【 ဆောင်းပါး 】 မပြီးဆုံးသေးသော ထောင်တွင်းဆူပူမှု

【 ဆောင်းပါး 】 မပြီးဆုံးသေးသော ထောင်တွင်းဆူပူမှု

ဧပြီ ၁၇ ရက်နေ့ (နှစ်ဆန်း ၁ ရက်နေ့) လွတ်ငြိမ်းသက်သာခွင့်ပေးပြီး သိပ်မကြာ။ဧပြီ ၂၀ ရက်နေ့တွင် စစ်တွေထောင် စဆူသည်။သေနတ်ဖောက် ထိန်းသိမ်းရသည့် အဆင့်မို့ ကြီးကျယ်သော ထောင်ဆူပူမှု အဆင့်ဖြစ်သည်။ထို့နောက် ဆက်တိုက်ဆိုသလို လိုက်ဆူတာက ရွှေဘိုထောင်နှင့် မုပ္ပလင်ကုန်ထုတ်စခန်း။

ထောင်သားများကို အုပ်ချုပ်ရသည်မှာ မလွယ်ဟုဆိုသော်လည်း ရေပက်မဝင်အောင် ပြဌာန်းထားသော အကျဉ်းထောင် လက်စွဲဥပဒေနှင့် ထောင်တွင်းစီမံခန့်ခွဲမှု အဆင့်ဆင့်ဖြင့် ထောင့်စုံအောင် ကျားကန်ထားမှုအရ ထောင်တွင်းဆူပူမှုဆိုသည်မှာ အင်မတန့်၊ အင်မတန် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုးဖြစ်သည်။သို့သော်၊ မည်သည့်အရာမဆို ရာနှုန်းပြည့် လုံခြုံစိတ်ချရသည်ဟူ၍ မရှိသဖြင့် တိုက်ဆိုင်မှုများလွန်းလျှင် ထောင်တွင်းဆူပူမှုလည်း ဖြစ်နိုင်ပါသည်။

ထို့ကြောင့် ထောင်ဆူပြီဆိုတော့လည်း မတတ်နိုင်ဟုဆိုသော် ရသည်။စစ်တွေထောင်ပြီးနောက် ဆက်တိုက်ဆိုသလို ရွှေဘိုထောင်နှင့် မုပ္ပလင်ကုန်ထုတ်စခန်းတို့၌ ဖြစ်ပေါ်သော လူစုလူဝေးဖြင့် တောင်းဆိုမှုမှာလည်း ကူးစက်မှုနှုန်းမြန်လွန်းသဖြင့် ကြိုတင်မဟန့်တားနိုင်ခြင်းဟုဆိုသော် လက်ခံလိုက်လို့ရသေးသည်။

မေ ၈ ရက်တွင် ကလေးထောင်၊ ဘားအံထောင်၊ ရွှေဘိုထောင်။မေ ၉ ရက်နေ့တွင် ရွှေဘိုထောင်၊ မြစ်ကြီးနားထောင်၊ သာယာဝတီထောင်၊ ပုသိမ်ထောင်နှင့် ထားဝယ်ထောင်။ရွှေဘိုထောင် ဆူပူမှုတွင်ဆို ပစ်ခတ်ထိန်းသိမ်းရာမှ အကျဉ်းသား ၄ ဦး သေဆုံးသည်အထိ ကြီးကျယ်ခဲ့သည်။

အင်္ဂလိပ်အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ထောင်များ စတင်ဖွင့်လှစ်သည့် အချိန်မှစ၍ ယခုနှစ် ဧပြီ ၂၀ မတိုင်ခင်ထိတိုင် ထောင်များရာဇဝင်ကို ပြန်လှန်ကြည့်လိုက်ပါက တစ်ထောင်ပြီး တစ်ထောင် ထောင်ဆူပူမှု ဖြစ်ပွားခဲ့ဖူးသည်ဟု တစ်ခါမျှမရှိခဲ့ဖူး။ထို့ကြောင့် ယခုလို တစ်ထောင်ပြီး တစ်ထောင် တောမီးပမာ ကူးစက်ဆူပူမှုမှာ ဂရင်းနစ်စံချိန်ဝင်လောက်သည့် ရင်သပ်ရှုမောဖွယ် စံချိန်တင်ဆူပူမှုဟုဆိုလျှင် မှားမည်မထင်ပေ။

