【 ဆောင်းပါး 】 ရွေးကောက်ပွဲ၊ အနိုင်အရှုံးရလဒ်နှင့် အထူးသတိချပ်ရမည့် ဒီမိုကရေစီစိတ်ဓာတ်

【 ဆောင်းပါး 】 ရွေးကောက်ပွဲ၊ အနိုင်အရှုံးရလဒ်နှင့် အထူးသတိချပ်ရမည့် ဒီမိုကရေစီစိတ်ဓာတ်

ရွေးကောက်ပွဲကို ဘောလုံးပွဲတစ်ပွဲနှင့် နှိုင်းယှဉ်မှုပြုခဲ့သည်ရှိသော် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ အနီနှင့် အစိမ်းအသင်းတို့၏ ဒုတိယမ္ပိထပ်မံအားပြိုင်လာမည့်ပွဲအဖြစ် တွေ့မြင်လာရဦးမည်ဟု ယူဆရပါသည်။ ၂၀၁၅ ခုနှစ်က ပထမအကြိမ် အားပြိုင်ရာတွင် အနီအသင်းက အပြတ်အသတ် အသာစီးရယူကာ အနိုင်ရရှိခဲ့ပါသည်။ပြိုင်ပွဲဝင်အသင်းပေါင်း ၉၀ ကျော်ရှိသည့်အနက် ကျန်အသင်းများမှာ အိမ်ဖြည့်အသင်းထက် ပိုခဲ့ခြင်းမရှိပါ။ပြိုင်ပွဲဝင်များထဲမှ နှင်းဆီပါတီ (UDP) ပါတီက အင်ပြည့်အားပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ရန် ဟန်ပြင်ခဲ့သော်လည်း ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ဆီလျော်ခြင်းမရှိမှုကြောင့် ဖျက်သိမ်းခြင်းခံခဲ့ရခြင်းကလည်း ၂၀၂၀ ရွေးကောက်ပွဲသည် အနီနှင့် အစိမ်းတို့၏ နောက်တစ်ကြမ်အားပြိုင်ပွဲအဖြစ် ညွှန်းဆိုလိုက်ရခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင် အနီနှင့် အစိမ်းတို့အပြင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီအသီးသီးတို့က မဲဆွယ်စည်းရုံးမှုအဖြစ် အင်အားပြပွဲများကို ခင်းကျင်းနေကြသည်ကိုလည်း တွေ့နေကြရပါသည်။မည်သို့ဆိုစေ အားပေးမည့် ပရိသတ်တို့ကလည်း ပါဝင်ယှဉ်ပြိုင်မည့် ပလေယာ (ကိုယ်စားလှယ်လောင်း) တို့၏ အရည်အချင်း၊ အစွမ်းအစ၊ ပွဲမဝင်ခင်နှင့် ပွဲအပြီးဖြစ်ပေါ်လာနိုင်သည့် ယုံကြည်စိတ်ချရမှုအပေါ် အကဲခတ်လေ့လာလျက်ရှိနေကြမည်မှာလည်း မလွဲဪဧကန်ပင်ဖြစ်သည်။

ပွဲမဝင်ခင် ကြိုတင်ခင်းကျင်းပြသလျက်ရှိသည့် ပလေယာတို့၏ အစွမ်းအစတို့ကလည်း များစွာ အားရစရာကောင်းလှသည်ဟုတော့ မဆိုသာပါချေ။ဆိုရလျှင် ပလေယာတို့၏ အစွမ်းအစ အရည်အသွေးများကို ပေါ်လွင်အောင်ပြသခြင်းထက် ပွဲတော်ကြီးသဖွယ် မြူးထူးအော်ဟစ်သံများကသာ ပိုမိုလွှမ်းမိုးနေသယောင် ရှုမြင်နေရသည်ကလည်း အမှန်ပင်ဖြစ်သည်။ပလေယာတို့က စင်ပေါ်တက်၍ သူတို့၏အရည်အသွေးနှင့် သူတို့၏ရည်မှန်းချက်များဖြင့် စိတ်ဝင်စားဖွယ်ရာ စည်းရုံးနိုင်စွမ်းကို တွေ့မြင်ရခြင်းထက် တစ်ဖက်အသင်းကို စောင်းမြောင်းပုတ်ခတ်မှုများဖြင့်သာ ငြီးငွေ့ဖွယ်ရာစည်းရုံးမှု ပြုလျက်ရှိနေကြသည်ကိုလည်း တွေ့နေမြင်နေရပါသည်။

