【 ဆောင်းပါး 】 မျှော်လင့်ချက်တွေ ရှင်သန်လာမယ့်နေ့

【 ဆောင်းပါး 】 မျှော်လင့်ချက်တွေ ရှင်သန်လာမယ့်နေ့

“ဘယ်လိုလဲဆရာ … လက်ဖက်ရည်ဆိုင် အလာနောက်ကျနေပုံထောက်တော့ အခုတလော ဖြစ်ပျက်နေတဲ့ သတင်းတွေနဲ့ အလုပ်ရှုပ်နေပုံရတယ်”

ဒီနေ့တော့ လက်ဖက်ရည်ဆိုင်တွင် နိုင်ငံရေးသမိုင်းဖြစ်ရပ်ကို အလွန်စိတ်ဝင်စားသော ကိုစိန်သောင်း နှင့် ဆုံမိကြသည်။ခရီးရောက်မဆိုက်ဆိုသလို သတင်းစာဂျာနယ်များတွင် ဆောင်းပါးလေးများ ရေးသားနေသော ဂျာနယ်လစ်တစ်ပိုင်း ကျွန်တော့်ကို ကိုစိန်သောင်း က အထက်ပါအတိုင်း ဆီးပြောလိုက်ခြင်း ဖြစ်သည်။

“ခုတလော ကျွန်တော်တို့နိုင်ငံမှာ ကြားသိတွေ့မြင်နေရတဲ့ သတင်းတွေကလည်း စုံလင်ထွေပြားဆိုသလို ဖြစ်နေတော့ ဆရာတို့လို ဂျာနယ်လစ် စာရေးဆရာတွေအတွက်တော့ တွေးစရာ ရေးစရာတွေချည်း ဖြစ်နေတော့မှာပေါ့”

“ကိုစိန်သောင်း ပြောသလို ကျွန်တော်တို့နိုင်ငံမှာ သတင်းတွေ စုံလင်ထွေပြားနေတာကတော့ အခုမှရယ်မဟုတ်ပါဘူူး၊ တကယ်တမ်းပြောရရင် အင်န်အယ်လ်ဒီအစိုးရ အာဏာရလာပြီးကတည်းက သတင်းဖြစ်ရပ်တွေဆိုတာ တစ်နေ့တစ်မျိုး မရိုးရအောင်ဆိုသလို ဖြစ်နေတာပဲ မဟုတ်လား”

“ဟုတ်ပ ဆရာရယ် … အင်န်အယ်လ်ဒီအစိုးရဆိုတာ ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထောက်ခံအားပေးပြီး ရွေးကောက်တင်မြှောက်ခဲ့တဲ့ အစိုးရပဲ မဟုတ်လား။ဒါပေမဲ့ မကြာခင်က မန္တလေးမြို့မှာ အစိုးရ အလိုမရှိဆိုတဲ့ စာသားတွေပါတဲ့ စတစ်ကာတွေ လိုက်ကပ်ထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ဘယ်လိုမြင်မိလဲ ဆရာ”

“ဒီလိုရှိတယ် ကိုစိန်သောင်း၊ အစိုးရဆိုတာ ပြည်သူလူထု အကျိုးကို ကိုယ်စားပြု ဖော်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းပါပဲ။ဒါပေမဲ့ ပြည်သူလူထု အကျိုးကို ဖော်ဆောင်တဲ့နေရာမှာ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်နိုင်တဲ့ အပိုင်းတွေရှိသလို အဖုအထစ် အခက်အခဲတွေလည်း ရှိမှာဖြစ်တဲ့အတွက် ရာနှုန်းပြည့်ဖော်ဆောင်နိုင်ဖို့ကတော့ လွယ်ကူမှာမဟုတ်တာ အမှန်ပဲဗျ ဒီလိုအချိန်မျိုးမှာ ၂၀၁၂ ခုနှစ်လောက်က ကျွန်တော်တို့ နိုင်ငံကို အမေရိကန် သမ္မတ ဘားရတ်အိုဘားမား လာတုန်းက ပြောသွားတဲ့ စကားလေးတစ်ခုကို သွားသတိရမိပါသေးတယ်”

