【 ဆောင်းပါး 】 "ဆန္ဒဖော်ပြ ကျောင်းသားများနောက်ကွယ်မှ လက်မည်းကြီးများ"

【 ဆောင်းပါး 】 "ဆန္ဒဖော်ပြ ကျောင်းသားများနောက်ကွယ်မှ လက်မည်းကြီးများ"

မြန်မာပြည်သူများသည် ကျောင်းသားများကို လွန်စွာတန်ဖိုးထားကြပါသည်။ အင်္ဂလိပ်လက်အောက်ကျရောက်နေသည့် နိုင်ငံကို တက္ကသိုလ်ကျောင်းစာသင်ခန်းကို စွန့်လွှတ်၍ စစ်ရေး၊ နိုင်ငံရေးထဲသို့ ခြေစုံပစ်ဝင်လျက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် ကျောင်းသားလူငယ်များ၏ ကျေးဇူးဖြစ်ကြောင်း နားလည်ကြပါသည်။ ကျေးဇူးတင် တန်ဖိုးထားကြပါသည်။

အင်္ဂလိပ်အစိုးရ တည်ထောင်ဖွင့်လှစ်ပေးခဲ့သော ရန်ကုန်တက္ကသိုလ်တွင်ကျင့်သုံးမည့် တက္ကသိုလ်အက်ဥပဒေသည် မြန်မာအများစု အထူးသဖြင့် ငွေကြေးမတတ်နိုင်သည့် မြန်မာများအား တက္ကသိုလ်ပညာသင်ယူခွင့်မရစေရန် ပြဌာန်းထား၍ မြန်မာတက္ကသိုလ်ကျောင်းသားများက ပထမတက္ကသိုလ်ကျောင်းသားသပိတ်ကို မှောက်ခဲ့ကြပါသည်။ တက္ကသိုလ်ကျောင်းသာသမဂ္ဂသည် တက္ကသိုလ်ကို စီမံခန့်ခွဲနေသည့် တက္ကသိုလ်ဆီနိတ်အဖွဲ့၏ မလျော်မကန်လုပ်ဆောင်မှုများကို ဟန့်တားခြင်း၊ တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်းမှ တဆင့် သရော်လှောင်ပြောင်ခြင်း၊ တိုင်းပြည်ပြန်လည်လွတ်မြောက်ရေးဆိုင်ရာ အလုပ်များကို လုပ်ဆောင်ခဲ့ကြခြင်းစသည့် အလွန်ကောင်းမွန်သည့် အစဉ်အလာများရှိခဲ့ပါသည်။

၁၉၆၂ နောက်ပိုင်း စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန် ကြိုးပမ်းကြရာတွင် ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင်ပွဲများတိုင်းလိုလို ကျောင်းသားများပါဝင်ခဲ့ကြပါသည်။ သို့သော် ၁၉၆၂ ဇူလိုင် ၇ အရေးအခင်းအပြီး ကျောင်းသားအသင်းအဖွဲ့များ မရှိတော့ပါ။ သို့သော် တကသ၊ ဗကသ အဖွဲ့များ မရှိစေကာမူ ကျောင်းသားများသည် တာဝန်ကျေပွန်ကြပါသည်။ ၁၉၈၈ အရေးအခင်းနှင့်အတူ၊ မင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ၈၈ ကျောင်းသားလူငယ်များ ပေါ်ပေါက်တာပါသည်။ ၈၈ တွင် လူထုရင်ထဲထိုးဖောက်ဝင်ရောက်ခဲ့သူများအနက် အထင်ရှားဆုံးက ဒေါ်အောင်ဆန်းစုကြည်၊ ထိုနောက် မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ဦးဝင်းတင်တို့ဖြစ်ကြပါသည်။ တခြားထင်ရှားသူများ လူထုရင်ကို ထိခတ်စေသူများ များစွာရှိပါသေးသည်။ အသင်းအဖွဲ့ အမည်နာမ သည် သာမည၊ လူ၏ လုပ်ရပ်၊ ဦးတည်ချက်နှင့် စေတနာမှန်ကန်ပါက ကျောင်းသားဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ လူထုက တန်ဖိုးထားကြပါသည်။

၂၀၁၀ ပါတီစုံရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်လက်ထက်တွင် ကျောင်းသားသမဂ္ဂများကို တရားဝင်ဖွဲ့စည်းခွင့်မပေးခဲ့သေးပါ။ သို့သော် ကျောင်းသားလုပ်ရှားမှုများကားရှိနေဆဲဖြစ်ပါသည်။ ထိုအချိန်တွင် ထင်ရှားလာသည့်ကျောင်းသားခေါင်းဆောင်မှာ ကျော်ကိုကိုဖြစ်ပါသည်။ ဦးသိန်းစိန်လက်ထက်တွင်လည်း ကျောင်းသားဆန္ဒပြပွဲများ (သို့မဟုတ်) ဆန္ဒဖော်ထုတ်မှုများ အခါအားလျော်စွာဖြစ်ပေါ်ခဲ့ပါသည်။ အထင်ရှားဆုံးကား ဦးသိန်းစိန်လက်ထက်တွင် ပြဌာန်းမည့် ပညာရေးဥပဒေကို ပြင်ဆင်ပေးရန် ကျောင်းသားများ ဘက်က အချက် (၁၁) ချက်တောင်းဆိုခဲ့ပါသည်။ ဦးသိန်းစိန်အစိုးရက ကျောင်းသားများ၏ တောင်းဆိုမှုကို မလိုက်နာဘဲ ပြဌာန်းခဲ့ပါသည်။ သို့ဖြင့် ကျောင်းသားများဆန္ဒဖော်ထုတ်မှုဖြစ်ပေါ်ခဲ့ပါသည်။ ကျောင်းသားများသည် မအူပင်မှ ရန်ကုန်ထိ လမ်းလျှောက်ချီတက်လာရာ လက်ပံတန်းတွင် တားဆီးခံရပါသည်။

လက်ပံတန်းသပိတ်စခန်းတွင် ဟိုဘက် သည်ဘက် အပြန်အလှန် ပြောကြဆိုကြ ညှိနှိုင်းကြပါသည်။ သို့သော် နောက်ဆုံးတွင် လက်ပံတန်း သပိတ်စခန်းမှ ကျောင်းသားများအား လုံထိန်းများ၊ စွမ်းအားရှင် ခေါ် လက်ပတ်နီများက အကြမ်းဖက်ရိုက်နှက်ဖြိုခွဲခဲ့ကြပါသည်။ ရန်ကုန်မြို့တော်ခန်းမရှေ့တွင်လည်း ကျောင်းသားများအား လုံထိန်းများနှင့် လက်ပတ်နီများက အကြမ်းဖက်ဖြိုခွဲခဲ့ပါသည်။ ထိုစဉ်က ကျောင်းသားများဘက်တွင် လူထုနှင့် ဒီချုပ်ပါတီရှိနေပါသည်။ အစိုးရဘက်က ကျောင်းသားများအား ဒီချုပ်က မြှောက်ပေးနေတာဟု စွပ်စွဲကြောင်း ဒီချုပ်တချို့ထံမှ ကြားသိရပါသည်။