အချို့သော ပလေယာတို့ဆိုလျှင် ပြိုင်ပွဲမဝင်ခင်ကပင် တစ်ဖက်အသင်းကို စိတ်ဆွကစားလိုသောသဘောဖြင့် ရန်လိုမှုများပြသလာသည်ကိုလည်း တွေ့နေကြရသည်။ထိုထက်ပို၍ဆိုးသည်မှာ ရန်လိုသော ပလေယာတို့ကို ထောက်ခံအားပေးသူများထဲတွင် အကြမ်းဖက်ရန်ပြုလိုသူများ ပါဝင်လာခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်သူများ ပါဝင်လာခြင်းမှာ အနိုင်အရှုံးအတွက် ယှဉ်ပြိုင်ရသော ပြိုင်ပွဲမျိုးတွင် ကြုံတွေ့ရနိုင်သည့် အန္တရာယ်အရိပ်အယောင်များလည်းဖြစ်သည်။စင်စစ် ကွင်းလုံးပြည့်အားပေးရန် အသင့်ရှိနေသည့် ထောက်ခံအားပေးသူအများစုမှာ ဒီမိုကရေစီကို အမှန်တကယ်လိုလားသူများဖြစ်ပြီး သူတို့လိုလားသောအသင်း (ပါတီ) ကို မျှမျှတတအားပေးလိုသူများ ရှိနေသည်မှာလည်း အမှန်ပင်ဖြစ်သည်။အစွန်းရောက်အားပေးထောက်ခံခြင်းကို ရှောင်ရှားလိုသူတို့က ပြင်းထန်သော ပြိုင်ဆိုင်မှုအတွင်း ပဋိပက္ခဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။

ဒီမိုကရေစီကျင့်သုံးမှုအဖြစ် အနီ အစိမ်း အဝါ အပြာ ထောက်ခံအားပေးသူတို့အကြား ရန်လိုမုန်းတီးမှုကင်းကင်းနှင့် သန့်သန့်ရှင်းရှင်းအားပေးဖို့ လိုမည်ဖြစ်သည်။ဖြစ်ပေါ်လာမည့် အနိုင်အရှုံးသည် မည်သူ့ကိုမျှ သာစေနာစေလိုသော စိတ်အခံဖြင့် ယှဉ်ပြိုင်ခြင်းမဟုတ်မူဘဲ နိုင်ငံ့အနာဂတ် အလားအလာကောင်းများ ပေါ်ထွန်းလာစေရန် တစ်တပ်တစ်အားဆောင်ရွက်မည်ဟူသော စိတ်ဓာတ်အမှန်ဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်းသာ ဖြစ်သင့်ပါသည်။ဆိုရလျှင် ပြိုင်ပွဲသဘောအရ အရောင်အသွေးခွဲခြားထားလင့်ကစား နိုင်ငံအတွင်း အတူနေထိုင်လျက်ရှိသော တိုင်းရင်းသားညီအကိုမောင်နှမများက ထွက်ပေါ်လာသော ရပိုင်ခွင့်များကို အတူတကွ ဝေမျှခံစားရရှိရေးကို ဦးတည်ထားကြရမည်မှာလည်း အမှန်ပင်ဖြစ်သည်။

ဒီမိုကရေစီကျင့်သားရပြီးသော နိုင်ငံများတွင် ပြိုင်ဆိုင်မှုအတွင်း မိဘနှင့် သားသမီး၊ ညီနှင့် အကို၊ မောင်နှင့် နှမ၊ ဆွေမျိုးသားချင်းအရင်းအချာပင်လျှင် သူတို့နှစ်သက်ရာပါတီကို သူနိုင်ငါနိုင် အပြိုင်အားပေးတတ်ကြသော်လည်း ပြိုင်ပွဲအပြီးတွင်မူ ထွက်ပေါ်လာသော အနိုင်အရှုံးရလဒ်အပေါ် ကြည်ကြည်သာသာလက်ခံ၍ ဆွေမျိုးသားချင်းသဘာဝ ပြန်လည်ပေါင်းဖက်ခဲ့ကြသည်သာဖြစ်ပါသည်။ဒီမိုကရေစီနုနယ်သော မိမိတို့လိုနိုင်ငံမျိုးတွင် ပြင်းထန်သော ပြိုင်ဆိုင်မှုအပေါ် အသားမကျသေးသကဲ့သို့ရှိခဲ့လင့်ကစား ၂၀၁၅ ရွေးကောက်ပွဲအချိန်ကာလ ထွက်ပေါ်လာသောရလဒ်အပေါ် တည်ငြိမ်စွာလက်သင့်ခံခြင်းဖြင့် ဒီမိုကရေစီကျင့်သုံးမှုစိတ်ဓာတ်ကို ကမ္ဘာကသိအောင် ပြသနိုင်ခဲ့သည်ဟု ဆိုရခြိမ့်မည်။

မည်သို့ဆိုစေ ပြိုင်ပွဲနီးကပ်လာသည်နှင့်အမျှ အဓိကပြိုင်ပွဲဝင်မည့် ပလေယာတို့ကတော့ အနိုင်အရှုံးအတွက် စိတ်လှုပ်ရှားနေကြမည်သာဖြစ်သည်။စစ်ပွဲ၊ အားကစား၊ နိုင်ငံရေး မည်သည့်နေရာတွင်ဖြစ်စေ အနိုင်နှင့်အရှုံး ဒွန်တွဲနေတတ်မြဲဖြစ်သည်။ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ စိတ်ဓာတ်ကသာ အဓိကဖြစ်သည်။အနိုင်ရရှိရေးအတွက် ကလိမ်စေ့ငြမ်းစင်သည့်စိတ်ဓာတ်၊ အကောက်ဉာဏ်ဆင်သည့် စိတ်ဓာတ်မျိုးထက်၊ အသန့်ရှင်းဆုံးကျင့်ဝတ်နှင့်အတူ ပါဝင်ယှဉ်ပြိုင်ဖို့သာ အဓိကကျသည်ဟု ယုံကြည်မိပါသည်။အမေရိကန် စာရေးဆရာကြီး ဟဲမင်းဝေး ဆိုခဲ့ဖူးသကဲ့သို့ပင် အရှုံးကိုမျိုမချရင် အရှုံးကခါးသီးမှုမရှိပါဟူသော အဆိုးကို သဘောပိုက်ထားသင့်ပါသည်။