လုပ်ရိုးလုပ်စဉ်အရ ပထမအသုတ် ထောင်ဆူပူမှု ဖြစ်ပွားပြီးနောက်တွင် အကျဉ်းဦးစီးအကြီးအကဲများအနေနှင့် အကျဉ်းထောင်နှင့် ရဲဘက်စခန်း အသီးသီးသို့ ထောင်ဆူပူမှု မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ်များ ပြုလုပ်ထားကြရန်နှင့် ပုံမှန်အချိန်ထက် ပိုသတိရှိစွာဖြင့် စောင့်ကြည့်ကြရန် ညွှန်ကြားချက် ပေးပို့မှာသေချာသည်။ထို့ပြင် ပထမအသုတ် ထောင်ဆူပူမှု ဧပြီ ၂၀ ဝန်းကျင်နှင့် ဒုတိယအသုတ် ထောင်ဆူပူမှု မေ ၉ ရက်နေ့ကြား ၁၅ ရက်ကျော် ကြာသောအချိန်မှာ ကိုယ့်ထောင် ကိုယ့်စခန်း ဆူပူမှုမဖြစ်အောင် ကြိုတင်ပြင်ဆင်ရန် လုံလောက်သောအချိန် ဖြစ်သည်။သို့သော်၊ ဆက်တိုက်ဆိုသလို ထောင်ထပ်ဆူပူခြင်းများက နိုင်ငံရေးရပ်ဝန်းတင်မက ပြည်သူများကြားတွင်ပါ စဉ်းစားချင်စရာ ကောင်းလောက်အောင် အတွေးများဖြစ်လာရသည်။

ထို့ကြောင့်ပင် ထောင်ဆူပူမှု ဖြစ်ပွားခဲ့သည်မှာ ၂၅ ရက်ကျော် ကြာသည့်တိုင် ပြင်းထန်သောဂယက်က ဆက်ရှိနေဆဲဖြစ်သည်။အားလုံးသိသည့်အတိုင်း ဇွန် ၅ ရက်နေ့၊ ပြည်ခိုင်ဖြိုးနှင့် မိတ်ဖက်ပါတီတို့၏ သတင်းစာရှင်းလင်းပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြောခွင့်ရ ဒေါက်တာကျော်ဆွေ က လက်သီးလက်မောင်းတန်းကာ ထောင်ဆူပူမှုနှင့် ပတ်သက်ပြီး ပြင်းထန်စွာဝေဖန်သွားခဲ့သည်။

ဒေါက်တာကျော်ဆွေ က ထောင်ဆူပူမှု ဖြစ်ပွားခြင်းမှာ နောက်ကွယ်မှ လက်မည်းကြီးကြောင့်မဟုတ်ဘဲ လက်နီကြီးကြောင့်ဖြစ်ကြောင်း ထောင်ဆူပူမှုသည် အာဏာပိုင်များကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တွေ့တဲ့ စာရင်းကောက်ပြီး လွှတ်ပေးနေရင်တော့ ဒီထက်ကြီးမားတဲ့ ဆူပူမှု။ဒီထက်ကြီးမားတဲ့ မအေးချမ်းမှုတွေ သိပ်မကြာဘူး။ကြုံရနိုင်ပါတယ်။ဒီအတွက် ကျွန်တော်တို့ ကြိုတင်အသိပေးခြင်း ဖြစ်ပါတယ်။ဒီလိုသတိပေးတဲ့အပေါ်မှာ လက်အမည်းကြီး မဟုတ်ပါဘူး။လက်အနီကြီးကြောင့် ထောင်ဆူတာပါ။ကျွန်တော် တရားဝင်ပြောပါတယ်’’။ယင်းမှာ သတင်းစာရှင်းလင်းပွဲ၌ ဒေါက်တာကျော်ဆွေ စွဲချက်တင်ခဲ့သည့် စကားအချို့ဖြစ်သည်။ထို့ပြင် အကျဉ်းသားလွှတ်ပေးမှုတွင် မျှတမှုမရှိ၊ သေဒဏ် ၃ ကြိမ်ကျထားသူကိုလည်း ပြန်လွှတ်ပေးခဲ့သည်ဟုလည်း ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ဒေါက်တာကျော်ဆွေ အနေနှင့် ထင်ရာမြင်ရာများဖြင့် ထင်သလိုမပြောရန် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေး က ဇွန် ၆ ရက်နေ့တွင် သမ္မတအိမ်တော် သတင်းထောက်များအဖွဲ့မှတစ်ဆင့် သတိပေးရတော့သည်။ဖေ့ဘုတ်သတင်းလောက် ဖတ်ပြီး လက်လွတ်စပယ်မပြောရန် ဦးဇော်ဌေး က သတိပေးသည်။

