【 ဆောင်းပါး 】 ကိုဗစ်-၁၉ ရိုက်ခတ်မှုနှင့် ၂၀၂၀ ရွေးကောက်ပွဲလားရာ

【 ဆောင်းပါး 】 ကိုဗစ်-၁၉ ရိုက်ခတ်မှုနှင့် ၂၀၂၀ ရွေးကောက်ပွဲလားရာ

မဟာအရှိန်အဟုန်အရွေ့ ( great acceleration ) ဟူသော အကြောင်းကို သတင်းစာဆရာနှင့် စာရေးဆရာ ဘတ်ကော်ဗီးလ် က ရေးခဲ့ဖူးသည်။သူ၏မဟာအရှိန်အဟုန်အရွေ့သဘောက ဤသို့ဖြစ်သည်။

ယနေ့ခေတ် ကမ္ဘာကြီးတွင် ခေတ်သစ်နည်းပညာက လူသားတို့၏ သွင်ပြင်လက္ခဏာအားလုံးကို အရှိန်အဟုန်ပြင်းပြင်းနှင့် တွန်းရွှေ့သလိုဖြစ်နေသည်ဟုဆိုသည်။ဆိုရလျှင် အပြောင်းအလဲအရှိန်အဟုန်က လူသားတို့အပေါ် ပြင်းအားကြီးကြီးဖြင့် သက်ရောက်နေသည့် သဘောဖြစ်သည်။ထိုသို့သောအနေအထားက လူသားတို့အနေနှင့် အပြောင်းအလဲဖြစ်စဉ်ကို ရင်ဆိုင်နိုင်ရန် ရုန်းကန်နေကြရသည်ဟုဆိုသည်။

လောကကမ္ဘာတွင် အပြောင်းအလဲဆိုသည်မှာ အမြဲမပြတ်ဖြစ်ပေါ်နေသောအရာဖြစ်သည်။လူသားတို့ကလည်း အပြောင်းအလဲကို လိုလားကြသည်။အပြောင်းအလဲကို လိုလားသည်မှာ ယခုမှမဟုတ် လူသားဟူ၍ စတင်ပေါက်ဖွားလာစဉ်ကတည်းကဖြစ်သည်။ကမ္ဘာဦးခေတ် အရိုင်းအစိုင်းလူသားမှသည် ခေတ်သစ်ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသော လူသားများအထိ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာသည့် ဖြစ်စဉ်များကိုကြည့်လျှင် လူသားတို့ကပြောင်းလဲမှုအပေါ် မည်မျှအထိ စိတ်အားထက်သန်မှုရှိသည်ကို တွေးဆ၍ရနိုင်မည်ဖြစ်သည်။

ပြောင်းလဲမှုဆိုသည့်သဘောကလည်း ရပ်တန့်နေခြင်းမဟုတ်။လှုပ်နေသရွေ့နေသည့် သဘောဖြစ်သည်။ထိုသို့သော အလှုပ်အရွေ့ကလည်း တဖြည်းဖြည်းချင်းမဟုတ်၊ အရှိန်အဟုန်နှင့်ရွေ့နေသည့်သဘောဖြစ်သည်။ထိုသို့သော ကြီးမားသည့်အရှိန်အဟုန်နှင့် ရွေ့နေခြင်းကပင် ကမ္ဘာ့အစီအစဉ်များအတွင်း ဝိရောဓိများနှင့် ဆန့်ကျင်ဘက်အားပြိုင်မှုများကို ဖြစ်ပေါ်စေလျက်ရှိသည်ဟု ယူဆရသည်။

