【 ဆောင်းပါး 】 မဲပေးချင်သူတိုင်းအတွက် မဲပေးခွင့်ဆိုတာ

【 ဆောင်းပါး 】 မဲပေးချင်သူတိုင်းအတွက် မဲပေးခွင့်ဆိုတာ  

နိုဝင်ဘာ ၈ ရက်ဆိုတော့ နောက်ထပ် ၃ လကျော်ဆို ကျနော်တို့မဲပေးကြရတော့မည်။ ၃ လကျော်ဆိုသည်မှာ တွက်ကြည့်လျှင် ဘာမှမလိုတော့။ကျနော့်အတွက်တော့ မဲပေးကိုပေးမည့် ဒုတိယအကြိမ်မြောက် မဟာအခွင့်အလမ်းဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက အသက်မပြည့်သေးသဖြင့် မဲပေးခွင့်မရလိုက်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကျတော့ မယုံကြည်သဖြင့် မဲမပေးလိုက်။ ၂၀၁၅ ရွေးကောက်ပွဲကျမှသာ ကြောင်လက်သည်းလိုဝှက်ထားသော အာဏာရှင်စနစ်ကို တွန်းလှန်ရမည်ဆိုသောစိတ်ဖြင့် မိမိယုံကြည်ရာပါတီသို့ မဲထည့်ခဲ့ခြင်းဖြစ်သည်။ကျနော့်လက်သန်းတွင် စွန်းခဲ့သောမှင်အတွက် ယနေ့ထိတိုင်နောင်တရယ်မရ။စွန်းခဲ့သောမှင်ထက် သာလွန်သောရလဒ်ကောင်းများကိုရရှိခဲ့သည်ဟု ယနေ့တိုင်ယုံကြည်ဆဲ၊ ထားတော့။

ယခုဆို ၂၀၂၀ ရွေးကာက်ပွဲ ကျင်းပနိုင်ရေးဆိုင်ရာလုပ်ငန်းစဉ်များ စတင်နေလေပြီ။ဇူလိုင် ၂၀ ရက်မှစတင်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အမတ်လောင်းအမည်စာရင်း တင်သွင်းနိုင်ပြီဖြစ်သည်။ထို့ပြင် ဇူလိုင် ၁၆ ရက်မှစတင်ကာ ဆန္ဒမဲပေးလိုသည့် ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများသို့ လျှောက်ထားနိုင်လေပြီ။

ပုံစံ (၁၅) ဆိုတာက မိမိသည် မြန်မာနိုင်ငံရှိ မည်သည့်နေရာတွင်နေထိုင်ပြီး မဲပေးခွင့်ရှိသူဖြစ်ကြောင်း လျှောက်ထားသည့်ပုံစံဖြစ်သည်။ပုံစံ (၁၅) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဝက်ဆိုဒ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဆိုဒ်နှင့် သက်ဆိုင်ရာ မြန်မာသံရုံးဝက်ဆိုဒ်တို့တွင် Download ရယူ။ပုံစံ (၁၅) တွင် အချက်အလက်များဖြည့်ကာ မိမိရောက်ရှိနေသောနိုင်ငံရှိ မြန်မာသံရုံးသို့ပေးပို့။သံရုံးများတွင် ပုံစံ (၁၅) နောက်ဆုံး လက်ခံရက်မှာ သြဂုတ် ၅ ရက်နေ့ဖြစ်သည်။

ထို့နောက် လျှောက်ထားလာသော ပုံစံ (၁၅) များကို နိုင်ငံတကာရှိ မြန်မာသံရုံးအသီးသီးက မြန်မာနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့၊ ယင်းပုံစံ (၁၅) များကို နိုင်ငံခြားရေးမှ ကော်မရှင်သို့ သြဂုတ် ၁၉ ရက် နောက်ဆုံးထားပေးပို့။ကော်မရှင်က ပုံစံ (၁၅) ပါ အချက်အလက်များ မှန်၊ မမှန်နှင့် မဲပေးခွင့် ရှိ၊ မရှိ စိစစ်ရန် သက်ဆိုင်ရာမြို့နယ်ကော်မရှင်ခွဲများသို့ ပေးပို့စိစစ်စေသည်။ထို့နောက် ပုံစံ (၁၅) လျှောက်ထားသူများထဲမှ အချက်အလက်မှန်ကန်ပြီး မဲပေးခွင့်ရှိသူများအတွက် ကြိုတင်မဲလက်မှတ်များကို ကော်မရှင်-နိုင်ငံခြားရေးဝန်ကြီးဌာန-နိုင်ငံတကာရှိ မြန်မာသံရုံးအသီးသီးသို့ ပြန်လည်ပေးပို့စေကာ သံရုံးအသီးသီး၌ ဆန္ဒပြုပြီးသော ကြိုတင်မဲများကို အထက်ပါလမ်းကြောင်းအတိုင်း ကော်မရှင်သို့ အောက်တိုဘာ ၂၈ ရက်နေ့ နောက်ဆုံးထားပေးပို့ရကြောင်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များအရ သိရသည်။