ယခု ဒီချုပ်အစိုးရလက်ထက်ရောက်လာပါပြီ။ ဒီချုပ်အစိုးရလက်ထက်တွင် ကျောင်းသားသမဂ္ဂများကို ဖွဲ့ခွင့်ပြုခဲ့ပါသည်။ သို့ဖြင့် ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများပေါ်ပေါက်လာပါသည်။ ဒီချုပ်အစိုးရလက်ထက်တွင်လည်း ကျောင်းသားများ မကြာခဏဆန္ဒဖော်ထုတ်ကြပြန်ပါသည်။ ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲများသို့ ရံဖန်ရံခါ သွားရောက်နားထောင်ဖြစ်သည့်အခါ ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တဦးကို မေးမြန်းဖူးပါသည်။ အဆိုပါလွှတ်တော်ကိုယ်စားလှယ်သည် လွှတ်တော်တွင် ဖွဲ့စည်းထားသည့်ပညာရေးဆိုင်ရာကော်မတီတွင် ပါဝင်ဆောင်ရွက်နေသူဖြစ်ပါသည်။ သူက ဒီချုပ်ပါတီနှင့် အစိုးရကို နှောင့်ယှက်နေသည့် အဖွဲ့အစည်းများ၏ ဆုံမှတ်သည် ပညာရေးဖြစ်နေကြောင်း၊ ထို့ကြောင်း ပညာရေးပလက်ဖောင်းပေါ်တက်၍ နည်းမျိုးစုံဖြင့် ပါတီ၊ လွှတ်တော်နှင့် အစိုးရကို နှောင့်ယှက်နေကြသည်ဟု ဆိုပါသည်။

ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တုန်းကလည်း တက္ကသိုလ်ကျောင်းသားသမဂ္ဂထဲတွင် ဗကပနောက်ခံကျောင်းသားများ၊ ထိုခေတ်က ပါတီများနောက်ခံကျောင်းသားများပါနေသည်ဟု ဆိုကာ ကျောင်းသားသမဂ္ဂကို မျက်မုန်းကျိုးခဲ့ပါသည်။ နောက်ဆုံး ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖောက်ခွဲပစ်သည်ထိလုပ်ဆောင်ခဲ့ပါသည်။ စစ်အာဏာရှင်များလက်ထက်တွင်လည်း ကျောင်းသားများအား မျက်မုန်းကျိုးခဲ့ပါသည။ ၈၈ မျိုးဆက်များ မည်သည့်နေရာပြေးပြေး ရအောင်ဖမ်းဆီးခဲ့ကြပါသည်။ ကျောင်းသားထုကို တတ်စွမ်သမျှ ဖြိုခွဲ ဖိနှိပ်ခဲ့ပါသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း၊ လမ်းပေါ်ထွက်ထွက်လာသော ကျောင်းသားများအား ဒီချုပ်က မြှောက်ပေးနေသည်ဟု ယူဆခဲ့သည်ဟု ကြားသိရပြန်ပါသည်။ ယခုဒီချုပ်အမတ်ကလည်း ကျောင်းသားများကို တချို့အဖွဲ့အစည်းများက အသုံးချနေသည်ဟု ဆိုပြန်ပါသည်။

ဒီချုပ်အစိုးရလက်ထက်တွင် ကွဲပြားလာသည်မှာ ယခင်က ကျောင်းသားများလမ်းပေါ်ထွက်လာသည်ကို အမြဲထောက်ခံရပ်တည်ခဲ့သူများ အုပ်စုကွဲသွားခြင်းဖြစ်ပါသည်။ ဒီချုပ်အစိုးရလက်ထက်တွင် လမ်းပေါ်ထွက်လာသည့် ကျောင်းသားများအား အပြစ်တင်ဝေဖန်သူများနှင့် ဆက်လက်ထောက်ခံမြဲထောက်ခံနေသူများဟူ၍ နှစ်စုကွဲလာပါသည်။ စာရေးသူသည် ဖခင်က စစ်မှုထမ်းဖြစ်သောကြောင့် ထောက်လှမ်းရေးတပ်အဖွဲ့တချို့ကို အနီးကပ်မြင်တွေ့ဖူးပါသည်။ တဖန် ဝန်ထမ်းဘဝတွင် ၈၈ အရေးအခင်းနောက်ပိုင်း ရန်ကုန်တက္ကသိုလ်နှင့် တခြားတက္ကသိုလ်ကောလိပ်များတွင် ထောက်လှမ်းရေးက ကျောင်းသား ဆရာ အသွင်ယူစေလျက် သွတ်သွင်းထားသူတချို့ကို တွေ့မြင်ခဲ့ရပါသည်။

သမိုင်းအဓိကယူပြီး တက္ကသိုလ်လာတက်နေသည့် ကျောင်းသူတဦးသည် ပညာသင်နှစ် တနှစ်ပြီးဆုံးသော်လည်း၊ နောက်နှစ်တွင် ကျောင်းလာမတက်တော့ပါ။ သို့သော် စာတစောင် ဒေါက်တာသန်းထွန်းထံရောက်လာပါသည်။ စာမှာ သူသည် နေ့စဉ် ဒေါက်တာသန်းထွန်းအကြောင်းကို အထက်သို့ အစီရင်ခံစာ( Report) ရေးရချိန်တွင် ခံစားရသည့် စိတ်ဆင်းရဲမှုကို သည်းမခံနိုင်၍ ကျောင်းမတက်တော့ကြောင်း ဆရာ့ကို ကန်တော့တောင်းပန်ထားသည့်စာဖြစ်ပါသည်။ ဒေါက်တာသန်းထွန်းက ထိုအကြောင်းကို သူနှင့်ခင်မင်သူများအား ပြန်ပြောပြခဲ့ပါသည်။ ငါရေးချင်တဲ့ငါ့အကြောင်းစာအုပ်တွင် ဖော်ပြခဲ့သလား မမှတ်မိပါ။

နောက်တယောက်ကတော့ ကျွန်မကိုယ်တွေ့ဖြစ်ပါသည်။ ကျွန်မတို့ တက္ကသိုလ်စာကြည့်တိုက်များသည် တနှစ်တကြိမ် စာအုပ်ငှားခွင့်လက်မှတ်များကို အသစ်ထုတ်ပေးရပါသည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးနှစ်ပြီး၍ ကျောင်းထွက်သွားမည့် ကျောင်းသားများ စာငှားကတ်အဟောင်းဖြင့် မငှားနို်ငစေရန် ဖြစ်ပါသည်။ ထိုစာငှားကတ်ဟောင်းများဖြင့် ကျောင်းသားဟောင်းက လာငှားသည်ဖြစ်စေ၊ တခြားတယောက်ယောက်က လာငှားသည်ဖြစ်စေ၊ စာအုပ်ပြန်မအပ်ပါက ပြန်တောင်းရန် မလွယ်သောကြောင့်ဖြစ်ပါသည်။ သို့ဖြင့် ပညာသင်နှစ်အလိုက်ထုတ်ပေးသည့် စာအုပ်ငှားခွင့်လက်မှတ်များအား တနှစ်တကြိမ် အရောင်ပြောင်းထားပါသည်။ ကတ်ပြားပေါ်မှ ပညာသင်နှစ်ကို ဝန်ထမ်းက ဖတ်ရှုသိရှိသည်ထက် အရောင်မြင်သည်နှင့် ကတ်ဟောင်း ကတ်သစ် သိစေရန် ယခုနှစ် အပြာဆိုပါက နောက်နစ် အစိမ်း စသဖြင့် အရောင်ပြောင်းပေးပါသည်။ ထိုစဉ်က ကွန်ပျူတာစနစ်မသုံးသေးပါ။ တနေ့တွင် စာငှားကောင်တာမှ ဝန်ထမ်းက ကျွန်မကို လာအကြောင်းကြားပါသည်။

