【 ဆောင်းပါး 】 မီတာခ၏ နောက်တစ်မျက်နှာ

【 ဆောင်းပါး 】 မီတာခ၏ နောက်တစ်မျက်နှာ

နှုန်းထားသစ် မီတာခ စတင်အသက်ဝင်ပြီး တစ်ပတ်ခန့်အကြာ ညဦးပိုင်းတွင် မီးလာသည်ဆိုရုံ ခရမ်းချဉ်သီးလိုမီးက မှုန်ဝါးဝါးလာသည်။မီးအားသိပ်နည်းလွန်းသဖြင့် ရေခဲသေတ္တာသည် အလုပ်မလုပ်တော့။မီးချောင်းများသည်လည်း ရာနှုန်းပြည့် မလင်းနိုင်ခြင်းကြောင့်ပေလား၊ လူမမာတစ်ယောက်ပမာ ဖြူဖတ်ဖြူလျော်။မီးအားနည်းရာမှ ဝုန်းဒိုင်းဆောင့်တက်တတ်သည်ဟု ကြားဖူးနားဝရှိသဖြင့် မိန်းခလုတ်ကို မြန်မြန်ပိတ်လိုက်သည်။မီးအားဆောင့်တက်လျှင် အိမ်ရှိ လျှပ်စစ်ဖြင့်အလုပ်လုပ်နေသည့် ပစ္စည်းများ ဘဝကူးနိုင်သည်။ထိုသို့ဘဝကူးခဲ့သော် သက်ဆိုင်ရာ လျှပ်စစ်ဌာနမှ ပျက်သမျှ အကုန်ပြန်လျော်ပေးမည်မှာ မရေရာသဖြင့် မြန်မြန်ပိတ်လိုက်ခြင်းဖြစ်သည်။

မျက်နှာချင်းဆိုင် တိုက်ခန်းမှ ဖွင့်ထားသော အိမ်ရှေ့မီးကိုကြည့်တော့ မီးအားနည်းနည်း ပြန်တက်လာလိုက်၊ ပြန်ကျသွားလိုက်ဖြင့် ၁၀ မိနစ်ခန့် မီးအားမငြိမ်မသက်ဖြစ်ပြီးနောက် လုံးဝမီးပြတ်သွားကြောင်း တွေ့ရသည်။မီးပြတ်ပြီး ဘာမှမကြာ မီးပြန်လာတော့ တင်းပြည့်ကျပ်ပြည့် လျှပ်စစ်။

ကျနော် လှိုင်မြို့နယ်အတွင်း နေထိုင်သည်မှာ နှစ်အတန်ကြာပြီ ဖြစ်သော်လည်း မီးအားနည်းခြင်း ဖြစ်စဉ်မျိုးကို ဒီဘက်နှစ်များ၌ သိပ်မကြုံခဲ့ဖူး။မှတ်မှတ်ရရ မီတာခတိုးကြောင်း မကြေညာမီအချိန်က ထိုသို့တစ်ခါဖြစ်ဖူးသည်။

ပထမအကြိမ် မီးအားနည်းစဉ်က သိပ်အထူးအထွေ မခံစားမိသော်လည်း မီတာခတိုးပြီးနောက် မီးအားနည်းသည့်အခါ စိတ်ထဲသိပ်ဘဝင်မကျတော့။ပိုက်ဆံလည်း ထပ်ပိုပေးရသေး၊ ဝန်ဆောင်မှုကလည်းညံ့သေးဆိုသည့် အမြင်မျိုးဝင်လာသည်။

အစိုးရအနေနှင့် တိုင်းပြည်၏ ရေရှည်အကျိုးစီးပွားအတွက် မဖြစ်မနေ မီတာခတိုးခြင်းဖြစ်ကြောင်း ကောင်းကောင်းသဘောပေါက်သူများထဲတွင် ကျနော်လည်း ပါဝင်သည်။သို့သော်၊ မီတာခတိုးသလို လစာက မတိုးသဖြင့် တိုးလာသော မီတာခသည် မဖြစ်မနေ အပိုထပ်ကုန်ရတော့မည့်ငွေမို့ စိတ်ပါလက်ပါ ပေးချင်တာတော့မဟုတ်။ထို့ကြောင့် ပြည်သူအများစုက မေးခွန်းထုတ်သလို မီတာခတိုးခြင်းကြောင့် ဝန်ဆောင်မှုရော ကောင်းမှာလားဟု ဆိုခြင်းအပေါ် ဖြစ်သင့်သော မေးခွန်းတစ်ရပ်ဟု ထောက်ခံမိသည်။

