【 ဆောင်းပါး 】 ရန်ကုန်စည်ပင်ရွေးကောက်ပွဲ၊ ဖြစ်မြဲပြဿနာများနှင့် တရားမျှတမှု

【 ဆောင်းပါး 】 ရန်ကုန်စည်ပင်ရွေးကောက်ပွဲ၊ ဖြစ်မြဲပြဿနာများနှင့် တရားမျှတမှု

ဒီချုပ်အစိုးရလက်ထက်၌ ရန်ကုန်စည်ပင်သာယာရေး၏ ဆောင်ရွက်မှုများကို ရန်ကုန်လူထု ကျေနပ်မှုနည်းပါးကြောင်း ၂၀၁၇ ခန့်က ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုအရ သိရှိရပါသည်။ယေဘုယျအားဖြင့် ရန်ကုန်စည်ပင်၏ လုပ်ငန်းဆောင်ရွက်ပေးမှုများ ထောင့်မစေ့မှု၊ အချိန်နှင့်တပြေးညီ တာဝန်မယူနိုင်မှု၊ အချိန်ကြန့်ကြာမှု ငွေပေးရမှု စသည်များ ရှိနေဆဲဖြစ်ကြောင်း လူထုက လက်တွေ့ခံစား သိရှိနေကြပါသည်။ရန်ကုန်လူထုက ရန်ကုန်စည်ပင် အလုပ်လုပ်ပုံကို မန္တလေးစည်ပင် အလုပ်လုပ်ပုံနှင့် နှိုင်းယဉ်ပြီး ရန်ကုန်ကို မကျေနပ်ကြပေ။ထိုအချက်ကို ရန်ကုန်ဝန်ချုပ်နှင့် မြို့တော်ဝန် သိစေကာမူ သူတို့တွင် ဆင်ခြေကအဆင်သင့်။ရန်ကုန်သည် ကျယ်ဝန်းလွန်းသည်။မန္တလေးနှင့် နှိုင်း၍မဖြစ်ဟူ၏။သို့သော် သူတို့နှစ်ယောက်တွဲလျက် ပွဲတကာတက်နေသည်ကို လူထုက မျက်စိနောက်လာကြပါသည်။ပွဲတက် ဖဲကြိုးဖြတ်ရင်း အချိန်ကုန်နေသူများအဖြစ် ရှုမြင်လာကြပါသည်။လွန်ခဲ့သော ၂၀၁၈ ကုန်ခါနီးတွင် စမ်းချောင်းမြို့နယ်အတွင်း မိလ္လာပိုက်ပေါက်သည်ကို လူထုက အကြောင်းကြားသော်လည်း စည်ပင်က လာရောက်မရှင်းလင်း။မစင်များ လမ်းပေါ်ပြန့်ကြဲနေခြင်း ရက်ကြာလာသော် စမ်းချောင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဖေ့စ်ဘုတ်ပေါ်တွင် ရန်ကုန်မြို့တော်ဝန်ကို ငဖြီးကြီးဟု စာရေးသားတင်ခဲ့ပါသည်။ငဖြီးကြီးပို့စ်သည် ဖေ့စစ်ဘုတ်တခွင် အတာ်ကျော်ကြားသွားပါသည်။အကျိုးဆက်အနေဖြင့် နောက်နေ့၌် စည်ပင်ဝန်ထမ်းများ စမ်းချောင်းမြို့နယ်အတွင်းတွင် ပျားပန်းခတ် အလုပ်လုပ်ပြကြပါတော့သည်။

စင်စစ် ရန်ကုန်စည်ပင်အကြောင်း ပြောရပါက ပြောမဆုံးပေါင် တောသုံးတောင် အဖြစ်မျိုးပါ။ဒီချုပ်အစိုးရ တက်ပြီးနောက် မန္တလေးစည်ပင်သည် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ကို မူလရှိနေသည့် စည်ပင်ဥပဒေဘောင်အတွင်းမှပင် ရွေးချယ်ခန့်အပ်ခဲ့ပါသည်။ရန်ကုန်စည်ပင်ကား ရန်ကုန်စည်ပင်ဥပဒေ ရေးဆွဲပြီးမှသာ ထိုကော်မတီအဆင့်ဆင့်နေရာကို ဖြည့်မည်ဟုဆိုပါသည်။သို့ဖြင့် ၂၀၁၈ တွင် ရန်ကုန်စည်ပင်ဥပဒေ ထွက်လာပြီးနောက် ၂၀၁၉ မတ် ၃၁ ရက်နေ့တွင် ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ကျင်းပခဲ့ပါသည်။

ရွေးကောက်ပွဲမကျင်းပမီ ကိုယ်တိုင်သိမြင်ရသည်များကို ဦးစွာပြောပြလိုပါသည်။စာရေးသူတို့ အင်းစိန်မြို့နယ်တွင် မည်သူတွေ စည်ပင်ရွေးကောက်ပွဲဝင်မည်ဆိုသည်ကို စာရေးသူတို့ နေထိုင်ရာ ရပ်ကွက်၌ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး မည်သူကမှ လူထုကို ပြောပြခြင်း အသိပေးခြင်းမရှိပါ။ရွေးကောက်ပွဲဝင်တချို့က သူတို့ဓာတ်ပုံများပါသည့် ဗွီနိုင်းကို လမ်းဆုံလမ်းခွတချို့တွင် ချိတ်ထား၍ သိရသော်လည်း ကျန်ရှိသည့် ရွေးကောက်ပွဲဝင်မည့်သူများကို မသိရှိပါ။သို့သော် ဒီဗွီဘီရုပ်သံလိုင်း၏ တင်ဆက်ပေးမှုအရ ရန်ကုန်စည်ပင် ရွေးကောက်ပွဲဝင်မည့်သူတချို့ကို သိနေပါသည်။ဒီဗွီဘီ တင်ဆက်မှုကြောင့် ကိုအောင်ခန့်၊ ဇောတိကဦးခင်လှိုင်၊ ဦးမောင်မောင်ဇင် (သီးလေးသီးလူရွှင်တော် ဂေါ်ဇီလာ) စသည့်သူများ ပါဝင်အရွေးခံကြမည်ဖြစ်ကြောင်း သိရှိခဲ့ပါသည်။
ထို့အတူ မော်ဒယ် ထက်ထက်ထွန်း ဝင်ရောက်အရွေးခံမည့် သတင်းကို မီဒီယာများကြောင့် သိရှိခဲ့ရပါသည်။စာရေးသူသည် အင်းစိန်မြို့နယ်မှ ဝင်ရောက်အရွေးခံမည့်သူများအနက် ဂေါ်ဇီလာတစ်ယောက်ကိုသာ သိပါသည်။တခြားမည်သူတွေ ဝင်ရောက်အရွေးခံမည် မသိပါ။

