【 ဆောင်းပါး 】 မဟာရန်ကုန်၊ မဟာမြို့ပြ ခပ်ပျပျအိပ်မက်

【 ဆောင်းပါး 】 မဟာရန်ကုန်၊ မဟာမြို့ပြ ခပ်ပျပျအိပ်မက်

ကန့်ကွက်သံများ ကျယ်လောင်ခဲ့သော တံတားဖြစ်သည်။သေချာလိုက်၊ မရေရာလိုက် ဖြစ်ခဲ့သည်။ဒေသခံများစွာက သူတို့၏ တံတားအိပ်မက်ကို အမြန်ဆုံးဖော်ဆောင်ပေးရန် ဆန္ဒပြသည်အထိ ဖြစ်ခဲ့သည်။ဟိုမညီ ဒီမညွတ်သော အကြောင်းကြောင်းတွေကြောင့် တည်ဆောက်ရန် တစ်နှစ်ကျော်ကြန့်ကြာ၊ ထိုသို့သော ဒလတံတား စီမံကိန်းမှာ ယခုအခါ လုပ်ငန်းစတင်သည့် အခြေအနေသို့ ရောက်ရှိလို့လာပြီ ဖြစ်သည်။၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ပန္နက်တင် အခမ်းအနား ကျင်းပသည်။နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့သည်။ကန်ဒေါ်လာ ၁၈၈ သန်းကျော် ကုန်ကျမည့် တံတားဟု သိရသည်။ကုန်ကျစရိတ်၏ အဓိကအစိတ်အပိုင်းမှာ ကိုရီးယားထံမှ ချေးငွေ။

ပန္နက်တင် အခမ်းအနား ကျင်းပသည့် နေ့တုန်းက ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်မှ လှမ်းမြင်လိုက်ရသော ဒေသခံပရိသတ်တို့မှာ အင်မတန်မှ အားရစရာ ထုနဲ့ထည်။ဒလချက်မြှုပ် ကျနော့်မိတ်ဆွေက “ကျနော်တို့ တစ်မြို့လုံး အရမ်းပျော်ကြတယ်လေ။အနှစ်နှစ်အလလက မျှော်လင့်ခဲ့တဲ့ အိပ်မက်မဟုတ်လား။ဒီအိပ်မက်တွေ စအကောင်အထည်ပေါ်မယ့် နေ့မှာ ဒေါ်အောင်ဆန်းစုကြည် က တက်ရောက်ချီးမြှင့်တယ်ဆိုတော့ ပိုပျော်ကြတာပေါ့။ဒေါ်အောင်ဆန်းစုကြည် ကို မြင်ချင်တာရော ဒလတံတား ပန္နက်တင်တာကြောင့်ရော ဒေသခံတွေ အရမ်းများသွားတာ” ဟု ဆိုသည်။

ဒလပြည်သူတို့၏ ပျော်ရွှင်မှုက ဘယ်လောက်သိပ်သည်းခဲ့သလဲဆို တံတားကြီးကြောင့် အလုပ်လက်မဲ့ဖြစ်မှာ သေချာသည့် ရန်ကုန်-ဒလ ကူးတို့စက်လှေသမားများကပင် မိမိတို့ အလုပ်လက်မဲ့ဖြစ်မည်ကို ခေါင်းထဲမထည့်ဘဲ ကျေနပ်နေကြသည်ဟု ကျနော့်မိတ်ဆွေက ဆိုသည်။

ဒါကတော့ နည်းနည်းမက ပိုနေသလား အတွေးဖြင့် ပန်းဆိုတန်းဆိပ်ကမ်းသို့ ရောက်စဉ် စက်လှေသမားတစ်ဦးနှင့် စကားစပ်ကြည့်တော့ “ကျနော်တို့ အဘိုးအဘွားတွေ လက်ထက်ကစလို့ တံတားမရှိလို့ မိုးရွာလည်း ကြောက်ကြောက်နဲ့ ဒီမြစ်ကိုဖြတ်ခဲ့ရတာလေ။အခန့်မသင့်လို့ လှေမှောက်သေသူတွေကလည်း မနည်းဘူးမဟုတ်လား။ဒီမြစ်ကြီးကို တံတားမထိုးနိုင်လို့ ကျနော်တို့ ဒလဆိုတာ ရန်ကုန်နဲ့ အနီးဆုံးပေမဲ့ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့တာလည်း အားလုံးအသိပဲ။ကျနော်တို့က ကိုယ့်အလုပ်ပျက်မလားတွေးပြီး သဘောမကျရအောင်ထိ မမိုက်မဲဘူး။အခုလှေဆွဲလို့ သူဌေးဖြစ်နေတာလည်း မဟုတ်တော့ ဒီအလုပ်မရှိလည်း နောက်အလုပ်ပြောင်းလုပ်၊ ဒီလောက်ဝင်ငွေတော့ ရမှာပဲ။ဒါကြောင့် ဒလသား စက်လှေသမားတွေလည်း တံတားဆောက်မှာ သေချာသွားတော့ ပျော်ကြတာပဲ။” ဟု ဆိုသည်။