ဝန်ဆောင်မှုဆိုသည်မှာ အဘယ်နည်း။ကျနော်ကြုံတွေ့ခဲ့သလို မီအား ကျခြင်း၊ တက်ခြင်း စသည့် ပြဿနာမျိုးကင်းခြင်း၊ မိမိအမှန်တကယ်သုံးသည့် ယူနစ်အတိုင်းသာ မီတာခပေးချေရခြင်းနှင့် လျှပ်စစ်ပုံမှန်ရရှိရေးဟု နားလည်မိသည်။အထူးသဖြင့် နွေတွင် ရေမရှိတော့သဖြင့် အလှည့်ကျမီးရသည့် ဘဝမျိုးမှ ကင်းဝေးရလေအောင် ၁၂ လရာသီ မိုးချည်းရွာပါစေဟု ဆုတောင်းရမည်ကို သဘောမကျ။ဆိုလိုတာက ရေမရှိလည်း အခြားတစ်နည်းနည်းဖြင့် လျှပ်စစ်မီးရသည့် ဝန်ဆောင်မှုမျိုး။ဖြစ်နိုင်လျှင် ၂၄ နာရီပြည့် မီးလိုချင်ကြသည်။မဖြစ်နိုင်သေးပါက အများပြည်သူ လျှပ်စစ်မီးရကိုရမှဖြစ်မည့် ညဦးပိုင်းလိုမျိုး၊ ထမင်းဟင်းချက်ချိန်လိုမျိုးတွင် မီးမပျက်စေချင်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မီတာခနှင့်ညီမျှသော ဝန်ဆောင်မှုကို နောင်တစ်နှစ် (သို့မဟုတ်) တစ်နှစ်ခွဲခန့်အကြာတွင် ရနိုင်မည်ဟု ဇွန် ၂၉ ရက်နေ့၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဘဝပေးအခြေအနေအရ အရာရာကို ဆန္ဒစောလေ့ရှိသော ပြည်သူများကို ခုပဲတွင်းတူး၊ ခုပဲရေကြည်သောက်ချင်၍ မရကြောင်း ဆန္ဒမစောမိစေရန် တည့်တည့်ပြောလိုက်ခြင်းဟု ထင်၏။တစ်နှစ် (သို့မဟုတ်) တစ်နှစ်ခွဲဟု ဆိုလေတော့ လာမည့်နွေရောက်လျှင် သိသာသော ရလဒ်ကောင်းအချို့ကို ပြည်သူတို့ရရှိနိုင်မည်ဟုလည်း ထင်၏။

ထို့ပြင် ယခုတိုးလိုက်သော မီတာခနှုန်းထားအတိုင်း ဆိုပါက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလိုသူတို့အတွက် အဆင်ပြေချောမွေ့နိုင်ကြောင်း ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ရရန် လာရောက်ဆက်သွယ်မှုများလည်းရှိကြောင်း ဝန်ကြီးချုပ်က သတင်းကောင်းထပ်ပေးသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာပါက လျှပ်စစ်ကွန်ရက် ချဲ့ထွင်ရေးအတွက် အစိုးရ တစ်ကိုယ်တော် မနိုင်ဝန်ထမ်းနေရမှုမှ လျော့ပါးသက်သာသွားနိုင်သလို ဝန်ဆောင်မှုကောင်းကိုလည်း ပိုမျှော်လင့်လို့ရနိုင်သည်။မည်သို့မျှ ခေတ်မမီတော့သည့် လေပေါ်ရှုပ်ထွေးနေသော ဓာတ်ကြိုးများ တစ်ချိန်ချိန်တွင် မြေအောက်မှသွားရန် စတင်ပြီဖြစ်သော လမ်းဟူ၍ မျှော်လင့်နိုင်ပါသည်။

အထက်ပါဖော်ပြချက်များမှာ လာမည့် တစ်နှစ်ကျော်ကာလနှင့် တစ်ချိန်ချိန်ဆီသို့ မျှော်မှန်းချက်နှင့် ဖြစ်နိုင်ချေများ ဖြစ်သည်။ပြည်သူအများစုမှာ လာမည့်တစ်နှစ်ထက် လက်ရှိကို ပိုစိတ်ဝင်စားကြသည်။ပြည်သူအများစုမှာ အရှုံးခံ လျှပ်စစ်ပေးနေကြောင်း ယခင်ကတည်းက နားစွန်နားဖျား သိရှိပြီးဖြစ်သဖြင့် မီတာခဈေးတက်ခြင်းအပေါ် နားလည်လက်ခံလိုက်ကြသော်လည်း မီတာခဈေးတက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် ကုန်ဈေးနှုန်းတက်လာမှာကိုမူ ထိတ်လန့်ကြသည်။

