【 ဆောင်းပါး 】 မှောင်မလိုလိုနဲ့လင်း၊ လင်းမလိုလိုနဲ့မှောင်နေတဲ့ နိုင်ငံတစ်ခုအကြောင်း

【 ဆောင်းပါး 】 မှောင်မလိုလိုနဲ့လင်း၊ လင်းမလိုလိုနဲ့မှောင်နေတဲ့ နိုင်ငံတစ်ခုအကြောင်း

“ဘယ်လိုလဲ ကိုစိန်သောင်း .. မကြည်မလင်နဲ့၊ အိမ်က မဟေသီနဲ့ ကတောက်ကဆတ် ဖြစ်လာတာလား”

နိုင်ငံရေးနှင့် သမိုင်းဖြစ်ရပ်များကို စိတ်ဝင်စားသော ကိုစိန်သောင်းနှင့် ကျွန်တော်တို့က မကြာခဏဆိုသလို ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖြစ်ရပ်များအကြောင်းကို ပြောဖြစ်ကြသည်။ဒီနေ့တော့ ခါတိုင်းထက်စော၍ လက်ဖက်ရည်ဆိုင် ရောက်နေသော ကိုစိန်သောင်း၏ မျက်နှာက သုန်သုန်မှုန်မှုန်ဖြစ်နေသဖြင့် ကျွန်တော်က ကောက်ကာငင်ကာ မေးလိုက်ခြင်းဖြစ်သည်။

“မပြောပါနဲ့တော့ဗျာ၊ မီတာခတက်တော့မယ်ဆိုတာနဲ့ အိမ်မှာရှိသမျှ ဟိုနားကမီးကိုပိတ်လိုက် ဒီနားကမီးကိုပိတ်လိုက်နဲ့၊ ရုပ်မြင်သံကြားလည်း ကောင်းကောင်းမကြည့်ရ၊ စာလည်းကောင်းကောင်းမဖတ်ရနဲ့၊ ဒါတင်မကသေးဘူး၊ ခါတိုင်း အိမ်သားတစ်ယောက် မနက်ည ဝေပုံကျ ဘဲဥတစ်လုံးစီကနေ မနက်တစ်ခြမ်း၊ ညတစ်ခြမ်း ခွဲတမ်းကျကျွေးတော့ မျိုမကျဆိုသလိုတောင် ဖြစ်နေပြီ။”

“ဟဲဟဲ မီးမှန်သလိုရှိမှပဲ လူတွေလည်း ကိုယ့်ဘာသာ အမှောင်ချပြီး ခြိုးခြံချွေတာနေကြရတယ် ဆိုပါတော့”

“အေးဗျာ .. ကျွန်တော်တို့နိုင်ငံရဲ့ အဖြစ်ကလည်း မှောင်မလိုလိုနဲ့လင်း၊ လင်းမလိုလိုနဲ့ မှောင်ဆိုသလို အခုအချိန်အထိ မရေရာမသေချာဆိုသလို ဖြစ်နေပြီလို့ ဆိုရမလားပဲ”

“ပြဿနာတိုင်းပြည်မှာ ပြဿနာဆိုတာ ရှိနေမှာပဲပေါ့ ကိုစိန်သောင်းရ”

“ဘာလဲဗျ .. ခင်ဗျားပြောတဲ့ ပြဿနာတိုင်းပြည်ဆိုတာ”

“လက်ရှိ ကျွန်တော်တို့နိုင်ငံကိုကြည့်ရင် ပြဿနာက တစ်ခုမဟုတ် တစ်ခုဆိုသလို ရှိနေတဲ့နိုင်ငံ ဖြစ်မနေဘူးလား၊ ကြည့်လေ၊ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးနဲ့ ပတ်သက်ရင်လည်း ပြဿနာဆိုတာရှိတယ်။စီးပွားရေးဆိုရင်လည်း ပြဿနာ၊ ပညာရေးနဲ့ ပတ်သက်ရင်လည်း ပြဿနာ၊ လူမှုရေးဆိုရင်လည်း ပြဿနာနဲ့ ကင်းလွတ်တယ်လို့ မရှိဘူးမဟုတ်လား”