ဆိုတော့၊ လက်ရှိအချိန်မှာ ပုံစံ (၁၅) တွင် အချက်အလက်များဖြည့်သွင်းကာ သက်ဆိုင်ရာသံရုံးများသို့ ပြန်လည်ပေးပို့နေသောကာလဖြစ်သည်။သို့သော်၊ ကာလယန္တယားက ကိုဗစ်ထဲကျွံကျနေသမို့ တိုင်းတစ်ပါးနိုင်ငံတွင် ပုံစံ (၁၅) တင်သည့်ကိစ္စဖြင့် Social Distancing ကို ပစ်ပယ်၍မရ။ထို့ပြင် စားသုတ်သုတ်၊ သွားသုတ်သုတ်ဖြင့် သုတ်သုတ်မြည်နေသော ၂၁ ရာစုတွင် သိပ်တကူးတကဆန်လွန်းသောအလုပ်များကို မည်သူကမှ တကူးတကမလုပ်ချင်။

ထို့ကြောင့်၊ ထိုပြဿနာကိုဖြေရှင်းရန် စင်ကာပူရောက် နည်းပညာကျွမ်းကျင်သူ 'မဲပေးကြမယ်' အဖွဲ့က စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကိုးရီးယား၊ ဂျပန်နှင့် သြစတြေးလျရောက် မြန်မာများ အွန်လိုင်းမှ လွယ်လင့်တကူ ပုံစံ (၁၅) တင်နိုင်ရန် ဝက်ဆိုဒ်တစ်ခု တီထွင်ကြံဆခဲ့သည်။လက်ရှိတွင် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယင်းဝက်ဆိုဒ်မှတစ်ဆင့် ပုံစံ (၁၅) တင်ခြင်းကို အသိအမှတ်ပြုကြောင်း ကြားသိရသော်လည်း ကျန်သံရုံး ၅ ခုက လက်ခံ၊ မခံ မသိ။ယခုလို အွန်လိုင်းကနေ ပုံစံ (၁၅) တင်ခွင့်ရသဖြင့် ပုံစံ (၁၅) တင်သူအရေအတွက် သိသာစွာမြင့်တက်လာခဲ့သည်။

ယင်းသို့ အလွယ်ကူဆုံးသောနည်းလမ်းများကို ပရဟိတအနေဖြင့် ကြံဆပေးသည့်တိုင် နည်းပညာနှင့်ဝေးသော များစွာသော မြန်မာလုပ်သားများအတွက်မူ အဆင်မပြေသဖြင့် လူမှုအဖွဲ့များ၏အကူအညီ လိုအပ်လျက်ရှိနေသေးသည်။

မည်သို့ပင်ဆိုစေ၊ စစ်တမ်းတစ်ခုက ထိုင်းနိုင်ငံရောက် တရားဝင်မြန်မာလုပ်သား ရာခိုင်နှုန်း ၉၀ ကျော်တို့က ရွေးကောက်ပွဲတွင် မဲပေးလိုသည်ဟုဆိုကြောင်း သိရသည်။ထိုစစ်တမ်းကို ယခုလအတွင်းမှာပင် ပြည်တွင်းရှိ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ PACE နှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သားများကို အကူအညီပေးနေသော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တို့ ကောက်ခံခဲ့ခြင်းဖြစ်သည်။

မတ်လအတွင်း ထိုင်းအစိုးရထုတ်ပြန်ချက်အရ ထိုင်းတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆ သိန်းကျော်ရှိကြောင်း သိရသည်။ကိုဗစ်ကြောင့် မတ်လအတွင်းနှင့် ဧပြီလကုန်မှစတင်ကာ မြန်မာနိုင်ငံသို့ ပြန်သွားသူများရှိသည်။တရားဝင်စာရင်းအရဆိုလျှင် တစ်သိန်းကျော်။ဆိုတော့ ထိုင်းတွင် လတ်တလောမရှိဘူးဆိုတောင် တရားဝင် မြန်မာ ၁၀ သိန်းဝန်းကျင်တော့ ရှိမည့်သဘော။
စစ်တမ်းအရပြောရမည်ဆိုလျှင် ထိုင်းရှိ ၉ သိန်းသောမြန်မာလုပ်သားတို့က ရွေးကောက်ပွဲတွင် မဲပေးချင်သည်ဟုဆိုရပေမည်။