မျက်မှောက်ခေတ် နည်းပညာသစ်တို့၏အရွေ့က ပို၍ပြင်းထန်သည်။အရှိန်အဟုန်ပြင်းပြင်းနှင့် မရပ်မနားတိုးတက်ပြောင်းလဲနေသည့် သဘောဖြစ်သည်။နည်းပညာသစ်တို့၏ ပြောင်းလဲမှုအရွေ့က လူသားတို့ လိုက်မမီနိုင်လောက်အောင်ဖြစ်သည်။ယနေ့ခေတ်လူတို့၏ ပြောင်းလဲမှုဖြစ်စဉ်က အတိတ်တစ်ချိန်က လူတို့၏ လူနေမှုဘဝဟန်ပန်က ရိုးရှင်းသည်။ဒီနေ့ခေတ်လို အင်တာနက် နည်းပညာထွန်းကားသေးချိန် မဟုတ်သည့်အတွက် လူမှုဆက်ဆံရေးကလည်း အကန့်အသတ်နှင့်ဖြစ်ရာ ပြင်ပကမ္ဘာ၏ရိုက်ကခတ်မှုက မရှိသလောက်နည်းပါးသည်။

ဒီနေ့ခေတ်ကတော့ အတိတ်တစ်ချိန်ကနှင့် များစွာခြားနားသည်။ဒီနေ့ခေတ်လူတို့၏ ဘဝဟန်ပန်က ကိစ္စများမြောင်လူတို့ဘောင်ဟူသော အဆိုနှင့် ပိုမိုကိုက်ညီသလိုရှိသည်။အထူးသဖြင့် ဖေ့ဘွတ်စ်တည်းဟူသော လူမှုရေးမီဒီယာပေါ်မှ သတင်းများကလည်း စုံလင်ထွေပြားလှသည်။အကောင်းပါသလို အဆိုးလည်းပါသည်။
ဟုတ်တာပါသလို မဟုတ်တာလည်းပါသည်။အမှားပါသလို အမှန်လည်းပါသည်။

အင်တာနက်နည်းပညာ၏ ကြီးမားကျယ်ပြန့်မှုကြောင့် သတင်းရေစီး၏ ပြောင်းလဲမှုအရွေ့ကို အချိန်တိုင်း မိနစ်တိုင်းကြား ထိတွေ့မြင်နေရသည်။ဂလိုဘယ်လိုက်ဇေးရှင်းလှိုင်းနှင့်အတူ ကမ္ဘာကြီး၏ အရပ်ရှစ်မျက်နှာတွင် ဖြစ်ပွားနေသော သတင်းဖြစ်ရပ်အပြောင်းအလဲမှန်သမျှကို စက္ကန့်မဆိုင်းသိမြင်နိုင်သည်၊ လက်ရှိ ကမ္ဘာပေါ်တွင်ဖြစ်ပွားနေသော သတင်းဖြစ်ရပ်များထဲမှ လူအများစိတ်ဝင်စားမှုကို လှုပ်နိုးပေးလျက်ရှိသည့် သတင်းဖြစ်ရပ်တို့ကလည်း အဆက်မပြတ်ဖြစ်ပေါ်လျက်ရှိသည်။

ကမ္ဘာတစ်ဝန်းမှ လူများကို လတ်တလော လှုပ်လှုပ်ခတ်ခတ်ဖြစ်စေလျက်ရှိသည့် သတင်းများထဲတွင် စစ်ရိပ်စစ်နိမိတ် သတင်းများထက် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါသတင်းက နေ့စဉ်နှင့်အမျှ လူအများအတွက် နားစွင့်စရာသတင်းများအဖြစ် ရှိနေသည်။ကိုဗစ်ကူးစက်ရောဂါပိုး ပျံ့နှံ့မှုကလည်း ကမ္ဘာကြီး၏ နေရာတိုင်းတွင်ဖြစ်သည်။ကမ္ဘာ့နိုင်ငံအသီးတွင် ကိုဗစ်ဝင်ရောက်မွှေနှောက်နေမှုကလည်း ချောက်ချောက်ချားချားဖြစ်စေသည့်အထိဖြစ်သည်။ဗိုင်းရပ်စ်ပိုးကူးစက်ခံရသည့် လူနာတွေ၊ သံသယရှိလူနာတွေ တစ်နေ့တစ်ခြားတိုးပွားနေသလို သေဆုံးသူအရေအတွက်ကလည်း စိုးထိတ်ပူပန်စရာကောင်းလောက်အောင် တိုးလာနေခြင်းဖြစ်သည်။ထိုသို့သော အချိန်မျိုးတွင် ကိုဗစ်ပိုးကာကွယ်ဆေး အလျင်အမြန်ရရှိရေးနှင့် ကိုဗစ်ထိန်းချုပ်ဟန့်တားနိုင်ရေးမှာ ကမ္ဘာ့လူသားတို့၏ အလိုလားဆုံးဆန္ဒလည်းဖြစ်သည်။