“တကယ်လည်း အဲဒီကဏ္ဍတွေမှာ ပြဿနာရှိနေတာပဲ မဟုတ်လား ”

“တကယ်ပြဿနာရှိနေရင် အဲဒီပြဿနာတွေကိုဖြေရှင်းရမယ့်တာဝန် ကျွန်တော်တို့ နိုင်ငံသားအားလုံးမှာ ရှိတာပေါ့။ဒါပေမဲ့ တချို့အရေးကိစ္စတွေကတော့ ပြဿနာမဟုတ် ပြဿနာရှာသလို ဖြစ်နေသလားပဲ၊ ဆိုရရင် ကျွန်တော်တို့ရဲ့ အဖြစ်က ဆရာနန္ဒာသိန်းဇံ ပြောပြဖူးတဲ့ ဖားနဲ့ ကင်းခြေများ ပုံပြင်ထဲကလို ဖြစ်နေတာက ပိုများနေသလားပဲ”

“ဆိုပါဦး .. ဖားနဲ့ ကင်းခြေများ ပုံပြင်အကြောင်း”

“ဒီလိုဗျ.. တစ်နေ့တော့ ဖားတစ်ကောင်က ကင်းခြေများတစ်ကောင်ကို ကြည့်ပြီး ဒီလောက် ခြေထောက်တွေများနေတာ လမ်းလျှောက်ရင် ဘယ်ခြေထောက်က စပြီး လှမ်းမှာပါလိမ့်ဆိုပြီး ကင်းခြေများကိုယ်စား ကြားထဲက သူ့မှာ ပြဿနာဖြစ်နေတာ၊ နောက်ဆုံး ကင်းခြေများကို ကြည့်ပြီး သူ့ကိုယ်သူတောင် ဘယ်ခြေထောက်က စလှမ်းရမှန်းမသိနဲ့ အယောင်ဆောင်အမှားမှား ဖြစ်နေတဲ့အတွက် လှမ်းလို့ရပါလျက်နဲ့ မလှမ်း၊ ခုန်လို့ရပါလျက်နဲ့ မခုန်မိတော့ လိုရာမရောက် ဖြစ်နေတော့တာပေါ့”

“ခင်ဗျားဆိုလိုချင်တာက”

“ဒီလို ကိုစိန်သောင်းရ၊ ကျွန်တော်တို့က အမှန်တကယ် ပြဿနာဖြစ်နေတယ်ဆိုရင် ဖြေရှင်းဖို့ ကြိုးပမ်းရမှာပါ။ဆိုရရင် ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာဆိုတာ တစ်ဦးတစ်ယောက်ချင်း ဖြေရှင်းလို့ရတဲ့ ပြဿနာမျိုးလား၊ ဒါမှမဟုတ် ဝိုင်းဝန်းအဖြေရှာပြီး ဖြေရှင်းရမယ့် ပြဿနာမျိုးလား ဆိုတာကိုတော့ အရင်ဦးဆုံး ပိုင်းခြားဝေဖန်ဖို့ လိုတာပေါ့။တကယ်တော့ တချို့ပြဿနာတွေကို အစိုးရက ဖြေရှင်းပေးရမယ့် ပြဿနာတွေရှိသလို တချို့ပြဿနာတွေကိုတော့ လူတစ်ဦးတစ်ယောက်ချင်းစီက ကိုယ့်ဘာသာ အဖြေရှာ ဖြေရှင်းသင့် ဖြေရှင်းနိုင်ကြမယ်ဆိုရင် ပိုမကောင်းဘူးလား”

“ဆိုပါဦး”