“အိုဘားမား က ဘာပြောသွားလို့လဲ ဆရာ”

“အစိုးရဆိုတာ ပေးထားတဲ့ ကတိအတိုင်း ပြည်သူလူထုရဲ့ ဆန္ဒကို အပြည့်အဝဖြည့်ဆည်းပေးဖို့တော့ ခက်ခဲတယ်လို့ ပြောခဲ့တာပါ”

“ဒီမိုကရေစီစနစ် အခိုင်အမာအမြစ်တွယ်နေတဲ့နိုင်ငံ သမ္မတတောင် သူ့ကိုယ်တွေ့နဲ့ယှဉ်ပြီး ဒီလိုပြောသွားတယ်ဆိုတော့ ကျွန်တော်တို့ နိုင်ငံလို ဒီမိုကရေစီ ဟိုမရောက် ဒီမရောက် နိုင်ငံမျိုးက အစိုးရအတွက် ပြည်သူ့ဆန္ဒကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ ပိုပြီးခက်ခဲနေတော့မှာပေါ့”

“နောက်တစ်ခုက အစိုးရ အလိုမရှိဆိုတဲ့ စတစ်ကာပေါ်က အသံတွေဟာ ပြည်သူလူထုအားလုံးကို ကိုယ်စားပြုနေတဲ့အသံ ဟုတ်၊ မဟုတ် ဆန်းစစ်ဖို့လိုမှာ ဖြစ်ပါတယ်။”

“ဟုတ်တယ် ဆရာ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံမှာ  ပြည်သူလူထုရဲ့ အစစ်အမှန် ဆန္ဒအမှန်ဆိုတာ ရွေးကောက်ပွဲတွေကနေ ထွက်ပေါ်လာတာပဲ မဟုတ်လား”

“မှန်တာပေါ့ ၂၀၂၀ ရွေးကောက်ပွဲကျရင် ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန် ဘာဖြစ်မလဲဆိုတဲ့ အဖြေကို မျက်ဝါးထင်ထင် တွေ့မြင်ကြရမယ်လို့ ထင်ပါတယ်”

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ သတင်းဖြစ်ရပ်တွေ အားလုံးကို ခြုံကြည့်လိုက်ရင်တော့ ကျွန်တော်တို့ နိုင်ငံဟာ အလွန်ရှုပ်ထွေးတဲ့ အခြေအနေတစ်ရပ်ဆီကို ရွေ့နေတဲ့သဘော ဆောင်နေတယ်လို့ မဆိုနိုင်ဘူးလား”

“ကိုစိန်သောင်း ပြောတာလည်း မမှားပါဘူး ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထားကိုကြည့်ရင် နေ့စဉ်နဲ့အမျှ ဆန္ဒဖော်ထုတ်မှုတွေ ရှိနေတတ်တယ်။ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေမယ့် သေနတ်သံတွေကို ကြားနေရဆဲရှိတယ်။လွှတ်တော်ကအစ လူမှုမီဒီယာအဆုံးအထိ နေရာတိုင်းလောက်မှာ အတိုက်အခံပြုသံ၊ ထောက်ခံသံ၊ ဆန့်ကျင်ကန့်ကွက်သံတွေ ညံနေဆဲရှိတယ် ဆိုရရင် ကျွန်တော်တို့ နိုင်ငံမှာ အချစ်အမုန်း ဝိရောဓိဆန်မှုတွေက နိုင်ငံရဲ့ မဲဆန္ဒရှင် ပြည်သူလူထုကို စိတ်ရှုပ်ထွေးအောင် ပြုနေသလိုဖြစ်နေတယ်။အရိုးရှင်းဆုံးပြောရရင် ၂၀၂၀ ရွေးကောက်ပွဲ နီးလာလေလေ နိုင်ငံတွင်းက မဲဆန္ဒရှင် ပြည်သူတွေရဲ့ စိတ်တွေကို ဝိဝါဒမကွဲအောင်၊ ထွေပြားအောင် ထိုးနှက်စေ့ဆော်နေမှုမျိုးတွေကို ပိုမိုတွေ့မြင်လာရမယ်လို့ ရှုမြင်မိတယ်”