လာမည့်ရက်ပိုင်းအတွင်းမှာပင် မဲဆန္ဒရှင်ပြည်သူလူထုက သူတို့ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပေးကြရတော့မည်ဖြစ်သည်။ထိုသို့ရွေးချယ်ရာတွင် နိုင်ငံအကျိုးအတွက် အလေးထားဆောင်ရွက်မည့် ကိုယ်စားလှယ်များကို မှန်ကန်စွာရွေးချယ်နိုင်ရေးက အရေးပါနေသည်မှာလည်း အမှန်ပင်ဖြစ်သည်။
ထိုသို့ဆိုရသည့်အကြောင်းကလည်းရှိသည်။နိုင်ငံရေးသမားဆိုသည်က အာဏာမရခင်က ပြည်သူအတွက်ဟူသော ကတိစကားလှလှများကို ပါးစပ်ဖျားကမချ မဲဆွယ်စည်းရုံးတတ်ကြသူများဖြစ်သော်လည်း အာဏာရပြီးချိန်တွင်မူ သူတို့၏ကတိစကားများကို မေ့ပျောက်သွားတတ်ကြသောကြောင့်လည်းဖြစ်သည်။

မည်သို့ဆိုစေ ၂၀၂၀ ရွေးကောက်ပွဲကြီးက စတင်တော့မည်ဖြစ်ပါသည်။ပါဝင်ယှဉ်ပြိုင်ကြမည့် ပလေယာတို့ကလည်း အနိုင်အရှုံးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရန် တာစူနေကြပြီဖြစ်သည်။ကွင်းလယ်ဒိုင်လူကြီးဖြစ်သည့် ရွေးကောက်ပွဲကော်မရှင်ကလည်း ပြိုင်ပွဲစတင်မည့် ခရာမှုတ်ရန် အသင့်ပြင်နေပြီဖြစ်သည်။ထုံးစံအတိုင်း ပြိုင်ပွဲဝင်ပါတီတို့က သူတို့ဆောင်ရွက်မည့် စီမံချက်၊ ရည်မှန်းချက်များနှင့် မူဝါဒများကို ချပြ၍ ကတိကဝတ်အမျိုးမျိုးပေး၍ မဲဆန္ဒရှင်တို့ထံမှ ထောက်ခံမဲရရှိရေးကို ကြိုးပမ်းခဲ့ကြသည်။မဲဆန္ဒရှင်တို့ကလည်း ကိုယ်စားလှယ်လောင်းတို့၏ အရည်အချင်းနှင့် အလားအလာများကို ကြိုတင်မှန်းဆအကဲခတ်မိပြီးကြပြီဟုလည်း ယူဆရသည်။

ကိုယ်စားလှယ်လောင်းတို့၏ အရည်အချင်းများနှင့်ပတ်သက်လျှင် သတင်းစာဆရာနှင့် စာရေးဆရာမ အစ္စဘဲလ်ဟတ်မင်း ရေးသားခဲ့သည့် ဗြိတိန်နိုင်ငံရေးသမားတို့အကြောင်းက ခေါင်းထဲရောက်လာခဲ့သည်။အစ္စဘဲလ်ဟတ်မင်း၏ အဆိုအရ မဲဆန္ဒရှင်ပြည်သူတို့က နိုင်ငံရေးသမားများအပေါ် ယုံကြည်မှုပျောက်ဆုံးတတ်လေ့ရှိသည်ဟု ဆိုသည်။ထိုသို့ဆိုရလောက်အောင်လည်း လွှတ်တော်ထဲသို့ရောက်လာတတ်သော နိုင်ငံရေးသမားအများစုသည် သိပ္ပံပညာနည်းပညာ၊ စီးပွားရေး၊ စီမံဆောင်ရွက်မှု စသည်ဖြင့် မည်သည့်နယ်ပယ်တွင်မှ အတွေ့အကြုံမရှိ၊ ကျွမ်းကျင်မှုကင်းမဲ့သူများသာ များနေတတ်ပြီး အများစုမှာ နိုင်ငံရေးကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုအဖြစ် သဘောထားနေသူများနေသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