ကိုဗစ် ၁၉ နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင်လည်း အစိုးရက ထိန်းချုပ်ဟန့်တားနိုင်ရေးကို အကောင်းဆုံးပုံဖော်ကြိုးပမ်းလျက်ရှိသည်။ကမ္ဘာကြီးအတွက် အသစ်အဆန်းလက်ဆောင်လို ကမ္ဘာ့နေရာအနှံ့ကို လိုက်လံဖြန့်ဝေပေးလျက်ရှိနေမှုက ဖွံ့ဖြိုးမှုနိမ့်ကျနေသော နိုင်ငံတို့အတွက် စိုးရိမ်ရေမှတ်အထက်ပင် ကျော်လွန်နေသည့်အထိဟု ဆိုရမလောက်ဖြစ်သည်။ကိုဗစ်ကြောင့် စီးပွားရေးအရွေ့များကို တုန့်ဆိုင်းနှေးကွေးစေလျက်ရှိသည်။စတေးအက်ဟုမ်းနှင့် လော့ခ်ဒေါင်းကြောင့် ဝင်ငွေနည်းပါးမိသားစုဝင်များကို ဘဝရှင်သန်ရေးအချိုးအကွေ့နှင့် ရင်ဆိုင်စေရလျက်ရှိသည်။

ကိုဗစ်ကြောင့် တွေ့ကြုံရင်ဆိုင်နေရသော အများပြည်သူတို့၏ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေး ဂယက်ရိုက်ခတ်မှုများအပေါ် အစိုးရက တာဝန်ယူဖြေရှင်းပေးနိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုပေမဲ့ ကိုဗစ်ရိုက်ခတ်မှု အရှိန်အဟုန်ပြင်းထန်ကြာမြင့်နေမည်ဆိုပါက အစိုးရ၏ပခုံးပေါ်တွင် ဝန်ထုပ်ဝန်ပိုးများ ထပ်ဆင့်တိုးလာမည့်အရေးကလည်း ရတတ်မအေးစရာပင်ဖြစ်သည်။ယင်းသည် လတ်တလော ကမ္ဘာတစ်ဝန်းနှင့် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ပြောင်းလဲမှုအရွေ့ဖြစ်စဉ်များလည်းဖြစ်သည်။

မည်သို့ဆိုစေ ပြောင်းလဲမှုအရွေ့တိုင်းတွင် ဖိအားသက်ရောက်မှုများနှင့်အတူ ဆက်လက်ရွေ့လျှားနေဦးမည့် သဘောရှိရာ ထိုသို့သော ဖိအားသက်ရောက်မှုများကို ရင်ဆိုင်အန်တုနိုင်ရေးမှာ ကြီးမားသောစိန်ခေါ်မှုအဖြစ် ရှိနေမည်သာဖြစ်သည်။မိမိတို့နိုင်ငံအတွက် ထိုသို့သောစိန်ခေါ်မှုများက ပိုမိုကြီးမားပြင်းထန်သယောင်ရှိသည်။
နိုင်ငံရေးနှင့် စီးပွားရေး မတည်မှုတည်းဟူသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရစဉ်အတွင်း ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းရိုက်ခတ်မှုက အများပြည်သူတို့၏ ကျန်းမာရေးနှင့် လူမှုဘဝအပေါ် ထပ်မံရိုက်ခတ်လာမည့် စိန်ခေါ်မှုအသစ်အဖြစ် တွေ့မြင်နေရခြင်းလည်းဖြစ်သည်။

