【 ဆောင်းပါး 】 "ကိုဗစ်၊ ရွေးကောက်ပွဲနဲ့ မဲပေးသူကြား အကွာအဝေး"

【 ဆောင်းပါး 】 "ကိုဗစ်၊ ရွေးကောက်ပွဲနဲ့ မဲပေးသူကြား အကွာအဝေး"

ရွေးကောက်ပွဲတစ်ခုရဲ့ အကွာအဝေးဆိုတာ မဲရလိုသူဖြစ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ မဲပေးသူပြည်သူတွေရဲ့ အနီးအဝေးကို တိုင်းတာကြည့်ရပါတယ်။မဲရလိုသူ နိုင်ငံရေးပါတီတွေက မဲပေးသူပြည်သူတွေ ကိုယ့်ပါတီကိုမဲပေးသူများဖို့ အမြဲစည်းရုံးနေရပါမယ်။ပါတီကြီးနှစ်ခုအတွက်ကတော့ မဲပေးမယ့်ပြည်သူတွေ အနည်းနဲ့အများဆိုသလို ရှိနေပါတယ်။

ပြည်ခိုင်ဖြိုးပါတီအတွက်ကတော့ ပုံသေထောက်ခံသူတွေရှိနေတာ သေချာပါတယ်။လွှတ်တော်ထဲမှာ အဆင်သင့် တပ်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းလည်း ရှိနေပါတယ်။

အာဏာရပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မဲအရေအတွက်နီးပါး ပြန်လည်ရယူနိုင်မှ တိုင်းပြည်အာဏာကို ဆက်ထိန်းထားနိုင်မှာပါ။

ပြည်နယ်တွေက တိုင်းရင်းသားပါတီတွေအတွက်ကတော့ တိုင်းရင်းသားပြည်သူတွေရဲ့မဲကို မျှော်လင့်လို့ရနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။တိုင်းရင်းသားလူမျိုးစုတူ ကွဲပြားနေတဲ့ နိုင်ငံရေးပါတီတွေအချင်းချင်း ပြန်လည်ပေါင်းစည်းသွားတာကလည်း တိုင်းရင်းသားပြည်သူတွေရဲ့မဲကို ပိုပြီးရနိုင်မယ့် အခြေအနေတစ်ခုဖြစ်နေပါ တယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ယုံကြည်စွာပေးလိုက်ကြတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ မဲတွေကို တိုင်းရင်းသားပါတီတွေ ပြန်ရယူနိုင်ပါလိမ့်မယ်။ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ အင်အားကြီး ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနိုင်ရခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။တိုင်းရင်းသားပါတီတွေအတွက် တိုင်းရင်းသားပြည်သူတွေရဲ့ မဲတွေကို ရနိုင်ပါတယ်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခက်အခဲရှိနေတာတွေကတော့ အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးပါတီသစ်တွေပါပဲ။အသစ်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေထဲမှာလည်း ပြည်သူတွေထောက်ခံအားပေးမှု အသင့်အတင့်ရှိတဲ့ နိုင်ငံရေးပါတီတွေ ပါဝင်လာပါတယ်။ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီနဲ့ တခြားပါတီသစ်တွေ ဖြစ်ပါတယ်။ဒီနိုင်ငံရေးပါတီသစ်တွေရဲ့ ခေါင်းဆောင်တွေကို ပြည်သူတွေသိကြပေမယ့်၊ ပါတီသစ်ကနေ ရွေးကောက်ပွဲဝင်ရွေးမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုတော့ မဲပေးမယ့်ပြည်သူတွေ မသိနိုင်ကြပါဘူး။ဒီနိုင်ငံရေးပါတီသစ်တွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ယှဉ်ပြိုင်အရွေးခံရမှာကလည်း လက်ရှိအာဏာရပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ အင်အားကြီးပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကတော့ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေ အများဆုံးပြန်ပါဝင်လာပါတယ်။ပြည်သူတွေနဲ့ ငါးနှစ်တာကာလမှာဆက်ဆံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်လို့ ထောက်ခံအားတွေရှိနေပါတယ်။အခုလက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေအနေနဲ့ မကြိုက်နှစ်သက်ရင်တောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာနဲ့ မဲပေးကြဦးမှာပါ။

