【 ဆောင်းပါး 】 နိုဝင်ဘာလရဲ့ အထင်ကရ ရွေးကောက်ပွဲ နှစ်ခုကို နှိုင်းယှဉ်သုံးသပ်ခြင်း

【  ဆောင်းပါး 】 နိုဝင်ဘာလရဲ့ အထင်ကရ ရွေးကောက်ပွဲ နှစ်ခုကို နှိုင်းယှဉ်သုံးသပ်ခြင်း

၂၀၂၀ ခုနှစ် နိုင်ငံရေးဇာတ်ခုံပေါ်ကို  လှမ်းကြည့်လိုက်မယ်ဆိုရင်လာမယ့် နိုဝင်ဘာလအတွင်းမှာ ကျင်း ပမယ့် ရွေးကောက်ပွဲတွေ တန်းစီနေတာကို တွေ့ကြရမှာဖြစ်တယ်။ ဆိုရရင် နိုဝင်ဘာ ၁ ရက်နေ့မှာ မော်ဒိုလ်ဗာ ရွေးကောက် ပွဲ၊ နိုဝင်ဘာလ ၃ ရက်နေ့မှာ အမေရိကန် သမ္မတရွေးကောက်ပွဲ၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာ နိုင်ငံ က အထွေထွေရွေးကောက်ပွဲ၊  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ဘာကီနာဖာဆို ရွေးကောက်ပွဲ နဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ဆွစ်ဇာလန် နိုင်ငံက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ စသဖြင့် တွေ့ကြရမှာဖြစ်ပါတယ်။

 

အဲဒီရွေးကောက်ပွဲတွေထဲက လူအများစိတ်ဝင်စားမှု အရှိဆုံးရွေးကောက်ပွဲ နှစ်ခုကို ထုတ်နှုတ်ပြရမယ် ဆိုရင်တော့ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲနဲ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အထွေထွေရွေး ကောက်ပွဲပဲ ဖြစ်ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲက မြန်မာနိုင်ငံ့ထက် ရက်အနည်းငယ်စောပြီး ကျင်းပ မှာဖြစ်ပေမဲ့ နှစ်နိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်တွေကတော့ မရှေးမနှောင်းဆိုသလိုပေါ်ထွက်လာမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတုန်းကတော့ ရီပတ်ဘလီကန်ကိုယ်စားပြု သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်ကိုယ်စားပြုသမ္မတလောင်း ဟီလာရီကလင်တန်တို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြတယ်။ ရွေး ကောက်ပွဲ မတိုင်ခင်က ဟီလာရီအနိုင်ရမယ်လို့ ပြည်တွင်းကော ပြည်ပကပါ တွက်ဆခန့်မှန်းခဲ့ကြပေမဲ့ ကြိုတင်မှန်းဆမှုတွေ အားလုံးလွဲချော်ခဲ့ပြီး မထင်မှတ်ဘဲဆိုသလို နိုင်ငံရေးနဲ့ အတန်ငယ်စိမ်းသလိုဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေး ဒေါ်နယ်ထရန့်က ဝါရင့်သမ္ဘာရင့် နိုင်ငံရေးသမား ဟီလာရီ ကို အလဲထိုးအနိုင်ယူ သွားခဲ့ပါတယ်။

 

မြန်မာနိုင်ငံဘက်ကိုကြည့်မယ်ဆိုရင်တော့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အင်အားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း နောက်တစ်ကြိမ် အင် ပြည့်အားပြည့် ပါဝင်ယှဉ်ပြိုင် လာခဲ့တာဖြစ်ပါတယ်။  အဲဒီအချိန်တုန်းက အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင် ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီက  ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ပါတီပေါင်း ၉၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ တယ်ဆို ပေမဲ့ NLD နဲ့ USDP တို့ပဲ အကြိတ်အနယ် အားပြိုင် ကြရမှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်မှုအများစုက ရွေးကောက်ပွဲ မတိုင်မီကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။

 