ဆက်လက်ပြီး ဦးဇော်ဌေး က လွတ်ငြိမ်းသက်သာခွင့်နှင့် ပတ်သက်ပြီး သမ္မတကြီးသည် မူဝါဒကိုသာ ချပေးပြီး အသေးစိတ်ကို အကျဉ်းဦးစီးမှ ဆောင်ရွက်ကြောင်း အများသိပြီးသားကိစ္စကို ဒေါက်တာကျော်ဆွေ နှင့် ၎င်း၏ အသိုင်းအဝိုင်းသိရှိစေရန် ရည်ရွယ်ပုံဖြင့် ယခုလို ထပ်ပြောသည်။

“နိုင်ငံတော်သမ္မတကြီးက လိုလားချက်ကိုပဲ ပြောလိုက်တာပါ။သက်ကြီးရွယ်အို အကျဉ်းသားတွေ၊ အသက်ငယ်ရွယ်သူတွေ၊ နောက် ဆေးပြား ၁၀၀ နဲ့ အောက် မိတဲ့သူတွေ။ဒါတွေကိုအဓိကထားပြီး လွှတ်ဖို့တင်ပြခိုင်းတာပါ။တကယ်တမ်း စာရင်းဇယားနဲ့လုပ်တာက ပြည်ထဲရေးဝန်ကြီး ဦးဆောင်ပြီး အကျဉ်းဦးစီးက အသေးစိတ်လုပ်တာ ဖြစ်ပါတယ်။နောက် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံတင်ပြစာ တင်လာတဲ့သူတွေ၊ ဒါတွေကို ထည့်သွင်းစဉ်းစား ဆောင်ရွက်တာဖြစ်ပါတယ်။ရှင်းအောင်ပြောရရင် မူပဲချပေးတာ၊ အသေးစိတ်လူစာရင်းကို အကျဉ်းဦးစီးနဲ့ ပြည်ထဲရေးက လုပ်တာ။ပြန်လွှတ်မယ်ဆိုတဲ့အခါ ထောင်တွေများနေလို့ အထက်၊ အောက် ခွဲပြီး လွှတ်ဖို့စီစဉ်တာပါ။…..”

ယင်းကြောင့် ဒေါက်တာကျော်ဆွေ၏ ပြောကြားချက်သည် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို အပုပ်ချရာရောက်ကြောင်း ဦးဇော်ဌေး က ဆက်ဆိုသည်။ဆိုတော့ ဒေါက်တာကျော်ဆွေ က လက်ရှိအစိုးရကို အားကုန်ပစ်ခဲ့သမျှ တည့်တည့်ထိမှန်သည်မှာ ပြည်ထဲရေးဖြစ်နေသဖြင့်  ပစ်တော့ပစ်သည်၊ ပစ်မှတ်လွဲသည် ဆိုသလိုမျိုး။

မည်သို့ပင်ဆိုစေ၊ ဒေါက်တာကျော်ဆွေ ပြောကြားခဲ့သည့် စီမံခန့်ခွဲမှု ညံ့ဖျင်းသည်ဆိုတာမျိုး၊ အကျဉ်းသား လွှတ်ပေးရာတွင် မျှတမှုမရှိ ဆိုတာမျိုးမှာ ပြည်သူအချို့၏ ပါးစပ်ဖျားတွင်လည်း ဆူပွက်ခဲ့ပေသည်။

ဒေါက်တာကျော်ဆွေ ပြောသကဲ့သို့ တွေ့ရာစာရင်းကောက်ပြီး လွှတ်ပေးနေလျှင် ဆိုသည့်စကားမှာ အကျဉ်းဦးစီး၏ ဥပဓိကို အကြီးအကျယ်စော်ကားခြင်းဟု ယူဆရသော်လည်း သမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း မတိမ်းမစောင်း၊ မျက်နှာမရွေးဘဲ စိစစ်ရွေးချယ် လွတ်ငြိမ်းခွင့်ပြုခဲ့သည်မှာ သေချာသလားဟု သမ္မတရုံးအနေနှင့် ပထမအဆင့် ပြန်လည်စိစစ်ရန်လိုပေမည်။

ပထမအဆင့်တွင် မူနှင့်မညီဘဲ လွှတ်ပေးလိုက်သော အကျဉ်းသားများ ရှိခဲ့သော် ဒုတိယအဆင့်အနေနှင့် ထိုသို့လွှတ်ပေးလိုက်ခြင်းတွင် အဂတိလိုက်စားမှု (သို့မဟုတ်) အခြားတစ်ခုခု ရှိလေသလားဟု ထပ်မံစိစစ်သင့်ပေသည်။ထို့နောက် တတိယအဆင့်အဖြစ် နောက်တစ်ကြိမ် လွတ်ငြိမ်းသက်သာခွင့် ပေးသည့်အခါ တောကြောင်များ တစခန်းမထနိုင်ရန်အတွက်  ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုပေမည်။

