【 ဆောင်းပါး 】 တန်ဖိုးထားရမယ့်အနာဂတ်…

【 ဆောင်းပါး 】 တန်ဖိုးထားရမယ့်အနာဂတ်…

စိုးရိမ်စိတ်များနဲ့အတူ ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်တစားစောင့်ကြည့်ခဲ့၊ ရင်သပ်ရှုမောစေခဲ့တဲ့ ဖြစ်စဉ်တစ်ခု လွန်ခဲ့တဲ့ ခြောက်လကျော်ကာလတုန်းက ဖြစ်ခဲ့၊ ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း သမ်လောင်ဂူကို ဇွန်လနှောင်းပိုင်းတုန်းက လေ့လာဖို့ ဝင်ရောက်သွားရာကနေ ပိတ်မိခဲ့တဲ့ ‘တောဝက်’ ဘောလုံးအသင်းက ကလေးငယ် ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြဖြစ်သူတို့ကို ကယ်တင်ခဲ့တဲ့ ဖြစ်စဉ်ပါ။အဲဒီနေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို နေ့ညမနား ဆက်တိုက်ဆောင်ရွက်ခဲ့ပါတယ်။တောင်ကိုဖောက်ပြီး ကယ်ဖို့ကြိုးစားချက်၊ ပိတ်မိသူတွေကို လချီကြာ ရေကူးသင်တန်းပေးပြီး ကယ်ဆယ်မယ့် စီမံချက်တို့ အပါအဝင် ကလေးငယ်များ ကယ်တင်ရေးအပေါ် အာရုံစူးစိုက်မှုများက အားတက်ဖွယ်ဖြစ်ပါတယ်။အဲဒီနေရာကို မိုင်းဖုန်းဆရာတော် ကိုယ်တိုင်လည်း နှစ်ကြိမ်တိုင်တိုင် ကြွရောက်ခဲ့ပါတယ်။ဆုတောင်းမှုပြုပေးသလို အားပေးစကားတွေလည်း မိန့်ကြားခဲ့ပါတယ်။ဝန်ကြီးချုပ်ကိုယ်တိုင်လည်း လာရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။လှိုဏ်ဂူအတွင်း ပိတ်မိပြီး ၁၇ ရက်အကြာမှာတော့ သူတို့ရဲ့ နည်းပြ အပါအဝင် ကလေးငယ်အားလုံးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။

စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြတဲ့ ကမ္ဘာတစ်ဝန်းက လူအများဟာလည်း ထိုအချိန်မှသာ သက်ပြင်းမောကို ချနိုင်ပါတော့တယ်။တော်တော်လေး စွန့်စားကယ်တင်ခဲ့ရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ပိတ်မိကလေးငယ်တွေကို ရှာဖွေရေး၊ ကယ်တင်ရေး လုပ်ငန်းစဉ်မှာ နိုင်ငံခြားသား အတတ်ပညာရှင်များ ပါဝင်ခဲ့သလို မြန်မာ အပါအဝင် အနီးအဝေး နိုင်ငံများကလည်း ပူးပေါင်းကူညီမှုတွေ ပြုခဲ့ကြပါတယ်။လှိုဏ်ဂူတွင်းက ကယ်တင်ရေးဖြစ်စဉ်အပြီး ခြောက်လအကြာဖြစ်တဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း နောက်ထပ်အတုယူဖွယ် ရှာဖွေရေး ဖြစ်စဉ်တစ်ခု ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်ခဲ့ပြန်ပါတယ်။

ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင် စဖန်လန်ကျေးရွာက ဧက ၁၀၀၀ ခန့် ကျယ်ဝန်းတဲ့ ကြံစိုက်ခင်းအတွင်း ဒီဇင်ဘာ ၁၇ ရက်က နှစ်နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး ပျောက်ဆုံးခဲ့မှုအပေါ် ထိုင်းအာဏာပိုင်တို့ဘက်က အားသွန်စိုက်ကာ ရှာဖွေပေးခဲ့တဲ့ ဖြစ်စဉ်ပါ။ထိုင်းအာဏာပိုင်တို့က ရဟတ်ယာဉ်တွေ၊ ဆင်တွေ၊ အနံ့ခံစစ်ခွေးတွေနဲ့ အင်အားသုံးရှာဖွေခဲ့သလို အဲဒီကြံတောအနီးမှာရှိတဲ့ ရေကန်ကြီးအတွင်းမှာလည်း အထူးရေငုပ်သမားတွေ အသုံးပြုရှာဖွေခဲ့ကြပါတယ်။ဒီကလေးငယ်ကတော့ ကံဆိုးစွာပဲ အသက်သေဆုံးလျက်သာ တွေ့ရှိခဲ့ရပါတယ်။ပျောက်ဆုံးခဲ့ပြီး ကိုးရက်အကြာမှာ သေဆုံးလျက်သား ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ထိုင်းရဲတပ်ဖွဲ့က ကလေးငယ်ကို မတွေ့မချင်းရှာပေးမယ်ဆိုတဲ့ သူတို့ရဲ့ ကတိစကားအတိုင်း တွေ့တဲ့အထိ ရှာဖွေပေးခဲ့သလို နောက်ထပ် လေးစားအတုယူစရာတစ်ခုက ကြံစိုက်ခင်းပိုင်ရှင်များကလည်း ကြံပင်အားလုံးကို ခုတ်လှဲရှာဖွေဖို့ ခွင့်ပြုပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကလေးပျောက်ရှာဖွေမှုမှာ တစ်ဦးတည်းသော၊ ကိုယ့်နိုင်ငံသား မဟုတ်သောတွေ ကြည့်မနေတာကို ထိုင်းအာဏာပိုင်တွေနဲ့ ထိုင်းပြည်သူတွေထံမှာ တွေ့ရပါတယ်။တစ်နည်းပြောရရင် လူမျိုး၊ ဘာသာ၊ နိုင်ငံသား မခွဲခြားဘဲ လူသားတစ်ဦး ဒုက္ခကြုံနေမှုအပေါ် လူသားဆန်ဆန် ပြုမူဆောင်ရွက်ခဲ့၊ အားထုတ်ကြိုးပမ်းခဲ့တာကို အထင်းသား တွေ့မြင်ရပါတယ်။ဒီထက်ပိုပြောရရင်တော့ အားငယ်လွန်းလှတဲ့ ကလေးငယ်တစ်ဦးအပေါ် စာနာထောက်ထားစိတ်၊ လူသားချင်းစာနာစိတ်များစွာနဲ့ အားထုတ်ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။

အခုဖော်ပြပါ ဖြစ်စဉ်နှစ်ခုစလုံးဟာ မြန်မာနဲ့ နှီးနွယ်ပတ်သက်နေတဲ့ ထိုင်းနိုင်ငံက ဖြစ်စဉ်နှစ်ခုပါ။လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ ကလေးငယ်တွေထဲမှာ မြန်မာပြည်ဖွားတွေ ပါဝင်ခဲ့သလို အခု ကြံခင်းထဲမှာ သေဆုံးခဲ့ရတဲ့ ကလေးဟာလည်း မြန်မာနိုင်ငံသား ဖြစ်ပါတယ်။ဒီဖြစ်စဉ်နှစ်ခုစလုံးနဲ့ ယှဉ်ပြီးတော့ပဲ မြန်မာမှာလည်း ခပ်ဆင်ဆင်ဖြစ်စဉ်တွေ တစ်ပြိုင်တည်း ပေါ်ထွက်ခဲ့တာဟာလည်း မှတ်မှတ်သားသား ဖြစ်စရာပါ။

ပထမ ကလေးငယ်တွေ လှိုဏ်ဂူအတွင်း ပိတ်မိနေစဉ်တုန်းက မြန်မာနိုင်ငံမှာလည်း ကျောက်မီးသွေးတွင်း ပြိုကျလို့၊ သတ္တုတွင်းပြိုကျလို့ ပိတ်မိခဲ့တဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်တွေထဲမှာ တချို့ကယ်ထုတ်နိုင်၊ တချို့သေဆုံး၊ တချို့ဆို သေသလား၊ ရှင်သလား မသိရဘဲ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို ရပ်ဆိုင်းပစ်လိုက်ရတာတွေ ရှိခဲ့ပါတယ်။

