【 ဆောင်းပါး 】 မေးခွန်းထုတ်နေသော မင်္ဂလာတောင်ညွန့် တည်းခိုခန်း လူသတ်မှု

【 ဆောင်းပါး 】 မေးခွန်းထုတ်နေသော မင်္ဂလာတောင်ညွန့် တည်းခိုခန်း လူသတ်မှု

အခုနောက်ပိုင်း ကြားကြားသမျှ အသတ်အဖြတ် သတင်းများက ဖြုံရလောက်အောင် ယခင်က ဗီဒီယို၊ ရုပ်ရှင်များတွင်သာ မြင်ခဲ့ဖူးသည်များဖြစ်၏။အိမ်ပေါ်သို့ ဓားဖြင့်တက်ခုတ်သွားတာမျိုး၊ အိမ်ပေါ်တက်ပြီး သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့တာမျိုး၊ လူအသွားအလာများသည့် လမ်းမပေါ်တွင်ပင် ဓားရှည်တရမ်းရမ်းဖြင့် ခုတ်သတ်လိုက်တာမျိုး။ထိုသို့ဆိုတော့ ယခုလို ရက်ရက်စက်စက် လုပ်ရဲလောက်အောင်ကို မည်သို့သော အချင်းအရာများက တွန်းပို့လိုက်တာလဲဟု ထပ်စိတ်ဝင်စားရပြန်သည်။
    

များသောအားဖြင့် မှုခင်းတစ်ခုဖြစ်ပြီဆို သတင်းစာများတွင် ဖော်ပြသလောက်သာ ဖတ်ရပြီး သတင်းစာများကလည်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ကိုသာ အခြေတည်ရေးသားကြတာမို့ လူသတ်မှုဖြစ်ရခြင်း၏ နောက်ကွယ်မှ အချင်းအရာများကို သေချာမသိရ၊ ပြောရလျှင် ချဉ်ခြင်းမပြေ။ဥပမာ - အများပြည်သူ စိတ်ဝင်စားသော မင်္ဂလာတောင်ညွန့် ရွိုင်ရယ်တည်းခိုခန်း လူသတ်မှုဆိုလျှင် ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်သာ သိရပါက အပေါ်ယံမျှသာ သိရုံဖြင့် ပြီးသွားမည့်သဘော ဖြစ်သည်။
    

သတင်းအစဉ်အဆက်ကိုကြည့်။စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ အဆိုပါတည်းခိုခန်းသို့ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ အမည်မသိ အမျိုးသားတစ်ဦး ဝမ်းဗိုက်နှင့် ကျောပြင်၌ ထိုးသွင်းဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်းသိရ။၎င်းနှင့်အတူ လာရောက်တည်းခိုသော အမျိုးသမီးမှာ ထိုအမျိုးသား သေဆုံးကြောင်း ဟိုတယ်မှ မသိရှိမီ အချိန်ကတည်းက တည်းခိုခန်းမှ တစ်ဦးတည်း ပြန်လည်ထွက်ခွာသွားသဖြင့် မည်သူမည်ဝါမှန်း မသိလိုက်ရ။ရန်ကုန် တည်းခိုခန်း၊ ဟိုတယ်အများစု၏ ထုံးစံအတိုင်း အချိန်ပိုင်း လာရောက်တည်းခို နေထိုင်သော စုံတွဲများကို မှတ်ပုံတင်ရယူခြင်း မရှိသဖြင့် စီစီတီဗီမှတ်တမ်းကလွဲ ကျန်မည်သည့်အထောက်အထားမျှမရှိ။ဆိုတော့၊ အမျိုးသမီးက အမျိုးသားကိုသတ်ပြီး ထားခဲ့သည့်သဘော။တည်းခိုခန်းတွင် အတူလာပြီးမှ အတူနေရန် လက်မခံခြင်းကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သတ်တာတော့ မဖြစ်နိုင်။ပြီးတော့ အမျိုးသမီးက အမျိုးသားကို သတ်ခြင်းနှင့် ဘာ့ကြောင့်လဲဆိုသည့် မေးခွန်းကို မဖြေဆိုနိုင်သေးခြင်းအရ စိတ်ဝင်စားစရာ ဖြစ်ရသည်။ဒါက ၁၇ ရက်နေ့ မနက် သတင်းများအရ သိရခြင်းဖြစ်သည်။
    

သိပ်တောင်မကြာသော နောက် ၅ ရက်မြောက်နေ့၊ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် သတ်ဖြတ်သည်ဟု သံသယရှိသူ အမျိုးသမီးကို စက်တင်ဘာ၂၁ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဒေါ်ပုံမြို့၊ ယမုံနာ (၂) ရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ ဖမ်းဆီးရမိကြောင်း သိရသည်။သူမ၏ အမည်က မလင်းလင်းခိုင် (၃၉ နှစ်)။