နောက်တစ်ခုက လွှတ်တော်ထဲကိုရောက်လာသည့် ကိုယ်စားလှယ်လောင်းများထဲတွင် ကိုယ်ကျိုးကြည့်သူတွေ၊ အသုံးမတည့်သူတွေ၊ ပါတီ၏ဂုဏ်သတင်းကို အမည်းစက်စွန်းထင်းစေသူများလည်း ပါဝင်လာတတ်သည်ဟု ဆိုသည်။သို့တစေ မဲဆန္ဒရှင်ပြည်သူလူထု၏အမြင်တွင် အပုပ်နံ့ထူပြောလွန်းသည်ဟု ရှုမြင်လာပါက မည်မျှပင်အရှိန်အဝါကြီးမားသည့်ပါတီဖြစ်စေ အဆိုပါ ပါတီအနေနှင့် မဲဆန္ဒရှင်ပြည်သူတို့ထံမှ ထောက်ခံမဲရရှိရန် လွယ်ကူတော့မည်မဟုတ်ဟု ဆိုပါသည်။

ယင်းသည် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ သတိပြုဆင်ခြင်သင့်သည့်အချက်ဖြစ်သကဲ့သို့ မဲဆန္ဒရှင်တို့အတွက်လည်း မိမိတို့ထောက်ခံအားပေးမည့် ကိုယ်စားလှယ်လောင်းများနှင့်ပတ်သက်၍ လေ့လာဆန်းစစ်သင့်သည့် အချက်များပင်ဖြစ်သည်။မည်သို့ဆိုစေ နိုဝင်ဘာလ ၈ ရက်နေ့တွင်မူ “မဲဆန္ဒရှင်တို့က မည်သည့်ပါတီမှ မည်သည့်ကိုယ်စားလှယ်လောင်းတို့ကို လိုလိုလားလား ထောက်ခံအားပေးသွားမည်ဆိုသည်ကိုမူ မျက်ဝါးထင်ထင်တွေ့မြင်ကြရတော့မညဖြစ်သည်။”

ဆိုရလျှင် ပြိုင်ဆိုင်မှုပြုကြမည့် ပလေယာ (ကိုယ်စားလှယ်လောင်း) တို့က အနိုင်ရရှိရေး အားခဲထားကြမည်ဖြစ်သကဲ့သို့ မဲဆန္ဒရှင်တို့ကလည်း သူတို့နှစ်သက်လိုလားသည့်ပါတီမှ ကိုယ်စားလှယ်တို့ကို ထောက်ခံအားပေးရန် ပြင်ဆင်နေကြမည်မှာ အမှန်ပင်ဖြစ်သည်။သို့တစေ ထောက်ခံအားပေးသူတို့ကော၊ ကိုယ်စားလှယ်လောင်းတို့ပါ အထူးသတိချပ်ရမည့် အချက်မှာ မိမိတို့က ဒီမိုကရေစီဖြစ်ထွန်းတိုးတက်ရေးလမ်းကြောင်းပေါ် အောင်မြင်စွာလျှောက်လှမ်းနိုင်ရန် ပြိုင်ဆိုင်နေကြခြင်းဖြစ်သည်။အနိုင်အရှုံးက အရေးပါသည်ဆိုသော်လည်း အနိုင်အရှုံးရလဒ်အပေါ် ကြည်ကြည်သာသာလက်သင့်ခံကြရမည်။ပြိုင်ဆိုင်မှုပြင်းထန်သော ပြိုင်ပွဲကြီးအတွင်း ပွဲမဆူအောင် ထိန်းထိန်းသိမ်းသိမ်းရှိခြင်းကသာလျှင် ကမ္ဘာ့အလယ်တွင် ဒီမိုကရေစီနိုင်ငံတော် နိုင်ငံသားများအဖြစ် အမြင်တင့်တယ်နိုင်ရေးကို ဦးတည်စေမည်ဟု ရှုမြင်သုံးသပ်လိုက်ရပါသည်။

မြင့်နောင်မိုး
နိုဝင်ဘာ - ၄

( Zawgyi )

ေ႐ြးေကာက္ပြဲကို ေဘာလုံးပြဲတစ္ပြဲႏွင့္ ႏႈိင္းယွဥ္မႈျပဳခဲ့သည္ရွိေသာ္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေ႐ြးေကာက္ပြဲမွာ အနီႏွင့္ အစိမ္းအသင္းတို႔၏ ဒုတိယမၸိထပ္မံအားၿပိဳင္လာမည့္ပြဲအျဖစ္ ေတြ႕ျမင္လာရဦးမည္ဟု ယူဆရပါသည္။ ၂၀၁၅ ခုႏွစ္က ပထမအႀကိမ္ အားၿပိဳင္ရာတြင္ အနီအသင္းက အျပတ္အသတ္ အသာစီးရယူကာ အႏိုင္ရရွိခဲ့ပါသည္။ၿပိဳင္ပြဲဝင္အသင္းေပါင္း ၉၀ ေက်ာ္ရွိသည့္အနက္ က်န္အသင္းမ်ားမွာ အိမ္ျဖည့္အသင္းထက္ ပိုခဲ့ျခင္းမရွိပါ။ၿပိဳင္ပြဲဝင္မ်ားထဲမွ ႏွင္းဆီပါတီ (UDP) ပါတီက အင္ျပည့္အားျပည့္ျဖင့္ ပါဝင္ယွဥ္ၿပိဳင္ရန္ ဟန္ျပင္ခဲ့ေသာ္လည္း ေ႐ြးေကာက္ပြဲစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ဆီေလ်ာ္ျခင္းမရွိမႈေၾကာင့္ ဖ်က္သိမ္းျခင္းခံခဲ့ရျခင္းကလည္း ၂၀၂၀ ေ႐ြးေကာက္ပြဲသည္ အနီႏွင့္ အစိမ္းတို႔၏ ေနာက္တစ္ၾကမ္အားၿပိဳင္ပြဲအျဖစ္ ၫႊန္းဆိုလိုက္ရျခင္းလည္းျဖစ္သည္။

