းတစ်ရပ်ကို ဖော်ဆောင်နိုင်ဖို့ဆိုတာ အတော်အတန်တာဝန်ကြီးနေတာလည်း အသေအချာပါ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အတွေ့အကြုံအရ မဲရုံတွေမှာ မဲထည့်ဖို့စောင့်ဆိုင်းနေတဲ့ လူတန်းရှည်ကြီးပုံစံမျိုးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အဆင်ပြေနိုင်မှာမဟုတ်တဲ့ အခင်းအကျင်းပုံစံမျိုးပဲဖြစ်ပါတယ်။မဲဆန္ဒရှင်တွေကို ၆ ပေအကွာ တန်းစီခိုင်းမယ်ဆိုရင်လည်း နေရာအခက်အခဲအတွက် အလွန်ခေါင်းစားရမယ့် အခင်းအကျင်းပုံစံမျိုး ဖြစ်နေပါလိမ့်မယ်။

လက်ရှိအနေအထားအရ ကိုဗစ်-၁၉ ကူးစက်မှုအနေအထားဟာ အချိန်တိုအတွင်း ကူးစက်မှုကိုကင်းအောင် ဆောင်ရွက်နိုင်မယ့်အနေအထားမျိုးမှာ ရှိမနေဘူးလို့ဆိုရမှာပါ။အခြားမကြည့်နဲ့ မတ်လနောက်ဆုံးပတ်လောက်က စတင်ခဲ့တဲ့ ကပ်ရောဂါကူးစက်မှုဟာ မြန်မာနိုင်ငံအတွက် အဆိုးရွားကြီးမဟုတ်တဲ့ အနေအထားကနေ ကူးစက်မှုငြိမ်သက်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ ရခိုင်ပြည်နယ် ဒေသခံတစ်ဦးကနေ ရောဂါပိုးကူးစက်မှု ပြန်လည်စတင်ခဲ့ရာကနေ လက်ရှိအချိန်မှာ ရောဂါပိုးကူးစက်ခံရတဲ့လူနာတွေ တဖြည်းဖြည်းတိုးပွားလာခဲ့တာ အခုဆိုရင် ၈၀၀ နီးပါးထပ်တိုးလာတဲ့ အနေအထားကြောင့် ရွေးကောက်ပွဲမတိုင်ခင်အထိ ကိုဗစ်ဘေးက ကင်းဝေးသွားနိုင်စရာမရှိသေးဘူးလို့ ဆိုရမှာပါ။

တကယ်လို့များ အောက်တိုဘာလထဲအထိ ကိုဗစ်ကူးစက်မှု လျော့ပါးသွားခြင်းမရှိသေးဘူးဆိုရင်တော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကိုဗစ်နဲ့ ရွေးကောက်ပွဲ ဘာကိုရွေးမလဲဆိုတာ အသေအချာဆုံးဖြတ်ရဖို့ရှိနေပြီလို့ ဆိုရတော့မှာဖြစ်ပါတယ်။

မြင့်နောင်မိုး
စက်တင်ဘာ - ၁၂

( Zawgyi )

အခုတေလာ လူေတြစိတ္ဝင္စားမႈအရွိဆုံး အေၾကာင္းျဖစ္ရပ္ေတြထဲမွာ ေ႐ြးေကာက္ပြဲနဲ႔ ကိုဗစ္-၁၉ ကူးစက္ေရာဂါ ဒုတိယလႈိင္းက ထိပ္ဆုံးတန္းက ေနရာယူထားပါတယ္။ကိုဗစ္ကူးစက္ကပ္ေရာဂါက ျမန္မာႏိုင္ငံမွာေတာ့ မတ္လထဲမွာ ေရာဂါပိုးကူးစက္ခံရေၾကာင္း စတင္သိရွိခဲ့ရတယ္။အဲဒီအခ်ိန္တုန္းက ကိုဗစ္-၁၉ နဲ႔ပတ္သက္ရင္ လူေတြရဲ႕ရင္ထဲမွာ စိုးရိမ္ပူပန္မႈေတြ ႀကီးစိုးေနခဲ့တာျဖစ္တယ္။

စိုးရိမ္ရေလာက္ေအာင္လည္း အဲဒီတုန္းက ကမာၻတစ္လႊားမွာ ကိုဗစ္ရဲ႕႐ိုက္ခတ္မႈက ထိတ္လန႔္စရာေကာင္းေလာက္ေအာင္ ျပင္းထန္ေနခဲ့တာျဖစ္တယ္။တကယ္ေတာ့ ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါဟာ ကမာၻေပၚက အျခားႏိုင္ငံေတြမွာျဖစ္ပြားေနမႈနဲ႔ ႏႈိင္းစာမယ္ဆိုရင္ ေျပာပေလာက္ေအာင္ အႏၲရာယ္ေပးတဲ့အေနအထားမ်ိဳးမွာ ရွိမေနခဲ့တာလည္း အမွန္ပါ။အဲဒီအခ်ိန္က အစိုးရရဲ႕ စနစ္တက် စီမံေဆာင္႐ြက္မႈေၾကာင့္လည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈဟာ ႀကီးမားက်ယ္ျပန႔္မႈမရွိခဲ့တာလည္းျဖစ္ပါတယ္။