“ဒါနဲ့ ဆရာ မကြာသေးမီက စစ်ဗိုလ်ချုပ်ဟောင်း နိုင်ငံရေးခေါင်းဆောင်တစ်ဦးက လက်ရှိ မြန်မာနိုင်ငံမှာ တွေ့မြင်နေရတဲ့ ဆန္ဒထုတ်ဖော်မှုတွေကိုကြည့်ရင်း ဖက်ရှင်သဘောမျိုး ဖြစ်နေတယ်လို့ ပြောသွားခဲ့တယ်။တစ်ဖက်နဲ့ တစ်ဖက် အပြိုင်အဆိုင် ဆန္ဒပြုမှုတွေကနေ မတည်မငြိမ်ဖြစ်လာမှာကို စိုးရိမ်မိတယ်ဆိုတဲ့သဘောမျိုး ပြောခဲ့တယ်၊ အဲဒီအပေါ်မှာတော့ ဘယ်လိုမြင်မိလဲ ဆရာ”

“ဒီလိုရှိတယ် ကိုစိန်သောင်း ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဆန္ဒထုတ်ဖော်တယ် ဆိုတာကတော့ မဆန်းပါဘူး အဓိက ကတော့ သူတို့အရေးဆိုမှုအပေါ် အစိုးရက အရေးယူဆောင်ရွက်ပေးဖို့ ဆန္ဒထုတ်ဖော်ကြတာပေါ့။သူတို့အရေးဆိုတဲ့အတိုင်း အစိုးရက ပြေလည်အောင် အရေးယူဖြေရှင်းပေးနိုင်ခဲ့မယ်ဆိုရင် အဲဒီလို ဆန္ဒပြမှုမျိုးက အကျိုးသက်ရောက်မှုရှိတဲ့ ဆန္ဒပြမှုမျိုး။ဆိုပါတော့ ဥပမာဆိုရရင် မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဗစ်တိုရီးယား အရေးကိစ္စမျိုးမှာ တရားမျှတမှု မရှိဘူးဆိုတဲ့ ခံစားချက်တွေနဲ့  ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အတွက် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ဒါပေမဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် ရည်ရွယ်ချက်ရှိရှိ  ဆန္ဒထုတ်ဖော်တာမျိုးဆိုရင်တော့ အများအတွက်လည်း အကျိုးမရှိတဲ့အပြင် နိုင်ငံအတွက်တောင် အကျိုးမဲ့စေနိုင်တဲ့ ဆန္ဒထုတ်ဖော်မှုမျိုးသာ ဖြစ်လာစရာရှိပါတယ်။”

“တကယ်တော့ ဆရာရယ် … လက်ရှိအနေအထားဟာ ကျွန်တော်တို့ နိုင်ငံအတွက်တော့ စိတ်ပျက်အားလျော့စရာတွေချည်းလို့ ဆိုရင်တော့ လွန်တယ်လို့ ထင်မှာလား ”