ယင်းနှင့်ပတ်သက်၍ အယူအဆနှစ်ခု ထွက်ပေါ်လာသည်။ပထမတစ်ခုမှာ ကုန်ဈေးနှုန်း အနည်းငယ်တက်လာမည်ဟူ၍ ဖြစ်သည်။နေပြည်တော်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနရုံး၌ ပြုလုပ်သော သတင်းထုတ်ပြန်ခြင်း အခမ်းအနားတွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင် က မီတာခဈေးတက်ခြင်းကို ဘက်စုံစဉ်းစားပြီးမှ ဆောင်ရွက်ခြင်းဖြစ်သလို ကုန်ဈေးနှုန်းအတွက်လည်း ထည့်စဉ်းစားခဲ့ကြောင်း ပြောကြားခဲ့သည်။အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့် က မီတာခတိုး၍ ကုန်ဈေးနှုန်းအနည်းငယ်သာ တိုးမည်ဟုလည်း ပြောသည်။

ကုန်ပစ္စည်းတစ်ခုခု ထွက်ရှိလာဖို့ရာ လျှပ်စစ်တစ်ခုတည်းသာ လိုအပ်ခြင်းမဟုတ်သဖြင့် မီတာခကြောင့် ကုန်ဈေးနှုန်းသိပ်မတက်။ဆိုလိုတာက ကုန်ပစ္စည်းတစ်ခု ထွက်လာခြင်းသည် သက်ဆိုင်ရာ ကုန်ကြမ်း၊ လူ၊ အဆောက်အဦး၊ စက်၊ လျှပ်စစ် စသည်တို့၏ ပေါင်းစပ်မှုဖြစ်သည်။ယခုဈေးတက်ခြင်းမှာ မီတာခသာ တက်ခြင်းဖြစ်၍ တစ်စိတ်တစ်ပိုင်းသာ ဈေးတက်မည်ဟု ကောက်ချက်ချသည့် သဘောဖြစ်သည်။

နောက်အယူအဆတစ်ခုမှာမူ မီတာခတိုးမြှင့်ခြင်းကြောင့် ကုန်ဈေးနှုန်းမတက်နိုင်ဟု ဆိုသည်။ဇွန်၂၉ ရက်နေ့၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားလိုက်ခြင်းဖြစ်သည်။

သူက လျှပ်စစ်လုံလောက်စွာ မရခြင်းကြောင့်သာ ထုတ်လုပ်မှုစရိတ် ကြီးလေးခြင်းဖြစ်ကြောင်း လျှပ်စစ်မီးမလာသဖြင့် မီးစက်ဝယ်ထားရသလို မီးစက်မောင်းရန် ဒီဇယ်ကိုလည်း သိုလှောင်ထားရကြောင်း ဒီဇယ်ဖြင့် မောင်းခြင်းသည် အစိုးရလျှပ်စစ်ထက် ၅ ဆခန့် ဈေးပိုကြီးမြင့်ကြောင်း ၎င်းကပြောသည်။

ပထမပြောတုန်းက တိုးမြှင့်လိုက်သည့် မီတာခနှင့် ညီမျှသော ဝန်ဆောင်မှုမျိုးကို နောက်တစ်နှစ် (သို့မဟုတ်) တစ်နှစ်ခွဲခန့်ကြာမှ ရရှိမည်ဟု ပြောခဲ့သည်။ပြီးတော့၊ ထပ်ပြောတာက မီတာခတိုးမြှင့်ခြင်းကြောင့် ကုန်ဈေးနှုန်းမတက်၊ လျှပ်စစ်လုံလောက်စွာ မရခြင်းကြောင့်သာ ထုတ်လုပ်မှုစရိတ် ကြီးလေးခြင်းဟုဆိုသည်။

သေချာတာက မြန်မာနိုင်ငံရှိ စက်မှုဇုန်များသည် ယနေ့အထိ လျှပ်စစ်မီးလုံလောက်စွာ မရရှိသေးသလို နွေရာသီဆို လျှပ်စစ်မီးရရှိချိန် ပို၍နည်းပေသည်။လျှပ်စစ်မီး လုံလောက်စွာမရသဖြင့် မီးစက်သုံးရသည်။ထို့ကြောင့် ထုတ်လုပ်မှုစရိတ်ကြီးသည်။ယင်းမှာ အားလုံးသိသော လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေဖြစ်သည်။
ယင်းအခြေအနေကို ဖြတ်ကျော်ကာ လျှပ်စစ်မီးလုံလောက်စွာ ရရှိနိုင်ချေမှာ ဝန်ကြီးချုပ်အဆိုအရ နောက်တစ်နှစ် (သို့မဟုတ်) တစ်နှစ်ခွဲခန့် အကြာတွင်ဖြစ်သည်။ဆိုလိုတာက မီတာခတိုးလိုက်သည်နှင့် တစ်ပြိုင်နက် ဝန်ဆောင်မှုချက်ချင်းကောင်းကာ ချက်ချင်း လျှပ်စစ်လုံလောက်မည် မဟုတ်ပေ။

