【 ဆောင်းပါး 】 ရှေးသရောအခါက နှစ်ရောင်စပ်မြန်မာ

【 ဆောင်းပါး 】 ရှေးသရောအခါက နှစ်ရောင်စပ်မြန်မာ

သိပ္ပံပညာဖြင့် သက်သေပြ၍မရ။မမြင်ရသည့် အချင်းအရာများ၏ ပြဌာန်းချက် ရာခိုင်နှုန်းမည်မျှပါဝင်နေသလဲမသိ။ကျွန်ုပ်တို့ကိုယ်စီ၏ လူတစ်ယောက်ဖြစ်ခြင်းဘဝတွင် ကျွန်ုပ်တို့၏ ရွေးချယ်ခွင့်မပါခဲ့တာ သေချာသည်။သူလည်းလူ၊ ကိုယ်လည်းလူ လူဖြစ်တာချင်းတူတူ ဘာ့ကြောင့် သူက ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် လူဖြစ်လာပြီး ကျနော်တို့က အရှေ့တိုင်းသားအဖြစ် လူဖြစ်လာရသနည်း။အရှေ့တိုင်းသားချင်းတူတာတောင် သူက တရုတ်၊ ကိုယ်က ဗမာ ဘာ့ကြောင့် ဘယ်လို လူမျိုးနှင့် နေရပ်ဒေသခြားနားစွာ လူဖြစ်လာကြသနည်း။

ကျွန်ုပ်တို့ ရွေးချယ်ခွင့်မရှိစွာဖြင့် ကျွန်ုပ်တို့ကိုယ်စီ ပထဝီအနေအထားတစ်ခုခုဆီ ဘာ့ကြောင့်မှန်းမသိ ရောက်ရှိလာခဲ့ကြသည်။အရွယ်ရောက်လာ၊ ရေကြည်ရာမြက်နုရာ ကိုယ့်အနာဂတ်ကိုယ်ရှာဖွေရင်း မိမိမွေးဖွားရာအရပ်နှင့် လုံးဝခြားနားသည့် အခြားတစ်ပါးသောအရပ်ဆီသို့ ရောက်ရှိသွားမှု အနည်းငယ်ရှိသည့်တိုင် များသောအားဖြင့် မိမိမွေးဖွားရာအရပ်တွင် နှစ်အတန်ကြာနေထိုင်ခဲ့ကြတာကများသည်။

ထိုသို့ မျိုးရိုးစဉ်ဆက်နေထိုင်ခဲ့ခြင်းတွင် မိမိနေထိုင်ရာ ပထဝီအနေအထား၏ ပြဌာန်းမှုကိုလည်း ငြင်းပယ်ခွင့်မရှိ လက်ခံလိုက်ရပြန်သည်။ဥပမာ - ကျနော်တို့ မြန်မာနိုင်ငံ၏ များစွာသောဧရိယာတို့သည် အီကွေတာအနီး အပူပိုင်းဇုန်တွင် ကျရောက်နေပေသည်။အပူပိုင်းဇုန် ပထဝီရပ်ဝန်း၏ ပူပြင်းသောရာသီဥတုက ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများစွာကို  သွေးပူလွယ် သွေးဆူလွယ်သူများအဖြစ် ပြဌာန်းပေးမှုတွင် အဓိကကျသောဇာတ်ကောင်ဟု ဆိုနိုင်ပါသည်။ပြောရလျှင် လူမျိုးတိုင်း၏ စရိုက်လက္ခဏာကို သူနေထိုင်ကြီးပြင်းရာ ပထဝီသွင်ပြင်က အနည်းနှင့်အများဆိုသလို ပြဌာန်းလေ့ရှိခြင်းပင်ဖြစ်သည်။