စွမ်းအားရှင်အဖွဲ့အဖြစ် နေရာတွေရခဲ့တဲ့လူတွေနဲ့ တပ်မတော်သားမိသားစုတွေက ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုလည်း သိသိ၊ မသိသိ မဲပေးကြမှာရှိနေပါတယ်။

ဒါပေမယ့် ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီအသစ်တွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက်တော့ ပြည်သူတွေကိုစုဝေးပြီး မဲဆွယ်ပွဲတွေ ပိုပြီးပြုလုပ်ရတော့မှာဖြစ်ပါတယ်။ပါတီအသစ်တွေရဲ့ မူဝါဒတွေ၊ တိုင်းပြည်နဲ့ ပြည်သူတွေကို ပေးမယ့်ကတိတွေကို မဲပေးကြမယ့် ပြည်သူတွေကို ချပြရမှာဖြစ်ပါတယ်။အဲဒီလိုမှ ပြည်သူတွေကို ဟောပြောမဲဆွယ်မှုတွေ မလုပ်နိုင်ရင် ပြည်သူတွေရဲ့စိတ်ဝင်စားမှုလည်း ရရှိလာမှာမဟုတ်ပါဘူး။ဒီရွေးကောက်ပွဲနဲ့ မဲပေးသူပြည်သူတွေရဲ့ အကွာအဝေးဟာ မနီးစပ်လာနိုင်ပါဘူး။

အခု ကျွန်တော်တို့နိုင်ငံမှာ ရွေးကောက်ပွဲနဲ့ မဲပေးမယ့်ပြည်သူတွေကြား အကွာအဝေးကြီးက ဟန့်တားလိုက်သလိုဖြစ်နေပါပြီ။ဒါကတော့ အချိန်ကြာမြင့်စွာဖြစ်ပေါ်နေတဲ့ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်မြန်ရောဂါကပ်ဆိုးကြီး ဖြစ်ပါတယ်။ဒီ ကိုဗစ် ၁၉ ရောဂါဆိုးကြီးက မြန်မာနိုင်ငံမှာဖြစ်ပေါ်နေခဲ့တာ ၆ လကျော် ကြာသွားပါပြီ။စတင်ဖြစ်ပွားတဲ့ ကိုဗစ် ၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ ပိုးတွေ့လူနာသိပ်များပြားမလာခင်မှာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။လူနာ ၆ ယောက်သာ သေဆုံးသွားခဲ့ပါတယ်။အဲဒီလို ကမ္ဘာ့နိုင်ငံအများအပြားမှာ ကိုဗစ် ၁၉ လူနာတွေများပြားပြီး သေဆုံးသူတွေများပြားနေတဲ့အချိန်မှာ မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ခုခံအားကြောင့် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာကို စတင်တွေ့ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနကနေ ကြေညာလိုက်တဲ့အချိန်မှာ အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို ပြည်သူတွေ အတိအကျလိုက်နာနိုင်ခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။မြန်မာ့ယဉ်ကျေးမှုရိုးရာပွဲတော်ဖြစ်တဲ့ အတာသင်္ကြန်ကာလမှာတောင် ပြည်သူတွေ အိမ်ထဲမှာ (Stay at Home) နေထိုင်ကြပြီး ကိုဗစ် ၁၉ ကို ကာကွယ်ခုခံနိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် အခုအချိန်မှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုတွေအသစ်အဖြစ် ဒုတိယလှိုင်းဖြစ်ပေါ်လာခဲ့ပါပြီ။အခုလို နိုင်ငံရေးပါတီတွေအတွက် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်ချိန်ရောက်နေတဲ့အချိန်မှာမှ ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါပိုး (ကမ္ဘာ့ကပ်ဆိုး) ဒုတိယလှိုင်းဟာ မြန်မာနိုင်ငံမှာ အရှိန်မြင့်လာပါတယ်။နေ့စဉ် ကူးစက်ရောဂါပိုး တွေ့ရှိအတည်ပြုသူတွေ များပြားလာသလို သေဆုံးသူရာဂဏန်းကျော်ရှိနေပါပြီ။တစ်တိုင်းပြည်လုံးအနှံ့မှာ ဖြစ်ပွားနေပေမယ့်၊ အဆိုးဆုံးကတော့ ရန်ကုန်မြို့တော်ကြီးဖြစ်ပါတယ်။

