【 ဆောင်းပါး 】 တရုတ်-အိန္ဒိယတို့ ကစားပွဲစည်းမျဉ်း ပြောင်းသင့်ပြီ

【 ဆောင်းပါး 】 တရုတ်-အိန္ဒိယတို့ ကစားပွဲစည်းမျဉ်း ပြောင်းသင့်ပြီ

၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံအနောက်ဖက်၊ ရခိုင်ကမ်းရိုးတန်း၊ ကမ်းလွန်ဘင်္ဂါလားပင်လယ်အော်အတွင်းရှိ ရွှေသဘာဝဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့များ စတင်တွေ့ရှိခဲ့သည်။အဆိုပါကမ်းလွန်လုပ်ကွက်အား Daewoo International ( DI ) မှ ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ အိန္ဒိယ ( ONGC ) မှ ၁၇ ရာခိုင်နှုန်း၊ မြန်မာ ( MOGE ) မှ ၁၅ ရာခိုင်နှုန်းနှင့် KOGAS ( ကိုရီးယားမှ ) ၈.၅ ရာခိုင်နှုန်း၊ GAIL ( အိန္ဒိယ )  မှ ၈.၅ ရာခိုင်နှုန်းဖြင့် ထည့်ဝင်တူးဖော်ကြခြင်းဖြစ်သည်။အဆိုပါသဘာဝဓာတ်ငွေ့များကို အိန္ဒိယမှဝယ်ယူလိုသည့်အတွက် အိန္ဒိယကုမ္ပဏီနှစ်ခု ရှယ်ယာထည့်ဝင် လုပ်ကိုင်ခဲ့သည်။
သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်း၍ ဓာတ်ငွေ့ပိုက်လိုင်းသွယ်ယူရန် ညှိနှိုင်း၍မရခြင်းနှင့် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယအရှေ့မြောက် ပြည်နယ်များကို ဖြတ်သန်း၍သွယ်ယူပါက ကုန်ကျစရိတ်ကြီးမြင့်မှုတို့ကြောင့် အခက်အခဲဖြစ်ခဲ့သည်။ဒေဝူးအင်တာနေရှင်နယ်မှ ဓာတ်ငွေ့ရည်အဖြစ်ပြောင်းပြီး ကိုရီးယားသို့တင်ပို့လိုသည်။

ဤတွင် တရုတ်နိုင်ငံမှ ၎င်းဓာတ်ငွေ့များကို ဝယ်ယူလိုကြောင်း ကမ်းလှမ်းရာ ကိုရီးယားသို့တင်ပို့သည့် ဈေးနှုန်းအတိုင်းပေးနိုင်မှ ရောင်းချမည်ဟု ဒေဝူးမှ အကြောင်းပြန်ထားခဲ့သည်။ထွက်ရှိလာသော ဓာတ်ငွေ့များကို ဓာတ်ငွေ့များကို ဓာတ်ငွေ့ရည်အဖြစ် ပြောင်းလဲနိုင်ရန် နောက်ထပ်တစ်နှစ်ခန့် အချိန်ယူရနိုင်ဖွယ်ရှိနေသည်။ဤတွင် မြန်မာတာဝန်ရှိသူများက တရုတ်နိုင်ငံအား ရောင်းချပေးရန် တိုက်တွန်းနေခဲ့ပြီး တရုတ်မှလည်း ဒေဝူးတောင်းသည့် ဈေးအတိုင်း ပေးသည့်အတွက် တရုတ်နိုင်ငံမှ ဓာတ်ငွေ့ပိုက်လိုင်းသွယ်ယူကာ ဓာတ်ငွေ့ရရှိသွားသည်။  

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက် ပိုင်ဆိုင်သူစာရင်းတွင် အဆင့် ( ၁၀ ) ရှိပြီး၊ မြန်မာနိုင်ငံမှာ အဆင့် ( ၄၃ ) ရှိသည်ဟု ဆိုသော်လည်း ကြီးမားသော ဓာတ်ငွေ့သိုက်ကြီးကို ဖင်ခုထိုင်ထားသည့် တရုတ်မှာ အိန္ဒိယနိုင်ငံမှ ဓာတ်ငွေ့ရယူလို၍ ရင်းနှီးမြုပ်နှံထားသော မြန်မာ့ကမ်းလွန်မှ ဓာတ်ငွေ့ကို ဈေးကြီးပေး၍ ဝယ်ယူခွင့်ရရှိသွားခဲ့သည်။အိန္ဒိယသည် ဓာတ်ငွေ့ရယူလိုပါက စီးပွားရေးအရ တွက်ချေကိုက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပိုက်လိုင်းဖြတ်သန်း သွယ်ယူရမည်ဖြစ်သည်။ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် ဆက်ဆံရေးဆိုးရွားသည့် အခြေအနေတွင်ရှိနေပြီး တရုတ်နှင့် အလွန်နီးစပ်သော ဆက်ဆံရေးရှိသော နိုင်ငံဖြစ်သည်။ဤတွင် ရွှေသဘာဝဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့များ အိန္ဒိယမှ လက်လွတ်ဆုံးရှုံးသွားရပြီး တရုတ်သို့ရောင်းချရန် အိမ်ရှင်မြန်မာမှ မျက်နှာသာပေး တိုက်တွန်းမှုနှင့် ဘင်္ဂလားဒေ့ရှ်၏ ပိုက်လိုင်းဖြတ်သန်းခွင့် မပေးမှုတို့ကြောင့် တရုတ်နှင့် အိန္ဒိယတို့၏ အားပြိုင်မှုများသည် စိတ်ဝင်စားစရာဖြစ်လာခဲ့သည်။