စာငှားကောင်တာတွင် ဆရာတယောက် ကတ်ဟောင်းဖြင့် စာအုပ်လာငှားနေသည်။ မငှားပေးသဖြင့် ပြဿနာလုပ်နေသည်တဲ့။ ကျွန်မလည်း စာငှားဌာနသို့ သွားပါသည်။ လူလတ်ပိုင်းအရွယ်ဆရာကို တွေ့ရပါသည်။ သူ့လက်ထဲမှ စာငှားခွင့်သည် လွန်ခဲ့သော ၃ နှစ်ခန့်ကထုတ်ပေးထားသည့် ကတ်ဖြစ်နေပါသည်။ တက္ကသိုလ်ဆရာ အစစ်တယောက်အတွက် စာငှားကတ်ပြား တနှစ်တကြိမ်လဲရကြောင်းကောင်းစွာသိကြပါသည်။ ထိုဆရာပုံက ကျွန်မဖခင် စစ်ဆင်ရေးထွက်ပြီး ပြန်ရောက်လာချိန်မြင်တွေ့ရသည့် ပုံစံဖြစ်နေပါသည်။ အင်း စစ်ဗိုလ်ထဲက ဝင်လာတဲ့ ဆဲလ်ထင်ပါရဲ့ဟု ကျွန်မတွေးရင်း ဆရာ ရန်ကုန်တက္ကသိုလ်ကို ပြန်မရောက်ခင် ဘယ် တက္ကသိုလ်ကောလိပ်မှာ တာဝန်ကျနေတာလဲ မေးသော် အိုးတိုးအမ်းတမ်း ဘာမှ ရေရေရာရာ ပြန်မဖြေနိုင်။ တက္ကသိုလ်ဆရာတိုင်း တနှစ်တခါ ကတ်ပြားလဲရတယ်ဆိုတာ သိကြပါတယ်၊ ဆရာ့ကတ်က လွန်ခဲ့တဲ့ ၃နှစ်က ထုတ်ပေးထားတဲ့ ကပ်ပါ ဟု ကျွန်မဆက်ပြောမှ တောင်းပန်ပြီး ပြန်သွားပါသည်။

သည်ဖြစ်စဉ်များကြောင့် ခေတ်အဆက်ဆက် ကျောင်းသားထု ဆရာထုကြားတွင် အဖွဲ့အသီးသီးက သွတ်သွင်းထားသူများ ( ဆဲလ်များ) သေချာပေါက်ရှိကြပါသည်။ ထိုသူများသည် ရိုးသားသော ကျောင်းသားများ၊ ဆရာများကြားတွင် အမြဲရှိနေကြပါသည်။ အစစ်အမှန် ကျောင်းသားအရေး ဆရာ ဆရာမအရေး လုပ်ဆောင်သူများအနေဖြင့် ကြိုတင်မဲဖြင့်တက်လာသည်ဟု ဆိုနိုင်သော အရပ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရခေတ်တွင် လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ကြသည်ကို လက်ခံနိုင်ပါသည်။ သို့သော် လက်ရှိ ဒီချုပ်အစိုးရသည် ပြည်သူပေးသည့်မဲဖြင့် တက်လာသည့် အစိုးရဖြစ်ပါသည်။ နိုင်ငံခြားသားအစိုးရမဟုတ်သကဲ့သို့၊ စစ်အာဏာရှင်အစိုးရလည်း မဟုတ်ပေ။ ဤသို့သော အစိုးရလက်ထက်တွင် ထစ်ခနဲရှိ လမ်းမပေါ်ထွက် ခွပ်ဒေါင်းအလံထောင်အော်သည့် ဆန္ဒဖော်ထုတ်ပုံမျိုးကား တခုခု လွဲချော်နေသည်ဟု ယူဆပါသည်။ တိုင်းပြည်နှင့် လူမျိုးကို ထိခိုက်စေသည့် ပြဿနာမျိုးကို ဆန္ဒဖော်ထုတ်ရန် ခွပ်ဒေါင်းအလံထောင်၍ လမ်းမပေါ်တက်လာခြင်းအား ကြိုဆိုပါသည်။ ထောက်ခံပါသည်။ ဒီချုပ်အစိုးရလက်ထက်တွင် တရားဝင် သမဂ္ဂများဖွဲ့ခွင့်ပြုခဲ့သည်။ အစိုးရ၊ လွှတ်တော်နှင့် ဒီချုပ်ပါတီနှင့် ပတ်သက်သော မကျေနပ်ချက်များ၊ လက်မခံနိုင်သော အချက်များကို စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်ဖြေရှင်းနည်းဖြင့် မဖြေရှင်းနိုင်ကြဘူးလား။

စာရေးသူတွင် တက္ကသိုလ်တက်နေဆဲ တူ၊ တူမလေးများရှိပါသည်။ သူတို့ကို ယုံကြည်ရာလုပ်ပါ။ မှန်မှန်ကန်ကန် ရိုးရိုးသားသားလုပ်ပါဟု ပြောထားပါသည်။ သမဂ္ဂမဝင်ရ။ နိုင်ငံရေးမလုပ်ရဟု တားမြစ်မထားပါ။ သူတို့ကျောင်းတွင် ဆန္ဒဖော်ထုတ်မှုဖြစ်ပေါ်၍ မေးမြန်းကြည့်တိုင်း၊ ကြီးကြီးတို့ပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်လို မဟုတ်ပါဘူး။ ဘာတွေမှန်းမသိဘူး။ သူတို့က ဆန္ဒဖော်ထုတ်နေတုန်းမှာပဲ ဖုန်းတွေဆက်ဆက်ပြီး ဘာဆက်လုပ်ရမလဲ မေးနေတာဟု ပြန်ကြားရသည့် အခါမျိုးလည်းကြုံခဲ့ရပါသည်။ သည်တော့ ကျိန်းသေသည်မှာ ကျောင်းသားထု၊ ဆရာထုထဲတွင် အမွေးခံတချို့ရှိနေသည်။