တခြားမြို့နယ်များတွင် နေထိုင်ကြသည့် အသိမိတ်ဆွေများလည်း စာရေးသူကဲ့သို့ပင် သူတို့မြို့နယ်အတွင်း မည်သူအရွေးခံမည်ကို မသိကြပါ။မီဒီယာက ဖော်ပြပေးသူတချို့ကိုသာ သိရှိကြကြောင်း သိရပါသည်။စည်ပင်ရွေးကောက်ပွဲအတွက် မဲဆွယ်ချိန်တွင် သတင်းမီဒီယာများပေါ် အဝေဖန်ခံရ အရေးခံရဆုံးသူများမှာ အင်အယ်လ်ဒီပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများ ဖြစ်နေပါသည်။
သူတို့သည် ပါတီပုံရိပ်ကို သုံးကြသည်။ပါတီတံဆိပ်ကို သုံးကြသည်။ဗိုလ်ချုပ်နှင့် အမေစု ပုံများကို သုံးကြသည်ဟု ဝေဖန်သံများထွက်လာပါသည်။စည်ပင်ရွေးကောက်ပွဲဝင်မည့် အင်အယ်လ်ဒီပါတီဝင်များအား ပါတီတံဆိပ် ပါတီပုံရိပ် သုံးစွဲခွင့်ပြုထားသည်ဟု ဆိုပါသည်။

စာရေးသူတို့ ရပ်ကွက်တွင် စည်ပင်ရွေးကောက်ပွဲအတွက် ၂၀၁၈ ကတည်းက လူဦးရေစာရင်း လိုက်ကောက်ခဲ့ပါသည်။မဲပေးရသည့်နေ့တွင် စာရေးသူအမည်ကို မဲရုံတွင်းရှိ လူ ၄ ယောက်က နာရီဝက်ကျော်ကြာ ဝိုင်းရှာပါမှ အမည်တွေ့ပါသည်။သူတို့ စာရွက်များကို ခွဲဝေလှန်လှော ရှာဖွေနေစဉ် စာရေးသူ စောင့်ကြည့်နေပါသည်။ရပ်ကွက်အလိုက် အိမ်နံပါတ်အလိုက် စီထားခြင်းမဟုတ်။မည်သည့်နည်းနှင့် စီထားသလဲမေးသော် မဖြေနိုင်ကြ။သူတို့ လူဦးရေစာရင်းပေးစဉ်က ရပ်ကွက်အလိုက် အိမ်နံပါတ်အလိုက်ေ ပးပါသည်။သို့သော် မဲစာရင်းရိုက်သူများကြောင့် ဟိုတကွဲသည်တကွဲ ဖြစ်ကုန်သည်ဟု ဆိုပါသည်။

အင်အယ်ဒီအစိုးရ တက်လာပြီးနောက် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ၂ ကြိမ် လုပ်ပေးခဲ့ပြီးပါပြီ။သည်ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း သည်လိုပြဿနာဖြစ်ခဲ့သည်။ယခု ရန်ကုန်စည်ပင် ရွေးကောက်ပွဲတွင်လည်း သည်လိုအမှားထပ်လုပ်သည်။စီမံခန့်ခွဲမှု တက်မလာဘဲ လုပ်နည်းလုပ်ဟန် ညံ့သည်ဟု ဆိုရပါမည်။လွယ်သည်ကို ခက်စေရန် လုပ်နေသည်လားဟု မဲပေးရန် စောင့်ဆိုင်းရင်း တွေးမိပါသည်။သုံးထားသည့်ငွေက သန်း ၂၀၀၀။နည်းသည့် ပြည်သူ့ဘဏ္ဍာများမဟုတ်။၂၀၁၈ ကြားဖြတ်မဲပေးခွင့်ရသူများ စာရင်းကို ၃ လခန့် မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် ကြိုတင်ချပေးလိုက်။ထိုစာရင်းပေါ် အခြေတည်လျက် သက်ဆိုင်ရာ ရပ်ကွက်မြို့နယ်များအလိုက် သေဆုံးသူ၊ ပြောင်းရွှေ့သွားသူ၊ သည်ရပ်ကွက်သို့ ပြောင်းလာသူများ စာရင်းပြုစုပြီး ၃ လအတွင်း တိုက်ဆိုင်စစ်ဆေး ပြင်ဆင်ပါက ရန်ကုန်စည်ပင် ရွေးကောက်ပွဲအတွက် မဲပေးရမည့်သူစာရင်း အသင့်ဖြစ်နိုင်ပါသည်။

ထိုမျှလောက်သော စီမံခန့်ခွဲမှုကိုပင် မလုပ်နိုင်ဘဲ အစ - အဆုံး စာရင်းများပြန်ကောက် ကျန်သူက ကျန်ထွက်လာသည့် မဲစာရင်းက စနစ်ကျနမှုမရှိကြောင်း လက်တွေ့သိခဲ့ရပါသည်။ငွေကုန်ကြေးကျ နည်းစေပြီး အချိန်ကုန် လူသက်သာမှု၊ စနစ်ကျမှုရှိသည့် မဲစာရင်းကို ရန်ကုန်တိုင်းတစ်ခုတည်းအတွက်ပင် အမှားကင်းကင်း မလုပ်နိုင်ခဲ့ကြပါပေ။စာရေးသူသည် ဦးမောင်မောင်ဇင် (ဂေါ်ဇီလာ) မှလွဲ၍ မည်သူ့ကိုမှ မသိ၍ မဲမပေးမီ ၃ ရက်ခန့် အင်းစိန်မြို့နယ်မှ ဝင်အရွေးခံမည့်သူများအကြောင်း မေးမြန်းနားထောင်ရပါသည်။မဲပေးရသည့်နေ့တွင် စည်ပင်နေရာ ၄ နေရာအတွက် လေးကြိမ်မဲပေးရပါသည်။တခြားဝင်ရောက် ယှဉ်ပြိုင်သူများက သူတို့ဓာတ်ပုံ ဖော်ပြသူကဖော်ပြပြီး ဘာမှမဖော်ပြသူလည်းရှိပါသည်။အင်အယ်လ်ဒီပါတီမှ ဝင်ရောက်ယဉ်ပြိုင်သူများကား ပါတီတံဆိပ်များ ဖော်ပြထားကြပါသည်။စာရေးသူသည် အင်အယ်လ်ဒီမှ ၂ ယောက်၊ အင်အယ်လ်ဒီ မဟုတ်သူ ၂ ယောက် မဲပေးခဲ့ပါသည်။