လက္ရွိအခ်ိန္တြင္ အနီႏွင့္ အစိမ္းတို႔အျပင္ ပါဝင္ယွဥ္ၿပိဳင္မည့္ ပါတီအသီးသီးတို႔က မဲဆြယ္စည္း႐ုံးမႈအျဖစ္ အင္အားျပပြဲမ်ားကို ခင္းက်င္းေနၾကသည္ကိုလည္း ေတြ႕ေနၾကရပါသည္။မည္သို႔ဆိုေစ အားေပးမည့္ ပရိသတ္တို႔ကလည္း ပါဝင္ယွဥ္ၿပိဳင္မည့္ ပေလယာ (ကိုယ္စားလွယ္ေလာင္း) တို႔၏ အရည္အခ်င္း၊ အစြမ္းအစ၊ ပြဲမဝင္ခင္ႏွင့္ ပြဲအၿပီးျဖစ္ေပၚလာႏိုင္သည့္ ယုံၾကည္စိတ္ခ်ရမႈအေပၚ အကဲခတ္ေလ့လာလ်က္ရွိေနၾကမည္မွာလည္း မလြဲဪဧကန္ပင္ျဖစ္သည္။

ပြဲမဝင္ခင္ ႀကိဳတင္ခင္းက်င္းျပသလ်က္ရွိသည့္ ပေလယာတို႔၏ အစြမ္းအစတို႔ကလည္း မ်ားစြာ အားရစရာေကာင္းလွသည္ဟုေတာ့ မဆိုသာပါေခ်။ဆိုရလွ်င္ ပေလယာတို႔၏ အစြမ္းအစ အရည္အေသြးမ်ားကို ေပၚလြင္ေအာင္ျပသျခင္းထက္ ပြဲေတာ္ႀကီးသဖြယ္ ျမဴးထူးေအာ္ဟစ္သံမ်ားကသာ ပိုမိုလႊမ္းမိုးေနသေယာင္ ရႈျမင္ေနရသည္ကလည္း အမွန္ပင္ျဖစ္သည္။ပေလယာတို႔က စင္ေပၚတက္၍ သူတို႔၏အရည္အေသြးႏွင့္ သူတို႔၏ရည္မွန္းခ်က္မ်ားျဖင့္ စိတ္ဝင္စားဖြယ္ရာ စည္း႐ုံးႏိုင္စြမ္းကို ေတြ႕ျမင္ရျခင္းထက္ တစ္ဖက္အသင္းကို ေစာင္းေျမာင္းပုတ္ခတ္မႈမ်ားျဖင့္သာ ၿငီးေငြ႕ဖြယ္ရာစည္း႐ုံးမႈ ျပဳလ်က္ရွိေနၾကသည္ကိုလည္း ေတြ႕ေနျမင္ေနရပါသည္။

အခ်ိဳ႕ေသာ ပေလယာတို႔ဆိုလွ်င္ ၿပိဳင္ပြဲမဝင္ခင္ကပင္ တစ္ဖက္အသင္းကို စိတ္ဆြကစားလိုေသာသေဘာျဖင့္ ရန္လိုမႈမ်ားျပသလာသည္ကိုလည္း ေတြ႕ေနၾကရသည္။ထိုထက္ပို၍ဆိုးသည္မွာ ရန္လိုေသာ ပေလယာတို႔ကို ေထာက္ခံအားေပးသူမ်ားထဲတြင္ အၾကမ္းဖက္ရန္ျပဳလိုသူမ်ား ပါဝင္လာျခင္းျဖစ္ၿပီး အၾကမ္းဖက္တိုက္ခိုက္သူမ်ား ပါဝင္လာျခင္းမွာ အႏိုင္အရႈံးအတြက္ ယွဥ္ၿပိဳင္ရေသာ ၿပိဳင္ပြဲမ်ိဳးတြင္ ႀကဳံေတြ႕ရႏိုင္သည့္ အႏၲရာယ္အရိပ္အေယာင္မ်ားလည္းျဖစ္သည္။စင္စစ္ ကြင္းလုံးျပည့္အားေပးရန္ အသင့္ရွိေနသည့္ ေထာက္ခံအားေပးသူအမ်ားစုမွာ ဒီမိုကေရစီကို အမွန္တကယ္လိုလားသူမ်ားျဖစ္ၿပီး သူတို႔လိုလားေသာအသင္း (ပါတီ) ကို မွ်မွ်တတအားေပးလိုသူမ်ား ရွိေနသည္မွာလည္း အမွန္ပင္ျဖစ္သည္။အစြန္းေရာက္အားေပးေထာက္ခံျခင္းကို ေရွာင္ရွားလိုသူတို႔က ျပင္းထန္ေသာ ၿပိဳင္ဆိုင္မႈအတြင္း ပဋိပကၡျဖစ္ပြားလာမည္ကို စိုးရိမ္ပူပန္ေနၾကသည္မွာလည္း အမွန္ပင္ျဖစ္သည္။