ဒါပေမဲ့ မြန်မာနိုင်ငံဟာနှစ်ပေါင်း ၆၀ နီးပါးလောက်စစ်အစိုးရလက်အောက်မှာ နေလာခဲ့ရတာဖြစ်တဲ့ အ တွက် မဲဆန္ဒရှင်ပြည်သူအများစုဟာ အာဏာရှင်ဆန်တဲ့ အစိုးရလက်အောက်ကနေ အပြောင်းအလဲကို ဖော် ဆောင်နိုင်ဖို့အတွက် အင်န်အယ်လ်ဒီကို ပုံအောထောက်ခံခဲ့ကြပါတယ်။ ဆိုရရင် ၂၀၁၅ ရွေးကောက်ပွဲဟာ ထင်မှတ်ထားသလို အင်န်အယ်လ်ဒီက မဲအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့တာမက မြန်မာနိုင်ငံရေးသမိုင်းမှာ သမိုင်းမှတ်တိုင် စိုက်ထူ နိုင်ခဲ့တဲ့ အထိပဲ ဖြစ်ပါတယ်။
အခုဆိုရင်တော့အမေရိကန်ပြည်ထောင်စုကော မြန်မာနိုင်ငံတို့မှာပါ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြို တင်ပြင်ဆင်လှုပ်ရှားမှုတွေနဲ့ အတူ အလုပ်ရှုပ်နေကြပြီဖြစ်ပါတယ်။ လတ်တလော အနေအထားအရ ကြည့်မယ်ဆိုရင်တော့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီတန်နဲ့ ဒိမိုကရက်တို့ နောက်တစ်ကြိမ် အားစမ်း ကြဦးမယ့်ရွေးကောက်ပွဲအဖြစ်တွေ့မြင်ကြရမှာဖြစ်တယ်။ မြန်မာနိုင်ငံမှာကတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ အနည်း ငယ်ခြားနားသွားမှာဖြစ်ပါတယ်။

 

ဆိုရရင် ၂၀၂၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး၊ ပြည်ခိုင်ဖြိုးက ၁၁၂၉ ဦးနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၉၂၀ ဦးပါဝင်ယှဉ်ပြိုင် လာ မှာဖြစ်သလို တိုင်းရင်းသားစည်းလုံးရေးနဲ့ ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဦ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီနဲ့ မွန်ညီညွတ်ရေးပါတီ စသဖြင့် ပါတီတွေ ကလည်း သူတို့ ရှိသမျှကိုယ်စားလှယ်လောင်း အင်အားနဲ့ပါဝင်ယှဉ်ပြိုင်လာမှာဖြစ်တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲ ဟာ ၂၀၁၅ ရွေးကောက်ပွဲကလို ပါတီနှစ်ခုထက်ပိုမိုပြီးပြိုင်ဆိုင်မှု ပြင်းထန်လာမယ်လို့ယူဆရဖွယ်ရှိပါတယ်။

 

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲကို အကဲခတ်ကြည့်မယ်ဆိုရင်တော့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကို အကဲခတ်ကြည့်မယ်ဆိုရင်တော့ ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲတုန်းက ဒေါ်နယ်ထရန့်  အနိုင်ရရှိ မယ်ဆိုပြီး ဟောကိန်းထုတ်ခဲ့တဲ့ နီဂျယ်ဖာရေ့နဲ့ အခြားသောဟောကိန်းဆရာတွေကတော့ ၂၀၂၀ ဟာ ၂၀၁၆ က အတိုင်းအပြောင်းမလဲ ရှိနေလိမ့်ဦးမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ လက်ရှိအနေအထားအရ ဒီမိုကရက်က ဂျိုးဘိုင်ဒင်နဲ့ ရီပတ်ဘလီကန် က လက်ရှိသမ္မတ ဒေါ်နယ်ထရန့် တို့အားပြိုင်ကြရဖွယ်ရှိနေပါတယ်။ ဟောကိန်း ဆရာတွေကသူတို့ထင်မြင်ယူဆချက်အရ ဟောကိန်းထုတ်ခဲ့တယ်ဆိုပေမဲ့လည်း နိုင်ငံရေးလေ့လာသုံး သပ်သူ တွေကတော့ မကြာသေးမီက ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှုအပေါ် ကောင်းစွာ ထိန်းချုပ် နိုင်စွမ်း မရှိမှု၊ တရုတ်နိုင်ငံအပေါ်ဆင်နွှဲခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိမှု၊ နိုင်ငံအတွင်း ဝရုန်းသုန်း ကားဖြစ် စေခဲ့တဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု စတဲ့ အနေအထားတွေဟာ ၂၀၂၀ ရွေးကောက်ပွဲဟာ ထရန့်အစိုးရကို အကျပ် အတည်းတွေ့စေမယ့် ဂယက်လှိုင်းတွေအဖြစ်တွက်ဆထားကြတာကိုလည်း တွေ့ကြရပါတယ်။