နောက်တစ်ခုဖြစ်တဲ့ ကြံခင်းထဲမှာ ပျောက်ဆုံးတဲ့ ကလေးဖြစ်စဉ်နဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်းလို့ ဆိုနိုင်တဲ့ ဖြစ်စဉ်တစ်ခုလည်း မြန်မာနိုင်ငံမှာ ဖြစ်ခဲ့ပါတယ်။ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့က ပြောင်းဖူးခြံထဲမှာ ကလေးငယ်တစ်ဦး ဒီဇင်ဘာ ၂၂ ရက်က ပျောက်ဆုံးခဲ့တာပါ။ရပ်စောက်မြို့နယ် ဆတ်သေကျေးရွာအုပ်စု မြေမဲရွာနေ နန်းခမ်းဆိုင် ဆိုသူက သူ့ရဲ့ အသက် (၆) နှစ်နဲ့ (၂) နှစ်ခွဲအရွယ် သားနှစ်ဦးကို ပြောင်းဖူးခြံထဲ ပြောင်းဖူးချိုးခေါ်သွားချိန်မှာ အငယ်ဖြစ်တဲ့ (၂) နှစ်ခွဲအရွယ် သားငယ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။အဲဒီကလေးငယ် အိပ်ပျော်နေတာကြောင့် မွန်းလွဲ ၂ နာရီခန့်က ထားခဲ့ပြီး ပြောင်းဖူးဆက်ချိုးပြီး ညနေ ၄ နာရီ တဲဆီပြန်လာကြည့်ရာမှာ ပျောက်ဆုံးသွားတာကို သိခဲ့ရတာပါ။ဒေသခံတို့က လူအင်အား ၁၀၀ ကျော်၊ ၂၀၀ ကျော်နဲ့ အုပ်စုခွဲရှာပေမယ့် မတွေ့ကြောင်း၊ ဒီကလေးပျောက်မှုအပေါ် ကျေးရွာအုပ်ချုပ်ရေးမှူးကနေတစ်ဆင့် ရဲတပ်ဖွဲ့ထံ ရွာသားတွေက အကြောင်းကြားပေမယ့် ဒီဇင်ဘာ ၂၄ ရက်အထိ ဌာနဆိုင်ရာဘက်က လာရောက်ကူညီမှုတွေ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုကြောင်း၊ အဲဒီနယ်မြေဟာ ပြည်သူ့စစ် အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေ လှုပ်ရှားတဲ့ နယ်မြေဖြစ်လို့ ရဲတပ်ဖွဲ့အနေနဲ့ ကူညီဖို့ အခက်အခဲတွေရှိကြောင်း သတင်းတွေကနေတစ်ဆင့် သိရပါတယ်။ကလေးငယ် ပျောက်ဆုံးပြီး သုံးရက်အကြာဖြစ်တဲ့ ဒီဇင်ဘာ ၂၅ ရက်မှာတော့ ကူညီရှာဖွေပေးမယ်လို့ တောင်ကြီးခရိုင် ထွေအုပ်က ဆိုလာပါတယ်။

ဒီကလေးပျောက်မှုအပေါ် ဒေသခံတွေက အုပ်စုဖွဲ့ရှာဖွေမှုတွေ ပြုနေကြပေမယ့် ရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာများဘက်က အထနှေးနေတဲ့အပေါ် ဒေသခံတို့ဘက်က ဝေဖန်မှုတွေလည်း ပြုခဲ့ကြပါတယ်။ထိုင်းနိုင်ငံ ကြံခင်းထဲမှာ ပျောက်သွားတဲ့ ကလေးငယ်ကို ရှာဖွေပေးမှု ဖြစ်စဉ်နဲ့ ယှဉ်ထိုးပြောဆို ဝေဖန်ထောက်ပြကြပါတယ်။

‘‘သားလေးကို အခုထိမတွေ့ရသေးဘူး။အရမ်းစိုးရိမ်နေပြီ။ကလေးသေဆုံးတာတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ယုံတယ်။အစိုးရအနေနဲ့ အများကြီးလာကူညီကြဖို့ တောင်းဆိုချင်တယ်ဗျာ” အဆိုပါကလေး ပျောက်ဆုံးခဲ့ပြီး ကိုးရက်ကြာလာချိန်မှာတော့ ကလေးကို အစိုးရပိုင်းက အင်တိုက်အားတိုက် ရှာဖွေပေးဖို့ မိဘတွေက တောင်းဆိုလာပါတယ်။ဒီလိုတောင်းဆိုမှုနဲ့ ပတ်သက်ပြီး ဆဲဗင်းဒေး သတင်းစာက ဒီဇင်ဘာ ၃၁ ရက်မှာ ဖော်ပြတဲ့ သတင်းထဲမှာ အထက်ပါအတိုင်း ကလေးငယ်ရဲ့ ဖခင်ဖြစ်တဲ့ ဦးစိုင်းခမ်း က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ကိုးရက်ကြာတဲ့အထိ အစိုးရက အင်တိုက်အားတိုက် ကူညီခြင်းမရှိတဲ့အပေါ် ဒေသခံတွေနဲ့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေရှိနေကြောင်း၊ လက်ရှိ ရဲတပ်ဖွဲ့ရဲ့ လုပ်နည်းလုပ်ဟန်နဲ့ ကူညီခြင်းသာရှိပြီး တောနင်းရှာဖွေမှု မရှိသေးကြောင်း ဒေသခံတွေရဲ့ ပြောဆိုချက်ကို ဆဲဗင်းဒေးက သတင်းမှာ ထည့်သွင်းဖော်ပြပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေး ကာလအတွင်းက ပြည်သူ့လွှတ်တော်မှာ ‘ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း’ ကို ဆွေးနွေးအတည်ပြုခဲ့ပါတယ်။အဲဒီဥပဒေကြမ်းမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးများ၊ ကလေးသူငယ်တို့အပေါ် အကာအကွယ်ပြုပေးရမယ့် ပြဋ္ဌာန်းချက်များ များစွာပါဝင်ပါတယ်။ဒီဥပဒေဟာ အခုဆိုရင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်မှာ ဆက်လက်တင်သွင်း ဆွေးနွေးသွားဖို့ ရှိပါတယ်။အမျိုးသားလွှတ်တော်ကလည်း ဆက်လက်အတည်ပြုမယ်။ဒါမှမဟုတ် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲနေရင် ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆွေးနွေး အတည်ပြုသွားဖို့ ဖြစ်ပါတယ်။မကြာတော့မယ့် ကာလမှာတော့ ဒီ ဥပဒေ အတည်ဖြစ်လာတော့မှာပါ။ဒီအခါမှာ ကလေးသူငယ်များအပေါ် သက်ရောက်လာမယ့် အနိုင်အထက်ပြုကျင့်မှု၊ အဓမ္မခိုင်းစေမှုတို့အပေါ် ဒီဥပဒေက အကာအကွယ် အပြည့်ပေးနိုင်စေဖို့ လိုမှာဖြစ်သလို အထက်ပါဖြစ်စဉ်များနည်းတူ ကလေးသူငယ်များအပေါ် သက်ရောက်လာတဲ့ ဘေးအန္တရာယ်ဆိုးတွေ၊ ကူညီကယ်ဆယ်ရေးတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက်လည်း ဒီဥပဒေမှာပဲ ထိထိရောက်ရောက် ပြဋ္ဌာန်းထားဖို့ လိုမှာဖြစ်ပါတယ်။ဒီလိုဖြစ်အောင်လည်း လွှတ်တော်ကိုယ်စားလှယ်များဘက်က ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်။