အခုအချိန်မှာ ရန်ကုန်တိုင်း မြို့နယ်အားလုံး (ကိုကိုးကျွန်းမပါ) ကို Stay at Home အဖြစ် ကြေညာလိုက်ပါပြီ။စက်ရုံအလုပ်ရုံတွေကိုလည်း နှစ်ပတ်ကြာပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။အစိုးရအတွက် အခက်အခဲကတော့ Stay at Home ကာလမှာ ပြည်သူတွေအားလုံး အိမ်ထဲကနေ အိမ်ပြင်မထွက်ကြဖို့ အတိအကျမညွှန်ကြားနိုင်ပါဘူး။
အစိုးရကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာကို ပြည်သူတွေ နားလည်မှုလွဲမှားနေတာတွေ ရှိနေပါတယ်။ကိုဗစ် ၁၉ ကာလကြီးကလည်း ခြောက်လကျော်ကြာနေခဲ့တော့ ပြည်သူတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေ တွေ့နေရတယ်။ပြည်သူတွေအားလုံး အိမ်ထဲကနေ အပြင်မထွက်ဖို့ဆိုတာကလည်း အခက်အခဲကြီးတစ်ခုဖြစ်နေပါတယ်။
ဒီအခက်အခဲကြီးကို အစိုးရအနေနဲ့ ခက်ခက်ခဲခဲကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။

နိုင်ငံရေးပါတီတွေအတွက် အခက်အခဲကလည်း အလွန်ကြီးမားပါတယ်။အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်ကျင်းပဖို့ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။အခုလို မဲဆွယ်ပွဲတွေပြုလုပ်နိုင်ဖို့အတွက် ဘယ်နိုင်ငံရေးပါတီမှ မလွယ်ကူနိုင်ပါဘူး။နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကို အိတ်ဖွင့်ပေးစာတွေပို့ပြီး တောင်းဆိုနေကြပါတယ်။လက်ရှိအာဏာရပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က သတ်မှတ်ချက်အတိုင်း ပါတီစုံအထွေထွေရွေးကောက်ပွဲကို ပြုလုပ်ကျင်းပစေချင်တဲ့ သဘောထားရှိတာကို သိရပါတယ်။

အခုလို ကိုဗစ်ကာလ၊ မြန်မာပြည်အနှံ့မှာ ရောဂါပိုးတွေ့ထိ အတည်ပြုလူနာတွေများပြားလာတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကို စိတ်ဝင်စားနိုင်ပါ့မလားလို့လည်း နိုင်ငံရေးလေ့လာသူတွေက စိုးရိမ်နေကြပါတယ်။ပြည်သူတွေအနေနဲ့ အခုထက် ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါပိုး ကူးစက်လူနာတွေ ပိုများလာမယ်ဆိုရင်၊ နယ်မြေကန့်သတ်ချက်တွေ ပြဋ္ဌာန်းလာမယ်ဆိုရင် စားဝတ်နေရေးအတွက် ပိုကြပ်တည်းသွားကြမှာပါ။ပြည်သူတွေအနေနဲ့ အခုအချိန်မှာ နိုင်ငံရေးအခြေအနေတွေကို စိတ်ပါဝင်စားမှု အတော်လျော့နည်းနေကြတဲ့အချိန်လည်း ဖြစ်နေပါတယ်။အခုလို စားဝတ်နေရေးအလွန်ခက်ခဲနေမှု အခြေအနေထက် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုလည်း အတော့်ကိုနည်းပါးသွားကြမှာပါ။မဲပေးဖို့အတွက် မဲရုံကိုသွားရောက်တဲ့ အချိန်မှာလည်း ကိုဗစ် ၁၉ ရောဂါကူးစက်မှာကို ကြောက်နေကြမှာပါ။ရန်ကုန်မြို့တော်မှာလို StayHome တွေ ကြေညာလိုက်ရင်တော့ မဲရုံတွေကို လာရောက်မဲပေးမယ့်လူ အလွန်နည်းပါးနိုင်ပါတယ်။