၂၀၁၄ ခုနှစ် ဒေဝူးစမ်းသပ်လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ထွက်ရှိကြောင်း သတင်းများနှင့်အတူ AD- 7 ကမ်းလွန်လုပ်ကွက်တွင် မြန်မာနိုင်ငံနှင့် ပူးတွဲလုပ်ကိုင်နေသော ဒေဝူးရေနံတူးစင်သို့ ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ်များက ဝင်ရောက်ပြီး ထွက်ခွာသွားရန် တောင်းဆိုခဲ့သည်။
နှစ်နိုင်ငံရေတပ်သင်္ဘောများ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေပိုင်နက် အငြင်းပွားမှုသည် International Tribunal for Law of the Sea ( ITLOS ) ပင်လယ်ရေကြောင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးတွင် ဖြေရှင်းခဲ့ကြသည်။အထက်ပါခုံရုံး၏ ဆုံးဖြတ်ချက်များအရ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များပါသော ဧရိယာကို မြန်မာဖက်မှရရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏  ထာဝရအမျိုးသားအကျိုးစီးပွားအတွက် အရေးပါသော ပင်လယ်ပြင်ထွက်ပေါက်နှင့် မိုင် ၂၀၀ သီးသန့်စီးပွားရေးဇုန် ပိုင်ဆိုင်ရန် အခွင့်အလမ်းရရှိသွားသည်ဟု ဆိုသည်။ဤရေပိုင်နက်အငြင်းပွားမှုတွင် ဘင်္ဂလားဒေ့ရှ်မှ ၎င်းတို့၏ အမျိုးသားအောင်ပွဲအဖြစ် ကြွေးကြော်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံဖက်မှ ပြည်သူအား မရေမရာဖြေရှင်းချက်သာ ပေးနိုင်ခဲ့သည်။

ပထဝီအနေအထားအရ ခွက်ဝင်နေသော ကမ်းခြေကို ပိုင်ဆိုင်ထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မူလက ပင်လယ်ပြင်ဆိုင်ရာခွဲဝေမှု လုပ်ထုံးလုပ်နည်းများအရ အိန္ဒိယနှင့် မြန်မာတို့၏ ပင်လယ်ပြင်ဆက်ဆွဲမျဉ်းများအရ ၎င်းတို့၏ နိုင်ငံတကာပင်လယ်ပြင်ထွက်ပေါက် ပိတ်ဆို့နိုင်သည့်အပြင်၊ သီးသန့်စီးပွားရေးဇုန် မိုင် ၂၀၀ ပင် အပြည့်အဝပိုင်ဆိုင်ခွင့်မရှိဟု ဆိုသည်။၂၀၀၄ ခုနှစ် ထိပ်တိုက်တွေ့မှုမှ ရေကြောင်းအပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံး ( ITLOS ) တွင် ဖြေရှင်းမှုအရ နိုင်ငံတကာ ပင်လယ်ရေကြောင်းလိုင်း ထွက်ပေါက်ရသွားသလို စီးပွားရေးရေပိုင်နက်လည်း ရရှိသွားသည်ဟုဆိုသည်။ဘင်္ဂါလားဒေ့ရှ်သည် တရုတ် ( OBOR ) စီမံကိန်းနှင့် ပုလဲသွယ်စီမံကိန်းတို့အရ တရုတ်ရေနက်သင်္ဘော ဆိပ်ကမ်းတစ်ခု ရင်းနှီးမြုပ်နှံထားပြီးဖြစ်သည်။

ကနဦး တရုတ်-အိန္ဒိယ ပြိုင်ပွဲများတွင် အိန္ဒိယနှာခေါင်းကျည်ပွေ့တွေ့သွားသည့်အတွက်  အရှေ့မျှော်ဝါဒ ( Look East Policy ) [ LEP ] ကို အရှိန်တင်ရန်ကြိုးစားခဲ့သည်။သို့ရာတွင် အာဖဂန်စ္စတန်၌ ဆင်နွှဲလျှက်ရှိသော အမေရိကန်၏ အကြမ်းဖက်နှိမ်နှင်းရေး စစ်ပွဲများကြောင့် အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒများမှာ ခြေမန်းကွင်းစွပ်ခံထားရသလို ဖြစ်နေသည်။ထို့အပြင် အမေရိကန်နှင့် တရုတ်တို့၏ ပျားရေဆမ်းကာလသည်လည်း မကုန်ဆုံးသေးရာ တရုတ်မိတ်ဆွေများဖြစ်သော ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာတို့နှင့် ဆက်ဆံရေးတွင် ဇက်ကြိုးသတ်ခံထားရသလို ဖြစ်နေသည်။အိန္ဒိယအရှေ့မြောက် ပြည်နယ်များရှိ ပုန်ကန်နေကြသော လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံမှာ ဘင်္ဂလားဒေ့ရှ် တောင်တန်းဒေသများတွင် အခြေစိုက်စခန်းများ ဖွင့်လှစ်ထားခြင်း၊ ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းများမှတစ်ဆင့် လက်နက်ခဲယမ်း မီးကျောက်များ တင်သွင်းထောက်ပံ့နေခြင်းများကို မဖြေရှင်းမကိုင်တွယ်နိုင်ဖြစ်နေခဲ့သည်။

၂၀၁၄ ခုနှစ်တွင် အမေရိကန်မှ အာဖနကစ္စတန်တွင် ဆင်နွှဲနေသော အကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲများ အဆုံးသပ်ရန် ဆုံးဖြတ်ပြီးသည့်အချိန်၊ အမေရိကန်နှင့် တရုတ် ပျားရည်ဆမ်းကာလကုန်ဆုံးပြီး ကုန်သွယ်ရေး၊ စီးပွားရေး စစ်ပွဲများ အစပြုလာသည့်အချိန်တွင် ဒေသတွင်း နိုင်ငံတကာဆက်ဆံရေးအခြေအနေများ ပြောင်းလဲမှုစတင်လာခဲ့သည်။၂၀၁၄ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးမှ အိန္ဒိယ၏ ပါကစ္စတန်မူဝါဒများနှင့်ပတ်သက်၍ အမေရိကန်အနေဖြင့် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း အသိပေးခဲ့သည်။