သို့သော်၊ တံတားကြီး ပြီးသွားသည့်တိုင် စက်လှေသမားအားလုံး အလုပ်လက်မဲ့ မဖြစ်နိုင်ဟုလည်း ၎င်းက ပြောသည်။ဘာလို့လဲဆိုတော့ တံတားနှင့်လှမ်းသော နေရာများမှ ပြည်သူများမှာ တံတားပေါ်မှ ကားဖြင့်သွားခြင်းထက် စက်လှေစီးခြင်းက ရန်ကုန်သို့ အလွယ်တကူ ရောက်နိုင်သောကြောင့်ဟု ဆို၏။

“ဥပမာ - ကျနော်တို့ ပန်းဆိုးတန်း စက်လှေဂိတ်ဆို ဒလဘက်ခြမ်းက အံ့ကြီး၊ သမ္မတကမ်းခြေနဲ့ ဒလသဘောၤဆိပ်တွေဆီ သွားတယ်။အဲဒီ ၃ နေရာစလုံးမှာ တံတားနဲ့အနီးဆုံးဖြစ်တဲ့ ဒလသင်္ဘောဆိပ်ကနေ သွားမယ်ဆိုရင်တောင် တံတားဆီ ဆိုင်ကယ်ကယ်ရီ စီးရမယ်။ပြီးတော့ ဟိုဘက်ကမ်း တံတားခြေရင်းဆိုလည်း ရန်ကုန်မြို့ထဲနဲ့ နည်းနည်းလှမ်းမယ်ဆိုတော့ ကျနော်ထင်တယ်၊ တံတားနဲ့ နည်းနည်းလှမ်းတဲ့ နေရာက ဒလသားတွေက ရာသီဥတုမကောင်းတဲ့အချိန်နဲ့ ညဘက်ကလွဲ စက်လှေပဲစီးမယ်။” ဟု စက်လှေဆရာက ဆိုသည်။

ဒါက စက်လှေဆရာ၏ သုံးသပ်ချက်ဖြစ်သည်။သူ့အမြင်ကို ချုပ်ရသော် တံတားပြီးသည့်တိုင် လက်ရှိ စက်လှေဂိတ် ၁၀ ဂိတ်ကျော် ရှိသည့်အနက် တစ်ဝက်ခန့်မှာ ယခုလောက် ခရီးသည်မရသည့်တိုင် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

သို့သော်၊ ပြောင်းလဲမှုကတော့ အကြီးအကျယ်ဖြစ်သည်။ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း မြို့အချို့မှာ ရန်ကုန်သို့ အလွယ်တကူ ဝင်ထွက်နိုင်ခြင်းဖြစ်သည်။အစစအရာရာ ဖွံ့ဖြိုးရေးဆီသို့ ဦးတိုက်လိုက်ခြင်းဖြစ်သည်။ထို့ပြင် ဒလဘက်ခြမ်းသည် ခေတ်မီဆန်းပြားမှုများကို ကိုယ်စားပြုသော ရန်ကုန်မြို့သစ် ဖြစ်လာနိုင်ခြင်းပင်။ဒလမြို့နယ်၏ အကျယ်အဝန်းသည်ပင်လျှင် ဟိုး…ပင်လယ်အထိ။ဒါ့ထက် ပိုဆန့်ထုတ်ချင်သပ ဆိုလျှင်လည်း ကော့မှူး၊ ကွမ်းခြံကုန်း…..။ကျယ်တာမှ တကယ့်ကို အကျယ်ကြီး။ မြို့သစ်တင်မက စက်မှုဇုန်ပင် တည်ဦးမလား။

