【 ဆောင်းပါး 】 တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ် ... ဘာအကျိုးရလဒ်တွေထွက်ပေါ်လာမလဲ

【 ဆောင်းပါး 】 တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ် ... ဘာအကျိုးရလဒ်တွေထွက်ပေါ်လာမလဲ

၂၀၂၁ ခုနှစ်၏ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်သည်။မစ္စတာဝမ်ယိ၏ ခရီးစဉ်က မြန်မာနိုင်ငံအတွက် မည်သို့သော အပေါင်းလက္ခဏာဆောင်လာမည်နည်း။အဆိုပါအမေးပုစ္ဆာကို ဖြေဆိုခြင်းမပြုမီ မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုပြသသည့် ခရီးသက်သက်အဖြစ်သာမက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သဘောတူညီမှုပြုထားသော စီမံကိန်းကဲ့သို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုပြုလာမည့် ခရီးအဖြစ်လည်း တွက်ချက်ခန်းမှန်းမှုများရှိလာပါသည်။

ဆိုရလျှင် ၂၀၂၀ ခုနှစ် အစောပိုင်းကာလက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ထူထောင်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်ရေးအပါအဝင် နှစ်နိုင်ငံသဘောတူညီချက်၊ နားလည်မှုစာချွန်လွှာ စုစုပေါင်း စာလွှာ ၃၀ ခုကို အပြန်အလှန်လဲလှယ်မှု ပြုနိုင်ခဲ့ပါသည်။အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရာတွင် မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ဖြစ်သည့် ကန်ပိုက်တီတွင် စီးပွားရေးလုပ်ငန်းဇုန် နယ်မြေစီမံကိန်းလည်း အပါအဝင်ဖြစ်သည်ကို တွေ့ကြရသည်။

မည်သို့ဆိုစေ အဆိုပါစီမံကိန်းများမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာပြီးနောက်ပိုင်း ဆက်လက်အကောင်အထည်ဖော်ရန် ရပ်ဆိုင်းထားရသော စီမံကိန်းများလည်းဖြစ်ပါသည်။ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း တရုတ်နိုင်ငံက ကူးစက်ရောဂါပျံ့နှံမှုကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်းများ၊ ရောဂါစမ်းသပ်ရှာဖွေရေးကိရိယာများနှင့် အသက်ရှုကိရိယာကဲ့သို့သော အထောက်အကူကိရိယာများ ပေးပို့ကူညီခဲ့သကဲ့သို့ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်၍ မြန်မာနိုင်ငံဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် အတွေ့အကြုံများမျှဝေခဲ့သည်ကိုလည်း တွေ့ကြရပါသည်။ဆိုရလျှင် တရုတ်အစိုးရက မြန်မာနိုင်ငံကို ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပံ့ပိုးမှု ပစ္စည်းကိရိယာတန်ဖိုး စုစုပေါင်းကျပ်ငွေ ၄ ဘီလျံကျော်ခန့် ပေးပို့လှူဒါန်းခဲ့သည်ဟု ဆိုပါသည်။

မည်သို့ဆိုစေ ကိုဗစ်-၁၉ ကပ်ရောဂါ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ BRI အစီအစဉ် အစိတ်အပိုင်းများကို အတားအဆီးတစ်ခုဖြစ်လာနိုင်စရာ ရှိမည်မဟုတ်သည်ကတော့ အမှန်ပင်ဖြစ်သည်။မကြာသေးမီက ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိခဲ့သော NLD အစိုးရသစ်ဖွဲ့စည်းပြီးပါက အစိုးရသစ်အနေနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စဉ်းစားဆုံးဖြတ်ရမည့်အခြေအနေများ ရှိနေသည်မှာလည်း အမှန်ပင်ဖြစ်သည်။

NLD အစိုးရသစ်အနေနှင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းကြီးများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မှုများရှိလာသည့် အနေအထားကလည်း လာမည့်အစိုးရသက်တမ်း ၅ နှစ်အတွင်း မည်သို့သောအပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဆိုသည်ကလည်း စိတ်ဝင်စားဖွယ်ရာဖြစ်သည်။

