【 ဆောင်းပါး 】 ပြောင်းလဲခြင်းရာသီနှင့် နိုင်ငံ၏လားရာအရွေ့

【 ဆောင်းပါး 】 ပြောင်းလဲခြင်းရာသီနှင့် နိုင်ငံ၏လားရာအရွေ့

အရွေ့ဆိုတာ ပြောင်းလဲခြင်းပါပဲ။တစ်ဖက်ကနေ တစ်ဖက်ကို ရွေ့သွားတယ်။တစ်နေရာကနေ အခြားတစ်နေရာကို ရွှေ့သွားတယ်ဆိုတာ ရွေ့လျှားပြောင်းလဲသွားတဲ့ သဘောပဲဖြစ်ပါတယ်။အဲဒီလို ရွေ့လျှားပြောင်းလဲအောင် လူသားတွေက လုပ်ဆောင်ကြတယ်။ဘာကြောင့်လုပ်ဆောင်ကြလဲဆိုရင် ပထမနေရာက အံမဝင်လို့၊ မဆီလျော်လို့၊ ကောင်းမွန်ခြင်းမရှိလို့၊ အောင်မြင်အောင်လို့၊ တိုးတက်အောင်လို့ စတဲ့ ရည်မှန်းချက်တွေကြောင့် ပြောင်းလဲအောင်ပြုလုပ်ခဲ့ကြရတာဖြစ်တယ်။အခြားမကြည့်နဲ့ “လူသားတို့ရဲ့ သမိုင်းဖြစ်စဉ်တွေကိုပဲကြည့်” ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ဆိုတဲ့ ပြောင်းလဲခြင်း အရွေ့ဖြစ်စဉ်တွေဟာ လူသားတို့ရဲ့ ပြောင်းလဲတိုးတတ်မှု အရွေ့ဖြစ်စဉ်တွေဆိုတာ အထင်အရှားတွေ့မြင်ကြရမှာဖြစ်တယ်။ကျောက်ခေတ်လူသားတွေဟာ စားနပ်ရိက္ခာအတွက် အမဲလိုက်ပြီး ဖြေရှင်းခဲ့ရာကနေ နောက်ပိုင်းမှာ စိုက်ကြပျိုးကြမယ်ဆိုရင် စားရေးသောက်ရေးအတွက် ပိုပြီးအဆင်ပြေနိုင်မယ်ဆိုတဲ့ ပြောင်းလဲမှုအရွေ့တစ်ခုကို စတင်တွေ့ရှိခဲ့ကြတယ်။ဒါဟာ လူသားတို့ရဲ့ လူနေမှုဘဝတိုးတက်မှု အပြောင်းအလဲအတွက် အစပျိုးမှုလည်းဖြစ်တယ်။

လူသားတို့ရဲ့ သမိုင်းဖြစ်စဉ်တွေထဲက နောက်ထပ်အပြောင်းအလဲတွေကို ဖြစ်ပေါ်စေခဲ့တာကတော့ ၅ ရာစုကနေ ၁၅ ရာစုအတွင်း ကြီးမားကျယ်ပြန့်တဲ့ အရွေ့ဖြစ်စဉ်ကြီး ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်တယ်။အထင်ရှားဆုံးကတော့ အီတလီတို့ရဲ့ ရီနေဆန်းခေတ်ပဲ ဖြစ်ပါတယ်။၁၈ ရာစု အစောပိုင်းမှာ ပေါ်ထွက်လာခဲ့တဲ့ စက်မှုတော်လှန်ရေး အချိုးအကွေ့ကတော့ ဒီနေ့ခေတ်ကာလ အပြောင်းအလဲကြီးကို ပေါ်ပေါက်လာစေခဲ့တဲ့ ပြောင်းလဲမှုဖြစ်စဉ်ကြီးပဲ ဖြစ်တယ်။လူသားတို့ရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေကို ပြန်ကြည့်ရင်း စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုကနေ လူသားတို့အတွက် စားနပ်ရိက္ခာတွေကို အလျှံပယ်ပေါ်ထွက်လာစေခဲ့တယ်။စားနပ်ရိက္ခာ ပိုလျှံလာတဲ့အတွက် လူသားတို့ရဲ့ စီးပွားရေးဈေးကွက်အချက်အချာ ဖြစ်လာစေမယ့် မြို့ပြတွေပေါ်ပေါက်လာခဲ့သလို လူမှုဘဝတိုးတက်မှုကို တစ်ပါတည်း ဖြစ်ပေါ်လာစေခဲ့တယ်။

နောက်တော့ စိုက်ပျိုးရေးအတွက် မြေဆီသြဇာကောင်းမွန်တဲ့ နေရာဒေသတွေရှိရာ ရွှေ့ပြောင်းအခြေချလာခဲ့သလို ကုန်စည်တွေ သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေချောမွေ့စေမယ့် ပင်လယ်နဲ့ မြစ်တွေအနီးမှာ မြို့ပြနိုင်ငံတွေကို ထူထောင်လာခဲ့ကြတယ်။နောက်တော့ လူသားတို့ရဲ့ စိတ်ကူးစိတ်သန်းတွေ၊ တီထွင်ဖန်တီးမှုတွေနဲ့အတူ ကုန်စည်ဖလှယ်မှုပြုရာကနေ ရောင်းဝယ်ဖောက်ကားမှုတွေ ရှိလာခဲ့တယ်။မြို့ပြနိုင်ငံတွေ ကာကွယ်ရေးအတွက် စစ်တပ်တွေဖွဲ့စည်းပြီး လူမှုဘဝတိုးတက်မှု အပြောင်းအလဲအတွက် လုံခြုံဘေးကင်းရေးကိုပါ ကြံဆောင်လာခဲ့ကြတယ်။