ဘာေၾကာင့္လည္းဆိုရင္ အဲဒီအခ်ိန္က ကမာၻေပၚမွာ ကိုဗစ္-၁၉ ကူးစက္ခံရတဲ့ လူနာေတြကိုၾကည့္ရင္ ၿဗိတိန္ႏိုင္ငံမွာ ၄၀၀၀၀ ေက်ာ္၊ အေမရိကန္ျပည္ေထာင္စုမွာ ၆ သန္းေက်ာ္၊ အိႏၵိယမွာ ၃ သန္းေက်ာ္၊ စပိန္ ၄ သန္းေက်ာ္နဲ႔ ဘရာဇီးလ္မွာ ၄ သန္းေက်ာ္ရွိေနၿပီး လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးကူးစက္ခံရတဲ့လူနာ ၂၀၀၉ ဦးေလာက္သာရွိၿပီး ေသဆုံးသူအေရအတြက္ ၁၂ ဦးေလာက္သာရွိတဲ့ အတြက္ ကိုဗစ္နဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲ႕ စီမံေဆာင္႐ြက္မႈက အတိုင္းအတာတစ္ခုအထိ ကိုဗစ္ကို အသာစီးရယူႏိုင္ခဲ့တယ္လို႔ ဆိုရမွာပါ။

ဒါေပမဲ့ လတ္တေလာ ျမန္မာႏိုင္ငံမွာ႐ိုက္ခတ္လာတဲ့ ကိုဗစ္ဒုတိယလႈိင္းကေတာ့ စိုးရိမ္ပူပန္စရာအေျခအေနမွာ ရွိေနတာေတာ့အမွန္ပါ။ဒီလိုျဖစ္ရတဲ့အေၾကာင္းကလည္း စည္းမ်ဥ္းစည္းကမ္းေတြကို မသိမသာခ်ိဳးေဖာက္ေနတဲ့လူေတြရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္ဆိုရင္ မွားမယ္မထင္ပါ။ဒါေၾကာင့္လည္း ျမန္မာအစိုးရအေနနဲ႔  လတ္တေလာကူးစက္မႈျမန္ဆန္ေနတဲ့ ကိုဗစ္ဒုတိယလႈိင္း႐ိုက္ခတ္မႈကို ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ တင္းက်ပ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြထုတ္ၿပီး ထိန္းခ်ဳပ္ကာကြယ္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာလည္း ေတြ႕ရပါတယ္။

လတ္တေလာအေနအထားအရ ကိုဗစ္ဒုတိယလႈိင္း႐ိုက္ခတ္မႈ ေလ်ာ့ပါးေရးအတြက္ နယ္ေျမအသြားအလာကန႔္သတ္မႈေတြ ျပဳေနသလို ေလာ့ဒ္ေဒါင္း၊ ကြာရန္တင္း၊ စေတးအက္ဟုမ္း အစီအစဥ္ေတြနဲ႔ ကာကြယ္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာကိုလည္း ေတြ႕ရပါတယ္။ကိုဗစ္ကူးစက္ခံရသူေတြ တစ္ေန႔တျခားတိုးပြားလာေနတာကိုၾကည့္ရင္ အစိုးရက ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈ က်ယ္ျပန႔္လာျခင္းမရွိေအာင္ တားဆီးကာကြယ္ဖို႔ ႀကိဳးပမ္းေနတယ္ဆိုေပမဲ့ အခ်ိဳ႕ေသာလူေတြကေတာ့ လမ္းေပၚမွာ၊ ေဈးထဲမွာ၊ လူအသြားအလာထူထပ္တဲ့ေနရာေတြမွာ ႏွာေခါင္းစည္းမပါဘဲ သြားလာေနၾကတာျဖစ္ၿပီး ကိုဗစ္နဲ႔ပတ္သက္လို႔ ခပ္ေပါ့ေပါ့သေဘာထားလာၾကတဲ့ ေနာက္ဆက္တြဲအက်ိဳးဆက္ေၾကာင့္ပဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ဒုတိယလႈိင္း႐ိုက္ခတ္မႈ အရွိန္ျမင့္တက္ေနခ်ိန္မွာပဲ ႏိုဝင္ဘာလအတြင္းက်င္းပမယ့္ ေ႐ြးေကာက္ပြဲကို ရက္ေ႐ႊ႕ဆိုင္းဖို႔ အစီအစဥ္မရွိေသးတဲ့အေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာၾကားလာတာကိုလည္း ေတြ႕ရပါတယ္။တကယ္လို႔ ရက္ေ႐ႊ႕ဆိုင္းျဖစ္မယ္ဆိုရင္လည္း ေအာက္တိုဘာလထဲမွာ ေၾကညာေပးမယ္လို႔ ဆိုပါေသးတယ္။ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ အစိုးရလက္ရွိအခ်ိန္အထိေတာ့ ေ႐ြးေကာက္ပြဲကို သတ္မွတ္ထားတဲ့အတိုင္း က်င္းပမယ့္အေနအထားမွာ ရွိေနပါတယ္။