တရုတ်နိုင်ငံအနေနှင့်လည်း BRI တည်းဟူသော တရုတ်ပိုးလမ်းမသစ်လမ်းကြောင်းအစီအစဉ်မှာ များစွာအရေးပါနေသည့် အစီအစဉ်လည်းဖြစ်သည်။အလားတူပင် BRI အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ထူထောင်ရေး (CMEC) နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့သစ်စီမံကိန်းတို့မှာ မဖြစ်အနေ ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်နေသည့် စီမံကိန်းများအဖြစ် ရှုမြင်နေရသည်မှာလည်း အမှန်ပင်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဒေသတွင်း စီးပွားရေးကျဆင်းမှုဂယက်က အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံကိုပါ ရိုက်ခတ်ခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။ဆိုရလျှင် ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်နာလန်ထူလာရေးမှာ နိုင်ငံတိုင်းအတွက် များစွားအရေးပါနေသည့် အရေးကိစ္စလည်းဖြစ်သည်။ဆိုရလျှင် ကပ်ရောဂါအလွန် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း စီးပွားရေးပြန်လည်နာလန်ထူလာရေးတွင် BRI တည်းဟူသော တရုတ်ရပ်ဝန်းလမ်းကြောင်းအစီအစဉ်နှင့် RCEP တည်းဟူသော ကမ္ဘာ့အကြီးမားဆုံး ကုန်သွယ်ရေးအစီအစဉ်တို့က မည်မျှအထိ တွန်းအားပေးနိုင်မည်ဆိုသည်ကလည်း မျှော်လင့်ချက်အဖြစ် ရှိနေမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံ၏ BRI အစိတ်အပိုင်း စီမံကိန်းများတွင် သဘောတူညီမှုရှိထားသလို များမကြာသေးမီက အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့သည့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (The Regional Comprehansive Economic Partnership-RCEP) တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးလည်းဖြစ်သည်။ RCEP သဘောတူစာချုပ်သည် နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူစွာစီးဝင်စေရေးအတွက် မောင်းနှင်အားသစ်ဖြစ်လာမည့်အနေအထားက ဒေသတွင်း စီးပွားရေးပြန်လည်နာလန်ထူခြင်းကို ကူညီဖြည့်ဆည်းပေးမည့်အနေအထားက မြန်မာနိုင်ငံအတွက် အကျိုးထူးတစ်စုံတစ်ရာရှိလာမည်လားဆိုသည်ကလည်း ပြန်လည်တွေးဆစရာဖြစ်သည်။

အလားတူပင် တရုတ်နိုင်ငံ BRI အစီအစဉ်၏ အစိတ်အပိုင်းများဖြစ်သော မြန်မာနိုင်ငံရှိ အမြန်လမ်းများ၊ တံတားနှင့် ဥမင်ကဲ့သို့သော အခြေခံအဆောက်အအုံစီမံကိန်းများ လျင်မြန်စွာအကောင်အထည်ပေါ်လာရေးကလည်း မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလမ်းကြောင်း ချိတ်ဆက်မှုတွင်း မရှိမဖြစ်အရေးပါနေသည်ဟု ဆိုရပါမည်။အလားတူပင် မကွေးတိုင်း သရက်နှင့် အောင်လံတို့မှတဆင့် ကျောက်ဖြူနှင့် နေပြည်တော် ချိတ်ဆက်ပေးမည့် အမြန်လမ်းအကောင်အထည်ဖော်ရေး၊ ကွမ်လုံရှိ သံလွင်မြစ်ကျော် တံတားစီမံကိန်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေနှင့် ချင်းရွှေဟော် မြို့ပတ်လွှဲလမ်း အကောင်အထည်ဖော်မှု စသည်တို့မှာ အရေးပါသည့် BRI အစိတ်အပိုင်းများအဖြစ် ရှိနေခြင်းဖြစ်သည်။

ထိုအကြောင်းနှင့်ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် နိုင်ငံရေးရာကော်မရှင်၏ ကော်မတီရုံးညွှန်မှူးဖြစ်သည့် မစ္စတာယန်ကျိချီသည် စက်တင်ဘာလအတွင်းက သူ၏ဥရောပခရီးစဉ်အတွင်း နေပြည်တော်သို့ ခရီးတစ်ထောက်ဝင်ရောက်ခဲ့ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအနေနှင့် BRI စီမံကိန်းများ အကောင်အထည်ဖော်ရေးကို ဆက်လက်ကြိုးပမ်းရန် အကြံပြုသွားခဲ့သည်ကိုလည်း တွေ့ရသည်။