    
စစ်ဆေးချက်အရ သေဆုံးသူနှင့် ၎င်းတို့မှာ ဖေ့စ်ဘုတ်မှတစ်ဆင့် သမီးရည်းစားဖြစ်၊ သေဆုံးသူက လူပျိုဖြစ်ကြောင်း လိမ်ညာသည်ကို ယုံကြည်သဖြင့် အတူနေထိုင်ဖြစ်၊ ပြီးခဲ့သည့် ဇူလိုင်က မြဝတီတွင် အလုပ်လုပ်ရန် ခေါ်ဆောင်သွားပြီးနောက် သေဆုံးသူက ကွမ်းဝယ်ရန်ဟုဆိုကာ ထွက်သွားပြီးနောက် ပြန်မလာ။ထိုအချိန်တွင် အမည်မသိ အမျိုးသမီးတစ်ဦးက ထိုင်းသို့ပို့ပေးမည်ဟု လာပြောသဖြင့် ကြောက်လန့်ထွက်ပြေးကာ ရန်ကုန်သို့ ပြန်ရောက်။ယင်းအပေါ် နာကြည်းစိတ်ဖြင့် ထီပေါက်သည်ဟု လိမ်ညာခေါ်ကာ ရွိုင်ရယ်တည်းခိုခန်းတွင် အတူနေပြီးနောက် ရွှေဆွဲကြိုးအတု ဆွဲပေးခဲ့။ထို့နောက် သေဆုံးသူ လှဲအိပ်နေစဉ် ယူဆောင်လာသော ဓားဖြင့် ၂ ချက် ထိုးခဲ့။ဒါက ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ဖြစ်သည်။ယင်းထုတ်ပြန်ချက်တွင် မည်သို့မည်ပုံ စုံစမ်းဖော်ထုတ်ခဲ့ကြောင်း ဖော်ပြထားခြင်း မရှိသော်လည်း ရဲတပ်ဖွဲ့က မလင်းလင်းခိုင် ကို စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့ကြောင်း ပေါ်လွင်စေပါသည်။
    

သို့သော်၊ ယင်းအမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ပြီး နောက် ၂ နာရီခန့်အကြာ၌ မလင်းလင်းခိုင် ၏ ကိုယ်တိုင်ဝန်ခံချက် ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် တက်လာပြန်သည်။ယင်း ဗီဒီယိုဖိုင်ကို နားထောင်ကြည့်လိုက်တော့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ကွဲလွဲချက်များ ရှိသည်ကို တွေ့ရသလို သတ်ပစ်ရခြင်း၏ နောက်ခံအကြောင်းရင်းကိုလည်း အသေးစိတ် သိရှိရသည်။ထို့ပြင် ဗီဒီယိုဖိုင်ထဲတွင် ၎င်းကိုယ်တိုင် ရဲစခန်း၌ အဖမ်းခံမည်ဟု ဝန်ခံထားသလို နောက်တစ်ရက်ထုတ် 7Day Daily သတင်းအရ မလင်းလင်းခိုင် ကို အကူအညီပေးနေသူ မအိသဇင်ထွန်း က သူမကိုယ်တိုင် ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ ဖုန်းဆက်၍ လာဖမ်းရန် အကူအညီတောင်းခံခဲ့ကြောင်း ဖော်ပြထားသည်။
    

ယင်းအချက်အရ မလင်းလင်းခိုင် မှာ ရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်မှုအရ ဖမ်းမိခြင်းမဟုတ်ဘဲ ၎င်းကိုယ်တိုင် အဖမ်းခံခြင်းဖြစ်ကြောင်း ကွဲလွဲချက်တစ်ချက် ဖြစ်သည်။(ယင်းကွဲလွဲချက်မှာ ယခုအချိန်တွင် အရေးမပါဟု ထင်ရသော်လည်း တရားရုံးစစ်ဆေးသည့်အခါတွင်မူ  ရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခြင်းမှာ အကျိုးသက်ရောက်မှုတစ်ခု ရှိလာမည်ဖြစ်သည်။)
    

ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဗီဒီယိုဖိုင် တူညီသည့်အချက်မှာ ကာမသွေးဆောင်သည်။မြဝတီသို့ ခေါ်ဆောင်ကာ ပစ်ထားခဲ့သဖြင့် ရန်ကုန်သို့ ပြန်လာခဲ့သည်အထိ ဖြစ်သည်။ရန်ကုန်သို့ ပြန်ရောက်ပြီးနောက် တရားဥပဒေ၏ အကူအညီ ရယူရာတွင် ငြင်းပယ်ခံရကြောင်းတော့ ရဲထုတ်ပြန်ချက်၌ မပါ။
    