ဒီလိုအခြေအနေမှာ နိုင်ငံရေးပါတီတွေက တောင်းဆိုနေတဲ့ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘယ်လိုသဘောထားမလဲအပေါ်မှာ စိတ်ဝင်စားနေကြပါတယ်။အခု ကိုဗစ်ဒုတိယလှိုင်း ရောဂါကပ်ဆိုးကြီးအန္တရာယ်က နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ မဲပေးမယ့်ပြည်သူတွေရဲ့ အကွာအဝေးဟာ ပိုပြီးဝေးကွာသွားနိုင်ပါတယ်။ဒီအခြေအနေကို ခြုံပြီးသုံးသပ်မယ်ဆိုရင် တတိယအကြိမ်ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသမိုင်းမှာ မဲပေးသူအနည်းဆုံးနဲ့ ပြည်သူတွေ စိတ်ဝင်စားမှုအနည်းဆုံး ရွေးကောက်ပွဲဖြစ်သွားပါလိမ့်မယ်။

မြတ်လှိုင်း
အောက်တိုဘာ - ၇

( Zawgyi )

ေ႐ြးေကာက္ပြဲတစ္ခုရဲ႕ အကြာအေဝးဆိုတာ မဲရလိုသူျဖစ္တဲ့ ႏိုင္ငံေရးပါတီေတြနဲ႔ မဲေပးသူျပည္သူေတြရဲ႕ အနီးအေဝးကို တိုင္းတာၾကည့္ရပါတယ္။မဲရလိုသူ ႏိုင္ငံေရးပါတီေတြက မဲေပးသူျပည္သူေတြ ကိုယ့္ပါတီကိုမဲေပးသူမ်ားဖို႔ အၿမဲစည္း႐ုံးေနရပါမယ္။ပါတီႀကီးႏွစ္ခုအတြက္ကေတာ့ မဲေပးမယ့္ျပည္သူေတြ အနည္းနဲ႔အမ်ားဆိုသလို ရွိေနပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီအတြက္ကေတာ့ ပုံေသေထာက္ခံသူေတြရွိေနတာ ေသခ်ာပါတယ္။လႊတ္ေတာ္ထဲမွာ အဆင္သင့္ တပ္ကိုယ္စားလွယ္၂၅ ရာခိုင္ႏႈန္းလည္း ရွိေနပါတယ္။

အာဏာရပါတီႀကီးျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အတြက္ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ မဲအေရအတြက္နီးပါး ျပန္လည္ရယူႏိုင္မွ တိုင္းျပည္အာဏာကို ဆက္ထိန္းထားႏိုင္မွာပါ။

