【 ဆောင်းပါး 】 ကြိုးစင်ပေါ် တကယ်တက်ရမလား

【 ဆောင်းပါး 】 ကြိုးစင်ပေါ် တကယ်တက်ရမလား

မြောက်ပိုင်းခရိုင် တရားရုံးကိုရောက်တော့ နံနက် ၉ နာရီ ခွဲလို့နေပြီ။တစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ဖူးသည့် တရားရုံးဖြစ်သော်လည်း မည်သူ့ကိုမျှ မေးစရာမလို။လူခပ်များများ စုဖွဲ့နေသော နေရာသည် မိမိသွားလိုသောနေရာဟု ယုံကြည်မှုအရ ကိုယ့်ဘာသာ စူးစမ်းကြည့်မိသည်။တရားရုံးတစ်ပတ်၏ တစ်ဝက်သို့ မရောက်သေးခင်မှာပင် သိပ်မနည်း သိပ်မများသော လူအုပ်ကို တွေ့လိုက်ရသည်။

ထိုလူအုပ်ထဲတွင် မီဒီယာစာမျက်နှာနှင့်နီးသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူအချို့ကို မြင်လိုက်ရသဖြင့် သိပ်ကိုသေချာသွားရသည်။တရားရုံးအဆောက်အဦး ဖွဲ့စည်းပုံအရ တရားရုံးနောက်ကျောဘက်ခြမ်းနေရာ။အတန်ငယ်ကျယ်သော မြေကွက်လပ်တွင် သစ်ပင်တို့ကလည်း အုပ်ဆိုင်းနေသဖြင့် သူ့အုပ်စုနှင့်သူ မတ်တပ်ရပ်သူရပ်၊ ထိုင်သူကထိုင်ချဖြင့် သိပ်မဆိုးလှသည့်နေရာ။ထိုမြေကွက်ရှေ့တွင်တော့ ကိုလိုနီခေတ် လက်ရာမှန်း တန်းသိနိုင်သည့် အနီရောင် နှစ်ထပ်အဆောက်အဦး။

ယင်းအဆောက်အဦး၏ မြေညီထပ် ကော်ရစ်တာမှာ အပွင့်ဖြစ်သော်လည်း မြေကွက်လပ်မှ တက်၍မရအောင် သံဆူးကြိုးများ ကာရံထားသည်။သံဆူးကြိုးပြီးတော့ ကော်ရစ်တာ၊ ကော်ရစ်တာ၏ အနောက်တွင်တော့ ရှေးလက်ရာ ဆင်နားရွက်တံခါး။ဆင်နားရွက်တံခါးကို ဆွဲဖွင့်ဝင်သွားလျှင် တရားခွင်ဟု သိရသည်။

“ဒီသံဆူးကြိုးတွေက ဦးကိုနီ အမှုစစ်ပြီး နောက်ပိုင်းကျမှ လုံခြုံရေးအရ ကာလိုက်တာ” ဟု ကျနော့်မိတ်ဆွေ သတင်းထောက်က ပြောသည်။

တရားရုံးကြီးကတော့ ဟောင်းနွမ်းလို့နေပြီ။သို့သော်၊ ကိုလိုနီခေတ် လက်ရာပီပီ ထုနဲ့ထည်နဲ့မို့ လူရှိန်လောက်အောင် ခန့်ထည်မှုကမပျက်။စစ်အစိုးရလက်ထက်၊ နှစ်လရှည်ကြာ ရိရွဲနေပြီဟုဆိုကြသော ကျနော်တို့၏ တရားရေးမဏ္ဍိုင်ကရော ယခုအခါ မည်သို့ရှိလေသနည်း။လူသတ်ကောင်တို့၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရရှာသော တရားလွှတ်တော် ရှေ့နေ ဦးကိုနီ နှင့် တက္ကစီဆရာ ကိုနေဝင်း တို့အတွက် ပြည်သူတို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၁၅ ရက်။ကြည်လင်း နှင့် အပေါင်းအပါတို့ကို စီရင်ချက်ချပေတော့မည်။နံနက် ၁၀ နာရီတွင် စတင်စစ်ဆေးမည်ဟု မည်သူကပြောလိုက်သလဲတော့မသိ။၁၀ နာရီထိုးခါနီး အချိန်တွင် လူအင်အား ပိုတောင့်တင်းလာသည်။သံဆူးကြိုးနား တိုးလို့ရသလောက် တိုးရပ်ကြပြီး မကြာမီ သံဆူးကြိုးရှေ့ လုံခြုံရေးတာဝန်ကျ ရဲများက နောက်နည်းနည်းပြန်ဆုတ်ပေးရန် မေတ္တာရပ်သည်။၁၀ နာရီထိုးပြီးနောက် မလာသေးသဖြင့် ပြန်ထိုင်သူကထိုင်သည်။

နောက်ထပ်နည်းနည်းအကြာ လာပြီဟုဆိုသဖြင့် ထပ်တိုးကြည့်။ရှေ့ဆုံးတွင် ကြည်လင်း၊ နောက်ဆုံး၌ ဇေယျာဖြိုး။သူတို့၏ မျက်နှာကို ရသလောက်စိုက်ကြည့်မိတော့ စီရင်ချက်ချတော့မည့်အရေး စိတ်လှုပ်ရှားနေပုံမျိုး မတွေ့ရ။သူတို့ကိုမြင်လိုက်ရတာက တစ်မိနစ်တောင်မရှိ။ချက်ချင်းဆိုသလို ဆင်နားရွက်တံခါး၏နောက် ပျောက်သွားကြသည်။