သို့သော်၊ ပြဿနာက ကြိုတင်မဲပေးခွင့်ဆိုသည်မှာ ပုံစံ (၁၅) တင်ရုံဖြင့် မပြီးသလို ကြိုတင်မဲကို အွန်လိုင်းမှဆန္ဒပြုပိုင်ခွင့်လည်းမရှိပေ။ပြည်ပရောက် မြန်မာများအနေနှင့် ကြိုတင်မဲများကို သတ်မှတ်ထားသည့်ရက်တွင် မိမိရောက်ရှိနေသောနိုင်ငံရှိ မြန်မာသံရုံးနှင့် နိုင်ငံအချို့တွင် ကောင်စစ်ဝန်ရုံးတို့တွင်ပါ ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ ဆန္ဒမဲပေးရသည်။

၂၀၁၅ ရွေးကောက်ပွဲ အစီရင်ခံစာကိုပြန်လှန်ကြည့်ပါက မြန်မာလုပ်သားအင်အား အများဆုံးသော အိမ်နီးချင်းထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ချင်းမိုင်ရှိ ကောင်စစ်ဝန်ရုံးတို့တွင် မဲပေးရကြောင်းသိရသည်။မည်သည့်ကပ်ရောဂါမှာမရှိ၊ မည်သည့်ပြဿနာမှမရှိခဲ့သော ၂၀၁၅ ခုနှစ်တွင် ထိုင်း၌ တရားဝင် မြန်မာ ၁၆သိန်း မက အသေအချာရှိပေမည်။ဒီလောက်များပြားလှသော ၁၆ သိန်းကျော်သော မြန်မာများထဲ ၂၀၁၅ ရွေးကောက်ပွဲတွင်  မည်မျှမဲပေးခဲ့သနည်း။

၂၀၁၅ ရွေးကောက်ပွဲ အစီရင်ခံစာဖော်ပြချက်အရ ဘန်ကောက်သို့ပေးပို့သော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် မဲလက်မှတ် ၅၄၂ ခုစီနှင့် ချင်းမိုင်သို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် မဲလက်မှတ် ၆၀ စီရှိကြောင်း အလန့်တကြားဖတ်ရသည်။ပြောရလျှင် တရားဝင် မြန်မာ ၁၆ သိန်းကျော်ရှိသော ထိုင်းတွင် ၂၀၁၅ ၌ မဲပေးသူမှာ လူ ၁၀၀၀ ပင် မပြည့်။

ထိုင်းပြီးလျှင် မြန်မာလုပ်သားအများဆုံးရှိရာ မလေးရှားကိုကြည့်ဦးမလား။မလေးရှားတွင် မြန်မာနိုင်ငံသားတို့ မဲပေးခွင့်ရှိသောနေရာမှာ ကွာလာလမ်ပူရှိ မြန်မာသံရုံးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် ကြိုတင်မဲလက်မှတ် ၅၀၄ ခုစီသာရှိကြောင်း သိရသည်။

ဘာ့ကြောင့် ဒီလောက်တောင် မဲပေးသူအရေအတွက် နည်းရသနည်း။မကြာသေးမီက ထိုင်းတွင်ပြုလုပ်သော စစ်တမ်းအရ ရာခိုင်နှုန်း ၉၀ ကျော်သော မြန်မာလုပ်သားတို့က မဲပေးချင်သည်ဟုဆိုခြင်းကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား မဲပေးရမည်ဆိုသောအသိ အသေအချာရှိသည်ဟု ကောက်ချက်ချရပေမည်။

ဒါဆို ဘာ့ကြောင့် မဲပေးသူအရေအတွက်နည်းရသနည်း။အလွယ်တကူမဲပေးနိုင်သော အခြေအနေမရှိခြင်းကြောင့်ပင်ဖြစ်သည်။ဥပမာ - မလေးရှားနိုင်ငံ၊ ပီနန်ကျွန်းတွင်ဆိုလျှင် မြန်မာလုပ်သားများစွာရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မလေးရှား၌ မဲပေးခွင့်ရှိသည့်နေရာမှာ ကွာလာလမ်ပူရှိ မြန်မာသံရုံးတစ်ခုတည်းတွင်မို့ ပီနန်ရောက် မြန်မာလုပ်သားများ မဲပေးလိုလျှင် ကွာလမ်လမ်ပူသို့အသွားအပြန် တစ်ရက်ကျော်အချိန်ပေးသွားရမည့်အပြင် ခရီးစရိတ်လည်းကုန်ဦးမည်။