ကြည့်မြင့်တိုင် တစ်ဖက်ကမ်းတွင်လည်း မကြာမီလာမည်မျှော်ထက် ပိုရေရာသော ရန်ကုန်မြို့သစ် စီမံကိန်းက ရှိသည်။သိပ်မကျယ်လှသော တွံတေးတူးမြောင်းကို တံတားတစ်စင်း ထိုးလိုက်ပါက ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ဒလသည် နီးနီးကပ်ကပ် ဆက်စပ်သွားပေမည်။ပြောရလျှင် ဒလသည် တံတားထိုးပြီဆိုကတည်းက စိတ်ကူးယဉ်စရာ သိပ်ကောင်းသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့်ပင် တံတားဆောက်တော့မည်ဟု အသံထွက်ကျယ်ခဲ့သော ဒီချုပ်အစိုးရ လက်ထက်တွင် ဒလမြို့ မြေများမှာ လေပေါ်ဝဲနေသလို ဈေးကစားစရာ တစ်နေရာ ဖြစ်လာခဲ့သည်။မြေဈေးကစားသူအချို့က သိန်းတစ်ရာဖြင့် ဝယ်ထားသော မြေကို အခြားလူတစ်ဦးက ထပ်ဝယ်သလိုဖြင့် ကိုယ့်ဘာသာ သိန်း ၃၀၀ ပေးကာ ကိုယ့်မြေကိုယ် ဈေးမြှင့်ဝယ်ယူခြင်းနည်းဖြင့် ဈေးဆွဲတင်ခဲ့သည်မှာ ယခုဆိုလျှင် အမြင့်ဆုံးသို့ ရောက်ခဲ့ပြီ။

ဒီလောက်ဈေးက လေပေါ်ဝဲနေတာတောင် ဈေးထပ်တက်နေသည်ဟု သိရပြန်တော့ ဈေးကျဖို့ဆိုတာက မလွယ်။ရန်ကုန်မြစ်သည် ရန်ကုန်မြို့လယ်ခေါင်သို့ ရောက်တော့မည်ဆိုသည့် အယူအဆကလည်း ခပ်မာမာဖြစ်နေသည်ဆိုတော့။

ပြီးတော့ ရန်ကုန်ကို ရှန်ဟိုင်းနှင့် နှိုင်းကြသည်။ရှန်ဟိုင်းကို ဟွမ်ဖူမြစ်က နှစ်ပိုင်း ပိုင်းထားသလို ရန်ကုန်ကိုလည်း ရန်ကုန်မြစ်က နှစ်ပိုင်း ပိုင်းပစ်တော့မည်ဟု ဆိုကြသည်။ရှေးသရောအခါက ရှန်ဟိုင်းသည် ရန်ကုန်ကဲ့သို့ပင် မြစ်၏တစ်ဖက်တွင်သာ တည်ရှိခဲ့ရာမှ စီးပွားရေးဖွံ့ဖြိုးလာမှုနှင့်အပြိုင် ဟွမ်ဖူမြစ် ဟိုဘက်ကမ်းသို့ တံတားထိုးခဲ့ရာမှ ယခုအခါ ရှန်ဟိုင်းသည် ခေတ်လွန် ရှန်ဟိုင်းနှင့် အတိတ်ခေတ် ရှန်ဟိုင်းဟူ၍ မြို့နှစ်ပိုင်း။ဟွမ်ဖူမြစ်က ရှန်ဟိုင်းမြို့လယ် ဖြစ်လာသည်။

အသစ်ထွင်းလာသော ရှန်ဟိုင်းမြို့သစ်သည် ခေတ်လွန်နှင့် မိုးမျှော်အဆောက်အဦးများစွာ အပြိုင်အဆိုင် ဝင့်ထည်လို့။အတိတ်ခေတ် ရှန်ဟိုင်းကျတော့ ကိုလိုနီခေတ်လက်ရာ အဆောက်အဦးများဖြင့် ခန့်ထည်စွာ။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီအတွင်း ကျနော် ရှန်ဟိုင်းရောက်သွားတော့ အတိတ်ခေတ် ရှန်ဟိုင်းဘက်ခြမ်း အပန်းဖြေ လမ်းသလားချင်စရာ မြစ်ကမ်းပါးကို မြင်ခဲ့ရသည်။မြစ်ကမ်းပါးမှာ မြစ်ရေလည်ဗယ်ထက် မြင့်အောင် ဆွဲမြှင့်ထားသော ကျယ်ကျယ်ပြန့်ပြန့် ကွန်ကရစ်လျှောက်လမ်း။ယင်းနေရာမှာ ရှန်ဟိုင်း၏ သင်္ကေတမို့ ခရီးသွားဧည့်သည်များ မရောက်မဖြစ် ရောက်ရမည့် နေရာလည်း ဖြစ်သည်။မြစ်ကမ်းပါး လျှောက်လမ်းက သိပ်ကိုရှည်လှသမို့ မနက်စောစော အားကစားလာလုပ်သူက မနည်း။ဒီလောက်အေးသည့် ဇန်နဝါရီမှာပင် လူတရုန်းရုန်း။ကမ်းနဖူးလက်ရန်းမှ အောက်ကိုငုံ့ကြည့်လိုက်ပါက အမှိုက်သရိုက် ကင်းသောရေ။မြစ်ထဲတွင် ရှန်ဟိုင်း၏ ဖွံ့ဖြိုးမှုကို လိုက်လံပြသနေသော မော်တော်များကလည်း ရှိသေးသည်။မြစ်၏ ဟိုဘက်တွင်တော့ ကောင်းကင်ထက်ဆီ အလုအယက် ပြေးတက်နေသော ခေတ်လွန်ရှန်ဟိုင်း။

