【 ဆောင်းပါး 】 ဖတ်ရှု့သင့်သည့် ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအင်နှင့် မြန်မာနိုင်ငံ

【 ဆောင်းပါး 】 ဖတ်ရှု့သင့်သည့် ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအင်နှင့် မြန်မာနိုင်ငံ

မတ်လ ၂၀၂၀ တွင် ဒေါက်တာချစ်ကိုကိုရေးသားသည့် “ ကျောက်မီးသွေး - မိုင်းလုပ်ငန်း၊ ကျောက်မီး သွေးသုံးလျှပ်စစ်စွမ်းအင်နှင့် မြန်မာနိုင်ငံ” အမည်ရှိ စာအုပ်ကို စိတ်ကူးချိုချိုစာအုပ်တိုက်က ပုံနှိပ်ထုတ်ဝေ လိုက်ပါ သည်။ ဤစာအုပ်ရေးသားသူ ဒေါက်တာချစ်ကိုကိုသည် ဘူမိအင်ဂျင်နီယာပညာရှင်တဦးပြီး ဩစတြေးလျ နိုင်ငံ ရှိ သတ္တုမိုင်းတူးဖော်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ ထို့ကြောင့် သူလုပ်ကိုင်ခဲ့သော မိုင်းလုပ်ငန်း အတွေ့အကြုံများကို၊ မြန်မာနိုင်ငံသို့ ပြန်လာချိန်တွင် အခါအားလျော်စွာ ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြော မှုများကို စုစည်းလျက် ဤစာအုပ်ဖြစ်ပေါ်လာစေရန် ရေးသားခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

စာအုပ်တွင် စုစုပေါင်း အခန်း (၈) ခန်းပါဝင်ပါသည်။ အခန်း(၁) ကို “ ကျောက်မီးသွေး၏ ဓာတ်ဖွဲ့စည်းမှု၊ အမျိုးအစား၊ သယံဇာတပမာဏ၊ ထုတ်လုပ်တင်ပို့ တင်သွင်းမှုနှင့် ဈေးနှုန်း” ခေါင်းစဉ် ဖြင့်ရေးသားဖော်ပြ ထားပါ သည်။ ဤအခန်းတွင် ကျောက်မီးသွေးအကြောင်း အသေးစိတ်ဖော်ထားပြီး၊ ကျောက်မီးသွေးတူးဖော်မှုသမိုင်း၊ ကျောက်မီးသွေးကို အဓိကထုတ်လုပ်သည့်နိုင်ငံများ၊ ကျောက်မီးသွေး တင်ပို့ရောင်းချသည့်နိုင်ငံများ၊ ကျောက်မီး သွေးတင်သွင်းသော နိုင်ငံများနှင့် ကျောက်မီးသွေးဈေးနှုန်းများ အကြောင်းကို ရေးသားဖော်ပြထားပါသည်။

အခန်း(၂) တွင် ကျောက်မီးသွေးတူးဖော်ထုတ်လုပ်သည့်နည်းများကို ဖော်ပြထားပါသည်။ ဩစတြေးလျ နိုင်ငံနှင့်ကျောက်မီးသွေး အကြောင်းကို အခန်း(၃)တွင် ရေးသားထားပြီး၊ အခန်း(၄)၌ မြန်မာနိုင်ငံ၏ ကျောက်မီး သွေး သယံဇာတ အခြေအနေကို တင်ပြထားပါသည်။ မြန်မာနိုင်ငံမိုင်းလုပ်ငန်းခွင် ဘေးအန္တရာယ်နှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အကြောင်းကို အခန်း( ၅) တွင် ဖော်ပြထားပြီး၊ ကျောက်မီးသွေးနှင့် လျှပ်စစ်ဓာတ်အား ခေါင်းစဉ်ဖြင့် အခန်း(၆) ကို ရေးသားထားပါသည်။ အခန်း(၇) တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် မြန်မာနိုင်ငံ အကြောင်းကို ရေးသားထားပြီး၊ နောက်ဆုံးအခန်းဖြစ်သော အခန်း(၈) တွင် စာရေးသူ၏ ဆွေးနွေးသုံးသပ်ချက်နှင့် အကြံပြုချက်များအား ဖော်ပြထားပါသည်။

ကျောက်မီးသွေး အပါအဝင် တခြားသတ္တုတူးဖော်ရေးလုပ်ငန်းများ နှင့် ပတ်သက်၍ မြန်မာလူထု၏ ယေဘုယျအမြင်သည် အဆိုးဘက်တွင် ရှိနေပါသည်။ ထို့ကြောင့် တရုတ်နှင့်မြန်မာ အစိုးရ ချုပ်ဆိုသည့် သတ္တုတူး ဖော်ရေးလုပ်ငန်းများကို ဖြစ်စေ၊ ကျောက်မီးသွေးသုံးလျှပ်စစ် ထုတ်မည့်စီမံကိန်းများကို ဖြစ်စေ ဒေသခံများနှင့် တကွ မြန်မာ လူထုက အစဉ်အမြဲ ကန့်ကွက်ခဲ့ကြပါသည်။ လက်တွေ့အားဖြင့်လည်း မြန်မာနိုင်ငံတွင် ကျောက်မီး သွေး တူးဖော်ထုတ်လုပ်ခြင်း၊ ရွှေတူးဖော်ခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်းနှင့် လက်ပံတောင်းတောင် ကြေးနီ ထုတ် လုပ်မှု စသည့် သတ္တုတူးဖော်သည့်လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်းနှင့် ဒေသလူထု၏ လူမှုစီးပွားများ ထိခိုက်ပျက်စီးကြရခြင်းများကိုသာ ဒေသခံများခံစားကြရသည်ကို လူထုအနေဖြင့် မြင်တွေ့ရ၍ အဆိုးမြင်ကြခြင်းလည်းဖြစ်ပါသည်။