“ခင်ဗျားအိမ်မှာ ခင်ဗျားမဟေသီ ဖြေရှင်းတဲ့ နည်းလမ်းမျိုးဆိုပါတော့။မီတာခတိုးမြှင့်ရင် မီတာခတက်လာမယ်။အခြားအသုံးစရိတ်တွေလည်း တက်ကောင်းတက်လာမယ်။ဒီတော့ အိမ်မှာ မလိုအပ်တဲ့ မီးသုံးစွဲမှုတွေကို လျှော့ချမယ်။မီတာခနဲ့အတူ နောက်တိုးတက်လာဖွယ်ရှိတဲ့ ကုန်ဈေးနှုန်းနဲ့ ကိုယ့်မိသားစုဝင်ငွေ ချိန်ထိုးပြီး မီးဖိုချောင်စရိတ်ကအစ တတ်နိုင်သလောက် ခြိုးခြံချွေတာတာမျိုးပေ့ါ။ဆိုရရင် ခင်ဗျားမဟေသီက သူ့မိသားစုရင်ဆိုင်ရမယ့် ပြဿနာကို သူစဉ်းစားမိသလောက် ဖြေရှင်းပြီး ပြဿနာကို လျော့နည်းသွားအောင် လုပ်တာမျိုးဆိုပါတော့”

“ခင်ဗျားပြောတာကတော့ သဘာဝကျသလိုရှိပါရဲ့ ဒါပေမဲ့ လူဆိုတာကတော့ ကောင်းကောင်းနေ၊ ကောင်းကောင်းစားချင်သေးတာပဲ မဟုတ်လား”

“ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေက လူတိုင်း ကောင်းကောင်းစား၊ ကောင်းကောင်းနေနိုင်တဲ့ အခြေအနေမျိုးမှာ ရှိမနေသေးဘူး မဟုတ်လား”

“အဲဒီလိုဖြစ်တာ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ထင်လဲ”

“လူအတော်များများကတော့ အစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုမှာပါ”

“ဒါအမှန်ပဲမဟုတ်လား”

“မှန်တော့မှန်ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံနဲ့ လက်ရှိအခြေအနေက အစိုးရအပေါ်ချည်းပဲ အပြစ်ပုံချလို့တော့ မရဘူးလို့ထင်တယ်။”

“ဘာကြောင့်လဲ”

“ဒီလိုဗျ .. အတိတ်သမိုင်းဖြစ်ရပ်တွေကနေ လက်ရှိအချိန်အထိ ကျွန်တာ်တို့နိုင်ငံရဲ့ အနေအထားကို ချိန်ထိုးကြည့်ရင် လက်ရှိ ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထားက မပြည့်စုံတဲ့ အိမ်ထောင်စုကြီးနဲ့ တူမနေဘူးလား။ဆိုရရင် မိဘတွေက သားသမီးတွေကို အဆင့်အတန်းရှိရှိနဲ့ ကောင်းကောင်းထားချင်တယ်။ဒါပေမဲ့ လက်ထဲမှာ အဲဒီလိုထားနိုင်လောက်တဲ့ ငွေကြေးကမရှိဘူး ရှိတာလေးနဲ့ လှအောင်ဆင်နေရတဲ့ အနေအထား။ဒီလိုအနေအထားမျိုးမှာ မိဘတွေရဲ့ အခြေအနေကိုကြည့်ပြီး နေနေရတဲ့ သားသမီးတွေကို ကျွန်ေတော်တို့ကလည်း ကျွန်တေ်ာတို့ နိုင်ငံရဲ့ လက်ရှိအနေအထား အမှန်နဲ့ ထိုက်သင့်နေတတ်တဲ့ အလေ့အကျင့် မွေးမြူမှ ဖြစ်မယ်လို့ မထင်ဘူးလား”

“ဒါပေမဲ့ လူတိုင်းကတော့ ခင်ဗျားတွေးသလို တွေးမယ်မထင်ပါဘူး”

“မှန်ပါတယ် .. ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာ အတိတ်ကာလ တံခါးပိတ်ဝါဒ ကျင့်သုံးစဉ်အချိန်ကနဲ့ ကန့်သတ်ထိန်းချုပ်မှုတွေ ရှိစဉ်ကာလကတော့ နိုင်ငံရဲ့ အခြေအနေပေါ်မှာကြည့်ပြီး ကျွန်တော်တို့အားလုံး အောင့်အည်းသည်းခံပြီး နေနိုင်ခဲ့ကြတာပဲ မဟုတ်လား။အခုမှသာ တစ်ခုခုအလိုမကျဖြစ်တာနဲ့ လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြနေကြတာ မဟုတ်လား”