ရှုခင်းက သိပ်ကိုလှနေသဖြင့် ကမ်းနဖူးလက်ရန်းကိုမှီကာ အချိန်ကြာကြာ ကျနော်ငေးခဲ့ဖူးသည်။ငေးနေရင်းခဏ လွတ်ထွက်သွားသော စိတ်က ဟွမ်ဖူမြစ်ကို ရန်ကုန်မြစ်အသွင် ထင်လာကာ ထိုးထိုးထောင်ထောင် ဘာမှမရှိသော ဒလကိုပင် ခေတ်လွန်ရှန်ဟိုင်း အသွင် စိတ်ကူးယဉ်ကြည့်မိသည်။

ရွှံ့ရောင်ရေထဲ အမှိုက်သရိုက်များဖြင့် ညစ်ထေးနေသော ရန်ကုန်မြစ်သည် တစ်ချိန်ချိန်တွင် မြင်ရုံဖြင့် ရေထဲဆင်းစိမ်ချင်စရာ ဖြစ်မလာဟု မည်သူပြောနိုင်မည်လဲ။ရန်ကုန်မြစ်ကမ်းနံဘေး အပန်းဖြေလမ်းသလားချင်စရာ တမျှော်တခေါ်သော လျှောက်လမ်းရော ဖြစ်မလာနိုင်ဟု မည်သူပြောနိုင်မည်လဲ။ပြီးတော့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းနှင့် ဒလ မိုးပျံအဆောက်အဦးများ စုဝေးရာနေရာ ဖြစ်မလာနိုင်ဟု မည်သူပြောနိုင်မည်လဲဟု ကိုယ့်ဘာသာ ဆိတ်ဆိတ် ကြိတ်ရေရွတ်ခဲ့ဖူးသည်။

တစ်ခုတော့ရှိသည်။ရှန်ဟိုင်းဆိုတာက ပထမဘိန်းစစ်ပွဲအပြီး ကိုလိုနီဘဝကတည်းက ချမ်းသာခဲ့ပြီး ယခုဆို မဟာရှန်ဟိုင်းအဖြစ် မဟာဓနအင်အား ပိုင်ဆိုင်ရာမြို့။ဆိုလိုတာက တံတားတစ်စင်းထိုးရုံမျှဖြင့် အရာရာဖွံ့ဖြိုးလာမည်တော့ မဟုတ်ပေ။

သို့သော်၊ ကျနော်တို့တွင် မျှော်လင့်ချက်ရှိနေတာကတော့ သေချာသည်။တိုင်းပြည်၏ အနာဂတ်၊ တိုင်းပြည်၏ ဖွံ့ဖြိုးမှုသည် တိုင်းပြည်တွင်း အာဏာရှင်စနစ် လုံးဝကင်းစင်သော ဒီမိုကရေစီ (သို့မဟုတ်) ပြည်သူပေးသော အာဏာကို ပြည်သူ့ရွေးချယ်ခံအစိုးရက ပြည်သူ့အလိုအတိုင်း ရာနှုန်းပြည့် အသုံးချနိုင်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။

မျိုးညွန့် (Popular News)
ဇန်နဝါရီ - ၁၂

( Zawgyi )

ကန႔္ကြက္သံမ်ား က်ယ္ေလာင္ခဲ့ေသာ တံတားျဖစ္သည္။ေသခ်ာလိုက္၊ မေရရာလိုက္ ျဖစ္ခဲ့သည္။ေဒသခံမ်ားစြာက သူတို႔၏ တံတားအိပ္မက္ကို အျမန္ဆုံးေဖာ္ေဆာင္ေပးရန္ ဆႏၵျပသည္အထိ ျဖစ္ခဲ့သည္။ဟိုမညီ ဒီမၫြတ္ေသာ အေၾကာင္းေၾကာင္းေတြေၾကာင့္ တည္ေဆာက္ရန္ တစ္ႏွစ္ေက်ာ္ၾကန႔္ၾကာ၊ ထိုသို႔ေသာ ဒလတံတား စီမံကိန္းမွာ ယခုအခါ လုပ္ငန္းစတင္သည့္ အေျခအေနသို႔ ေရာက္ရွိလို႔လာၿပီ ျဖစ္သည္။၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၂၄ ရက္တြင္ ပႏၷက္တင္ အခမ္းအနား က်င္းပသည္။ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ တက္ေရာက္ခဲ့သည္။ကန္ေဒၚလာ ၁၈၈ သန္းေက်ာ္ ကုန္က်မည့္ တံတားဟု သိရသည္။ကုန္က်စရိတ္၏ အဓိကအစိတ္အပိုင္းမွာ ကိုရီးယားထံမွ ေခ်းေငြ။