ဒီချုပ်ပါတီသည် အစိုးရ မဖွဲ့နိုင်မီတုန်းက ကျောင်းသားအဖွဲ့အစည်းများနှင့် မဟာမိတ်ဖြစ်ခဲ့ပါသည်။ တနိုင်ငံလုံးကို စည်းရုံးနိုင်၍သာ မဲပုံအောရခဲ့သည့် ပါတီဖြစ်ပါသည်။ ဒီချုပ်ပါတီ အာဏာရလာချိန်တွင် ဆန္ဒဖော်ထုတ်သူများထဲ၌ အမွေးခံ ကျောင်းသားများ၊ ကြိုးကိုင်အဖွဲ့များရှိနေပါက၊ တရားဝင်ဖော်ပြပြီး စစ်မှန်သော ကျောင်းသားထုနှင့် ရန်သူသဖွယ် အသွင်မ‌ဆောင်စေလိုပါ။ ဒီချုပ်အစိုးရ၏ အတွင်းစည်းတွင် မည်သည့် အခက်အခဲများရှိကြောင်း ပြည်သူတဦးအနေဖြင့် မသိနို်ငသော်လည်း၊ ပညာရေးနှင့် ပတ်သက်၍ဖြစ်စေ၊ အလုပ်သမားအရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ ဒီချုပ်ဘက်က တုန့်ပြန်ဖြေရှင်းမှု အလွန်ကြန့်ကြာပါသည်။ ဖြစ်လာသော ပြဿနာများအား အချိန်နှင့်တပြေးညီဖြေရှင်းထုတ်လိုက်ပါက၊ အစိုးရလည်း သိက္ခာမကျပါ။ လုပ်ရည်ကိုင်ရည်ရှိကြောင်းပြသရာလည်းရောက်ပါသည်။ ယခုကား မရှူနိုင် မကယ်နိုင် အခြေအနေ ရောက်မှ ပါမောက္ခချုပ်ကို တင်ဒါစည်းမျဉ်း မလိုက်နာဆိုကာ အလုပ်မှ အနားပေးခဲ့ပေသည်။ သို့ဆိုပါက တိုင်းဒေသကြီးပြည်နယ် ဝန်ချုပ် သိန်းတထောင်တန်လုပ်ငန်းကို တင်ဒါမခေါ်ဘဲ လုပ်ဆောင်ခဲ့စေကာမူ ၊ မည်သည့်အရေးယူခြင်းမှ မခံရသည်မှာ ထိုတိုင်းဒေသကြီးပြည်နယ် မှကျောင်းသားများ လမ်းပေါ်မထွက်၍ တင်ဒါစည်းမျဉ်းကို မလိုက်နာသည့် ဝန်ချုပ်ကား အရေးယူမခံရဆိုလျှင် တရားမျှ တစွာ စီမံခန့်ခွဲသည့် အစိုးရ မမည်တော့ပေ။ ဒီချုပ်အစိုးရအနေဖြင့် သပ်လျှိုဝင်လာသူ ကျောင်းသားများ၊ ကျောင်းသားအယောင်ဆောင်များအား ရှင်းလင်းဖော်ထုတ်ပါ။ ကျောင်းသားထုတောင်းတိုင်း လိုက်လျောရမည်ဟု မဆိုလိုပါ။ မလိုက်လျောနိုင်ပါက ဘာကြောင့် မလိုက်လျောနိုင်ကြောင်း အချိန်နှင့်တပြေးညီ တုန့်ပြန်ပေးသင့်ပါသည်။

မတ်လကုန်ထိ စာသင်ရမည့် စီမံချက်ပျက်သွားပါပြီ။ နောက်ဆုံး အစိုးရဘက်က လျော့ပေးလိုက်ရပါသည်။ သို့သော် အစိုးရဘက်က လျော့ပေးလိုက်ပြီး နောက်နေ့တွင် ဆန္ဒဆက်ဖော်ထုတ်သူများ၊ ကျောင်းခန်းကို သိမ်းပိုက်မည်ဆိုသော ကျောင်းသူတို့ ပေါ်ပေါက်လာပြန်ပါသည်။ ကျောင်းသား ၃ ဦးကို ငြိမ်းစုစီ ဥပဒေဖြင့် အရေးယူလိုက်ပါသည်။ ပညာရေးကာလိပ် စာသင်ခန်းများထဲထိ ဝင်ရောက်စည်းရုံးရေးဆင်းသူများအားလုံး ကျောင်းသားမဟုတ်သူများ ဆိုသော ပို့စ်များလည်းတက်လာပါသည်။ ပို့စ်အတုတင်ရန် အလွန်လွယ်သော ယနေ့ခေတ်တွင် ကျောင်းသား အတု၊ အစစ် ခွဲခြားဖော်ထုတ်ရန် အစိုးရတာဝန်သာဖြစ်ပါသည်။

ကျောင်းသား၊ ပါတီ၊ လွှတ်တော်နှင့် အစိုးရ ကြားတွင် လက်မည်းကြီးများအား ပူးပေါင်းဖော်ထုတ်ခြင်းဖြင့် သမိုင်းအစဉ်အလာကြီးသည့် ခွပ်ဒေါင်းအလံတန်ဖိုးကို ဆက်လက်ထိန်းသိမ်းပေးကြပါ။ ကျောင်းသားထုနှင့် ဒီမိုကရေစီအင်အားစု ကြားမှ မဟာမိတ်အဖြစ် လက်တွဲထားမှု မပျက်ပြယ်ပါစေနှင့်ဟု ဆန္ဒပြုပါသည်။

ခင်နှင်းဦး
ဖေဖော်ဝါရီ - ၈

( Zawgyi )

ျမန္မာျပည္သူမ်ားသည္ ေက်ာင္းသားမ်ားကို လြန္စြာတန္ဖိုးထားၾကပါသည္။ အဂၤလိပ္လက္ေအာက္က်ေရာက္ေနသည့္ ႏိုင္ငံကို တကၠသိုလ္ေက်ာင္းစာသင္ခန္းကို စြန႔္လႊတ္၍ စစ္ေရး၊ ႏိုင္ငံေရးထဲသို႔ ေျခစုံပစ္ဝင္လ်က္ ႀကိဳးပမ္းေဆာင္႐ြက္ေပးခဲ့ၾကေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအမႉးျပဳသည့္ ေက်ာင္းသားလူငယ္မ်ား၏ ေက်းဇူးျဖစ္ေၾကာင္း နားလည္ၾကပါသည္။ ေက်းဇူးတင္ တန္ဖိုးထားၾကပါသည္။

အဂၤလိပ္အစိုးရ တည္ေထာင္ဖြင့္လွစ္ေပးခဲ့ေသာ ရန္ကုန္တကၠသိုလ္တြင္က်င့္သုံးမည့္ တကၠသိုလ္အက္ဥပေဒသည္ ျမန္မာအမ်ားစု အထူးသျဖင့္ ေငြေၾကးမတတ္ႏိုင္သည့္ ျမန္မာမ်ားအား တကၠသိုလ္ပညာသင္ယူခြင့္မရေစရန္ ျပဌာန္းထား၍ ျမန္မာတကၠသိုလ္ေက်ာင္းသားမ်ားက ပထမတကၠသိုလ္ေက်ာင္းသားသပိတ္ကို ေမွာက္ခဲ့ၾကပါသည္။ တကၠသိုလ္ေက်ာင္းသာသမဂၢသည္ တကၠသိုလ္ကို စီမံခန႔္ခြဲေနသည့္ တကၠသိုလ္ဆီနိတ္အဖြဲ႕၏ မေလ်ာ္မကန္လုပ္ေဆာင္မႈမ်ားကို ဟန႔္တားျခင္း၊ တကၠသိုလ္ေက်ာင္းတိုက္မဂၢဇင္းမွ တဆင့္ သေရာ္ေလွာင္ေျပာင္ျခင္း၊ တိုင္းျပည္ျပန္လည္လြတ္ေျမာက္ေရးဆိုင္ရာ အလုပ္မ်ားကို လုပ္ေဆာင္ခဲ့ၾကျခင္းစသည့္ အလြန္ေကာင္းမြန္သည့္ အစဥ္အလာမ်ားရွိခဲ့ပါသည္။