“ဒီလိုရှိတယ် ကိုစိန်သောင်း ရ … ဘယ်နေရာမှာမဆို အဆိုးထဲက အကောင်းဆိုတာလည်း ရှိနေတတ်ပါတယ်။တကယ်တော့ ကျွန်တော်တို့အားလုံးက မျှော်လင့်ချက်နဲ့ ရှင်သန်နေကြတဲ့ လူတွေချည်းပါပဲ။ဘယ်လိုအခြေအနေမျိုးတွေနဲ့ပဲကြုံကြုံ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ ပျက်ပြယ်မသွားဖို့ပဲလိုတာပါ လက်ရှိတာဝန်ရှိတဲ့ အစိုးရတော့  အခြားသောအဖွဲ့အစည်းတွေပါ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအနေအထားမှန်ကို သိနေကြမှာပါ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေဟာ အကျပ်အတည်းပေါင်းစုံနဲ့ တွေ့ကြုံရင်ဆိုင်နေကြရတယ် ဆိုတာကိုလည်း အားလုံးက သိနေကြပြီးသားပါ ကျွန်တော်တို့ နိုင်ငံရဲ့  အနေအထားဟာ ကမ္ဘာပေါ်မှာ မဆိုထားနဲ့ ဒေသတွင်းမှာတောင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစစအရာရာမှာ နိမ့်ပါးနေတဲ့ အနေအထားကို ရောက်ရှိနေတယ် ဆိုတာကိုလည်း အားလုံးနားလည်သဘောပေါက်နေကြမှာပါ ဒီလိုအနေအထားကနေ ထပ်ပြီးနိမ့်ကျမသွားအောင် ဘယ်လိုအဖြေရှာကြရမလဲ ဆိုတာကိုလည်း တွေးမိကြမှာပါ၊ ဆိုရရင် ကျွန်တော်တို့ တွေ့ကြုံရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကနေ ရုန်းထွက်နိုင်ဖို့ ထွက်ပေါက်တစ်ခု တွေ့နိုင်မယ့် အခွင့်အလမ်းတစ်ခု ရှိမနေဘူးလို့ ကံသေကံမ ပြောလို့မရသေးပါဘူး။အဲဒီထွက်ပေါက်က ကျွန်တော်တို့ အားလုံးအတွက် မျှော်လင့်ချက်ပါ။တစ်ခုပဲရှိတယ် အဲဒီထွက်ပေါက်ကို တွေ့တဲ့အထိ ကျွန်တော်တို့အားလုံး စုစုစည်းစည်းရှိမယ့် အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ဖို့တော့ လိုပါလိမ့်မယ်”

“အင်း … ဆရာပြောမှပဲ အမေရိကန် ကာတွန်းဆရာ ဘီလ်ကိန်း ပြောခဲ့တာလေး သွားသတိရမိတယ်”

“ဘီလ်ကိန်း က ဘာများပြောခဲ့လို့လဲ”

“သူကဘာပြောခဲ့လဲဆိုရင် ‘မနေ့ကဖြစ်ခဲ့တာက သမိုင်း၊ မနက်ဖြန်ဖြစ်လာမှာက ဘာမှန်းမသိနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်၊ ဒီနေ့ဖြစ်နေတာကတော့ ဘုရားပေးတဲ့ လက်ဆောင်တဲ့’  ဘာပဲဖြစ်ဖြစ်ပေါ့ ဆရာရယ် ကျွန်တော်တို့ကတော့ ဘာဖြစ်လာမယ်မှန်းမသိတဲ့ အရာကို မျှော်လင့်ရင်း ဒီနေ့ကြုံတွေ့နေရတာတွေကို ရင်ဆိုင်ကြရဖို့ပဲ ရှိတာပေါ့”

မြင့်နောင်မိုး
သြဂုတ် - ၁၄

( Zawgyi )

“ဘယ္လိုလဲဆရာ … လက္ဖက္ရည္ဆိုင္ အလာေနာက္က်ေနပုံေထာက္ေတာ့ အခုတေလာ ျဖစ္ပ်က္ေနတဲ့ သတင္းေတြနဲ႔ အလုပ္ရႈပ္ေနပုံရတယ္”

ဒီေန႔ေတာ့ လက္ဖက္ရည္ဆိုင္တြင္ ႏိုင္ငံေရးသမိုင္းျဖစ္ရပ္ကို အလြန္စိတ္ဝင္စားေသာ ကိုစိန္ေသာင္း ႏွင့္ ဆုံမိၾကသည္။ခရီးေရာက္မဆိုက္ဆိုသလို သတင္းစာဂ်ာနယ္မ်ားတြင္ ေဆာင္းပါးေလးမ်ား ေရးသားေနေသာ ဂ်ာနယ္လစ္တစ္ပိုင္း ကြၽန္ေတာ့္ကို ကိုစိန္ေသာင္း က အထက္ပါအတိုင္း ဆီးေျပာလိုက္ျခင္း ျဖစ္သည္။

“ခုတေလာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ၾကားသိေတြ႕ျမင္ေနရတဲ့ သတင္းေတြကလည္း စုံလင္ေထြျပားဆိုသလို ျဖစ္ေနေတာ့ ဆရာတို႔လို ဂ်ာနယ္လစ္ စာေရးဆရာေတြအတြက္ေတာ့ ေတြးစရာ ေရးစရာေတြခ်ည္း ျဖစ္ေနေတာ့မွာေပါ့”

“ကိုစိန္ေသာင္း ေျပာသလို ကြၽန္ေတာ္တို႔ႏိုင္ငံမွာ သတင္းေတြ စုံလင္ေထြျပားေနတာကေတာ့ အခုမွရယ္မဟုတ္ပါဘူူး၊ တကယ္တမ္းေျပာရရင္ အင္န္အယ္လ္ဒီအစိုးရ အာဏာရလာၿပီးကတည္းက သတင္းျဖစ္ရပ္ေတြဆိုတာ တစ္ေန႔တစ္မ်ိဳး မ႐ိုးရေအာင္ဆိုသလို ျဖစ္ေနတာပဲ မဟုတ္လား”

“ဟုတ္ပ ဆရာရယ္ … အင္န္အယ္လ္ဒီအစိုးရဆိုတာ ၂၀၁၅ ခုႏွစ္က တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေထာက္ခံအားေပးၿပီး ေ႐ြးေကာက္တင္ေျမႇာက္ခဲ့တဲ့ အစိုးရပဲ မဟုတ္လား။ဒါေပမဲ့ မၾကာခင္က မႏၲေလးၿမိဳ႕မွာ အစိုးရ အလိုမရွိဆိုတဲ့ စာသားေတြပါတဲ့ စတစ္ကာေတြ လိုက္ကပ္ထားတယ္ဆိုတဲ့ သတင္းနဲ႔ ပတ္သက္လို႔ ဘယ္လိုျမင္မိလဲ ဆရာ”

“ဒီလိုရွိတယ္ ကိုစိန္ေသာင္း၊ အစိုးရဆိုတာ ျပည္သူလူထု အက်ိဳးကို ကိုယ္စားျပဳ ေဖာ္ေဆာင္ေပးေနတဲ့ အဖြဲ႕အစည္းပါပဲ။ဒါေပမဲ့ ျပည္သူလူထု အက်ိဳးကို ေဖာ္ေဆာင္တဲ့ေနရာမွာ အဆင္ေျပေခ်ာေမြ႕ေအာင္ လုပ္ေဆာင္ႏိုင္တဲ့ အပိုင္းေတြရွိသလို အဖုအထစ္ အခက္အခဲေတြလည္း ရွိမွာျဖစ္တဲ့အတြက္ ရာႏႈန္းျပည့္ေဖာ္ေဆာင္ႏိုင္ဖို႔ကေတာ့ လြယ္ကူမွာမဟုတ္တာ အမွန္ပဲဗ် ဒီလိုအခ်ိန္မ်ိဳးမွာ ၂၀၁၂ ခုႏွစ္ေလာက္က ကြၽန္ေတာ္တို႔ ႏိုင္ငံကို အေမရိကန္ သမၼတ ဘားရတ္အိုဘားမား လာတုန္းက ေျပာသြားတဲ့ စကားေလးတစ္ခုကို သြားသတိရမိပါေသးတယ္”

“အိုဘားမား က ဘာေျပာသြားလို႔လဲ ဆရာ”

“အစိုးရဆိုတာ ေပးထားတဲ့ ကတိအတိုင္း ျပည္သူလူထုရဲ႕ ဆႏၵကို အျပည့္အဝျဖည့္ဆည္းေပးဖို႔ေတာ့ ခက္ခဲတယ္လို႔ ေျပာခဲ့တာပါ”