ထို့အတူ ထိုင်းနိုင်ငံရှိ ဖူးခတ်၊ ဆူရတ်ဌာနီ၊ ပဌာနီ၊ မဟာချိုင်၊ မဲဆောက်၊ ရနောင်း စသည့်နေရာတို့တွင်လည်း မြန်မာလုပ်သားများစွာရှိသည်။သို့သော်၊ မဲပေးရမည့်နေရာက ဘန်ကောက်နှင့် ချင်းမိုင် နှစ်နေရာတည်းတွင်မို့ တကူးတက ငွေနှင့်အချိန်အကုန်ခံ မဲသွားပေးဖို့ရာမလွယ်။

ထို့ကြောင့်ပင် ယခုလအတွင်း ထိုင်း၌ပြုလုပ်သော စစ်တမ်းတွင် စစ်တမ်းဖြေဆိုသူလုပ်သားများစွာတို့က ၎င်းတို့နေထိုင်လုပ်ကိုင်ရာနေရာ အနီးအနား၌သာ မဲပေးချင်သည်ဟုဆိုသည်။တစ်ခုတော့ရှိသည်။မြန်မာလုပ်သားများရှိရာ နေရာတိုင်းတွင် မဲပုံးထောင်ပေးရန်မှာ မည်သို့မျှမလွယ်။သို့သော်၊ ဘန်ကောက်နှင့် ချင်းမိုင်တင်မကဘဲ မြန်မာလုပ်သားများစွာတည်ရှိရာနေရာတို့တွင် မဲပုံးထောင်မည်ဆိုပါက ဖြစ်နိုင်ချေရှိသလို မဲပေးသူအရေအတွက် သိသာစွာမြင့်တက်လာမည်ဟု ယုံကြည်သည်။

မြန်မာလုပ်သားများသည် မြန်မာနိုင်ငံသားများဖြစ်ခြင်းကြောင့် သူတို့တွင်လည်း မဲပေးပိုင်ခွင့်ရှိပေသည်။၎င်းတို့၏အခွင့်အရေးကို တားဆီးပိတ်ပင်နေသောအရာများအား ရှင်းထုတ်ပေးရမည့်တာဝန်မှာ ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ပင်ဖြစ်သည်။

သန်းနှင့်ချီသော မြန်မာလုပ်သားများထဲ မဲပေးသူထောင်ဂဏန်းမျှပင်မရှိခြင်းမှာ အကြီးအကျယ်လွဲချော်နေသောကိစ္စဖြစ်သည်။ဇူလိုင် ၁၅ ရက်နေ့ ရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနအချို့တွေ့ဆုံပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပ၌မဲရုံးများတိုးချဲ့ရန် ဆွေးနွေးခဲ့သည်ဟုသိရသဖြင့် ပြည်ပရောက် မြန်မာလုပ်သားတို့အတွက် မျှော်လင့်ချက်တို့သည် မကုန်ဆုံးသေးသည့်သဘောဖြစ်သည်။

အချိန်မီသေးသည်မှာမှန်သော်လည်း မြန်နိုင်မှအချိန်မီမည့်သဘော။ရွေးကောက်ပွဲကော်မရှင် ဘာလုပ်မည်နည်း။

လင်းဆက်ငြိမ်းချမ်း
သြဂုတ် - ၆

( Zawgyi )

ႏိုဝင္ဘာ ၈ ရက္ဆိုေတာ့ ေနာက္ထပ္ ၃ လေက်ာ္ဆို က်ေနာ္တို႔မဲေပးၾကရေတာ့မည္။ ၃ လေက်ာ္ဆိုသည္မွာ တြက္ၾကည့္လွ်င္ ဘာမွမလိုေတာ့။က်ေနာ့္အတြက္ေတာ့ မဲေပးကိုေပးမည့္ ဒုတိယအႀကိမ္ေျမာက္ မဟာအခြင့္အလမ္းျဖစ္သည္။

၁၉၉၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတုန္းက အသက္မျပည့္ေသးသျဖင့္ မဲေပးခြင့္မရလိုက္။ ၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲက်ေတာ့ မယုံၾကည္သျဖင့္ မဲမေပးလိုက္။ ၂၀၁၅ ေ႐ြးေကာက္ပြဲက်မွသာ ေၾကာင္လက္သည္းလိုဝွက္ထားေသာ အာဏာရွင္စနစ္ကို တြန္းလွန္ရမည္ဆိုေသာစိတ္ျဖင့္ မိမိယုံၾကည္ရာပါတီသို႔ မဲထည့္ခဲ့ျခင္းျဖစ္သည္။က်ေနာ့္လက္သန္းတြင္ စြန္းခဲ့ေသာမွင္အတြက္ ယေန႔ထိတိုင္ေနာင္တရယ္မရ။စြန္းခဲ့ေသာမွင္ထက္ သာလြန္ေသာရလဒ္ေကာင္းမ်ားကိုရရွိခဲ့သည္ဟု ယေန႔တိုင္ယုံၾကည္ဆဲ၊ ထားေတာ့။