၁၉၆၂ ေနာက္ပိုင္း စစ္အာဏာရွင္စနစ္ကို တိုက္ဖ်က္ရန္ ႀကိဳးပမ္းၾကရာတြင္ ျဖစ္ပြားခဲ့သည့္ အစိုးရဆန႔္က်င္ပြဲမ်ားတိုင္းလိုလို ေက်ာင္းသားမ်ားပါဝင္ခဲ့ၾကပါသည္။ သို႔ေသာ္ ၁၉၆၂ ဇူလိုင္ ၇ အေရးအခင္းအၿပီး ေက်ာင္းသားအသင္းအဖြဲ႕မ်ား မရွိေတာ့ပါ။ သို႔ေသာ္ တကသ၊ ဗကသ အဖြဲ႕မ်ား မရွိေစကာမူ ေက်ာင္းသားမ်ားသည္ တာဝန္ေက်ပြန္ၾကပါသည္။ ၁၉၈၈ အေရးအခင္းႏွင့္အတူ၊ မင္းကိုႏိုင္၊ ကိုကိုႀကီး အစရွိသည့္ ၈၈ ေက်ာင္းသားလူငယ္မ်ား ေပၚေပါက္တာပါသည္။ ၈၈ တြင္ လူထုရင္ထဲထိုးေဖာက္ဝင္ေရာက္ခဲ့သူမ်ားအနက္ အထင္ရွားဆုံးက ေဒၚေအာင္ဆန္းစုၾကည္၊ ထိုေနာက္ မင္းကိုႏိုင္၊ ကိုကိုႀကီးႏွင့္ ဦးဝင္းတင္တို႔ျဖစ္ၾကပါသည္။ တျခားထင္ရွားသူမ်ား လူထုရင္ကို ထိခတ္ေစသူမ်ား မ်ားစြာရွိပါေသးသည္။ အသင္းအဖြဲ႕ အမည္နာမ သည္ သာမည၊ လူ၏ လုပ္ရပ္၊ ဦးတည္ခ်က္ႏွင့္ ေစတနာမွန္ကန္ပါက ေက်ာင္းသားျဖစ္ေစ၊ ႏိုင္ငံေရးသမားျဖစ္ေစ လူထုက တန္ဖိုးထားၾကပါသည္။

၂၀၁၀ ပါတီစုံေ႐ြးေကာက္ပြဲအၿပီး သမၼတဦးသိန္းစိန္လက္ထက္တြင္ ေက်ာင္းသားသမဂၢမ်ားကို တရားဝင္ဖြဲ႕စည္းခြင့္မေပးခဲ့ေသးပါ။ သို႔ေသာ္ ေက်ာင္းသားလုပ္ရွားမႈမ်ားကားရွိေနဆဲျဖစ္ပါသည္။ ထိုအခ်ိန္တြင္ ထင္ရွားလာသည့္ေက်ာင္းသားေခါင္းေဆာင္မွာ ေက်ာ္ကိုကိုျဖစ္ပါသည္။ ဦးသိန္းစိန္လက္ထက္တြင္လည္း ေက်ာင္းသားဆႏၵျပပြဲမ်ား (သို႔မဟုတ္) ဆႏၵေဖာ္ထုတ္မႈမ်ား အခါအားေလ်ာ္စြာျဖစ္ေပၚခဲ့ပါသည္။ အထင္ရွားဆုံးကား ဦးသိန္းစိန္လက္ထက္တြင္ ျပဌာန္းမည့္ ပညာေရးဥပေဒကို ျပင္ဆင္ေပးရန္ ေက်ာင္းသားမ်ား ဘက္က အခ်က္ (၁၁) ခ်က္ေတာင္းဆိုခဲ့ပါသည္။ ဦးသိန္းစိန္အစိုးရက ေက်ာင္းသားမ်ား၏ ေတာင္းဆိုမႈကို မလိုက္နာဘဲ ျပဌာန္းခဲ့ပါသည္။ သို႔ျဖင့္ ေက်ာင္းသားမ်ားဆႏၵေဖာ္ထုတ္မႈျဖစ္ေပၚခဲ့ပါသည္။ ေက်ာင္းသားမ်ားသည္ မအူပင္မွ ရန္ကုန္ထိ လမ္းေလွ်ာက္ခ်ီတက္လာရာ လက္ပံတန္းတြင္ တားဆီးခံရပါသည္။

လက္ပံတန္းသပိတ္စခန္းတြင္ ဟိုဘက္ သည္ဘက္ အျပန္အလွန္ ေျပာၾကဆိုၾက ညႇိႏႈိင္းၾကပါသည္။ သို႔ေသာ္ ေနာက္ဆုံးတြင္ လက္ပံတန္း သပိတ္စခန္းမွ ေက်ာင္းသားမ်ားအား လုံထိန္းမ်ား၊ စြမ္းအားရွင္ ေခၚ လက္ပတ္နီမ်ားက အၾကမ္းဖက္႐ိုက္ႏွက္ၿဖိဳခြဲခဲ့ၾကပါသည္။ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္လည္း ေက်ာင္းသားမ်ားအား လုံထိန္းမ်ားႏွင့္ လက္ပတ္နီမ်ားက အၾကမ္းဖက္ၿဖိဳခြဲခဲ့ပါသည္။ ထိုစဥ္က ေက်ာင္းသားမ်ားဘက္တြင္ လူထုႏွင့္ ဒီခ်ဳပ္ပါတီရွိေနပါသည္။ အစိုးရဘက္က ေက်ာင္းသားမ်ားအား ဒီခ်ဳပ္က ေျမႇာက္ေပးေနတာဟု စြပ္စြဲေၾကာင္း ဒီခ်ဳပ္တခ်ိဳ႕ထံမွ ၾကားသိရပါသည္။

ယခု ဒီခ်ဳပ္အစိုးရလက္ထက္ေရာက္လာပါၿပီ။ ဒီခ်ဳပ္အစိုးရလက္ထက္တြင္ ေက်ာင္းသားသမဂၢမ်ားကို ဖြဲ႕ခြင့္ျပဳခဲ့ပါသည္။ သို႔ျဖင့္ ေက်ာင္းသားသမဂၢမ်ား၊ ဆရာသမဂၢမ်ားေပၚေပါက္လာပါသည္။ ဒီခ်ဳပ္အစိုးရလက္ထက္တြင္လည္း ေက်ာင္းသားမ်ား မၾကာခဏဆႏၵေဖာ္ထုတ္ၾကျပန္ပါသည္။ ပညာေရးဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲမ်ားသို႔ ရံဖန္ရံခါ သြားေရာက္နားေထာင္ျဖစ္သည့္အခါ ထိုျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ လႊတ္ေတာ္ကိုယ္စားလွယ္တဦးကို ေမးျမန္းဖူးပါသည္။ အဆိုပါလႊတ္ေတာ္ကိုယ္စားလွယ္သည္ လႊတ္ေတာ္တြင္ ဖြဲ႕စည္းထားသည့္ပညာေရးဆိုင္ရာေကာ္မတီတြင္ ပါဝင္ေဆာင္႐ြက္ေနသူျဖစ္ပါသည္။ သူက ဒီခ်ဳပ္ပါတီႏွင့္ အစိုးရကို ေႏွာင့္ယွက္ေနသည့္ အဖြဲ႕အစည္းမ်ား၏ ဆုံမွတ္သည္ ပညာေရးျဖစ္ေနေၾကာင္း၊ ထို႔ေၾကာင္း ပညာေရးပလက္ေဖာင္းေပၚတက္၍ နည္းမ်ိဳးစုံျဖင့္ ပါတီ၊ လႊတ္ေတာ္ႏွင့္ အစိုးရကို ေႏွာင့္ယွက္ေနၾကသည္ဟု ဆိုပါသည္။