ဒါပေမဲ့ လူ့အဖွဲ့အစည်းတိုးတက်မှုနဲ့အတူ အကောင်းအဆိုးကလည်း ဒွန်တွဲပြီးပါလာခဲ့တယ်။ဆိုရရင် ကုန်သွယ်ရေးဖြစ်ထွန်းတိုးတက်မှု ကြီးထွားလာခြင်းက နိုင်ငံတစ်နိုင်ငံရဲ့ အင်အားအရင်းအမြစ်လို ဖြစ်လာခဲ့တဲ့အတွက် ကုန်သွယ်ရေးမှာ ထိန်းချုပ်လွှမ်းမိုးနိုင်ရေးအတွက် အပြိုင်အဆိုင်ဖြစ်လာခဲ့ကြတယ်။လူသားတို့ရဲ့ သမိုင်းဖြစ်စဉ်တွေထဲက နောက်ထပ်အပြောင်းအလဲ ဖြစ်စဉ်တစ်ခုကတော့ သက်ဦးဆံပိုင်ဘုရင်တွေ ကြီးစိုးတဲ့ နိုင်ငံတွေ ပေါ်ထွက်လာခဲ့တာပဲဖြစ်တယ်။သက်ဦးဆံပိုင်ဘုရင်တွေဟာ သူတို့ရဲ့ အင်အားကြီးထွားလှတဲ့ စစ်တပ်နဲ့အတူ ပိုင်နက်နယ်မြေတွေကို ချဲ့ထွင်နိုင်သမျှ ချဲ့ထွင်ပြီး အကြီးအကျယ် လွှမ်းမိုးအုပ်ချုပ်ဖို့ ကြိုးပမ်းလာခဲ့ကြတယ်။အာဏာရှင်တွေပီပီ လူသားတို့ရဲ့ အခွင့်အရေးမှန်သမျှ ဖိနှိပ်ပြီး နိုင်ထက်စီးနင်း အုပ်ချုပ်လာခဲ့ကြတယ်။

ဒါပေမဲ့ ဘေဘီလုံကို အောင်နိုင်ခဲ့တဲ့ ပါရှားဘုရင် ဆိုင်းရပ်သည် ဂရိတ်လက်ထက်မှာ ဆုံးရှုံးနေတဲ့ လူသားတွေရဲ့ ရပိုင်ခွင့်တွေ ပြန်လည်ရရှိလာခဲ့ကြတယ်။ပါရှားဘုရင်က ကျွန်တွေကို လွတ်လပ်ခွင့်ပေးတယ်။ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရရှိစေခဲ့တယ်။လူမျိုးရေး တန်းတူညီမျှရှိမှုကို ဖော်ဆောင်ပေးခဲ့တယ်။ဘေဘီလုံကနေ စခဲ့တဲ့ လူ့အခွင့်အရေး အတွေးအမြင်ဟာ အိန္ဒိယ၊ ဂရိနဲ့ ရောမနိုင်ငံတွေအထိ ပျံ့နှံ့ခဲ့တယ်။

နောက်တော့ ၁၆၂၈ ခုနှစ် အင်္ဂလန်ပါလီမန်နဲ့ လူ့အခွင့်အရေးကြေညာချက်၊ ၁၇၈၇ ခုနှစ် အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံဥပဒေ၊ ၁၇၈၉ ခုနှစ် ပြင်သစ်နိုင်ငံရေးရဲ့ လူ့အခွင့်အရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်နဲ့ ၁၇၉၁ ခုနှစ် အမေရိကန်ပြည်ထောင်စု ရပိုင်ခွင့်ဥပဒေတို့ဟာ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းမှတ်ရာတွေအဖြစ် ပေါ်ထွက်လာခဲ့တယ်။ဆိုရရင် အဲဒီလူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းမှတ်ရာတွေကနေ  ဒီနေ့ခေတ် ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်မှုကို လမ်းပွင့်လာစေမယ့် တံခါးချပ်တွေကို ဖွင့်ပေးခဲ့တာပဲဖြစ်တယ်။၁၇၉၁ ခုနှစ် အမေရိကန်ပြည်ထောင်စုရဲ့ ရပိုင်ခွင့်ဥပဒေဆိုရင် ဒီနေ့ခေတ်မှာ လူသားတွေ လိုလားတောင့်တနေကြတဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာစုရုံးခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် စတဲ့ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေပဲဖြစ်တယ်။