မလင်းလင်းခိုင် ၏ ကိုယ်တိုင်ဝန်ခံချက် ဗီဒီယိုဖိုင်ထဲတွင် ရန်ကုန်သို့ ပြန်ရောက်လာပြီးနောက် တောင်ဒဂုံရဲစခန်းသို့ သွားရောက် အမှုဖွင့်ခဲ့သည်။တောင်ဒဂုံရဲစခန်းက ဧရာဝဏ်ရဲစခန်းသို့ သွားရန် လမ်းညွှန်သည်။ဧရာဝဏ်ရဲစခန်းရောက်တော့ တောင်ဒဂုံရဲစခန်းသို့ ပြန်လွှဲပြောင်းပြန်သည်။ဆက်လက်ပြီးတောင် ဒဂုံရဲစခန်းက တရားရုံးသို့ ဦးတိုက် လျှောက်ထားခိုင်းပြန်သည်။တောင်ဒဂုံတရားရုံး ရောက်ပြန်တော့ ဥပဒေအရာရှိက မြဝတီ၌ ဖြစ်ပွားခဲ့ခြင်းကြောင့် မြဝတီတရားရုံးသို့ သွားရန် ထပ်မံလမ်းညွှန်ပြန်သည်တဲ့။

    
7Day Daily သတင်းအရ မလင်းလင်းခိုင် မှာ ၄ တန်းအထိသာ ကျောင်းနေခဲ့ဖူးသူ။မြန်မာနိုင်ငံရှိ အတန်းပညာအားနည်းသူ အများစု၏ ထုံးစံမှာ ရုံးပြင်ကနားတင်မက ဌာနဆိုင်ရာများနှင့်ပါ မတတ်သာသည့်အဆုံးမှ ထိတွေ့ဆက်ဆံလေ့ရှိသူများ ဖြစ်သည်။
ထိုသို့သော မလင်းလင်းခိုင် မှာ ကာမလည်း လိမ်လည်ခံရ၊ နယ်စပ်မြို့တွင် စွန့်ပစ်ခံခဲ့ရသည့်အပြင် လူကုန်ကူးခံရမည့် အနေအထားဟု ထင်မြင်ရသော အခြေအနေမှ ကြောက်လန့်တကြား ပြန်ပြေးခဲ့ရခြင်းအရ နာကြည်းစိတ် ကြီးမားခြင်းကြောင့်သာ ရဲစခန်းသို့ အရဲစွန့် သွားအကူအညီတောင်းခြင်းဟု နားလည်မိသည်။
    

သို့သော်၊ ကူညီပါရစေဟု ဆိုင်းဘုတ်ကြီး တင်ထားသော ရဲစခန်းများထံမှ အကူအညီက မရ။ဟိုလမ်းညွှန် ဒီလမ်းညွှန်ဖြင့် ပြီးစလွယ် လမ်းညွှန်ခြင်းဖြင့်သာ ကြုံခဲ့ရသည်။ရဲတပ်ဖွဲ့၏ တာဝန်မှာ ပြည်သူတို့ လုံခြုံမှုရှိစွာဖြင့် ဥပဒေဘောင်အတွင်း အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ပြည်သူတို့၏ ဒုက္ခများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရေး ဖြစ်သည်။သို့သော်၊ တကယ့်လက်တွေ့တွင်မူ ထိရောက်သော ကူညီမှုမရ။မိမိ အလုပ်မရှုပ်လျှင်ပြီးရော ဟိုလွှဲဒီညွှန်လုပ်သည့် သဘောမျိုး။
တစ်နေရာ သွားတော့လည်း အဆင်မပြေ၊ နောက်တစ်နေရာ သွားတော့လည်း မပြေ။နောက်ဆုံး၊ တရားရုံးရောက်တော့လည်း မြဝတီတရားရုံးသို့ သွားရမည်ဆိုတော့ သူ့ခမျာ ဘယ်လောက်စိတ်ပင်ပန်းလိုက်လေမည်နည်း။နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု အခြေခံဥပဒေပုဒ်မ ၃၄၇ ပါ နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်ကို သူမ ရ၊ မရ မေးခွန်းထုတ်စရာ ဖြစ်လာရသည်။
    

ဒါက ဗီဒီယိုဖိုင်ကို ကြည့်ပြီးနောက် ဖြစ်ပေါ်လာသော ကျွန်တော့် ခံစားမှုဖြစ်သည်။ယင်းဗီဒီယိုဖိုင်ပါ မလင်းလင်းခိုင် ၏ စကားများမှာ လုံးဝမှန်မည်ဟုတော့ တစ်ဖက်သတ် ကောက်ချက်ချလို့ မရမှန်းလည်း နားလည်ပါသည်။
    