ကြိုတင်ပြင်ဆင်မှုဆိုသည်မှာ သမ္မတရုံး၏ ဦးဆောင်မှု၊ သက်ဆိုင်ရာဌာနနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကဲ့သို့သော အကျဉ်းထောင်ရေးရာ ကျွမ်းကျင်သူများ ပါဝင်သည့် ထောင်တွင်းအကျဉ်းသားများ လျှော့ချရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ ယင်းကော်မတီ၏ စိစစ်မှုဖြင့် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ပေးသည့် မူအား ဖော်ဆောင်ရေးဖြစ်သည်။ယင်းသို့ဖော်ဆောင်မည်ဆိုပါက အားလုံးလက်ခံနိုင်သည့် ရလဒ်များ ထွက်လာနိုင်မည်ဟု ယုံကြည်ပါသည်။

ယခုဆောင်းပါးကို ချုပ်ရသော် ထောင်တွင်းဆူပူမှုများ ငြိမ်းအေးသွားပြီ ဖြစ်သော်လည်း ယင်းဖိုင်တွဲကို ယနေ့ထိတိုင် နိဂုံးမချုပ်နိုင်သေးပေ။အထက်တွင်ပြောခဲ့သလို စက်သေနတ်ပစ်ခြင်းနှင့် မခြားသော ထောင်များဆူပူမှု အတွဲလိုက်ဖြစ်ရခြင်း အကြောင်းနှင့် ဘာ့ကြောင့် ထောင်အာဏာပိုင်များက မဟန့်တားနိုင်ခဲ့သလဲဆိုသည့် မေးခွန်းကို အကျဉ်းဦးစီးအနေနှင့် ပြည်သူလက်ခံနိုင်သော အဖြေမျိုး ဖြေပြရန်လိုသေးသည်။

ထို့ပြင် ထောင်ဆူပူမှုများနှင့် ပတ်သက်၍ ယင်းဆူပူမှု ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ စုံစမ်းစစ်ဆေးမည်ဟု မေ ၉ ရက်က  သမ္မတရုံး ထုတ်ပြန်ခဲ့သော်လည်း ယနေ့အထိ ဖြစ်ရပ်မှန်ဘာလဲဟု မပြောသေးခြင်းမှာလည်း မပြီးဆုံးသေးသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကြောင်း သက်သေခံနေပေသည်။

ဆိုလိုတာက မပြီးသေးသော ဇာတ်လမ်းတစ်ပုဒ်ကို တိတ်တိတ်လေး ကြိတ်လိုက်ကာမချမိစေရန် ဖြစ်သည်။ထောင်များဆူပူမှုသည် နည်းနည်းလေးရှုပ်သလိုဖြင့် အများကြီးရှုပ်ပြီး အများကြီးရှုပ်သလိုဖြင့် သိပ်ရှင်းလင်းနေကြောင်း ကျွနူ်ပ်တို့ သိရှိလိုပါသေးသည်။

လင်းဆက်ငြိမ်းချမ်း
ဇွန် - ၂၆

( Zawgyi )

ဧၿပီ ၁၇ ရက္ေန႔ (ႏွစ္ဆန္း ၁ ရက္ေန႔) လြတ္ၿငိမ္းသက္သာခြင့္ေပးၿပီး သိပ္မၾကာ။ဧၿပီ ၂၀ ရက္ေန႔တြင္ စစ္ေတြေထာင္ စဆူသည္။ေသနတ္ေဖာက္ ထိန္းသိမ္းရသည့္ အဆင့္မို႔ ႀကီးက်ယ္ေသာ ေထာင္ဆူပူမႈ အဆင့္ျဖစ္သည္။ထို႔ေနာက္ ဆက္တိုက္ဆိုသလို လိုက္ဆူတာက ေ႐ႊဘိုေထာင္ႏွင့္ မုပၸလင္ကုန္ထုတ္စခန္း။

ေထာင္သားမ်ားကို အုပ္ခ်ဳပ္ရသည္မွာ မလြယ္ဟုဆိုေသာ္လည္း ေရပက္မဝင္ေအာင္ ျပဌာန္းထားေသာ အက်ဥ္းေထာင္ လက္စြဲဥပေဒႏွင့္ ေထာင္တြင္းစီမံခန႔္ခြဲမႈ အဆင့္ဆင့္ျဖင့္ ေထာင့္စုံေအာင္ က်ားကန္ထားမႈအရ ေထာင္တြင္းဆူပူမႈဆိုသည္မွာ အင္မတန႔္၊ အင္မတန္ ျဖစ္ေတာင့္ျဖစ္ခဲ ကိစၥမ်ိဳးျဖစ္သည္။သို႔ေသာ္၊ မည္သည့္အရာမဆို ရာႏႈန္းျပည့္ လုံၿခဳံစိတ္ခ်ရသည္ဟူ၍ မရွိသျဖင့္ တိုက္ဆိုင္မႈမ်ားလြန္းလွ်င္ ေထာင္တြင္းဆူပူမႈလည္း ျဖစ္ႏိုင္ပါသည္။