ဘာပဲျဖစ္ျဖစ္ ေ႐ြးေကာက္ပြဲက်င္းပျဖစ္မယ္ဆိုရင္ ေ႐ြးေကာက္ပြဲက်င္းပမယ့္ အခင္းအက်င္းအေနအထားဟာ ကိုဗစ္အႏၲရာယ္ကေနကင္းေဝးဖို႔ အထူးဂ႐ုျပဳျပင္ဆင္ရမယ့္ အေနအထားပဲျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာေတာင္ ရန္ကုန္တိုင္းေဒသႀကီးက ၿမိဳ႕နယ္ ၂၈ ၿမိဳ႕နယ္မွာ စေတးအက္ဟုမ္းေနဖို႔ ကန႔္သတ္မႈျပဳထားသလို ဆီမီးေလာ့ခ္ေဒါင္းခ်ဖားတဲ့ လမ္းေတြၿမိဳ႕နယ္ေတြကိုပါ ေတြ႕ေနရၿပီျဖစ္ပါတယ္။

မၾကာေသးမီက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က တာဝန္ရွိသူေတြအေနနဲ႔ ကန႔္သတ္ထားမႈေတြကို မလိုက္နာသူေတြကို ဥပေဒအရ တင္းက်ပ္စြာအေရးယူဖို႔ ၫႊန္ၾကားခဲ့ပါေသးတယ္။ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကေတာ့ မလိုအပ္ဘဲနဲ႔ လူအသြားအလာမ်ားႏိုင္တဲ့ ႏိုက္ကလပ္လိုေနရာမ်ိဳးေတြမွာ ေရာဂါကူးစက္မႈလြယ္ကူႏိုင္တဲ့အတြက္ တင္းက်ပ္စြာအေရးယူဖို႔ ၫႊန္ၾကားခဲ့တာျဖစ္ပါတယ္။ဒါေပမဲ့ ဒီလိုတင္းက်ပ္စြာ အေရးယူရမယ္ဆိုတဲ့သေဘာက ႏိုင္ငံကိုကာကြယ္ရမယ္ဆိုတဲ့ အျပဳသေဘာေဆာင္ စိတ္ေကာင္းေစတနာနဲ႔ လုပ္ေဆာင္ရမယ္ဆိုတဲ့ သေဘာမ်ိဳးေဆာင္ဖို႔လိုတယ္လို႔ ဆိုပါတယ္။

တကယ္ေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ၫႊန္ၾကားခ်က္ဟာ ျပည္သူျပည္သားေတြ ေဘးကင္းေစေရးကို အဓိကထားတဲ့ ၫႊန္ၾကားမႈပဲျဖစ္ပါတယ္။ျပည္သူျပည္သားေတြဆိုတာ ႏိုင္ငံေတာ္ကိုစီမံကြပ္ကဲေနတဲ့ အစိုးရအတြက္ ရင္ဝယ္သားနဲ႔မျခားတဲ့ သားသမီးေတြဆိုရင္လည္း မမွားပါဘူး။အဲဒီလိုသားသမီးေတြထဲမွာ ေျပာစကားနားေထာင္တဲ့ သားသမီးေတြရွိသလို မိဘစကားကိုပစ္ပယ္ၿပီး ထင္ရာစိုင္းခ်င္တဲ့ သားသမီးေတြလည္း ရွိႏိုင္ပါတယ္။အဲဒီလိုေျပာစကားနားမေထာင္တဲ့ သားသမီးေတြဆိုတာ သူတို႔ေတြ႕ႀကဳံရင္ဆိုင္ရမယ့္ ေဘးကိုေတာင္ မသိမျမင္ႏိုင္ေလာက္ေအာင္ အမိုက္ေမွာင္ဖုံးေနတတ္တာမ်ိဳးပါ။အဲဒီလိုသားသမီးေတြကို ထိေရာက္တဲ့အျပစ္ေပး အေရးယူမႈျပဳမွသာ သူတို႔ရဲ႕မဆင္မျခင္မႈကေန ေတြ႕ႀကဳံရမယ့္ေဘးကေန ကင္းေဝးေစႏိုင္မွာျဖစ္ပါတယ္။