ထို့အပြင် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်မှ ဒေလီသို့လာရောက်ခဲ့ပြီး အရှိန်နှေးနေသော အိန္ဒိယ၏ အရှေ့မျှော်မူဝါဒအစား ပိုမို၍သွက်လက်သော အရှေ့နှင့်ပေါင်းစည်းရေးမူဝါဒ ( Act  East Policy ) ( AEP ) ဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းသွားခဲ့သည်။အဆိုပါ အမေရိကန်၏ မူဝါဒအပြောင်းအလဲနှင့် တရုတ်-အမေရိကန်များ ရေဆန်းကုန်းဆုံးချိန်နှင့် တိုက်ဆိုင်၍ အိန္ဒိယအရှေ့မြောက် ပြည်နယ်များရှိ လူမျိုးစုလက်နက်ကိုင်ပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ အောင်မြင်စွာဖြေရှင်းနိုင်သွားသည်။ထို့အတူ အိန္ဒိယ၏ အရှေ့နှင့် ပေါင်းစည်း ( AEP ) ၏ အရေးကြီးသော ခြေလှမ်းဖြစ်သော ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနှင့် စစ်တွေဆိပ်ကမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းများကို စတင်နိုင်ခဲ့သည်။

ဤကမ္ဘာ့အခင်းအကျင်းများ အပြောင်းအလဲတွင် တရုတ် ( OBOR )၊ ပုလဲသွယ်စီမံကိန်းများ၏ အရေးပါသော ကွင်းဆက်ဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းစီမံကိန်း၊ အိန္ဒိယ ( AEP ) ၏ အဓိကခြေလှမ်းဖြစ်သည့် ကုလားတန်မြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတို့၏ အားပြိုင်မှုသည် ရခိုင်ပြည်နယ်၏ ဒေသတွင်းအခြေအနေသို့ ရိုက်ခတ်လာသည်ကို တွေ့ရသည်။အဆိုပါအပြောင်းအလဲတွင် မြန်မာနိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးအာရုံစိုက်ခံရသည့် ဘင်္ဂလီဒုက္ခသည်များ သိန်းနှင့်ချီထွက်ပြေးသွားရသည့် အရေးကိစ္စနှင့် AA လက်နက်ကိုင် ပဋိပက္ခတို့ဖြင့် ရင်ဆိုင်ရတော့သည်။ဘင်္ဂလီဒုက္ခသည်အရေးကိစ္စတွင် နိုင်ငံတကာမျက်နှာစာ၌ တရုတ်နိုင်ငံ၏ ထောက်ခံမှုသည် အရေးပါသည့်အနေအထားတွင်ရှိနေပြီး၊ AA လက်နက်ကိုင် ပဋိပက္ခတွင်လည်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍမှာ အရေးပါသည့်အခြေအနေဖြစ်သည်။

ယခုအခါ ကမ္ဘာအခင်းအကျင်းသစ် အပြောင်းအလဲနှင့်အတူ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲမှာလည်း တစ်ဖြည်းဖြည်းအရှိန်မြှင့်တင်လျှက်ရှိနေသည်။မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး၌လည်း အပြောင်းအလဲများ တဖြည်းဖြည်းခြင်း ဖြစ်ပေါ်လာလျက်ရှိနေသည်။အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ အရှိန်အဟုန်တစ်ခုသို့အရောက်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုဗစ်ရောဂါကြောင့် အခြေအနေပြောင်းလဲမှုများ များစွာဖြစ်ပေါ်လျှက်ရှိနေသည်။ကိုဗစ်လွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်၏ မာရှယ်စီမံကိန်းကဲ့သို့ ငွေလုံးငွေရင်းဖြင့် ဝင်ရောက်လာဖွယ်ရှိနေသည်။ယခုပင် ဖိလစ်ပိုင်နိုင်ငံ ကိုဗစ်လွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အထောက်အပံ့များ ဒေါ်လာဘီလျံနှင့်ချီ၍ စတင်လျှက်ရှိနေသည်။

ကိုဗစ်လွန်ကာလအတွင်း၌ တိဗက်နှင့် စင်ကျန်းကဲ့သို့သော ပြည်နယ်များအရေးကိစ္စသည် ရှေ့တန်းသို့ရောက်လာနိုင်ပြီး၊ တိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ် အရေးကိစ္စများသည်လည်း ပိုမိုတင်းမာလာမည့် အရိပ်အရောင်များ ပေါ်ထွက်လျှက်ရှိသည်။တရုတ်အနေဖြင့် ၎င်း၏ပြိုင်ဖက် အိန္ဒိယနှင့် တိဗက်ဒေသ ပဋိပက္ခမှသည် မြန်မာပင်လယ်ပြင်တွင်းနှင့် နယ်စပ်ပဋိပက္ခများအထိပါ ဦးတည်လာပါက တရုတ်အနေဖြင့် ပြဿနာဝိုင်းပတ်ခံရခြင်း တစ်ပတ်လည်သွားတော့မည်ဖြစ်သည်။မြန်မာနိုင်ငံ လက်ရှိအစိုးရ၏ နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၆ ခုနှစ် အစိုးသစ်၏ နိုင်ငံစုံသံတမန်များအား ပြောကြားရှင်းလင်းရာတွင် “တစ်ကမ္ဘာလုံး အကျိုးဖြစ်ထွန်းရေးကို ရှေးရှု့သွားမည်” ဟု ရှင်းလင်းခဲ့သည် တရုတ်ပြည်သစ် စတင်သည့် ၁၉၅၀ ခုနှစ်များအတွင်းက ပတ်ဝန်းကျင်နိုင်ငံများ၏ ဝိုင်းပတ်ပိတ်ဆို့မှုများထဲတွင် မြန်မာသည် တရုတ်၏မုခ်ဦး ဝင်ထွက်ပေါက်နေရာမှ တာဝန်ကျေခဲ့ဖူးသည့် အစဉ်အလာရှိခဲ့သည်။

မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ အေးချမ်းရေးသည် တရုတ်၏ အရေးပါသော ထွက်ပေါက်အတွက် အရေးကြီးလာပြီဟု ယူဆရသည်။မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု့မရှိပါက တရုတ်- မြန်မာ နယ်စပ်တွင် ( Proxy war ) ကြား ခံစစ်ပွဲများ ပေါ်ထွက်လာနိုင်ခြင်း၊ ရခိုင်ဒေသအတွင်း တရုတ်-အိန္ဒိယ အားပြိုင်မှုပြင်းထန်လာခြင်းတို့သည် မြန်မာနိုင်ငံအတွက်လည်း အကျိုးယုတ်စေသလို၊ တရုတ်နှင့် အိန္ဒိယတို့အတွက်လည်း ၎င်းတို့၏ မဟာဗျူဟာ ဖော်ဆောင်မှုများတွင် ခရီးဖင့်နှေးစေမည်ပင်ဖြစ်သည်။

ထို့ကြောင့်တရုတ်နှင့် အိန္ဒိယအနေဖြင့် ၎င်းတို့လိုအပ်သော မဟာဗျူဟာ ရည်မှန်းချက်များကို မြန်မာဖက်မှ ဖြည့်ဆည်းပေးပြီးဖြစ်ရာ မြန်မာနိုင်ငံ၏ မူဝါဒဖြစ်သော “တစ်ကမ္ဘာလုံးအကျိုးဖြစ်ထွန်းရေးကို ရှေးရှု့သွားမည် ” ဆိုသည့်မူဝါဒကို လေးစားလိုက်နာခြင်းဖြင့် ဒေသတွင်းငြိမ်းချမ်းရေးကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်အတွက် ကစားပွဲစည်းမျဉ်းကို ပြောင်းလဲရန် အချိန်တန်ပြီဖြစ်ပါကြောင်း......။

မင်းနိုင်စိုး
ကိုးကား - ရေအဆုံးကုန်းတစ်ဝက်၊ သက်ဆွေ ( တပ်မတော်ရေ )
     - စွမ်းအင်နဲ့ လျှပ်စစ်ကို ကမ္ဘာကြည့်ကြည့်မယ်၊ မော်သာထွေး ( မန္တလေး )
     - ဤကမ္ဘာလောကနှင့် ရေနံစွမ်းအင်ပြဿနာ၊ သံအမတ်ကြီးဦးလှမော် ( ဘောဂ )
     - Great Game East, India , China and the struggle for Asia’s Mose Volatile Frontier
               ( Bertil Lintest) ဂရိတ်ဂိမ်း/ပြန် ( နိုင်ဦး )
မေ - ၆
( Zawgyi )
၂၀၀၄ ခုႏွစ္တြင္ ျမန္မာႏိုင္ငံအေနာက္ဖက္၊ ရခိုင္ကမ္း႐ိုးတန္း၊ ကမ္းလြန္ဘဂၤါလားပင္လယ္ေအာ္အတြင္းရွိ ေ႐ႊသဘာဝဓာတ္ေငြ႕သိုက္မွ သဘာဝဓာတ္ေငြ႕မ်ား စတင္ေတြ႕ရွိခဲ့သည္။အဆိုပါကမ္းလြန္လုပ္ကြက္အား Daewoo International ( DI ) မွ ရွယ္ယာ ၅၁ ရာခိုင္ႏႈန္း၊ အိႏၵိယ ( ONGC ) မွ ၁၇ ရာခိုင္ႏႈန္း၊ ျမန္မာ ( MOGE ) မွ ၁၅ ရာခိုင္ႏႈန္းႏွင့္ KOGAS ( ကိုရီးယားမွ ) ၈.၅ ရာခိုင္ႏႈန္း၊ GAIL ( အိႏၵိယ )  မွ ၈.၅ ရာခိုင္ႏႈန္းျဖင့္ ထည့္ဝင္တူးေဖာ္ၾကျခင္းျဖစ္သည္။အဆိုပါသဘာဝဓာတ္ေငြ႕မ်ားကို အိႏၵိယမွဝယ္ယူလိုသည့္အတြက္ အိႏၵိယကုမၸဏီႏွစ္ခု ရွယ္ယာထည့္ဝင္ လုပ္ကိုင္ခဲ့သည္။
သို႔ရာတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ျဖတ္သန္း၍ ဓာတ္ေငြ႕ပိုက္လိုင္းသြယ္ယူရန္ ညႇိႏႈိင္း၍မရျခင္းႏွင့္ ျမန္မာႏိုင္ငံမွတစ္ဆင့္ အိႏၵိယအေရွ႕ေျမာက္ ျပည္နယ္မ်ားကို ျဖတ္သန္း၍သြယ္ယူပါက ကုန္က်စရိတ္ႀကီးျမင့္မႈတို႔ေၾကာင့္ အခက္အခဲျဖစ္ခဲ့သည္။ေဒဝူးအင္တာေနရွင္နယ္မွ ဓာတ္ေငြ႕ရည္အျဖစ္ေျပာင္းၿပီး ကိုရီးယားသို႔တင္ပို႔လိုသည္။