ဆိုရလျှင် ၂၀၂၁ ခုနှစ် အစောပိုင်းကာလအတွင်း မြန်မာနိုင်ငံသို့လာရောက်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယ၏ ခရီးစဉ်သည် ရွေးကောက်ပွဲတွင် အာဏာရ NLD ပါတီ အနိုင်ရရှိမှုအပေါ် ကြိုဆိုထောက်ခံကြောင်းပြသသည့် ခရီးစဉ်အဖြစ် ရှုမြင်နိုင်မည်ဖြစ်သကဲ့သို့ တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားသည်။ကိုဗစ်-၁၉ ကြောင့် ရပ်တန့်နေသော တရုတ်ရပ်ဝန်းလမ်းကြောင်းအစီအစဉ် (BRI ) အောက်ရှိ မြန်မာနိုင်ငံရှိစီမံကိန်းများ အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးညှိနှိုင်းကာ တွန်းအားပေးမည့် ခရီးစဉ်အဖြစ် ရှုမြင်ရဖွယ်ရှိနေပါသည်။

ထိုအပြင် မစ္စတာဝမ်ယိ၏ ခရီးစဉ်အတွင်း သံတမန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအရေးကိစ္စ၊ နယ်စပ်လုံခြုံတည်ငြိမ်ရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရေးကိစ္စများကိုပါ ပါဝင်ဆွေးနွေးသွားဖွယ်ရှိနေပါသည်။

မည်သို့ဆိုစေ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၇၀ နီးပါးရှိ အိမ်နီးချင်းကောင်းပီသသည့် ဆွေမျိုးပေါက်ဖောက်ဆက်ဆံရေးအသွင်ရှိနေသည့် နိုင်ငံများဖြစ်သည်။ဆိုရလျှင်ပြီးခဲ့သည့် ဆယ်စုနှစ်ကာလ စစ်အစိုးရအဆက်ဆက် တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ခိုင်မြဲသောဆက်ဆံရေးရှိခဲ့သည့် အစဉ်အလာအတိုင်း NLD အရပ်သားအစိုးရ လက်ထက်တွင်လည်း စီးပွားရေးအရ ဆက်လက်ပူးပေါင်းဆောင်ရွက်လျက် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေးအသွင်ဖြင့် ဆက်လက်ခရီးနှင်နေသည်မှာလည်း အမှန်ပင်ဖြစ်သည်။

စင်စစ် နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ်လာရောက်ခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူညီမှုပြုနိုင်ခဲ့သည့် စီမံကိန်းများသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားသောအလားအလာများအဖြစ် တွေ့မြင်နေရသည်မှာလည်း အမှန်ပင်ဖြစ်သည်။အလားတူပင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်သည်။ထို့ပြင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားအပေါ်အခြေခံ၍ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ထမြောက်ရေးတွင် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပူးပေါင်းပါဝင်ဖွယ်ရှိနေပါသည်။ထိုသို့သော အနေအထားများအတွင်း မြန်မာနိုင်ငံသို့ ထိပ်တန်းသံတမန်တစ်ဦးအဖြစ်လာရောက်မည့် မစ္စတာဝမ်ယိ၏ ခရီးစဉ်သည် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းရေး အလားအလာကောင်းများ ပေါ်ပေါက်လာစေမည့် ခရီးစဉ်အဖြစ် ရှုမြင်နိုင်ပါကြောင်း ဆင်ခြင်သုံးသပ်လိုက်ရပါသည်။

နေစိုးဦး
Ref :  Global Time / The Irrawaddy
ဇန်နဝါရီ - ၆

( Zawgyi )

၂၀၂၁ ခုႏွစ္၏ ပထမဦးဆုံး ႏိုင္ငံျခားခရီးစဥ္အျဖစ္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိ က ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္မည္ျဖစ္သည္။မစၥတာဝမ္ယိ၏ ခရီးစဥ္က ျမန္မာႏိုင္ငံအတြက္ မည္သို႔ေသာ အေပါင္းလကၡဏာေဆာင္လာမည္နည္း။အဆိုပါအေမးပုစာၦကို ေျဖဆိုျခင္းမျပဳမီ မစၥတာဝမ္ယိ၏ ျမန္မာႏိုင္ငံခရီးစဥ္သည္ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈကိုျပသသည့္ ခရီးသက္သက္အျဖစ္သာမက တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔အၾကား သေဘာတူညီမႈျပဳထားေသာ စီမံကိန္းကဲ့သို႔ေသာ ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးညႇိႏႈိင္းမႈျပဳလာမည့္ ခရီးအျဖစ္လည္း တြက္ခ်က္ခန္းမွန္းမႈမ်ားရွိလာပါသည္။