ဒီမိုကေရစီက်င့္သုံးမႈအျဖစ္ အနီ အစိမ္း အဝါ အျပာ ေထာက္ခံအားေပးသူတို႔အၾကား ရန္လိုမုန္းတီးမႈကင္းကင္းႏွင့္ သန႔္သန႔္ရွင္းရွင္းအားေပးဖို႔ လိုမည္ျဖစ္သည္။ျဖစ္ေပၚလာမည့္ အႏိုင္အရႈံးသည္ မည္သူ႔ကိုမွ် သာေစနာေစလိုေသာ စိတ္အခံျဖင့္ ယွဥ္ၿပိဳင္ျခင္းမဟုတ္မူဘဲ ႏိုင္ငံ့အနာဂတ္ အလားအလာေကာင္းမ်ား ေပၚထြန္းလာေစရန္ တစ္တပ္တစ္အားေဆာင္႐ြက္မည္ဟူေသာ စိတ္ဓာတ္အမွန္ျဖင့္ ပါဝင္ယွဥ္ၿပိဳင္ျခင္းသာ ျဖစ္သင့္ပါသည္။ဆိုရလွ်င္ ၿပိဳင္ပြဲသေဘာအရ အေရာင္အေသြးခြဲျခားထားလင့္ကစား ႏိုင္ငံအတြင္း အတူေနထိုင္လ်က္ရွိေသာ တိုင္းရင္းသားညီအကိုေမာင္ႏွမမ်ားက ထြက္ေပၚလာေသာ ရပိုင္ခြင့္မ်ားကို အတူတကြ ေဝမွ်ခံစားရရွိေရးကို ဦးတည္ထားၾကရမည္မွာလည္း အမွန္ပင္ျဖစ္သည္။

ဒီမိုကေရစီက်င့္သားရၿပီးေသာ ႏိုင္ငံမ်ားတြင္ ၿပိဳင္ဆိုင္မႈအတြင္း မိဘႏွင့္ သားသမီး၊ ညီႏွင့္ အကို၊ ေမာင္ႏွင့္ ႏွမ၊ ေဆြမ်ိဳးသားခ်င္းအရင္းအခ်ာပင္လွ်င္ သူတို႔ႏွစ္သက္ရာပါတီကို သူႏိုင္ငါႏိုင္ အၿပိဳင္အားေပးတတ္ၾကေသာ္လည္း ၿပိဳင္ပြဲအၿပီးတြင္မူ ထြက္ေပၚလာေသာ အႏိုင္အရႈံးရလဒ္အေပၚ ၾကည္ၾကည္သာသာလက္ခံ၍ ေဆြမ်ိဳးသားခ်င္းသဘာဝ ျပန္လည္ေပါင္းဖက္ခဲ့ၾကသည္သာျဖစ္ပါသည္။ဒီမိုကေရစီႏုနယ္ေသာ မိမိတို႔လိုႏိုင္ငံမ်ိဳးတြင္ ျပင္းထန္ေသာ ၿပိဳင္ဆိုင္မႈအေပၚ အသားမက်ေသးသကဲ့သို႔ရွိခဲ့လင့္ကစား ၂၀၁၅ ေ႐ြးေကာက္ပြဲအခ်ိန္ကာလ ထြက္ေပၚလာေသာရလဒ္အေပၚ တည္ၿငိမ္စြာလက္သင့္ခံျခင္းျဖင့္ ဒီမိုကေရစီက်င့္သုံးမႈစိတ္ဓာတ္ကို ကမာၻကသိေအာင္ ျပသႏိုင္ခဲ့သည္ဟု ဆိုရၿခိမ့္မည္။