ဆင်နားရွက်တံခါး ပြန်လည်ငြိမ်သက်သွားပြီးနောက်တွင် စီရင်ချက်အပြီးကို စောင့်ရုံသာကျန်တော့သဖြင့် ထိုင်သူထိုင်၊ ထသူထ၊ တရားရုံးနောက်ခံဖြင့် ဆလ်ဖီဆွဲ ဖေ့စ်ဘုတ်တင်သူကတင်ကြ။နာမည်ကျော် ကိုနေမျိုးဇင် ထံ စကားလာပြောသူ မနည်းသလို ဓာတ်ပုံတွဲရိုက်ကြသူလည်း မနည်းလှ။

၁၁ နာရီကျော်တော့ နောက်ထပ် နာမည်ကျော် အင်းစိန်အောင်စိုး ကို ထပ်တွေ့ရသည်။အင်းစိန်အောင်စိုး မှာ ယခုအမှုနှင့် ထိစပ်ခဲ့သူ။သူ၏ အမှန်တရားအပေါ် ရဲဝံ့စွာဖွင့်ချမှုကြောင့်သာ မြင့်ဆွေ လိုလို မြဝတီ၊ မဲဆောက်လိုလိုဖြင့် လမ်းလွဲနေမှုမှသည် ဘုရားသူခိုးနှင့် တပ်မတော်အရာရှိဟောင်းတို့၏ ပူးပေါင်းအကြမ်းဖက်မှုဖြစ်ကြောင်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ထိုသို့သော ရဲဝံ့မှုကြောင့်ပင် အင်းစိန်အောင်စိုး နှင့် ဓာတ်ပုံတွဲရိုက်သူကလည်း မနည်းလှ။

“ဟိုလူတွေကိုရော တွေ့သေးလား” ဟု အနီးရှိ တစ်ဦးက လာမေးတော့ အရိပ်ပြလို့ အကောင်မမြင်သော ကျနော်က မည်သူ့ကို ဆိုလိုမှန်းမသိ။“ဘယ်သူတွေလဲ” ဟု ထပ်မေးတော့ “ထမင်းဝအောင်စားထားဆိုတဲ့ ကောင်တွေ” ဟု ဆိုသည်။

သူမေးမှ သေချာသတိထား လျှောက်ကြည့်တော့ မတွေ့။လူတောတိုးဖို့ရာ မဝံ့သဖြင့် ပေါ်ပေါ်ထင်ထင် လူလုံးမပြတာလည်း ဖြစ်နိုင်သည်။သို့သော်၊ ကျနော့်အနီးတွင်တော့ ကိုကြည်လင်း အတွက် ဘိန်းမုန့်လာပို့တာဆိုသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး။ကြည့်လိုက်တော့ သူ့လက်ထဲတွင် အမှန်တကယ် ဘိန်းမုန့် ၅ ခုမက။ထားတော့။

တရားခွင်အတွင်းသို့ ကြည်လင်း တို့ ဝင်သွားပြီး နောက်ထပ် ၂ နာရီဝန်းကျင်အကြာ ၁၂ နာရီ ၁၅ မိနစ်ခန့်မှသာ ဆင်နားရွက်တံခါး ပွင့်လာသည်။ကြည်လင်း တို့၏ မျက်နှာကို မြင်ရပြီဖြစ်သော်လည်း သူတို့၏မျက်နှာပေါ် တုန်လှုပ်ခြောက်ခြားနေခြင်းမျိုး လုံးဝမတွေ့ရသဖြင့် ကြီးမားသည့်ပြစ်ဒဏ် ချမှတ်ခြင်း မခံရသလိုပင်။တစ်ချက် ရိပ်ခနဲမြင်ရပြီးနောက် အချုပ်ကားပေါ်သို့ တက်သွားသည်။
သတင်းထောက်များမှာ ဓာတ်ပုံနှင့် မူဗီ ရလိုက်တာကလွဲလို့ ပြစ်ဒဏ်မည်မျှ သူတို့လည်းမသိ။အချုပ်ကားထွက်သွားပြီးနောက် နှစ်ဖက်ရှေ့နေများနှင့် တွေ့ချိန်ကျမှ စီရင်ချက်ကို သိရသည်။

ကြည်လင်း မှာ မသေမချင်း ကြိုးကွင်းစွပ် သတ်ရန်နှင့် ထောင်ဒဏ် ၂၃ နှစ်။အောင်ဝင်းဇော် မှာ မသေမချင်း ကြိုးကွင်းစွပ် သတ်စေ စီရင်ချက်။ဇေယျာဖြိုး - အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်။အောင်ဝင်းထွန်း အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်။