ကျွန်တေ်ာတို့ လူ့အဖွဲ့အစည်းအတွင်းက ကလေးသူငယ်တိုင်းဟာ တန်ဖိုးအနဂ္ဂထိုက်တန်တဲ့ အနာဂတ်ရဲ့ လူသားအရင်းအမြစ်များ ဖြစ်ပါတယ်။တိုင်းပြည်တစ်ပြည်အတွက် အဖိုးထိုက်တဲ့ ရတနာတွေ ဖြစ်ပါတယ်။ထိုသူတို့အပေါ် မိဘအုပ်ထိန်းသူများက စလို့ ဆိုင်ရာအဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်တစ်ဦးချင်းက တန်ဖိုးထား ကာကွယ်စောင့်ရှောက်ပေးဖို့ လိုမှာဖြစ်ကြောင်း မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါတယ်။

ဂျေငြိမ်း
ဇန်နဝါရီ - ၂

( Zawgyi )

စိုးရိမ္စိတ္မ်ားနဲ႔အတူ ကမာၻတစ္ဝန္းလုံးက စိတ္ဝင္တစားေစာင့္ၾကည့္ခဲ့၊ ရင္သပ္ရႈေမာေစခဲ့တဲ့ ျဖစ္စဥ္တစ္ခု လြန္ခဲ့တဲ့ ေျခာက္လေက်ာ္ကာလတုန္းက ျဖစ္ခဲ့၊ ရွိခဲ့ပါတယ္။

ထိုင္းႏိုင္ငံ ေျမာက္ပိုင္း သမ္ေလာင္ဂူကို ဇြန္လေႏွာင္းပိုင္းတုန္းက ေလ့လာဖို႔ ဝင္ေရာက္သြားရာကေန ပိတ္မိခဲ့တဲ့ ‘ေတာဝက္’ ေဘာလုံးအသင္းက ကေလးငယ္ ၁၂ ဦးနဲ႔ သူတို႔ရဲ႕ နည္းျပျဖစ္သူတို႔ကို ကယ္တင္ခဲ့တဲ့ ျဖစ္စဥ္ပါ။အဲဒီေနရာမွာ ကယ္ဆယ္ေရးလုပ္ငန္းစဥ္ကို ေန႔ညမနား ဆက္တိုက္ေဆာင္႐ြက္ခဲ့ပါတယ္။ေတာင္ကိုေဖာက္ၿပီး ကယ္ဖို႔ႀကိဳးစားခ်က္၊ ပိတ္မိသူေတြကို လခ်ီၾကာ ေရကူးသင္တန္းေပးၿပီး ကယ္ဆယ္မယ့္ စီမံခ်က္တို႔ အပါအဝင္ ကေလးငယ္မ်ား ကယ္တင္ေရးအေပၚ အာ႐ုံစူးစိုက္မႈမ်ားက အားတက္ဖြယ္ျဖစ္ပါတယ္။အဲဒီေနရာကို မိုင္းဖုန္းဆရာေတာ္ ကိုယ္တိုင္လည္း ႏွစ္ႀကိမ္တိုင္တိုင္ ႂကြေရာက္ခဲ့ပါတယ္။ဆုေတာင္းမႈျပဳေပးသလို အားေပးစကားေတြလည္း မိန႔္ၾကားခဲ့ပါတယ္။ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္လည္း လာေရာက္ၾကည့္ရႈ အားေပးခဲ့ပါတယ္။လႈိဏ္ဂူအတြင္း ပိတ္မိၿပီး ၁၇ ရက္အၾကာမွာေတာ့ သူတို႔ရဲ႕ နည္းျပ အပါအဝင္ ကေလးငယ္အားလုံးကို အသက္ရွင္လ်က္ ကယ္တင္ႏိုင္ခဲ့ပါတယ္။