မည္သို႔ဆိုေစ ၿပိဳင္ပြဲနီးကပ္လာသည္ႏွင့္အမွ် အဓိကၿပိဳင္ပြဲဝင္မည့္ ပေလယာတို႔ကေတာ့ အႏိုင္အရႈံးအတြက္ စိတ္လႈပ္ရွားေနၾကမည္သာျဖစ္သည္။စစ္ပြဲ၊ အားကစား၊ ႏိုင္ငံေရး မည္သည့္ေနရာတြင္ျဖစ္ေစ အႏိုင္ႏွင့္အရႈံး ဒြန္တြဲေနတတ္ၿမဲျဖစ္သည္။ရႈံးသည္ျဖစ္ေစ ႏိုင္သည္ျဖစ္ေစ စိတ္ဓာတ္ကသာ အဓိကျဖစ္သည္။အႏိုင္ရရွိေရးအတြက္ ကလိမ္ေစ့ျငမ္းစင္သည့္စိတ္ဓာတ္၊ အေကာက္ဉာဏ္ဆင္သည့္ စိတ္ဓာတ္မ်ိဳးထက္၊ အသန႔္ရွင္းဆုံးက်င့္ဝတ္ႏွင့္အတူ ပါဝင္ယွဥ္ၿပိဳင္ဖို႔သာ အဓိကက်သည္ဟု ယုံၾကည္မိပါသည္။အေမရိကန္ စာေရးဆရာႀကီး ဟဲမင္းေဝး ဆိုခဲ့ဖူးသကဲ့သို႔ပင္ အရႈံးကိုမ်ိဳမခ်ရင္ အရႈံးကခါးသီးမႈမရွိပါဟူေသာ အဆိုးကို သေဘာပိုက္ထားသင့္ပါသည္။

လာမည့္ရက္ပိုင္းအတြင္းမွာပင္ မဲဆႏၵရွင္ျပည္သူလူထုက သူတို႔ကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္းမ်ားကို ေ႐ြးခ်ယ္ေပးၾကရေတာ့မည္ျဖစ္သည္။ထိုသို႔ေ႐ြးခ်ယ္ရာတြင္ ႏိုင္ငံအက်ိဳးအတြက္ အေလးထားေဆာင္႐ြက္မည့္ ကိုယ္စားလွယ္မ်ားကို မွန္ကန္စြာေ႐ြးခ်ယ္ႏိုင္ေရးက အေရးပါေနသည္မွာလည္း အမွန္ပင္ျဖစ္သည္။
ထိုသို႔ဆိုရသည့္အေၾကာင္းကလည္းရွိသည္။ႏိုင္ငံေရးသမားဆိုသည္က အာဏာမရခင္က ျပည္သူအတြက္ဟူေသာ ကတိစကားလွလွမ်ားကို ပါးစပ္ဖ်ားကမခ် မဲဆြယ္စည္း႐ုံးတတ္ၾကသူမ်ားျဖစ္ေသာ္လည္း အာဏာရၿပီးခ်ိန္တြင္မူ သူတို႔၏ကတိစကားမ်ားကို ေမ့ေပ်ာက္သြားတတ္ၾကေသာေၾကာင့္လည္းျဖစ္သည္။

မည္သို႔ဆိုေစ ၂၀၂၀ ေ႐ြးေကာက္ပြဲႀကီးက စတင္ေတာ့မည္ျဖစ္ပါသည္။ပါဝင္ယွဥ္ၿပိဳင္ၾကမည့္ ပေလယာတို႔ကလည္း အႏိုင္အရႈံးအတြက္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရန္ တာစူေနၾကၿပီျဖစ္သည္။ကြင္းလယ္ဒိုင္လူႀကီးျဖစ္သည့္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္း ၿပိဳင္ပြဲစတင္မည့္ ခရာမႈတ္ရန္ အသင့္ျပင္ေနၿပီျဖစ္သည္။ထုံးစံအတိုင္း ၿပိဳင္ပြဲဝင္ပါတီတို႔က သူတို႔ေဆာင္႐ြက္မည့္ စီမံခ်က္၊ ရည္မွန္းခ်က္မ်ားႏွင့္ မူဝါဒမ်ားကို ခ်ျပ၍ ကတိကဝတ္အမ်ိဳးမ်ိဳးေပး၍ မဲဆႏၵရွင္တို႔ထံမွ ေထာက္ခံမဲရရွိေရးကို ႀကိဳးပမ္းခဲ့ၾကသည္။မဲဆႏၵရွင္တို႔ကလည္း ကိုယ္စားလွယ္ေလာင္းတို႔၏ အရည္အခ်င္းႏွင့္ အလားအလာမ်ားကို ႀကိဳတင္မွန္းဆအကဲခတ္မိၿပီးၾကၿပီဟုလည္း ယူဆရသည္။

ကိုယ္စားလွယ္ေလာင္းတို႔၏ အရည္အခ်င္းမ်ားႏွင့္ပတ္သက္လွ်င္ သတင္းစာဆရာႏွင့္ စာေရးဆရာမ အစၥဘဲလ္ဟတ္မင္း ေရးသားခဲ့သည့္ ၿဗိတိန္ႏိုင္ငံေရးသမားတို႔အေၾကာင္းက ေခါင္းထဲေရာက္လာခဲ့သည္။အစၥဘဲလ္ဟတ္မင္း၏ အဆိုအရ မဲဆႏၵရွင္ျပည္သူတို႔က ႏိုင္ငံေရးသမားမ်ားအေပၚ ယုံၾကည္မႈေပ်ာက္ဆုံးတတ္ေလ့ရွိသည္ဟု ဆိုသည္။ထိုသို႔ဆိုရေလာက္ေအာင္လည္း လႊတ္ေတာ္ထဲသို႔ေရာက္လာတတ္ေသာ ႏိုင္ငံေရးသမားအမ်ားစုသည္ သိပၸံပညာနည္းပညာ၊ စီးပြားေရး၊ စီမံေဆာင္႐ြက္မႈ စသည္ျဖင့္ မည္သည့္နယ္ပယ္တြင္မွ အေတြ႕အႀကဳံမရွိ၊ ကြၽမ္းက်င္မႈကင္းမဲ့သူမ်ားသာ မ်ားေနတတ္ၿပီး အမ်ားစုမွာ ႏိုင္ငံေရးကို အသက္ေမြးဝမ္းေက်ာင္း အလုပ္တစ္ခုအျဖစ္ သေဘာထားေနသူမ်ားေနေသာေၾကာင့္ျဖစ္သည္ဟု ဆိုသည္။