မင်္ဂလာဒုံလေဆိပ်လို နိုင်ငံဝင်ပေါက်ရှေ့ ကြေးစားလူသတ်ခဲ့သော ကြည်လင်း လို ဘုရားသူခိုး အကြမ်းဖက်သမားမျိုးကို အထက်ပါပြစ်ဒဏ်မျိုး စီရင်ခြင်းမှာ အားလုံးကမျှော်လင့်ပြီးသားမို့ သိပ်ထူးဆန်းတာရယ်တော့ မဟုတ်။အောင်ဝင်းဇော် လို လူမျိုးအတွက် မသေမချင်း ကြိုးကွင်းစွပ် သတ်စေဆိုသည့် စီရင်ချက်ကိုမူ အားရကျေနပ်မှုရှိသည်ဟုလည်း ကြားရသည်။သို့သော်၊ ထောက်လှမ်းရေးဗိုလ်ကြီး ဘဝမှ အငြိမ်းစားအပေးခံရသူ ဇေယျာဖြိုး အား ၅ နှစ်ပြစ်ဒဏ် စီရင်ချက်မှာ အများဘဝင်မတွေ့သော စီရင်ချက်ဖြစ်သည်။တရားလို ရှေ့နေများက ဇေယျာဖြိုး ကို အမိန့်ချမှတ်မှုအပေါ် ကျေနပ်မှုမရှိ၍ အထက်ရုံးအဆင့်ဆင့်သို့ ရာဇဝတ်ပြင်ဆင်မှု တင်သွင်းမည်ဟု ဆိုသည်။

ဟုတ်ပြီ။ကြည်လင်း နှင့် အောင်ဝင်းဇော် အယူခံအဆင့်ဆင့် ဖြတ်သန်းပြီးနောက် ယခုစီရင်ချက်အတိုင်း မပြောင်းလဲခဲ့သော် မသေမချင်း ကြိုးကွင်းစွပ် သတ်စေ အမိန့်မှာ အမှန်တကယ်ရော လက်တွေ့သက်ရောက်လာနိုင်မလားဆိုသည့် မေးခွန်းကလည်း ရှိလာပြန်သည်။

မသေမချင်း ကြိုးကွင်းစွပ် သတ်စေ ဆိုသည့်စကားမှာ ဖျားလောက်ဖွယ်ရာ ကြောက်မက်ဖွယ် စီရင်ချက်မျိုးဖြစ်သော်လည်း ကြိုးမိန့်ရှိပြီး ကြိုးမပေးသည်မှာ စစ်အစိုးရလက်ထက်ကတည်းကဖြစ်၍ ကြိုးမိန့်သည် သြင်္ကန်အမြောက်ပမာ ကြောက်စရာမပါသကဲ့သို့ပင်။

လွတ်ငြိမ်းချမ်းသာများကရှိသည်။လွတ်ငြိမ်းချမ်းသာ တစ်ခါလာလျှင် သေဒဏ်သမားသည် တစ်ကျွန်းသို့ ပြစ်ဒဏ်လျော့သည်။တစ်ကျွန်းဆိုတာကလည်း အင်္ဂလိပ်အစိုးရလက်ထက်ကသာ အမှန်တကယ် တစ်ကျွန်းပို့ခဲ့ပြီး ဖဆပလ လက်ထက်တွင် မရှိ။အာဏာကို ဗိုလ်နေဝင်း စတင်မြည်းစမ်းခွင့်ရချိန် ၁၉၅၈ ခုနှစ်နှင့် အာဏာရှင်ကြီးအဖြစ် မည်သူ့ကိုမျှ လူမထင်တော့သော ၁၉၆၉ ခုနှစ်တို့တွင် ကိုကိုးကျွန်းစခန်းဟူ၍ နှစ်ကြိမ်ဖွင့်ခဲ့သော်လည်း နိုင်ငံရေးအင်အားစုများကိုသာ နှိပ်စက်ရန် ဖွင့်လှစ်ခြင်းဖြစ်သဖြင့် တစ်ကျွန်းဟုပြောရန် ခက်လှသည်။

ဆိုတော့၊ မြန်မာနိုင်ငံ၌ တစ်ကျွန်းပြစ်ဒဏ်မျိုး ရှိသော်လည်း အမှန်တကယ်ကျွန်းဟူ၍ မရှိ။ထို့ကြောင့် တစ်ကျွန်းပြစ်ဒဏ်ကျသူ ပထမတန်းနှင့် ဒုတိယတန်း အဆင့်ကို ထောင် ၂၅ နှစ်နှင့် တတိယတန်းအဆင့်ကို အနှစ် ၂၀ ဟူ၍ သတ်မှတ်သည်။အထက်မှာ ဆိုထားသလို လွတ်ငြိမ်းချမ်းသာကလည်း မကြာမကြာရှိ၊ မည်သည့်အကျဉ်းသားမဆို ပြစ်ဒဏ်၏ သုံးပုံတစ်ပုံအထိ လျှော့ရက်ကလည်း ရသဖြင့် ထောင်ထဲ ၁၀ နှစ်ခန့် နေရသော တစ်ကျွန်းသမားမှာ ခပ်ရှားရှားဟု ဘဝတစ်သက်တာ ထောင်အရာရှိအဖြစ် ကျင်လည်ခဲ့သော စာရေးဆရာ ရန်အောင်မောင်မောင် က ဆိုသည်။