ဧပြီ ၁ ရက်နေ့ မဲအနိုင်ရသူများစာရင်း ထွက်လာသောအခါ ဆိပ်ကမ်းမြို့နယ်မှအပ အင်အယ်လ်ဒီ ကိုယ်စားလှယ်များ နိုင်ကြောင်း သိလိုက်ရပါသည်။တစ်ဆက်တည်းမှာပင် နောက်ရက်များ၌ အင်းစိန်မြို့နယ် အင်အယ်လ်ဒီအဖွဲ့ဝင် ၂၆ ယောက် နှုတ်ထွက်လွှာတင်သည့် သတင်းထွက်လာပါသည်။အင်းစိန်မှ နှုတ်ထွက်သူ ၂၆ ယောက်သည် ပါတီစည်းကမ်း ဖောက်ဖျက်ပြီး အင်အယ်လ်ဒီပါတီ ကိုယ်စားလှယ်မဟုတ်သူများ မဲအနိုင်ရရေး ဆောင်ရွက်ကြသောကြောင့် ပါတီကအရေးယူခြင်း ခံရမည့်သူများဖြစ်သည်ဟု အင်အယ်လ်ဒီဗဟိုက ဆိုလိုက်ပြန်ပါသည်။ဤတွင် နှုတ်ထွက်မည်ဆိုသူများ အသံကို နားထောင်ရပြန်ပါသည်။ရန်ကုန်စည်ပင်အတွက် အင်းစိန်မြို့နယ်က ရွေးပေးသော ကိုယ်စားလှယ်ကို တိုင်းကပယ်ချပြီး တိုင်းကတိုက်ရိုက်ချပေးသူကို မကြိုက်၍ ပါတီ၏လုပ်ပုံကို မကြိုက်သောကြောင့် နှုတ်ထွက်သည်ဟု ဆိုပါသည်။အင်းစိန်မှ ဒီချုပ်ပါတီဝင်တချို့ မကျေမနပ်ဖြစ်နေပုံကိုမူ မျက်စိအောက်တွင် မြင်တွေ့နေရပါသည်။

အများမျှော်လင့်ထားကြသည့် ကိုအောင်ခန့်လေးလည်း ရှုံးရှာပါသည်။သို့သော် အနိုင်ရသွားသူနှင့် မဲသိပ်မကွာပါ။သို့သော် ကိုအောင်ခန့်လေးကို ဒီချုပ်ပါတီက ထုတ်ပယ်သည်ဟု ဆိုပါသည်။ကိုအောင်ခန့်ကတော့ သူ ဤသို့ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ကို ပါတီဗဟိုကို အသိပေးခဲ့သည်။ဗဟိုက သဘောတူ၍ ဝင်ပြိုင်ခြင်းဖြစ်သည်ဟု ဆိုပါသည်။ဖေ့စ်ဘုတ်ပေါ်မှ မှတ်ချက်တစ်ခုကား “ ကိုအောင်ခန့်ကဲ့သို့ အလားအလာရှိသူ ပညာတတ်များကို ဖယ်ရှားပြီး ဂဏန်းကဲ့သို့ လက်ရှိလွှတ်တော်များထဲတွင် ကန့်လန့်တိုက်နေသော ဒီချုပ်ကိုယ်စားလှယ် မည်သူမည်ဝါကဲ့သို့ လူစားများကို ရွေးကြနေရာပေးကြ” ဟု ပြင်းပြင်းထန်ထန် ဆဲရေးထားပါသည်။

၇.၄.၂၀၁၉ ယနေ့ထုတ် သတင်းစာတစ်စောင်ပါ သတင်းအရ၊ ကိုအောင်ခန့်ကို မတ် ၁၉ ရက်နေ့ကပင် ပါတီက ထုတ်ပယ်ထားသည်။ထိုစာကား ကိုအောင်ခန့် လက်ထဲသို့ ဧပြီ ၆ ရက်နေ့ကမှ ရောက်သည်ဟု ဆိုပါသည်။အင်အယ်လ်ဒီဗဟို စီအီးစီသည် နာမည်ကြီး သတင်းကြီးသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပါသည်။၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်ရွေးပွဲမှသည် ၂၀၁၇ ကြားဖြတ်၊ ၂၀၁၈ ကြားဖြတ်နှင့် ယခုစည်ပင်ရွေးကောက်ပွဲထိတိုင် ကိုယ်စားလှယ်ကိစ္စ မကျေလည်မှုများ ထွက်ပေါ်လာစေရန် စီမံခန့်ခွဲနိုင်ကြသူများ ဖြစ်ကြပါသည်။သူတို့ထဲမှ အဘယ်သူများအား ချက်ခြင်းလူလဲသင့်ပြီနည်း။ပါတီတွင်းအုပ်စုဖွဲ့၊ လူမွေး၊ အပေးအယူဖြင့် ဆောင်ရွက်သည့် ဖြစ်စဉ်များ ရှိနေဟန်တူကြောင်း ဗဟိုစီအီးစီတချို့ အမည်ဆိုး၊ သတင်းဆိုး ထွက်ကြပါသည်။