“အင်း.. အဲဒီအပြောင်းအလဲကတော့ မြင်သာတယ်။အဲ့ဒါဘာကြောင့်လို့ထင်လဲ”

“ဟိုတုန်းကတော့ အကြောက်တရားက နိုင်ငံအခြေအနေနဲ့ လိုက်လျောညီထွေ နေတတ်အောင် လေ့ကျင့်ပေးထားသလိုဖြစ်နေတာ။အခုကတော့ ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးစနစ် ရေစီးကြောင်းအတွင်းမှာ လိုက်ပါစီးမျောဖို့ အခြေအနေပေးလာတာ။လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးဆိုတဲ့ အခွင့်အလမ်းတွေကို အသုံးချဖို့ အခြေအနေပေးလာတာလို့ ဆိုချင်ပါတယ်”

“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ သဘောက”

“ဒီမိုကရေစီဆိုတာ တရားဥပဒေစိုးမိုးတဲ့စနစ်၊ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ သတင်းလွတ်လပ်ခွင့်၊ ခွဲခြားဆက်ဆံခြင်းကို ဆန့်ကျင်ခွင့်၊ လူသားရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာကို လေးစားမှုထားတာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေ၊ ဒီနေ့ခေတ်မှာ ဒီမိုကရေစီရပိုင်ခွင့်တွေ ရရှိလာကြတဲ့အတွက် အလွယ်တကူ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှု ပြုလာကြတဲ့ခေတ်ပဲဆိုပါတော့”

“ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံကတော့ အစစ်အမှန် ဒီမိုကရေစီကျင့်သုံးနိုင်တဲ့ အနေအထားအထိ မရောက်သေးဘူး မဟုတ်လား”

“ဟုတ်ပါတယ်”

“ဒါဆိုရင် ဘယ်အချိန်ကျမှ အဲဒီအနေအထားမျိုးကို ရောက်နိုင်မှာတဲ့လဲ”

“ကျွန်တော်တို့ နိုင်ငံမှာ အစစ်အမှန် ဒီမိုကရေစီကျင့်သုံးနိုင်တဲ့ အနေအထားရောက်ရှိဖို့ဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေအားလုံး မျှော်လင့်တောင့်တနေကြတဲ့ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်သစ်ဆီကို အရောက်လှမ်းဖို့ တစ်မျိုးသားလုံးက  ကြည်ကြည်ဖြူဖြူ တက်တက်ကြွကြွနဲ့ လက်တွဲဆောင်ရွက်ဖို့ အခိုင်အမာဆုံးဖြတ်နိုင်တဲ့ တစ်နေ့လို့ပဲ ဆိုလိုက်ချင်ပါတယ်။”

မြင့်နောင်မိုး
ဇူလိုင် - ၁၁

( Zawgyi )

“ဘယ္လိုလဲ ကိုစိန္ေသာင္း .. မၾကည္မလင္နဲ႔၊ အိမ္က မေဟသီနဲ႔ ကေတာက္ကဆတ္ ျဖစ္လာတာလား”

ႏိုင္ငံေရးႏွင့္ သမိုင္းျဖစ္ရပ္မ်ားကို စိတ္ဝင္စားေသာ ကိုစိန္ေသာင္းႏွင့္ ကြၽန္ေတာ္တို႔က မၾကာခဏဆိုသလို ကြၽန္ေတာ္တို႔ႏိုင္ငံ၏ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ လူမႈေရးဆိုင္ရာ ျဖစ္ရပ္မ်ားအေၾကာင္းကို ေျပာျဖစ္ၾကသည္။ဒီေန႔ေတာ့ ခါတိုင္းထက္ေစာ၍ လက္ဖက္ရည္ဆိုင္ ေရာက္ေနေသာ ကိုစိန္ေသာင္း၏ မ်က္ႏွာက သုန္သုန္မႈန္မႈန္ျဖစ္ေနသျဖင့္ ကြၽန္ေတာ္က ေကာက္ကာငင္ကာ ေမးလိုက္ျခင္းျဖစ္သည္။