ဤစာအုပ်ဖတ်ရှုရသောအခါ၊ မည်သည့်နိုင်ငံမဆို မိမိနိုင်ငံတွင်ရှိသည့် သယံဇာတများကို နည်းမှန်လမ်း မှန် စနစ်တကျထုတ်လုပ်မည်ဆိုပါက နိုင်ငံနှင့် လူထုအကျိုးရှိသည်ဆိုသော အချက်ကိုသိလာရပါသည်။ စာရေးသူ ဒေါက်တာချစ်ကိုကိုသည် ဘူမိအင်ဂျင်နီယာပညာရှင် တယောက်အနေဖြင့် ကျောက်မီးသွေးထုတ်လုပ်ခြင်းနှင့် ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်လုပ်ခြင်းကို လုပ်သင့်သည့်် လုပ်ငန်းများဟု ရှုမြင်သူဖြစ်ပါသည်။ ကျွန်မတို့ နိုင်ငံ တွင် သဘာဝပတ်ဝန်းကျင် ပညာရှင်များ ပြောဆိုဆွေးနွေးကြသည့် သတ္တုထုတ်လုပ်ခြင်း ကြောင့်သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမှုများကို သိရှိနားလည်ကြသော်လည်း၊ တဘက်တွင် ထိုသို့ သတ္တုတူးဖော်မှုကို နည်းမှန်လမ်းမှန်စနစ်တကျထုတ်ယူပါက နိုင်ငံအတွက် ဝင်ငွေရလျက် အလုပ်လက်မဲ့လျော့ပါးစေခြင်း၊ ဒေသခံ များ အလုပ်အကိုင်ရရှိခြင်းကို ဖြစ်စေသည်ဟု ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြောပြသည့် ပညာရှင်နည်းပါးနေ ပါသည်။ ဤစာအုပ်က ဖော်ပြပါတာဝန်ကို အထိုက်အလျောက်ယူပေးထားပါသည်။
ကျောက်မီးသွေးအပါအဝင် မည်သည့် သတ္တုကို ထုတ်ဖော်တူးယူသည်ဖြစ်စေ၊ အခြေခံသဘော တရား များတူကြကြောင်း၊ လုပ်ငန်း စတင်မလုပ်ကိုင်မီ လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ သတ္တုတူးဖော်ဆဲကာလတွင် လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် လိုက်နာရမည့် စည်းမျဉ်းဥပဒေများကို တိတိကျကျလုပ်ရန်သာ ပဓာနဖြစ် ကြောင်း ဤစာအုပ်တွင် ရေးသားဖော်ပြထားပါသည်။ မြန်မာလူထုနှင့်် မစိမ်းသည့် SIA ( Social Impact Assessment - လူမှုဘဝထိခိုက်ပျက်စီးမှု လေ့လာချက်)၊ EIA ( Envirornmental Impact Assessment - သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုဆိုင်ရာ လေ့လာချက်) ကို မည်သည့် သတ္တုတူးဖော်ရေးလုပ်ငန်း အတွက်မဆို လုပ်ငန်းမလုပ်ဆောင်မီ တိတိကျကျ လေ့လာသုံးသပ်လျက် လုပ်ငန်းဆောင်ရွက်နေစဉ် ကာလ တစ်လျှောက် EIA ; SIA ဆိုင်ရာ အချက်အလက်များကို တိကျစွာလိုက်ရကြောင်း ဩစတြေးလျမိုင်းလုပ်ငန်းများ မည်သို့ လုပ်ကိုင်ကြကြောင်း အကျယ်တဝံ့ရေးသားဖော်ပြထားပါသည်။

ယနေ့ကမ္ဘာတွင် လျှပ်စစ်သည် နိုင်ငံတိုင်းအတွက် မရှိမဖြစ် အရေးကြီးသည့် စွမ်းအင်ဖြစ်ကြောင်း အား လုံးနားလည်ကြပါသည်။ စာရေးသူက နေစွမ်းအား(ဆိုလာ)၊ လေစွမ်းအား၊ သဘာဝဓာတ်ငွေ့စွမ်းအား၊ ရေစွမ်း အား၊ တခြားလောင်စာစွမ်းအား( ရေနံ၊ ကျောက်မီးသွေး)၊ နျူကလိယားစွမ်းအင် စသည်တို့ကို သုံး၍ လျှပ်စစ်ထုတ် ယူနိုင်ကြောင်း၊ ယနေ့တကမ္ဘာလုံးတွင် သုံးစွဲနေသည့်လျှပ်စစ် ၄၀ ရာနှုန်းကို ကျောက်မီးသွေးမှ ထုတ်ယူနေခြင်း ဖြစ်ကြောင်း ရှင်းပြထားပါသည်။
ဖော်ပြပါ လျှပ်စစ်ထုတ်ယူနည်းများ၏ အားသာချက် အားနည်းချက်များကိုလည်း နှိုင်းယှဉ်ဖော်ပြပေး ထားပါသည်။ ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်လုပ်မှု၏ အားသာချက်များမှာ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာ ခြင်း၊ အားကောင်းသောလျှပ်စစ်ဓာတ်ရရှိခြင်း၊ လျှပ်စစ်အမြဲထုတ်လုပ်နိုင်ခြင်းနှင့် လျှပ်စစ်ကို ဈေးသက်သက် သာသာဖြင့် ပြန်လည်ဖြန့်ဖြူးပေးနိုင်ခြင်း စသည့်အားသာချက်များရှိကြောင်းဖော်ပြထားပါသည်။ တဘက်တွင် လည်း ကျောက်မီးသွေးသုံးလျှပ်စစ်ကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများကို ဖော်ပြထားပါသည်။ ထို့ပြင် ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်လုပ်မှုမှ ဖြစ်ပေါ်လာမည့်ဆိုးကျိုးများအား မည်သို့လျော့ချနိုင်ကြောင်းကိုလည်း ရေးသားထားပါသည်။

တခြားနည်းများဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲရာတွင်လည်း ကောင်းကျိုးဆိုးပြစ်များရှိကြောင်း တောင်ဩစ တြေးလျဖြစ်ရပ်ကို နမူနာပြထားပါသည်။ တောင်ဩစတြေးလျပြည်နယ်တွင် ၂၀၁၆ခုနှစ်၌ မိုးသက်မုန်တိုင်း တိုက် ခတ်မှုကြောင့် လေအားလျှပ်စစ် ပို့ဆောင်ပေးသည့် တာဘိုင်များ ပြိုပျက်ခဲ့သဖြင့် လျှပ်စစ်ပြတ်တောက်မှုဖြစ်ပွား ခဲ့ပါသည်။ ၂၀၁၅တွင် တောင်ဩစတြေးလျပြည်နယ်တွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အပြီးပိတ်သိမ်း၍ လေနှင့်နေစွမ်းအင်မှ လျှပ်စစ်ထုတ်ယူသုံးစွဲခဲ့ရာ၊ ထိုသို့ လျှပ်စစ်ပြတ်တောက်မှုကြောင့် အိမ်ခြေ ၁၅၅၀၀၀ လျှပ်စစ်ပြတ်လပ်ခဲ့ပြီး စီးပွားရေးအရ ဒေါ်လာသန်း ၃၆၇ ကျော်ဆုံးရှုံးခဲ့ရသည်ဟုဆိုပါသည်။