ျပည္နယ္ေတြက တိုင္းရင္းသားပါတီေတြအတြက္ကေတာ့ တိုင္းရင္းသားျပည္သူေတြရဲ႕မဲကို ေမွ်ာ္လင့္လို႔ရႏိုင္တဲ့အေျခအေနမွာ ရွိေနပါတယ္။တိုင္းရင္းသားလူမ်ိဳးစုတူ ကြဲျပားေနတဲ့ ႏိုင္ငံေရးပါတီေတြအခ်င္းခ်င္း ျပန္လည္ေပါင္းစည္းသြားတာကလည္း တိုင္းရင္းသားျပည္သူေတြရဲ႕မဲကို ပိုၿပီးရႏိုင္မယ့္ အေျခအေနတစ္ခုျဖစ္ေနပါ တယ္။ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကို ယုံၾကည္စြာေပးလိုက္ၾကတဲ့ တိုင္းရင္းသားျပည္သူေတြရဲ႕ မဲေတြကို တိုင္းရင္းသားပါတီေတြ ျပန္ရယူႏိုင္ပါလိမ့္မယ္။ ၂၀၁၇ ခုႏွစ္နဲ႔ ၂၀၁၈ ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲေတြမွာ အာဏာရအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ၊ အင္အားႀကီး ျပည္ခိုင္ၿဖိဳးပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို တိုင္းရင္းသားပါတီေတြက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ အႏိုင္ရခဲ့တာကိုၾကည့္ရင္ သိႏိုင္ပါတယ္။တိုင္းရင္းသားပါတီေတြအတြက္ တိုင္းရင္းသားျပည္သူေတြရဲ႕ မဲေတြကို ရႏိုင္ပါတယ္။

၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ အခက္အခဲရွိေနတာေတြကေတာ့ အသစ္ဖြဲ႕စည္းလိုက္တဲ့ ႏိုင္ငံေရးပါတီသစ္ေတြပါပဲ။အသစ္ဖြဲ႕စည္းထားတဲ့ ႏိုင္ငံေရးပါတီေတြထဲမွာလည္း ျပည္သူေတြေထာက္ခံအားေပးမႈ အသင့္အတင့္ရွိတဲ့ ႏိုင္ငံေရးပါတီေတြ ပါဝင္လာပါတယ္။ ၈၈ ေက်ာင္းသားေခါင္းေဆာင္ ဦးကိုကိုႀကီး ဦးေဆာင္တဲ့ ျပည္သူ႔ပါတီနဲ႔ တျခားပါတီသစ္ေတြ ျဖစ္ပါတယ္။ဒီႏိုင္ငံေရးပါတီသစ္ေတြရဲ႕ ေခါင္းေဆာင္ေတြကို ျပည္သူေတြသိၾကေပမယ့္၊ ပါတီသစ္ကေန ေ႐ြးေကာက္ပြဲဝင္ေ႐ြးမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကိုေတာ့ မဲေပးမယ့္ျပည္သူေတြ မသိႏိုင္ၾကပါဘူး။ဒီႏိုင္ငံေရးပါတီသစ္ေတြက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔ ယွဥ္ၿပိဳင္အေ႐ြးခံရမွာကလည္း လက္ရွိအာဏာရပါတီႀကီးျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြနဲ႔ အင္အားႀကီးပါတီႀကီးျဖစ္တဲ့ ျပည္ခိုင္ၿဖိဳးပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

အာဏာရအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကေတာ့ လက္ရွိလႊတ္ေတာ္ကိုယ္စားလွယ္ေတြ အမ်ားဆုံးျပန္ပါဝင္လာပါတယ္။ျပည္သူေတြနဲ႔ ငါးႏွစ္တာကာလမွာဆက္ဆံခဲ့ရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြျဖစ္လို႔ ေထာက္ခံအားေတြရွိေနပါတယ္။အခုလက္ရွိ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ျပည္သူေတြအေနနဲ႔ မႀကိဳက္ႏွစ္သက္ရင္ေတာင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မ်က္ႏွာနဲ႔ မဲေပးၾကဦးမွာပါ။

စြမ္းအားရွင္အဖြဲ႕အျဖစ္ ေနရာေတြရခဲ့တဲ့လူေတြနဲ႔ တပ္မေတာ္သားမိသားစုေတြက ျပည္ခိုင္ၿဖိဳးပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကိုလည္း သိသိ၊ မသိသိ မဲေပးၾကမွာရွိေနပါတယ္။