ဤတြင္ တ႐ုတ္ႏိုင္ငံမွ ၎ဓာတ္ေငြ႕မ်ားကို ဝယ္ယူလိုေၾကာင္း ကမ္းလွမ္းရာ ကိုရီးယားသို႔တင္ပို႔သည့္ ေဈးႏႈန္းအတိုင္းေပးႏိုင္မွ ေရာင္းခ်မည္ဟု ေဒဝူးမွ အေၾကာင္းျပန္ထားခဲ့သည္။ထြက္ရွိလာေသာ ဓာတ္ေငြ႕မ်ားကို ဓာတ္ေငြ႕မ်ားကို ဓာတ္ေငြ႕ရည္အျဖစ္ ေျပာင္းလဲႏိုင္ရန္ ေနာက္ထပ္တစ္ႏွစ္ခန႔္ အခ်ိန္ယူရႏိုင္ဖြယ္ရွိေနသည္။ဤတြင္ ျမန္မာတာဝန္ရွိသူမ်ားက တ႐ုတ္ႏိုင္ငံအား ေရာင္းခ်ေပးရန္ တိုက္တြန္းေနခဲ့ၿပီး တ႐ုတ္မွလည္း ေဒဝူးေတာင္းသည့္ ေဈးအတိုင္း ေပးသည့္အတြက္ တ႐ုတ္ႏိုင္ငံမွ ဓာတ္ေငြ႕ပိုက္လိုင္းသြယ္ယူကာ ဓာတ္ေငြ႕ရရွိသြားသည္။  

တ႐ုတ္ႏိုင္ငံသည္ ကမာၻ႔အႀကီးဆုံး သဘာဝဓာတ္ေငြ႕သိုက္ ပိုင္ဆိုင္သူစာရင္းတြင္ အဆင့္ ( ၁၀ ) ရွိၿပီး၊ ျမန္မာႏိုင္ငံမွာ အဆင့္ ( ၄၃ ) ရွိသည္ဟု ဆိုေသာ္လည္း ႀကီးမားေသာ ဓာတ္ေငြ႕သိုက္ႀကီးကို ဖင္ခုထိုင္ထားသည့္ တ႐ုတ္မွာ အိႏၵိယႏိုင္ငံမွ ဓာတ္ေငြ႕ရယူလို၍ ရင္းႏွီးျမဳပ္ႏွံထားေသာ ျမန္မာ့ကမ္းလြန္မွ ဓာတ္ေငြ႕ကို ေဈးႀကီးေပး၍ ဝယ္ယူခြင့္ရရွိသြားခဲ့သည္။အိႏၵိယသည္ ဓာတ္ေငြ႕ရယူလိုပါက စီးပြားေရးအရ တြက္ေခ်ကိုက္ရန္အတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ ပိုက္လိုင္းျဖတ္သန္း သြယ္ယူရမည္ျဖစ္သည္။ဘဂၤလားေဒ့ရွ္သည္ အိႏၵိယႏွင့္ ဆက္ဆံေရးဆိုး႐ြားသည့္ အေျခအေနတြင္ရွိေနၿပီး တ႐ုတ္ႏွင့္ အလြန္နီးစပ္ေသာ ဆက္ဆံေရးရွိေသာ ႏိုင္ငံျဖစ္သည္။ဤတြင္ ေ႐ႊသဘာဝဓာတ္ေငြ႕သိုက္မွ ဓာတ္ေငြ႕မ်ား အိႏၵိယမွ လက္လြတ္ဆုံးရႈံးသြားရၿပီး တ႐ုတ္သို႔ေရာင္းခ်ရန္ အိမ္ရွင္ျမန္မာမွ မ်က္ႏွာသာေပး တိုက္တြန္းမႈႏွင့္ ဘဂၤလားေဒ့ရွ္၏ ပိုက္လိုင္းျဖတ္သန္းခြင့္ မေပးမႈတို႔ေၾကာင့္ တ႐ုတ္ႏွင့္ အိႏၵိယတို႔၏ အားၿပိဳင္မႈမ်ားသည္ စိတ္ဝင္စားစရာျဖစ္လာခဲ့သည္။

၂၀၁၄ ခုႏွစ္ ေဒဝူးစမ္းသပ္လုပ္ကြက္မ်ားမွ သဘာဝဓာတ္ေငြ႕ထြက္ရွိေၾကာင္း သတင္းမ်ားႏွင့္အတူ AD- 7 ကမ္းလြန္လုပ္ကြက္တြင္ ျမန္မာႏိုင္ငံႏွင့္ ပူးတြဲလုပ္ကိုင္ေနေသာ ေဒဝူးေရနံတူးစင္သို႔ ဘဂၤလားေဒ့ရွ္ေရတပ္မွ စစ္ေရယာဥ္မ်ားက ဝင္ေရာက္ၿပီး ထြက္ခြာသြားရန္ ေတာင္းဆိုခဲ့သည္။
ႏွစ္ႏိုင္ငံေရတပ္သေဘၤာမ်ား ထိပ္တိုက္ေတြ႕ခဲ့ၿပီးေနာက္ ျမန္မာႏွင့္ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံေရပိုင္နက္ အျငင္းပြားမႈသည္ International Tribunal for Law of the Sea ( ITLOS ) ပင္လယ္ေရေၾကာင္းဆိုင္ရာ အျပည္ျပည္ဆိုင္ရာ အႏုညာတခုံ႐ုံးတြင္ ေျဖရွင္းခဲ့ၾကသည္။အထက္ပါခုံ႐ုံး၏ ဆုံးျဖတ္ခ်က္မ်ားအရ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ လုပ္ကြက္မ်ားပါေသာ ဧရိယာကို ျမန္မာဖက္မွရရွိခဲ့ေသာ္လည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏  ထာဝရအမ်ိဳးသားအက်ိဳးစီးပြားအတြက္ အေရးပါေသာ ပင္လယ္ျပင္ထြက္ေပါက္ႏွင့္ မိုင္ ၂၀၀ သီးသန႔္စီးပြားေရးဇုန္ ပိုင္ဆိုင္ရန္ အခြင့္အလမ္းရရွိသြားသည္ဟု ဆိုသည္။ဤေရပိုင္နက္အျငင္းပြားမႈတြင္ ဘဂၤလားေဒ့ရွ္မွ ၎တို႔၏ အမ်ိဳးသားေအာင္ပြဲအျဖစ္ ေႂကြးေၾကာ္ႏိုင္ခဲ့ေသာ္လည္း ျမန္မာႏိုင္ငံဖက္မွ ျပည္သူအား မေရမရာေျဖရွင္းခ်က္သာ ေပးႏိုင္ခဲ့သည္။