မြန်မာတွင် ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံဟူ၍ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်စက်ရုံ တခု သာရှိပြီး အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာသည် လျှပ်စစ်ထုတ်လုပ်နိုင်မှုနှင့် လူတဦးချင်းလျှပ်စစ်သုံး စွဲနိုင်မှု အနိမ့်ဆုံးနိုင်ငံဖြစ်ကြောင်း ကိန်းဂဏန်းအထောက်အထားများနှင့် တကွဖော်ပြထားပါသည်။ ကမ္ဘောဒီးယား ပြည်သူတဦးချင်း လျှပ်စစ်သုံးစွဲနိုင်မှု ၃၄% ရှိပြီး၊ မြန်မာ ပြည်သူတဦးချင်း လျှပ်စစ်သုံးစွဲနိုင်မှု ၃၂% သာရှိကြောင်း ဖော်ပြထားပါသည်။ လက်ရှိမြန်မာ၏ ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်လုပ်မှုသည် ၁၂၀ မီဂါဝပ်သာရှိပြီး လာအို ၏ ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်လုပ်မှုမှာ ၁၃၀၀ မီဂါဝပ်ဖြစ်ကြောင်းဖော်ပြထားပါသည်။
မြန်မာတို့သည် ကျောက်မီးသွေးသုံးခြင်းကြောင့်ထွက်ပေါ်လာမည့် ဖန်လုံအိမ်ဓာတ်ငွေ့အာနိသင်ကို ပူပန် ကြ သော်လည်း၊ မြန်မာတနိင်ငံလုံး ( အထူးသဖြင့် ကျေးလက်ဒေသ) တွင် နေ့စဉ် ထင်းမီးသုံးစွဲမှုကြောင့် ဖြစ် ပေါ်လာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ထွက်ရှိမှုနှင့် သစ်တောပြုန်းတီးမှုကို ထည့်သွင်းတွက်ချက်မှု အားနည်း ကြောင်းကိုလည်း ထောက်ပြထားပါသည်။ ထို့ပြင် မြန်မာ့အိမ်နီးနားချင်း တရုတ်သည် ကမ္ဘာတွင် ကာဗွန်ဒိုင် အောက် ဆိုဒ်ဓာတ်ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပြီး၊ ဒုတိယထုတ်လုပ်သည့် နိုင်ငံမှာ အမေရိကဖြစ်၍ တတိယထုတ်လုပ််မှုအများဆုံးနိုင်ငံသည် အိန္ဒိယဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကျောက်မီးသွေးသုံးလျှပ်စစ်အပေါ် အားထားနေရသည့် နိုင်ငံ ၇၇ နိုင်ငံတွင် အမေရိက၊ တရုတ်၊ ဂျပန်၊ ဂျာမနီနှင့် အိန္ဒိယတို့ပါဝင်ကြပါသည်။ လက်ရှိ ကမ္ဘာ့လူနေမှုစနစ်နှင့် ကုန်ထုတ်လုပ်မှုများအတွက် နိုင်ငံအများ အပြား သည် ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်ယူသုံးစွဲမှုကို အပြီးတိုင် မရပ်ဆိုင်းနိုင်ကြဘဲ၊ ဆိုးကျိုးသက်ရောက်မှု နည်းနိုင်သမျှနည်းစေရန် လုပ်ဆောင်နေကြရပုံကို ရေးသားပြထားပါသည်။
မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် EIA ; SIA ကို တိကျစွာလိုက်နာခြင်းမရှိ၍ ဖားကန့် ကျောက်စိမ်းလုပ်ကွက်များကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ဒေသခံများ၏ လူမှုဘဝဆုံးရှုံးမှုများကို လည်း စာရေးသူကဖော်ပြထားပါသည်။ ဖားကန့်တွင် စနစ်တကျ မြေစာမပုံခြင်း၊ နွံကန်များကျိုးပျက်၍ လူရာချီ သေဆုံးခြင်းများသည် မဖြစ်သင့်သည့် လူ့အသက်ဆုံးရှုံးရမှုများဖြစ်ကြောင်း ထောက်ပြထားပါသည်။ တခြားသတ္တု တူးဖော်ရေးလုပ်ငန်းများ ကြောင့် ထိုနည်းနှင်နှင် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် ဒေသခံ များ၏ လူမှုဘဝဆုံးရှုံးမှုအနေအထားများသည် စိုးရိမ်ဖွယ်ဖြစ်ကြောင်း ဂူဂဲမြေပုံများကို လေ့လာပါက သိရှိကြောင်း ဖော်ပြပေးထားပါသည်။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသယံဇာတပေါကြွယ်ကြောင်း ၊ ထိုကျောက်မီးသွေးများကို ဒေသအလိုက် စနစ်တကျထုတ်လုပ်ပြီး ထိုဒေသအတွက်ပင် ကျောက်မီးသွေးသုံးလျှပ်စစ်ကို နည်းလမ်းတကျထုတ်ယူပါက လက်ရှိ မြန်မာ နိုင်ငံရင်ဆိုင်နေရသည့် လျှပ်စစ်မလုံလောက်မှုနှင့် အလုပ်လက်မဲ့များပြားမှုကို လျော့ချနိုင်မည်ဖြစ် ကြောင်း ဩစတြေးလျနိုင်ငံ၏ ကျောက်မီးသွေးထုတ်လုပ်မှုများကို ဥပမာပြရေးသားထားပါသည်။

ဩစတြေးလျနိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများကို ခွင့်ပြုရာ၍ EIA ; SIA ကို လိုက်နာရမည်ဆို သော စည်းမျဉ်းဥပဒေများသာ မက၊ အလုပ်သမားများ လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံရေး အချက်များပါ ပါဝင် သည်ဟု ဆိုပါသည်။ ယခင်က တွေ့ကြုံရသည့် မိုင်းလုပ်ငန်းခွင်အတွင်းမှ အန္တရာယ်ကြုံရမှုများအပေါ် ပြန်လည်သုံးသပ်ပြီး ဥပဒေများကို အခါအားလျော်စွာ ပြင်ဆင်သည်။ ထိုဥပဒေများ အတိုင်း တိကျစွာလုပ် ဆောင် ခြင်း ရှိ မရှိ အစိုးရက စောင့်ကြည့်နေပြီး အလုပ်ရှင်များဘက်ကလည်း တိကျစွာလိုက်နာကြရသည်ဟု ဆိုပါ သည်။ကျောက်မီးသွေးကို စီးပွားဖြစ် ထုတ်လုပ်ကြသည့် ကမ္ဘာ့နိုင်ငံကြီးများ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးများအား ထိုနိုင်ငံများ မည်သို့ ပြုပြင် ဖြတ်ကျော် ကြကြောင်း မြန်မာနိုင်ငံ လေ့လာ နည်းလမ်းယူရန် အဆိုပါ နိုင်ငံများက ထုတ်ပြန်ထားသည့် ဥပဒေများ အသင့်ရှိသည်ဟု ဆိုပါသည်။