စိတ္ဝင္တစား ေစာင့္ၾကည့္ေနခဲ့ၾကတဲ့ ကမာၻတစ္ဝန္းက လူအမ်ားဟာလည္း ထိုအခ်ိန္မွသာ သက္ျပင္းေမာကို ခ်ႏိုင္ပါေတာ့တယ္။ေတာ္ေတာ္ေလး စြန႔္စားကယ္တင္ခဲ့ရတဲ့ လုပ္ငန္းစဥ္ျဖစ္ပါတယ္။ပိတ္မိကေလးငယ္ေတြကို ရွာေဖြေရး၊ ကယ္တင္ေရး လုပ္ငန္းစဥ္မွာ ႏိုင္ငံျခားသား အတတ္ပညာရွင္မ်ား ပါဝင္ခဲ့သလို ျမန္မာ အပါအဝင္ အနီးအေဝး ႏိုင္ငံမ်ားကလည္း ပူးေပါင္းကူညီမႈေတြ ျပဳခဲ့ၾကပါတယ္။လႈိဏ္ဂူတြင္းက ကယ္တင္ေရးျဖစ္စဥ္အၿပီး ေျခာက္လအၾကာျဖစ္တဲ့ ၿပီးခဲ့တဲ့ ဒီဇင္ဘာလအတြင္းကလည္း ေနာက္ထပ္အတုယူဖြယ္ ရွာေဖြေရး ျဖစ္စဥ္တစ္ခု ထိုင္းႏိုင္ငံမွာ ျဖစ္ေပၚခဲ့ျပန္ပါတယ္။

ထိုင္းႏိုင္ငံ စူဖန္ဘူရီခ႐ိုင္ စဖန္လန္ေက်း႐ြာက ဧက ၁၀၀၀ ခန႔္ က်ယ္ဝန္းတဲ့ ႀကံစိုက္ခင္းအတြင္း ဒီဇင္ဘာ ၁၇ ရက္က ႏွစ္ႏွစ္အ႐ြယ္ ျမန္မာကေလးငယ္တစ္ဦး ေပ်ာက္ဆုံးခဲ့မႈအေပၚ ထိုင္းအာဏာပိုင္တို႔ဘက္က အားသြန္စိုက္ကာ ရွာေဖြေပးခဲ့တဲ့ ျဖစ္စဥ္ပါ။ထိုင္းအာဏာပိုင္တို႔က ရဟတ္ယာဥ္ေတြ၊ ဆင္ေတြ၊ အနံ႔ခံစစ္ေခြးေတြနဲ႔ အင္အားသုံးရွာေဖြခဲ့သလို အဲဒီႀကံေတာအနီးမွာရွိတဲ့ ေရကန္ႀကီးအတြင္းမွာလည္း အထူးေရငုပ္သမားေတြ အသုံးျပဳရွာေဖြခဲ့ၾကပါတယ္။ဒီကေလးငယ္ကေတာ့ ကံဆိုးစြာပဲ အသက္ေသဆုံးလ်က္သာ ေတြ႕ရွိခဲ့ရပါတယ္။ေပ်ာက္ဆုံးခဲ့ၿပီး ကိုးရက္အၾကာမွာ ေသဆုံးလ်က္သား ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ရတာ ျဖစ္ပါတယ္။ထိုင္းရဲတပ္ဖြဲ႕က ကေလးငယ္ကို မေတြ႕မခ်င္းရွာေပးမယ္ဆိုတဲ့ သူတို႔ရဲ႕ ကတိစကားအတိုင္း ေတြ႕တဲ့အထိ ရွာေဖြေပးခဲ့သလို ေနာက္ထပ္ ေလးစားအတုယူစရာတစ္ခုက ႀကံစိုက္ခင္းပိုင္ရွင္မ်ားကလည္း ႀကံပင္အားလုံးကို ခုတ္လွဲရွာေဖြဖို႔ ခြင့္ျပဳေပးခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီကေလးေပ်ာက္ရွာေဖြမႈမွာ တစ္ဦးတည္းေသာ၊ ကိုယ့္ႏိုင္ငံသား မဟုတ္ေသာေတြ ၾကည့္မေနတာကို ထိုင္းအာဏာပိုင္ေတြနဲ႔ ထိုင္းျပည္သူေတြထံမွာ ေတြ႕ရပါတယ္။တစ္နည္းေျပာရရင္ လူမ်ိဳး၊ ဘာသာ၊ ႏိုင္ငံသား မခြဲျခားဘဲ လူသားတစ္ဦး ဒုကၡႀကဳံေနမႈအေပၚ လူသားဆန္ဆန္ ျပဳမူေဆာင္႐ြက္ခဲ့၊ အားထုတ္ႀကိဳးပမ္းခဲ့တာကို အထင္းသား ေတြ႕ျမင္ရပါတယ္။ဒီထက္ပိုေျပာရရင္ေတာ့ အားငယ္လြန္းလွတဲ့ ကေလးငယ္တစ္ဦးအေပၚ စာနာေထာက္ထားစိတ္၊ လူသားခ်င္းစာနာစိတ္မ်ားစြာနဲ႔ အားထုတ္ႀကိဳးပမ္းခဲ့ၾကတာ ျဖစ္ပါတယ္။