 

မြန်မာနိုင်ငံဘက်ကို ပြန်လှည့်ကြည့်မယ်ဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲဟာ လက်ရှိအာဏာရ အင်န် အယ်လ်ဒီ အတွက် ၂၀၁၅ တုန်းကလို အနိုင်ရရှိဖို့မလွယ်လောက်ဘူးဆိုတဲ့ အကဲဖြတ်မှုတွေ ရှိနေပါတယ်။ ဒါအပြင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေရဲ့ အားပြိုင်မှုနဲ့အတူ မဲပြားသွားနိုင်သလို ညွှန့်ပေါင်းဖြစ်သွားနိုင်တယ်ဆိုတဲ့ မှန်းဆ ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ဒီကြားထဲ နိုးဗုတ်လိုမဲမထည့်ဘူးဆိုတဲ့ အသံတွေကိုကြားရသလို မဲပေးခြင်း ဟာ နိုင်ငံသားတိုင်းရဲ့ အခြေခံကျတဲ့ တာဝန်ကျေပွန်မှုဆိုတဲ့ အသံတွေကိလည်း ကြားနေရပါတယ်။ ဒီလို အချိန် မျိုး မှာ မဲပေးတာနဲ့ ပတ်သက်ပြီး အမေရိကန်ဝေဖန်ရေးဆရာ ဂျော့ဂျင်းနေသန်က “ မဲမပေးဘဲ နေတဲ့ လူကောင်း သူကောင်းနိုင်ငံသားတွေကြောင့် မကောင်းတဲ့ ကိုယ်စားလှယ်တွေ ရွေးကောက်ခံရတယ်” လို့ဆိုပါ တယ်။ မဲမပေးဘူးဆိုတဲ့ နိုင်ငံသားတွေစဉ်းစားဆင်ခြင်စရာပါပဲ။

 

တကယ်တော့ ၂၀၂၀ ရွေးကောက်ပွဲကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ၂၀၁၅ ခုနှစ်က မဲဆန္ဒရှင်ပြည်သူ တွေဟာ အာဏရှင်လက်အောက်ကနေ လွတ်မြောက်ပြီး အပြောင်းအလဲ ကိုတွေ့မြင် လိုတဲ့ ဆန္ဒပြင်းပြမှုနဲ့ အတူ ဒီမိုကရေစီကျင့်သုံးမယ့်အစိုးရကို ရွေးကောက်တင်မြှောက်ခဲ့ကြတယ်။ အဲဒီလိုပဲ ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာဆိုရင်လည်း အပြောင်းအလဲကို လိုလားနေတဲ့ အမေရိကန်မဲဆန္ဒရှင်တွေဟာ ထရန့်ကိုယုံမှားပြီး ရွေးချယ်ခဲ့ကြတယ်။ ဒါပေမဲ့ အခုဆိုရင်တော့ အမေရိကန်ပြည်သူတွေဟာ ဒီမိုကရေစီ ဆုတ်ယုတ်လျော့ပါးပြီး အာဏာရှင်ဆန်မှု ဆီယိမ်းနေတဲ့ ထရန့်ကို ရွေးချယ်မိတဲ့အမှားကို ပြင်ဆင်ပြီး ဒီမိုကရေစီကာကွယ်ဖို့ အတွက် မဲထည့်ကြမယ်လို့ယူဆရပါတယ်။

 