ဆိုရလွ်င္ ၂၀၂၀ ခုႏွစ္ အေစာပိုင္းကာလက ျမန္မာႏိုင္ငံသို႔လာေရာက္ခဲ့သည့္ တ႐ုတ္သမၼတ ရွီက်င့္ဖိန္၏ ခရီးစဥ္အတြင္း တ႐ုတ္-ျမန္မာ စီးပြားေရးစၾကၤန္ထူေထာင္ေရး၊ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ႏွင့္ ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္း အေကာင္အထည္ေဖာ္ေရးအပါအဝင္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္၊ နားလည္မႈစာခြၽန္လႊာ စုစုေပါင္း စာလႊာ ၃၀ ခုကို အျပန္အလွန္လဲလွယ္မႈ ျပဳႏိုင္ခဲ့ပါသည္။အဆိုပါနားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးရာတြင္ ျမန္မာႏိုင္ငံေျမာက္ပိုင္း နယ္စပ္ၿမိဳ႕ျဖစ္သည့္ ကန္ပိုက္တီတြင္ စီးပြားေရးလုပ္ငန္းဇုန္ နယ္ေျမစီမံကိန္းလည္း အပါအဝင္ျဖစ္သည္ကို ေတြ႕ၾကရသည္။

မည္သို႔ဆိုေစ အဆိုပါစီမံကိန္းမ်ားမွာ ကိုဗစ္-၁၉ ကပ္ေရာဂါ ျဖစ္ပြားလာၿပီးေနာက္ပိုင္း ဆက္လက္အေကာင္အထည္ေဖာ္ရန္ ရပ္ဆိုင္းထားရေသာ စီမံကိန္းမ်ားလည္းျဖစ္ပါသည္။ကိုဗစ္-၁၉ ကပ္ေရာဂါျဖစ္ပြားေနသည့္ကာလအတြင္း တ႐ုတ္ႏိုင္ငံက ကူးစက္ေရာဂါပ်ံ႕ႏွံမႈကာကြယ္တားဆီးေရးအတြက္ ႏွာေခါင္းစည္းမ်ား၊ ေရာဂါစမ္းသပ္ရွာေဖြေရးကိရိယာမ်ားႏွင့္ အသက္ရႈကိရိယာကဲ့သို႔ေသာ အေထာက္အကူကိရိယာမ်ား ေပးပို႔ကူညီခဲ့သကဲ့သို႔ ကပ္ေရာဂါတိုက္ဖ်က္ေရးအတြက္ တ႐ုတ္ႏိုင္ငံမွ ကြၽမ္းက်င္ပညာရွင္အဖြဲ႕တစ္ဖြဲ႕ကိုေစလႊတ္၍ ျမန္မာႏိုင္ငံေဆးဘက္ဆိုင္ရာကြၽမ္းက်င္သူမ်ားႏွင့္ အေတြ႕အႀကဳံမ်ားမွ်ေဝခဲ့သည္ကိုလည္း ေတြ႕ၾကရပါသည္။ဆိုရလွ်င္ တ႐ုတ္အစိုးရက ျမန္မာႏိုင္ငံကို ကပ္ေရာဂါတိုက္ဖ်က္ေရးအတြက္ ပံ့ပိုးမႈ ပစၥည္းကိရိယာတန္ဖိုး စုစုေပါင္းက်ပ္ေငြ ၄ ဘီလ်ံေက်ာ္ခန႔္ ေပးပို႔လႉဒါန္းခဲ့သည္ဟု ဆိုပါသည္။

မည္သို႔ဆိုေစ ကိုဗစ္-၁၉ ကပ္ေရာဂါ ျမန္မာႏိုင္ငံရွိ တ႐ုတ္ႏိုင္ငံ၏ BRI အစီအစဥ္ အစိတ္အပိုင္းမ်ားကို အတားအဆီးတစ္ခုျဖစ္လာႏိုင္စရာ ရွိမည္မဟုတ္သည္ကေတာ့ အမွန္ပင္ျဖစ္သည္။မၾကာေသးမီက ေ႐ြးေကာက္ပြဲတြင္ ထပ္မံအႏိုင္ရရွိခဲ့ေသာ NLD အစိုးရသစ္ဖြဲ႕စည္းၿပီးပါက အစိုးရသစ္အေနႏွင့္ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံအၾကား စဥ္းစားဆုံးျဖတ္ရမည့္အေျခအေနမ်ား ရွိေနသည္မွာလည္း အမွန္ပင္ျဖစ္သည္။