ေနာက္တစ္ခုက လႊတ္ေတာ္ထဲကိုေရာက္လာသည့္ ကိုယ္စားလွယ္ေလာင္းမ်ားထဲတြင္ ကိုယ္က်ိဳးၾကည့္သူေတြ၊ အသုံးမတည့္သူေတြ၊ ပါတီ၏ဂုဏ္သတင္းကို အမည္းစက္စြန္းထင္းေစသူမ်ားလည္း ပါဝင္လာတတ္သည္ဟု ဆိုသည္။သို႔တေစ မဲဆႏၵရွင္ျပည္သူလူထု၏အျမင္တြင္ အပုပ္နံ႔ထူေျပာလြန္းသည္ဟု ရႈျမင္လာပါက မည္မွ်ပင္အရွိန္အဝါႀကီးမားသည့္ပါတီျဖစ္ေစ အဆိုပါ ပါတီအေနႏွင့္ မဲဆႏၵရွင္ျပည္သူတို႔ထံမွ ေထာက္ခံမဲရရွိရန္ လြယ္ကူေတာ့မည္မဟုတ္ဟု ဆိုပါသည္။

ယင္းသည္ ေ႐ြးေကာက္ပြဲဝင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ား သတိျပဳဆင္ျခင္သင့္သည့္အခ်က္ျဖစ္သကဲ့သို႔ မဲဆႏၵရွင္တို႔အတြက္လည္း မိမိတို႔ေထာက္ခံအားေပးမည့္ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ပတ္သက္၍ ေလ့လာဆန္းစစ္သင့္သည့္ အခ်က္မ်ားပင္ျဖစ္သည္။မည္သို႔ဆိုေစ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္မူ “မဲဆႏၵရွင္တို႔က မည္သည့္ပါတီမွ မည္သည့္ကိုယ္စားလွယ္ေလာင္းတို႔ကို လိုလိုလားလား ေထာက္ခံအားေပးသြားမည္ဆိုသည္ကိုမူ မ်က္ဝါးထင္ထင္ေတြ႕ျမင္ၾကရေတာ့မညျဖစ္သည္။”

ဆိုရလွ်င္ ၿပိဳင္ဆိုင္မႈျပဳၾကမည့္ ပေလယာ (ကိုယ္စားလွယ္ေလာင္း) တို႔က အႏိုင္ရရွိေရး အားခဲထားၾကမည္ျဖစ္သကဲ့သို႔ မဲဆႏၵရွင္တို႔ကလည္း သူတို႔ႏွစ္သက္လိုလားသည့္ပါတီမွ ကိုယ္စားလွယ္တို႔ကို ေထာက္ခံအားေပးရန္ ျပင္ဆင္ေနၾကမည္မွာ အမွန္ပင္ျဖစ္သည္။သို႔တေစ ေထာက္ခံအားေပးသူတို႔ေကာ၊ ကိုယ္စားလွယ္ေလာင္းတို႔ပါ အထူးသတိခ်ပ္ရမည့္ အခ်က္မွာ မိမိတို႔က ဒီမိုကေရစီျဖစ္ထြန္းတိုးတက္ေရးလမ္းေၾကာင္းေပၚ ေအာင္ျမင္စြာေလွ်ာက္လွမ္းႏိုင္ရန္ ၿပိဳင္ဆိုင္ေနၾကျခင္းျဖစ္သည္။အႏိုင္အရႈံးက အေရးပါသည္ဆိုေသာ္လည္း အႏိုင္အရႈံးရလဒ္အေပၚ ၾကည္ၾကည္သာသာလက္သင့္ခံၾကရမည္။ၿပိဳင္ဆိုင္မႈျပင္းထန္ေသာ ၿပိဳင္ပြဲႀကီးအတြင္း ပြဲမဆူေအာင္ ထိန္းထိန္းသိမ္းသိမ္းရွိျခင္းကသာလွ်င္ ကမာၻ႔အလယ္တြင္ ဒီမိုကေရစီႏိုင္ငံေတာ္ ႏိုင္ငံသားမ်ားအျဖစ္ အျမင္တင့္တယ္ႏိုင္ေရးကို ဦးတည္ေစမည္ဟု ရႈျမင္သုံးသပ္လိုက္ရပါသည္။

ျမင့္ေနာင္မိုး
ႏိုဝင္ဘာ - ၄