“ဒီမိုကေရစီစနစ္ အခိုင္အမာအျမစ္တြယ္ေနတဲ့ႏိုင္ငံ သမၼတေတာင္ သူ႔ကိုယ္ေတြ႕နဲ႔ယွဥ္ၿပီး ဒီလိုေျပာသြားတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံလို ဒီမိုကေရစီ ဟိုမေရာက္ ဒီမေရာက္ ႏိုင္ငံမ်ိဳးက အစိုးရအတြက္ ျပည္သူ႔ဆႏၵကို အျပည့္အဝ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ပိုၿပီးခက္ခဲေနေတာ့မွာေပါ့”

“ေနာက္တစ္ခုက အစိုးရ အလိုမရွိဆိုတဲ့ စတစ္ကာေပၚက အသံေတြဟာ ျပည္သူလူထုအားလုံးကို ကိုယ္စားျပဳေနတဲ့အသံ ဟုတ္၊ မဟုတ္ ဆန္းစစ္ဖို႔လိုမွာ ျဖစ္ပါတယ္။”

“ဟုတ္တယ္ ဆရာ ဒီမိုကေရစီက်င့္သုံးတဲ့ ႏိုင္ငံတစ္ႏိုင္ငံမွာ  ျပည္သူလူထုရဲ႕ အစစ္အမွန္ ဆႏၵအမွန္ဆိုတာ ေ႐ြးေကာက္ပြဲေတြကေန ထြက္ေပၚလာတာပဲ မဟုတ္လား”

“မွန္တာေပါ့ ၂၀၂၀ ေ႐ြးေကာက္ပြဲက်ရင္ ျပည္သူလူထုရဲ႕ ဆႏၵအစစ္အမွန္ ဘာျဖစ္မလဲဆိုတဲ့ အေျဖကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္ၾကရမယ္လို႔ ထင္ပါတယ္”

“ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ လတ္တေလာျဖစ္ေပၚေနတဲ့ သတင္းျဖစ္ရပ္ေတြ အားလုံးကို ၿခဳံၾကည့္လိုက္ရင္ေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံဟာ အလြန္ရႈပ္ေထြးတဲ့ အေျခအေနတစ္ရပ္ဆီကို ေ႐ြ႕ေနတဲ့သေဘာ ေဆာင္ေနတယ္လို႔ မဆိုႏိုင္ဘူးလား”

“ကိုစိန္ေသာင္း ေျပာတာလည္း မမွားပါဘူး ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ အေနအထားကိုၾကည့္ရင္ ေန႔စဥ္နဲ႔အမွ် ဆႏၵေဖာ္ထုတ္မႈေတြ ရွိေနတတ္တယ္။ၿငိမ္းခ်မ္းေရးကို အဟန႔္အတားျဖစ္ေစမယ့္ ေသနတ္သံေတြကို ၾကားေနရဆဲရွိတယ္။လႊတ္ေတာ္ကအစ လူမႈမီဒီယာအဆုံးအထိ ေနရာတိုင္းေလာက္မွာ အတိုက္အခံျပဳသံ၊ ေထာက္ခံသံ၊ ဆန႔္က်င္ကန႔္ကြက္သံေတြ ညံေနဆဲရွိတယ္ ဆိုရရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ အခ်စ္အမုန္း ဝိေရာဓိဆန္မႈေတြက ႏိုင္ငံရဲ႕ မဲဆႏၵရွင္ ျပည္သူလူထုကို စိတ္ရႈပ္ေထြးေအာင္ ျပဳေနသလိုျဖစ္ေနတယ္။အ႐ိုးရွင္းဆုံးေျပာရရင္ ၂၀၂၀ ေ႐ြးေကာက္ပြဲ နီးလာေလေလ ႏိုင္ငံတြင္းက မဲဆႏၵရွင္ ျပည္သူေတြရဲ႕ စိတ္ေတြကို ဝိဝါဒမကြဲေအာင္၊ ေထြျပားေအာင္ ထိုးႏွက္ေစ့ေဆာ္ေနမႈမ်ိဳးေတြကို ပိုမိုေတြ႕ျမင္လာရမယ္လို႔ ရႈျမင္မိတယ္”