ထို့ကြောင့် ဆင်ခြင်မှုမရှိ၊ အတိုင်းအထွာမရှိသော လွတ်ငြိမ်းချမ်းသာက လာနေမည်ဆိုလျှင် သေဒဏ်ဆိုသည်မှာ နှစ် ၅၀ နှင့် အထက် ပြစ်ဒဏ်ထက်ပင် သက်သာသေးသည်ဟု ဆိုရမလိုပင်ဖြစ်သည်။ယင်းသို့သော အချက်များအရ လက်တွေ့စီရင်မှုမရှိသော မသေမချင်း ကြိုးကွင်းစွပ် သတ်စေ ဆိုပါက ကြည်လင်း နှင့် အောင်ဝင်းဇော် အတွက် ထိုက်တန်မှုရှိရဲ့လားဟု မေးခွန်းထုတ်ရပေတော့မည်။

နောက်ထပ် မဖြစ်မနေ ဆက်တွေးရမည်မှာ ကြည်လင်း နှင့် အောင်ဝင်းဇော် တို့သည် ငွေရလျှင် လူသတ်သော ကြေးစားအဆင့်မျှသာ ဖြစ်သည်။ဆိုလိုတာက သူတို့တွင် အခြားရည်ရွယ်ချက်မျိုးမပါ။ငွေသာရလျှင် ဦးကိုနီ မှ မဟုတ်၊ အခြား မည်သူ့ကိုမဆို သတ်မည့်သူများဖြစ်သည်။ဆိုလိုတာက ခိုင်း၍လုပ်သော လူသတ်ကောင်များအဆင့်။

ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ သူတို့ကို ခိုင်းစေသူများမှာ တရားခံပြေး ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် နှင့် ဇေယျာဖြိုး။ဇေယျာဖြိုး မှာမူ သေဒဏ်ကျခံနိုင်သော တင်ကူးကြံရွယ် လူသတ်မှုဖြင့် စွဲချက်တင်ခံရသော်လည်း သက်သေမထင်ရှား၍ဟုဆိုကာ ထောင်ဒဏ် ၅ နှစ်သာ ကျသည်။
ထို့ပြင် အောင်ဝင်းခိုင် တို့၏ နောက်တွင်လည်း လက်မည်းကြီးများက ကျိန်းသေပေါက် ရှိနေသေးသည်။

ချုပ်၍ဆိုသော် တရားစီရင်ရေးမဏ္ဍိုုင်က  ကြည်လင်း နှင့် အောင်ဝင်းဇော် တို့အပေါ် ထိရောက်ပြစ်ဒဏ်များ ချမှတ်ပြီးဖြစ်သော်လည်း ယင်းပြစ်ဒဏ်များ လက်တွေ့အသက် ဝင်၊ မဝင် မသေချာသဖြင့် ထိရောက်ပြစ်ဒဏ်ဟု မပြောနိုင်သေးသလို ၎င်းတို့နှစ်ဦးစလုံးမှာ ကိုင်းဖျားကိုင်းနား အဆင့်သာလျှင် ဖြစ်သည်။

ခိုင်းစေသူအဆင့် အောင်ဝင်းခိုင် ကိုပင် အစအန ရှာမတွေ့သေး။ဒါကို နောက်တစ်မျိုးဖွင့်ဆိုရသော် ဦးကိုနီ နှင့် ကိုနေဝင်း အတွက် ကျနော်တို့ တာဝန်မကျေသေးဟု အဓိပ္ပါယ်ထွက်ပေမည်။

လင်းဆက်ငြိမ်းချမ်း
ဖေဖော်ဝါရီ - ၂၇

( Zawgyi )

ေျမာက္ပိုင္းခ႐ိုင္ တရား႐ုံးကိုေရာက္ေတာ့ နံနက္ ၉ နာရီ ခြဲလို႔ေနၿပီ။တစ္ႀကိမ္တစ္ခါမွ် မေရာက္ခဲ့ဖူးသည့္ တရား႐ုံးျဖစ္ေသာ္လည္း မည္သူ႔ကိုမွ် ေမးစရာမလို။လူခပ္မ်ားမ်ား စုဖြဲ႕ေနေသာ ေနရာသည္ မိမိသြားလိုေသာေနရာဟု ယုံၾကည္မႈအရ ကိုယ့္ဘာသာ စူးစမ္းၾကည့္မိသည္။တရား႐ုံးတစ္ပတ္၏ တစ္ဝက္သို႔ မေရာက္ေသးခင္မွာပင္ သိပ္မနည္း သိပ္မမ်ားေသာ လူအုပ္ကို ေတြ႕လိုက္ရသည္။