ထိုမျှနှင့်မပြီးသေး။နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် အဆိုပါဖိအားများက မည်မျှအထိ သက်ရောက်မှုပြင်းထန်လာမည်ဆိုသည်ကလည်း မတွေးဆတတ်အောင်ပင်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲက မိမိတို့နိုင်ငံအတွက် မည်သို့သောပြောင်းလဲမှု အရွေ့တစ်ခုဆီကို ဦးတည်လာစေမည်နည်း။
ဆိုရလျှင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည့်အချိန်အထိ လက်ရှိရင်ဆိုင်နေရသော ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုအရှိန်မသေသေးပါက မည်သို့သော အပြောင်းအလဲအရွေ့တစ်ခု ဖြစ်ပေါ်လာမည်နည်း။

မည်သို့ဆိုစေ အစိုးရကတော့ လက်ရှိ ကိုဗစ်ရိုက်ခတ်မှု အရှိန်တန့်သွားစေရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။အဆိုပါအားထုတ်မှုသည် ၂၀၂၀ ရွေးကောက်ပွဲအတွက်ဆိုသည်ထက် အများပြည်သူတို့အတွက် ကပ်ရောဂါဘေးအန္တရာယ် သက်သာလျော့ပါးရေးကို ဦးတည်ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။သို့တည်းမဟုတ် အများပြည်သူကျန်းမာရေး ဘေးကင်းစေရန် ကြိုးပမ်းခြင်းဖြင့် ကျွဲကူးရေပါဆိုသလို ၂၀၂၀ ရွေးကောက်ပွဲကိုပါ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဘေးကင်းရန်ကင်း ကျင်းပနိုင်ရေးကိုပါ ဦးတည်စေနိုင်မည်။

သတ်မှတ်ထားသည့်အတိုင်း ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဆိုလျှင် ၂၀၂၀ ရွေးကောက်ပွဲသည် မိမိတို့နိုင်ငံအတွက် မည်သို့သော အပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်လာချေမည်နည်း။သို့တည်းမဟုတ် မဲဆန္ဒရှင်တို့၏ရင်ထဲတွင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီရှင်သန်တိုးတက်ရေးဆန္ဒများ ဆက်လက်ထက်သန်နေဆဲ ရှိနေဦးမည်ဆိုပါက ၂၀၂၀ ရွေးကောက်ပွဲ၏ ရလဒ်လက်ရာကို ကြိုတင်မှန်းဆမိနိုင်မည်ဟု ဆိုလိုက်ရပါသည်။

မြင့်နောင်မိုး
အောက်တိုဘာ - ၈

( Zawgyi )

မဟာအရွိန္အဟုန္အေ႐ြ႕ ( great acceleration ) ဟူေသာ အေၾကာင္းကို သတင္းစာဆရာႏွင့္ စာေရးဆရာ ဘတ္ေကာ္ဗီးလ္ က ေရးခဲ့ဖူးသည္။သူ၏မဟာအရွိန္အဟုန္အေ႐ြ႕သေဘာက ဤသို႔ျဖစ္သည္။

ယေန႔ေခတ္ ကမာၻႀကီးတြင္ ေခတ္သစ္နည္းပညာက လူသားတို႔၏ သြင္ျပင္လကၡဏာအားလုံးကို အရွိန္အဟုန္ျပင္းျပင္းႏွင့္ တြန္းေ႐ႊ႕သလိုျဖစ္ေနသည္ဟုဆိုသည္။ဆိုရလွ်င္ အေျပာင္းအလဲအရွိန္အဟုန္က လူသားတို႔အေပၚ ျပင္းအားႀကီးႀကီးျဖင့္ သက္ေရာက္ေနသည့္ သေဘာျဖစ္သည္။ထိုသို႔ေသာအေနအထားက လူသားတို႔အေနႏွင့္ အေျပာင္းအလဲျဖစ္စဥ္ကို ရင္ဆိုင္ႏိုင္ရန္ ႐ုန္းကန္ေနၾကရသည္ဟုဆိုသည္။