“ဒါနဲ႔ ဆရာ မၾကာေသးမီက စစ္ဗိုလ္ခ်ဳပ္ေဟာင္း ႏိုင္ငံေရးေခါင္းေဆာင္တစ္ဦးက လက္ရွိ ျမန္မာႏိုင္ငံမွာ ေတြ႕ျမင္ေနရတဲ့ ဆႏၵထုတ္ေဖာ္မႈေတြကိုၾကည့္ရင္း ဖက္ရွင္သေဘာမ်ိဳး ျဖစ္ေနတယ္လို႔ ေျပာသြားခဲ့တယ္။တစ္ဖက္နဲ႔ တစ္ဖက္ အၿပိဳင္အဆိုင္ ဆႏၵျပဳမႈေတြကေန မတည္မၿငိမ္ျဖစ္လာမွာကို စိုးရိမ္မိတယ္ဆိုတဲ့သေဘာမ်ိဳး ေျပာခဲ့တယ္၊ အဲဒီအေပၚမွာေတာ့ ဘယ္လိုျမင္မိလဲ ဆရာ”

“ဒီလိုရွိတယ္ ကိုစိန္ေသာင္း ဒီမိုကေရစီက်င့္သုံးတဲ့ ႏိုင္ငံေတြမွာ ဆႏၵထုတ္ေဖာ္တယ္ ဆိုတာကေတာ့ မဆန္းပါဘူး အဓိက ကေတာ့ သူတို႔အေရးဆိုမႈအေပၚ အစိုးရက အေရးယူေဆာင္႐ြက္ေပးဖို႔ ဆႏၵထုတ္ေဖာ္ၾကတာေပါ့။သူတို႔အေရးဆိုတဲ့အတိုင္း အစိုးရက ေျပလည္ေအာင္ အေရးယူေျဖရွင္းေပးႏိုင္ခဲ့မယ္ဆိုရင္ အဲဒီလို ဆႏၵျပမႈမ်ိဳးက အက်ိဳးသက္ေရာက္မႈရွိတဲ့ ဆႏၵျပမႈမ်ိဳး။ဆိုပါေတာ့ ဥပမာဆိုရရင္ မၾကာေသးမီက ျဖစ္ပြားခဲ့တဲ့ ဗစ္တိုရီးယား အေရးကိစၥမ်ိဳးမွာ တရားမွ်တမႈ မရွိဘူးဆိုတဲ့ ခံစားခ်က္ေတြနဲ႔  ဆႏၵထုတ္ေဖာ္ခဲ့ၾကတဲ့အတြက္ အတိုင္းအတာတစ္ခုအထိ သက္ေရာက္မႈရွိခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ဒါေပမဲ့ ႏိုင္ငံေရးအက်ိဳးအျမတ္အတြက္ ရည္႐ြယ္ခ်က္ရွိရွိ  ဆႏၵထုတ္ေဖာ္တာမ်ိဳးဆိုရင္ေတာ့ အမ်ားအတြက္လည္း အက်ိဳးမရွိတဲ့အျပင္ ႏိုင္ငံအတြက္ေတာင္ အက်ိဳးမဲ့ေစႏိုင္တဲ့ ဆႏၵထုတ္ေဖာ္မႈမ်ိဳးသာ ျဖစ္လာစရာရွိပါတယ္။”

“တကယ္ေတာ့ ဆရာရယ္ … လက္ရွိအေနအထားဟာ ကြၽန္ေတာ္တို႔ ႏိုင္ငံအတြက္ေတာ့ စိတ္ပ်က္အားေလ်ာ့စရာေတြခ်ည္းလို႔ ဆိုရင္ေတာ့ လြန္တယ္လို႔ ထင္မွာလား ”