ဒါေပမယ့္ ၂၀၂၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ႏိုင္ငံေရးပါတီအသစ္ေတြက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြအတြက္ေတာ့ ျပည္သူေတြကိုစုေဝးၿပီး မဲဆြယ္ပြဲေတြ ပိုၿပီးျပဳလုပ္ရေတာ့မွာျဖစ္ပါတယ္။ပါတီအသစ္ေတြရဲ႕ မူဝါဒေတြ၊ တိုင္းျပည္နဲ႔ ျပည္သူေတြကို ေပးမယ့္ကတိေတြကို မဲေပးၾကမယ့္ ျပည္သူေတြကို ခ်ျပရမွာျဖစ္ပါတယ္။အဲဒီလိုမွ ျပည္သူေတြကို ေဟာေျပာမဲဆြယ္မႈေတြ မလုပ္ႏိုင္ရင္ ျပည္သူေတြရဲ႕စိတ္ဝင္စားမႈလည္း ရရွိလာမွာမဟုတ္ပါဘူး။ဒီေ႐ြးေကာက္ပြဲနဲ႔ မဲေပးသူျပည္သူေတြရဲ႕ အကြာအေဝးဟာ မနီးစပ္လာႏိုင္ပါဘူး။

အခု ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ေ႐ြးေကာက္ပြဲနဲ႔ မဲေပးမယ့္ျပည္သူေတြၾကား အကြာအေဝးႀကီးက ဟန႔္တားလိုက္သလိုျဖစ္ေနပါၿပီ။ဒါကေတာ့ အခ်ိန္ၾကာျမင့္စြာျဖစ္ေပၚေနတဲ့ ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ပိုး ကူးစက္ျမန္ေရာဂါကပ္ဆိုးႀကီး ျဖစ္ပါတယ္။ဒီ ကိုဗစ္ ၁၉ ေရာဂါဆိုးႀကီးက ျမန္မာႏိုင္ငံမွာျဖစ္ေပၚေနခဲ့တာ ၆ လေက်ာ္ ၾကာသြားပါၿပီ။စတင္ျဖစ္ပြားတဲ့ ကိုဗစ္ ၁၉ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျမန္ေရာဂါ ပိုးေတြ႕လူနာသိပ္မ်ားျပားမလာခင္မွာ ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။လူနာ ၆ ေယာက္သာ ေသဆုံးသြားခဲ့ပါတယ္။အဲဒီလို ကမာၻ႔ႏိုင္ငံအမ်ားအျပားမွာ ကိုဗစ္ ၁၉ လူနာေတြမ်ားျပားၿပီး ေသဆုံးသူေတြမ်ားျပားေနတဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံအစိုးရနဲ႔ ျပည္သူေတြရဲ႕ ပူးေပါင္းပါဝင္ခုခံအားေၾကာင့္ ထိန္းခ်ဳပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ကိုဗစ္ ၁၉ ေရာဂါ အတည္ျပဳလူနာကို စတင္ေတြ႕ရွိၿပီး က်န္းမာေရးဝန္ႀကီးဌာနကေန ေၾကညာလိုက္တဲ့အခ်ိန္မွာ အစိုးရနဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္ေတြကို ျပည္သူေတြ အတိအက်လိုက္နာႏိုင္ခဲ့ၾကတယ္လို႔ ဆိုႏိုင္ပါတယ္။ျမန္မာ့ယဥ္ေက်းမႈ႐ိုးရာပြဲေတာ္ျဖစ္တဲ့ အတာသၾကၤန္ကာလမွာေတာင္ ျပည္သူေတြ အိမ္ထဲမွာ (Stay at Home) ေနထိုင္ၾကၿပီး ကိုဗစ္ ၁၉ ကို ကာကြယ္ခုခံႏိုင္ခဲ့ၾကပါတယ္။