ထို႔ေၾကာင့္ ေထာင္ဆူၿပီဆိုေတာ့လည္း မတတ္ႏိုင္ဟုဆိုေသာ္ ရသည္။စစ္ေတြေထာင္ၿပီးေနာက္ ဆက္တိုက္ဆိုသလို ေ႐ႊဘိုေထာင္ႏွင့္ မုပၸလင္ကုန္ထုတ္စခန္းတို႔၌ ျဖစ္ေပၚေသာ လူစုလူေဝးျဖင့္ ေတာင္းဆိုမႈမွာလည္း ကူးစက္မႈႏႈန္းျမန္လြန္းသျဖင့္ ႀကိဳတင္မဟန႔္တားႏိုင္ျခင္းဟုဆိုေသာ္ လက္ခံလိုက္လို႔ရေသးသည္။

ေမ ၈ ရက္တြင္ ကေလးေထာင္၊ ဘားအံေထာင္၊ ေ႐ႊဘိုေထာင္။ေမ ၉ ရက္ေန႔တြင္ ေ႐ႊဘိုေထာင္၊ ျမစ္ႀကီးနားေထာင္၊ သာယာဝတီေထာင္၊ ပုသိမ္ေထာင္ႏွင့္ ထားဝယ္ေထာင္။ေ႐ႊဘိုေထာင္ ဆူပူမႈတြင္ဆို ပစ္ခတ္ထိန္းသိမ္းရာမွ အက်ဥ္းသား ၄ ဦး ေသဆုံးသည္အထိ ႀကီးက်ယ္ခဲ့သည္။

အဂၤလိပ္အစိုးရလက္ထက္ ျမန္မာႏိုင္ငံတြင္ ေထာင္မ်ား စတင္ဖြင့္လွစ္သည့္ အခ်ိန္မွစ၍ ယခုႏွစ္ ဧၿပီ ၂၀ မတိုင္ခင္ထိတိုင္ ေထာင္မ်ားရာဇဝင္ကို ျပန္လွန္ၾကည့္လိုက္ပါက တစ္ေထာင္ၿပီး တစ္ေထာင္ ေထာင္ဆူပူမႈ ျဖစ္ပြားခဲ့ဖူးသည္ဟု တစ္ခါမွ်မရွိခဲ့ဖူး။ထို႔ေၾကာင့္ ယခုလို တစ္ေထာင္ၿပီး တစ္ေထာင္ ေတာမီးပမာ ကူးစက္ဆူပူမႈမွာ ဂရင္းနစ္စံခ်ိန္ဝင္ေလာက္သည့္ ရင္သပ္ရႈေမာဖြယ္ စံခ်ိန္တင္ဆူပူမႈဟုဆိုလွ်င္ မွားမည္မထင္ေပ။

လုပ္႐ိုးလုပ္စဥ္အရ ပထမအသုတ္ ေထာင္ဆူပူမႈ ျဖစ္ပြားၿပီးေနာက္တြင္ အက်ဥ္းဦးစီးအႀကီးအကဲမ်ားအေနႏွင့္ အက်ဥ္းေထာင္ႏွင့္ ရဲဘက္စခန္း အသီးသီးသို႔ ေထာင္ဆူပူမႈ မျဖစ္ေစေရးအတြက္ ႀကိဳတင္ကာကြယ္ေရးအစီအစဥ္မ်ား ျပဳလုပ္ထားၾကရန္ႏွင့္ ပုံမွန္အခ်ိန္ထက္ ပိုသတိရွိစြာျဖင့္ ေစာင့္ၾကည့္ၾကရန္ ၫႊန္ၾကားခ်က္ ေပးပို႔မွာေသခ်ာသည္။ထို႔ျပင္ ပထမအသုတ္ ေထာင္ဆူပူမႈ ဧၿပီ ၂၀ ဝန္းက်င္ႏွင့္ ဒုတိယအသုတ္ ေထာင္ဆူပူမႈ ေမ ၉ ရက္ေန႔ၾကား ၁၅ ရက္ေက်ာ္ ၾကာေသာအခ်ိန္မွာ ကိုယ့္ေထာင္ ကိုယ့္စခန္း ဆူပူမႈမျဖစ္ေအာင္ ႀကိဳတင္ျပင္ဆင္ရန္ လုံေလာက္ေသာအခ်ိန္ ျဖစ္သည္။သို႔ေသာ္၊ ဆက္တိုက္ဆိုသလို ေထာင္ထပ္ဆူပူျခင္းမ်ားက ႏိုင္ငံေရးရပ္ဝန္းတင္မက ျပည္သူမ်ားၾကားတြင္ပါ စဥ္းစားခ်င္စရာ ေကာင္းေလာက္ေအာင္ အေတြးမ်ားျဖစ္လာရသည္။