“မေျပာပါနဲ႔ေတာ့ဗ်ာ၊ မီတာခတက္ေတာ့မယ္ဆိုတာနဲ႔ အိမ္မွာရွိသမွ် ဟိုနားကမီးကိုပိတ္လိုက္ ဒီနားကမီးကိုပိတ္လိုက္နဲ႔၊ ႐ုပ္ျမင္သံၾကားလည္း ေကာင္းေကာင္းမၾကည့္ရ၊ စာလည္းေကာင္းေကာင္းမဖတ္ရနဲ႔၊ ဒါတင္မကေသးဘူး၊ ခါတိုင္း အိမ္သားတစ္ေယာက္ မနက္ည ေဝပုံက် ဘဲဥတစ္လုံးစီကေန မနက္တစ္ျခမ္း၊ ညတစ္ျခမ္း ခြဲတမ္းက်ေကြၽးေတာ့ မ်ိဳမက်ဆိုသလိုေတာင္ ျဖစ္ေနၿပီ။”

“ဟဲဟဲ မီးမွန္သလိုရွိမွပဲ လူေတြလည္း ကိုယ့္ဘာသာ အေမွာင္ခ်ၿပီး ၿခိဳးၿခံေခြၽတာေနၾကရတယ္ ဆိုပါေတာ့”

“ေအးဗ်ာ .. ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အျဖစ္ကလည္း ေမွာင္မလိုလိုနဲ႔လင္း၊ လင္းမလိုလိုနဲ႔ ေမွာင္ဆိုသလို အခုအခ်ိန္အထိ မေရရာမေသခ်ာဆိုသလို ျဖစ္ေနၿပီလို႔ ဆိုရမလားပဲ”

“ျပႆနာတိုင္းျပည္မွာ ျပႆနာဆိုတာ ရွိေနမွာပဲေပါ့ ကိုစိန္ေသာင္းရ”

“ဘာလဲဗ် .. ခင္ဗ်ားေျပာတဲ့ ျပႆနာတိုင္းျပည္ဆိုတာ”

“လက္ရွိ ကြၽန္ေတာ္တို႔ႏိုင္ငံကိုၾကည့္ရင္ ျပႆနာက တစ္ခုမဟုတ္ တစ္ခုဆိုသလို ရွိေနတဲ့ႏိုင္ငံ ျဖစ္မေနဘူးလား၊ ၾကည့္ေလ၊ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ႏိုင္ငံေရးနဲ႔ ပတ္သက္ရင္လည္း ျပႆနာဆိုတာရွိတယ္။စီးပြားေရးဆိုရင္လည္း ျပႆနာ၊ ပညာေရးနဲ႔ ပတ္သက္ရင္လည္း ျပႆနာ၊ လူမႈေရးဆိုရင္လည္း ျပႆနာနဲ႔ ကင္းလြတ္တယ္လို႔ မရွိဘူးမဟုတ္လား”

“တကယ္လည္း အဲဒီက႑ေတြမွာ ျပႆနာရွိေနတာပဲ မဟုတ္လား ”

“တကယ္ျပႆနာရွိေနရင္ အဲဒီျပႆနာေတြကိုေျဖရွင္းရမယ့္တာဝန္ ကြၽန္ေတာ္တို႔ ႏိုင္ငံသားအားလုံးမွာ ရွိတာေပါ့။ဒါေပမဲ့ တခ်ိဳ႕အေရးကိစၥေတြကေတာ့ ျပႆနာမဟုတ္ ျပႆနာရွာသလို ျဖစ္ေနသလားပဲ၊ ဆိုရရင္ ကြၽန္ေတာ္တို႔ရဲ႕ အျဖစ္က ဆရာနႏၵာသိန္းဇံ ေျပာျပဖူးတဲ့ ဖားနဲ႔ ကင္းေျခမ်ား ပုံျပင္ထဲကလို ျဖစ္ေနတာက ပိုမ်ားေနသလားပဲ”

“ဆိုပါဦး .. ဖားနဲ႔ ကင္းေျခမ်ား ပုံျပင္အေၾကာင္း”