လူသားတွေရဲ့ သမိုင်းဖြစ်စဉ်တွေထဲက ကြီးမားလှတဲ့ ပြောင်းလဲမှုအရွေ့တွေကို ပြန်ကြည့်မယ်ဆိုရင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စတဲ့ အရွေ့ဖြစ်စဉ်တွေကနေ လူမှုအဖွဲ့အစည်းတိုးတက်မှုကို ပေါ်ပေါ က်လာခဲ့တာ၊ မြို့ပြနိုင်ငံတွေ ပေါ်ပေါက်လာခဲ့တာ၊ အနောက်နိုင်ငံတွေက သြဇာအာဏာချဲ့ထွင်မှု ပြုလာခဲ့ကြတာ၊ အာဏာရှင်တွေ ခေါင်းဆောင်လာခဲ့တာ၊ တစ်ကမ္ဘာလုံးအနှံ့ ဒီမိုကရေစီတောင်းဆိုမှုတွေ ကြီးမားကျယ်ပြန့်လာခဲ့တာ စတဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ဒီလိုပြောင်းလဲမှု အရွေ့ဖြစ်စဉ်အတွင်းမှာ မိမိတို့နိုင်ငံလည်း လိုက်ပါခဲ့တယ်ဆိုပေမဲ့ မိမိတို့နိုင်ငံရဲ့ ပြောင်းလဲမှုအရွေ့ဟာ အခြားသောနိုင်ငံတွေထက်စာရင် များစွာနှေးကွေးတုန့်ဆိုင်းသလို ရှိနေခဲ့တာကိုလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။

မြန်မာ့သမိုင်းဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀၀ လောက်က စပြီး ဒီမြေဒီရေပေါ်မှာ ရှေးမြန်မာကြီးတွေ ခြေချခဲ့ရာကနေ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင်ခေတ် စတဲ့ အရွေ့ဖြစ်စဉ်ကြီး စီးမျောခဲ့တာကို တွေ့ကြရမှာဖြစ်တယ်။ကုန်းဘောင်ခေတ်မှာ အင်္ဂလိပ်-မြန်မာ စစ်ပွဲကြီးကို ဆင်နွှဲပြီးတဲ့နောက်ပိုင်း မိမိတို့နိုင်ငံဟာ နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ ဂုတ်သွေးစုပ် စိုးမိုးခြယ်လှယ်ခြင်းကို ခံခဲ့ရတယ်။အင်္ဂလိပ် ကိုလိုနီလက်အောက်ခံ ဘဝမှာ တိုင်းရင်းသားမျိုးနွယ်စုတွေ အကွဲကွဲအပြားပြားဖြစ်ခဲ့ရပြီး နိုင်ငံလွတ်လပ်ရေးကို အရယူနိုင်ခဲ့တဲ့တိုင်အောင် အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကြီး လောင်မြိုက်လာလိုက်တာ ဒီနေ့အချိန်အခါအထိ ငြိမ်းသတ်လို့မရနိုင်သေးဘဲ ရှိနေခဲ့တာပါ။၁၉၆၂ ခုနှစ်က စပြီး မိမိတို့နိုင်ငံဟာ အာဏာရှင်ဆန်ဆန် စိုးမိုးအုပ်ချုပ်မှုအောက်ကို ရောက်ခဲ့ရတဲ့အတွက် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ်ကို ရောက်ရှိလာခဲ့ရတယ်။

၁၉၈၈ ခုနှစ်မှာ မိမိတို့နိုင်ငံအတွက် ဒီမိုကရေစီတံခါးချပ်ကို ဖွင့်ပေးမယ့် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့တယ်။၂၀၁၁ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ အရပ်သားအစိုးရက နိုင်ငံရေး၊ စီးပွားရေး စတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို စတင်အကောင်အထည်ဖော်ခဲ့ပြီး အထီးကျန်ဆန်ဆန် နိုင်ငံဘဝကနေ နိုင်ငံတကာဆက်ဆံရေးကို လမ်းဖွင့်ပေးလာခဲ့တယ်။
၂၀၁၅ ခုနှစ်မှာတော့ အားလုံးသိထားကြတဲ့အတိုင်း ပြည်သူအားလုံး လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီအစိုးရကို ရွေးကောက်တင်မြှောက်နိုင်ခဲ့ကြတယ်။၂၀၁၆ ခုနှစ် မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီအစိုးရ စတင်တာဝန်ယူပြီးတဲ့နောက်ပိုင်း နိုင်ငံသားအားလုံးက နိုင်ငံရေးတိုးတက်ပြောင်းလဲမှုနဲ့ အတူ စီးပွားရေး လူမှုရေး တိုးတက်ဖြစ်ထွန်းလာစေမယ်ဆိုတဲ့ ပြောင်းလဲမှုအရွေ့တစ်ခုကို မျှော်လင့်ခဲ့ကြပေမဲ့လည်း မိမိတို့နိုင်ငံရဲ့ ပြောင်းလဲမှု အရွေ့ဖြစ်စဉ်ဟာ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ပဲ အခက်အခဲပေါင်းများစွာ စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေခဲ့ကြရတာဟာ လက်ရှိအချိန်အထိ မိမိတို့နိုင်ငံရဲ့ ပြောင်းလဲမှုအရွေ့ဟာ မရေမရာ မသေမချာနဲ့ ရှေ့ဆက်နေရတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိ မိမိတို့နိုင်ငံ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေအရ မိမိတို့နိုင်ငံဟာ ဒီမိုကရေစီ အရေးနိမ့်မှု ထောင်ချောက်တွင်းကို သက်ဆင်းနေတယ်လို့ ဆိုရမှာပါ။ဒီလိုအချိန်မျိုးမှာ မိမိတို့နိုင်ငံကို ဘယ်လိုအပြောင်းအလဲတွေနဲ့ ရှေ့ဆက်ကြရမယ်ဆိုတာကို အကောင်းဆုံး တွေးဆရှုမြင်ဖို့ လိုအပ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။
မကြာမီသော အချိန်ကာလအတွင်းမှာ မိမိတို့နိုင်ငံဟာ ပြောင်းလဲခြင်းရာသီကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။၂၀၂၀ ခုနှစ်ဟာ မိမိတို့နိုင်ငံအတွက် နောက်ထပ်အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ပေးနိုင်မယ့် ရွေးကောက်ပွဲတစ်ရပ်ကို ခင်းကျင်းပေးလာတော့မှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီမိုကရေစီဆိုတာ ထင်တိုင်းကြဲလို့ရတာမျိုး မဟုတ်ဘူး၊ အတ္တနောမတိနဲ့ ဆုံးဖြတ်ရတာမျိုးလည်း မဟုတ်ဘူး။ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲတွေကနေ ဆုံးဖြတ်ရတာမှန်တယ်။ဒါပေမဲ့ မိမိတို့လို သာမန်မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မိမိရင်ထဲက ဆန္ဒအမှန်ကို သိဖို့လိုတယ်။မိမိတို့အနေနဲ့ နောက်ထပ် စိတ်မချမ်းမြေ့မှုတွေကို ရှောင်ရှားနိုင်ပြီး မိမိတို့အတွက် အကောင်းဘက်ဆီ ဦးတည်စေနိုင်မယ့် ဆုံးဖြတ်ချက်တွေကို ချနိုင်ဖို့လိုတယ်။