သတ္တုထုတ်လုပ်မှုတွင် ကုမ္ပဏီနှင့် လက်တွေ့ပါဝင်လုပ်ကိုင်ရသူများ ထုတ်ပြန်ထားသည့် ဥပဒေ စည်း ကမ်းများကို လိုက်နာရန် အစိုးရက တိကျစွာကိုင်တွယ်ရကြောင်းဖော်ပြထားပါသည်။ အကယ်၍ မြန်မာနိုင်ငံတွင် ဒေါက်တာချစ်ကိုကို ထောက်ပြသကဲ့သို့ လူထုရော အစိုးရပါ ကျောက်မီးသွေးထုတ်လုပ်မှုနှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်ယူပြီဆိုလျှင်ပင် အဓိက ရင်ဆိုင်ရမည့် ပြဿနာက မြန်မာနိုင်ငံ၏ မပြီးဆုံးသေးသည့် လာဘ်ပေး လာဘ်ယူမှုဖြစ်ပါသည်။ ဩစတြေးလျတွင် အစိုးရဌာနများနှင့် ကုမ္ပဏီများတွင် လာဘ်ပေးလာဘ်ယူမှု လုံးဝမရှိ ကြောင်း စာရေးသူကဖော်ပြထားပါသည်။ ထို့ပြင် အစိုးရက ကုမ္မဏီများ၏ သတ္တုထုတ်လုပ်မှုများအား ဥပဒေနှင့် အညီလုပ်ကိုင်စေရန် ကြိုတင်ငွေယူထားပြီး လိုက်နာခြင်းမရှိပါက ထိုငွေကြေးဆုံးရှုံးရသည့် အပြင် ဥပဒေအရ လည်း အရေးယူခံရသဖြင့် စည်းမျဉ်းဥပဒေအရ တိကျစွာ အလုပ်လုပ်ကြသည်ဟုဆိုပါသည်။

ဤစာအုပ်သည် သတ္တုတူးဖော်ရေး၊ လျှပ်စစ်ထုတ်လုပ်ရေးနှင့်ဆိုင်သော အစိုးရဝန်ကြီးဌာန တာဝန်ရှိသူ များ၊ ထားဝယ်ရေနက်စီမံကိန်းဖော်ဆောင်မည့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သဘာဝပတ်ဝန်း ကျင် ပညာရှင်များသာမက၊ သာမန်ပြည်သူများလည်း ဖတ်ရှုသင့်သည့် စာအုပ်ဖြစ်ပါသည်။ အခန်း(၈) တွင် စာရေး သူက၊ မြန်မာ့ကျောက်မီးသွေးသယံဇာတ၊ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ မိုင်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုချက်၊ ဥပဒေပြုရေးနောက်ကျကျန်နေခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်း ( သို့မ ဟုတ်) အားနည်းခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း ( သို့မဟုတ်) အားနည်းခြင်း၊ အဂတိလိုက်စားနှင့် အကျင့် ပျက်ခြ စားမှု၊ အသိပညာရှင် အတတ်ပညာရှင်များလေ့ကျင့်မွေးထုတ်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် နှင့် လုပ်ငန်း လိုင်စင် ဟူသည့် ခေါင်းစဉ်ခွဲ (၇) မျိုးဖြင့် ပြည့်စုံစွာ အကြံပြုထားပါသည်။

စာရေးသူ၏ အကြံပြုချက်အားလုံးကို လက်ရှိမြန်မာနိုင်ငံအနေအထားအရ ရာနှုန်းပြည့်လိုက်နာနိုင်မည် မဟုတ်သော်လည်း တတ်အားသမျှလိုက်နာပါက နိုင်ငံနှင့် လူမျိူးအတွက် အကျိုးရှိစေမည်ဖြစ်ပါသည်။ မြန်မာတို့ ယေဘုယျသိကြသည့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ကောင်းကျိုး ဆိုးပြစ်များကိုသာမက၊ မြန်မာနိုင်ငံရှိ တခြားသတ္တုတူးဖော်ရေးနှင့် ပတ်သက်၍ ပြုပြင်သင့်သည့် အချက်အလက်များကို ပြည့်စုံစွာ ဖော်ပြထား သဖြင့် မြန်မာလူထု ဖတ်ရှုသင့်သည့် စာအုပ်တအုပ်ဖြစ်ပါသည်။

ခင်နှင်းဦး
မတ် - ၂၈

( Zawgyi )

မတ္လ ၂၀၂၀ တြင္ ေဒါက္တာခ်စ္ကိုကိုေရးသားသည့္ “ ေက်ာက္မီးေသြး - မိုင္းလုပ္ငန္း၊ ေက်ာက္မီး ေသြးသုံးလွ်ပ္စစ္စြမ္းအင္ႏွင့္ ျမန္မာႏိုင္ငံ” အမည္ရွိ စာအုပ္ကို စိတ္ကူးခ်ိဳခ်ိဳစာအုပ္တိုက္က ပုံႏွိပ္ထုတ္ေဝ လိုက္ပါ သည္။ ဤစာအုပ္ေရးသားသူ ေဒါက္တာခ်စ္ကိုကိုသည္ ဘူမိအင္ဂ်င္နီယာပညာရွင္တဦးၿပီး ဩစေၾတးလ် ႏိုင္ငံ ရွိ သတၱဳမိုင္းတူးေဖာ္ေရးလုပ္ငန္းမ်ားတြင္ လုပ္ကိုင္ခဲ့သူျဖစ္ပါသည္။ ထို႔ေၾကာင့္ သူလုပ္ကိုင္ခဲ့ေသာ မိုင္းလုပ္ငန္း အေတြ႕အႀကဳံမ်ားကို၊ ျမန္မာႏိုင္ငံသို႔ ျပန္လာခ်ိန္တြင္ အခါအားေလ်ာ္စြာ ေဟာေျပာခဲ့ပါသည္။ အဆိုပါ ေဟာေျပာ မႈမ်ားကို စုစည္းလ်က္ ဤစာအုပ္ျဖစ္ေပၚလာေစရန္ ေရးသားခဲ့ျခင္းျဖစ္သည္ဟု ဆိုပါသည္။

စာအုပ္တြင္ စုစုေပါင္း အခန္း (၈) ခန္းပါဝင္ပါသည္။ အခန္း(၁) ကို “ ေက်ာက္မီးေသြး၏ ဓာတ္ဖြဲ႕စည္းမႈ၊ အမ်ိဳးအစား၊ သယံဇာတပမာဏ၊ ထုတ္လုပ္တင္ပို႔ တင္သြင္းမႈႏွင့္ ေဈးႏႈန္း” ေခါင္းစဥ္ ျဖင့္ေရးသားေဖာ္ျပ ထားပါ သည္။ ဤအခန္းတြင္ ေက်ာက္မီးေသြးအေၾကာင္း အေသးစိတ္ေဖာ္ထားၿပီး၊ ေက်ာက္မီးေသြးတူးေဖာ္မႈသမိုင္း၊ ေက်ာက္မီးေသြးကို အဓိကထုတ္လုပ္သည့္ႏိုင္ငံမ်ား၊ ေက်ာက္မီးေသြး တင္ပို႔ေရာင္းခ်သည့္ႏိုင္ငံမ်ား၊ ေက်ာက္မီး ေသြးတင္သြင္းေသာ ႏိုင္ငံမ်ားႏွင့္ ေက်ာက္မီးေသြးေဈးႏႈန္းမ်ား အေၾကာင္းကို ေရးသားေဖာ္ျပထားပါသည္။