ပႏၷက္တင္ အခမ္းအနား က်င္းပသည့္ ေန႔တုန္းက ဒစ္ဂ်စ္တယ္ပလက္ေဖာင္းေပၚမွ လွမ္းျမင္လိုက္ရေသာ ေဒသခံပရိသတ္တို႔မွာ အင္မတန္မွ အားရစရာ ထုနဲ႔ထည္။ဒလခ်က္ျမႇဳပ္ က်ေနာ့္မိတ္ေဆြက “က်ေနာ္တို႔ တစ္ၿမိဳ႕လုံး အရမ္းေပ်ာ္ၾကတယ္ေလ။အႏွစ္ႏွစ္အလလက ေမွ်ာ္လင့္ခဲ့တဲ့ အိပ္မက္မဟုတ္လား။ဒီအိပ္မက္ေတြ စအေကာင္အထည္ေပၚမယ့္ ေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္ က တက္ေရာက္ခ်ီးျမႇင့္တယ္ဆိုေတာ့ ပိုေပ်ာ္ၾကတာေပါ့။ေဒၚေအာင္ဆန္းစုၾကည္ ကို ျမင္ခ်င္တာေရာ ဒလတံတား ပႏၷက္တင္တာေၾကာင့္ေရာ ေဒသခံေတြ အရမ္းမ်ားသြားတာ” ဟု ဆိုသည္။

ဒလျပည္သူတို႔၏ ေပ်ာ္႐ႊင္မႈက ဘယ္ေလာက္သိပ္သည္းခဲ့သလဲဆို တံတားႀကီးေၾကာင့္ အလုပ္လက္မဲ့ျဖစ္မွာ ေသခ်ာသည့္ ရန္ကုန္-ဒလ ကူးတို႔စက္ေလွသမားမ်ားကပင္ မိမိတို႔ အလုပ္လက္မဲ့ျဖစ္မည္ကို ေခါင္းထဲမထည့္ဘဲ ေက်နပ္ေနၾကသည္ဟု က်ေနာ့္မိတ္ေဆြက ဆိုသည္။

ဒါကေတာ့ နည္းနည္းမက ပိုေနသလား အေတြးျဖင့္ ပန္းဆိုတန္းဆိပ္ကမ္းသို႔ ေရာက္စဥ္ စက္ေလွသမားတစ္ဦးႏွင့္ စကားစပ္ၾကည့္ေတာ့ “က်ေနာ္တို႔ အဘိုးအဘြားေတြ လက္ထက္ကစလို႔ တံတားမရွိလို႔ မိုး႐ြာလည္း ေၾကာက္ေၾကာက္နဲ႔ ဒီျမစ္ကိုျဖတ္ခဲ့ရတာေလ။အခန႔္မသင့္လို႔ ေလွေမွာက္ေသသူေတြကလည္း မနည္းဘူးမဟုတ္လား။ဒီျမစ္ႀကီးကို တံတားမထိုးႏိုင္လို႔ က်ေနာ္တို႔ ဒလဆိုတာ ရန္ကုန္နဲ႔ အနီးဆုံးေပမဲ့ ဖြံ႕ၿဖိဳးသင့္သေလာက္ မဖြံ႕ၿဖိဳးခဲ့တာလည္း အားလုံးအသိပဲ။က်ေနာ္တို႔က ကိုယ့္အလုပ္ပ်က္မလားေတြးၿပီး သေဘာမက်ရေအာင္ထိ မမိုက္မဲဘူး။အခုေလွဆြဲလို႔ သူေဌးျဖစ္ေနတာလည္း မဟုတ္ေတာ့ ဒီအလုပ္မရွိလည္း ေနာက္အလုပ္ေျပာင္းလုပ္၊ ဒီေလာက္ဝင္ေငြေတာ့ ရမွာပဲ။ဒါေၾကာင့္ ဒလသား စက္ေလွသမားေတြလည္း တံတားေဆာက္မွာ ေသခ်ာသြားေတာ့ ေပ်ာ္ၾကတာပဲ။” ဟု ဆိုသည္။