တကယ်တော့ မူလဗမာတို့သည် ဇာတိရင်းမြစ်မှာ လက်ရှိမြန်မာနိုင်ငံ မဟုတ်ပေ။တိဗက် မြန်မာအနွယ်ဝင်ဖြစ်သော ဗမာတို့၏ အစကို သမိုင်းပညာရှင်တို့၏ မှန်းဆချက်မှာ တရုတ်နိုင်ငံ အနောက်မြောက်၊ ကန်စုနယ်၊ ယခု မြို့တော်လန်ကျောင်၏ တောင်ဘက် မိုင် ၅၀ ခန့် ရှည်လျားသော တောင်မြစ်ဝှမ်းဟု ဆိုသည်။ထိုစဉ်က ဗမာတို့သည် ယဉ်ကျေးမှုအရ အဆင့်အတန်းမြင့်ပြီး ၎င်းတို့ထုတ်လုပ်သုံးစွဲသော အိုးတို့မှာ အပြောက်အမွှန်းများဖြင့် ခေတ်ပြိုင်ချင်းယှဉ်လျှင် သာသူမရှိဟု ဆိုသည်။

သို့သော်၊ တရုတ်တို့၏ နှောင့်ယှက်မှုကြောင့် ပြောင်းရရွှေ့ရ တိမ်းရှောင်ရ။ထို့နောက် နန်ကျောင်တို့၏ လက်အောက်တွင် တိုက်ရည်ခိုက်ရည်ကောင်းသော ဗမာတို့မှာ အသေခံတပ်သားများအဖြစ် အမှုတော်ထမ်းရ။အတည်တကျမရှိခြင်း၊ ငြိမ်းချမ်းမှုမရှိခြင်းနှင့် လက်အောက်ခံဖြစ်ခြင်း နှစ်ပေါင်းထောင်ချီက ယဉ်ကျေးမှုကို ဆက်လက်မဖွံ့ဖြိုးနိုင်ရုံတင်မက ရှိနှင့်ပြီး အရာများစွာပင်လျှင် ယုတ်လျော့ခဲ့ရသည်။

မူလဗမာတို့မှာ ကိုယ့်ဘာသာ လွတ်လပ်စွာနေထိုင်လိုသူများဖြစ်၍ နန်ကျောင်တို့ လိုက်မလာနိုင်သော ပူအိုက်လွင်ပြင်သို့ အေဒီ ၉ ရာစုလယ်တွင် ထွက်ပြေးလာခဲ့ကြသည်။မျိုးဆက်အလီလီ အေးသောအရပ်တွင် အသားကျခဲ့ပြီးကာမှ လွတ်လပ်မှုအတွက် ရှမ်းပြည်နယ်၊ ရပ်စောက်၊ ရေငန်မှ နတ်ထိပ်တောင်ကြားလမ်းအတိုင်း အလျင်အမြန်ဆင်းလာကာ ကျောက်ဆည်တခွင်ကို သိမ်းပိုက်။လွတ်လပ်မှုအတွက် ချွေးဒီးဒီးကျနေသော အပူပိုင်းဒေသကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ဗမာသည် စစ်ရည်ကြွယ်ပြီးသား၊ တိုက်ရည်ခိုက်ရည်ကောင်းသော မြင်းသည်တော်များအဖြစ် တိုက်ပွဲအလီလီနွှဲခဲ့ပြီးသား။ထို့ပြင် ကျောက်ဆည်တွင် အထိုင်ကျပြီးသား ဒေသခံများဖြစ်သည့် မွန်၊ ပျူ၊ သက် စသည်တို့မှာ ချိနဲ့အင်အားသာရှိသဖြင့် အလွယ်တကူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်မယ်ခိုက်မယ်ဆိုသည့် ဗမာတို့မှာ အပူပိုင်းဒေသ၏ သွေးဆူလွယ်မှုနှင့် ပေါင်းစပ်မိသောအခါ စစ်သွေးကြွများဖြစ်လာခဲ့သည်။ပုဂံတွင် တထီးတနန်းဖြစ်လာ၊ အင်အားကောင်းသော အနိရုဒ္ဓမင်း (အနော်ရထာ) လက်ထက်ရောက်တော့ နယ်မြေပိုင်စိုးမှုကို အပြင်းအထန် တိုက်ခိုက်ချဲ့ထွင်တော့သည်။ထင်ရှားသော အမှတ်အသားတစ်ခုမှာ အောက်ပြည်အောက်ရွာတွင် တထီးတနန်းဖြင့် ယဉ်ကျေးမှုအဆင့်အတန်းမြင့်နေပြီဖြစ်သော သုဝဏ္ဏဘူမိကို အလွယ်တကူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တကယ်တော့ ဗမာတို့ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ကြီးပွားခဲ့ပြီဖြစ်သော်လည်း သူ့ပိုင်ဆိုင်မှုမှာ စစ်တိုက်ကျွမ်းကျင်ခြင်းမျှသာရှိပြီး ယဉ်ကျေးမှုအဆင့်အတန်းမှာ ဗလာနီးနီးဖြစ်သည်။ထို့ကြောင့် ဒေသခံ ပျူ၊ မွန်နှင့် သက်တို့ထံမှ သင်ယူရသည်။