ဆိုရရင် မိမိတို့အားလုံးဟာ မိမိတို့နိုင်ငံ အကောင်းဘက်ကို ဦးတည်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တစ်ရပ်အဖြစ် မြင်တွေ့လိုနေကြတဲ့သူတွေချည်းပဲ ဖြစ်တယ်။ဒါကြောင့်လည်း လာမယ့်အပြောင်းအလဲရာသီဟာ မိမိတို့အားလုံးအတွက် ရွေးကောက်ပွဲကနေတဆင့် အမှန်ကန်ဆုံးနဲ့ အသင့်လျော်ဆုံး ရွေးချယ်မှုတွေနဲ့အတူ မိမိတို့နိုင်ငံ အကောင်းဘက်ဆီ ဦးတည်ရွေ့လျှားရေးကို ဖော်ဆောင်ကြရမယ့်အချိန်ပဲ ဖြစ်ပါတယ်။

မြင့်နောင်မိုး
အောက်တိုဘာ - ၃၁

( Zawgyi )

အေ႐ြ႕ဆိုတာ ေျပာင္းလဲျခင္းပါပဲ။တစ္ဖက္ကေန တစ္ဖက္ကို ေ႐ြ႕သြားတယ္။တစ္ေနရာကေန အျခားတစ္ေနရာကို ေ႐ႊ႕သြားတယ္ဆိုတာ ေ႐ြ႕လွ်ားေျပာင္းလဲသြားတဲ့ သေဘာပဲျဖစ္ပါတယ္။အဲဒီလို ေ႐ြ႕လွ်ားေျပာင္းလဲေအာင္ လူသားေတြက လုပ္ေဆာင္ၾကတယ္။ဘာေၾကာင့္လုပ္ေဆာင္ၾကလဲဆိုရင္ ပထမေနရာက အံမဝင္လို႔၊ မဆီေလ်ာ္လို႔၊ ေကာင္းမြန္ျခင္းမရွိလို႔၊ ေအာင္ျမင္ေအာင္လို႔၊ တိုးတက္ေအာင္လို႔ စတဲ့ ရည္မွန္းခ်က္ေတြေၾကာင့္ ေျပာင္းလဲေအာင္ျပဳလုပ္ခဲ့ၾကရတာျဖစ္တယ္။အျခားမၾကည့္နဲ႔ “လူသားတို႔ရဲ႕ သမိုင္းျဖစ္စဥ္ေတြကိုပဲၾကည့္” ေက်ာက္ေခတ္၊ ေၾကးေခတ္၊ သံေခတ္ ဆိုတဲ့ ေျပာင္းလဲျခင္း အေ႐ြ႕ျဖစ္စဥ္ေတြဟာ လူသားတို႔ရဲ႕ ေျပာင္းလဲတိုးတတ္မႈ အေ႐ြ႕ျဖစ္စဥ္ေတြဆိုတာ အထင္အရွားေတြ႕ျမင္ၾကရမွာျဖစ္တယ္။ေက်ာက္ေခတ္လူသားေတြဟာ စားနပ္ရိကၡာအတြက္ အမဲလိုက္ၿပီး ေျဖရွင္းခဲ့ရာကေန ေနာက္ပိုင္းမွာ စိုက္ၾကပ်ိဳးၾကမယ္ဆိုရင္ စားေရးေသာက္ေရးအတြက္ ပိုၿပီးအဆင္ေျပႏိုင္မယ္ဆိုတဲ့ ေျပာင္းလဲမႈအေ႐ြ႕တစ္ခုကို စတင္ေတြ႕ရွိခဲ့ၾကတယ္။ဒါဟာ လူသားတို႔ရဲ႕ လူေနမႈဘဝတိုးတက္မႈ အေျပာင္းအလဲအတြက္ အစပ်ိဳးမႈလည္းျဖစ္တယ္။