ထို႔ေၾကာင့္ပင္ ေထာင္ဆူပူမႈ ျဖစ္ပြားခဲ့သည္မွာ ၂၅ ရက္ေက်ာ္ ၾကာသည့္တိုင္ ျပင္းထန္ေသာဂယက္က ဆက္ရွိေနဆဲျဖစ္သည္။အားလုံးသိသည့္အတိုင္း ဇြန္ ၅ ရက္ေန႔၊ ျပည္ခိုင္ၿဖိဳးႏွင့္ မိတ္ဖက္ပါတီတို႔၏ သတင္းစာရွင္းလင္းပြဲတြင္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ ေျပာခြင့္ရ ေဒါက္တာေက်ာ္ေဆြ က လက္သီးလက္ေမာင္းတန္းကာ ေထာင္ဆူပူမႈႏွင့္ ပတ္သက္ၿပီး ျပင္းထန္စြာေဝဖန္သြားခဲ့သည္။

ေဒါက္တာေက်ာ္ေဆြ က ေထာင္ဆူပူမႈ ျဖစ္ပြားျခင္းမွာ ေနာက္ကြယ္မွ လက္မည္းႀကီးေၾကာင့္မဟုတ္ဘဲ လက္နီႀကီးေၾကာင့္ျဖစ္ေၾကာင္း ေထာင္ဆူပူမႈသည္ အာဏာပိုင္မ်ားေၾကာင့္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

“ေတြ႕တဲ့ စာရင္းေကာက္ၿပီး လႊတ္ေပးေနရင္ေတာ့ ဒီထက္ႀကီးမားတဲ့ ဆူပူမႈ။ဒီထက္ႀကီးမားတဲ့ မေအးခ်မ္းမႈေတြ သိပ္မၾကာဘူး။ႀကဳံရႏိုင္ပါတယ္။ဒီအတြက္ ကြၽန္ေတာ္တို႔ ႀကိဳတင္အသိေပးျခင္း ျဖစ္ပါတယ္။ဒီလိုသတိေပးတဲ့အေပၚမွာ လက္အမည္းႀကီး မဟုတ္ပါဘူး။လက္အနီႀကီးေၾကာင့္ ေထာင္ဆူတာပါ။ကြၽန္ေတာ္ တရားဝင္ေျပာပါတယ္’’။ယင္းမွာ သတင္းစာရွင္းလင္းပြဲ၌ ေဒါက္တာေက်ာ္ေဆြ စြဲခ်က္တင္ခဲ့သည့္ စကားအခ်ိဳ႕ျဖစ္သည္။ထို႔ျပင္ အက်ဥ္းသားလႊတ္ေပးမႈတြင္ မွ်တမႈမရွိ၊ ေသဒဏ္ ၃ ႀကိမ္က်ထားသူကိုလည္း ျပန္လႊတ္ေပးခဲ့သည္ဟုလည္း ဆိုသည္။

ယင္းႏွင့္ပတ္သက္ၿပီး ေဒါက္တာေက်ာ္ေဆြ အေနႏွင့္ ထင္ရာျမင္ရာမ်ားျဖင့္ ထင္သလိုမေျပာရန္ သမၼတ႐ုံး ေျပာခြင့္ရ ဦးေဇာ္ေဌး က ဇြန္ ၆ ရက္ေန႔တြင္ သမၼတအိမ္ေတာ္ သတင္းေထာက္မ်ားအဖြဲ႕မွတစ္ဆင့္ သတိေပးရေတာ့သည္။ေဖ့ဘုတ္သတင္းေလာက္ ဖတ္ၿပီး လက္လြတ္စပယ္မေျပာရန္ ဦးေဇာ္ေဌး က သတိေပးသည္။