သို႔ေသာ္၊ တံတားႀကီး ၿပီးသြားသည့္တိုင္ စက္ေလွသမားအားလုံး အလုပ္လက္မဲ့ မျဖစ္ႏိုင္ဟုလည္း ၎က ေျပာသည္။ဘာလို႔လဲဆိုေတာ့ တံတားႏွင့္လွမ္းေသာ ေနရာမ်ားမွ ျပည္သူမ်ားမွာ တံတားေပၚမွ ကားျဖင့္သြားျခင္းထက္ စက္ေလွစီးျခင္းက ရန္ကုန္သို႔ အလြယ္တကူ ေရာက္ႏိုင္ေသာေၾကာင့္ဟု ဆို၏။

“ဥပမာ - က်ေနာ္တို႔ ပန္းဆိုးတန္း စက္ေလွဂိတ္ဆို ဒလဘက္ျခမ္းက အံ့ႀကီး၊ သမၼတကမ္းေျခနဲ႔ ဒလသေဘာဆႋပ္ေတြဆီ သြားတယ္။အဲဒီ ၃ ေနရာစလုံးမွာ တံတားနဲ႔အနီးဆုံးျဖစ္တဲ့ ဒလသေဘၤာဆိပ္ကေန သြားမယ္ဆိုရင္ေတာင္ တံတားဆီ ဆိုင္ကယ္ကယ္ရီ စီးရမယ္။ၿပီးေတာ့ ဟိုဘက္ကမ္း တံတားေျခရင္းဆိုလည္း ရန္ကုန္ၿမိဳ႕ထဲနဲ႔ နည္းနည္းလွမ္းမယ္ဆိုေတာ့ က်ေနာ္ထင္တယ္၊ တံတားနဲ႔ နည္းနည္းလွမ္းတဲ့ ေနရာက ဒလသားေတြက ရာသီဥတုမေကာင္းတဲ့အခ်ိန္နဲ႔ ညဘက္ကလြဲ စက္ေလွပဲစီးမယ္။” ဟု စက္ေလွဆရာက ဆိုသည္။

ဒါက စက္ေလွဆရာ၏ သုံးသပ္ခ်က္ျဖစ္သည္။သူ႔အျမင္ကို ခ်ဳပ္ရေသာ္ တံတားၿပီးသည့္တိုင္ လက္ရွိ စက္ေလွဂိတ္ ၁၀ ဂိတ္ေက်ာ္ ရွိသည့္အနက္ တစ္ဝက္ခန႔္မွာ ယခုေလာက္ ခရီးသည္မရသည့္တိုင္ ဆက္လက္တည္ရွိေနမည္ ျဖစ္သည္။

သို႔ေသာ္၊ ေျပာင္းလဲမႈကေတာ့ အႀကီးအက်ယ္ျဖစ္သည္။ရန္ကုန္တိုင္းႏွင့္ ဧရာဝတီတိုင္း ၿမိဳ႕အခ်ိဳ႕မွာ ရန္ကုန္သို႔ အလြယ္တကူ ဝင္ထြက္ႏိုင္ျခင္းျဖစ္သည္။အစစအရာရာ ဖြံ႕ၿဖိဳးေရးဆီသို႔ ဦးတိုက္လိုက္ျခင္းျဖစ္သည္။ထို႔ျပင္ ဒလဘက္ျခမ္းသည္ ေခတ္မီဆန္းျပားမႈမ်ားကို ကိုယ္စားျပဳေသာ ရန္ကုန္ၿမိဳ႕သစ္ ျဖစ္လာႏိုင္ျခင္းပင္။ဒလၿမိဳ႕နယ္၏ အက်ယ္အဝန္းသည္ပင္လွ်င္ ဟိုး…ပင္လယ္အထိ။ဒါ့ထက္ ပိုဆန႔္ထုတ္ခ်င္သပ ဆိုလွ်င္လည္း ေကာ့မႉး၊ ကြမ္းၿခံကုန္း…..။က်ယ္တာမွ တကယ့္ကို အက်ယ္ႀကီး။ ၿမိဳ႕သစ္တင္မက စက္မႈဇုန္ပင္ တည္ဦးမလား။

ၾကည့္ျမင့္တိုင္ တစ္ဖက္ကမ္းတြင္လည္း မၾကာမီလာမည္ေမွ်ာ္ထက္ ပိုေရရာေသာ ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းက ရွိသည္။သိပ္မက်ယ္လွေသာ တြံေတးတူးေျမာင္းကို တံတားတစ္စင္း ထိုးလိုက္ပါက ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းႏွင့္ ဒလသည္ နီးနီးကပ္ကပ္ ဆက္စပ္သြားေပမည္။ေျပာရလွ်င္ ဒလသည္ တံတားထိုးၿပီဆိုကတည္းက စိတ္ကူးယဥ္စရာ သိပ္ေကာင္းသည့္ ေနရာတစ္ခု ျဖစ္လာခဲ့သည္။