လူသားတို႔ရဲ႕ သမိုင္းျဖစ္စဥ္ေတြထဲက ေနာက္ထပ္အေျပာင္းအလဲေတြကို ျဖစ္ေပၚေစခဲ့တာကေတာ့ ၅ ရာစုကေန ၁၅ ရာစုအတြင္း ႀကီးမားက်ယ္ျပန႔္တဲ့ အေ႐ြ႕ျဖစ္စဥ္ႀကီး ေပၚေပါက္လာခဲ့တာပဲ ျဖစ္တယ္။အထင္ရွားဆုံးကေတာ့ အီတလီတို႔ရဲ႕ ရီေနဆန္းေခတ္ပဲ ျဖစ္ပါတယ္။၁၈ ရာစု အေစာပိုင္းမွာ ေပၚထြက္လာခဲ့တဲ့ စက္မႈေတာ္လွန္ေရး အခ်ိဳးအေကြ႕ကေတာ့ ဒီေန႔ေခတ္ကာလ အေျပာင္းအလဲႀကီးကို ေပၚေပါက္လာေစခဲ့တဲ့ ေျပာင္းလဲမႈျဖစ္စဥ္ႀကီးပဲ ျဖစ္တယ္။လူသားတို႔ရဲ႕ ေျပာင္းလဲမႈျဖစ္စဥ္ေတြကို ျပန္ၾကည့္ရင္း စိုက္ပ်ိဳးေရး ဖြံ႕ၿဖိဳးတိုးတက္မႈကေန လူသားတို႔အတြက္ စားနပ္ရိကၡာေတြကို အလွ်ံပယ္ေပၚထြက္လာေစခဲ့တယ္။စားနပ္ရိကၡာ ပိုလွ်ံလာတဲ့အတြက္ လူသားတို႔ရဲ႕ စီးပြားေရးေဈးကြက္အခ်က္အခ်ာ ျဖစ္လာေစမယ့္ ၿမိဳ႕ျပေတြေပၚေပါက္လာခဲ့သလို လူမႈဘဝတိုးတက္မႈကို တစ္ပါတည္း ျဖစ္ေပၚလာေစခဲ့တယ္။

ေနာက္ေတာ့ စိုက္ပ်ိဳးေရးအတြက္ ေျမဆီၾသဇာေကာင္းမြန္တဲ့ ေနရာေဒသေတြရွိရာ ေ႐ႊ႕ေျပာင္းအေျခခ်လာခဲ့သလို ကုန္စည္ေတြ သယ္ယူပို႔ေဆာင္ေရး ပိုမိုအဆင္ေျပေခ်ာေမြ႕ေစမယ့္ ပင္လယ္နဲ႔ ျမစ္ေတြအနီးမွာ ၿမိဳ႕ျပႏိုင္ငံေတြကို ထူေထာင္လာခဲ့ၾကတယ္။ေနာက္ေတာ့ လူသားတို႔ရဲ႕ စိတ္ကူးစိတ္သန္းေတြ၊ တီထြင္ဖန္တီးမႈေတြနဲ႔အတူ ကုန္စည္ဖလွယ္မႈျပဳရာကေန ေရာင္းဝယ္ေဖာက္ကားမႈေတြ ရွိလာခဲ့တယ္။ၿမိဳ႕ျပႏိုင္ငံေတြ ကာကြယ္ေရးအတြက္ စစ္တပ္ေတြဖြဲ႕စည္းၿပီး လူမႈဘဝတိုးတက္မႈ အေျပာင္းအလဲအတြက္ လုံၿခဳံေဘးကင္းေရးကိုပါ ႀကံေဆာင္လာခဲ့ၾကတယ္။

ဒါေပမဲ့ လူ႔အဖြဲ႕အစည္းတိုးတက္မႈနဲ႔အတူ အေကာင္းအဆိုးကလည္း ဒြန္တြဲၿပီးပါလာခဲ့တယ္။ဆိုရရင္ ကုန္သြယ္ေရးျဖစ္ထြန္းတိုးတက္မႈ ႀကီးထြားလာျခင္းက ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အင္အားအရင္းအျမစ္လို ျဖစ္လာခဲ့တဲ့အတြက္ ကုန္သြယ္ေရးမွာ ထိန္းခ်ဳပ္လႊမ္းမိုးႏိုင္ေရးအတြက္ အၿပိဳင္အဆိုင္ျဖစ္လာခဲ့ၾကတယ္။လူသားတို႔ရဲ႕ သမိုင္းျဖစ္စဥ္ေတြထဲက ေနာက္ထပ္အေျပာင္းအလဲ ျဖစ္စဥ္တစ္ခုကေတာ့ သက္ဦးဆံပိုင္ဘုရင္ေတြ ႀကီးစိုးတဲ့ ႏိုင္ငံေတြ ေပၚထြက္လာခဲ့တာပဲျဖစ္တယ္။သက္ဦးဆံပိုင္ဘုရင္ေတြဟာ သူတို႔ရဲ႕ အင္အားႀကီးထြားလွတဲ့ စစ္တပ္နဲ႔အတူ ပိုင္နက္နယ္ေျမေတြကို ခ်ဲ႕ထြင္ႏိုင္သမွ် ခ်ဲ႕ထြင္ၿပီး အႀကီးအက်ယ္ လႊမ္းမိုးအုပ္ခ်ဳပ္ဖို႔ ႀကိဳးပမ္းလာခဲ့ၾကတယ္။အာဏာရွင္ေတြပီပီ လူသားတို႔ရဲ႕ အခြင့္အေရးမွန္သမွ် ဖိႏွိပ္ၿပီး ႏိုင္ထက္စီးနင္း အုပ္ခ်ဳပ္လာခဲ့ၾကတယ္။