ေလာကကမာၻတြင္ အေျပာင္းအလဲဆိုသည္မွာ အၿမဲမျပတ္ျဖစ္ေပၚေနေသာအရာျဖစ္သည္။လူသားတို႔ကလည္း အေျပာင္းအလဲကို လိုလားၾကသည္။အေျပာင္းအလဲကို လိုလားသည္မွာ ယခုမွမဟုတ္ လူသားဟူ၍ စတင္ေပါက္ဖြားလာစဥ္ကတည္းကျဖစ္သည္။ကမာၻဦးေခတ္ အ႐ိုင္းအစိုင္းလူသားမွသည္ ေခတ္သစ္ယဥ္ေက်းမႈ အဆင့္အတန္းျမင့္မားေသာ လူသားမ်ားအထိ အဆင့္ဆင့္တိုးတက္ေျပာင္းလဲလာသည့္ ျဖစ္စဥ္မ်ားကိုၾကည့္လွ်င္ လူသားတို႔ကေျပာင္းလဲမႈအေပၚ မည္မွ်အထိ စိတ္အားထက္သန္မႈရွိသည္ကို ေတြးဆ၍ရႏိုင္မည္ျဖစ္သည္။

ေျပာင္းလဲမႈဆိုသည့္သေဘာကလည္း ရပ္တန႔္ေနျခင္းမဟုတ္။လႈပ္ေနသေ႐ြ႕ေနသည့္ သေဘာျဖစ္သည္။ထိုသို႔ေသာ အလႈပ္အေ႐ြ႕ကလည္း တျဖည္းျဖည္းခ်င္းမဟုတ္၊ အရွိန္အဟုန္ႏွင့္ေ႐ြ႕ေနသည့္သေဘာျဖစ္သည္။ထိုသို႔ေသာ ႀကီးမားသည့္အရွိန္အဟုန္ႏွင့္ ေ႐ြ႕ေနျခင္းကပင္ ကမာၻ႔အစီအစဥ္မ်ားအတြင္း ဝိေရာဓိမ်ားႏွင့္ ဆန႔္က်င္ဘက္အားၿပိဳင္မႈမ်ားကို ျဖစ္ေပၚေစလ်က္ရွိသည္ဟု ယူဆရသည္။

မ်က္ေမွာက္ေခတ္ နည္းပညာသစ္တို႔၏အေ႐ြ႕က ပို၍ျပင္းထန္သည္။အရွိန္အဟုန္ျပင္းျပင္းႏွင့္ မရပ္မနားတိုးတက္ေျပာင္းလဲေနသည့္ သေဘာျဖစ္သည္။နည္းပညာသစ္တို႔၏ ေျပာင္းလဲမႈအေ႐ြ႕က လူသားတို႔ လိုက္မမီႏိုင္ေလာက္ေအာင္ျဖစ္သည္။ယေန႔ေခတ္လူတို႔၏ ေျပာင္းလဲမႈျဖစ္စဥ္က အတိတ္တစ္ခ်ိန္က လူတို႔၏ လူေနမႈဘဝဟန္ပန္က ႐ိုးရွင္းသည္။ဒီေန႔ေခတ္လို အင္တာနက္ နည္းပညာထြန္းကားေသးခ်ိန္ မဟုတ္သည့္အတြက္ လူမႈဆက္ဆံေရးကလည္း အကန္႔အသတ္ႏွင့္ျဖစ္ရာ ျပင္ပကမာၻ၏႐ိုက္ကခတ္မႈက မရွိသေလာက္နည္းပါးသည္။