ဆန့်ကျင်ဘက်အဖြစ် မြန်မာနိုင်ငံမှာကတော့ ပြည်သူတင်မြှောက်ခဲ့တဲ့ အစိုးရဟာ မျှော်လင့်ထားသလို ဒီမိုကရေစီ အပြည့်အဝကျင့်သုံးနိုင်ခြင်းမရှိခဲ့တဲ့အတွက် ကျေနပ်လောက်စရာ အပြောင်းအလဲတွေကို ဖော်ဆောင် နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်ကစပြီး မြန်မာ့နိုင်ငံရေးဟာ ဒီမိုကရေစီ အဖူးအငုံတွေပွင့်ဖို့ အားယူနေတဲ့ အချိန်ကို ရောက်ရှိခဲ့တယ်ဆိုတာကိုတော့ ငြင်းလို့မရဘူးလို့ဆိုရမှာပါ။ ဆိုရရင် ဒီလိုအချိန်မျိုးမှာ ပွင့်အာဖို့ အရှိန် ရနေတဲ့ ဒီမိုကရေစီပင်ပျိုလေး ဆက်လက်ရှင်သန်ရေးကို ဒီမိုကရေစီ ဒီလိုလားတဲ့ မဲဆန္ဒရှင်တွေ ဆန္ဒပြင်းပြနေဦး ဆိုရင်တော့ ၂၀၂၀ ရွေးကောက်ပွဲ ဟာ မဲဆန္ဒရှင်တွေ ဆုံးဖြတ်ရွေးချယ်မဲ့ လားရကို မှန်းဆ လို့ရမယ်လို့ ထင်မြင် မိပါတယ်။  

 

နိဂုံးချုပ်ဆိုရရင် ၂၀၁၅ နဲ့ ၂၀၁၆ ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု တို့အ တွက် အပြောင်းအလဲကို ဖော်ဆောင်ခဲ့တဲ့ရွေးကောက်ပွဲတွေ ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲကတော့ ဒီမိုကရေစီကို ကာကွယ်မယ့်ရွေးကောက်ပွဲတွေ ဖြစ်လာနိုင်စရာရှိကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်။

 မြင့်နောင်မိုး

(   Zawgyi  )

 

 ၂၀၂၀ ခုႏွစ္ ႏိုင္ငံေရးဇာတ္ခုံေပၚကို  လွမ္းၾကည့္လိုက္မယ္ဆိုရင္လာမယ့္ ႏိုဝင္ဘာလအတြင္းမွာ က်င္း ပမယ့္ ေ႐ြးေကာက္ပြဲေတြ တန္းစီေနတာကို ေတြ႕ၾကရမွာျဖစ္တယ္။ ဆိုရရင္ ႏိုဝင္ဘာ ၁ ရက္ေန႔မွာ ေမာ္ဒိုလ္ဗာ ေ႐ြးေကာက္ ပြဲ၊ ႏိုဝင္ဘာလ ၃ ရက္ေန႔မွာ အေမရိကန္ သမၼတေ႐ြးေကာက္ပြဲ၊ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ ျမန္မာ ႏိုင္ငံ က အေထြေထြေ႐ြးေကာက္ပြဲ၊  ႏိုဝင္ဘာလ ၂၂ ရက္ေန႔မွာ ဘာကီနာဖာဆို ေ႐ြးေကာက္ပြဲ နဲ႔ ႏိုဝင္ဘာလ ၂၉ ရက္ေန႔မွာ ဆြစ္ဇာလန္ ႏိုင္ငံက ျပည္လုံးကြၽတ္ဆႏၵခံယူပြဲ စသျဖင့္ ေတြ႕ၾကရမွာျဖစ္ပါတယ္။