ဒါေပမဲ့ ေဘဘီလုံကို ေအာင္ႏိုင္ခဲ့တဲ့ ပါရွားဘုရင္ ဆိုင္းရပ္သည္ ဂရိတ္လက္ထက္မွာ ဆုံးရႈံးေနတဲ့ လူသားေတြရဲ႕ ရပိုင္ခြင့္ေတြ ျပန္လည္ရရွိလာခဲ့ၾကတယ္။ပါရွားဘုရင္က ကြၽန္ေတြကို လြတ္လပ္ခြင့္ေပးတယ္။ယုံၾကည္ရာ ဘာသာတရားကို လြတ္လပ္စြာ ကိုးကြယ္ခြင့္ရရွိေစခဲ့တယ္။လူမ်ိဳးေရး တန္းတူညီမွ်ရွိမႈကို ေဖာ္ေဆာင္ေပးခဲ့တယ္။ေဘဘီလုံကေန စခဲ့တဲ့ လူ႔အခြင့္အေရး အေတြးအျမင္ဟာ အိႏၵိယ၊ ဂရိနဲ႔ ေရာမႏိုင္ငံေတြအထိ ပ်ံ႕ႏွံ႔ခဲ့တယ္။

ေနာက္ေတာ့ ၁၆၂၈ ခုႏွစ္ အဂၤလန္ပါလီမန္နဲ႔ လူ႔အခြင့္အေရးေၾကညာခ်က္၊ ၁၇၈၇ ခုႏွစ္ အေမရိကန္ျပည္ေထာင္စုရဲ႕ ဖြဲ႕စည္းပုံဥပေဒ၊ ၁၇၈၉ ခုႏွစ္ ျပင္သစ္ႏိုင္ငံေရးရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ ထုတ္ျပန္ေၾကညာခ်က္နဲ႔ ၁၇၉၁ ခုႏွစ္ အေမရိကန္ျပည္ေထာင္စု ရပိုင္ခြင့္ဥပေဒတို႔ဟာ လူ႔အခြင့္အေရးဆိုင္ရာ မွတ္တမ္းမွတ္ရာေတြအျဖစ္ ေပၚထြက္လာခဲ့တယ္။ဆိုရရင္ အဲဒီလူ႔အခြင့္အေရးဆိုင္ရာ မွတ္တမ္းမွတ္ရာေတြကေန  ဒီေန႔ေခတ္ ဒီမိုကေရစီ ျဖစ္ထြန္းတိုးတက္မႈကို လမ္းပြင့္လာေစမယ့္ တံခါးခ်ပ္ေတြကို ဖြင့္ေပးခဲ့တာပဲျဖစ္တယ္။၁၇၉၁ ခုႏွစ္ အေမရိကန္ျပည္ေထာင္စုရဲ႕ ရပိုင္ခြင့္ဥပေဒဆိုရင္ ဒီေန႔ေခတ္မွာ လူသားေတြ လိုလားေတာင့္တေနၾကတဲ့ လြတ္လပ္စြာေျပာဆိုခြင့္၊ လြတ္လပ္စြာကိုးကြယ္ခြင့္၊ လြတ္လပ္စြာစု႐ုံးခြင့္၊ လြတ္လပ္စြာ ဆႏၵထုတ္ေဖာ္ခြင့္ စတဲ့ ရပိုင္ခြင့္ေတြကို အကာအကြယ္ေပးထားတဲ့ ဥပေဒပဲျဖစ္တယ္။