ဗိုလ္ခ်ဳပ္ေနဝင္း၏ ေတာ္လွန္ေရးေကာင္စီအစိုးရလက္ထက္တုန္းကလည္း တကၠသိုလ္ေက်ာင္းသားသမဂၢထဲတြင္ ဗကပေနာက္ခံေက်ာင္းသားမ်ား၊ ထိုေခတ္က ပါတီမ်ားေနာက္ခံေက်ာင္းသားမ်ားပါေနသည္ဟု ဆိုကာ ေက်ာင္းသားသမဂၢကို မ်က္မုန္းက်ိဳးခဲ့ပါသည္။ ေနာက္ဆုံး ေက်ာင္းသားသမဂၢအေဆာက္အအုံကို ေဖာက္ခြဲပစ္သည္ထိလုပ္ေဆာင္ခဲ့ပါသည္။ စစ္အာဏာရွင္မ်ားလက္ထက္တြင္လည္း ေက်ာင္းသားမ်ားအား မ်က္မုန္းက်ိဳးခဲ့ပါသည။ ၈၈ မ်ိဳးဆက္မ်ား မည္သည့္ေနရာေျပးေျပး ရေအာင္ဖမ္းဆီးခဲ့ၾကပါသည္။ ေက်ာင္းသားထုကို တတ္စြမ္သမွ် ၿဖိဳခြဲ ဖိႏွိပ္ခဲ့ပါသည္။ ဦးသိန္းစိန္အစိုးရလက္ထက္တြင္လည္း၊ လမ္းေပၚထြက္ထြက္လာေသာ ေက်ာင္းသားမ်ားအား ဒီခ်ဳပ္က ေျမႇာက္ေပးေနသည္ဟု ယူဆခဲ့သည္ဟု ၾကားသိရျပန္ပါသည္။ ယခုဒီခ်ဳပ္အမတ္ကလည္း ေက်ာင္းသားမ်ားကို တခ်ိဳ႕အဖြဲ႕အစည္းမ်ားက အသုံးခ်ေနသည္ဟု ဆိုျပန္ပါသည္။

ဒီခ်ဳပ္အစိုးရလက္ထက္တြင္ ကြဲျပားလာသည္မွာ ယခင္က ေက်ာင္းသားမ်ားလမ္းေပၚထြက္လာသည္ကို အၿမဲေထာက္ခံရပ္တည္ခဲ့သူမ်ား အုပ္စုကြဲသြားျခင္းျဖစ္ပါသည္။ ဒီခ်ဳပ္အစိုးရလက္ထက္တြင္ လမ္းေပၚထြက္လာသည့္ ေက်ာင္းသားမ်ားအား အျပစ္တင္ေဝဖန္သူမ်ားႏွင့္ ဆက္လက္ေထာက္ခံၿမဲေထာက္ခံေနသူမ်ားဟူ၍ ႏွစ္စုကြဲလာပါသည္။ စာေရးသူသည္ ဖခင္က စစ္မႈထမ္းျဖစ္ေသာေၾကာင့္ ေထာက္လွမ္းေရးတပ္အဖြဲ႕တခ်ိဳ႕ကို အနီးကပ္ျမင္ေတြ႕ဖူးပါသည္။ တဖန္ ဝန္ထမ္းဘဝတြင္ ၈၈ အေရးအခင္းေနာက္ပိုင္း ရန္ကုန္တကၠသိုလ္ႏွင့္ တျခားတကၠသိုလ္ေကာလိပ္မ်ားတြင္ ေထာက္လွမ္းေရးက ေက်ာင္းသား ဆရာ အသြင္ယူေစလ်က္ သြတ္သြင္းထားသူတခ်ိဳ႕ကို ေတြ႕ျမင္ခဲ့ရပါသည္။

သမိုင္းအဓိကယူၿပီး တကၠသိုလ္လာတက္ေနသည့္ ေက်ာင္းသူတဦးသည္ ပညာသင္ႏွစ္ တႏွစ္ၿပီးဆုံးေသာ္လည္း၊ ေနာက္ႏွစ္တြင္ ေက်ာင္းလာမတက္ေတာ့ပါ။ သို႔ေသာ္ စာတေစာင္ ေဒါက္တာသန္းထြန္းထံေရာက္လာပါသည္။ စာမွာ သူသည္ ေန႔စဥ္ ေဒါက္တာသန္းထြန္းအေၾကာင္းကို အထက္သို႔ အစီရင္ခံစာ( Report) ေရးရခ်ိန္တြင္ ခံစားရသည့္ စိတ္ဆင္းရဲမႈကို သည္းမခံႏိုင္၍ ေက်ာင္းမတက္ေတာ့ေၾကာင္း ဆရာ့ကို ကန္ေတာ့ေတာင္းပန္ထားသည့္စာျဖစ္ပါသည္။ ေဒါက္တာသန္းထြန္းက ထိုအေၾကာင္းကို သူႏွင့္ခင္မင္သူမ်ားအား ျပန္ေျပာျပခဲ့ပါသည္။ ငါေရးခ်င္တဲ့ငါ့အေၾကာင္းစာအုပ္တြင္ ေဖာ္ျပခဲ့သလား မမွတ္မိပါ။

ေနာက္တေယာက္ကေတာ့ ကြၽန္မကိုယ္ေတြ႕ျဖစ္ပါသည္။ ကြၽန္မတို႔ တကၠသိုလ္စာၾကည့္တိုက္မ်ားသည္ တႏွစ္တႀကိမ္ စာအုပ္ငွားခြင့္လက္မွတ္မ်ားကို အသစ္ထုတ္ေပးရပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ေနာက္ဆုံးႏွစ္ၿပီး၍ ေက်ာင္းထြက္သြားမည့္ ေက်ာင္းသားမ်ား စာငွားကတ္အေဟာင္းျဖင့္ မငွားႏို္ငေစရန္ ျဖစ္ပါသည္။ ထိုစာငွားကတ္ေဟာင္းမ်ားျဖင့္ ေက်ာင္းသားေဟာင္းက လာငွားသည္ျဖစ္ေစ၊ တျခားတေယာက္ေယာက္က လာငွားသည္ျဖစ္ေစ၊ စာအုပ္ျပန္မအပ္ပါက ျပန္ေတာင္းရန္ မလြယ္ေသာေၾကာင့္ျဖစ္ပါသည္။ သို႔ျဖင့္ ပညာသင္ႏွစ္အလိုက္ထုတ္ေပးသည့္ စာအုပ္ငွားခြင့္လက္မွတ္မ်ားအား တႏွစ္တႀကိမ္ အေရာင္ေျပာင္းထားပါသည္။ ကတ္ျပားေပၚမွ ပညာသင္ႏွစ္ကို ဝန္ထမ္းက ဖတ္ရႈသိရွိသည္ထက္ အေရာင္ျမင္သည္ႏွင့္ ကတ္ေဟာင္း ကတ္သစ္ သိေစရန္ ယခုႏွစ္ အျပာဆိုပါက ေနာက္နစ္ အစိမ္း စသျဖင့္ အေရာင္ေျပာင္းေပးပါသည္။ ထိုစဥ္က ကြန္ပ်ဴတာစနစ္မသုံးေသးပါ။ တေန႔တြင္ စာငွားေကာင္တာမွ ဝန္ထမ္းက ကြၽန္မကို လာအေၾကာင္းၾကားပါသည္။