အဲဒီေ႐ြးေကာက္ပြဲေတြထဲက လူအမ်ားစိတ္ဝင္စားမႈ အရွိဆုံးေ႐ြးေကာက္ပြဲ ႏွစ္ခုကို ထုတ္ႏႈတ္ျပရမယ္ ဆိုရင္ေတာ့ အေမရိကန္ျပည္ေထာင္စု သမၼတေ႐ြးေကာက္ပြဲနဲ႔ ျမန္မာႏိုင္ငံမွာ က်င္းပမယ့္ အေထြေထြေ႐ြး ေကာက္ပြဲပဲ ျဖစ္ပါတယ္။ အေမရိကန္သမၼတေ႐ြးေကာက္ပြဲက ျမန္မာႏိုင္ငံ့ထက္ ရက္အနည္းငယ္ေစာၿပီး က်င္းပ မွာျဖစ္ေပမဲ့ ႏွစ္ႏိုင္ငံရဲ႕ ေ႐ြးေကာက္ပြဲရလဒ္ေတြကေတာ့ မေရွးမေႏွာင္းဆိုသလိုေပၚထြက္လာမွာျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္ ေ႐ြးေကာက္ပြဲတုန္းကေတာ့ ရီပတ္ဘလီကန္ကိုယ္စားျပဳ သမၼတေလာင္း ေဒၚနယ္ထရန႔္နဲ႔ ဒီမိုကရက္ကိုယ္စားျပဳသမၼတေလာင္း ဟီလာရီကလင္တန္တို႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ၾကတယ္။ ေ႐ြး ေကာက္ပြဲ မတိုင္ခင္က ဟီလာရီအႏိုင္ရမယ္လို႔ ျပည္တြင္းေကာ ျပည္ပကပါ တြက္ဆခန႔္မွန္းခဲ့ၾကေပမဲ့ ႀကိဳတင္မွန္းဆမႈေတြ အားလုံးလြဲေခ်ာ္ခဲ့ၿပီး မထင္မွတ္ဘဲဆိုသလို ႏိုင္ငံေရးနဲ႔ အတန္ငယ္စိမ္းသလိုျဖစ္ေနတဲ့ စီးပြားေရးလုပ္ငန္းရွင္သူေဌး ေဒၚနယ္ထရန႔္က ဝါရင့္သမာၻရင့္ ႏိုင္ငံေရးသမား ဟီလာရီ ကို အလဲထိုးအႏိုင္ယူ သြားခဲ့ပါတယ္။

ျမန္မာႏိုင္ငံဘက္ကိုၾကည့္မယ္ဆိုရင္ေတာ့ ၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲဟာ ဒီမိုကေရစီ အင္အားစုေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီဟာ ၁၉၉၀ ေ႐ြးေကာက္ပြဲေနာက္ပိုင္း ေနာက္တစ္ႀကိမ္ အင္ ျပည့္အားျပည့္ ပါဝင္ယွဥ္ၿပိဳင္ လာခဲ့တာျဖစ္ပါတယ္။  အဲဒီအခ်ိန္တုန္းက အာဏာရပါတီျဖစ္တဲ့ ျပည္ေထာင္စုႀကံ့ခိုင္ ေရးနဲ႔ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီက  ဦးေဆာင္က်င္းပခဲ့တာျဖစ္ၿပီး ပါတီေပါင္း ၉၀ ေက်ာ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ တယ္ဆို ေပမဲ့ NLD နဲ႔ USDP တို႔ပဲ အႀကိတ္အနယ္ အားၿပိဳင္ ၾကရမွာျဖစ္တယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္မႈအမ်ားစုက ေ႐ြးေကာက္ပြဲ မတိုင္မီႀကိဳတင္ခန႔္မွန္းခဲ့ၾကပါတယ္။