NLD အစိုးရသစ္အေနႏွင့္ ျမန္မာႏိုင္ငံရွိ တ႐ုတ္စီမံကိန္းႀကီးမ်ားႏွင့္ပတ္သက္၍ ျပန္လည္သုံးသပ္မႈမ်ားရွိလာသည့္ အေနအထားကလည္း လာမည့္အစိုးရသက္တမ္း ၅ ႏွစ္အတြင္း မည္သို႔ေသာအေျပာင္းအလဲမ်ား ျဖစ္ေပၚလာမည္ဆိုသည္ကလည္း စိတ္ဝင္စားဖြယ္ရာျဖစ္သည္။

တ႐ုတ္ႏိုင္ငံအေနႏွင့္လည္း BRI တည္းဟူေသာ တ႐ုတ္ပိုးလမ္းမသစ္လမ္းေၾကာင္းအစီအစဥ္မွာ မ်ားစြာအေရးပါေနသည့္ အစီအစဥ္လည္းျဖစ္သည္။အလားတူပင္ BRI အစိတ္အပိုင္းတစ္ရပ္ျဖစ္သည့္ တ႐ုတ္-ျမန္မာ စီးပြားေရးစၾကၤန္ထူေထာင္ေရး (CMEC) ႏွင့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ႏွင့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းတို႔မွာ မျဖစ္အေန ဆက္လက္အေကာင္အထည္ေဖာ္ရန္ လိုအပ္ေနသည့္ စီမံကိန္းမ်ားအျဖစ္ ရႈျမင္ေနရသည္မွာလည္း အမွန္ပင္ျဖစ္သည္။

ကိုဗစ္-၁၉ ကပ္ေရာဂါကာလအတြင္း ေဒသတြင္း စီးပြားေရးက်ဆင္းမႈဂယက္က အျခားႏိုင္ငံမ်ားနည္းတူ ျမန္မာႏိုင္ငံကိုပါ ႐ိုက္ခတ္ခဲ့သည္မွာလည္း အမွန္ပင္ျဖစ္သည္။ဆိုရလွ်င္ ကပ္ေရာဂါအလြန္ စီးပြားေရးျပန္လည္နာလန္ထူလာေရးမွာ ႏိုင္ငံတိုင္းအတြက္ မ်ားစြားအေရးပါေနသည့္ အေရးကိစၥလည္းျဖစ္သည္။ဆိုရလွ်င္ ကပ္ေရာဂါအလြန္ ျမန္မာႏိုင္ငံအပါအဝင္ ေဒသတြင္း စီးပြားေရးျပန္လည္နာလန္ထူလာေရးတြင္ BRI တည္းဟူေသာ တ႐ုတ္ရပ္ဝန္းလမ္းေၾကာင္းအစီအစဥ္ႏွင့္ RCEP တည္းဟူေသာ ကမာၻ႔အႀကီးမားဆုံး ကုန္သြယ္ေရးအစီအစဥ္တို႔က မည္မွ်အထိ တြန္းအားေပးႏိုင္မည္ဆိုသည္ကလည္း ေမွ်ာ္လင့္ခ်က္အျဖစ္ ရွိေနမည္ျဖစ္သည္။

ျမန္မာႏိုင္ငံအေနႏွင့္ တ႐ုတ္ႏိုင္ငံ၏ BRI အစိတ္အပိုင္း စီမံကိန္းမ်ားတြင္ သေဘာတူညီမႈရွိထားသလို မ်ားမၾကာေသးမီက အြန္လိုင္းမွတစ္ဆင့္က်င္းပခဲ့သည့္ ေဒသတြင္း ဘက္စုံစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ (The Regional Comprehansive Economic Partnership-RCEP) တြင္ ပါဝင္လက္မွတ္ေရးထိုးခဲ့ၿပီးလည္းျဖစ္သည္။ RCEP သေဘာတူစာခ်ဳပ္သည္ ႏိုင္ငံမ်ားအၾကား ကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လြယ္ကူစြာစီးဝင္ေစေရးအတြက္ ေမာင္းႏွင္အားသစ္ျဖစ္လာမည့္အေနအထားက ေဒသတြင္း စီးပြားေရးျပန္လည္နာလန္ထူျခင္းကို ကူညီျဖည့္ဆည္းေပးမည့္အေနအထားက ျမန္မာႏိုင္ငံအတြက္ အက်ိဳးထူးတစ္စုံတစ္ရာရွိလာမည္လားဆိုသည္ကလည္း ျပန္လည္ေတြးဆစရာျဖစ္သည္။