“ဒီလိုရွိတယ္ ကိုစိန္ေသာင္း ရ … ဘယ္ေနရာမွာမဆို အဆိုးထဲက အေကာင္းဆိုတာလည္း ရွိေနတတ္ပါတယ္။တကယ္ေတာ့ ကြၽန္ေတာ္တို႔အားလုံးက ေမွ်ာ္လင့္ခ်က္နဲ႔ ရွင္သန္ေနၾကတဲ့ လူေတြခ်ည္းပါပဲ။ဘယ္လိုအေျခအေနမ်ိဳးေတြနဲ႔ပဲႀကဳံႀကဳံ ကြၽန္ေတာ္တို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ပ်က္ျပယ္မသြားဖို႔ပဲလိုတာပါ လက္ရွိတာဝန္ရွိတဲ့ အစိုးရေတာ့  အျခားေသာအဖြဲ႕အစည္းေတြပါ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ လက္ရွိအေနအထားမွန္ကို သိေနၾကမွာပါ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ အေျခအေနဟာ အက်ပ္အတည္းေပါင္းစုံနဲ႔ ေတြ႕ႀကဳံရင္ဆိုင္ေနၾကရတယ္ ဆိုတာကိုလည္း အားလုံးက သိေနၾကၿပီးသားပါ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕  အေနအထားဟာ ကမာၻေပၚမွာ မဆိုထားနဲ႔ ေဒသတြင္းမွာေတာင္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး အစစအရာရာမွာ နိမ့္ပါးေနတဲ့ အေနအထားကို ေရာက္ရွိေနတယ္ ဆိုတာကိုလည္း အားလုံးနားလည္သေဘာေပါက္ေနၾကမွာပါ ဒီလိုအေနအထားကေန ထပ္ၿပီးနိမ့္က်မသြားေအာင္ ဘယ္လိုအေျဖရွာၾကရမလဲ ဆိုတာကိုလည္း ေတြးမိၾကမွာပါ၊ ဆိုရရင္ ကြၽန္ေတာ္တို႔ ေတြ႕ႀကဳံရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြကေန ႐ုန္းထြက္ႏိုင္ဖို႔ ထြက္ေပါက္တစ္ခု ေတြ႕ႏိုင္မယ့္ အခြင့္အလမ္းတစ္ခု ရွိမေနဘူးလို႔ ကံေသကံမ ေျပာလို႔မရေသးပါဘူး။အဲဒီထြက္ေပါက္က ကြၽန္ေတာ္တို႔ အားလုံးအတြက္ ေမွ်ာ္လင့္ခ်က္ပါ။တစ္ခုပဲရွိတယ္ အဲဒီထြက္ေပါက္ကို ေတြ႕တဲ့အထိ ကြၽန္ေတာ္တို႔အားလုံး စုစုစည္းစည္းရွိမယ့္ အေျခအေနတစ္ရပ္ကို ဖန္တီးႏိုင္ဖို႔ေတာ့ လိုပါလိမ့္မယ္”

“အင္း … ဆရာေျပာမွပဲ အေမရိကန္ ကာတြန္းဆရာ ဘီလ္ကိန္း ေျပာခဲ့တာေလး သြားသတိရမိတယ္”

“ဘီလ္ကိန္း က ဘာမ်ားေျပာခဲ့လို႔လဲ”

“သူကဘာေျပာခဲ့လဲဆိုရင္ ‘မေန႔ကျဖစ္ခဲ့တာက သမိုင္း၊ မနက္ျဖန္ျဖစ္လာမွာက ဘာမွန္းမသိႏိုင္တဲ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္၊ ဒီေန႔ျဖစ္ေနတာကေတာ့ ဘုရားေပးတဲ့ လက္ေဆာင္တဲ့’  ဘာပဲျဖစ္ျဖစ္ေပါ့ ဆရာရယ္ ကြၽန္ေတာ္တို႔ကေတာ့ ဘာျဖစ္လာမယ္မွန္းမသိတဲ့ အရာကို ေမွ်ာ္လင့္ရင္း ဒီေန႔ႀကဳံေတြ႕ေနရတာေတြကို ရင္ဆိုင္ၾကရဖို႔ပဲ ရွိတာေပါ့”

ျမင့္ေနာင္မိုး
ၾသဂုတ္ - ၁၄