ဆက္လက္ၿပီး ဦးေဇာ္ေဌး က လြတ္ၿငိမ္းသက္သာခြင့္ႏွင့္ ပတ္သက္ၿပီး သမၼတႀကီးသည္ မူဝါဒကိုသာ ခ်ေပးၿပီး အေသးစိတ္ကို အက်ဥ္းဦးစီးမွ ေဆာင္႐ြက္ေၾကာင္း အမ်ားသိၿပီးသားကိစၥကို ေဒါက္တာေက်ာ္ေဆြ ႏွင့္ ၎၏ အသိုင္းအဝိုင္းသိရွိေစရန္ ရည္႐ြယ္ပုံျဖင့္ ယခုလို ထပ္ေျပာသည္။

“ႏိုင္ငံေတာ္သမၼတႀကီးက လိုလားခ်က္ကိုပဲ ေျပာလိုက္တာပါ။သက္ႀကီး႐ြယ္အို အက်ဥ္းသားေတြ၊ အသက္ငယ္႐ြယ္သူေတြ၊ ေနာက္ ေဆးျပား ၁၀၀ နဲ႔ ေအာက္ မိတဲ့သူေတြ။ဒါေတြကိုအဓိကထားၿပီး လႊတ္ဖို႔တင္ျပခိုင္းတာပါ။တကယ္တမ္း စာရင္းဇယားနဲ႔လုပ္တာက ျပည္ထဲေရးဝန္ႀကီး ဦးေဆာင္ၿပီး အက်ဥ္းဦးစီးက အေသးစိတ္လုပ္တာ ျဖစ္ပါတယ္။ေနာက္ ႏိုင္ငံေတာ္သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ထံ အသနားခံတင္ျပစာ တင္လာတဲ့သူေတြ၊ ဒါေတြကို ထည့္သြင္းစဥ္းစား ေဆာင္႐ြက္တာျဖစ္ပါတယ္။ရွင္းေအာင္ေျပာရရင္ မူပဲခ်ေပးတာ၊ အေသးစိတ္လူစာရင္းကို အက်ဥ္းဦးစီးနဲ႔ ျပည္ထဲေရးက လုပ္တာ။ျပန္လႊတ္မယ္ဆိုတဲ့အခါ ေထာင္ေတြမ်ားေနလို႔ အထက္၊ ေအာက္ ခြဲၿပီး လႊတ္ဖို႔စီစဥ္တာပါ။…..”

ယင္းေၾကာင့္ ေဒါက္တာေက်ာ္ေဆြ၏ ေျပာၾကားခ်က္သည္ ျပည္ထဲေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားကို အပုပ္ခ်ရာေရာက္ေၾကာင္း ဦးေဇာ္ေဌး က ဆက္ဆိုသည္။ဆိုေတာ့ ေဒါက္တာေက်ာ္ေဆြ က လက္ရွိအစိုးရကို အားကုန္ပစ္ခဲ့သမွ် တည့္တည့္ထိမွန္သည္မွာ ျပည္ထဲေရးျဖစ္ေနသျဖင့္  ပစ္ေတာ့ပစ္သည္၊ ပစ္မွတ္လြဲသည္ ဆိုသလိုမ်ိဳး။

မည္သို႔ပင္ဆိုေစ၊ ေဒါက္တာေက်ာ္ေဆြ ေျပာၾကားခဲ့သည့္ စီမံခန႔္ခြဲမႈ ညံ့ဖ်င္းသည္ဆိုတာမ်ိဳး၊ အက်ဥ္းသား လႊတ္ေပးရာတြင္ မွ်တမႈမရွိ ဆိုတာမ်ိဳးမွာ ျပည္သူအခ်ိဳ႕၏ ပါးစပ္ဖ်ားတြင္လည္း ဆူပြက္ခဲ့ေပသည္။

ေဒါက္တာေက်ာ္ေဆြ ေျပာသကဲ့သို႔ ေတြ႕ရာစာရင္းေကာက္ၿပီး လႊတ္ေပးေနလွ်င္ ဆိုသည့္စကားမွာ အက်ဥ္းဦးစီး၏ ဥပဓိကို အႀကီးအက်ယ္ေစာ္ကားျခင္းဟု ယူဆရေသာ္လည္း သမၼတႀကီး၏ လမ္းၫႊန္ခ်က္အတိုင္း မတိမ္းမေစာင္း၊ မ်က္ႏွာမေ႐ြးဘဲ စိစစ္ေ႐ြးခ်ယ္ လြတ္ၿငိမ္းခြင့္ျပဳခဲ့သည္မွာ ေသခ်ာသလားဟု သမၼတ႐ုံးအေနႏွင့္ ပထမအဆင့္ ျပန္လည္စိစစ္ရန္လိုေပမည္။