ဒါေပမဲ့ ျမန္မာႏိုင္ငံဟာႏွစ္ေပါင္း ၆၀ နီးပါးေလာက္စစ္အစိုးရလက္ေအာက္မွာ ေနလာခဲ့ရတာျဖစ္တဲ့ အ တြက္ မဲဆႏၵရွင္ျပည္သူအမ်ားစုဟာ အာဏာရွင္ဆန္တဲ့ အစိုးရလက္ေအာက္ကေန အေျပာင္းအလဲကို ေဖာ္ ေဆာင္ႏိုင္ဖို႔အတြက္ အင္န္အယ္လ္ဒီကို ပုံေအာေထာက္ခံခဲ့ၾကပါတယ္။ ဆိုရရင္ ၂၀၁၅ ေ႐ြးေကာက္ပြဲဟာ ထင္မွတ္ထားသလို အင္န္အယ္လ္ဒီက မဲအျပတ္အသတ္နဲ႔အႏိုင္ရရွိခဲ့တာမက ျမန္မာႏိုင္ငံေရးသမိုင္းမွာ သမိုင္းမွတ္တိုင္ စိုက္ထူ ႏိုင္ခဲ့တဲ့ အထိပဲ ျဖစ္ပါတယ္။
အခုဆိုရင္ေတာ့အေမရိကန္ျပည္ေထာင္စုေကာ ျမန္မာႏိုင္ငံတို႔မွာပါ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳ တင္ျပင္ဆင္လႈပ္ရွားမႈေတြနဲ႔ အတူ အလုပ္ရႈပ္ေနၾကၿပီျဖစ္ပါတယ္။ လတ္တေလာ အေနအထားအရ ၾကည့္မယ္ဆိုရင္ေတာ့ အေမရိကန္ သမၼတေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလီတန္နဲ႔ ဒိမိုကရက္တို႔ ေနာက္တစ္ႀကိမ္ အားစမ္း ၾကဦးမယ့္ေ႐ြးေကာက္ပြဲအျဖစ္ေတြ႕ျမင္ၾကရမွာျဖစ္တယ္။ ျမန္မာႏိုင္ငံမွာကေတာ့ ၂၀၁၅ ေ႐ြးေကာက္ပြဲနဲ႔ အနည္း ငယ္ျခားနားသြားမွာျဖစ္ပါတယ္။

ဆိုရရင္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အင္န္အယ္လ္ဒီက ကိုယ္စားလွယ္ေလာင္း ၁၁၄၃ ဦး၊ ျပည္ခိုင္ၿဖိဳးက ၁၁၂၉ ဦးနဲ႔ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီက ၉၂၀ ဦးပါဝင္ယွဥ္ၿပိဳင္ လာ မွာျဖစ္သလို တိုင္းရင္းသားစည္းလုံးေရးနဲ႔ ညီၫြတ္ေရးပါတီ၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ၊ ျပည္သူ႔ပါတီ၊ ရွမ္း တိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီဦ အမ်ိဳးသားဒီမိုကေရစီ အင္အားစုပါတီ၊ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီနဲ႔ မြန္ညီၫြတ္ေရးပါတီ စသျဖင့္ ပါတီေတြ ကလည္း သူတို႔ ရွိသမွ်ကိုယ္စားလွယ္ေလာင္း အင္အားနဲ႔ပါဝင္ယွဥ္ၿပိဳင္လာမွာျဖစ္တဲ့အတြက္ ၂၀၂၀ ေ႐ြးေကာက္ပြဲ ဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲကလို ပါတီႏွစ္ခုထက္ပိုမိုၿပီးၿပိဳင္ဆိုင္မႈ ျပင္းထန္လာမယ္လို႔ယူဆရဖြယ္ရွိပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ ၂၀၂၀ သမၼတေ႐ြးေကာက္ပြဲကို အကဲခတ္ၾကည့္မယ္ဆိုရင္ေတာ့ ၂၀၁၆ ခုႏွစ္ ေ႐ြးေကာက္ပြဲကို အကဲခတ္ၾကည့္မယ္ဆိုရင္ေတာ့ ၂၀၁၆ ခုႏွစ္ေ႐ြးေကာက္ပြဲတုန္းက ေဒၚနယ္ထရန႔္  အႏိုင္ရရွိ မယ္ဆိုၿပီး ေဟာကိန္းထုတ္ခဲ့တဲ့ နီဂ်ယ္ဖာေရ႕နဲ႔ အျခားေသာေဟာကိန္းဆရာေတြကေတာ့ ၂၀၂၀ ဟာ ၂၀၁၆ က အတိုင္းအေျပာင္းမလဲ ရွိေနလိမ့္ဦးမယ္လို႔ ေဟာကိန္းထုတ္ထားပါတယ္။ လက္ရွိအေနအထားအရ ဒီမိုကရက္က ဂ်ိဳးဘိုင္ဒင္နဲ႔ ရီပတ္ဘလီကန္ က လက္ရွိသမၼတ ေဒၚနယ္ထရန႔္ တို႔အားၿပိဳင္ၾကရဖြယ္ရွိေနပါတယ္။ ေဟာကိန္း ဆရာေတြကသူတို႔ထင္ျမင္ယူဆခ်က္အရ ေဟာကိန္းထုတ္ခဲ့တယ္ဆိုေပမဲ့လည္း ႏိုင္ငံေရးေလ့လာသုံး သပ္သူ ေတြကေတာ့ မၾကာေသးမီက ကိုဗစ္-၁၉ ကူးစက္ကပ္ေရာဂါ ကူးစက္ ပ်ံ႕ႏွံ႔မႈအေပၚ ေကာင္းစြာ ထိန္းခ်ဳပ္ ႏိုင္စြမ္း မရွိမႈ၊ တ႐ုတ္ႏိုင္ငံအေပၚဆင္ႏႊဲခဲ့တဲ့ ကုန္သြယ္ေရးစစ္ပြဲေအာင္ျမင္ခဲ့ျခင္းမရွိမႈ၊ ႏိုင္ငံအတြင္း ဝ႐ုန္းသုန္း ကားျဖစ္ ေစခဲ့တဲ့ လူမ်ိဳးေရးခြဲျခားဆက္ဆံမႈ စတဲ့ အေနအထားေတြဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ ထရန႔္အစိုးရကို အက်ပ္ အတည္းေတြ႕ေစမယ့္ ဂယက္လႈိင္းေတြအျဖစ္တြက္ဆထားၾကတာကိုလည္း ေတြ႕ၾကရပါတယ္။