“ဒီလိုဗ်.. တစ္ေန႔ေတာ့ ဖားတစ္ေကာင္က ကင္းေျခမ်ားတစ္ေကာင္ကို ၾကည့္ၿပီး ဒီေလာက္ ေျခေထာက္ေတြမ်ားေနတာ လမ္းေလွ်ာက္ရင္ ဘယ္ေျခေထာက္က စၿပီး လွမ္းမွာပါလိမ့္ဆိုၿပီး ကင္းေျခမ်ားကိုယ္စား ၾကားထဲက သူ႔မွာ ျပႆနာျဖစ္ေနတာ၊ ေနာက္ဆုံး ကင္းေျခမ်ားကို ၾကည့္ၿပီး သူ႔ကိုယ္သူေတာင္ ဘယ္ေျခေထာက္က စလွမ္းရမွန္းမသိနဲ႔ အေယာင္ေဆာင္အမွားမွား ျဖစ္ေနတဲ့အတြက္ လွမ္းလို႔ရပါလ်က္နဲ႔ မလွမ္း၊ ခုန္လို႔ရပါလ်က္နဲ႔ မခုန္မိေတာ့ လိုရာမေရာက္ ျဖစ္ေနေတာ့တာေပါ့”

“ခင္ဗ်ားဆိုလိုခ်င္တာက”

“ဒီလို ကိုစိန္ေသာင္းရ၊ ကြၽန္ေတာ္တို႔က အမွန္တကယ္ ျပႆနာျဖစ္ေနတယ္ဆိုရင္ ေျဖရွင္းဖို႔ ႀကိဳးပမ္းရမွာပါ။ဆိုရရင္ ကြၽန္ေတာ္တို႔ ႀကဳံေတြ႕ေနရတဲ့ ျပႆနာဆိုတာ တစ္ဦးတစ္ေယာက္ခ်င္း ေျဖရွင္းလို႔ရတဲ့ ျပႆနာမ်ိဳးလား၊ ဒါမွမဟုတ္ ဝိုင္းဝန္းအေျဖရွာၿပီး ေျဖရွင္းရမယ့္ ျပႆနာမ်ိဳးလား ဆိုတာကိုေတာ့ အရင္ဦးဆုံး ပိုင္းျခားေဝဖန္ဖို႔ လိုတာေပါ့။တကယ္ေတာ့ တခ်ိဳ႕ျပႆနာေတြကို အစိုးရက ေျဖရွင္းေပးရမယ့္ ျပႆနာေတြရွိသလို တခ်ိဳ႕ျပႆနာေတြကိုေတာ့ လူတစ္ဦးတစ္ေယာက္ခ်င္းစီက ကိုယ့္ဘာသာ အေျဖရွာ ေျဖရွင္းသင့္ ေျဖရွင္းႏိုင္ၾကမယ္ဆိုရင္ ပိုမေကာင္းဘူးလား”

“ဆိုပါဦး”

“ခင္ဗ်ားအိမ္မွာ ခင္ဗ်ားမေဟသီ ေျဖရွင္းတဲ့ နည္းလမ္းမ်ိဳးဆိုပါေတာ့။မီတာခတိုးျမႇင့္ရင္ မီတာခတက္လာမယ္။အျခားအသုံးစရိတ္ေတြလည္း တက္ေကာင္းတက္လာမယ္။ဒီေတာ့ အိမ္မွာ မလိုအပ္တဲ့ မီးသုံးစြဲမႈေတြကို ေလွ်ာ့ခ်မယ္။မီတာခနဲ႔အတူ ေနာက္တိုးတက္လာဖြယ္ရွိတဲ့ ကုန္ေဈးႏႈန္းနဲ႔ ကိုယ့္မိသားစုဝင္ေငြ ခ်ိန္ထိုးၿပီး မီးဖိုေခ်ာင္စရိတ္ကအစ တတ္ႏိုင္သေလာက္ ၿခိဳးၿခံေခြၽတာတာမ်ိဳးေပ့ါ။ဆိုရရင္ ခင္ဗ်ားမေဟသီက သူ႔မိသားစုရင္ဆိုင္ရမယ့္ ျပႆနာကို သူစဥ္းစားမိသေလာက္ ေျဖရွင္းၿပီး ျပႆနာကို ေလ်ာ့နည္းသြားေအာင္ လုပ္တာမ်ိဳးဆိုပါေတာ့”