ယခုဆို ၂၀၂၀ ေ႐ြးကာက္ပြဲ က်င္းပႏိုင္ေရးဆိုင္ရာလုပ္ငန္းစဥ္မ်ား စတင္ေနေလၿပီ။ဇူလိုင္ ၂၀ ရက္မွစတင္ကာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ အမတ္ေလာင္းအမည္စာရင္း တင္သြင္းႏိုင္ၿပီျဖစ္သည္။ထို႔ျပင္ ဇူလိုင္ ၁၆ ရက္မွစတင္ကာ ဆႏၵမဲေပးလိုသည့္ ျပည္ပေရာက္မဲဆႏၵရွင္မ်ား ႀကိဳတင္မဲေပးႏိုင္ေရးအတြက္ သက္ဆိုင္ရာႏိုင္ငံမ်ားရွိ ျမန္မာသံ႐ုံးမ်ားသို႔ ေလွ်ာက္ထားႏိုင္ေလၿပီ။

ပုံစံ (၁၅) ဆိုတာက မိမိသည္ ျမန္မာႏိုင္ငံရွိ မည္သည့္ေနရာတြင္ေနထိုင္ၿပီး မဲေပးခြင့္ရွိသူျဖစ္ေၾကာင္း ေလွ်ာက္ထားသည့္ပုံစံျဖစ္သည္။ပုံစံ (၁၅) ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဝက္ဆိုဒ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဝက္ဆိုဒ္ႏွင့္ သက္ဆိုင္ရာ ျမန္မာသံ႐ုံးဝက္ဆိုဒ္တို႔တြင္ Download ရယူ။ပုံစံ (၁၅) တြင္ အခ်က္အလက္မ်ားျဖည့္ကာ မိမိေရာက္ရွိေနေသာႏိုင္ငံရွိ ျမန္မာသံ႐ုံးသို႔ေပးပို႔။သံ႐ုံးမ်ားတြင္ ပုံစံ (၁၅) ေနာက္ဆုံး လက္ခံရက္မွာ ၾသဂုတ္ ၅ ရက္ေန႔ျဖစ္သည္။

ထို႔ေနာက္ ေလွ်ာက္ထားလာေသာ ပုံစံ (၁၅) မ်ားကို ႏိုင္ငံတကာရွိ ျမန္မာသံ႐ုံးအသီးသီးက ျမန္မာႏိုင္ငံရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ေပးပို႔၊ ယင္းပုံစံ (၁၅) မ်ားကို ႏိုင္ငံျခားေရးမွ ေကာ္မရွင္သို႔ ၾသဂုတ္ ၁၉ ရက္ ေနာက္ဆုံးထားေပးပို႔။ေကာ္မရွင္က ပုံစံ (၁၅) ပါ အခ်က္အလက္မ်ား မွန္၊ မမွန္ႏွင့္ မဲေပးခြင့္ ရွိ၊ မရွိ စိစစ္ရန္ သက္ဆိုင္ရာၿမိဳ႕နယ္ေကာ္မရွင္ခြဲမ်ားသို႔ ေပးပို႔စိစစ္ေစသည္။ထို႔ေနာက္ ပုံစံ (၁၅) ေလွ်ာက္ထားသူမ်ားထဲမွ အခ်က္အလက္မွန္ကန္ၿပီး မဲေပးခြင့္ရွိသူမ်ားအတြက္ ႀကိဳတင္မဲလက္မွတ္မ်ားကို ေကာ္မရွင္-ႏိုင္ငံျခားေရးဝန္ႀကီးဌာန-ႏိုင္ငံတကာရွိ ျမန္မာသံ႐ုံးအသီးသီးသို႔ ျပန္လည္ေပးပို႔ေစကာ သံ႐ုံးအသီးသီး၌ ဆႏၵျပဳၿပီးေသာ ႀကိဳတင္မဲမ်ားကို အထက္ပါလမ္းေၾကာင္းအတိုင္း ေကာ္မရွင္သို႔ ေအာက္တိုဘာ ၂၈ ရက္ေန႔ ေနာက္ဆုံးထားေပးပို႔ရေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ဆိုေတာ့၊ လက္ရွိအခ်ိန္မွာ ပုံစံ (၁၅) တြင္ အခ်က္အလက္မ်ားျဖည့္သြင္းကာ သက္ဆိုင္ရာသံ႐ုံးမ်ားသို႔ ျပန္လည္ေပးပို႔ေနေသာကာလျဖစ္သည္။သို႔ေသာ္၊ ကာလယႏၲယားက ကိုဗစ္ထဲကြၽံက်ေနသမို႔ တိုင္းတစ္ပါးႏိုင္ငံတြင္ ပုံစံ (၁၅) တင္သည့္ကိစၥျဖင့္ Social Distancing ကို ပစ္ပယ္၍မရ။ထို႔ျပင္ စားသုတ္သုတ္၊ သြားသုတ္သုတ္ျဖင့္ သုတ္သုတ္ျမည္ေနေသာ ၂၁ ရာစုတြင္ သိပ္တကူးတကဆန္လြန္းေသာအလုပ္မ်ားကို မည္သူကမွ တကူးတကမလုပ္ခ်င္။