လူသားေတြရဲ႕ သမိုင္းျဖစ္စဥ္ေတြထဲက ႀကီးမားလွတဲ့ ေျပာင္းလဲမႈအေ႐ြ႕ေတြကို ျပန္ၾကည့္မယ္ဆိုရင္ ေက်ာက္ေခတ္၊ ေၾကးေခတ္၊ သံေခတ္ စတဲ့ အေ႐ြ႕ျဖစ္စဥ္ေတြကေန လူမႈအဖြဲ႕အစည္းတိုးတက္မႈကို ေပၚေပါ က္လာခဲ့တာ၊ ၿမိဳ႕ျပႏိုင္ငံေတြ ေပၚေပါက္လာခဲ့တာ၊ အေနာက္ႏိုင္ငံေတြက ၾသဇာအာဏာခ်ဲ႕ထြင္မႈ ျပဳလာခဲ့ၾကတာ၊ အာဏာရွင္ေတြ ေခါင္းေဆာင္လာခဲ့တာ၊ တစ္ကမာၻလုံးအႏွံ႔ ဒီမိုကေရစီေတာင္းဆိုမႈေတြ ႀကီးမားက်ယ္ျပန႔္လာခဲ့တာ စတဲ့ ေျပာင္းလဲမႈျဖစ္စဥ္ေတြကို ေတြ႕ျမင္ၾကရမွာ ျဖစ္ပါတယ္။ဒီလိုေျပာင္းလဲမႈ အေ႐ြ႕ျဖစ္စဥ္အတြင္းမွာ မိမိတို႔ႏိုင္ငံလည္း လိုက္ပါခဲ့တယ္ဆိုေပမဲ့ မိမိတို႔ႏိုင္ငံရဲ႕ ေျပာင္းလဲမႈအေ႐ြ႕ဟာ အျခားေသာႏိုင္ငံေတြထက္စာရင္ မ်ားစြာေႏွးေကြးတုန႔္ဆိုင္းသလို ရွိေနခဲ့တာကိုလည္း ေတြ႕ၾကရမွာ ျဖစ္ပါတယ္။

ျမန္မာ့သမိုင္းျဖစ္စဥ္ကို ၾကည့္မယ္ဆိုရင္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၃၀၀၀ ေလာက္က စၿပီး ဒီေျမဒီေရေပၚမွာ ေရွးျမန္မာႀကီးေတြ ေျခခ်ခဲ့ရာကေန ပ်ဴေခတ္၊ ပုဂံေခတ္၊ အင္းဝေခတ္၊ ေတာင္ငူေခတ္၊ ကုန္းေဘာင္ေခတ္ စတဲ့ အေ႐ြ႕ျဖစ္စဥ္ႀကီး စီးေမ်ာခဲ့တာကို ေတြ႕ၾကရမွာျဖစ္တယ္။ကုန္းေဘာင္ေခတ္မွာ အဂၤလိပ္-ျမန္မာ စစ္ပြဲႀကီးကို ဆင္ႏႊဲၿပီးတဲ့ေနာက္ပိုင္း မိမိတို႔ႏိုင္ငံဟာ နယ္ခ်ဲ႕အဂၤလိပ္တို႔ရဲ႕ ဂုတ္ေသြးစုပ္ စိုးမိုးျခယ္လွယ္ျခင္းကို ခံခဲ့ရတယ္။အဂၤလိပ္ ကိုလိုနီလက္ေအာက္ခံ ဘဝမွာ တိုင္းရင္းသားမ်ိဳးႏြယ္စုေတြ အကြဲကြဲအျပားျပားျဖစ္ခဲ့ရၿပီး ႏိုင္ငံလြတ္လပ္ေရးကို အရယူႏိုင္ခဲ့တဲ့တိုင္ေအာင္ အရွည္ၾကာဆုံး ျပည္တြင္းစစ္မီးႀကီး ေလာင္ၿမိဳက္လာလိုက္တာ ဒီေန႔အခ်ိန္အခါအထိ ၿငိမ္းသတ္လို႔မရႏိုင္ေသးဘဲ ရွိေနခဲ့တာပါ။၁၉၆၂ ခုႏွစ္က စၿပီး မိမိတို႔ႏိုင္ငံဟာ အာဏာရွင္ဆန္ဆန္ စိုးမိုးအုပ္ခ်ဳပ္မႈေအာက္ကို ေရာက္ခဲ့ရတဲ့အတြက္ ကမာၻ႔ဖြံ႕ၿဖိဳးတိုးတက္မႈအနည္းဆုံး ႏိုင္ငံေတြထဲက တစ္ႏိုင္ငံအျဖစ္ကို ေရာက္ရွိလာခဲ့ရတယ္။