ဒါေပမယ့္ အခုအခ်ိန္မွာ ကိုဗစ္ ၁၉ ေရာဂါ ကူးစက္မႈေတြအသစ္အျဖစ္ ဒုတိယလႈိင္းျဖစ္ေပၚလာခဲ့ပါၿပီ။အခုလို ႏိုင္ငံေရးပါတီေတြအတြက္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ခ်ိန္ေရာက္ေနတဲ့အခ်ိန္မွာမွ ကိုဗစ္ ၁၉ ကူးစက္ျမန္ေရာဂါပိုး (ကမာၻ႔ကပ္ဆိုး) ဒုတိယလႈိင္းဟာ ျမန္မာႏိုင္ငံမွာ အရွိန္ျမင့္လာပါတယ္။ေန႔စဥ္ ကူးစက္ေရာဂါပိုး ေတြ႕ရွိအတည္ျပဳသူေတြ မ်ားျပားလာသလို ေသဆုံးသူရာဂဏန္းေက်ာ္ရွိေနပါၿပီ။တစ္တိုင္းျပည္လုံးအႏွံ႔မွာ ျဖစ္ပြားေနေပမယ့္၊ အဆိုးဆုံးကေတာ့ ရန္ကုန္ၿမိဳ႕ေတာ္ႀကီးျဖစ္ပါတယ္။

အခုအခ်ိန္မွာ ရန္ကုန္တိုင္း ၿမိဳ႕နယ္အားလုံး (ကိုကိုးကြၽန္းမပါ) ကို Stay at Home အျဖစ္ ေၾကညာလိုက္ပါၿပီ။စက္႐ုံအလုပ္႐ုံေတြကိုလည္း ႏွစ္ပတ္ၾကာပိတ္ထားဖို႔ ၫႊန္ၾကားထားပါတယ္။အစိုးရအတြက္ အခက္အခဲကေတာ့ Stay at Home ကာလမွာ ျပည္သူေတြအားလုံး အိမ္ထဲကေန အိမ္ျပင္မထြက္ၾကဖို႔ အတိအက်မၫႊန္ၾကားႏိုင္ပါဘူး။
အစိုးရက်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္ထဲမွာကို ျပည္သူေတြ နားလည္မႈလြဲမွားေနတာေတြ ရွိေနပါတယ္။ကိုဗစ္ ၁၉ ကာလႀကီးကလည္း ေျခာက္လေက်ာ္ၾကာေနခဲ့ေတာ့ ျပည္သူေတြရဲ႕ စားဝတ္ေနေရးအခက္အခဲေတြ ေတြ႕ေနရတယ္။ျပည္သူေတြအားလုံး အိမ္ထဲကေန အျပင္မထြက္ဖို႔ဆိုတာကလည္း အခက္အခဲႀကီးတစ္ခုျဖစ္ေနပါတယ္။
ဒီအခက္အခဲႀကီးကို အစိုးရအေနနဲ႔ ခက္ခက္ခဲခဲကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔ လိုပါတယ္။

ႏိုင္ငံေရးပါတီေတြအတြက္ အခက္အခဲကလည္း အလြန္ႀကီးမားပါတယ္။အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ ျပဳလုပ္က်င္းပဖို႔ကို ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားပါတယ္။အခုလို မဲဆြယ္ပြဲေတြျပဳလုပ္ႏိုင္ဖို႔အတြက္ ဘယ္ႏိုင္ငံေရးပါတီမွ မလြယ္ကူႏိုင္ပါဘူး။ႏိုင္ငံေရးပါတီေတြအေနနဲ႔ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းေပးဖို႔ ေ႐ြးေကာက္ပြဲက်င္းပေရးေကာ္မရွင္ကို အိတ္ဖြင့္ေပးစာေတြပို႔ၿပီး ေတာင္းဆိုေနၾကပါတယ္။လက္ရွိအာဏာရပါတီႀကီးျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေတာ့ ေ႐ြးေကာက္ပြဲက်င္းပေရးေကာ္မရွင္က သတ္မွတ္ခ်က္အတိုင္း ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ျပဳလုပ္က်င္းပေစခ်င္တဲ့ သေဘာထားရွိတာကို သိရပါတယ္။