အခန္း(၂) တြင္ ေက်ာက္မီးေသြးတူးေဖာ္ထုတ္လုပ္သည့္နည္းမ်ားကို ေဖာ္ျပထားပါသည္။ ဩစေၾတးလ် ႏိုင္ငံႏွင့္ေက်ာက္မီးေသြး အေၾကာင္းကို အခန္း(၃)တြင္ ေရးသားထားၿပီး၊ အခန္း(၄)၌ ျမန္မာႏိုင္ငံ၏ ေက်ာက္မီး ေသြး သယံဇာတ အေျခအေနကို တင္ျပထားပါသည္။ ျမန္မာႏိုင္ငံမိုင္းလုပ္ငန္းခြင္ ေဘးအႏၲရာယ္ႏွင့္ သဘာဝ ပတ္ဝန္းက်င္ထိခိုက္မႈ အေၾကာင္းကို အခန္း( ၅) တြင္ ေဖာ္ျပထားၿပီး၊ ေက်ာက္မီးေသြးႏွင့္ လွ်ပ္စစ္ဓာတ္အား ေခါင္းစဥ္ျဖင့္ အခန္း(၆) ကို ေရးသားထားပါသည္။ အခန္း(၇) တြင္ ေက်ာက္မီးေသြးသုံး လွ်ပ္စစ္ဓာတ္အားေပး စက္႐ုံႏွင့္ ျမန္မာႏိုင္ငံ အေၾကာင္းကို ေရးသားထားၿပီး၊ ေနာက္ဆုံးအခန္းျဖစ္ေသာ အခန္း(၈) တြင္ စာေရးသူ၏ ေဆြးေႏြးသုံးသပ္ခ်က္ႏွင့္ အႀကံျပဳခ်က္မ်ားအား ေဖာ္ျပထားပါသည္။

ေက်ာက္မီးေသြး အပါအဝင္ တျခားသတၱဳတူးေဖာ္ေရးလုပ္ငန္းမ်ား ႏွင့္ ပတ္သက္၍ ျမန္မာလူထု၏ ေယဘုယ်အျမင္သည္ အဆိုးဘက္တြင္ ရွိေနပါသည္။ ထို႔ေၾကာင့္ တ႐ုတ္ႏွင့္ျမန္မာ အစိုးရ ခ်ဳပ္ဆိုသည့္ သတၱဳတူး ေဖာ္ေရးလုပ္ငန္းမ်ားကို ျဖစ္ေစ၊ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ ထုတ္မည့္စီမံကိန္းမ်ားကို ျဖစ္ေစ ေဒသခံမ်ားႏွင့္ တကြ ျမန္မာ လူထုက အစဥ္အၿမဲ ကန႔္ကြက္ခဲ့ၾကပါသည္။ လက္ေတြ႕အားျဖင့္လည္း ျမန္မာႏိုင္ငံတြင္ ေက်ာက္မီး ေသြး တူးေဖာ္ထုတ္လုပ္ျခင္း၊ ေ႐ႊတူးေဖာ္ျခင္း၊ ေက်ာက္စိမ္းတူးေဖာ္ျခင္းႏွင့္ လက္ပံေတာင္းေတာင္ ေၾကးနီ ထုတ္ လုပ္မႈ စသည့္ သတၱဳတူးေဖာ္သည့္လုပ္ငန္းမ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္ထိခိုက္ပ်က္စီးျခင္းႏွင့္ ေဒသလူထု၏ လူမႈစီးပြားမ်ား ထိခိုက္ပ်က္စီးၾကရျခင္းမ်ားကိုသာ ေဒသခံမ်ားခံစားၾကရသည္ကို လူထုအေနျဖင့္ ျမင္ေတြ႕ရ၍ အဆိုးျမင္ၾကျခင္းလည္းျဖစ္ပါသည္။

ဤစာအုပ္ဖတ္ရႈရေသာအခါ၊ မည္သည့္ႏိုင္ငံမဆို မိမိႏိုင္ငံတြင္ရွိသည့္ သယံဇာတမ်ားကို နည္းမွန္လမ္း မွန္ စနစ္တက်ထုတ္လုပ္မည္ဆိုပါက ႏိုင္ငံႏွင့္ လူထုအက်ိဳးရွိသည္ဆိုေသာ အခ်က္ကိုသိလာရပါသည္။ စာေရးသူ ေဒါက္တာခ်စ္ကိုကိုသည္ ဘူမိအင္ဂ်င္နီယာပညာရွင္ တေယာက္အေနျဖင့္ ေက်ာက္မီးေသြးထုတ္လုပ္ျခင္းႏွင့္ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ထုတ္လုပ္ျခင္းကို လုပ္သင့္သည့္ လုပ္ငန္းမ်ားဟု ရႈျမင္သူျဖစ္ပါသည္။ ကြၽန္မတို႔ ႏိုင္ငံ တြင္ သဘာဝပတ္ဝန္းက်င္ ပညာရွင္မ်ား ေျပာဆိုေဆြးေႏြးၾကသည့္ သတၱဳထုတ္လုပ္ျခင္း ေၾကာင့္သဘာဝ ပတ္ဝန္းက်င္ထိခိုက္ပ်က္စီးေစမႈမ်ားကို သိရွိနားလည္ၾကေသာ္လည္း၊ တဘက္တြင္ ထိုသို႔ သတၱဳတူးေဖာ္မႈကို နည္းမွန္လမ္းမွန္စနစ္တက်ထုတ္ယူပါက ႏိုင္ငံအတြက္ ဝင္ေငြရလ်က္ အလုပ္လက္မဲ့ေလ်ာ့ပါးေစျခင္း၊ ေဒသခံ မ်ား အလုပ္အကိုင္ရရွိျခင္းကို ျဖစ္ေစသည္ဟု က်ယ္က်ယ္ျပန႔္ျပန႔္ရွင္းလင္းေျပာျပသည့္ ပညာရွင္နည္းပါးေန ပါသည္။ ဤစာအုပ္က ေဖာ္ျပပါတာဝန္ကို အထိုက္အေလ်ာက္ယူေပးထားပါသည္။
ေက်ာက္မီးေသြးအပါအဝင္ မည္သည့္ သတၱဳကို ထုတ္ေဖာ္တူးယူသည္ျဖစ္ေစ၊ အေျခခံသေဘာ တရား မ်ားတူၾကေၾကာင္း၊ လုပ္ငန္း စတင္မလုပ္ကိုင္မီ လုပ္ေဆာင္ရမည့္ လုပ္ငန္းမ်ား၊ သတၱဳတူးေဖာ္ဆဲကာလတြင္ လုပ္ေဆာင္ရမည့္ လုပ္ငန္းမ်ားႏွင့္ လိုက္နာရမည့္ စည္းမ်ဥ္းဥပေဒမ်ားကို တိတိက်က်လုပ္ရန္သာ ပဓာနျဖစ္ ေၾကာင္း ဤစာအုပ္တြင္ ေရးသားေဖာ္ျပထားပါသည္။ ျမန္မာလူထုႏွင့္ မစိမ္းသည့္ SIA ( Social Impact Assessment - လူမႈဘဝထိခိုက္ပ်က္စီးမႈ ေလ့လာခ်က္)၊ EIA ( Envirornmental Impact Assessment - သဘာဝပတ္ဝန္းက်င္ထိခိုက္ပ်က္စီးမႈဆိုင္ရာ ေလ့လာခ်က္) ကို မည္သည့္ သတၱဳတူးေဖာ္ေရးလုပ္ငန္း အတြက္မဆို လုပ္ငန္းမလုပ္ေဆာင္မီ တိတိက်က် ေလ့လာသုံးသပ္လ်က္ လုပ္ငန္းေဆာင္႐ြက္ေနစဥ္ ကာလ တစ္ေလွ်ာက္ EIA ; SIA ဆိုင္ရာ အခ်က္အလက္မ်ားကို တိက်စြာလိုက္ရေၾကာင္း ဩစေၾတးလ်မိုင္းလုပ္ငန္းမ်ား မည္သို႔ လုပ္ကိုင္ၾကေၾကာင္း အက်ယ္တဝံ့ေရးသားေဖာ္ျပထားပါသည္။