အလားတူပင္ တ႐ုတ္ႏိုင္ငံ BRI အစီအစဥ္၏ အစိတ္အပိုင္းမ်ားျဖစ္ေသာ ျမန္မာႏိုင္ငံရွိ အျမန္လမ္းမ်ား၊ တံတားႏွင့္ ဥမင္ကဲ့သို႔ေသာ အေျခခံအေဆာက္အအုံစီမံကိန္းမ်ား လ်င္ျမန္စြာအေကာင္အထည္ေပၚလာေရးကလည္း ျမန္မာႏိုင္ငံ၏ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္ေရးလမ္းေၾကာင္း ခ်ိတ္ဆက္မႈတြင္း မရွိမျဖစ္အေရးပါေနသည္ဟု ဆိုရပါမည္။အလားတူပင္ မေကြးတိုင္း သရက္ႏွင့္ ေအာင္လံတို႔မွတဆင့္ ေက်ာက္ျဖဴႏွင့္ ေနျပည္ေတာ္ ခ်ိတ္ဆက္ေပးမည့္ အျမန္လမ္းအေကာင္အထည္ေဖာ္ေရး၊ ကြမ္လုံရွိ သံလြင္ျမစ္ေက်ာ္ တံတားစီမံကိန္းႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရနယ္ေျမႏွင့္ ခ်င္းေ႐ႊေဟာ္ ၿမိဳ႕ပတ္လႊဲလမ္း အေကာင္အထည္ေဖာ္မႈ စသည္တို႔မွာ အေရးပါသည့္ BRI အစိတ္အပိုင္းမ်ားအျဖစ္ ရွိေနျခင္းျဖစ္သည္။

ထိုအေၾကာင္းႏွင့္ပတ္သက္၍ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီအဖြဲ႕ဝင္ႏွင့္ ႏိုင္ငံေရးရာေကာ္မရွင္၏ ေကာ္မတီ႐ုံးၫႊန္မႉးျဖစ္သည့္ မစၥတာယန္က်ိခ်ီသည္ စက္တင္ဘာလအတြင္းက သူ၏ဥေရာပခရီးစဥ္အတြင္း ေနျပည္ေတာ္သို႔ ခရီးတစ္ေထာက္ဝင္ေရာက္ခဲ့ရာတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္တို႔ႏွင့္ သီးျခားစီ ေတြ႕ဆုံခဲ့ၿပီး ျမန္မာႏိုင္ငံအေနႏွင့္ BRI စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ေရးကို ဆက္လက္ႀကိဳးပမ္းရန္ အႀကံျပဳသြားခဲ့သည္ကိုလည္း ေတြ႕ရသည္။

ဆိုရလွ်င္ ၂၀၂၁ ခုႏွစ္ အေစာပိုင္းကာလအတြင္း ျမန္မာႏိုင္ငံသို႔လာေရာက္မည့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယ၏ ခရီးစဥ္သည္ ေ႐ြးေကာက္ပြဲတြင္ အာဏာရ NLD ပါတီ အႏိုင္ရရွိမႈအေပၚ ႀကိဳဆိုေထာက္ခံေၾကာင္းျပသသည့္ ခရီးစဥ္အျဖစ္ ရႈျမင္ႏိုင္မည္ျဖစ္သကဲ့သို႔ တ႐ုတ္ႏိုင္ငံ၏ ရည္မွန္းခ်က္ႀကီးမားသည္။ကိုဗစ္-၁၉ ေၾကာင့္ ရပ္တန႔္ေနေသာ တ႐ုတ္ရပ္ဝန္းလမ္းေၾကာင္းအစီအစဥ္ (BRI ) ေအာက္ရွိ ျမန္မာႏိုင္ငံရွိစီမံကိန္းမ်ား အရွိန္အဟုန္မပ်က္ ဆက္လက္အေကာင္အထည္ေဖာ္ေရးအတြက္ ေဆြးေႏြးညႇိႏႈိင္းကာ တြန္းအားေပးမည့္ ခရီးစဥ္အျဖစ္ ရႈျမင္ရဖြယ္ရွိေနပါသည္။