ဟုတ်ပြီ။ဗီဒီယိုဖိုင်ပါ စကားအတိုင်း မှန်ခဲ့သော် မလင်းလင်းခိုင် သည် ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို မရခဲ့သဖြင့် ၎င်း၏ နာကျဉ်းချက်ကို ဥပဒေမဲ့ ဖြေရှင်းခြင်းနည်းဖြင့် ဖွင့်ချလိုက်သည်ဟု ကောက်ယူရပေမည်။နောက်ဆက်တွဲ ဆက်စဉ်းစားမည်ဆိုပါက ယခုလူသတ်မှုဖြစ်ခြင်း၏ နောက်ခံအကြောင်းတရားတွင် သက်ဆိုင်ရာတို့၏ တာဝန်ပျက်ကွက်မှုသည်လည်း အကြောင်းအချက် တစ်ရပ်အနေနှင့် ပါဝင်နေသလားဟူ၍ မေးခွန်းထုတ်ရပေမည်။
    

ထို့ပြင်၊ ယင်းဗီဒီယိုဖိုင်မှာ လူမသိသူမသိ တိုးတိုးတိတ်တိတ် မဟုတ်။စက်တင်ဘာ ၂၂ ရက် နေ့၊ ည ၈ နာရီခန့်အထိ မလင်းလင်းခိုင် ၏ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ကိုးသိန်းခွဲကျော်ရှိ ပြီး ပြန်လည်မျှဝေသူ နှစ်သောင်းခွဲကျော် ရှိကြောင်း 7Day Daily သတင်းက ဖော်ပြသည်။ဆိုလိုတာက ယင်းဗီဒီယိုဖိုင်မှာ အများပြည်သူကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိပြီးဖြစ်၍ ထွက်ကျလာသော မေးခွန်းများကလည်း အသံထွက်ကျယ်ခဲ့ပြီး ဖြစ်သည်။
    

ထို့ကြောင့် ရဲတပ်ဖွဲ့ ဆောင်ရွက်ချက်အပေါ် ပြည်သူတို့ သံသယမရှိစေရန် လိုသည်။ထို့ကြောင့် ယင်း ဗီဒီယိုဖိုင်ပါ စကားများမှာ မှန်၊ မမှန် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ပေးရန် လိုပါမည်။ထို့ပြင် သက်ဆိုင်ရာ ရဲစခန်းများက ဘာ့ကြောင့် အမှုမဖွင့်ပေးခဲ့သနည်းနှင့် ရဲအရေးပိုင် ဟုတ်၊ မဟုတ် စုံစမ်းဖော်ထုတ်ကာ ပြည်သူတို့ထံ ရောက်ရှိရန်အလို့ငှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပေးရန် လိုသလို နောက်နောင် အမှုဖွင့်လိုသူ ပြည်သူများအနေနှင့် မည်သို့မည်ပုံေ ဆာင်ရွက်ရမည်နှင့် အမှုမဖွင့်ပေးပါက မည်သို့မည်ပုံ တိုင်ကြားရမည်ကိုပါ ပြည်သူနားသို့ မြန်မြန်ရောက်အောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်ပြီဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။

မျိုးညွန့်(Popular News)
အောက်တိုဘာ - ၃

( Zawgyi )

အခုေနာက္ပိုင္း ၾကားၾကားသမွ် အသတ္အျဖတ္ သတင္းမ်ားက ၿဖဳံရေလာက္ေအာင္ ယခင္က ဗီဒီယို၊ ႐ုပ္ရွင္မ်ားတြင္သာ ျမင္ခဲ့ဖူးသည္မ်ားျဖစ္၏။အိမ္ေပၚသို႔ ဓားျဖင့္တက္ခုတ္သြားတာမ်ိဳး၊ အိမ္ေပၚတက္ၿပီး ေသနတ္ျဖင့္ အနီးကပ္ပစ္သတ္ခဲ့တာမ်ိဳး၊ လူအသြားအလာမ်ားသည့္ လမ္းမေပၚတြင္ပင္ ဓားရွည္တရမ္းရမ္းျဖင့္ ခုတ္သတ္လိုက္တာမ်ိဳး။ထိုသို႔ဆိုေတာ့ ယခုလို ရက္ရက္စက္စက္ လုပ္ရဲေလာက္ေအာင္ကို မည္သို႔ေသာ အခ်င္းအရာမ်ားက တြန္းပို႔လိုက္တာလဲဟု ထပ္စိတ္ဝင္စားရျပန္သည္။
    

မ်ားေသာအားျဖင့္ မႈခင္းတစ္ခုျဖစ္ၿပီဆို သတင္းစာမ်ားတြင္ ေဖာ္ျပသေလာက္သာ ဖတ္ရၿပီး သတင္းစာမ်ားကလည္း ရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္ကိုသာ အေျခတည္ေရးသားၾကတာမို႔ လူသတ္မႈျဖစ္ရျခင္း၏ ေနာက္ကြယ္မွ အခ်င္းအရာမ်ားကို ေသခ်ာမသိရ၊ ေျပာရလွ်င္ ခ်ဥ္ျခင္းမေျပ။ဥပမာ - အမ်ားျပည္သူ စိတ္ဝင္စားေသာ မဂၤလာေတာင္ၫြန႔္ ႐ြိဳင္ရယ္တည္းခိုခန္း လူသတ္မႈဆိုလွ်င္ ရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္သာ သိရပါက အေပၚယံမွ်သာ သိ႐ုံျဖင့္ ၿပီးသြားမည့္သေဘာ ျဖစ္သည္။
    