ပထဝီအေနအထားအရ ခြက္ဝင္ေနေသာ ကမ္းေျခကို ပိုင္ဆိုင္ထားေသာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ မူလက ပင္လယ္ျပင္ဆိုင္ရာခြဲေဝမႈ လုပ္ထုံးလုပ္နည္းမ်ားအရ အိႏၵိယႏွင့္ ျမန္မာတို႔၏ ပင္လယ္ျပင္ဆက္ဆြဲမ်ဥ္းမ်ားအရ ၎တို႔၏ ႏိုင္ငံတကာပင္လယ္ျပင္ထြက္ေပါက္ ပိတ္ဆို႔ႏိုင္သည့္အျပင္၊ သီးသန႔္စီးပြားေရးဇုန္ မိုင္ ၂၀၀ ပင္ အျပည့္အဝပိုင္ဆိုင္ခြင့္မရွိဟု ဆိုသည္။၂၀၀၄ ခုႏွစ္ ထိပ္တိုက္ေတြ႕မႈမွ ေရေၾကာင္းအျပည္ျပည္ဆိုင္ရာ အႏုညာတခုံ႐ုံး ( ITLOS ) တြင္ ေျဖရွင္းမႈအရ ႏိုင္ငံတကာ ပင္လယ္ေရေၾကာင္းလိုင္း ထြက္ေပါက္ရသြားသလို စီးပြားေရးေရပိုင္နက္လည္း ရရွိသြားသည္ဟုဆိုသည္။ဘဂၤါလားေဒ့ရွ္သည္ တ႐ုတ္ ( OBOR ) စီမံကိန္းႏွင့္ ပုလဲသြယ္စီမံကိန္းတို႔အရ တ႐ုတ္ေရနက္သေဘၤာ ဆိပ္ကမ္းတစ္ခု ရင္းႏွီးျမဳပ္ႏွံထားၿပီးျဖစ္သည္။

ကနဦး တ႐ုတ္-အိႏၵိယ ၿပိဳင္ပြဲမ်ားတြင္ အိႏၵိယႏွာေခါင္းက်ည္ေပြ႕ေတြ႕သြားသည့္အတြက္  အေရွ႕ေမွ်ာ္ဝါဒ ( Look East Policy ) [ LEP ] ကို အရွိန္တင္ရန္ႀကိဳးစားခဲ့သည္။သို႔ရာတြင္ အာဖဂန္စၥတန္၌ ဆင္ႏႊဲလွ်က္ရွိေသာ အေမရိကန္၏ အၾကမ္းဖက္ႏွိမ္ႏွင္းေရး စစ္ပြဲမ်ားေၾကာင့္ အိႏၵိယ၏ ႏိုင္ငံျခားေရးမူဝါဒမ်ားမွာ ေျခမန္းကြင္းစြပ္ခံထားရသလို ျဖစ္ေနသည္။ထို႔အျပင္ အေမရိကန္ႏွင့္ တ႐ုတ္တို႔၏ ပ်ားေရဆမ္းကာလသည္လည္း မကုန္ဆုံးေသးရာ တ႐ုတ္မိတ္ေဆြမ်ားျဖစ္ေသာ ပါကစၥတန္၊ ဘဂၤလားေဒ့ရွ္၊ ျမန္မာတို႔ႏွင့္ ဆက္ဆံေရးတြင္ ဇက္ႀကိဳးသတ္ခံထားရသလို ျဖစ္ေနသည္။အိႏၵိယအေရွ႕ေျမာက္ ျပည္နယ္မ်ားရွိ ပုန္ကန္ေနၾကေသာ လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕အစည္းမ်ိဳးစုံမွာ ဘဂၤလားေဒ့ရွ္ ေတာင္တန္းေဒသမ်ားတြင္ အေျခစိုက္စခန္းမ်ား ဖြင့္လွစ္ထားျခင္း၊ ဘဂၤလားေဒ့ရွ္ ဆိပ္ကမ္းမ်ားမွတစ္ဆင့္ လက္နက္ခဲယမ္း မီးေက်ာက္မ်ား တင္သြင္းေထာက္ပံ့ေနျခင္းမ်ားကို မေျဖရွင္းမကိုင္တြယ္ႏိုင္ျဖစ္ေနခဲ့သည္။

၂၀၁၄ ခုႏွစ္တြင္ အေမရိကန္မွ အာဖနကစၥတန္တြင္ ဆင္ႏႊဲေနေသာ အၾကမ္းဖက္ႏွိမ္နင္းေရးစစ္ပြဲမ်ား အဆုံးသပ္ရန္ ဆုံးျဖတ္ၿပီးသည့္အခ်ိန္၊ အေမရိကန္ႏွင့္ တ႐ုတ္ ပ်ားရည္ဆမ္းကာလကုန္ဆုံးၿပီး ကုန္သြယ္ေရး၊ စီးပြားေရး စစ္ပြဲမ်ား အစျပဳလာသည့္အခ်ိန္တြင္ ေဒသတြင္း ႏိုင္ငံတကာဆက္ဆံေရးအေျခအေနမ်ား ေျပာင္းလဲမႈစတင္လာခဲ့သည္။၂၀၁၄ ခုႏွစ္အတြင္း အိႏၵိယႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးမွ အိႏၵိယ၏ ပါကစၥတန္မူဝါဒမ်ားႏွင့္ပတ္သက္၍ အေမရိကန္အေနျဖင့္ ဝင္ေရာက္စြက္ဖက္မည္မဟုတ္ေၾကာင္း အသိေပးခဲ့သည္။