ေစာေစာကေျပာခဲ့သလိုပါပဲ၊ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲဟာ ၾကားကာလ ႏွစ္လတာနီးပါး၊ ရက္အားျဖင့္ ၆၀ ေက်ာ္ေလာက္သာ က်န္ရွိေတာ့တာျဖစ္တဲ့အတြက္ အစိုးရအေနနဲ႔ ဒီၾကားကာလအတြင္းမွာ ျဖစ္ေပၚေနတဲ့ ကိုဗစ္ကူးစက္မႈအေျခအေနအရ ေ႐ြးေကာက္ပြဲအခင္းအက်င္းကို ေဘးကင္းေအာင္ ဘယ္လိုခင္းက်င္း သြားမလဲဆိုတာကေတာ့ အခုကတည္းက ႀကိဳတင္ေတြးဆ ျပင္ဆင္ထားမယ္လို႔ ယူဆရပါတယ္။

တကယ္တမ္းေျပာရရင္ ေ႐ြးေကာက္ပြဲက်င္းပေရးနဲ႔ပတ္သက္လို႔ တာဝန္ယူထားတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ကိုဗစ္ကာကြယ္ေရး ေ႐ြးေကာက္ပြဲအခင္းအက်င္းတစ္ရပ္ကို ေဖာ္ေဆာင္ႏိုင္ဖို႔ဆိုတာ အေတာ္အတန္တာဝန္ႀကီးေနတာလည္း အေသအခ်ာပါ။ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက အေတြ႕အႀကဳံအရ မဲ႐ုံေတြမွာ မဲထည့္ဖို႔ေစာင့္ဆိုင္းေနတဲ့ လူတန္းရွည္ႀကီးပုံစံမ်ိဳးဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အဆင္ေျပႏိုင္မွာမဟုတ္တဲ့ အခင္းအက်င္းပုံစံမ်ိဳးပဲျဖစ္ပါတယ္။မဲဆႏၵရွင္ေတြကို ၆ ေပအကြာ တန္းစီခိုင္းမယ္ဆိုရင္လည္း ေနရာအခက္အခဲအတြက္ အလြန္ေခါင္းစားရမယ့္ အခင္းအက်င္းပုံစံမ်ိဳး ျဖစ္ေနပါလိမ့္မယ္။

လက္ရွိအေနအထားအရ ကိုဗစ္-၁၉ ကူးစက္မႈအေနအထားဟာ အခ်ိန္တိုအတြင္း ကူးစက္မႈကိုကင္းေအာင္ ေဆာင္႐ြက္ႏိုင္မယ့္အေနအထားမ်ိဳးမွာ ရွိမေနဘူးလို႔ဆိုရမွာပါ။အျခားမၾကည့္နဲ႔ မတ္လေနာက္ဆုံးပတ္ေလာက္က စတင္ခဲ့တဲ့ ကပ္ေရာဂါကူးစက္မႈဟာ ျမန္မာႏိုင္ငံအတြက္ အဆိုး႐ြားႀကီးမဟုတ္တဲ့ အေနအထားကေန ကူးစက္မႈၿငိမ္သက္ေနခဲ့တာျဖစ္ပါတယ္။ဒါေပမဲ့ ၿပီးခဲ့တဲ့ ဩဂုတ္လအတြင္းမွာ ရခိုင္ျပည္နယ္ ေဒသခံတစ္ဦးကေန ေရာဂါပိုးကူးစက္မႈ ျပန္လည္စတင္ခဲ့ရာကေန လက္ရွိအခ်ိန္မွာ ေရာဂါပိုးကူးစက္ခံရတဲ့လူနာေတြ တျဖည္းျဖည္းတိုးပြားလာခဲ့တာ အခုဆိုရင္ ၈၀၀ နီးပါးထပ္တိုးလာတဲ့ အေနအထားေၾကာင့္ ေ႐ြးေကာက္ပြဲမတိုင္ခင္အထိ ကိုဗစ္ေဘးက ကင္းေဝးသြားႏိုင္စရာမရွိေသးဘူးလို႔ ဆိုရမွာပါ။

တကယ္လို႔မ်ား ေအာက္တိုဘာလထဲအထိ ကိုဗစ္ကူးစက္မႈ ေလ်ာ့ပါးသြားျခင္းမရွိေသးဘူးဆိုရင္ေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ကိုဗစ္နဲ႔ ေ႐ြးေကာက္ပြဲ ဘာကိုေ႐ြးမလဲဆိုတာ အေသအခ်ာဆုံးျဖတ္ရဖို႔ရွိေနၿပီလို႔ ဆိုရေတာ့မွာျဖစ္ပါတယ္။

ျမင့္ေနာင္မိုး
စက္တင္ဘာ - ၁၂