ဒီေန႔ေခတ္ကေတာ့ အတိတ္တစ္ခ်ိန္ကႏွင့္ မ်ားစြာျခားနားသည္။ဒီေန႔ေခတ္လူတို႔၏ ဘဝဟန္ပန္က ကိစၥမ်ားေျမာင္လူတို႔ေဘာင္ဟူေသာ အဆိုႏွင့္ ပိုမိုကိုက္ညီသလိုရွိသည္။အထူးသျဖင့္ ေဖ့ဘြတ္စ္တည္းဟူေသာ လူမႈေရးမီဒီယာေပၚမွ သတင္းမ်ားကလည္း စုံလင္ေထြျပားလွသည္။အေကာင္းပါသလို အဆိုးလည္းပါသည္။
ဟုတ္တာပါသလို မဟုတ္တာလည္းပါသည္။အမွားပါသလို အမွန္လည္းပါသည္။

အင္တာနက္နည္းပညာ၏ ႀကီးမားက်ယ္ျပန႔္မႈေၾကာင့္ သတင္းေရစီး၏ ေျပာင္းလဲမႈအေ႐ြ႕ကို အခ်ိန္တိုင္း မိနစ္တိုင္းၾကား ထိေတြ႕ျမင္ေနရသည္။ဂလိုဘယ္လိုက္ေဇးရွင္းလႈိင္းႏွင့္အတူ ကမာၻႀကီး၏ အရပ္ရွစ္မ်က္ႏွာတြင္ ျဖစ္ပြားေနေသာ သတင္းျဖစ္ရပ္အေျပာင္းအလဲမွန္သမွ်ကို စကၠန႔္မဆိုင္းသိျမင္ႏိုင္သည္၊ လက္ရွိ ကမာၻေပၚတြင္ျဖစ္ပြားေနေသာ သတင္းျဖစ္ရပ္မ်ားထဲမွ လူအမ်ားစိတ္ဝင္စားမႈကို လႈပ္ႏိုးေပးလ်က္ရွိသည့္ သတင္းျဖစ္ရပ္တို႔ကလည္း အဆက္မျပတ္ျဖစ္ေပၚလ်က္ရွိသည္။

ကမာၻတစ္ဝန္းမွ လူမ်ားကို လတ္တေလာ လႈပ္လႈပ္ခတ္ခတ္ျဖစ္ေစလ်က္ရွိသည့္ သတင္းမ်ားထဲတြင္ စစ္ရိပ္စစ္နိမိတ္ သတင္းမ်ားထက္ ကိုဗစ္-၁၉ ကူးစက္ကပ္ေရာဂါသတင္းက ေန႔စဥ္ႏွင့္အမွ် လူအမ်ားအတြက္ နားစြင့္စရာသတင္းမ်ားအျဖစ္ ရွိေနသည္။ကိုဗစ္ကူးစက္ေရာဂါပိုး ပ်ံ႕ႏွံ႔မႈကလည္း ကမာၻႀကီး၏ ေနရာတိုင္းတြင္ျဖစ္သည္။ကမာၻ႔ႏိုင္ငံအသီးတြင္ ကိုဗစ္ဝင္ေရာက္ေမႊေႏွာက္ေနမႈကလည္း ေခ်ာက္ေခ်ာက္ခ်ားခ်ားျဖစ္ေစသည့္အထိျဖစ္သည္။ဗိုင္းရပ္စ္ပိုးကူးစက္ခံရသည့္ လူနာေတြ၊ သံသယရွိလူနာေတြ တစ္ေန႔တစ္ျခားတိုးပြားေနသလို ေသဆုံးသူအေရအတြက္ကလည္း စိုးထိတ္ပူပန္စရာေကာင္းေလာက္ေအာင္ တိုးလာေနျခင္းျဖစ္သည္။ထိုသို႔ေသာ အခ်ိန္မ်ိဳးတြင္ ကိုဗစ္ပိုးကာကြယ္ေဆး အလ်င္အျမန္ရရွိေရးႏွင့္ ကိုဗစ္ထိန္းခ်ဳပ္ဟန႔္တားႏိုင္ေရးမွာ ကမာၻ႔လူသားတို႔၏ အလိုလားဆုံးဆႏၵလည္းျဖစ္သည္။