ယေန႔ကမာၻတြင္ လွ်ပ္စစ္သည္ ႏိုင္ငံတိုင္းအတြက္ မရွိမျဖစ္ အေရးႀကီးသည့္ စြမ္းအင္ျဖစ္ေၾကာင္း အား လုံးနားလည္ၾကပါသည္။ စာေရးသူက ေနစြမ္းအား(ဆိုလာ)၊ ေလစြမ္းအား၊ သဘာဝဓာတ္ေငြ႕စြမ္းအား၊ ေရစြမ္း အား၊ တျခားေလာင္စာစြမ္းအား( ေရနံ၊ ေက်ာက္မီးေသြး)၊ န်ဴကလိယားစြမ္းအင္ စသည္တို႔ကို သုံး၍ လွ်ပ္စစ္ထုတ္ ယူႏိုင္ေၾကာင္း၊ ယေန႔တကမာၻလုံးတြင္ သုံးစြဲေနသည့္လွ်ပ္စစ္ ၄၀ ရာႏႈန္းကို ေက်ာက္မီးေသြးမွ ထုတ္ယူေနျခင္း ျဖစ္ေၾကာင္း ရွင္းျပထားပါသည္။
ေဖာ္ျပပါ လွ်ပ္စစ္ထုတ္ယူနည္းမ်ား၏ အားသာခ်က္ အားနည္းခ်က္မ်ားကိုလည္း ႏႈိင္းယွဥ္ေဖာ္ျပေပး ထားပါသည္။ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ထုတ္လုပ္မႈ၏ အားသာခ်က္မ်ားမွာ ထုတ္လုပ္မႈကုန္က်စရိတ္ သက္သာ ျခင္း၊ အားေကာင္းေသာလွ်ပ္စစ္ဓာတ္ရရွိျခင္း၊ လွ်ပ္စစ္အၿမဲထုတ္လုပ္ႏိုင္ျခင္းႏွင့္ လွ်ပ္စစ္ကို ေဈးသက္သက္ သာသာျဖင့္ ျပန္လည္ျဖန႔္ျဖဴးေပးႏိုင္ျခင္း စသည့္အားသာခ်က္မ်ားရွိေၾကာင္းေဖာ္ျပထားပါသည္။ တဘက္တြင္ လည္း ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ေၾကာင့္ ျဖစ္ေပၚလာမည့္ဆိုးက်ိဳးမ်ားကို ေဖာ္ျပထားပါသည္။ ထို႔ျပင္ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ထုတ္လုပ္မႈမွ ျဖစ္ေပၚလာမည့္ဆိုးက်ိဳးမ်ားအား မည္သို႔ေလ်ာ့ခ်ႏိုင္ေၾကာင္းကိုလည္း ေရးသားထားပါသည္။

တျခားနည္းမ်ားျဖင့္ လွ်ပ္စစ္ ထုတ္ယူသုံးစြဲရာတြင္လည္း ေကာင္းက်ိဳးဆိုးျပစ္မ်ားရွိေၾကာင္း ေတာင္ဩစ ေၾတးလ်ျဖစ္ရပ္ကို နမူနာျပထားပါသည္။ ေတာင္ဩစေၾတးလ်ျပည္နယ္တြင္ ၂၀၁၆ခုႏွစ္၌ မိုးသက္မုန္တိုင္း တိုက္ ခတ္မႈေၾကာင့္ ေလအားလွ်ပ္စစ္ ပို႔ေဆာင္ေပးသည့္ တာဘိုင္မ်ား ၿပိဳပ်က္ခဲ့သျဖင့္ လွ်ပ္စစ္ျပတ္ေတာက္မႈျဖစ္ပြား ခဲ့ပါသည္။ ၂၀၁၅တြင္ ေတာင္ဩစေၾတးလ်ျပည္နယ္တြင္ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားကို အၿပီးပိတ္သိမ္း၍ ေလႏွင့္ေနစြမ္းအင္မွ လွ်ပ္စစ္ထုတ္ယူသုံးစြဲခဲ့ရာ၊ ထိုသို႔ လွ်ပ္စစ္ျပတ္ေတာက္မႈေၾကာင့္ အိမ္ေျခ ၁၅၅၀၀၀ လွ်ပ္စစ္ျပတ္လပ္ခဲ့ၿပီး စီးပြားေရးအရ ေဒၚလာသန္း ၃၆၇ ေက်ာ္ဆုံးရႈံးခဲ့ရသည္ဟုဆိုပါသည္။