စည်ပင်ကိုယ်စားလှယ် ရွေးကောက်ပွဲသည် နိုင်ငံရေးဆိုင်ရာ ရွေးကောက်ပွဲမဟုတ်ပါ။ရန်ကုန်တိုင်းဒေသကြီး သာယာလှပ စည်ပင်ရေး ဆောင်ရွက်ပေးနိုင်မည့်သူများကို ရွေးရသည့်ပွဲဖြစ်ပါသည်။မြို့နယ်အရေး ဆောင်ရွက်ရမည့်သူများ ရွေးချယ်ရသည့်ပွဲကို ပါတီပုံရိပ်သုံးခြင်း၊ ပါတီတံဆိပ်သုံးခြင်းများကား တခြားဝင်ရောက်ယှဉ်ပြိုင်သူများကို နှာတဖျားအသာယူထားသည်နှင့် အလားတူပါသည်။တစ်ဘက်တွင် လူထုက စည်ပင်ရွေးကောက်ပွဲကို စိတ်မဝင်စားပါ။လူထုစိတ်ဝင်စားစေရန် ရန်ကုန်စည်ပင် တာဝန်ရှိသူများနှင့် ရန်ကုန်အစိုးရ တာဝန်ရှိသူများကလည်း မဆောင်ရွက်ခဲ့ကြပါ။မဲလာပေးသူလည်း အလွန်နည်းပါးပါသည်။မဲလာပေးသူတို့ကား ကိုယ်ပေးရမည့် ကိုယ်စားလှယ်ကို ဖြူမှန်းမဲမှန်းပင်မသိဘဲ ပေးကြရခြင်းဖြစ်ပါသည်။သည်တော့ ရှည်ရှည်ဝေးဝေး စဉ်းစားမနေ။ဒီချုပ်တံဆိပ်ဘေး အမှန်ခြစ်ပေးကြခြင်း ဖြစ်ဟန်တူပါသည်။စာရေးသူသည်ပင် မိမိမဲပေးခဲ့သူ ၄ ဦးအနက် ဂေါ်ဇီလာမှလွဲ၍ တယောက်ကိုမှ သိလည်းမသိ၊ မြင်လည်းမမြင်ဘူးပါ။

ရန်ကုန်စည်ပင် ရွေးကောက်ပွဲသည် ယခင်ရွေးကောက်ပွဲများနှယ်၊ မဲပေးရန် စာရင်းမပါသူများ၊ စာရင်းပျောက်နေသူများ၊ ခက်ခက်ခဲခဲ စာရင်းရှာယူရသူများ စသည့် ဖြစ်မြဲအမှားများ ဆက်မှားခဲ့သည့် မဲစာရင်းဖြစ်ပါသည်။ရန်ကုန်တိုင်းတစ်ခုတည်းအတွက် မဲစာရင်းကိုပင် တိတိကျကျ မလုပ်နိုင်ကြောင်း သိလိုက်ရသည့်ပွဲလည်း ဖြစ်ပါသည်။ဒီချုပ်ပါတီမှ ဝင်ပြိုင်သူ ကိုယ်စားလှယ်လောင်း ရွေးမှုကလည်း ထိုနည်းနှင်နှင်။မြို့နယ်၊ တိုင်း၊ ဗဟို အင်အယ်လ်ဒီအဖွဲ့များအကြား လူရွေးချယ်ပုံ မကျေနပ်ချက်များ ရှိဆဲဖြစ်ရာ လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သည်ထက် ပြဿနာများနိုင်ပါသည်။

လူထုလိုချင်သည်က ကိုအောင်ခန့်လို မြို့ပြပညာရှင်၊ တကယ်တတ်ကျွမ်းနားလည် လုပ်ကိုင်တတ်သူများသာ ဖြစ်ပါသည်။ယခုရလိုက်သည်က ဒီချုပ်ပါတီအရိပ်ကြောင့် မဲနိုင်သွားသည့် ဒီချုပ်ကိုယ်စားလှယ်များ။ မဲအနိုင်ရကြသည့် ဒီချုပ်ပါတီဝင် ရန်ကုန်စည်ပင် ကိုယ်စားလှယ်များသည် လက်တွေ့ အလုပ်လုပ်နိုင်လျှင် ပြဿနာမဟုတ်ပါ။လက်တွေ့မလုပ်နိုင်ပါက လူထု၏ဝေဖန်မှုကို ကောင်းကောင်းခံကြရပါလိမ့်မည်။ရန်ကုန်စည်ပင်ကို ရန်ကုန်လူထု မကျေနပ်ပါ။စည်ပင်နေရာ အတော်များများကို လူထုခမျာ ယခင်ကနှယ် ရေလောင်း ဖြတ်ကျော်နေကြရဆဲ ဖြစ်ပါသည်။ရန်ကုန်အစိုးရ၏ လက်ကျန်သက်တမ်း ၂ နှစ်ပျော့ပျော့အတွင်း ရန်ကုန်စည်ပင်သာယာရေးကော်မတီဝင် အသစ်များသည် ယန္တားဟောင်းကြီးကို ဆေးကြောသန့်စင် ပြောင်းလဲပေးနိုင်ကြမည်လား။သူတို့ကိုယ်တိုင် စည်ပင်ရေစီးကြောင်းဟောင်းထဲ မျောပါလျက် ယန္တယားဟောင်းကြီး၏ ပင်နီယံတစ်ခုအဖြစ် တစ်သားတည်း ပေါင်းသွားလေမည်လား လူထုက စောင့်ကြည့်နေကြပါသည်။အချိန်က အဖြေပေးပါလိမ့်မည်။

ခင်နှင်းဦး
ဧပြီ - ၁၀

( Zawgyi )