ကိုဗစ္ ၁၉ ႏွင့္ပတ္သက္၍ မိမိတို႔ႏိုင္ငံတြင္လည္း အစိုးရက ထိန္းခ်ဳပ္ဟန႔္တားႏိုင္ေရးကို အေကာင္းဆုံးပုံေဖာ္ႀကိဳးပမ္းလ်က္ရွိသည္။ကမာၻႀကီးအတြက္ အသစ္အဆန္းလက္ေဆာင္လို ကမာၻ႔ေနရာအႏွံ႔ကို လိုက္လံျဖန႔္ေဝေပးလ်က္ရွိေနမႈက ဖြံ႕ၿဖိဳးမႈနိမ့္က်ေနေသာ ႏိုင္ငံတို႔အတြက္ စိုးရိမ္ေရမွတ္အထက္ပင္ ေက်ာ္လြန္ေနသည့္အထိဟု ဆိုရမေလာက္ျဖစ္သည္။ကိုဗစ္ေၾကာင့္ စီးပြားေရးအေ႐ြ႕မ်ားကို တုန႔္ဆိုင္းေႏွးေကြးေစလ်က္ရွိသည္။စေတးအက္ဟုမ္းႏွင့္ ေလာ့ခ္ေဒါင္းေၾကာင့္ ဝင္ေငြနည္းပါးမိသားစုဝင္မ်ားကို ဘဝရွင္သန္ေရးအခ်ိဳးအေကြ႕ႏွင့္ ရင္ဆိုင္ေစရလ်က္ရွိသည္။

ကိုဗစ္ေၾကာင့္ ေတြ႕ႀကဳံရင္ဆိုင္ေနရေသာ အမ်ားျပည္သူတို႔၏ စီးပြားေရး၊ က်န္းမာေရးႏွင့္ လူမႈေရး ဂယက္႐ိုက္ခတ္မႈမ်ားအေပၚ အစိုးရက တာဝန္ယူေျဖရွင္းေပးႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္ဆိုေပမဲ့ ကိုဗစ္႐ိုက္ခတ္မႈ အရွိန္အဟုန္ျပင္းထန္ၾကာျမင့္ေနမည္ဆိုပါက အစိုးရ၏ပခုံးေပၚတြင္ ဝန္ထုပ္ဝန္ပိုးမ်ား ထပ္ဆင့္တိုးလာမည့္အေရးကလည္း ရတတ္မေအးစရာပင္ျဖစ္သည္။ယင္းသည္ လတ္တေလာ ကမာၻတစ္ဝန္းႏွင့္ မိမိတို႔ႏိုင္ငံတြင္ ျဖစ္ေပၚလ်က္ရွိသည့္ ေျပာင္းလဲမႈအေ႐ြ႕ျဖစ္စဥ္မ်ားလည္းျဖစ္သည္။

မည္သို႔ဆိုေစ ေျပာင္းလဲမႈအေ႐ြ႕တိုင္းတြင္ ဖိအားသက္ေရာက္မႈမ်ားႏွင့္အတူ ဆက္လက္ေ႐ြ႕လွ်ားေနဦးမည့္ သေဘာရွိရာ ထိုသို႔ေသာ ဖိအားသက္ေရာက္မႈမ်ားကို ရင္ဆိုင္အန္တုႏိုင္ေရးမွာ ႀကီးမားေသာစိန္ေခၚမႈအျဖစ္ ရွိေနမည္သာျဖစ္သည္။မိမိတို႔ႏိုင္ငံအတြက္ ထိုသို႔ေသာစိန္ေခၚမႈမ်ားက ပိုမိုႀကီးမားျပင္းထန္သေယာင္ရွိသည္။
ႏိုင္ငံေရးႏွင့္ စီးပြားေရး မတည္မႈတည္းဟူေသာ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ေနရစဥ္အတြင္း ကိုဗစ္ကပ္ေရာဂါ ဒုတိယလႈိင္း႐ိုက္ခတ္မႈက အမ်ားျပည္သူတို႔၏ က်န္းမာေရးႏွင့္ လူမႈဘဝအေပၚ ထပ္မံ႐ိုက္ခတ္လာမည့္ စိန္ေခၚမႈအသစ္အျဖစ္ ေတြ႕ျမင္ေနရျခင္းလည္းျဖစ္သည္။