ထို႔ေၾကာင့္ပင္ တံတားေဆာက္ေတာ့မည္ဟု အသံထြက္က်ယ္ခဲ့ေသာ ဒီခ်ဳပ္အစိုးရ လက္ထက္တြင္ ဒလၿမိဳ႕ ေျမမ်ားမွာ ေလေပၚဝဲေနသလို ေဈးကစားစရာ တစ္ေနရာ ျဖစ္လာခဲ့သည္။ေျမေဈးကစားသူအခ်ိဳ႕က သိန္းတစ္ရာျဖင့္ ဝယ္ထားေသာ ေျမကို အျခားလူတစ္ဦးက ထပ္ဝယ္သလိုျဖင့္ ကိုယ့္ဘာသာ သိန္း ၃၀၀ ေပးကာ ကိုယ့္ေျမကိုယ္ ေဈးျမႇင့္ဝယ္ယူျခင္းနည္းျဖင့္ ေဈးဆြဲတင္ခဲ့သည္မွာ ယခုဆိုလွ်င္ အျမင့္ဆုံးသို႔ ေရာက္ခဲ့ၿပီ။

ဒီေလာက္ေဈးက ေလေပၚဝဲေနတာေတာင္ ေဈးထပ္တက္ေနသည္ဟု သိရျပန္ေတာ့ ေဈးက်ဖို႔ဆိုတာက မလြယ္။ရန္ကုန္ျမစ္သည္ ရန္ကုန္ၿမိဳ႕လယ္ေခါင္သို႔ ေရာက္ေတာ့မည္ဆိုသည့္ အယူအဆကလည္း ခပ္မာမာျဖစ္ေနသည္ဆိုေတာ့။

ၿပီးေတာ့ ရန္ကုန္ကို ရွန္ဟိုင္းႏွင့္ ႏႈိင္းၾကသည္။ရွန္ဟိုင္းကို ဟြမ္ဖူျမစ္က ႏွစ္ပိုင္း ပိုင္းထားသလို ရန္ကုန္ကိုလည္း ရန္ကုန္ျမစ္က ႏွစ္ပိုင္း ပိုင္းပစ္ေတာ့မည္ဟု ဆိုၾကသည္။ေရွးသေရာအခါက ရွန္ဟိုင္းသည္ ရန္ကုန္ကဲ့သို႔ပင္ ျမစ္၏တစ္ဖက္တြင္သာ တည္ရွိခဲ့ရာမွ စီးပြားေရးဖြံ႕ၿဖိဳးလာမႈႏွင့္အၿပိဳင္ ဟြမ္ဖူျမစ္ ဟိုဘက္ကမ္းသို႔ တံတားထိုးခဲ့ရာမွ ယခုအခါ ရွန္ဟိုင္းသည္ ေခတ္လြန္ ရွန္ဟိုင္းႏွင့္ အတိတ္ေခတ္ ရွန္ဟိုင္းဟူ၍ ၿမိဳ႕ႏွစ္ပိုင္း။ဟြမ္ဖူျမစ္က ရွန္ဟိုင္းၿမိဳ႕လယ္ ျဖစ္လာသည္။

အသစ္ထြင္းလာေသာ ရွန္ဟိုင္းၿမိဳ႕သစ္သည္ ေခတ္လြန္ႏွင့္ မိုးေမွ်ာ္အေဆာက္အဦးမ်ားစြာ အၿပိဳင္အဆိုင္ ဝင့္ထည္လို႔။အတိတ္ေခတ္ ရွန္ဟိုင္းက်ေတာ့ ကိုလိုနီေခတ္လက္ရာ အေဆာက္အဦးမ်ားျဖင့္ ခန႔္ထည္စြာ။

ၿပီးခဲ့သည့္ႏွစ္ ဇန္နဝါရီအတြင္း က်ေနာ္ ရွန္ဟိုင္းေရာက္သြားေတာ့ အတိတ္ေခတ္ ရွန္ဟိုင္းဘက္ျခမ္း အပန္းေျဖ လမ္းသလားခ်င္စရာ ျမစ္ကမ္းပါးကို ျမင္ခဲ့ရသည္။ျမစ္ကမ္းပါးမွာ ျမစ္ေရလည္ဗယ္ထက္ ျမင့္ေအာင္ ဆြဲျမႇင့္ထားေသာ က်ယ္က်ယ္ျပန႔္ျပန႔္ ကြန္ကရစ္ေလွ်ာက္လမ္း။ယင္းေနရာမွာ ရွန္ဟိုင္း၏ သေကၤတမို႔ ခရီးသြားဧည့္သည္မ်ား မေရာက္မျဖစ္ ေရာက္ရမည့္ ေနရာလည္း ျဖစ္သည္။ျမစ္ကမ္းပါး ေလွ်ာက္လမ္းက သိပ္ကိုရွည္လွသမို႔ မနက္ေစာေစာ အားကစားလာလုပ္သူက မနည္း။ဒီေလာက္ေအးသည့္ ဇန္နဝါရီမွာပင္ လူတ႐ုန္း႐ုန္း။ကမ္းနဖူးလက္ရန္းမွ ေအာက္ကိုငုံ႔ၾကည့္လိုက္ပါက အမႈိက္သ႐ိုက္ ကင္းေသာေရ။ျမစ္ထဲတြင္ ရွန္ဟိုင္း၏ ဖြံ႕ၿဖိဳးမႈကို လိုက္လံျပသေနေသာ ေမာ္ေတာ္မ်ားကလည္း ရွိေသးသည္။ျမစ္၏ ဟိုဘက္တြင္ေတာ့ ေကာင္းကင္ထက္ဆီ အလုအယက္ ေျပးတက္ေနေသာ ေခတ္လြန္ရွန္ဟိုင္း။