သတင္းအစဥ္အဆက္ကိုၾကည့္။စက္တင္ဘာ ၁၆ ရက္ေန႔ နံနက္ ၁၀ နာရီ ၄၅ မိနစ္ခန႔္တြင္ လူသတ္မႈျဖစ္ပြားေၾကာင္း သတင္းအရ အဆိုပါတည္းခိုခန္းသို႔ ရဲတပ္ဖြဲ႕မွ သြားေရာက္စစ္ေဆးရာ အမည္မသိ အမ်ိဳးသားတစ္ဦး ဝမ္းဗိုက္ႏွင့္ ေက်ာျပင္၌ ထိုးသြင္းဒဏ္ရာတို႔ျဖင့္ ေသဆုံးေနေၾကာင္းသိရ။၎ႏွင့္အတူ လာေရာက္တည္းခိုေသာ အမ်ိဳးသမီးမွာ ထိုအမ်ိဳးသား ေသဆုံးေၾကာင္း ဟိုတယ္မွ မသိရွိမီ အခ်ိန္ကတည္းက တည္းခိုခန္းမွ တစ္ဦးတည္း ျပန္လည္ထြက္ခြာသြားသျဖင့္ မည္သူမည္ဝါမွန္း မသိလိုက္ရ။ရန္ကုန္ တည္းခိုခန္း၊ ဟိုတယ္အမ်ားစု၏ ထုံးစံအတိုင္း အခ်ိန္ပိုင္း လာေရာက္တည္းခို ေနထိုင္ေသာ စုံတြဲမ်ားကို မွတ္ပုံတင္ရယူျခင္း မရွိသျဖင့္ စီစီတီဗီမွတ္တမ္းကလြဲ က်န္မည္သည့္အေထာက္အထားမွ်မရွိ။ဆိုေတာ့၊ အမ်ိဳးသမီးက အမ်ိဳးသားကိုသတ္ၿပီး ထားခဲ့သည့္သေဘာ။တည္းခိုခန္းတြင္ အတူလာၿပီးမွ အတူေနရန္ လက္မခံျခင္းေၾကာင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္ၿပီး သတ္တာေတာ့ မျဖစ္ႏိုင္။ၿပီးေတာ့ အမ်ိဳးသမီးက အမ်ိဳးသားကို သတ္ျခင္းႏွင့္ ဘာ့ေၾကာင့္လဲဆိုသည့္ ေမးခြန္းကို မေျဖဆိုႏိုင္ေသးျခင္းအရ စိတ္ဝင္စားစရာ ျဖစ္ရသည္။ဒါက ၁၇ ရက္ေန႔ မနက္ သတင္းမ်ားအရ သိရျခင္းျဖစ္သည္။
    

သိပ္ေတာင္မၾကာေသာ ေနာက္ ၅ ရက္ေျမာက္ေန႔၊ ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ သတ္ျဖတ္သည္ဟု သံသယရွိသူ အမ်ိဳးသမီးကို စက္တင္ဘာ၂၁ ရက္ နံနက္ ၃ နာရီ ၁၅ မိနစ္ခန႔္တြင္ ေဒၚပုံၿမိဳ႕၊ ယမုံနာ (၂) ရပ္ကြက္အတြင္းရွိ လက္ဖက္ရည္ဆိုင္တစ္ဆိုင္၌ ဖမ္းဆီးရမိေၾကာင္း သိရသည္။သူမ၏ အမည္က မလင္းလင္းခိုင္ (၃၉ ႏွစ္)။