ျမန္မာတြင္ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္စက္႐ုံဟူ၍ တီက်စ္ေက်ာက္မီးေသြးသုံး လွ်ပ္စစ္ဓာတ္စက္႐ုံ တခု သာရွိၿပီး အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအနက္ ျမန္မာသည္ လွ်ပ္စစ္ထုတ္လုပ္ႏိုင္မႈႏွင့္ လူတဦးခ်င္းလွ်ပ္စစ္သုံး စြဲႏိုင္မႈ အနိမ့္ဆုံးႏိုင္ငံျဖစ္ေၾကာင္း ကိန္းဂဏန္းအေထာက္အထားမ်ားႏွင့္ တကြေဖာ္ျပထားပါသည္။ ကေမာၻဒီးယား ျပည္သူတဦးခ်င္း လွ်ပ္စစ္သုံးစြဲႏိုင္မႈ ၃၄% ရွိၿပီး၊ ျမန္မာ ျပည္သူတဦးခ်င္း လွ်ပ္စစ္သုံးစြဲႏိုင္မႈ ၃၂% သာရွိေၾကာင္း ေဖာ္ျပထားပါသည္။ လက္ရွိျမန္မာ၏ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ထုတ္လုပ္မႈသည္ ၁၂၀ မီဂါဝပ္သာရွိၿပီး လာအို ၏ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ထုတ္လုပ္မႈမွာ ၁၃၀၀ မီဂါဝပ္ျဖစ္ေၾကာင္းေဖာ္ျပထားပါသည္။
ျမန္မာတို႔သည္ ေက်ာက္မီးေသြးသုံးျခင္းေၾကာင့္ထြက္ေပၚလာမည့္ ဖန္လုံအိမ္ဓာတ္ေငြ႕အာနိသင္ကို ပူပန္ ၾက ေသာ္လည္း၊ ျမန္မာတနိင္ငံလုံး ( အထူးသျဖင့္ ေက်းလက္ေဒသ) တြင္ ေန႔စဥ္ ထင္းမီးသုံးစြဲမႈေၾကာင့္ ျဖစ္ ေပၚလာသည့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ထြက္ရွိမႈႏွင့္ သစ္ေတာျပဳန္းတီးမႈကို ထည့္သြင္းတြက္ခ်က္မႈ အားနည္း ေၾကာင္းကိုလည္း ေထာက္ျပထားပါသည္။ ထို႔ျပင္ ျမန္မာ့အိမ္နီးနားခ်င္း တ႐ုတ္သည္ ကမာၻတြင္ ကာဗြန္ဒိုင္ ေအာက္ ဆိုဒ္ဓာတ္ထုတ္လုပ္မႈ အမ်ားဆုံးႏိုင္ငံျဖစ္ၿပီး၊ ဒုတိယထုတ္လုပ္သည့္ ႏိုင္ငံမွာ အေမရိကျဖစ္၍ တတိယထုတ္လုပ္မႈအမ်ားဆုံးႏိုင္ငံသည္ အိႏၵိယျဖစ္ေၾကာင္း ေဖာ္ျပထားပါသည္။

ေက်ာက္မီးေသြးသုံးလွ်ပ္စစ္အေပၚ အားထားေနရသည့္ ႏိုင္ငံ ၇၇ ႏိုင္ငံတြင္ အေမရိက၊ တ႐ုတ္၊ ဂ်ပန္၊ ဂ်ာမနီႏွင့္ အိႏၵိယတို႔ပါဝင္ၾကပါသည္။ လက္ရွိ ကမာၻ႔လူေနမႈစနစ္ႏွင့္ ကုန္ထုတ္လုပ္မႈမ်ားအတြက္ ႏိုင္ငံအမ်ား အျပား သည္ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ထုတ္ယူသုံးစြဲမႈကို အၿပီးတိုင္ မရပ္ဆိုင္းႏိုင္ၾကဘဲ၊ ဆိုးက်ိဳးသက္ေရာက္မႈ နည္းႏိုင္သမွ်နည္းေစရန္ လုပ္ေဆာင္ေနၾကရပုံကို ေရးသားျပထားပါသည္။
ျမန္မာႏိုင္ငံရွိ သတၱဳတူးေဖာ္ေရးလုပ္ငန္းမ်ားတြင္ EIA ; SIA ကို တိက်စြာလိုက္နာျခင္းမရွိ၍ ဖားကန႔္ ေက်ာက္စိမ္းလုပ္ကြက္မ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈႏွင့္ ေဒသခံမ်ား၏ လူမႈဘဝဆုံးရႈံးမႈမ်ားကို လည္း စာေရးသူကေဖာ္ျပထားပါသည္။ ဖားကန႔္တြင္ စနစ္တက် ေျမစာမပုံျခင္း၊ ႏြံကန္မ်ားက်ိဳးပ်က္၍ လူရာခ်ီ ေသဆုံးျခင္းမ်ားသည္ မျဖစ္သင့္သည့္ လူ႔အသက္ဆုံးရႈံးရမႈမ်ားျဖစ္ေၾကာင္း ေထာက္ျပထားပါသည္။ တျခားသတၱဳ တူးေဖာ္ေရးလုပ္ငန္းမ်ား ေၾကာင့္ ထိုနည္းႏွင္ႏွင္ ျမန္မာႏိုင္ငံ၏ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈႏွင့္ ေဒသခံ မ်ား၏ လူမႈဘဝဆုံးရႈံးမႈအေနအထားမ်ားသည္ စိုးရိမ္ဖြယ္ျဖစ္ေၾကာင္း ဂူဂဲေျမပုံမ်ားကို ေလ့လာပါက သိရွိေၾကာင္း ေဖာ္ျပေပးထားပါသည္။

ျမန္မာႏိုင္ငံတြင္ ေက်ာက္မီးေသြးသယံဇာတေပါႂကြယ္ေၾကာင္း ၊ ထိုေက်ာက္မီးေသြးမ်ားကို ေဒသအလိုက္ စနစ္တက်ထုတ္လုပ္ၿပီး ထိုေဒသအတြက္ပင္ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ကို နည္းလမ္းတက်ထုတ္ယူပါက လက္ရွိ ျမန္မာ ႏိုင္ငံရင္ဆိုင္ေနရသည့္ လွ်ပ္စစ္မလုံေလာက္မႈႏွင့္ အလုပ္လက္မဲ့မ်ားျပားမႈကို ေလ်ာ့ခ်ႏိုင္မည္ျဖစ္ ေၾကာင္း ဩစေၾတးလ်ႏိုင္ငံ၏ ေက်ာက္မီးေသြးထုတ္လုပ္မႈမ်ားကို ဥပမာျပေရးသားထားပါသည္။