အခုေဖာ္ျပပါ ျဖစ္စဥ္ႏွစ္ခုစလုံးဟာ ျမန္မာနဲ႔ ႏွီးႏြယ္ပတ္သက္ေနတဲ့ ထိုင္းႏိုင္ငံက ျဖစ္စဥ္ႏွစ္ခုပါ။လႈိဏ္ဂူထဲ ပိတ္မိေနတဲ့ ကေလးငယ္ေတြထဲမွာ ျမန္မာျပည္ဖြားေတြ ပါဝင္ခဲ့သလို အခု ႀကံခင္းထဲမွာ ေသဆုံးခဲ့ရတဲ့ ကေလးဟာလည္း ျမန္မာႏိုင္ငံသား ျဖစ္ပါတယ္။ဒီျဖစ္စဥ္ႏွစ္ခုစလုံးနဲ႔ ယွဥ္ၿပီးေတာ့ပဲ ျမန္မာမွာလည္း ခပ္ဆင္ဆင္ျဖစ္စဥ္ေတြ တစ္ၿပိဳင္တည္း ေပၚထြက္ခဲ့တာဟာလည္း မွတ္မွတ္သားသား ျဖစ္စရာပါ။

ပထမ ကေလးငယ္ေတြ လႈိဏ္ဂူအတြင္း ပိတ္မိေနစဥ္တုန္းက ျမန္မာႏိုင္ငံမွာလည္း ေက်ာက္မီးေသြးတြင္း ၿပိဳက်လို႔၊ သတၱဳတြင္းၿပိဳက်လို႔ ပိတ္မိခဲ့တဲ့ ျဖစ္စဥ္ေတြ ဆက္တိုက္ျဖစ္ခဲ့ပါတယ္။အဲဒီျဖစ္စဥ္ေတြထဲမွာ တခ်ိဳ႕ကယ္ထုတ္ႏိုင္၊ တခ်ိဳ႕ေသဆုံး၊ တခ်ိဳ႕ဆို ေသသလား၊ ရွင္သလား မသိရဘဲ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းစဥ္ကို ရပ္ဆိုင္းပစ္လိုက္ရတာေတြ ရွိခဲ့ပါတယ္။