ထိုလူအုပ္ထဲတြင္ မီဒီယာစာမ်က္ႏွာႏွင့္နီးေသာ ဒီမိုကေရစီအေရး တက္ႂကြလႈပ္ရွားသူအခ်ိဳ႕ကို ျမင္လိုက္ရသျဖင့္ သိပ္ကိုေသခ်ာသြားရသည္။တရား႐ုံးအေဆာက္အဦး ဖြဲ႕စည္းပုံအရ တရား႐ုံးေနာက္ေက်ာဘက္ျခမ္းေနရာ။အတန္ငယ္က်ယ္ေသာ ေျမကြက္လပ္တြင္ သစ္ပင္တို႔ကလည္း အုပ္ဆိုင္းေနသျဖင့္ သူ႔အုပ္စုႏွင့္သူ မတ္တပ္ရပ္သူရပ္၊ ထိုင္သူကထိုင္ခ်ျဖင့္ သိပ္မဆိုးလွသည့္ေနရာ။ထိုေျမကြက္ေရွ႕တြင္ေတာ့ ကိုလိုနီေခတ္ လက္ရာမွန္း တန္းသိႏိုင္သည့္ အနီေရာင္ ႏွစ္ထပ္အေဆာက္အဦး။

ယင္းအေဆာက္အဦး၏ ေျမညီထပ္ ေကာ္ရစ္တာမွာ အပြင့္ျဖစ္ေသာ္လည္း ေျမကြက္လပ္မွ တက္၍မရေအာင္ သံဆူးႀကိဳးမ်ား ကာရံထားသည္။သံဆူးႀကိဳးၿပီးေတာ့ ေကာ္ရစ္တာ၊ ေကာ္ရစ္တာ၏ အေနာက္တြင္ေတာ့ ေရွးလက္ရာ ဆင္နား႐ြက္တံခါး။ဆင္နား႐ြက္တံခါးကို ဆြဲဖြင့္ဝင္သြားလွ်င္ တရားခြင္ဟု သိရသည္။

“ဒီသံဆူးႀကိဳးေတြက ဦးကိုနီ အမႈစစ္ၿပီး ေနာက္ပိုင္းက်မွ လုံၿခဳံေရးအရ ကာလိုက္တာ” ဟု က်ေနာ့္မိတ္ေဆြ သတင္းေထာက္က ေျပာသည္။

တရား႐ုံးႀကီးကေတာ့ ေဟာင္းႏြမ္းလို႔ေနၿပီ။သို႔ေသာ္၊ ကိုလိုနီေခတ္ လက္ရာပီပီ ထုနဲ႔ထည္နဲ႔မို႔ လူရွိန္ေလာက္ေအာင္ ခန႔္ထည္မႈကမပ်က္။စစ္အစိုးရလက္ထက္၊ ႏွစ္လရွည္ၾကာ ရိ႐ြဲေနၿပီဟုဆိုၾကေသာ က်ေနာ္တို႔၏ တရားေရးမ႑ိဳင္ကေရာ ယခုအခါ မည္သို႔ရွိေလသနည္း။လူသတ္ေကာင္တို႔၏ လက္ခ်က္ေၾကာင့္ က်ဆုံးခဲ့ရရွာေသာ တရားလႊတ္ေတာ္ ေရွ႕ေန ဦးကိုနီ ႏွင့္ တကၠစီဆရာ ကိုေနဝင္း တို႔အတြက္ ျပည္သူတို႔ ေရာက္ရွိလာၾကျခင္း ျဖစ္သည္။

၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီ ၁၅ ရက္။ၾကည္လင္း ႏွင့္ အေပါင္းအပါတို႔ကို စီရင္ခ်က္ခ်ေပေတာ့မည္။နံနက္ ၁၀ နာရီတြင္ စတင္စစ္ေဆးမည္ဟု မည္သူကေျပာလိုက္သလဲေတာ့မသိ။၁၀ နာရီထိုးခါနီး အခ်ိန္တြင္ လူအင္အား ပိုေတာင့္တင္းလာသည္။သံဆူးႀကိဳးနား တိုးလို႔ရသေလာက္ တိုးရပ္ၾကၿပီး မၾကာမီ သံဆူးႀကိဳးေရွ႕ လုံၿခဳံေရးတာဝန္က် ရဲမ်ားက ေနာက္နည္းနည္းျပန္ဆုတ္ေပးရန္ ေမတၱာရပ္သည္။၁၀ နာရီထိုးၿပီးေနာက္ မလာေသးသျဖင့္ ျပန္ထိုင္သူကထိုင္သည္။

ေနာက္ထပ္နည္းနည္းအၾကာ လာၿပီဟုဆိုသျဖင့္ ထပ္တိုးၾကည့္။ေရွ႕ဆုံးတြင္ ၾကည္လင္း၊ ေနာက္ဆုံး၌ ေဇယ်ာၿဖိဳး။သူတို႔၏ မ်က္ႏွာကို ရသေလာက္စိုက္ၾကည့္မိေတာ့ စီရင္ခ်က္ခ်ေတာ့မည့္အေရး စိတ္လႈပ္ရွားေနပုံမ်ိဳး မေတြ႕ရ။သူတို႔ကိုျမင္လိုက္ရတာက တစ္မိနစ္ေတာင္မရွိ။ခ်က္ခ်င္းဆိုသလို ဆင္နား႐ြက္တံခါး၏ေနာက္ ေပ်ာက္သြားၾကသည္။