ဩစေၾတးလ်ႏိုင္ငံတြင္ သတၱဳတူးေဖာ္ေရးလုပ္ငန္းမ်ားကို ခြင့္ျပဳရာ၍ EIA ; SIA ကို လိုက္နာရမည္ဆို ေသာ စည္းမ်ဥ္းဥပေဒမ်ားသာ မက၊ အလုပ္သမားမ်ား လုပ္ငန္းခြင္အတြင္း ေဘးကင္းလုံၿခဳံေရး အခ်က္မ်ားပါ ပါဝင္ သည္ဟု ဆိုပါသည္။ ယခင္က ေတြ႕ႀကဳံရသည့္ မိုင္းလုပ္ငန္းခြင္အတြင္းမွ အႏၲရာယ္ႀကဳံရမႈမ်ားအေပၚ ျပန္လည္သုံးသပ္ၿပီး ဥပေဒမ်ားကို အခါအားေလ်ာ္စြာ ျပင္ဆင္သည္။ ထိုဥပေဒမ်ား အတိုင္း တိက်စြာလုပ္ ေဆာင္ ျခင္း ရွိ မရွိ အစိုးရက ေစာင့္ၾကည့္ေနၿပီး အလုပ္ရွင္မ်ားဘက္ကလည္း တိက်စြာလိုက္နာၾကရသည္ဟု ဆိုပါ သည္။ေက်ာက္မီးေသြးကို စီးပြားျဖစ္ ထုတ္လုပ္ၾကသည့္ ကမာၻ႔ႏိုင္ငံႀကီးမ်ား ႀကဳံေတြ႕ခဲ့ရသည့္ ျဖစ္ရပ္ဆိုးမ်ားအား ထိုႏိုင္ငံမ်ား မည္သို႔ ျပဳျပင္ ျဖတ္ေက်ာ္ ၾကေၾကာင္း ျမန္မာႏိုင္ငံ ေလ့လာ နည္းလမ္းယူရန္ အဆိုပါ ႏိုင္ငံမ်ားက ထုတ္ျပန္ထားသည့္ ဥပေဒမ်ား အသင့္ရွိသည္ဟု ဆိုပါသည္။

သတၱဳထုတ္လုပ္မႈတြင္ ကုမၸဏီႏွင့္ လက္ေတြ႕ပါဝင္လုပ္ကိုင္ရသူမ်ား ထုတ္ျပန္ထားသည့္ ဥပေဒ စည္း ကမ္းမ်ားကို လိုက္နာရန္ အစိုးရက တိက်စြာကိုင္တြယ္ရေၾကာင္းေဖာ္ျပထားပါသည္။ အကယ္၍ ျမန္မာႏိုင္ငံတြင္ ေဒါက္တာခ်စ္ကိုကို ေထာက္ျပသကဲ့သို႔ လူထုေရာ အစိုးရပါ ေက်ာက္မီးေသြးထုတ္လုပ္မႈႏွင့္ ေက်ာက္မီးေသြးသုံး လွ်ပ္စစ္ထုတ္ယူၿပီဆိုလွ်င္ပင္ အဓိက ရင္ဆိုင္ရမည့္ ျပႆနာက ျမန္မာႏိုင္ငံ၏ မၿပီးဆုံးေသးသည့္ လာဘ္ေပး လာဘ္ယူမႈျဖစ္ပါသည္။ ဩစေၾတးလ်တြင္ အစိုးရဌာနမ်ားႏွင့္ ကုမၸဏီမ်ားတြင္ လာဘ္ေပးလာဘ္ယူမႈ လုံးဝမရွိ ေၾကာင္း စာေရးသူကေဖာ္ျပထားပါသည္။ ထို႔ျပင္ အစိုးရက ကုမၼဏီမ်ား၏ သတၱဳထုတ္လုပ္မႈမ်ားအား ဥပေဒႏွင့္ အညီလုပ္ကိုင္ေစရန္ ႀကိဳတင္ေငြယူထားၿပီး လိုက္နာျခင္းမရွိပါက ထိုေငြေၾကးဆုံးရႈံးရသည့္ အျပင္ ဥပေဒအရ လည္း အေရးယူခံရသျဖင့္ စည္းမ်ဥ္းဥပေဒအရ တိက်စြာ အလုပ္လုပ္ၾကသည္ဟုဆိုပါသည္။

ဤစာအုပ္သည္ သတၱဳတူးေဖာ္ေရး၊ လွ်ပ္စစ္ထုတ္လုပ္ေရးႏွင့္ဆိုင္ေသာ အစိုးရဝန္ႀကီးဌာန တာဝန္ရွိသူ မ်ား၊ ထားဝယ္ေရနက္စီမံကိန္းေဖာ္ေဆာင္မည့္ တာဝန္ရွိသူမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ သဘာဝပတ္ဝန္း က်င္ ပညာရွင္မ်ားသာမက၊ သာမန္ျပည္သူမ်ားလည္း ဖတ္ရႈသင့္သည့္ စာအုပ္ျဖစ္ပါသည္။ အခန္း(၈) တြင္ စာေရး သူက၊ ျမန္မာ့ေက်ာက္မီးေသြးသယံဇာတ၊ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ၊ မိုင္းလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးအႀကံျပဳခ်က္၊ ဥပေဒျပဳေရးေနာက္က်က်န္ေနျခင္း၊ တာဝန္ယူမႈ တာဝန္ခံမႈ မရွိျခင္း ( သို႔မ ဟုတ္) အားနည္းျခင္း၊ တရားဥပေဒစိုးမိုးမႈမရွိျခင္း ( သို႔မဟုတ္) အားနည္းျခင္း၊ အဂတိလိုက္စားႏွင့္ အက်င့္ ပ်က္ျခ စားမႈ၊ အသိပညာရွင္ အတတ္ပညာရွင္မ်ားေလ့က်င့္ေမြးထုတ္ေရး၊ လုပ္ငန္းခြင္ေဘးအႏၲရာယ္ ႏွင့္ လုပ္ငန္း လိုင္စင္ ဟူသည့္ ေခါင္းစဥ္ခြဲ (၇) မ်ိဳးျဖင့္ ျပည့္စုံစြာ အႀကံျပဳထားပါသည္။

စာေရးသူ၏ အႀကံျပဳခ်က္အားလုံးကို လက္ရွိျမန္မာႏိုင္ငံအေနအထားအရ ရာႏႈန္းျပည့္လိုက္နာႏိုင္မည္ မဟုတ္ေသာ္လည္း တတ္အားသမွ်လိုက္နာပါက ႏိုင္ငံႏွင့္ လူမ်ိဴးအတြက္ အက်ိဳးရွိေစမည္ျဖစ္ပါသည္။ ျမန္မာတို႔ ေယဘုယ်သိၾကသည့္ ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈ၏ ေကာင္းက်ိဳး ဆိုးျပစ္မ်ားကိုသာမက၊ ျမန္မာႏိုင္ငံရွိ တျခားသတၱဳတူးေဖာ္ေရးႏွင့္ ပတ္သက္၍ ျပဳျပင္သင့္သည့္ အခ်က္အလက္မ်ားကို ျပည့္စုံစြာ ေဖာ္ျပထား သျဖင့္ ျမန္မာလူထု ဖတ္ရႈသင့္သည့္ စာအုပ္တအုပ္ျဖစ္ပါသည္။

ခင္ႏွင္းဦး
မတ္ - ၂၈