ထို႔အျပင္ ႏိုင္ငံျခားေရးဝန္ႀကီး မစၥကလင္တန္မွ ေဒလီသို႔လာေရာက္ခဲ့ၿပီး အရွိန္ေႏွးေနေသာ အိႏၵိယ၏ အေရွ႕ေမွ်ာ္မူဝါဒအစား ပိုမို၍သြက္လက္ေသာ အေရွ႕ႏွင့္ေပါင္းစည္းေရးမူဝါဒ ( Act  East Policy ) ( AEP ) ျဖင့္ အရွိန္ျမႇင့္တင္ေဆာင္႐ြက္ရန္ တိုက္တြန္းသြားခဲ့သည္။အဆိုပါ အေမရိကန္၏ မူဝါဒအေျပာင္းအလဲႏွင့္ တ႐ုတ္-အေမရိကန္မ်ား ေရဆန္းကုန္းဆုံးခ်ိန္ႏွင့္ တိုက္ဆိုင္၍ အိႏၵိယအေရွ႕ေျမာက္ ျပည္နယ္မ်ားရွိ လူမ်ိဳးစုလက္နက္ကိုင္ျပႆနာမ်ားကို ႏိုင္ငံေရးနည္းလမ္းအရ ေအာင္ျမင္စြာေျဖရွင္းႏိုင္သြားသည္။ထို႔အတူ အိႏၵိယ၏ အေရွ႕ႏွင့္ ေပါင္းစည္း ( AEP ) ၏ အေရးႀကီးေသာ ေျခလွမ္းျဖစ္ေသာ ကုလားတန္ျမစ္ ဘက္စုံဖြံ႕ၿဖိဳးေရးစီမံကိန္းႏွင့္ စစ္ေတြဆိပ္ကမ္း အဆင့္ျမႇင့္တင္ေရး စီမံကိန္းမ်ားကို စတင္ႏိုင္ခဲ့သည္။

ဤကမာၻ႔အခင္းအက်င္းမ်ား အေျပာင္းအလဲတြင္ တ႐ုတ္ ( OBOR )၊ ပုလဲသြယ္စီမံကိန္းမ်ား၏ အေရးပါေသာ ကြင္းဆက္ျဖစ္သည့္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းႏွင့္ ေက်ာက္ျဖဴ-ကူမင္း ပိုက္လိုင္းစီမံကိန္း၊ အိႏၵိယ ( AEP ) ၏ အဓိကေျခလွမ္းျဖစ္သည့္ ကုလားတန္ျမစ္ဝွမ္း ဘက္စုံဖြံ႕ၿဖိဳးေရး စီမံကိန္းတို႔၏ အားၿပိဳင္မႈသည္ ရခိုင္ျပည္နယ္၏ ေဒသတြင္းအေျခအေနသို႔ ႐ိုက္ခတ္လာသည္ကို ေတြ႕ရသည္။အဆိုပါအေျပာင္းအလဲတြင္ ျမန္မာႏိုင္ငံအေနျဖင့္ တစ္ကမာၻလုံးအာ႐ုံစိုက္ခံရသည့္ ဘဂၤလီဒုကၡသည္မ်ား သိန္းႏွင့္ခ်ီထြက္ေျပးသြားရသည့္ အေရးကိစၥႏွင့္ AA လက္နက္ကိုင္ ပဋိပကၡတို႔ျဖင့္ ရင္ဆိုင္ရေတာ့သည္။ဘဂၤလီဒုကၡသည္အေရးကိစၥတြင္ ႏိုင္ငံတကာမ်က္ႏွာစာ၌ တ႐ုတ္ႏိုင္ငံ၏ ေထာက္ခံမႈသည္ အေရးပါသည့္အေနအထားတြင္ရွိေနၿပီး၊ AA လက္နက္ကိုင္ ပဋိပကၡတြင္လည္း တ႐ုတ္ႏိုင္ငံ၏ အခန္းက႑မွာ အေရးပါသည့္အေျခအေနျဖစ္သည္။

ယခုအခါ ကမာၻအခင္းအက်င္းသစ္ အေျပာင္းအလဲႏွင့္အတူ အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ပြဲမွာလည္း တစ္ျဖည္းျဖည္းအရွိန္ျမႇင့္တင္လွ်က္ရွိေနသည္။ျမန္မာႏိုင္ငံ၏ ျပည္တြင္းႏိုင္ငံေရး၌လည္း အေျပာင္းအလဲမ်ား တျဖည္းျဖည္းျခင္း ျဖစ္ေပၚလာလ်က္ရွိေနသည္။အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ပြဲ အရွိန္အဟုန္တစ္ခုသို႔အေရာက္တြင္ တစ္ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါ ကိုဗစ္ေရာဂါေၾကာင့္ အေျခအေနေျပာင္းလဲမႈမ်ား မ်ားစြာျဖစ္ေပၚလွ်က္ရွိေနသည္။ကိုဗစ္လြန္ကာလ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားသည္ ဒုတိယကမာၻစစ္အၿပီး အေမရိကန္၏ မာရွယ္စီမံကိန္းကဲ့သို႔ ေငြလုံးေငြရင္းျဖင့္ ဝင္ေရာက္လာဖြယ္ရွိေနသည္။ယခုပင္ ဖိလစ္ပိုင္ႏိုင္ငံ ကိုဗစ္လြန္ကာလ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားအတြက္ အေထာက္အပံ့မ်ား ေဒၚလာဘီလ်ံႏွင့္ခ်ီ၍ စတင္လွ်က္ရွိေနသည္။