၁၉၈၈ ခုႏွစ္မွာ မိမိတို႔ႏိုင္ငံအတြက္ ဒီမိုကေရစီတံခါးခ်ပ္ကို ဖြင့္ေပးမယ့္ ရွစ္ေလးလုံး အေရးေတာ္ပုံႀကီး ေပၚေပါက္လာခဲ့တယ္။၂၀၁၁ ခုႏွစ္မွာ ေပၚေပါက္လာတဲ့ အရပ္သားအစိုးရက ႏိုင္ငံေရး၊ စီးပြားေရး စတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြကို စတင္အေကာင္အထည္ေဖာ္ခဲ့ၿပီး အထီးက်န္ဆန္ဆန္ ႏိုင္ငံဘဝကေန ႏိုင္ငံတကာဆက္ဆံေရးကို လမ္းဖြင့္ေပးလာခဲ့တယ္။
၂၀၁၅ ခုႏွစ္မွာေတာ့ အားလုံးသိထားၾကတဲ့အတိုင္း ျပည္သူအားလုံး လိုလားေတာင့္တေနၾကတဲ့ ဒီမိုကေရစီအစိုးရကို ေ႐ြးေကာက္တင္ေျမႇာက္ႏိုင္ခဲ့ၾကတယ္။၂၀၁၆ ခုႏွစ္ မိမိတို႔ႏိုင္ငံရဲ႕ ဒီမိုကေရစီအစိုးရ စတင္တာဝန္ယူၿပီးတဲ့ေနာက္ပိုင္း ႏိုင္ငံသားအားလုံးက ႏိုင္ငံေရးတိုးတက္ေျပာင္းလဲမႈနဲ႔ အတူ စီးပြားေရး လူမႈေရး တိုးတက္ျဖစ္ထြန္းလာေစမယ္ဆိုတဲ့ ေျပာင္းလဲမႈအေ႐ြ႕တစ္ခုကို ေမွ်ာ္လင့္ခဲ့ၾကေပမဲ့လည္း မိမိတို႔ႏိုင္ငံရဲ႕ ေျပာင္းလဲမႈ အေ႐ြ႕ျဖစ္စဥ္ဟာ ေမွ်ာ္မွန္းထားသလို ျဖစ္မလာခဲ့ပဲ အခက္အခဲေပါင္းမ်ားစြာ စိန္ေခၚမႈမ်ားစြာ ရင္ဆိုင္ႀကဳံေတြ႕ေနခဲ့ၾကရတာဟာ လက္ရွိအခ်ိန္အထိ မိမိတို႔ႏိုင္ငံရဲ႕ ေျပာင္းလဲမႈအေ႐ြ႕ဟာ မေရမရာ မေသမခ်ာနဲ႔ ေရွ႕ဆက္ေနရတာကို ေတြ႕ျမင္ၾကရမွာ ျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ လက္ရွိ မိမိတို႔ႏိုင္ငံ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြ စိန္ေခၚမႈေတြအရ မိမိတို႔ႏိုင္ငံဟာ ဒီမိုကေရစီ အေရးနိမ့္မႈ ေထာင္ေခ်ာက္တြင္းကို သက္ဆင္းေနတယ္လို႔ ဆိုရမွာပါ။ဒီလိုအခ်ိန္မ်ိဳးမွာ မိမိတို႔ႏိုင္ငံကို ဘယ္လိုအေျပာင္းအလဲေတြနဲ႔ ေရွ႕ဆက္ၾကရမယ္ဆိုတာကို အေကာင္းဆုံး ေတြးဆရႈျမင္ဖို႔ လိုအပ္ေနတဲ့အခ်ိန္လည္း ျဖစ္ပါတယ္။
မၾကာမီေသာ အခ်ိန္ကာလအတြင္းမွာ မိမိတို႔ႏိုင္ငံဟာ ေျပာင္းလဲျခင္းရာသီကို ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။၂၀၂၀ ခုႏွစ္ဟာ မိမိတို႔ႏိုင္ငံအတြက္ ေနာက္ထပ္အေျပာင္းအလဲတစ္ခုကို ေဖာ္ေဆာင္ေပးႏိုင္မယ့္ ေ႐ြးေကာက္ပြဲတစ္ရပ္ကို ခင္းက်င္းေပးလာေတာ့မွာ ျဖစ္ပါတယ္။

တကယ္ေတာ့ ဒီမိုကေရစီဆိုတာ ထင္တိုင္းႀကဲလို႔ရတာမ်ိဳး မဟုတ္ဘူး၊ အတၱေနာမတိနဲ႔ ဆုံးျဖတ္ရတာမ်ိဳးလည္း မဟုတ္ဘူး။ဒီမိုကေရစီဆိုတာ ေ႐ြးေကာက္ပြဲေတြကေန ဆုံးျဖတ္ရတာမွန္တယ္။ဒါေပမဲ့ မိမိတို႔လို သာမန္မဲဆႏၵရွင္ ျပည္သူေတြအေနနဲ႔ မိမိရင္ထဲက ဆႏၵအမွန္ကို သိဖို႔လိုတယ္။မိမိတို႔အေနနဲ႔ ေနာက္ထပ္ စိတ္မခ်မ္းေျမ့မႈေတြကို ေရွာင္ရွားႏိုင္ၿပီး မိမိတို႔အတြက္ အေကာင္းဘက္ဆီ ဦးတည္ေစႏိုင္မယ့္ ဆုံးျဖတ္ခ်က္ေတြကို ခ်ႏိုင္ဖို႔လိုတယ္။

ဆိုရရင္ မိမိတို႔အားလုံးဟာ မိမိတို႔ႏိုင္ငံ အေကာင္းဘက္ကို ဦးတည္ၿပီး ဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံေတာ္တစ္ရပ္အျဖစ္ ျမင္ေတြ႕လိုေနၾကတဲ့သူေတြခ်ည္းပဲ ျဖစ္တယ္။ဒါေၾကာင့္လည္း လာမယ့္အေျပာင္းအလဲရာသီဟာ မိမိတို႔အားလုံးအတြက္ ေ႐ြးေကာက္ပြဲကေနတဆင့္ အမွန္ကန္ဆုံးနဲ႔ အသင့္ေလ်ာ္ဆုံး ေ႐ြးခ်ယ္မႈေတြနဲ႔အတူ မိမိတို႔ႏိုင္ငံ အေကာင္းဘက္ဆီ ဦးတည္ေ႐ြ႕လွ်ားေရးကို ေဖာ္ေဆာင္ၾကရမယ့္အခ်ိန္ပဲ ျဖစ္ပါတယ္။

ျမင့္ေနာင္မိုး
ေအာက္တိုဘာ - ၃၁