“ခင္ဗ်ားေျပာတာကေတာ့ သဘာဝက်သလိုရွိပါရဲ႕ ဒါေပမဲ့ လူဆိုတာကေတာ့ ေကာင္းေကာင္းေန၊ ေကာင္းေကာင္းစားခ်င္ေသးတာပဲ မဟုတ္လား”

“ဒါေပမဲ့ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ အေျခအေနက လူတိုင္း ေကာင္းေကာင္းစား၊ ေကာင္းေကာင္းေနႏိုင္တဲ့ အေျခအေနမ်ိဳးမွာ ရွိမေနေသးဘူး မဟုတ္လား”

“အဲဒီလိုျဖစ္တာ ဘယ္သူ႔မွာ တာဝန္ရွိတယ္လို႔ထင္လဲ”

“လူအေတာ္မ်ားမ်ားကေတာ့ အစိုးရမွာ တာဝန္ရွိတယ္လို႔ ဆိုမွာပါ”

“ဒါအမွန္ပဲမဟုတ္လား”

“မွန္ေတာ့မွန္ပါတယ္။ဒါေပမဲ့ ကြၽန္ေတာ္တို႔ႏိုင္ငံနဲ႔ လက္ရွိအေျခအေနက အစိုးရအေပၚခ်ည္းပဲ အျပစ္ပုံခ်လို႔ေတာ့ မရဘူးလို႔ထင္တယ္။”

“ဘာေၾကာင့္လဲ”

“ဒီလိုဗ် .. အတိတ္သမိုင္းျဖစ္ရပ္ေတြကေန လက္ရွိအခ်ိန္အထိ ကြၽန္တာ္တို႔ႏိုင္ငံရဲ႕ အေနအထားကို ခ်ိန္ထိုးၾကည့္ရင္ လက္ရွိ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ အေနအထားက မျပည့္စုံတဲ့ အိမ္ေထာင္စုႀကီးနဲ႔ တူမေနဘူးလား။ဆိုရရင္ မိဘေတြက သားသမီးေတြကို အဆင့္အတန္းရွိရွိနဲ႔ ေကာင္းေကာင္းထားခ်င္တယ္။ဒါေပမဲ့ လက္ထဲမွာ အဲဒီလိုထားႏိုင္ေလာက္တဲ့ ေငြေၾကးကမရွိဘူး ရွိတာေလးနဲ႔ လွေအာင္ဆင္ေနရတဲ့ အေနအထား။ဒီလိုအေနအထားမ်ိဳးမွာ မိဘေတြရဲ႕ အေျခအေနကိုၾကည့္ၿပီး ေနေနရတဲ့ သားသမီးေတြကို ကြၽန္ေေတာ္တို႔ကလည္း ကြၽန္ေတ္ာတို႔ ႏိုင္ငံရဲ႕ လက္ရွိအေနအထား အမွန္နဲ႔ ထိုက္သင့္ေနတတ္တဲ့ အေလ့အက်င့္ ေမြးျမဴမွ ျဖစ္မယ္လို႔ မထင္ဘူးလား”

“ဒါေပမဲ့ လူတိုင္းကေတာ့ ခင္ဗ်ားေတြးသလို ေတြးမယ္မထင္ပါဘူး”

“မွန္ပါတယ္ .. ဒါေပမဲ့ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ အတိတ္ကာလ တံခါးပိတ္ဝါဒ က်င့္သုံးစဥ္အခ်ိန္ကနဲ႔ ကန႔္သတ္ထိန္းခ်ဳပ္မႈေတြ ရွိစဥ္ကာလကေတာ့ ႏိုင္ငံရဲ႕ အေျခအေနေပၚမွာၾကည့္ၿပီး ကြၽန္ေတာ္တို႔အားလုံး ေအာင့္အည္းသည္းခံၿပီး ေနႏိုင္ခဲ့ၾကတာပဲ မဟုတ္လား။အခုမွသာ တစ္ခုခုအလိုမက်ျဖစ္တာနဲ႔ လမ္းေပၚထြက္ ကန႔္ကြက္ဆႏၵျပေနၾကတာ မဟုတ္လား”