ထို႔ေၾကာင့္၊ ထိုျပႆနာကိုေျဖရွင္းရန္ စင္ကာပူေရာက္ နည္းပညာကြၽမ္းက်င္သူ 'မဲေပးၾကမယ္' အဖြဲ႕က စင္ကာပူ၊ မေလးရွား၊ ထိုင္း၊ ကိုးရီးယား၊ ဂ်ပန္ႏွင့္ ၾသစေၾတးလ်ေရာက္ ျမန္မာမ်ား အြန္လိုင္းမွ လြယ္လင့္တကူ ပုံစံ (၁၅) တင္ႏိုင္ရန္ ဝက္ဆိုဒ္တစ္ခု တီထြင္ႀကံဆခဲ့သည္။လက္ရွိတြင္ စင္ကာပူႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ယင္းဝက္ဆိုဒ္မွတစ္ဆင့္ ပုံစံ (၁၅) တင္ျခင္းကို အသိအမွတ္ျပဳေၾကာင္း ၾကားသိရေသာ္လည္း က်န္သံ႐ုံး ၅ ခုက လက္ခံ၊ မခံ မသိ။ယခုလို အြန္လိုင္းကေန ပုံစံ (၁၅) တင္ခြင့္ရသျဖင့္ ပုံစံ (၁၅) တင္သူအေရအတြက္ သိသာစြာျမင့္တက္လာခဲ့သည္။

ယင္းသို႔ အလြယ္ကူဆုံးေသာနည္းလမ္းမ်ားကို ပရဟိတအေနျဖင့္ ႀကံဆေပးသည့္တိုင္ နည္းပညာႏွင့္ေဝးေသာ မ်ားစြာေသာ ျမန္မာလုပ္သားမ်ားအတြက္မူ အဆင္မေျပသျဖင့္ လူမႈအဖြဲ႕မ်ား၏အကူအညီ လိုအပ္လ်က္ရွိေနေသးသည္။

မည္သို႔ပင္ဆိုေစ၊ စစ္တမ္းတစ္ခုက ထိုင္းႏိုင္ငံေရာက္ တရားဝင္ျမန္မာလုပ္သား ရာခိုင္ႏႈန္း ၉၀ ေက်ာ္တို႔က ေ႐ြးေကာက္ပြဲတြင္ မဲေပးလိုသည္ဟုဆိုေၾကာင္း သိရသည္။ထိုစစ္တမ္းကို ယခုလအတြင္းမွာပင္ ျပည္တြင္းရွိ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ PACE ႏွင့္ ထိုင္းႏိုင္ငံအေျခစိုက္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို အကူအညီေပးေနေသာ ပညာေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္း (FED) တို႔ ေကာက္ခံခဲ့ျခင္းျဖစ္သည္။

မတ္လအတြင္း ထိုင္းအစိုးရထုတ္ျပန္ခ်က္အရ ထိုင္းတြင္ တရားဝင္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၁၆ သိန္းေက်ာ္ရွိေၾကာင္း သိရသည္။ကိုဗစ္ေၾကာင့္ မတ္လအတြင္းႏွင့္ ဧၿပီလကုန္မွစတင္ကာ ျမန္မာႏိုင္ငံသို႔ ျပန္သြားသူမ်ားရွိသည္။တရားဝင္စာရင္းအရဆိုလွ်င္ တစ္သိန္းေက်ာ္။ဆိုေတာ့ ထိုင္းတြင္ လတ္တေလာမရွိဘူးဆိုေတာင္ တရားဝင္ ျမန္မာ ၁၀ သိန္းဝန္းက်င္ေတာ့ ရွိမည့္သေဘာ။
စစ္တမ္းအရေျပာရမည္ဆိုလွ်င္ ထိုင္းရွိ ၉ သိန္းေသာျမန္မာလုပ္သားတို႔က ေ႐ြးေကာက္ပြဲတြင္ မဲေပးခ်င္သည္ဟုဆိုရေပမည္။