ရႈခင္းက သိပ္ကိုလွေနသျဖင့္ ကမ္းနဖူးလက္ရန္းကိုမွီကာ အခ်ိန္ၾကာၾကာ က်ေနာ္ေငးခဲ့ဖူးသည္။ေငးေနရင္းခဏ လြတ္ထြက္သြားေသာ စိတ္က ဟြမ္ဖူျမစ္ကို ရန္ကုန္ျမစ္အသြင္ ထင္လာကာ ထိုးထိုးေထာင္ေထာင္ ဘာမွမရွိေသာ ဒလကိုပင္ ေခတ္လြန္ရွန္ဟိုင္း အသြင္ စိတ္ကူးယဥ္ၾကည့္မိသည္။

႐ႊံ႕ေရာင္ေရထဲ အမႈိက္သ႐ိုက္မ်ားျဖင့္ ညစ္ေထးေနေသာ ရန္ကုန္ျမစ္သည္ တစ္ခ်ိန္ခ်ိန္တြင္ ျမင္႐ုံျဖင့္ ေရထဲဆင္းစိမ္ခ်င္စရာ ျဖစ္မလာဟု မည္သူေျပာႏိုင္မည္လဲ။ရန္ကုန္ျမစ္ကမ္းနံေဘး အပန္းေျဖလမ္းသလားခ်င္စရာ တေမွ်ာ္တေခၚေသာ ေလွ်ာက္လမ္းေရာ ျဖစ္မလာႏိုင္ဟု မည္သူေျပာႏိုင္မည္လဲ။ၿပီးေတာ့ ၾကည့္ျမင္တိုင္ တစ္ဖက္ကမ္းႏွင့္ ဒလ မိုးပ်ံအေဆာက္အဦးမ်ား စုေဝးရာေနရာ ျဖစ္မလာႏိုင္ဟု မည္သူေျပာႏိုင္မည္လဲဟု ကိုယ့္ဘာသာ ဆိတ္ဆိတ္ ႀကိတ္ေရ႐ြတ္ခဲ့ဖူးသည္။

တစ္ခုေတာ့ရွိသည္။ရွန္ဟိုင္းဆိုတာက ပထမဘိန္းစစ္ပြဲအၿပီး ကိုလိုနီဘဝကတည္းက ခ်မ္းသာခဲ့ၿပီး ယခုဆို မဟာရွန္ဟိုင္းအျဖစ္ မဟာဓနအင္အား ပိုင္ဆိုင္ရာၿမိဳ႕။ဆိုလိုတာက တံတားတစ္စင္းထိုး႐ုံမွ်ျဖင့္ အရာရာဖြံ႕ၿဖိဳးလာမည္ေတာ့ မဟုတ္ေပ။

သို႔ေသာ္၊ က်ေနာ္တို႔တြင္ ေမွ်ာ္လင့္ခ်က္ရွိေနတာကေတာ့ ေသခ်ာသည္။တိုင္းျပည္၏ အနာဂတ္၊ တိုင္းျပည္၏ ဖြံ႕ၿဖိဳးမႈသည္ တိုင္းျပည္တြင္း အာဏာရွင္စနစ္ လုံးဝကင္းစင္ေသာ ဒီမိုကေရစီ (သို႔မဟုတ္) ျပည္သူေပးေသာ အာဏာကို ျပည္သူ႔ေ႐ြးခ်ယ္ခံအစိုးရက ျပည္သူ႔အလိုအတိုင္း ရာႏႈန္းျပည့္ အသုံးခ်ႏိုင္မႈႏွင့္ တိုက္႐ိုက္သက္ဆိုင္ေနပါသည္။

မ်ိဳးၫြန႔္ (Popular News)
ဇန္နဝါရီ - ၁၂