ထို့ကြောင့် မီတာခလည်းတက်၊ လျှပ်စစ်လည်း မလုံလောက်သည့် အခြေအနေတွင် မီတာခတက်သဖြင့် ကုန်ဈေးနှုန်းမတက်နိုင်ဟု ဆိုခြင်းမှာ မျက်လုံးစုံမှိတ် အငြင်းသန်ခြင်း (သို့မဟုတ်) ရှိလာမည့် ပြဿနာကို မရှိဟု စုံမှတ်ငြင်းဆန်ကာ ထွက်ပြေးခြင်းဖြစ်သည်။

ပြဿနာမရှိဟု ယူဆပါက ဘာမှလုပ်စရာမရှိ။ပြဿနာရှိသည်ဟု ယူဆပါက အစိုးရတစ်ရပ်အနေနှင့် ပြဿနာကို အညင်သာဆုံးနှင့် သက်ရောက်မှုအနည်းဆုံးဖြစ်မည့် နည်းလမ်းများဖြင့် ကိုင်တွယ်ရပေမည်။အစိုးရအနေနှင့် ကုန်ဈေးနှုန်းအတက်အကျကို ထိန်းချုပ်၍မရသော်လည်း လုပ်ငန်းရှင်များကို ထိန်းကျောင်းနိုင်သည့် အခွင့်အာဏာရှိသည်။

အစိုးရနှင့် အနီးဆုံးတွင်ရှိနေသော ကုန်သည်/စက်မှုအသင်းချုပ်ကဲ့သို့ လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် တိုင်ပင်နိုင်သည်။ပူးပေါင်းဆောင်ရွက်နိုင်သည်။ထိန်းကျောင်းနိုင်သည်။မီတာခကို အကြောင်းပြကာ အမြတ်ကြီးစားလိုသူတို့၏ လောဘကို ကြိုတင်ဟန့်တားနိုင်မည်ဖြစ်သလို တက်သင့်သည့် ကုန်ဈေးနှုန်းအောက်သာတက်ရန် နည်းလမ်းများ ရှာဖွေနိုင်ပေမည်။ထို့ကြောင့် ဖြစ်နိုင်ချေရှိသော ကုန်ဈေးနှုန်း အနည်းငယ်တက်နိုင်သည်ဆိုသည့် အမြင်ကို စုံမှတ်မငြင်းဆန်ဘဲ လက်ခံထားရန် လိုပေမည်။

လက်ရှိအချိန်တွင် တက်မှဖြစ်မည့် မီတာခကို ပြည်သူကိုယ်တိုင် ပြန်လည်ခုခံနိုင်မည့် နည်းလမ်းမှာ လျှပ်စစ်မီးကို မဖြုန်းတီးမိစေရေးဖြစ်ပြီး အစိုးရနှင့် လုပ်ငန်းရှင်တို့ ပူးပေါင်းခုခံနိုင်မည့် နည်းလမ်းမှာ ကုန်ဈေးနှုန်း အနည်းငယ်သာတက်အောင် နည်းလမ်းရှာရေး ဖြစ်သည်။

မျိုးညွန့်(Popular News)
ဇူလိုင် - ၂၄

( Zawgyi )

ႏႈန္းထားသစ္ မီတာခ စတင္အသက္ဝင္ၿပီး တစ္ပတ္ခန႔္အၾကာ ညဦးပိုင္းတြင္ မီးလာသည္ဆို႐ုံ ခရမ္းခ်ဥ္သီးလိုမီးက မႈန္ဝါးဝါးလာသည္။မီးအားသိပ္နည္းလြန္းသျဖင့္ ေရခဲေသတၱာသည္ အလုပ္မလုပ္ေတာ့။မီးေခ်ာင္းမ်ားသည္လည္း ရာႏႈန္းျပည့္ မလင္းႏိုင္ျခင္းေၾကာင့္ေပလား၊ လူမမာတစ္ေယာက္ပမာ ျဖဴဖတ္ျဖဴေလ်ာ္။မီးအားနည္းရာမွ ဝုန္းဒိုင္းေဆာင့္တက္တတ္သည္ဟု ၾကားဖူးနားဝရွိသျဖင့္ မိန္းခလုတ္ကို ျမန္ျမန္ပိတ္လိုက္သည္။မီးအားေဆာင့္တက္လွ်င္ အိမ္ရွိ လွ်ပ္စစ္ျဖင့္အလုပ္လုပ္ေနသည့္ ပစၥည္းမ်ား ဘဝကူးႏိုင္သည္။ထိုသို႔ဘဝကူးခဲ့ေသာ္ သက္ဆိုင္ရာ လွ်ပ္စစ္ဌာနမွ ပ်က္သမွ် အကုန္ျပန္ေလ်ာ္ေပးမည္မွာ မေရရာသျဖင့္ ျမန္ျမန္ပိတ္လိုက္ျခင္းျဖစ္သည္။