ပျူဆိုလျှင် ဗမာနှင့်မျိုးရင်းတူ တိဗက် မြန်မာအနွယ်။ ၃ ရာစုခန့်ကတည်းက မြန်မာနိုင်ငံထဲသို့ရောက်ရှိကာ သရေခတ္တရာတွင် ကြီးကျယ်ခမ်းနားခဲ့သူများဖြစ်သည်။တူးဖော်တွေ့ရှိသော အထောက်အထားများအရ ပျူတို့သည် ဗုဒ္ဓဝါဒကို ကျမ်းဂန်နှင့်တကွ ကျကျနနတတ်မြောက်ခဲ့ပြီးသား။ဗုဒ္ဓ၏ အရိပ်အာဝါသအောက်တွင် ပျူတို့သည် ငြိမ်းချမ်းရေးကိုမြတ်နိုးသောသူ၊ စကားနည်းသူ၊ ပိုးကောင်လေးများ၏အသက်ကို မသတ်လိုသဖြင့် ပိုးထည်ကိုပင် မဝတ်ဆင်သူများဖြစ်သည်။

(မြန်မာနိုင်ငံအတွင်း ပထမပြည်ထောင်စုအဖြစ် တည်ထောင်နိုင်ခဲ့သော ပျူတို့မှာ ကရင်တို့ထိပါးမှုကြောင့် အင်အားချိနဲ့ခဲ့ပြီး နန်ကျောင်တို့၏ တိုက်ခိုက်မှုကြောင့် လုံးဝပြိုပျက်ခဲ့ရသည်။)

နတ်နဂါးကိုးကွယ်ပြီး သားကောင်ကို ယဇ်ပူဇော်လေ့ရှိသော ဗမာတို့မှာ မြန်မာနိုင်ငံသို့ရောက်ရှိပြီးနောက် ဒေသခံတို့ထံမှ ယဉ်ကျေးမှုအစုစုတို့တင်မက ဗုဒ္ဓဘာသာကိုလည်း ဆက်ခံရရှိခဲ့ခြင်းမှာ အရေးကြီးသော အလှည့်အပြောင်းတစ်ခုဖြစ်သည်။

ဗုဒ္ဓဘာသာက သူ့အသက်သတ်ခြင်းကို ငြင်းဆိုသည်။သည်းခံခြင်းတရားကို အဆုံးတိုင်လွှင့်ထူသည်။ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းတတ်လာအောင် သွန်သင်သည်။လောဘရမ္မက်ကို ချွန်းအုပ်စေကာ ရမ္မက်မီးတစ်စပင် မကျန်ခြင်းဆီသို့ ဦးတည်စေသည်။မျှဝေသည်။ဒါနပြုသည်။အများကောင်းကျိုးကို ရှေ့ရှုသည်။ဗုဒ္ဓဘာသာ၏ သီလစင်ကြယ်မှုသည် ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာအောင် ပံ့ပိုးနိုင်စွမ်းသော အဓိကဒေါက်တိုင်ကြီးလည်း ဖြစ်သည်။