ဒီခ်ဳပ္အစိုးရလက္ထက္၌ ရန္ကုန္စည္ပင္သာယာေရး၏ ေဆာင္႐ြက္မႈမ်ားကို ရန္ကုန္လူထု ေက်နပ္မႈနည္းပါးေၾကာင္း ၂၀၁၇ ခန႔္က ေကာက္ယူခဲ့သည့္ စစ္တမ္းတစ္ခုအရ သိရွိရပါသည္။ေယဘုယ်အားျဖင့္ ရန္ကုန္စည္ပင္၏ လုပ္ငန္းေဆာင္႐ြက္ေပးမႈမ်ား ေထာင့္မေစ့မႈ၊ အခ်ိန္ႏွင့္တေျပးညီ တာဝန္မယူႏိုင္မႈ၊ အခ်ိန္ၾကန႔္ၾကာမႈ ေငြေပးရမႈ စသည္မ်ား ရွိေနဆဲျဖစ္ေၾကာင္း လူထုက လက္ေတြ႕ခံစား သိရွိေနၾကပါသည္။ရန္ကုန္လူထုက ရန္ကုန္စည္ပင္ အလုပ္လုပ္ပုံကို မႏၲေလးစည္ပင္ အလုပ္လုပ္ပုံႏွင့္ ႏႈိင္းယဥ္ၿပီး ရန္ကုန္ကို မေက်နပ္ၾကေပ။ထိုအခ်က္ကို ရန္ကုန္ဝန္ခ်ဳပ္ႏွင့္ ၿမိဳ႕ေတာ္ဝန္ သိေစကာမူ သူတို႔တြင္ ဆင္ေျခကအဆင္သင့္။ရန္ကုန္သည္ က်ယ္ဝန္းလြန္းသည္။မႏၲေလးႏွင့္ ႏႈိင္း၍မျဖစ္ဟူ၏။သို႔ေသာ္ သူတို႔ႏွစ္ေယာက္တြဲလ်က္ ပြဲတကာတက္ေနသည္ကို လူထုက မ်က္စိေနာက္လာၾကပါသည္။ပြဲတက္ ဖဲႀကိဳးျဖတ္ရင္း အခ်ိန္ကုန္ေနသူမ်ားအျဖစ္ ရႈျမင္လာၾကပါသည္။လြန္ခဲ့ေသာ ၂၀၁၈ ကုန္ခါနီးတြင္ စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္း မိလႅာပိုက္ေပါက္သည္ကို လူထုက အေၾကာင္းၾကားေသာ္လည္း စည္ပင္က လာေရာက္မရွင္းလင္း။မစင္မ်ား လမ္းေပၚျပန႔္ႀကဲေနျခင္း ရက္ၾကာလာေသာ္ စမ္းေခ်ာင္းၿမိဳ႕နယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ေဖ့စ္ဘုတ္ေပၚတြင္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ကို ငၿဖီးႀကီးဟု စာေရးသားတင္ခဲ့ပါသည္။ငၿဖီးႀကီးပို႔စ္သည္ ေဖ့စစ္ဘုတ္တခြင္ အတာ္ေက်ာ္ၾကားသြားပါသည္။အက်ိဳးဆက္အေနျဖင့္ ေနာက္ေန႔၌္ စည္ပင္ဝန္ထမ္းမ်ား စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္းတြင္ ပ်ားပန္းခတ္ အလုပ္လုပ္ျပၾကပါေတာ့သည္။

စင္စစ္ ရန္ကုန္စည္ပင္အေၾကာင္း ေျပာရပါက ေျပာမဆုံးေပါင္ ေတာသုံးေတာင္ အျဖစ္မ်ိဳးပါ။ဒီခ်ဳပ္အစိုးရ တက္ၿပီးေနာက္ မႏၲေလးစည္ပင္သည္ စည္ပင္သာယာေရးေကာ္မတီ အဆင့္ဆင့္ကို မူလရွိေနသည့္ စည္ပင္ဥပေဒေဘာင္အတြင္းမွပင္ ေ႐ြးခ်ယ္ခန႔္အပ္ခဲ့ပါသည္။ရန္ကုန္စည္ပင္ကား ရန္ကုန္စည္ပင္ဥပေဒ ေရးဆြဲၿပီးမွသာ ထိုေကာ္မတီအဆင့္ဆင့္ေနရာကို ျဖည့္မည္ဟုဆိုပါသည္။သို႔ျဖင့္ ၂၀၁၈ တြင္ ရန္ကုန္စည္ပင္ဥပေဒ ထြက္လာၿပီးေနာက္ ၂၀၁၉ မတ္ ၃၁ ရက္ေန႔တြင္ ရန္ကုန္စည္ပင္ေ႐ြးေကာက္ပြဲကို က်င္းပခဲ့ပါသည္။

ေ႐ြးေကာက္ပြဲမက်င္းပမီ ကိုယ္တိုင္သိျမင္ရသည္မ်ားကို ဦးစြာေျပာျပလိုပါသည္။စာေရးသူတို႔ အင္းစိန္ၿမိဳ႕နယ္တြင္ မည္သူေတြ စည္ပင္ေ႐ြးေကာက္ပြဲဝင္မည္ဆိုသည္ကို စာေရးသူတို႔ ေနထိုင္ရာ ရပ္ကြက္၌ ဆယ္အိမ္မႉး၊ ရာအိမ္မႉး၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး မည္သူကမွ လူထုကို ေျပာျပျခင္း အသိေပးျခင္းမရွိပါ။ေ႐ြးေကာက္ပြဲဝင္တခ်ိဳ႕က သူတို႔ဓာတ္ပုံမ်ားပါသည့္ ဗြီႏိုင္းကို လမ္းဆုံလမ္းခြတခ်ိဳ႕တြင္ ခ်ိတ္ထား၍ သိရေသာ္လည္း က်န္ရွိသည့္ ေ႐ြးေကာက္ပြဲဝင္မည့္သူမ်ားကို မသိရွိပါ။သို႔ေသာ္ ဒီဗြီဘီ႐ုပ္သံလိုင္း၏ တင္ဆက္ေပးမႈအရ ရန္ကုန္စည္ပင္ ေ႐ြးေကာက္ပြဲဝင္မည့္သူတခ်ိဳ႕ကို သိေနပါသည္။ဒီဗြီဘီ တင္ဆက္မႈေၾကာင့္ ကိုေအာင္ခန႔္၊ ေဇာတိကဦးခင္လႈိင္၊ ဦးေမာင္ေမာင္ဇင္ (သီးေလးသီးလူ႐ႊင္ေတာ္ ေဂၚဇီလာ) စသည့္သူမ်ား ပါဝင္အေ႐ြးခံၾကမည္ျဖစ္ေၾကာင္း သိရွိခဲ့ပါသည္။
ထို႔အတူ ေမာ္ဒယ္ ထက္ထက္ထြန္း ဝင္ေရာက္အေ႐ြးခံမည့္ သတင္းကို မီဒီယာမ်ားေၾကာင့္ သိရွိခဲ့ရပါသည္။စာေရးသူသည္ အင္းစိန္ၿမိဳ႕နယ္မွ ဝင္ေရာက္အေ႐ြးခံမည့္သူမ်ားအနက္ ေဂၚဇီလာတစ္ေယာက္ကိုသာ သိပါသည္။တျခားမည္သူေတြ ဝင္ေရာက္အေ႐ြးခံမည္ မသိပါ။