သို႔ေသာ္၊ ျပႆနာက ႀကိဳတင္မဲေပးခြင့္ဆိုသည္မွာ ပုံစံ (၁၅) တင္႐ုံျဖင့္ မၿပီးသလို ႀကိဳတင္မဲကို အြန္လိုင္းမွဆႏၵျပဳပိုင္ခြင့္လည္းမရွိေပ။ျပည္ပေရာက္ ျမန္မာမ်ားအေနႏွင့္ ႀကိဳတင္မဲမ်ားကို သတ္မွတ္ထားသည့္ရက္တြင္ မိမိေရာက္ရွိေနေသာႏိုင္ငံရွိ ျမန္မာသံ႐ုံးႏွင့္ ႏိုင္ငံအခ်ိဳ႕တြင္ ေကာင္စစ္ဝန္႐ုံးတို႔တြင္ပါ ကိုယ္တိုင္ကိုယ္က်သြားေရာက္၍ ဆႏၵမဲေပးရသည္။

၂၀၁၅ ေ႐ြးေကာက္ပြဲ အစီရင္ခံစာကိုျပန္လွန္ၾကည့္ပါက ျမန္မာလုပ္သားအင္အား အမ်ားဆုံးေသာ အိမ္နီးခ်င္းထိုင္းႏိုင္ငံတြင္ ဘန္ေကာက္ၿမိဳ႕ရွိ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးႏွင့္ ခ်င္းမိုင္ရွိ ေကာင္စစ္ဝန္႐ုံးတို႔တြင္ မဲေပးရေၾကာင္းသိရသည္။မည္သည့္ကပ္ေရာဂါမွာမရွိ၊ မည္သည့္ျပႆနာမွမရွိခဲ့ေသာ ၂၀၁၅ ခုႏွစ္တြင္ ထိုင္း၌ တရားဝင္ ျမန္မာ ၁၆သိန္း မက အေသအခ်ာရွိေပမည္။ဒီေလာက္မ်ားျပားလွေသာ ၁၆ သိန္းေက်ာ္ေသာ ျမန္မာမ်ားထဲ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္  မည္မွ်မဲေပးခဲ့သနည္း။

၂၀၁၅ ေ႐ြးေကာက္ပြဲ အစီရင္ခံစာေဖာ္ျပခ်က္အရ ဘန္ေကာက္သို႔ေပးပို႔ေသာ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္အတြက္ မဲလက္မွတ္ ၅၄၂ ခုစီႏွင့္ ခ်င္းမိုင္သို႔ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္အတြက္ မဲလက္မွတ္ ၆၀ စီရွိေၾကာင္း အလန႔္တၾကားဖတ္ရသည္။ေျပာရလွ်င္ တရားဝင္ ျမန္မာ ၁၆ သိန္းေက်ာ္ရွိေသာ ထိုင္းတြင္ ၂၀၁၅ ၌ မဲေပးသူမွာ လူ ၁၀၀၀ ပင္ မျပည့္။

ထိုင္းၿပီးလွ်င္ ျမန္မာလုပ္သားအမ်ားဆုံးရွိရာ မေလးရွားကိုၾကည့္ဦးမလား။မေလးရွားတြင္ ျမန္မာႏိုင္ငံသားတို႔ မဲေပးခြင့္ရွိေသာေနရာမွာ ကြာလာလမ္ပူရွိ ျမန္မာသံ႐ုံးျဖစ္ၿပီး ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္အတြက္ ႀကိဳတင္မဲလက္မွတ္ ၅၀၄ ခုစီသာရွိေၾကာင္း သိရသည္။

ဘာ့ေၾကာင့္ ဒီေလာက္ေတာင္ မဲေပးသူအေရအတြက္ နည္းရသနည္း။မၾကာေသးမီက ထိုင္းတြင္ျပဳလုပ္ေသာ စစ္တမ္းအရ ရာခိုင္ႏႈန္း ၉၀ ေက်ာ္ေသာ ျမန္မာလုပ္သားတို႔က မဲေပးခ်င္သည္ဟုဆိုျခင္းေၾကာင့္ ထိုင္းေရာက္ျမန္မာလုပ္သားမ်ားၾကား မဲေပးရမည္ဆိုေသာအသိ အေသအခ်ာရွိသည္ဟု ေကာက္ခ်က္ခ်ရေပမည္။