    
စစ္ေဆးခ်က္အရ ေသဆုံးသူႏွင့္ ၎တို႔မွာ ေဖ့စ္ဘုတ္မွတစ္ဆင့္ သမီးရည္းစားျဖစ္၊ ေသဆုံးသူက လူပ်ိဳျဖစ္ေၾကာင္း လိမ္ညာသည္ကို ယုံၾကည္သျဖင့္ အတူေနထိုင္ျဖစ္၊ ၿပီးခဲ့သည့္ ဇူလိုင္က ျမဝတီတြင္ အလုပ္လုပ္ရန္ ေခၚေဆာင္သြားၿပီးေနာက္ ေသဆုံးသူက ကြမ္းဝယ္ရန္ဟုဆိုကာ ထြက္သြားၿပီးေနာက္ ျပန္မလာ။ထိုအခ်ိန္တြင္ အမည္မသိ အမ်ိဳးသမီးတစ္ဦးက ထိုင္းသို႔ပို႔ေပးမည္ဟု လာေျပာသျဖင့္ ေၾကာက္လန႔္ထြက္ေျပးကာ ရန္ကုန္သို႔ ျပန္ေရာက္။ယင္းအေပၚ နာၾကည္းစိတ္ျဖင့္ ထီေပါက္သည္ဟု လိမ္ညာေခၚကာ ႐ြိဳင္ရယ္တည္းခိုခန္းတြင္ အတူေနၿပီးေနာက္ ေ႐ႊဆြဲႀကိဳးအတု ဆြဲေပးခဲ့။ထို႔ေနာက္ ေသဆုံးသူ လွဲအိပ္ေနစဥ္ ယူေဆာင္လာေသာ ဓားျဖင့္ ၂ ခ်က္ ထိုးခဲ့။ဒါက ရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္ျဖစ္သည္။ယင္းထုတ္ျပန္ခ်က္တြင္ မည္သို႔မည္ပုံ စုံစမ္းေဖာ္ထုတ္ခဲ့ေၾကာင္း ေဖာ္ျပထားျခင္း မရွိေသာ္လည္း ရဲတပ္ဖြဲ႕က မလင္းလင္းခိုင္ ကို စုံစမ္းေဖာ္ထုတ္ ဖမ္းဆီးခဲ့ေၾကာင္း ေပၚလြင္ေစပါသည္။
    

သို႔ေသာ္၊ ယင္းအမႈႏွင့္ ပတ္သက္၍ လူမႈကြန္ရက္တြင္ ရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္ၿပီး ေနာက္ ၂ နာရီခန႔္အၾကာ၌ မလင္းလင္းခိုင္ ၏ ကိုယ္တိုင္ဝန္ခံခ်က္ ဗီဒီယိုဖိုင္ လူမႈကြန္ရက္ေပၚ တက္လာျပန္သည္။ယင္း ဗီဒီယိုဖိုင္ကို နားေထာင္ၾကည့္လိုက္ေတာ့ ရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္ႏွင့္ ကြဲလြဲခ်က္မ်ား ရွိသည္ကို ေတြ႕ရသလို သတ္ပစ္ရျခင္း၏ ေနာက္ခံအေၾကာင္းရင္းကိုလည္း အေသးစိတ္ သိရွိရသည္။ထို႔ျပင္ ဗီဒီယိုဖိုင္ထဲတြင္ ၎ကိုယ္တိုင္ ရဲစခန္း၌ အဖမ္းခံမည္ဟု ဝန္ခံထားသလို ေနာက္တစ္ရက္ထုတ္ 7Day Daily သတင္းအရ မလင္းလင္းခိုင္ ကို အကူအညီေပးေနသူ မအိသဇင္ထြန္း က သူမကိုယ္တိုင္ ခ႐ိုင္ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးထံ ဖုန္းဆက္၍ လာဖမ္းရန္ အကူအညီေတာင္းခံခဲ့ေၾကာင္း ေဖာ္ျပထားသည္။
    

ယင္းအခ်က္အရ မလင္းလင္းခိုင္ မွာ ရဲတပ္ဖြဲ႕၏ စုံစမ္းေဖာ္ထုတ္မႈအရ ဖမ္းမိျခင္းမဟုတ္ဘဲ ၎ကိုယ္တိုင္ အဖမ္းခံျခင္းျဖစ္ေၾကာင္း ကြဲလြဲခ်က္တစ္ခ်က္ ျဖစ္သည္။(ယင္းကြဲလြဲခ်က္မွာ ယခုအခ်ိန္တြင္ အေရးမပါဟု ထင္ရေသာ္လည္း တရား႐ုံးစစ္ေဆးသည့္အခါတြင္မူ  ရဲစခန္းသို႔ ကိုယ္တိုင္လာေရာက္ အဖမ္းခံျခင္းမွာ အက်ိဳးသက္ေရာက္မႈတစ္ခု ရွိလာမည္ျဖစ္သည္။)
    

ရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္ႏွင့္ ဗီဒီယိုဖိုင္ တူညီသည့္အခ်က္မွာ ကာမေသြးေဆာင္သည္။ျမဝတီသို႔ ေခၚေဆာင္ကာ ပစ္ထားခဲ့သျဖင့္ ရန္ကုန္သို႔ ျပန္လာခဲ့သည္အထိ ျဖစ္သည္။ရန္ကုန္သို႔ ျပန္ေရာက္ၿပီးေနာက္ တရားဥပေဒ၏ အကူအညီ ရယူရာတြင္ ျငင္းပယ္ခံရေၾကာင္းေတာ့ ရဲထုတ္ျပန္ခ်က္၌ မပါ။
    