ဆင္နား႐ြက္တံခါး ျပန္လည္ၿငိမ္သက္သြားၿပီးေနာက္တြင္ စီရင္ခ်က္အၿပီးကို ေစာင့္႐ုံသာက်န္ေတာ့သျဖင့္ ထိုင္သူထိုင္၊ ထသူထ၊ တရား႐ုံးေနာက္ခံျဖင့္ ဆလ္ဖီဆြဲ ေဖ့စ္ဘုတ္တင္သူကတင္ၾက။နာမည္ေက်ာ္ ကိုေနမ်ိဳးဇင္ ထံ စကားလာေျပာသူ မနည္းသလို ဓာတ္ပုံတြဲ႐ိုက္ၾကသူလည္း မနည္းလွ။

၁၁ နာရီေက်ာ္ေတာ့ ေနာက္ထပ္ နာမည္ေက်ာ္ အင္းစိန္ေအာင္စိုး ကို ထပ္ေတြ႕ရသည္။အင္းစိန္ေအာင္စိုး မွာ ယခုအမႈႏွင့္ ထိစပ္ခဲ့သူ။သူ၏ အမွန္တရားအေပၚ ရဲဝံ့စြာဖြင့္ခ်မႈေၾကာင့္သာ ျမင့္ေဆြ လိုလို ျမဝတီ၊ မဲေဆာက္လိုလိုျဖင့္ လမ္းလြဲေနမႈမွသည္ ဘုရားသူခိုးႏွင့္ တပ္မေတာ္အရာရွိေဟာင္းတို႔၏ ပူးေပါင္းအၾကမ္းဖက္မႈျဖစ္ေၾကာင္း လမ္းေၾကာင္းမွန္ေပၚသို႔ ေရာက္ရွိလာျခင္းျဖစ္သည္။ထိုသို႔ေသာ ရဲဝံ့မႈေၾကာင့္ပင္ အင္းစိန္ေအာင္စိုး ႏွင့္ ဓာတ္ပုံတြဲ႐ိုက္သူကလည္း မနည္းလွ။

“ဟိုလူေတြကိုေရာ ေတြ႕ေသးလား” ဟု အနီးရွိ တစ္ဦးက လာေမးေတာ့ အရိပ္ျပလို႔ အေကာင္မျမင္ေသာ က်ေနာ္က မည္သူ႔ကို ဆိုလိုမွန္းမသိ။“ဘယ္သူေတြလဲ” ဟု ထပ္ေမးေတာ့ “ထမင္းဝေအာင္စားထားဆိုတဲ့ ေကာင္ေတြ” ဟု ဆိုသည္။

သူေမးမွ ေသခ်ာသတိထား ေလွ်ာက္ၾကည့္ေတာ့ မေတြ႕။လူေတာတိုးဖို႔ရာ မဝံ့သျဖင့္ ေပၚေပၚထင္ထင္ လူလုံးမျပတာလည္း ျဖစ္ႏိုင္သည္။သို႔ေသာ္၊ က်ေနာ့္အနီးတြင္ေတာ့ ကိုၾကည္လင္း အတြက္ ဘိန္းမုန႔္လာပို႔တာဆိုသည့္ အသက္ ၅၀ ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး။ၾကည့္လိုက္ေတာ့ သူ႔လက္ထဲတြင္ အမွန္တကယ္ ဘိန္းမုန႔္ ၅ ခုမက။ထားေတာ့။

တရားခြင္အတြင္းသို႔ ၾကည္လင္း တို႔ ဝင္သြားၿပီး ေနာက္ထပ္ ၂ နာရီဝန္းက်င္အၾကာ ၁၂ နာရီ ၁၅ မိနစ္ခန႔္မွသာ ဆင္နား႐ြက္တံခါး ပြင့္လာသည္။ၾကည္လင္း တို႔၏ မ်က္ႏွာကို ျမင္ရၿပီျဖစ္ေသာ္လည္း သူတို႔၏မ်က္ႏွာေပၚ တုန္လႈပ္ေျခာက္ျခားေနျခင္းမ်ိဳး လုံးဝမေတြ႕ရသျဖင့္ ႀကီးမားသည့္ျပစ္ဒဏ္ ခ်မွတ္ျခင္း မခံရသလိုပင္။တစ္ခ်က္ ရိပ္ခနဲျမင္ရၿပီးေနာက္ အခ်ဳပ္ကားေပၚသို႔ တက္သြားသည္။
သတင္းေထာက္မ်ားမွာ ဓာတ္ပုံႏွင့္ မူဗီ ရလိုက္တာကလြဲလို႔ ျပစ္ဒဏ္မည္မွ် သူတို႔လည္းမသိ။အခ်ဳပ္ကားထြက္သြားၿပီးေနာက္ ႏွစ္ဖက္ေရွ႕ေနမ်ားႏွင့္ ေတြ႕ခ်ိန္က်မွ စီရင္ခ်က္ကို သိရသည္။

ၾကည္လင္း မွာ မေသမခ်င္း ႀကိဳးကြင္းစြပ္ သတ္ရန္ႏွင့္ ေထာင္ဒဏ္ ၂၃ ႏွစ္။ေအာင္ဝင္းေဇာ္ မွာ မေသမခ်င္း ႀကိဳးကြင္းစြပ္ သတ္ေစ စီရင္ခ်က္။ေဇယ်ာၿဖိဳး - အလုပ္ႏွင့္ ေထာင္ဒဏ္ ၅ ႏွစ္။ေအာင္ဝင္းထြန္း အလုပ္ႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္။