စာငွားေကာင္တာတြင္ ဆရာတေယာက္ ကတ္ေဟာင္းျဖင့္ စာအုပ္လာငွားေနသည္။ မငွားေပးသျဖင့္ ျပႆနာလုပ္ေနသည္တဲ့။ ကြၽန္မလည္း စာငွားဌာနသို႔ သြားပါသည္။ လူလတ္ပိုင္းအ႐ြယ္ဆရာကို ေတြ႕ရပါသည္။ သူ႔လက္ထဲမွ စာငွားခြင့္သည္ လြန္ခဲ့ေသာ ၃ ႏွစ္ခန႔္ကထုတ္ေပးထားသည့္ ကတ္ျဖစ္ေနပါသည္။ တကၠသိုလ္ဆရာ အစစ္တေယာက္အတြက္ စာငွားကတ္ျပား တႏွစ္တႀကိမ္လဲရေၾကာင္းေကာင္းစြာသိၾကပါသည္။ ထိုဆရာပုံက ကြၽန္မဖခင္ စစ္ဆင္ေရးထြက္ၿပီး ျပန္ေရာက္လာခ်ိန္ျမင္ေတြ႕ရသည့္ ပုံစံျဖစ္ေနပါသည္။ အင္း စစ္ဗိုလ္ထဲက ဝင္လာတဲ့ ဆဲလ္ထင္ပါရဲ႕ဟု ကြၽန္မေတြးရင္း ဆရာ ရန္ကုန္တကၠသိုလ္ကို ျပန္မေရာက္ခင္ ဘယ္ တကၠသိုလ္ေကာလိပ္မွာ တာဝန္က်ေနတာလဲ ေမးေသာ္ အိုးတိုးအမ္းတမ္း ဘာမွ ေရေရရာရာ ျပန္မေျဖႏိုင္။ တကၠသိုလ္ဆရာတိုင္း တႏွစ္တခါ ကတ္ျပားလဲရတယ္ဆိုတာ သိၾကပါတယ္၊ ဆရာ့ကတ္က လြန္ခဲ့တဲ့ ၃ႏွစ္က ထုတ္ေပးထားတဲ့ ကပ္ပါ ဟု ကြၽန္မဆက္ေျပာမွ ေတာင္းပန္ၿပီး ျပန္သြားပါသည္။

သည္ျဖစ္စဥ္မ်ားေၾကာင့္ ေခတ္အဆက္ဆက္ ေက်ာင္းသားထု ဆရာထုၾကားတြင္ အဖြဲ႕အသီးသီးက သြတ္သြင္းထားသူမ်ား ( ဆဲလ္မ်ား) ေသခ်ာေပါက္ရွိၾကပါသည္။ ထိုသူမ်ားသည္ ႐ိုးသားေသာ ေက်ာင္းသားမ်ား၊ ဆရာမ်ားၾကားတြင္ အၿမဲရွိေနၾကပါသည္။ အစစ္အမွန္ ေက်ာင္းသားအေရး ဆရာ ဆရာမအေရး လုပ္ေဆာင္သူမ်ားအေနျဖင့္ ႀကိဳတင္မဲျဖင့္တက္လာသည္ဟု ဆိုႏိုင္ေသာ အရပ္သားတစ္ပိုင္း ဦးသိန္းစိန္အစိုးရေခတ္တြင္ လမ္းေပၚထြက္ ဆႏၵေဖာ္ထုတ္ၾကသည္ကို လက္ခံႏိုင္ပါသည္။ သို႔ေသာ္ လက္ရွိ ဒီခ်ဳပ္အစိုးရသည္ ျပည္သူေပးသည့္မဲျဖင့္ တက္လာသည့္ အစိုးရျဖစ္ပါသည္။ ႏိုင္ငံျခားသားအစိုးရမဟုတ္သကဲ့သို႔၊ စစ္အာဏာရွင္အစိုးရလည္း မဟုတ္ေပ။ ဤသို႔ေသာ အစိုးရလက္ထက္တြင္ ထစ္ခနဲရွိ လမ္းမေပၚထြက္ ခြပ္ေဒါင္းအလံေထာင္ေအာ္သည့္ ဆႏၵေဖာ္ထုတ္ပုံမ်ိဳးကား တခုခု လြဲေခ်ာ္ေနသည္ဟု ယူဆပါသည္။ တိုင္းျပည္ႏွင့္ လူမ်ိဳးကို ထိခိုက္ေစသည့္ ျပႆနာမ်ိဳးကို ဆႏၵေဖာ္ထုတ္ရန္ ခြပ္ေဒါင္းအလံေထာင္၍ လမ္းမေပၚတက္လာျခင္းအား ႀကိဳဆိုပါသည္။ ေထာက္ခံပါသည္။ ဒီခ်ဳပ္အစိုးရလက္ထက္တြင္ တရားဝင္ သမဂၢမ်ားဖြဲ႕ခြင့္ျပဳခဲ့သည္။ အစိုးရ၊ လႊတ္ေတာ္ႏွင့္ ဒီခ်ဳပ္ပါတီႏွင့္ ပတ္သက္ေသာ မေက်နပ္ခ်က္မ်ား၊ လက္မခံႏိုင္ေသာ အခ်က္မ်ားကို စားပြဲဝိုင္းတြင္ မ်က္ႏွာခ်င္းဆိုင္ေျဖရွင္းနည္းျဖင့္ မေျဖရွင္းႏိုင္ၾကဘူးလား။