ထိုအျပင္ မစၥတာဝမ္ယိ၏ ခရီးစဥ္အတြင္း သံတမန္ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈအေရးကိစၥ၊ နယ္စပ္လုံၿခဳံတည္ၿငိမ္ေရး၊ ေဒသတြင္းပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အေရးကိစၥမ်ားကိုပါ ပါဝင္ေဆြးေႏြးသြားဖြယ္ရွိေနပါသည္။

မည္သို႔ဆိုေစ တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔သည္ သံတမန္ဆက္ဆံေရး ႏွစ္ေပါင္း ၇၀ နီးပါးရွိ အိမ္နီးခ်င္းေကာင္းပီသသည့္ ေဆြမ်ိဳးေပါက္ေဖာက္ဆက္ဆံေရးအသြင္ရွိေနသည့္ ႏိုင္ငံမ်ားျဖစ္သည္။ဆိုရလွ်င္ၿပီးခဲ့သည့္ ဆယ္စုႏွစ္ကာလ စစ္အစိုးရအဆက္ဆက္ တ႐ုတ္ႏိုင္ငံႏွင့္ စီးပြားေရးအရ ခိုင္ၿမဲေသာဆက္ဆံေရးရွိခဲ့သည့္ အစဥ္အလာအတိုင္း NLD အရပ္သားအစိုးရ လက္ထက္တြင္လည္း စီးပြားေရးအရ ဆက္လက္ပူးေပါင္းေဆာင္႐ြက္လ်က္ ႏွစ္ႏိုင္ငံအက်ိဳးတူပူးေပါင္းေဆာင္႐ြက္ေရးအသြင္ျဖင့္ ဆက္လက္ခရီးႏွင္ေနသည္မွာလည္း အမွန္ပင္ျဖစ္သည္။

စင္စစ္ ႏွစ္ေပါင္း ၂၀ အတြင္း ျမန္မာႏိုင္ငံသို႔ ပထမဦးဆုံးအႀကိမ္လာေရာက္ခဲ့ေသာ တ႐ုတ္သမၼတ ရွီက်င့္ဖိန္၏ ခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံသေဘာတူညီမႈျပဳႏိုင္ခဲ့သည့္ စီမံကိန္းမ်ားသည္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈအတြက္ ႀကီးမားေသာအလားအလာမ်ားအျဖစ္ ေတြ႕ျမင္ေနရသည္မွာလည္း အမွန္ပင္ျဖစ္သည္။အလားတူပင္ တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔သည္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ အိမ္နီးခ်င္းေကာင္းႏိုင္ငံမ်ားျဖစ္ၿပီး တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ အႀကီးမားဆုံးကုန္သြယ္ဖက္ႏိုင္ငံလည္းျဖစ္သည္။ထို႔ျပင္ ျမန္မာႏိုင္ငံ၏ အက်ိဳးစီးပြားအေပၚအေျခခံ၍ ျမန္မာႏိုင္ငံ၏ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေအာင္ျမင္ထေျမာက္ေရးတြင္ တ႐ုတ္ႏိုင္ငံက အျပဳသေဘာေဆာင္ေသာ အခန္းက႑မွ ဆက္လက္ပူးေပါင္းပါဝင္ဖြယ္ရွိေနပါသည္။ထိုသို႔ေသာ အေနအထားမ်ားအတြင္း ျမန္မာႏိုင္ငံသို႔ ထိပ္တန္းသံတမန္တစ္ဦးအျဖစ္လာေရာက္မည့္ မစၥတာဝမ္ယိ၏ ခရီးစဥ္သည္ ႏွစ္ႏိုင္ငံအက်ိဳးျဖစ္ထြန္းေရး အလားအလာေကာင္းမ်ား ေပၚေပါက္လာေစမည့္ ခရီးစဥ္အျဖစ္ ရႈျမင္ႏိုင္ပါေၾကာင္း ဆင္ျခင္သုံးသပ္လိုက္ရပါသည္။

ေနစိုးဦး
Ref :  Global Time / The Irrawaddy
ဇန္နဝါရီ - ၆