မဂၤလာဒုံေလဆိပ္လို ႏိုင္ငံဝင္ေပါက္ေရွ႕ ေၾကးစားလူသတ္ခဲ့ေသာ ၾကည္လင္း လို ဘုရားသူခိုး အၾကမ္းဖက္သမားမ်ိဳးကို အထက္ပါျပစ္ဒဏ္မ်ိဳး စီရင္ျခင္းမွာ အားလုံးကေမွ်ာ္လင့္ၿပီးသားမို႔ သိပ္ထူးဆန္းတာရယ္ေတာ့ မဟုတ္။ေအာင္ဝင္းေဇာ္ လို လူမ်ိဳးအတြက္ မေသမခ်င္း ႀကိဳးကြင္းစြပ္ သတ္ေစဆိုသည့္ စီရင္ခ်က္ကိုမူ အားရေက်နပ္မႈရွိသည္ဟုလည္း ၾကားရသည္။သို႔ေသာ္၊ ေထာက္လွမ္းေရးဗိုလ္ႀကီး ဘဝမွ အၿငိမ္းစားအေပးခံရသူ ေဇယ်ာၿဖိဳး အား ၅ ႏွစ္ျပစ္ဒဏ္ စီရင္ခ်က္မွာ အမ်ားဘဝင္မေတြ႕ေသာ စီရင္ခ်က္ျဖစ္သည္။တရားလို ေရွ႕ေနမ်ားက ေဇယ်ာၿဖိဳး ကို အမိန႔္ခ်မွတ္မႈအေပၚ ေက်နပ္မႈမရွိ၍ အထက္႐ုံးအဆင့္ဆင့္သို႔ ရာဇဝတ္ျပင္ဆင္မႈ တင္သြင္းမည္ဟု ဆိုသည္။

ဟုတ္ၿပီ။ၾကည္လင္း ႏွင့္ ေအာင္ဝင္းေဇာ္ အယူခံအဆင့္ဆင့္ ျဖတ္သန္းၿပီးေနာက္ ယခုစီရင္ခ်က္အတိုင္း မေျပာင္းလဲခဲ့ေသာ္ မေသမခ်င္း ႀကိဳးကြင္းစြပ္ သတ္ေစ အမိန႔္မွာ အမွန္တကယ္ေရာ လက္ေတြ႕သက္ေရာက္လာႏိုင္မလားဆိုသည့္ ေမးခြန္းကလည္း ရွိလာျပန္သည္။

မေသမခ်င္း ႀကိဳးကြင္းစြပ္ သတ္ေစ ဆိုသည့္စကားမွာ ဖ်ားေလာက္ဖြယ္ရာ ေၾကာက္မက္ဖြယ္ စီရင္ခ်က္မ်ိဳးျဖစ္ေသာ္လည္း ႀကိဳးမိန႔္ရွိၿပီး ႀကိဳးမေပးသည္မွာ စစ္အစိုးရလက္ထက္ကတည္းကျဖစ္၍ ႀကိဳးမိန႔္သည္ ၾသကၤန္အေျမာက္ပမာ ေၾကာက္စရာမပါသကဲ့သို႔ပင္။

လြတ္ၿငိမ္းခ်မ္းသာမ်ားကရွိသည္။လြတ္ၿငိမ္းခ်မ္းသာ တစ္ခါလာလွ်င္ ေသဒဏ္သမားသည္ တစ္ကြၽန္းသို႔ ျပစ္ဒဏ္ေလ်ာ့သည္။တစ္ကြၽန္းဆိုတာကလည္း အဂၤလိပ္အစိုးရလက္ထက္ကသာ အမွန္တကယ္ တစ္ကြၽန္းပို႔ခဲ့ၿပီး ဖဆပလ လက္ထက္တြင္ မရွိ။အာဏာကို ဗိုလ္ေနဝင္း စတင္ျမည္းစမ္းခြင့္ရခ်ိန္ ၁၉၅၈ ခုႏွစ္ႏွင့္ အာဏာရွင္ႀကီးအျဖစ္ မည္သူ႔ကိုမွ် လူမထင္ေတာ့ေသာ ၁၉၆၉ ခုႏွစ္တို႔တြင္ ကိုကိုးကြၽန္းစခန္းဟူ၍ ႏွစ္ႀကိမ္ဖြင့္ခဲ့ေသာ္လည္း ႏိုင္ငံေရးအင္အားစုမ်ားကိုသာ ႏွိပ္စက္ရန္ ဖြင့္လွစ္ျခင္းျဖစ္သျဖင့္ တစ္ကြၽန္းဟုေျပာရန္ ခက္လွသည္။