မ်က္ႏွာခ်င္းဆိုင္ တိုက္ခန္းမွ ဖြင့္ထားေသာ အိမ္ေရွ႕မီးကိုၾကည့္ေတာ့ မီးအားနည္းနည္း ျပန္တက္လာလိုက္၊ ျပန္က်သြားလိုက္ျဖင့္ ၁၀ မိနစ္ခန႔္ မီးအားမၿငိမ္မသက္ျဖစ္ၿပီးေနာက္ လုံးဝမီးျပတ္သြားေၾကာင္း ေတြ႕ရသည္။မီးျပတ္ၿပီး ဘာမွမၾကာ မီးျပန္လာေတာ့ တင္းျပည့္က်ပ္ျပည့္ လွ်ပ္စစ္။

က်ေနာ္ လႈိင္ၿမိဳ႕နယ္အတြင္း ေနထိုင္သည္မွာ ႏွစ္အတန္ၾကာၿပီ ျဖစ္ေသာ္လည္း မီးအားနည္းျခင္း ျဖစ္စဥ္မ်ိဳးကို ဒီဘက္ႏွစ္မ်ား၌ သိပ္မႀကဳံခဲ့ဖူး။မွတ္မွတ္ရရ မီတာခတိုးေၾကာင္း မေၾကညာမီအခ်ိန္က ထိုသို႔တစ္ခါျဖစ္ဖူးသည္။

ပထမအႀကိမ္ မီးအားနည္းစဥ္က သိပ္အထူးအေထြ မခံစားမိေသာ္လည္း မီတာခတိုးၿပီးေနာက္ မီးအားနည္းသည့္အခါ စိတ္ထဲသိပ္ဘဝင္မက်ေတာ့။ပိုက္ဆံလည္း ထပ္ပိုေပးရေသး၊ ဝန္ေဆာင္မႈကလည္းညံ့ေသးဆိုသည့္ အျမင္မ်ိဳးဝင္လာသည္။

အစိုးရအေနႏွင့္ တိုင္းျပည္၏ ေရရွည္အက်ိဳးစီးပြားအတြက္ မျဖစ္မေန မီတာခတိုးျခင္းျဖစ္ေၾကာင္း ေကာင္းေကာင္းသေဘာေပါက္သူမ်ားထဲတြင္ က်ေနာ္လည္း ပါဝင္သည္။သို႔ေသာ္၊ မီတာခတိုးသလို လစာက မတိုးသျဖင့္ တိုးလာေသာ မီတာခသည္ မျဖစ္မေန အပိုထပ္ကုန္ရေတာ့မည့္ေငြမို႔ စိတ္ပါလက္ပါ ေပးခ်င္တာေတာ့မဟုတ္။ထို႔ေၾကာင့္ ျပည္သူအမ်ားစုက ေမးခြန္းထုတ္သလို မီတာခတိုးျခင္းေၾကာင့္ ဝန္ေဆာင္မႈေရာ ေကာင္းမွာလားဟု ဆိုျခင္းအေပၚ ျဖစ္သင့္ေသာ ေမးခြန္းတစ္ရပ္ဟု ေထာက္ခံမိသည္။

ဝန္ေဆာင္မႈဆိုသည္မွာ အဘယ္နည္း။က်ေနာ္ႀကဳံေတြ႕ခဲ့သလို မီအား က်ျခင္း၊ တက္ျခင္း စသည့္ ျပႆနာမ်ိဳးကင္းျခင္း၊ မိမိအမွန္တကယ္သုံးသည့္ ယူနစ္အတိုင္းသာ မီတာခေပးေခ်ရျခင္းႏွင့္ လွ်ပ္စစ္ပုံမွန္ရရွိေရးဟု နားလည္မိသည္။အထူးသျဖင့္ ေႏြတြင္ ေရမရွိေတာ့သျဖင့္ အလွည့္က်မီးရသည့္ ဘဝမ်ိဳးမွ ကင္းေဝးရေလေအာင္ ၁၂ လရာသီ မိုးခ်ည္း႐ြာပါေစဟု ဆုေတာင္းရမည္ကို သေဘာမက်။ဆိုလိုတာက ေရမရွိလည္း အျခားတစ္နည္းနည္းျဖင့္ လွ်ပ္စစ္မီးရသည့္ ဝန္ေဆာင္မႈမ်ိဳး။ျဖစ္ႏိုင္လွ်င္ ၂၄ နာရီျပည့္ မီးလိုခ်င္ၾကသည္။မျဖစ္ႏိုင္ေသးပါက အမ်ားျပည္သူ လွ်ပ္စစ္မီးရကိုရမွျဖစ္မည့္ ညဦးပိုင္းလိုမ်ိဳး၊ ထမင္းဟင္းခ်က္ခ်ိန္လိုမ်ိဳးတြင္ မီးမပ်က္ေစခ်င္။