ကိုဗစ္လြန္ကာလအတြင္း၌ တိဗက္ႏွင့္ စင္က်န္းကဲ့သို႔ေသာ ျပည္နယ္မ်ားအေရးကိစၥသည္ ေရွ႕တန္းသို႔ေရာက္လာႏိုင္ၿပီး၊ တိုင္ဝမ္ႏွင့္ ေတာင္တ႐ုတ္ပင္လယ္ အေရးကိစၥမ်ားသည္လည္း ပိုမိုတင္းမာလာမည့္ အရိပ္အေရာင္မ်ား ေပၚထြက္လွ်က္ရွိသည္။တ႐ုတ္အေနျဖင့္ ၎၏ၿပိဳင္ဖက္ အိႏၵိယႏွင့္ တိဗက္ေဒသ ပဋိပကၡမွသည္ ျမန္မာပင္လယ္ျပင္တြင္းႏွင့္ နယ္စပ္ပဋိပကၡမ်ားအထိပါ ဦးတည္လာပါက တ႐ုတ္အေနျဖင့္ ျပႆနာဝိုင္းပတ္ခံရျခင္း တစ္ပတ္လည္သြားေတာ့မည္ျဖစ္သည္။ျမန္မာႏိုင္ငံ လက္ရွိအစိုးရ၏ ႏိုင္ငံျခားေရးမူဝါဒႏွင့္ ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္မွ ၂၀၁၆ ခုႏွစ္ အစိုးသစ္၏ ႏိုင္ငံစုံသံတမန္မ်ားအား ေျပာၾကားရွင္းလင္းရာတြင္ “တစ္ကမာၻလုံး အက်ိဳးျဖစ္ထြန္းေရးကို ေရွးရႈ႕သြားမည္” ဟု ရွင္းလင္းခဲ့သည္ တ႐ုတ္ျပည္သစ္ စတင္သည့္ ၁၉၅၀ ခုႏွစ္မ်ားအတြင္းက ပတ္ဝန္းက်င္ႏိုင္ငံမ်ား၏ ဝိုင္းပတ္ပိတ္ဆို႔မႈမ်ားထဲတြင္ ျမန္မာသည္ တ႐ုတ္၏မုခ္ဦး ဝင္ထြက္ေပါက္ေနရာမွ တာဝန္ေက်ခဲ့ဖူးသည့္ အစဥ္အလာရွိခဲ့သည္။

ျမန္မာႏိုင္ငံ တည္ၿငိမ္ေရး၊ ေအးခ်မ္းေရးသည္ တ႐ုတ္၏ အေရးပါေသာ ထြက္ေပါက္အတြက္ အေရးႀကီးလာၿပီဟု ယူဆရသည္။ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းမႈ႕မရွိပါက တ႐ုတ္- ျမန္မာ နယ္စပ္တြင္ ( Proxy war ) ၾကား ခံစစ္ပြဲမ်ား ေပၚထြက္လာႏိုင္ျခင္း၊ ရခိုင္ေဒသအတြင္း တ႐ုတ္-အိႏၵိယ အားၿပိဳင္မႈျပင္းထန္လာျခင္းတို႔သည္ ျမန္မာႏိုင္ငံအတြက္လည္း အက်ိဳးယုတ္ေစသလို၊ တ႐ုတ္ႏွင့္ အိႏၵိယတို႔အတြက္လည္း ၎တို႔၏ မဟာဗ်ဴဟာ ေဖာ္ေဆာင္မႈမ်ားတြင္ ခရီးဖင့္ေႏွးေစမည္ပင္ျဖစ္သည္။

ထို႔ေၾကာင့္တ႐ုတ္ႏွင့္ အိႏၵိယအေနျဖင့္ ၎တို႔လိုအပ္ေသာ မဟာဗ်ဴဟာ ရည္မွန္းခ်က္မ်ားကို ျမန္မာဖက္မွ ျဖည့္ဆည္းေပးၿပီးျဖစ္ရာ ျမန္မာႏိုင္ငံ၏ မူဝါဒျဖစ္ေသာ “တစ္ကမာၻလုံးအက်ိဳးျဖစ္ထြန္းေရးကို ေရွးရႈ႕သြားမည္ ” ဆိုသည့္မူဝါဒကို ေလးစားလိုက္နာျခင္းျဖင့္ ေဒသတြင္းၿငိမ္းခ်မ္းေရးကို ဝိုင္းဝန္းေဆာင္႐ြက္ေပးၾကရန္အတြက္ ကစားပြဲစည္းမ်ဥ္းကို ေျပာင္းလဲရန္ အခ်ိန္တန္ၿပီျဖစ္ပါေၾကာင္း......။

မင္းႏိုင္စိုး
ကိုးကား - ေရအဆုံးကုန္းတစ္ဝက္၊ သက္ေဆြ ( တပ္မေတာ္ေရ )
     - စြမ္းအင္နဲ႔ လွ်ပ္စစ္ကို ကမာၻၾကည့္ၾကည့္မယ္၊ ေမာ္သာေထြး ( မႏၲေလး )
     - ဤကမာၻေလာကႏွင့္ ေရနံစြမ္းအင္ျပႆနာ၊ သံအမတ္ႀကီးဦးလွေမာ္ ( ေဘာဂ )
     - Great Game East, India , China and the struggle for Asia’s Mose Volatile Frontier
               ( Bertil Lintest) ဂရိတ္ဂိမ္း/ျပန္ ( ႏိုင္ဦး )
ေမ - ၆