ျမန္မာႏိုင္ငံဘက္ကို ျပန္လွည့္ၾကည့္မယ္ဆိုရင္ေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ လက္ရွိအာဏာရ အင္န္ အယ္လ္ဒီ အတြက္ ၂၀၁၅ တုန္းကလို အႏိုင္ရရွိဖို႔မလြယ္ေလာက္ဘူးဆိုတဲ့ အကဲျဖတ္မႈေတြ ရွိေနပါတယ္။ ဒါအျပင္ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ပါတီေတြရဲ႕ အားၿပိဳင္မႈနဲ႔အတူ မဲျပားသြားႏိုင္သလို ၫႊန႔္ေပါင္းျဖစ္သြားႏိုင္တယ္ဆိုတဲ့ မွန္းဆ ခ်က္ေတြလည္း ထြက္ေပၚေနပါတယ္။ ဒီၾကားထဲ ႏိုးဗုတ္လိုမဲမထည့္ဘူးဆိုတဲ့ အသံေတြကိုၾကားရသလို မဲေပးျခင္း ဟာ ႏိုင္ငံသားတိုင္းရဲ႕ အေျခခံက်တဲ့ တာဝန္ေက်ပြန္မႈဆိုတဲ့ အသံေတြကိလည္း ၾကားေနရပါတယ္။ ဒီလို အခ်ိန္ မ်ိဳး မွာ မဲေပးတာနဲ႔ ပတ္သက္ၿပီး အေမရိကန္ေဝဖန္ေရးဆရာ ေဂ်ာ့ဂ်င္းေနသန္က “ မဲမေပးဘဲ ေနတဲ့ လူေကာင္း သူေကာင္းႏိုင္ငံသားေတြေၾကာင့္ မေကာင္းတဲ့ ကိုယ္စားလွယ္ေတြ ေ႐ြးေကာက္ခံရတယ္” လို႔ဆိုပါ တယ္။ မဲမေပးဘူးဆိုတဲ့ ႏိုင္ငံသားေတြစဥ္းစားဆင္ျခင္စရာပါပဲ။