တျခားၿမိဳ႕နယ္မ်ားတြင္ ေနထိုင္ၾကသည့္ အသိမိတ္ေဆြမ်ားလည္း စာေရးသူကဲ့သို႔ပင္ သူတို႔ၿမိဳ႕နယ္အတြင္း မည္သူအေ႐ြးခံမည္ကို မသိၾကပါ။မီဒီယာက ေဖာ္ျပေပးသူတခ်ိဳ႕ကိုသာ သိရွိၾကေၾကာင္း သိရပါသည္။စည္ပင္ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ခ်ိန္တြင္ သတင္းမီဒီယာမ်ားေပၚ အေဝဖန္ခံရ အေရးခံရဆုံးသူမ်ားမွာ အင္အယ္လ္ဒီပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္သူမ်ား ျဖစ္ေနပါသည္။
သူတို႔သည္ ပါတီပုံရိပ္ကို သုံးၾကသည္။ပါတီတံဆိပ္ကို သုံးၾကသည္။ဗိုလ္ခ်ဳပ္ႏွင့္ အေမစု ပုံမ်ားကို သုံးၾကသည္ဟု ေဝဖန္သံမ်ားထြက္လာပါသည္။စည္ပင္ေ႐ြးေကာက္ပြဲဝင္မည့္ အင္အယ္လ္ဒီပါတီဝင္မ်ားအား ပါတီတံဆိပ္ ပါတီပုံရိပ္ သုံးစြဲခြင့္ျပဳထားသည္ဟု ဆိုပါသည္။

စာေရးသူတို႔ ရပ္ကြက္တြင္ စည္ပင္ေ႐ြးေကာက္ပြဲအတြက္ ၂၀၁၈ ကတည္းက လူဦးေရစာရင္း လိုက္ေကာက္ခဲ့ပါသည္။မဲေပးရသည့္ေန႔တြင္ စာေရးသူအမည္ကို မဲ႐ုံတြင္းရွိ လူ ၄ ေယာက္က နာရီဝက္ေက်ာ္ၾကာ ဝိုင္းရွာပါမွ အမည္ေတြ႕ပါသည္။သူတို႔ စာ႐ြက္မ်ားကို ခြဲေဝလွန္ေလွာ ရွာေဖြေနစဥ္ စာေရးသူ ေစာင့္ၾကည့္ေနပါသည္။ရပ္ကြက္အလိုက္ အိမ္နံပါတ္အလိုက္ စီထားျခင္းမဟုတ္။မည္သည့္နည္းႏွင့္ စီထားသလဲေမးေသာ္ မေျဖႏိုင္ၾက။သူတို႔ လူဦးေရစာရင္းေပးစဥ္က ရပ္ကြက္အလိုက္ အိမ္နံပါတ္အလိုက္ေ ပးပါသည္။သို႔ေသာ္ မဲစာရင္း႐ိုက္သူမ်ားေၾကာင့္ ဟိုတကြဲသည္တကြဲ ျဖစ္ကုန္သည္ဟု ဆိုပါသည္။

အင္အယ္ဒီအစိုးရ တက္လာၿပီးေနာက္ ၂၀၁၇ ၾကားျဖတ္ေ႐ြးေကာက္ပြဲႏွင့္ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ၂ ႀကိမ္ လုပ္ေပးခဲ့ၿပီးပါၿပီ။သည္ၾကားျဖတ္ေ႐ြးေကာက္ပြဲမ်ားတြင္လည္း သည္လိုျပႆနာျဖစ္ခဲ့သည္။ယခု ရန္ကုန္စည္ပင္ ေ႐ြးေကာက္ပြဲတြင္လည္း သည္လိုအမွားထပ္လုပ္သည္။စီမံခန႔္ခြဲမႈ တက္မလာဘဲ လုပ္နည္းလုပ္ဟန္ ညံ့သည္ဟု ဆိုရပါမည္။လြယ္သည္ကို ခက္ေစရန္ လုပ္ေနသည္လားဟု မဲေပးရန္ ေစာင့္ဆိုင္းရင္း ေတြးမိပါသည္။သုံးထားသည့္ေငြက သန္း ၂၀၀၀။နည္းသည့္ ျပည္သူ႔ဘ႑ာမ်ားမဟုတ္။၂၀၁၈ ၾကားျဖတ္မဲေပးခြင့္ရသူမ်ား စာရင္းကို ၃ လခန႔္ ၿမိဳ႕နယ္အလိုက္၊ ရပ္ကြက္အလိုက္ ႀကိဳတင္ခ်ေပးလိုက္။ထိုစာရင္းေပၚ အေျခတည္လ်က္ သက္ဆိုင္ရာ ရပ္ကြက္ၿမိဳ႕နယ္မ်ားအလိုက္ ေသဆုံးသူ၊ ေျပာင္းေ႐ႊ႕သြားသူ၊ သည္ရပ္ကြက္သို႔ ေျပာင္းလာသူမ်ား စာရင္းျပဳစုၿပီး ၃ လအတြင္း တိုက္ဆိုင္စစ္ေဆး ျပင္ဆင္ပါက ရန္ကုန္စည္ပင္ ေ႐ြးေကာက္ပြဲအတြက္ မဲေပးရမည့္သူစာရင္း အသင့္ျဖစ္ႏိုင္ပါသည္။

ထိုမွ်ေလာက္ေသာ စီမံခန႔္ခြဲမႈကိုပင္ မလုပ္ႏိုင္ဘဲ အစ - အဆုံး စာရင္းမ်ားျပန္ေကာက္ က်န္သူက က်န္ထြက္လာသည့္ မဲစာရင္းက စနစ္က်နမႈမရွိေၾကာင္း လက္ေတြ႕သိခဲ့ရပါသည္။ေငြကုန္ေၾကးက် နည္းေစၿပီး အခ်ိန္ကုန္ လူသက္သာမႈ၊ စနစ္က်မႈရွိသည့္ မဲစာရင္းကို ရန္ကုန္တိုင္းတစ္ခုတည္းအတြက္ပင္ အမွားကင္းကင္း မလုပ္ႏိုင္ခဲ့ၾကပါေပ။စာေရးသူသည္ ဦးေမာင္ေမာင္ဇင္ (ေဂၚဇီလာ) မွလြဲ၍ မည္သူ႔ကိုမွ မသိ၍ မဲမေပးမီ ၃ ရက္ခန႔္ အင္းစိန္ၿမိဳ႕နယ္မွ ဝင္အေ႐ြးခံမည့္သူမ်ားအေၾကာင္း ေမးျမန္းနားေထာင္ရပါသည္။မဲေပးရသည့္ေန႔တြင္ စည္ပင္ေနရာ ၄ ေနရာအတြက္ ေလးႀကိမ္မဲေပးရပါသည္။တျခားဝင္ေရာက္ ယွဥ္ၿပိဳင္သူမ်ားက သူတို႔ဓာတ္ပုံ ေဖာ္ျပသူကေဖာ္ျပၿပီး ဘာမွမေဖာ္ျပသူလည္းရွိပါသည္။အင္အယ္လ္ဒီပါတီမွ ဝင္ေရာက္ယဥ္ၿပိဳင္သူမ်ားကား ပါတီတံဆိပ္မ်ား ေဖာ္ျပထားၾကပါသည္။စာေရးသူသည္ အင္အယ္လ္ဒီမွ ၂ ေယာက္၊ အင္အယ္လ္ဒီ မဟုတ္သူ ၂ ေယာက္ မဲေပးခဲ့ပါသည္။