ေနာက္တစ္ခုျဖစ္တဲ့ ႀကံခင္းထဲမွာ ေပ်ာက္ဆုံးတဲ့ ကေလးျဖစ္စဥ္နဲ႔ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္းလို႔ ဆိုႏိုင္တဲ့ ျဖစ္စဥ္တစ္ခုလည္း ျမန္မာႏိုင္ငံမွာ ျဖစ္ခဲ့ပါတယ္။ရွမ္းျပည္နယ္ ေတာင္ပိုင္း ရပ္ေစာက္ၿမိဳ႕က ေျပာင္းဖူးၿခံထဲမွာ ကေလးငယ္တစ္ဦး ဒီဇင္ဘာ ၂၂ ရက္က ေပ်ာက္ဆုံးခဲ့တာပါ။ရပ္ေစာက္ၿမိဳ႕နယ္ ဆတ္ေသေက်း႐ြာအုပ္စု ေျမမဲ႐ြာေန နန္းခမ္းဆိုင္ ဆိုသူက သူ႔ရဲ႕ အသက္ (၆) ႏွစ္နဲ႔ (၂) ႏွစ္ခြဲအ႐ြယ္ သားႏွစ္ဦးကို ေျပာင္းဖူးၿခံထဲ ေျပာင္းဖူးခ်ိဳးေခၚသြားခ်ိန္မွာ အငယ္ျဖစ္တဲ့ (၂) ႏွစ္ခြဲအ႐ြယ္ သားငယ္ ေပ်ာက္ဆုံးသြားခဲ့တာ ျဖစ္ပါတယ္။အဲဒီကေလးငယ္ အိပ္ေပ်ာ္ေနတာေၾကာင့္ မြန္းလြဲ ၂ နာရီခန႔္က ထားခဲ့ၿပီး ေျပာင္းဖူးဆက္ခ်ိဳးၿပီး ညေန ၄ နာရီ တဲဆီျပန္လာၾကည့္ရာမွာ ေပ်ာက္ဆုံးသြားတာကို သိခဲ့ရတာပါ။ေဒသခံတို႔က လူအင္အား ၁၀၀ ေက်ာ္၊ ၂၀၀ ေက်ာ္နဲ႔ အုပ္စုခြဲရွာေပမယ့္ မေတြ႕ေၾကာင္း၊ ဒီကေလးေပ်ာက္မႈအေပၚ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကေနတစ္ဆင့္ ရဲတပ္ဖြဲ႕ထံ ႐ြာသားေတြက အေၾကာင္းၾကားေပမယ့္ ဒီဇင္ဘာ ၂၄ ရက္အထိ ဌာနဆိုင္ရာဘက္က လာေရာက္ကူညီမႈေတြ မရွိေသးဘူးလို႔ ေဒသခံေတြက ဆိုေၾကာင္း၊ အဲဒီနယ္ေျမဟာ ျပည္သူ႔စစ္ အပါအဝင္ လက္နက္ကိုင္ အဖြဲ႕အစည္းေတြ လႈပ္ရွားတဲ့ နယ္ေျမျဖစ္လို႔ ရဲတပ္ဖြဲ႕အေနနဲ႔ ကူညီဖို႔ အခက္အခဲေတြရွိေၾကာင္း သတင္းေတြကေနတစ္ဆင့္ သိရပါတယ္။ကေလးငယ္ ေပ်ာက္ဆုံးၿပီး သုံးရက္အၾကာျဖစ္တဲ့ ဒီဇင္ဘာ ၂၅ ရက္မွာေတာ့ ကူညီရွာေဖြေပးမယ္လို႔ ေတာင္ႀကီးခ႐ိုင္ ေထြအုပ္က ဆိုလာပါတယ္။

ဒီကေလးေပ်ာက္မႈအေပၚ ေဒသခံေတြက အုပ္စုဖြဲ႕ရွာေဖြမႈေတြ ျပဳေနၾကေပမယ့္ ရဲတပ္ဖြဲ႕ အပါအဝင္ ဌာနဆိုင္ရာမ်ားဘက္က အထေႏွးေနတဲ့အေပၚ ေဒသခံတို႔ဘက္က ေဝဖန္မႈေတြလည္း ျပဳခဲ့ၾကပါတယ္။ထိုင္းႏိုင္ငံ ႀကံခင္းထဲမွာ ေပ်ာက္သြားတဲ့ ကေလးငယ္ကို ရွာေဖြေပးမႈ ျဖစ္စဥ္နဲ႔ ယွဥ္ထိုးေျပာဆို ေဝဖန္ေထာက္ျပၾကပါတယ္။