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က မီတာခႏွင့္ညီမွ်ေသာ ဝန္ေဆာင္မႈကို ေနာင္တစ္ႏွစ္ (သို႔မဟုတ္) တစ္ႏွစ္ခြဲခန႔္အၾကာတြင္ ရႏိုင္မည္ဟု ဇြန္ ၂၉ ရက္ေန႔၊ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့သည္။

ဘဝေပးအေျခအေနအရ အရာရာကို ဆႏၵေစာေလ့ရွိေသာ ျပည္သူမ်ားကို ခုပဲတြင္းတူး၊ ခုပဲေရၾကည္ေသာက္ခ်င္၍ မရေၾကာင္း ဆႏၵမေစာမိေစရန္ တည့္တည့္ေျပာလိုက္ျခင္းဟု ထင္၏။တစ္ႏွစ္ (သို႔မဟုတ္) တစ္ႏွစ္ခြဲဟု ဆိုေလေတာ့ လာမည့္ေႏြေရာက္လွ်င္ သိသာေသာ ရလဒ္ေကာင္းအခ်ိဳ႕ကို ျပည္သူတို႔ရရွိႏိုင္မည္ဟုလည္း ထင္၏။

ထို႔ျပင္ ယခုတိုးလိုက္ေသာ မီတာခႏႈန္းထားအတိုင္း ဆိုပါက ျမန္မာႏိုင္ငံတြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံကာ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးလိုသူတို႔အတြက္ အဆင္ေျပေခ်ာေမြ႕ႏိုင္ေၾကာင္း ရန္ကုန္တြင္ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးခြင့္ရရန္ လာေရာက္ဆက္သြယ္မႈမ်ားလည္းရွိေၾကာင္း ဝန္ႀကီးခ်ဳပ္က သတင္းေကာင္းထပ္ေပးသည္။

လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျဖန႔္ျဖဴးေရးကို ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဝင္လာပါက လွ်ပ္စစ္ကြန္ရက္ ခ်ဲ႕ထြင္ေရးအတြက္ အစိုးရ တစ္ကိုယ္ေတာ္ မႏိုင္ဝန္ထမ္းေနရမႈမွ ေလ်ာ့ပါးသက္သာသြားႏိုင္သလို ဝန္ေဆာင္မႈေကာင္းကိုလည္း ပိုေမွ်ာ္လင့္လို႔ရႏိုင္သည္။မည္သို႔မွ် ေခတ္မမီေတာ့သည့္ ေလေပၚရႈပ္ေထြးေနေသာ ဓာတ္ႀကိဳးမ်ား တစ္ခ်ိန္ခ်ိန္တြင္ ေျမေအာက္မွသြားရန္ စတင္ၿပီျဖစ္ေသာ လမ္းဟူ၍ ေမွ်ာ္လင့္ႏိုင္ပါသည္။

အထက္ပါေဖာ္ျပခ်က္မ်ားမွာ လာမည့္ တစ္ႏွစ္ေက်ာ္ကာလႏွင့္ တစ္ခ်ိန္ခ်ိန္ဆီသို႔ ေမွ်ာ္မွန္းခ်က္ႏွင့္ ျဖစ္ႏိုင္ေခ်မ်ား ျဖစ္သည္။ျပည္သူအမ်ားစုမွာ လာမည့္တစ္ႏွစ္ထက္ လက္ရွိကို ပိုစိတ္ဝင္စားၾကသည္။ျပည္သူအမ်ားစုမွာ အရႈံးခံ လွ်ပ္စစ္ေပးေနေၾကာင္း ယခင္ကတည္းက နားစြန္နားဖ်ား သိရွိၿပီးျဖစ္သျဖင့္ မီတာခေဈးတက္ျခင္းအေပၚ နားလည္လက္ခံလိုက္ၾကေသာ္လည္း မီတာခေဈးတက္ျခင္းေၾကာင့္ ျဖစ္လာႏိုင္သည့္ ကုန္ေဈးႏႈန္းတက္လာမွာကိုမူ ထိတ္လန႔္ၾကသည္။