မလင္းလင္းခိုင္ ၏ ကိုယ္တိုင္ဝန္ခံခ်က္ ဗီဒီယိုဖိုင္ထဲတြင္ ရန္ကုန္သို႔ ျပန္ေရာက္လာၿပီးေနာက္ ေတာင္ဒဂုံရဲစခန္းသို႔ သြားေရာက္ အမႈဖြင့္ခဲ့သည္။ေတာင္ဒဂုံရဲစခန္းက ဧရာဝဏ္ရဲစခန္းသို႔ သြားရန္ လမ္းၫႊန္သည္။ဧရာဝဏ္ရဲစခန္းေရာက္ေတာ့ ေတာင္ဒဂုံရဲစခန္းသို႔ ျပန္လႊဲေျပာင္းျပန္သည္။ဆက္လက္ၿပီးေတာင္ ဒဂုံရဲစခန္းက တရား႐ုံးသို႔ ဦးတိုက္ ေလွ်ာက္ထားခိုင္းျပန္သည္။ေတာင္ဒဂုံတရား႐ုံး ေရာက္ျပန္ေတာ့ ဥပေဒအရာရွိက ျမဝတီ၌ ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ျမဝတီတရား႐ုံးသို႔ သြားရန္ ထပ္မံလမ္းၫႊန္ျပန္သည္တဲ့။

    
7Day Daily သတင္းအရ မလင္းလင္းခိုင္ မွာ ၄ တန္းအထိသာ ေက်ာင္းေနခဲ့ဖူးသူ။ျမန္မာႏိုင္ငံရွိ အတန္းပညာအားနည္းသူ အမ်ားစု၏ ထုံးစံမွာ ႐ုံးျပင္ကနားတင္မက ဌာနဆိုင္ရာမ်ားႏွင့္ပါ မတတ္သာသည့္အဆုံးမွ ထိေတြ႕ဆက္ဆံေလ့ရွိသူမ်ား ျဖစ္သည္။
ထိုသို႔ေသာ မလင္းလင္းခိုင္ မွာ ကာမလည္း လိမ္လည္ခံရ၊ နယ္စပ္ၿမိဳ႕တြင္ စြန႔္ပစ္ခံခဲ့ရသည့္အျပင္ လူကုန္ကူးခံရမည့္ အေနအထားဟု ထင္ျမင္ရေသာ အေျခအေနမွ ေၾကာက္လန႔္တၾကား ျပန္ေျပးခဲ့ရျခင္းအရ နာၾကည္းစိတ္ ႀကီးမားျခင္းေၾကာင့္သာ ရဲစခန္းသို႔ အရဲစြန႔္ သြားအကူအညီေတာင္းျခင္းဟု နားလည္မိသည္။
    

သို႔ေသာ္၊ ကူညီပါရေစဟု ဆိုင္းဘုတ္ႀကီး တင္ထားေသာ ရဲစခန္းမ်ားထံမွ အကူအညီက မရ။ဟိုလမ္းၫႊန္ ဒီလမ္းၫႊန္ျဖင့္ ၿပီးစလြယ္ လမ္းၫႊန္ျခင္းျဖင့္သာ ႀကဳံခဲ့ရသည္။ရဲတပ္ဖြဲ႕၏ တာဝန္မွာ ျပည္သူတို႔ လုံၿခဳံမႈရွိစြာျဖင့္ ဥပေဒေဘာင္အတြင္း ေအးခ်မ္းစြာ ေနထိုင္ႏိုင္ေရးႏွင့္ ျပည္သူတို႔၏ ဒုကၡမ်ားကို ဥပေဒႏွင့္အညီ အကာအကြယ္ေပးေရး ျဖစ္သည္။သို႔ေသာ္၊ တကယ့္လက္ေတြ႕တြင္မူ ထိေရာက္ေသာ ကူညီမႈမရ။မိမိ အလုပ္မရႈပ္လွ်င္ၿပီးေရာ ဟိုလႊဲဒီၫႊန္လုပ္သည့္ သေဘာမ်ိဳး။
တစ္ေနရာ သြားေတာ့လည္း အဆင္မေျပ၊ ေနာက္တစ္ေနရာ သြားေတာ့လည္း မေျပ။ေနာက္ဆုံး၊ တရား႐ုံးေရာက္ေတာ့လည္း ျမဝတီတရား႐ုံးသို႔ သြားရမည္ဆိုေတာ့ သူ႔ခမ်ာ ဘယ္ေလာက္စိတ္ပင္ပန္းလိုက္ေလမည္နည္း။ႏိုင္ငံေတာ္သည္ မည္သူ႔ကိုမဆို ဥပေဒအရာတြင္ တန္းတူညီမွ် အခြင့္အေရး ရရွိေစရမည္။ထို႔ျပင္ ဥပေဒ၏ အကာအကြယ္ကိုလည္း တန္းတူညီမွ်စြာ ရယူပိုင္ခြင့္ေပးရမည္ဟု အေျခခံဥပေဒပုဒ္မ ၃၄၇ ပါ ႏိုင္ငံသားတစ္ဦး၏ ရပိုင္ခြင့္ကို သူမ ရ၊ မရ ေမးခြန္းထုတ္စရာ ျဖစ္လာရသည္။
    