‘‘သားေလးကို အခုထိမေတြ႕ရေသးဘူး။အရမ္းစိုးရိမ္ေနၿပီ။ကေလးေသဆုံးတာေတာ့ မျဖစ္ႏိုင္ဘူးလို႔ ကြၽန္ေတာ္ယုံတယ္။အစိုးရအေနနဲ႔ အမ်ားႀကီးလာကူညီၾကဖို႔ ေတာင္းဆိုခ်င္တယ္ဗ်ာ” အဆိုပါကေလး ေပ်ာက္ဆုံးခဲ့ၿပီး ကိုးရက္ၾကာလာခ်ိန္မွာေတာ့ ကေလးကို အစိုးရပိုင္းက အင္တိုက္အားတိုက္ ရွာေဖြေပးဖို႔ မိဘေတြက ေတာင္းဆိုလာပါတယ္။ဒီလိုေတာင္းဆိုမႈနဲ႔ ပတ္သက္ၿပီး ဆဲဗင္းေဒး သတင္းစာက ဒီဇင္ဘာ ၃၁ ရက္မွာ ေဖာ္ျပတဲ့ သတင္းထဲမွာ အထက္ပါအတိုင္း ကေလးငယ္ရဲ႕ ဖခင္ျဖစ္တဲ့ ဦးစိုင္းခမ္း က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ကိုးရက္ၾကာတဲ့အထိ အစိုးရက အင္တိုက္အားတိုက္ ကူညီျခင္းမရွိတဲ့အေပၚ ေဒသခံေတြနဲ႔ လူမႈကြန္ရက္ေပၚမွာ ေဝဖန္မႈေတြရွိေနေၾကာင္း၊ လက္ရွိ ရဲတပ္ဖြဲ႕ရဲ႕ လုပ္နည္းလုပ္ဟန္နဲ႔ ကူညီျခင္းသာရွိၿပီး ေတာနင္းရွာေဖြမႈ မရွိေသးေၾကာင္း ေဒသခံေတြရဲ႕ ေျပာဆိုခ်က္ကို ဆဲဗင္းေဒးက သတင္းမွာ ထည့္သြင္းေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ လႊတ္ေတာ္အစည္းအေဝး ကာလအတြင္းက ျပည္သူ႔လႊတ္ေတာ္မွာ ‘ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒၾကမ္း’ ကို ေဆြးေႏြးအတည္ျပဳခဲ့ပါတယ္။အဲဒီဥပေဒၾကမ္းမွာ ကေလးသူငယ္ေတြရဲ႕ အခြင့္အေရးမ်ား၊ ကေလးသူငယ္တို႔အေပၚ အကာအကြယ္ျပဳေပးရမယ့္ ျပ႒ာန္းခ်က္မ်ား မ်ားစြာပါဝင္ပါတယ္။ဒီဥပေဒဟာ အခုဆိုရင္ ျပည္သူ႔လႊတ္ေတာ္က အတည္ျပဳခဲ့ၿပီး အမ်ိဳးသားလႊတ္ေတာ္မွာ ဆက္လက္တင္သြင္း ေဆြးေႏြးသြားဖို႔ ရွိပါတယ္။အမ်ိဳးသားလႊတ္ေတာ္ကလည္း ဆက္လက္အတည္ျပဳမယ္။ဒါမွမဟုတ္ လႊတ္ေတာ္ႏွစ္ရပ္ သေဘာကြဲလြဲေနရင္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဆက္လက္ေဆြးေႏြး အတည္ျပဳသြားဖို႔ ျဖစ္ပါတယ္။မၾကာေတာ့မယ့္ ကာလမွာေတာ့ ဒီ ဥပေဒ အတည္ျဖစ္လာေတာ့မွာပါ။ဒီအခါမွာ ကေလးသူငယ္မ်ားအေပၚ သက္ေရာက္လာမယ့္ အႏိုင္အထက္ျပဳက်င့္မႈ၊ အဓမၼခိုင္းေစမႈတို႔အေပၚ ဒီဥပေဒက အကာအကြယ္ အျပည့္ေပးႏိုင္ေစဖို႔ လိုမွာျဖစ္သလို အထက္ပါျဖစ္စဥ္မ်ားနည္းတူ ကေလးသူငယ္မ်ားအေပၚ သက္ေရာက္လာတဲ့ ေဘးအႏၲရာယ္ဆိုးေတြ၊ ကူညီကယ္ဆယ္ေရးေတြကို ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္လည္း ဒီဥပေဒမွာပဲ ထိထိေရာက္ေရာက္ ျပ႒ာန္းထားဖို႔ လိုမွာျဖစ္ပါတယ္။ဒီလိုျဖစ္ေအာင္လည္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားဘက္က ႀကိဳးပမ္းသြားၾကရမွာ ျဖစ္ပါတယ္။

ကြၽန္ေတ္ာတို႔ လူ႔အဖြဲ႕အစည္းအတြင္းက ကေလးသူငယ္တိုင္းဟာ တန္ဖိုးအနဂၢထိုက္တန္တဲ့ အနာဂတ္ရဲ႕ လူသားအရင္းအျမစ္မ်ား ျဖစ္ပါတယ္။တိုင္းျပည္တစ္ျပည္အတြက္ အဖိုးထိုက္တဲ့ ရတနာေတြ ျဖစ္ပါတယ္။ထိုသူတို႔အေပၚ မိဘအုပ္ထိန္းသူမ်ားက စလို႔ ဆိုင္ရာအဖြဲ႕အစည္းအသီးသီး၊ လူပုဂၢိဳလ္တစ္ဦးခ်င္းက တန္ဖိုးထား ကာကြယ္ေစာင့္ေရွာက္ေပးဖို႔ လိုမွာျဖစ္ေၾကာင္း မီးေမာင္းထိုးျပလိုျခင္း ျဖစ္ပါတယ္။

ေဂ်ၿငိမ္း
ဇန္နဝါရီ - ၂