အခုလို ကိုဗစ္ကာလ၊ ျမန္မာျပည္အႏွံ႔မွာ ေရာဂါပိုးေတြ႕ထိ အတည္ျပဳလူနာေတြမ်ားျပားလာတဲ့အခ်ိန္မွာ ျပည္သူေတြအေနနဲ႔ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို စိတ္ဝင္စားႏိုင္ပါ့မလားလို႔လည္း ႏိုင္ငံေရးေလ့လာသူေတြက စိုးရိမ္ေနၾကပါတယ္။ျပည္သူေတြအေနနဲ႔ အခုထက္ ကိုဗစ္ ၁၉ ကူးစက္ျမန္ေရာဂါပိုး ကူးစက္လူနာေတြ ပိုမ်ားလာမယ္ဆိုရင္၊ နယ္ေျမကန႔္သတ္ခ်က္ေတြ ျပ႒ာန္းလာမယ္ဆိုရင္ စားဝတ္ေနေရးအတြက္ ပိုၾကပ္တည္းသြားၾကမွာပါ။ျပည္သူေတြအေနနဲ႔ အခုအခ်ိန္မွာ ႏိုင္ငံေရးအေျခအေနေတြကို စိတ္ပါဝင္စားမႈ အေတာ္ေလ်ာ့နည္းေနၾကတဲ့အခ်ိန္လည္း ျဖစ္ေနပါတယ္။အခုလို စားဝတ္ေနေရးအလြန္ခက္ခဲေနမႈ အေျခအေနထက္ ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားမႈလည္း အေတာ့္ကိုနည္းပါးသြားၾကမွာပါ။မဲေပးဖို႔အတြက္ မဲ႐ုံကိုသြားေရာက္တဲ့ အခ်ိန္မွာလည္း ကိုဗစ္ ၁၉ ေရာဂါကူးစက္မွာကို ေၾကာက္ေနၾကမွာပါ။ရန္ကုန္ၿမိဳ႕ေတာ္မွာလို StayHome ေတြ ေၾကညာလိုက္ရင္ေတာ့ မဲ႐ုံေတြကို လာေရာက္မဲေပးမယ့္လူ အလြန္နည္းပါးႏိုင္ပါတယ္။

ဒီလိုအေျခအေနမွာ ႏိုင္ငံေရးပါတီေတြက ေတာင္းဆိုေနတဲ့ ေ႐ြးေကာက္ပြဲေ႐ႊ႕ဆိုင္းဖို႔ကို ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ဘယ္လိုသေဘာထားမလဲအေပၚမွာ စိတ္ဝင္စားေနၾကပါတယ္။အခု ကိုဗစ္ဒုတိယလႈိင္း ေရာဂါကပ္ဆိုးႀကီးအႏၲရာယ္က ႏိုင္ငံေရးပါတီေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ၂၀၂၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲနဲ႔ မဲေပးမယ့္ျပည္သူေတြရဲ႕ အကြာအေဝးဟာ ပိုၿပီးေဝးကြာသြားႏိုင္ပါတယ္။ဒီအေျခအေနကို ၿခဳံၿပီးသုံးသပ္မယ္ဆိုရင္ တတိယအႀကိမ္က်င္းပမယ့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲဟာ ျမန္မာႏိုင္ငံသမိုင္းမွာ မဲေပးသူအနည္းဆုံးနဲ႔ ျပည္သူေတြ စိတ္ဝင္စားမႈအနည္းဆုံး ေ႐ြးေကာက္ပြဲျဖစ္သြားပါလိမ့္မယ္။

ျမတ္လႈိင္း
ေအာက္တိုဘာ - ၇