စာေရးသူတြင္ တကၠသိုလ္တက္ေနဆဲ တူ၊ တူမေလးမ်ားရွိပါသည္။ သူတို႔ကို ယုံၾကည္ရာလုပ္ပါ။ မွန္မွန္ကန္ကန္ ႐ိုး႐ိုးသားသားလုပ္ပါဟု ေျပာထားပါသည္။ သမဂၢမဝင္ရ။ ႏိုင္ငံေရးမလုပ္ရဟု တားျမစ္မထားပါ။ သူတို႔ေက်ာင္းတြင္ ဆႏၵေဖာ္ထုတ္မႈျဖစ္ေပၚ၍ ေမးျမန္းၾကည့္တိုင္း၊ ႀကီးႀကီးတို႔ေျပာတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ေခတ္လို မဟုတ္ပါဘူး။ ဘာေတြမွန္းမသိဘူး။ သူတို႔က ဆႏၵေဖာ္ထုတ္ေနတုန္းမွာပဲ ဖုန္းေတြဆက္ဆက္ၿပီး ဘာဆက္လုပ္ရမလဲ ေမးေနတာဟု ျပန္ၾကားရသည့္ အခါမ်ိဳးလည္းႀကဳံခဲ့ရပါသည္။ သည္ေတာ့ က်ိန္းေသသည္မွာ ေက်ာင္းသားထု၊ ဆရာထုထဲတြင္ အေမြးခံတခ်ိဳ႕ရွိေနသည္။

ဒီခ်ဳပ္ပါတီသည္ အစိုးရ မဖြဲ႕ႏိုင္မီတုန္းက ေက်ာင္းသားအဖြဲ႕အစည္းမ်ားႏွင့္ မဟာမိတ္ျဖစ္ခဲ့ပါသည္။ တႏိုင္ငံလုံးကို စည္း႐ုံးႏိုင္၍သာ မဲပုံေအာရခဲ့သည့္ ပါတီျဖစ္ပါသည္။ ဒီခ်ဳပ္ပါတီ အာဏာရလာခ်ိန္တြင္ ဆႏၵေဖာ္ထုတ္သူမ်ားထဲ၌ အေမြးခံ ေက်ာင္းသားမ်ား၊ ႀကိဳးကိုင္အဖြဲ႕မ်ားရွိေနပါက၊ တရားဝင္ေဖာ္ျပၿပီး စစ္မွန္ေသာ ေက်ာင္းသားထုႏွင့္ ရန္သူသဖြယ္ အသြင္မ‌ေဆာင္ေစလိုပါ။ ဒီခ်ဳပ္အစိုးရ၏ အတြင္းစည္းတြင္ မည္သည့္ အခက္အခဲမ်ားရွိေၾကာင္း ျပည္သူတဦးအေနျဖင့္ မသိႏို္ငေသာ္လည္း၊ ပညာေရးႏွင့္ ပတ္သက္၍ျဖစ္ေစ၊ အလုပ္သမားအေရးႏွင့္ ပတ္သက္၍ ျဖစ္ေစ၊ ဒီခ်ဳပ္ဘက္က တုန႔္ျပန္ေျဖရွင္းမႈ အလြန္ၾကန႔္ၾကာပါသည္။ ျဖစ္လာေသာ ျပႆနာမ်ားအား အခ်ိန္ႏွင့္တေျပးညီေျဖရွင္းထုတ္လိုက္ပါက၊ အစိုးရလည္း သိကၡာမက်ပါ။ လုပ္ရည္ကိုင္ရည္ရွိေၾကာင္းျပသရာလည္းေရာက္ပါသည္။ ယခုကား မရႉႏိုင္ မကယ္ႏိုင္ အေျခအေန ေရာက္မွ ပါေမာကၡခ်ဳပ္ကို တင္ဒါစည္းမ်ဥ္း မလိုက္နာဆိုကာ အလုပ္မွ အနားေပးခဲ့ေပသည္။ သို႔ဆိုပါက တိုင္းေဒသႀကီးျပည္နယ္ ဝန္ခ်ဳပ္ သိန္းတေထာင္တန္လုပ္ငန္းကို တင္ဒါမေခၚဘဲ လုပ္ေဆာင္ခဲ့ေစကာမူ ၊ မည္သည့္အေရးယူျခင္းမွ မခံရသည္မွာ ထိုတိုင္းေဒသႀကီးျပည္နယ္ မွေက်ာင္းသားမ်ား လမ္းေပၚမထြက္၍ တင္ဒါစည္းမ်ဥ္းကို မလိုက္နာသည့္ ဝန္ခ်ဳပ္ကား အေရးယူမခံရဆိုလွ်င္ တရားမွ် တစြာ စီမံခန႔္ခြဲသည့္ အစိုးရ မမည္ေတာ့ေပ။ ဒီခ်ဳပ္အစိုးရအေနျဖင့္ သပ္လွ်ိဳဝင္လာသူ ေက်ာင္းသားမ်ား၊ ေက်ာင္းသားအေယာင္ေဆာင္မ်ားအား ရွင္းလင္းေဖာ္ထုတ္ပါ။ ေက်ာင္းသားထုေတာင္းတိုင္း လိုက္ေလ်ာရမည္ဟု မဆိုလိုပါ။ မလိုက္ေလ်ာႏိုင္ပါက ဘာေၾကာင့္ မလိုက္ေလ်ာႏိုင္ေၾကာင္း အခ်ိန္ႏွင့္တေျပးညီ တုန႔္ျပန္ေပးသင့္ပါသည္။

မတ္လကုန္ထိ စာသင္ရမည့္ စီမံခ်က္ပ်က္သြားပါၿပီ။ ေနာက္ဆုံး အစိုးရဘက္က ေလ်ာ့ေပးလိုက္ရပါသည္။ သို႔ေသာ္ အစိုးရဘက္က ေလ်ာ့ေပးလိုက္ၿပီး ေနာက္ေန႔တြင္ ဆႏၵဆက္ေဖာ္ထုတ္သူမ်ား၊ ေက်ာင္းခန္းကို သိမ္းပိုက္မည္ဆိုေသာ ေက်ာင္းသူတို႔ ေပၚေပါက္လာျပန္ပါသည္။ ေက်ာင္းသား ၃ ဦးကို ၿငိမ္းစုစီ ဥပေဒျဖင့္ အေရးယူလိုက္ပါသည္။ ပညာေရးကာလိပ္ စာသင္ခန္းမ်ားထဲထိ ဝင္ေရာက္စည္း႐ုံးေရးဆင္းသူမ်ားအားလုံး ေက်ာင္းသားမဟုတ္သူမ်ား ဆိုေသာ ပို႔စ္မ်ားလည္းတက္လာပါသည္။ ပို႔စ္အတုတင္ရန္ အလြန္လြယ္ေသာ ယေန႔ေခတ္တြင္ ေက်ာင္းသား အတု၊ အစစ္ ခြဲျခားေဖာ္ထုတ္ရန္ အစိုးရတာဝန္သာျဖစ္ပါသည္။

ေက်ာင္းသား၊ ပါတီ၊ လႊတ္ေတာ္ႏွင့္ အစိုးရ ၾကားတြင္ လက္မည္းႀကီးမ်ားအား ပူးေပါင္းေဖာ္ထုတ္ျခင္းျဖင့္ သမိုင္းအစဥ္အလာႀကီးသည့္ ခြပ္ေဒါင္းအလံတန္ဖိုးကို ဆက္လက္ထိန္းသိမ္းေပးၾကပါ။ ေက်ာင္းသားထုႏွင့္ ဒီမိုကေရစီအင္အားစု ၾကားမွ မဟာမိတ္အျဖစ္ လက္တြဲထားမႈ မပ်က္ျပယ္ပါေစႏွင့္ဟု ဆႏၵျပဳပါသည္။

ခင္ႏွင္းဦး
ေဖေဖာ္ဝါရီ - ၈