“အင္း.. အဲဒီအေျပာင္းအလဲကေတာ့ ျမင္သာတယ္။အဲ့ဒါဘာေၾကာင့္လို႔ထင္လဲ”

“ဟိုတုန္းကေတာ့ အေၾကာက္တရားက ႏိုင္ငံအေျခအေနနဲ႔ လိုက္ေလ်ာညီေထြ ေနတတ္ေအာင္ ေလ့က်င့္ေပးထားသလိုျဖစ္ေနတာ။အခုကေတာ့ ဒီမိုကေရစီဆိုတဲ့ ႏိုင္ငံေရးစနစ္ ေရစီးေၾကာင္းအတြင္းမွာ လိုက္ပါစီးေမ်ာဖို႔ အေျခအေနေပးလာတာ။လူ႔အခြင့္အေရး၊ ႏိုင္ငံသားအခြင့္အေရးဆိုတဲ့ အခြင့္အလမ္းေတြကို အသုံးခ်ဖို႔ အေျခအေနေပးလာတာလို႔ ဆိုခ်င္ပါတယ္”

“ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးဆိုတဲ့ သေဘာက”

“ဒီမိုကေရစီဆိုတာ တရားဥပေဒစိုးမိုးတဲ့စနစ္၊ လြတ္လပ္စြာထုတ္ေဖာ္ခြင့္၊ သတင္းလြတ္လပ္ခြင့္၊ ခြဲျခားဆက္ဆံျခင္းကို ဆန႔္က်င္ခြင့္၊ လူသားရဲ႕ ကိုယ္ပိုင္လြတ္လပ္ခြင့္နဲ႔ ဂုဏ္သိကၡာကို ေလးစားမႈထားတာဟာ ဒီမိုကေရစီရဲ႕ အႏွစ္သာရေတြ၊ ဒီေန႔ေခတ္မွာ ဒီမိုကေရစီရပိုင္ခြင့္ေတြ ရရွိလာၾကတဲ့အတြက္ အလြယ္တကူ လမ္းေပၚထြက္ ဆႏၵထုတ္ေဖာ္မႈ ျပဳလာၾကတဲ့ေခတ္ပဲဆိုပါေတာ့”

“ဒါေပမဲ့ ကြၽန္ေတာ္တို႔ ႏိုင္ငံကေတာ့ အစစ္အမွန္ ဒီမိုကေရစီက်င့္သုံးႏိုင္တဲ့ အေနအထားအထိ မေရာက္ေသးဘူး မဟုတ္လား”

“ဟုတ္ပါတယ္”

“ဒါဆိုရင္ ဘယ္အခ်ိန္က်မွ အဲဒီအေနအထားမ်ိဳးကို ေရာက္ႏိုင္မွာတဲ့လဲ”

“ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ အစစ္အမွန္ ဒီမိုကေရစီက်င့္သုံးႏိုင္တဲ့ အေနအထားေရာက္ရွိဖို႔ဆိုရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံသားေတြအားလုံး ေမွ်ာ္လင့္ေတာင့္တေနၾကတဲ့ ေခတ္မီတိုးတက္တဲ့ ဒီမိုကေရစီ ဖက္ဒရယ္ႏိုင္ငံေတာ္သစ္ဆီကို အေရာက္လွမ္းဖို႔ တစ္မ်ိဳးသားလုံးက  ၾကည္ၾကည္ျဖဴျဖဴ တက္တက္ႂကြႂကြနဲ႔ လက္တြဲေဆာင္႐ြက္ဖို႔ အခိုင္အမာဆုံးျဖတ္ႏိုင္တဲ့ တစ္ေန႔လို႔ပဲ ဆိုလိုက္ခ်င္ပါတယ္။”

ျမင့္ေနာင္မိုး
ဇူလိုင္ - ၁၁