ဆိုေတာ့၊ ျမန္မာႏိုင္ငံ၌ တစ္ကြၽန္းျပစ္ဒဏ္မ်ိဳး ရွိေသာ္လည္း အမွန္တကယ္ကြၽန္းဟူ၍ မရွိ။ထို႔ေၾကာင့္ တစ္ကြၽန္းျပစ္ဒဏ္က်သူ ပထမတန္းႏွင့္ ဒုတိယတန္း အဆင့္ကို ေထာင္ ၂၅ ႏွစ္ႏွင့္ တတိယတန္းအဆင့္ကို အႏွစ္ ၂၀ ဟူ၍ သတ္မွတ္သည္။အထက္မွာ ဆိုထားသလို လြတ္ၿငိမ္းခ်မ္းသာကလည္း မၾကာမၾကာရွိ၊ မည္သည့္အက်ဥ္းသားမဆို ျပစ္ဒဏ္၏ သုံးပုံတစ္ပုံအထိ ေလွ်ာ့ရက္ကလည္း ရသျဖင့္ ေထာင္ထဲ ၁၀ ႏွစ္ခန႔္ ေနရေသာ တစ္ကြၽန္းသမားမွာ ခပ္ရွားရွားဟု ဘဝတစ္သက္တာ ေထာင္အရာရွိအျဖစ္ က်င္လည္ခဲ့ေသာ စာေရးဆရာ ရန္ေအာင္ေမာင္ေမာင္ က ဆိုသည္။

ထို႔ေၾကာင့္ ဆင္ျခင္မႈမရွိ၊ အတိုင္းအထြာမရွိေသာ လြတ္ၿငိမ္းခ်မ္းသာက လာေနမည္ဆိုလွ်င္ ေသဒဏ္ဆိုသည္မွာ ႏွစ္ ၅၀ ႏွင့္ အထက္ ျပစ္ဒဏ္ထက္ပင္ သက္သာေသးသည္ဟု ဆိုရမလိုပင္ျဖစ္သည္။ယင္းသို႔ေသာ အခ်က္မ်ားအရ လက္ေတြ႕စီရင္မႈမရွိေသာ မေသမခ်င္း ႀကိဳးကြင္းစြပ္ သတ္ေစ ဆိုပါက ၾကည္လင္း ႏွင့္ ေအာင္ဝင္းေဇာ္ အတြက္ ထိုက္တန္မႈရွိရဲ႕လားဟု ေမးခြန္းထုတ္ရေပေတာ့မည္။

ေနာက္ထပ္ မျဖစ္မေန ဆက္ေတြးရမည္မွာ ၾကည္လင္း ႏွင့္ ေအာင္ဝင္းေဇာ္ တို႔သည္ ေငြရလွ်င္ လူသတ္ေသာ ေၾကးစားအဆင့္မွ်သာ ျဖစ္သည္။ဆိုလိုတာက သူတို႔တြင္ အျခားရည္႐ြယ္ခ်က္မ်ိဳးမပါ။ေငြသာရလွ်င္ ဦးကိုနီ မွ မဟုတ္၊ အျခား မည္သူ႔ကိုမဆို သတ္မည့္သူမ်ားျဖစ္သည္။ဆိုလိုတာက ခိုင္း၍လုပ္ေသာ လူသတ္ေကာင္မ်ားအဆင့္။

ျပည္ထဲေရးဝန္ႀကီးဌာန၏ အဆိုအရ သူတို႔ကို ခိုင္းေစသူမ်ားမွာ တရားခံေျပး ဒုဗိုလ္မႉးႀကီးေဟာင္း ေအာင္ဝင္းခိုင္ ႏွင့္ ေဇယ်ာၿဖိဳး။ေဇယ်ာၿဖိဳး မွာမူ ေသဒဏ္က်ခံႏိုင္ေသာ တင္ကူးႀကံ႐ြယ္ လူသတ္မႈျဖင့္ စြဲခ်က္တင္ခံရေသာ္လည္း သက္ေသမထင္ရွား၍ဟုဆိုကာ ေထာင္ဒဏ္ ၅ ႏွစ္သာ က်သည္။
ထို႔ျပင္ ေအာင္ဝင္းခိုင္ တို႔၏ ေနာက္တြင္လည္း လက္မည္းႀကီးမ်ားက က်ိန္းေသေပါက္ ရွိေနေသးသည္။

ခ်ဳပ္၍ဆိုေသာ္ တရားစီရင္ေရးမ႑ိဳုင္က  ၾကည္လင္း ႏွင့္ ေအာင္ဝင္းေဇာ္ တို႔အေပၚ ထိေရာက္ျပစ္ဒဏ္မ်ား ခ်မွတ္ၿပီးျဖစ္ေသာ္လည္း ယင္းျပစ္ဒဏ္မ်ား လက္ေတြ႕အသက္ ဝင္၊ မဝင္ မေသခ်ာသျဖင့္ ထိေရာက္ျပစ္ဒဏ္ဟု မေျပာႏိုင္ေသးသလို ၎တို႔ႏွစ္ဦးစလုံးမွာ ကိုင္းဖ်ားကိုင္းနား အဆင့္သာလွ်င္ ျဖစ္သည္။

ခိုင္းေစသူအဆင့္ ေအာင္ဝင္းခိုင္ ကိုပင္ အစအန ရွာမေတြ႕ေသး။ဒါကို ေနာက္တစ္မ်ိဳးဖြင့္ဆိုရေသာ္ ဦးကိုနီ ႏွင့္ ကိုေနဝင္း အတြက္ က်ေနာ္တို႔ တာဝန္မေက်ေသးဟု အဓိပၸါယ္ထြက္ေပမည္။

လင္းဆက္ၿငိမ္းခ်မ္း
ေဖေဖာ္ဝါရီ - ၂၇