ယင္းႏွင့္ပတ္သက္၍ အယူအဆႏွစ္ခု ထြက္ေပၚလာသည္။ပထမတစ္ခုမွာ ကုန္ေဈးႏႈန္း အနည္းငယ္တက္လာမည္ဟူ၍ ျဖစ္သည္။ေနျပည္ေတာ္၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာန႐ုံး၌ ျပဳလုပ္ေသာ သတင္းထုတ္ျပန္ျခင္း အခမ္းအနားတြင္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာနမွ ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးေဌးေအာင္ က မီတာခေဈးတက္ျခင္းကို ဘက္စုံစဥ္းစားၿပီးမွ ေဆာင္႐ြက္ျခင္းျဖစ္သလို ကုန္ေဈးႏႈန္းအတြက္လည္း ထည့္စဥ္းစားခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။အၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္ က မီတာခတိုး၍ ကုန္ေဈးႏႈန္းအနည္းငယ္သာ တိုးမည္ဟုလည္း ေျပာသည္။

ကုန္ပစၥည္းတစ္ခုခု ထြက္ရွိလာဖို႔ရာ လွ်ပ္စစ္တစ္ခုတည္းသာ လိုအပ္ျခင္းမဟုတ္သျဖင့္ မီတာခေၾကာင့္ ကုန္ေဈးႏႈန္းသိပ္မတက္။ဆိုလိုတာက ကုန္ပစၥည္းတစ္ခု ထြက္လာျခင္းသည္ သက္ဆိုင္ရာ ကုန္ၾကမ္း၊ လူ၊ အေဆာက္အဦး၊ စက္၊ လွ်ပ္စစ္ စသည္တို႔၏ ေပါင္းစပ္မႈျဖစ္သည္။ယခုေဈးတက္ျခင္းမွာ မီတာခသာ တက္ျခင္းျဖစ္၍ တစ္စိတ္တစ္ပိုင္းသာ ေဈးတက္မည္ဟု ေကာက္ခ်က္ခ်သည့္ သေဘာျဖစ္သည္။

ေနာက္အယူအဆတစ္ခုမွာမူ မီတာခတိုးျမႇင့္ျခင္းေၾကာင့္ ကုန္ေဈးႏႈန္းမတက္ႏိုင္ဟု ဆိုသည္။ဇြန္၂၉ ရက္ေန႔၊ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ သတင္းစာရွင္းလင္းပြဲတြင္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ေျပာၾကားလိုက္ျခင္းျဖစ္သည္။

သူက လွ်ပ္စစ္လုံေလာက္စြာ မရျခင္းေၾကာင့္သာ ထုတ္လုပ္မႈစရိတ္ ႀကီးေလးျခင္းျဖစ္ေၾကာင္း လွ်ပ္စစ္မီးမလာသျဖင့္ မီးစက္ဝယ္ထားရသလို မီးစက္ေမာင္းရန္ ဒီဇယ္ကိုလည္း သိုေလွာင္ထားရေၾကာင္း ဒီဇယ္ျဖင့္ ေမာင္းျခင္းသည္ အစိုးရလွ်ပ္စစ္ထက္ ၅ ဆခန႔္ ေဈးပိုႀကီးျမင့္ေၾကာင္း ၎ကေျပာသည္။

ပထမေျပာတုန္းက တိုးျမႇင့္လိုက္သည့္ မီတာခႏွင့္ ညီမွ်ေသာ ဝန္ေဆာင္မႈမ်ိဳးကို ေနာက္တစ္ႏွစ္ (သို႔မဟုတ္) တစ္ႏွစ္ခြဲခန႔္ၾကာမွ ရရွိမည္ဟု ေျပာခဲ့သည္။ၿပီးေတာ့၊ ထပ္ေျပာတာက မီတာခတိုးျမႇင့္ျခင္းေၾကာင့္ ကုန္ေဈးႏႈန္းမတက္၊ လွ်ပ္စစ္လုံေလာက္စြာ မရျခင္းေၾကာင့္သာ ထုတ္လုပ္မႈစရိတ္ ႀကီးေလးျခင္းဟုဆိုသည္။