ဒါဆို ဘာ့ေၾကာင့္ မဲေပးသူအေရအတြက္နည္းရသနည္း။အလြယ္တကူမဲေပးႏိုင္ေသာ အေျခအေနမရွိျခင္းေၾကာင့္ပင္ျဖစ္သည္။ဥပမာ - မေလးရွားႏိုင္ငံ၊ ပီနန္ကြၽန္းတြင္ဆိုလွ်င္ ျမန္မာလုပ္သားမ်ားစြာရွိသည္။ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက မေလးရွား၌ မဲေပးခြင့္ရွိသည့္ေနရာမွာ ကြာလာလမ္ပူရွိ ျမန္မာသံ႐ုံးတစ္ခုတည္းတြင္မို႔ ပီနန္ေရာက္ ျမန္မာလုပ္သားမ်ား မဲေပးလိုလွ်င္ ကြာလမ္လမ္ပူသို႔အသြားအျပန္ တစ္ရက္ေက်ာ္အခ်ိန္ေပးသြားရမည့္အျပင္ ခရီးစရိတ္လည္းကုန္ဦးမည္။

ထို႔အတူ ထိုင္းႏိုင္ငံရွိ ဖူးခတ္၊ ဆူရတ္ဌာနီ၊ ပဌာနီ၊ မဟာခ်ိဳင္၊ မဲေဆာက္၊ ရေနာင္း စသည့္ေနရာတို႔တြင္လည္း ျမန္မာလုပ္သားမ်ားစြာရွိသည္။သို႔ေသာ္၊ မဲေပးရမည့္ေနရာက ဘန္ေကာက္ႏွင့္ ခ်င္းမိုင္ ႏွစ္ေနရာတည္းတြင္မို႔ တကူးတက ေငြႏွင့္အခ်ိန္အကုန္ခံ မဲသြားေပးဖို႔ရာမလြယ္။

ထို႔ေၾကာင့္ပင္ ယခုလအတြင္း ထိုင္း၌ျပဳလုပ္ေသာ စစ္တမ္းတြင္ စစ္တမ္းေျဖဆိုသူလုပ္သားမ်ားစြာတို႔က ၎တို႔ေနထိုင္လုပ္ကိုင္ရာေနရာ အနီးအနား၌သာ မဲေပးခ်င္သည္ဟုဆိုသည္။တစ္ခုေတာ့ရွိသည္။ျမန္မာလုပ္သားမ်ားရွိရာ ေနရာတိုင္းတြင္ မဲပုံးေထာင္ေပးရန္မွာ မည္သို႔မွ်မလြယ္။သို႔ေသာ္၊ ဘန္ေကာက္ႏွင့္ ခ်င္းမိုင္တင္မကဘဲ ျမန္မာလုပ္သားမ်ားစြာတည္ရွိရာေနရာတို႔တြင္ မဲပုံးေထာင္မည္ဆိုပါက ျဖစ္ႏိုင္ေခ်ရွိသလို မဲေပးသူအေရအတြက္ သိသာစြာျမင့္တက္လာမည္ဟု ယုံၾကည္သည္။

ျမန္မာလုပ္သားမ်ားသည္ ျမန္မာႏိုင္ငံသားမ်ားျဖစ္ျခင္းေၾကာင့္ သူတို႔တြင္လည္း မဲေပးပိုင္ခြင့္ရွိေပသည္။၎တို႔၏အခြင့္အေရးကို တားဆီးပိတ္ပင္ေနေသာအရာမ်ားအား ရွင္းထုတ္ေပးရမည့္တာဝန္မွာ ေ႐ြးေကာက္ပြဲေကာ္မရွင္၏ တာဝန္ပင္ျဖစ္သည္။

သန္းႏွင့္ခ်ီေသာ ျမန္မာလုပ္သားမ်ားထဲ မဲေပးသူေထာင္ဂဏန္းမွ်ပင္မရွိျခင္းမွာ အႀကီးအက်ယ္လြဲေခ်ာ္ေနေသာကိစၥျဖစ္သည္။ဇူလိုင္ ၁၅ ရက္ေန႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ဝန္ႀကီးဌာနအခ်ိဳ႕ေတြ႕ဆုံပြဲတြင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ျပည္ပ၌မဲ႐ုံးမ်ားတိုးခ်ဲ႕ရန္ ေဆြးေႏြးခဲ့သည္ဟုသိရသျဖင့္ ျပည္ပေရာက္ ျမန္မာလုပ္သားတို႔အတြက္ ေမွ်ာ္လင့္ခ်က္တို႔သည္ မကုန္ဆုံးေသးသည့္သေဘာျဖစ္သည္။

အခ်ိန္မီေသးသည္မွာမွန္ေသာ္လည္း ျမန္ႏိုင္မွအခ်ိန္မီမည့္သေဘာ။ေ႐ြးေကာက္ပြဲေကာ္မရွင္ ဘာလုပ္မည္နည္း။

လင္းဆက္ၿငိမ္းခ်မ္း
ၾသဂုတ္ - ၆