တကယ္ေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ၿခဳံငုံသုံးသပ္ၾကည့္မယ္ဆိုရင္ ၂၀၁၅ ခုႏွစ္က မဲဆႏၵရွင္ျပည္သူ ေတြဟာ အာဏရွင္လက္ေအာက္ကေန လြတ္ေျမာက္ၿပီး အေျပာင္းအလဲ ကိုေတြ႕ျမင္ လိုတဲ့ ဆႏၵျပင္းျပမႈနဲ႔ အတူ ဒီမိုကေရစီက်င့္သုံးမယ့္အစိုးရကို ေ႐ြးေကာက္တင္ေျမႇာက္ခဲ့ၾကတယ္။ အဲဒီလိုပဲ ၂၀၁၆ ခုႏွစ္ အေမရိကန္ သမၼတ ေ႐ြးေကာက္ပြဲမွာဆိုရင္လည္း အေျပာင္းအလဲကို လိုလားေနတဲ့ အေမရိကန္မဲဆႏၵရွင္ေတြဟာ ထရန႔္ကိုယုံမွားၿပီး ေ႐ြးခ်ယ္ခဲ့ၾကတယ္။ ဒါေပမဲ့ အခုဆိုရင္ေတာ့ အေမရိကန္ျပည္သူေတြဟာ ဒီမိုကေရစီ ဆုတ္ယုတ္ေလ်ာ့ပါးၿပီး အာဏာရွင္ဆန္မႈ ဆီယိမ္းေနတဲ့ ထရန႔္ကို ေ႐ြးခ်ယ္မိတဲ့အမွားကို ျပင္ဆင္ၿပီး ဒီမိုကေရစီကာကြယ္ဖို႔ အတြက္ မဲထည့္ၾကမယ္လို႔ယူဆရပါတယ္။

ဆန႔္က်င္ဘက္အျဖစ္ ျမန္မာႏိုင္ငံမွာကေတာ့ ျပည္သူတင္ေျမႇာက္ခဲ့တဲ့ အစိုးရဟာ ေမွ်ာ္လင့္ထားသလို ဒီမိုကေရစီ အျပည့္အဝက်င့္သုံးႏိုင္ျခင္းမရွိခဲ့တဲ့အတြက္ ေက်နပ္ေလာက္စရာ အေျပာင္းအလဲေတြကို ေဖာ္ေဆာင္ ႏိုင္ျခင္း မရွိခဲ့ပါဘူး။ ဒါေပမဲ့ ၂၀၁၅ ခုႏွစ္ကစၿပီး ျမန္မာ့ႏိုင္ငံေရးဟာ ဒီမိုကေရစီ အဖူးအငုံေတြပြင့္ဖို႔ အားယူေနတဲ့ အခ်ိန္ကို ေရာက္ရွိခဲ့တယ္ဆိုတာကိုေတာ့ ျငင္းလို႔မရဘူးလို႔ဆိုရမွာပါ။ ဆိုရရင္ ဒီလိုအခ်ိန္မ်ိဳးမွာ ပြင့္အာဖို႔ အရွိန္ ရေနတဲ့ ဒီမိုကေရစီပင္ပ်ိဳေလး ဆက္လက္ရွင္သန္ေရးကို ဒီမိုကေရစီ ဒီလိုလားတဲ့ မဲဆႏၵရွင္ေတြ ဆႏၵျပင္းျပေနဦး ဆိုရင္ေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ ဟာ မဲဆႏၵရွင္ေတြ ဆုံးျဖတ္ေ႐ြးခ်ယ္မဲ့ လားရကို မွန္းဆ လို႔ရမယ္လို႔ ထင္ျမင္ မိပါတယ္။  

နိဂုံးခ်ဳပ္ဆိုရရင္ ၂၀၁၅ နဲ႔ ၂၀၁၆ ေ႐ြးေကာက္ပြဲေတြဟာ ျမန္မာႏိုင္ငံနဲ႔ အေမရိကန္ျပည္ေထာင္စု တို႔အ တြက္ အေျပာင္းအလဲကို ေဖာ္ေဆာင္ခဲ့တဲ့ေ႐ြးေကာက္ပြဲေတြ ျဖစ္ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲကေတာ့ ဒီမိုကေရစီကို ကာကြယ္မယ့္ေ႐ြးေကာက္ပြဲေတြ ျဖစ္လာႏိုင္စရာရွိေၾကာင္းသုံးသပ္တင္ျပလိုက္ရပါတယ္။

 ျမင့္ေနာင္မိုး