ေသခ်ာတာက ျမန္မာႏိုင္ငံရွိ စက္မႈဇုန္မ်ားသည္ ယေန႔အထိ လွ်ပ္စစ္မီးလုံေလာက္စြာ မရရွိေသးသလို ေႏြရာသီဆို လွ်ပ္စစ္မီးရရွိခ်ိန္ ပို၍နည္းေပသည္။လွ်ပ္စစ္မီး လုံေလာက္စြာမရသျဖင့္ မီးစက္သုံးရသည္။ထို႔ေၾကာင့္ ထုတ္လုပ္မႈစရိတ္ႀကီးသည္။ယင္းမွာ အားလုံးသိေသာ လက္ရွိ ျမန္မာႏိုင္ငံ၏ အေျခအေနျဖစ္သည္။
ယင္းအေျခအေနကို ျဖတ္ေက်ာ္ကာ လွ်ပ္စစ္မီးလုံေလာက္စြာ ရရွိႏိုင္ေခ်မွာ ဝန္ႀကီးခ်ဳပ္အဆိုအရ ေနာက္တစ္ႏွစ္ (သို႔မဟုတ္) တစ္ႏွစ္ခြဲခန႔္ အၾကာတြင္ျဖစ္သည္။ဆိုလိုတာက မီတာခတိုးလိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ ဝန္ေဆာင္မႈခ်က္ခ်င္းေကာင္းကာ ခ်က္ခ်င္း လွ်ပ္စစ္လုံေလာက္မည္ မဟုတ္ေပ။

ထို႔ေၾကာင့္ မီတာခလည္းတက္၊ လွ်ပ္စစ္လည္း မလုံေလာက္သည့္ အေျခအေနတြင္ မီတာခတက္သျဖင့္ ကုန္ေဈးႏႈန္းမတက္ႏိုင္ဟု ဆိုျခင္းမွာ မ်က္လုံးစုံမွိတ္ အျငင္းသန္ျခင္း (သို႔မဟုတ္) ရွိလာမည့္ ျပႆနာကို မရွိဟု စုံမွတ္ျငင္းဆန္ကာ ထြက္ေျပးျခင္းျဖစ္သည္။

ျပႆနာမရွိဟု ယူဆပါက ဘာမွလုပ္စရာမရွိ။ျပႆနာရွိသည္ဟု ယူဆပါက အစိုးရတစ္ရပ္အေနႏွင့္ ျပႆနာကို အညင္သာဆုံးႏွင့္ သက္ေရာက္မႈအနည္းဆုံးျဖစ္မည့္ နည္းလမ္းမ်ားျဖင့္ ကိုင္တြယ္ရေပမည္။အစိုးရအေနႏွင့္ ကုန္ေဈးႏႈန္းအတက္အက်ကို ထိန္းခ်ဳပ္၍မရေသာ္လည္း လုပ္ငန္းရွင္မ်ားကို ထိန္းေက်ာင္းႏိုင္သည့္ အခြင့္အာဏာရွိသည္။

အစိုးရႏွင့္ အနီးဆုံးတြင္ရွိေနေသာ ကုန္သည္/စက္မႈအသင္းခ်ဳပ္ကဲ့သို႔ လုပ္ငန္းရွင္အသင္းအဖြဲ႕မ်ားႏွင့္ တိုင္ပင္ႏိုင္သည္။ပူးေပါင္းေဆာင္႐ြက္ႏိုင္သည္။ထိန္းေက်ာင္းႏိုင္သည္။မီတာခကို အေၾကာင္းျပကာ အျမတ္ႀကီးစားလိုသူတို႔၏ ေလာဘကို ႀကိဳတင္ဟန႔္တားႏိုင္မည္ျဖစ္သလို တက္သင့္သည့္ ကုန္ေဈးႏႈန္းေအာက္သာတက္ရန္ နည္းလမ္းမ်ား ရွာေဖြႏိုင္ေပမည္။ထို႔ေၾကာင့္ ျဖစ္ႏိုင္ေခ်ရွိေသာ ကုန္ေဈးႏႈန္း အနည္းငယ္တက္ႏိုင္သည္ဆိုသည့္ အျမင္ကို စုံမွတ္မျငင္းဆန္ဘဲ လက္ခံထားရန္ လိုေပမည္။

လက္ရွိအခ်ိန္တြင္ တက္မွျဖစ္မည့္ မီတာခကို ျပည္သူကိုယ္တိုင္ ျပန္လည္ခုခံႏိုင္မည့္ နည္းလမ္းမွာ လွ်ပ္စစ္မီးကို မျဖဳန္းတီးမိေစေရးျဖစ္ၿပီး အစိုးရႏွင့္ လုပ္ငန္းရွင္တို႔ ပူးေပါင္းခုခံႏိုင္မည့္ နည္းလမ္းမွာ ကုန္ေဈးႏႈန္း အနည္းငယ္သာတက္ေအာင္ နည္းလမ္းရွာေရး ျဖစ္သည္။

မ်ိဳးၫြန႔္(Popular News)
ဇူလိုင္ - ၂၄