ဧၿပီ ၁ ရက္ေန႔ မဲအႏိုင္ရသူမ်ားစာရင္း ထြက္လာေသာအခါ ဆိပ္ကမ္းၿမိဳ႕နယ္မွအပ အင္အယ္လ္ဒီ ကိုယ္စားလွယ္မ်ား ႏိုင္ေၾကာင္း သိလိုက္ရပါသည္။တစ္ဆက္တည္းမွာပင္ ေနာက္ရက္မ်ား၌ အင္းစိန္ၿမိဳ႕နယ္ အင္အယ္လ္ဒီအဖြဲ႕ဝင္ ၂၆ ေယာက္ ႏႈတ္ထြက္လႊာတင္သည့္ သတင္းထြက္လာပါသည္။အင္းစိန္မွ ႏႈတ္ထြက္သူ ၂၆ ေယာက္သည္ ပါတီစည္းကမ္း ေဖာက္ဖ်က္ၿပီး အင္အယ္လ္ဒီပါတီ ကိုယ္စားလွယ္မဟုတ္သူမ်ား မဲအႏိုင္ရေရး ေဆာင္႐ြက္ၾကေသာေၾကာင့္ ပါတီကအေရးယူျခင္း ခံရမည့္သူမ်ားျဖစ္သည္ဟု အင္အယ္လ္ဒီဗဟိုက ဆိုလိုက္ျပန္ပါသည္။ဤတြင္ ႏႈတ္ထြက္မည္ဆိုသူမ်ား အသံကို နားေထာင္ရျပန္ပါသည္။ရန္ကုန္စည္ပင္အတြက္ အင္းစိန္ၿမိဳ႕နယ္က ေ႐ြးေပးေသာ ကိုယ္စားလွယ္ကို တိုင္းကပယ္ခ်ၿပီး တိုင္းကတိုက္႐ိုက္ခ်ေပးသူကို မႀကိဳက္၍ ပါတီ၏လုပ္ပုံကို မႀကိဳက္ေသာေၾကာင့္ ႏႈတ္ထြက္သည္ဟု ဆိုပါသည္။အင္းစိန္မွ ဒီခ်ဳပ္ပါတီဝင္တခ်ိဳ႕ မေက်မနပ္ျဖစ္ေနပုံကိုမူ မ်က္စိေအာက္တြင္ ျမင္ေတြ႕ေနရပါသည္။

အမ်ားေမွ်ာ္လင့္ထားၾကသည့္ ကိုေအာင္ခန႔္ေလးလည္း ရႈံးရွာပါသည္။သို႔ေသာ္ အႏိုင္ရသြားသူႏွင့္ မဲသိပ္မကြာပါ။သို႔ေသာ္ ကိုေအာင္ခန႔္ေလးကို ဒီခ်ဳပ္ပါတီက ထုတ္ပယ္သည္ဟု ဆိုပါသည္။ကိုေအာင္ခန႔္ကေတာ့ သူ ဤသို႔ တသီးပုဂၢလအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ကို ပါတီဗဟိုကို အသိေပးခဲ့သည္။ဗဟိုက သေဘာတူ၍ ဝင္ၿပိဳင္ျခင္းျဖစ္သည္ဟု ဆိုပါသည္။ေဖ့စ္ဘုတ္ေပၚမွ မွတ္ခ်က္တစ္ခုကား “ ကိုေအာင္ခန႔္ကဲ့သို႔ အလားအလာရွိသူ ပညာတတ္မ်ားကို ဖယ္ရွားၿပီး ဂဏန္းကဲ့သို႔ လက္ရွိလႊတ္ေတာ္မ်ားထဲတြင္ ကန႔္လန႔္တိုက္ေနေသာ ဒီခ်ဳပ္ကိုယ္စားလွယ္ မည္သူမည္ဝါကဲ့သို႔ လူစားမ်ားကို ေ႐ြးၾကေနရာေပးၾက” ဟု ျပင္းျပင္းထန္ထန္ ဆဲေရးထားပါသည္။

၇.၄.၂၀၁၉ ယေန႔ထုတ္ သတင္းစာတစ္ေစာင္ပါ သတင္းအရ၊ ကိုေအာင္ခန႔္ကို မတ္ ၁၉ ရက္ေန႔ကပင္ ပါတီက ထုတ္ပယ္ထားသည္။ထိုစာကား ကိုေအာင္ခန႔္ လက္ထဲသို႔ ဧၿပီ ၆ ရက္ေန႔ကမွ ေရာက္သည္ဟု ဆိုပါသည္။အင္အယ္လ္ဒီဗဟို စီအီးစီသည္ နာမည္ႀကီး သတင္းႀကီးသည့္ အဖြဲ႕တစ္ဖြဲ႕ျဖစ္ပါသည္။၂၀၁၅ ေ႐ြးေကာက္ပြဲ ကိုယ္စားလွယ္ေ႐ြးပြဲမွသည္ ၂၀၁၇ ၾကားျဖတ္၊ ၂၀၁၈ ၾကားျဖတ္ႏွင့္ ယခုစည္ပင္ေ႐ြးေကာက္ပြဲထိတိုင္ ကိုယ္စားလွယ္ကိစၥ မေက်လည္မႈမ်ား ထြက္ေပၚလာေစရန္ စီမံခန႔္ခြဲႏိုင္ၾကသူမ်ား ျဖစ္ၾကပါသည္။သူတို႔ထဲမွ အဘယ္သူမ်ားအား ခ်က္ျခင္းလူလဲသင့္ၿပီနည္း။ပါတီတြင္းအုပ္စုဖြဲ႕၊ လူေမြး၊ အေပးအယူျဖင့္ ေဆာင္႐ြက္သည့္ ျဖစ္စဥ္မ်ား ရွိေနဟန္တူေၾကာင္း ဗဟိုစီအီးစီတခ်ိဳ႕ အမည္ဆိုး၊ သတင္းဆိုး ထြက္ၾကပါသည္။