ပထမအဆင့္တြင္ မူႏွင့္မညီဘဲ လႊတ္ေပးလိုက္ေသာ အက်ဥ္းသားမ်ား ရွိခဲ့ေသာ္ ဒုတိယအဆင့္အေနႏွင့္ ထိုသို႔လႊတ္ေပးလိုက္ျခင္းတြင္ အဂတိလိုက္စားမႈ (သို႔မဟုတ္) အျခားတစ္ခုခု ရွိေလသလားဟု ထပ္မံစိစစ္သင့္ေပသည္။ထို႔ေနာက္ တတိယအဆင့္အျဖစ္ ေနာက္တစ္ႀကိမ္ လြတ္ၿငိမ္းသက္သာခြင့္ ေပးသည့္အခါ ေတာေၾကာင္မ်ား တစခန္းမထႏိုင္ရန္အတြက္  ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားရန္ လိုေပမည္။

ႀကိဳတင္ျပင္ဆင္မႈဆိုသည္မွာ သမၼတ႐ုံး၏ ဦးေဆာင္မႈ၊ သက္ဆိုင္ရာဌာနႏွင့္ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)၊ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕ကဲ့သို႔ေသာ အက်ဥ္းေထာင္ေရးရာ ကြၽမ္းက်င္သူမ်ား ပါဝင္သည့္ ေထာင္တြင္းအက်ဥ္းသားမ်ား ေလွ်ာ့ခ်ေရး ေကာ္မတီတစ္ရပ္ကို ဖြဲ႕စည္းကာ ယင္းေကာ္မတီ၏ စိစစ္မႈျဖင့္ သမၼတ၏ လြတ္ၿငိမ္းသက္သာခြင့္ေပးသည့္ မူအား ေဖာ္ေဆာင္ေရးျဖစ္သည္။ယင္းသို႔ေဖာ္ေဆာင္မည္ဆိုပါက အားလုံးလက္ခံႏိုင္သည့္ ရလဒ္မ်ား ထြက္လာႏိုင္မည္ဟု ယုံၾကည္ပါသည္။

ယခုေဆာင္းပါးကို ခ်ဳပ္ရေသာ္ ေထာင္တြင္းဆူပူမႈမ်ား ၿငိမ္းေအးသြားၿပီ ျဖစ္ေသာ္လည္း ယင္းဖိုင္တြဲကို ယေန႔ထိတိုင္ နိဂုံးမခ်ဳပ္ႏိုင္ေသးေပ။အထက္တြင္ေျပာခဲ့သလို စက္ေသနတ္ပစ္ျခင္းႏွင့္ မျခားေသာ ေထာင္မ်ားဆူပူမႈ အတြဲလိုက္ျဖစ္ရျခင္း အေၾကာင္းႏွင့္ ဘာ့ေၾကာင့္ ေထာင္အာဏာပိုင္မ်ားက မဟန႔္တားႏိုင္ခဲ့သလဲဆိုသည့္ ေမးခြန္းကို အက်ဥ္းဦးစီးအေနႏွင့္ ျပည္သူလက္ခံႏိုင္ေသာ အေျဖမ်ိဳး ေျဖျပရန္လိုေသးသည္။

ထို႔ျပင္ ေထာင္ဆူပူမႈမ်ားႏွင့္ ပတ္သက္၍ ယင္းဆူပူမႈ ျဖစ္ရပ္မွန္ ေပၚေပါက္ေရးအတြက္ ထိေရာက္စြာ စုံစမ္းစစ္ေဆးမည္ဟု ေမ ၉ ရက္က  သမၼတ႐ုံး ထုတ္ျပန္ခဲ့ေသာ္လည္း ယေန႔အထိ ျဖစ္ရပ္မွန္ဘာလဲဟု မေျပာေသးျခင္းမွာလည္း မၿပီးဆုံးေသးေသာ ဇာတ္လမ္းတစ္ပုဒ္ျဖစ္ေၾကာင္း သက္ေသခံေနေပသည္။

ဆိုလိုတာက မၿပီးေသးေသာ ဇာတ္လမ္းတစ္ပုဒ္ကို တိတ္တိတ္ေလး ႀကိတ္လိုက္ကာမခ်မိေစရန္ ျဖစ္သည္။ေထာင္မ်ားဆူပူမႈသည္ နည္းနည္းေလးရႈပ္သလိုျဖင့္ အမ်ားႀကီးရႈပ္ၿပီး အမ်ားႀကီးရႈပ္သလိုျဖင့္ သိပ္ရွင္းလင္းေနေၾကာင္း ကြၽႏူ္ပ္တို႔ သိရွိလိုပါေသးသည္။

လင္းဆက္ၿငိမ္းခ်မ္း
ဇြန္ - ၂၆