ဒါက ဗီဒီယိုဖိုင္ကို ၾကည့္ၿပီးေနာက္ ျဖစ္ေပၚလာေသာ ကြၽန္ေတာ့္ ခံစားမႈျဖစ္သည္။ယင္းဗီဒီယိုဖိုင္ပါ မလင္းလင္းခိုင္ ၏ စကားမ်ားမွာ လုံးဝမွန္မည္ဟုေတာ့ တစ္ဖက္သတ္ ေကာက္ခ်က္ခ်လို႔ မရမွန္းလည္း နားလည္ပါသည္။
    

ဟုတ္ၿပီ။ဗီဒီယိုဖိုင္ပါ စကားအတိုင္း မွန္ခဲ့ေသာ္ မလင္းလင္းခိုင္ သည္ ဥပေဒ၏ ကာကြယ္ေစာင့္ေရွာက္မႈကို မရခဲ့သျဖင့္ ၎၏ နာက်ဥ္းခ်က္ကို ဥပေဒမဲ့ ေျဖရွင္းျခင္းနည္းျဖင့္ ဖြင့္ခ်လိုက္သည္ဟု ေကာက္ယူရေပမည္။ေနာက္ဆက္တြဲ ဆက္စဥ္းစားမည္ဆိုပါက ယခုလူသတ္မႈျဖစ္ျခင္း၏ ေနာက္ခံအေၾကာင္းတရားတြင္ သက္ဆိုင္ရာတို႔၏ တာဝန္ပ်က္ကြက္မႈသည္လည္း အေၾကာင္းအခ်က္ တစ္ရပ္အေနႏွင့္ ပါဝင္ေနသလားဟူ၍ ေမးခြန္းထုတ္ရေပမည္။
    

ထို႔ျပင္၊ ယင္းဗီဒီယိုဖိုင္မွာ လူမသိသူမသိ တိုးတိုးတိတ္တိတ္ မဟုတ္။စက္တင္ဘာ ၂၂ ရက္ ေန႔၊ ည ၈ နာရီခန႔္အထိ မလင္းလင္းခိုင္ ၏ ဗီဒီယိုဖိုင္ကို ၾကည့္ရႈသူ ကိုးသိန္းခြဲေက်ာ္ရွိ ၿပီး ျပန္လည္မွ်ေဝသူ ႏွစ္ေသာင္းခြဲေက်ာ္ ရွိေၾကာင္း 7Day Daily သတင္းက ေဖာ္ျပသည္။ဆိုလိုတာက ယင္းဗီဒီယိုဖိုင္မွာ အမ်ားျပည္သူၾကား က်ယ္က်ယ္ျပန႔္ျပန႔္ ေရာက္ရွိၿပီးျဖစ္၍ ထြက္က်လာေသာ ေမးခြန္းမ်ားကလည္း အသံထြက္က်ယ္ခဲ့ၿပီး ျဖစ္သည္။
    

ထို႔ေၾကာင့္ ရဲတပ္ဖြဲ႕ ေဆာင္႐ြက္ခ်က္အေပၚ ျပည္သူတို႔ သံသယမရွိေစရန္ လိုသည္။ထို႔ေၾကာင့္ ယင္း ဗီဒီယိုဖိုင္ပါ စကားမ်ားမွာ မွန္၊ မမွန္ အျခားေသာ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ စုံစမ္းေဖာ္ထုတ္ေပးရန္ လိုပါမည္။ထို႔ျပင္ သက္ဆိုင္ရာ ရဲစခန္းမ်ားက ဘာ့ေၾကာင့္ အမႈမဖြင့္ေပးခဲ့သနည္းႏွင့္ ရဲအေရးပိုင္ ဟုတ္၊ မဟုတ္ စုံစမ္းေဖာ္ထုတ္ကာ ျပည္သူတို႔ထံ ေရာက္ရွိရန္အလို႔ငွာ သတင္းစာရွင္းလင္းပြဲတစ္ရပ္ ျပဳလုပ္ေပးရန္ လိုသလို ေနာက္ေနာင္ အမႈဖြင့္လိုသူ ျပည္သူမ်ားအေနႏွင့္ မည္သို႔မည္ပုံေ ဆာင္႐ြက္ရမည္ႏွင့္ အမႈမဖြင့္ေပးပါက မည္သို႔မည္ပုံ တိုင္ၾကားရမည္ကိုပါ ျပည္သူနားသို႔ ျမန္ျမန္ေရာက္ေအာင္ ေဆာင္႐ြက္ေပးရန္လည္း လိုအပ္ၿပီျဖစ္ေၾကာင္း အႀကံျပဳလိုက္ရပါသည္။

မ်ိဳးၫြန႔္(Popular News)
ေအာက္တိုဘာ - ၃