စည္ပင္ကိုယ္စားလွယ္ ေ႐ြးေကာက္ပြဲသည္ ႏိုင္ငံေရးဆိုင္ရာ ေ႐ြးေကာက္ပြဲမဟုတ္ပါ။ရန္ကုန္တိုင္းေဒသႀကီး သာယာလွပ စည္ပင္ေရး ေဆာင္႐ြက္ေပးႏိုင္မည့္သူမ်ားကို ေ႐ြးရသည့္ပြဲျဖစ္ပါသည္။ၿမိဳ႕နယ္အေရး ေဆာင္႐ြက္ရမည့္သူမ်ား ေ႐ြးခ်ယ္ရသည့္ပြဲကို ပါတီပုံရိပ္သုံးျခင္း၊ ပါတီတံဆိပ္သုံးျခင္းမ်ားကား တျခားဝင္ေရာက္ယွဥ္ၿပိဳင္သူမ်ားကို ႏွာတဖ်ားအသာယူထားသည္ႏွင့္ အလားတူပါသည္။တစ္ဘက္တြင္ လူထုက စည္ပင္ေ႐ြးေကာက္ပြဲကို စိတ္မဝင္စားပါ။လူထုစိတ္ဝင္စားေစရန္ ရန္ကုန္စည္ပင္ တာဝန္ရွိသူမ်ားႏွင့္ ရန္ကုန္အစိုးရ တာဝန္ရွိသူမ်ားကလည္း မေဆာင္႐ြက္ခဲ့ၾကပါ။မဲလာေပးသူလည္း အလြန္နည္းပါးပါသည္။မဲလာေပးသူတို႔ကား ကိုယ္ေပးရမည့္ ကိုယ္စားလွယ္ကို ျဖဴမွန္းမဲမွန္းပင္မသိဘဲ ေပးၾကရျခင္းျဖစ္ပါသည္။သည္ေတာ့ ရွည္ရွည္ေဝးေဝး စဥ္းစားမေန။ဒီခ်ဳပ္တံဆိပ္ေဘး အမွန္ျခစ္ေပးၾကျခင္း ျဖစ္ဟန္တူပါသည္။စာေရးသူသည္ပင္ မိမိမဲေပးခဲ့သူ ၄ ဦးအနက္ ေဂၚဇီလာမွလြဲ၍ တေယာက္ကိုမွ သိလည္းမသိ၊ ျမင္လည္းမျမင္ဘူးပါ။

ရန္ကုန္စည္ပင္ ေ႐ြးေကာက္ပြဲသည္ ယခင္ေ႐ြးေကာက္ပြဲမ်ားႏွယ္၊ မဲေပးရန္ စာရင္းမပါသူမ်ား၊ စာရင္းေပ်ာက္ေနသူမ်ား၊ ခက္ခက္ခဲခဲ စာရင္းရွာယူရသူမ်ား စသည့္ ျဖစ္ၿမဲအမွားမ်ား ဆက္မွားခဲ့သည့္ မဲစာရင္းျဖစ္ပါသည္။ရန္ကုန္တိုင္းတစ္ခုတည္းအတြက္ မဲစာရင္းကိုပင္ တိတိက်က် မလုပ္ႏိုင္ေၾကာင္း သိလိုက္ရသည့္ပြဲလည္း ျဖစ္ပါသည္။ဒီခ်ဳပ္ပါတီမွ ဝင္ၿပိဳင္သူ ကိုယ္စားလွယ္ေလာင္း ေ႐ြးမႈကလည္း ထိုနည္းႏွင္ႏွင္။ၿမိဳ႕နယ္၊ တိုင္း၊ ဗဟို အင္အယ္လ္ဒီအဖြဲ႕မ်ားအၾကား လူေ႐ြးခ်ယ္ပုံ မေက်နပ္ခ်က္မ်ား ရွိဆဲျဖစ္ရာ လာမည့္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ သည္ထက္ ျပႆနာမ်ားႏိုင္ပါသည္။

လူထုလိုခ်င္သည္က ကိုေအာင္ခန႔္လို ၿမိဳ႕ျပပညာရွင္၊ တကယ္တတ္ကြၽမ္းနားလည္ လုပ္ကိုင္တတ္သူမ်ားသာ ျဖစ္ပါသည္။ယခုရလိုက္သည္က ဒီခ်ဳပ္ပါတီအရိပ္ေၾကာင့္ မဲႏိုင္သြားသည့္ ဒီခ်ဳပ္ကိုယ္စားလွယ္မ်ား။ မဲအႏိုင္ရၾကသည့္ ဒီခ်ဳပ္ပါတီဝင္ ရန္ကုန္စည္ပင္ ကိုယ္စားလွယ္မ်ားသည္ လက္ေတြ႕ အလုပ္လုပ္ႏိုင္လွ်င္ ျပႆနာမဟုတ္ပါ။လက္ေတြ႕မလုပ္ႏိုင္ပါက လူထု၏ေဝဖန္မႈကို ေကာင္းေကာင္းခံၾကရပါလိမ့္မည္။ရန္ကုန္စည္ပင္ကို ရန္ကုန္လူထု မေက်နပ္ပါ။စည္ပင္ေနရာ အေတာ္မ်ားမ်ားကို လူထုခမ်ာ ယခင္ကႏွယ္ ေရေလာင္း ျဖတ္ေက်ာ္ေနၾကရဆဲ ျဖစ္ပါသည္။ရန္ကုန္အစိုးရ၏ လက္က်န္သက္တမ္း ၂ ႏွစ္ေပ်ာ့ေပ်ာ့အတြင္း ရန္ကုန္စည္ပင္သာယာေရးေကာ္မတီဝင္ အသစ္မ်ားသည္ ယႏၲားေဟာင္းႀကီးကို ေဆးေၾကာသန႔္စင္ ေျပာင္းလဲေပးႏိုင္ၾကမည္လား။သူတို႔ကိုယ္တိုင္ စည္ပင္ေရစီးေၾကာင္းေဟာင္းထဲ ေမ်ာပါလ်က္ ယႏၲယားေဟာင္းႀကီး၏ ပင္နီယံတစ္ခုအျဖစ္ တစ္သားတည္း ေပါင္းသြားေလမည္လား လူထုက ေစာင့္ၾကည့္ေနၾကပါသည္။အခ်ိန္က အေျဖေပးပါလိမ့္မည္။

ခင္ႏွင္းဦး
ဧၿပီ - ၁၀