ထိုမွ်ႏွင့္မၿပီးေသး။ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအေပၚ အဆိုပါဖိအားမ်ားက မည္မွ်အထိ သက္ေရာက္မႈျပင္းထန္လာမည္ဆိုသည္ကလည္း မေတြးဆတတ္ေအာင္ပင္ျဖစ္သည္။ ၂၀၂၀ ေ႐ြးေကာက္ပြဲက မိမိတို႔ႏိုင္ငံအတြက္ မည္သို႔ေသာေျပာင္းလဲမႈ အေ႐ြ႕တစ္ခုဆီကို ဦးတည္လာေစမည္နည္း။
ဆိုရလွ်င္ ၂၀၂၀ ေ႐ြးေကာက္ပြဲ က်င္းပမည့္အခ်ိန္အထိ လက္ရွိရင္ဆိုင္ေနရေသာ ကိုဗစ္ကပ္ေရာဂါ ႐ိုက္ခတ္မႈအရွိန္မေသေသးပါက မည္သို႔ေသာ အေျပာင္းအလဲအေ႐ြ႕တစ္ခု ျဖစ္ေပၚလာမည္နည္း။

မည္သို႔ဆိုေစ အစိုးရကေတာ့ လက္ရွိ ကိုဗစ္႐ိုက္ခတ္မႈ အရွိန္တန႔္သြားေစရန္ ႀကိဳးပမ္းအားထုတ္လ်က္ရွိသည္။အဆိုပါအားထုတ္မႈသည္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ဆိုသည္ထက္ အမ်ားျပည္သူတို႔အတြက္ ကပ္ေရာဂါေဘးအႏၲရာယ္ သက္သာေလ်ာ့ပါးေရးကို ဦးတည္ႀကိဳးပမ္းေနျခင္းလည္းျဖစ္သည္။သို႔တည္းမဟုတ္ အမ်ားျပည္သူက်န္းမာေရး ေဘးကင္းေစရန္ ႀကိဳးပမ္းျခင္းျဖင့္ ကြၽဲကူးေရပါဆိုသလို ၂၀၂၀ ေ႐ြးေကာက္ပြဲကိုပါ သတ္မွတ္ထားသည့္ အခ်ိန္ကာလအတြင္း ေဘးကင္းရန္ကင္း က်င္းပႏိုင္ေရးကိုပါ ဦးတည္ေစႏိုင္မည္။

သတ္မွတ္ထားသည့္အတိုင္း ၂၀၂၀ ေ႐ြးေကာက္ပြဲကို က်င္းပႏိုင္မည္ဆိုလွ်င္ ၂၀၂၀ ေ႐ြးေကာက္ပြဲသည္ မိမိတို႔ႏိုင္ငံအတြက္ မည္သို႔ေသာ အေျပာင္းအလဲတစ္ရပ္ကို ေဖာ္ေဆာင္လာေခ်မည္နည္း။သို႔တည္းမဟုတ္ မဲဆႏၵရွင္တို႔၏ရင္ထဲတြင္ မိမိတို႔ႏိုင္ငံ၏ ဒီမိုကေရစီရွင္သန္တိုးတက္ေရးဆႏၵမ်ား ဆက္လက္ထက္သန္ေနဆဲ ရွိေနဦးမည္ဆိုပါက ၂၀၂၀ ေ႐ြးေကာက္ပြဲ၏ ရလဒ္လက္ရာကို ႀကိဳတင္မွန္းဆမိႏိုင္မည္ဟု ဆိုလိုက္ရပါသည္။

ျမင့္ေနာင္မိုး
ေအာက္တိုဘာ - ၈