ထို့ကြောင့်ပင် ပုဂံခေတ်သာသနာရေးတွင် ဗုဒ္ဓဝါဒသည် အထိတ်အထိပ်သို့ရောက်ရှိခဲ့သည့်တိုင် တခြားဘာသာဝါဒအပေါ် ချိုးနှိမ်ခြင်းမရှိဘဲ အပြိုင်တည်ရှိမှုအပေါ် သည်းခံသည်ဟု ဆို၏။အထိတ်အထိပ်သို့ရောက်ရှိလာသော ဗုဒ္ဓဝါဒ၏ အဓိကပဲ့ပြင်နိုင်စွမ်းမှာ နှောင်ကြိုးမဲ့မြင်းရိုင်းတစ်ကောင်လို စစ်သွေးကြွနေသော ဗမာတို့၏သွေးသားကို (မြင်းကို ဇက်ခွံ့ပေးလိုက်သလို) အထိန်းအကွပ်ဖြစ်စေခြင်း ဖြစ်၏။

ပြောရလျှင် ပျူတို့စတင်ရာ ၃ ရာစုခန့်ကတည်းက အမြစ်တွယ်ခဲ့ပြီးဖြစ်သော ဗုဒ္ဓဝါဒသည် မြန်မာနိုင်ငံအတွင်း မွန်၊ ဗမာ မင်းအဆက်ဆက် ဘုရင်ရော ပြည်သူပါ ကိုးကွယ်သည့် အဓိကဘာသာကြီးတစ်ရပ်အဖြစ် ဆင့်ပွားဆက်ခံခဲ့ခြင်းအရ ဗုဒ္ဓဝါဒ၏ ပဲ့ပြင်မှုသည်လည်း မြန်မာ့လူ့အဖွဲ့အစည်းအပေါ် သြဇာညောင်းခဲ့ပေသည်။

သို့သော်၊ ကျွန်ုပ်တို့ဘိုးဘွားများ ဖြတ်သန်းခဲ့ရသည့်ခေတ်မှာမူ အာဏာပိုင်ဘုရင် စိတ်တစ်ချက်အကွက်တွင် တိခနဲခေါင်းပြတ်သွားနိုင်သော ပဒေသရာဇ်စနစ်ဖြစ်သည်။ပဒေသရာဇ်စနစ်ဆိုသည်မှာ ဒီမိုကရေစီယဉ်ကျေးမှုအကြောင်း လေသံပင်မဟရဲအောင် ဓားထက်ထက်ဖြင့် ရန်-ငါ စည်းပြတ်ပြီးသားဖြစ်သည်။ဘုရင်ဟု ဆိုသူတို့၏ လက်ညှိုးညွှန်ရာတွင် ရေဖြစ်ချင်လျှင် ရေဖြစ်နိုင်သလို ငရဲမီးဖြစ်ချင်လည်း ငရဲမီးဖြစ်နိုင်သည်။ဘုရင်နှုတ်ဖျားမှ ထွက်ကျလာသမျှသည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ပင်ဖြစ်သည်။

ထို့ကြောင့် ဘုရင်တို့၏ စိတ်နေစိတ်ထားသည် တိုင်းပြည်၏ ကံကြမ္မာနှင့် တိုက်ရိုက်အချိုးကျနေပေသည်။ဘုရား၏ သားတော် ရဟန်းတော်များကို အလေးအမြတ်ပြု ပူဇော်ချီးမြှောက်သော်လည်း စစ်သွေးစစ်မာန်ကြွနေသော ဘုရင်များ၊ မယားများစွာယူပြီး နိဗ္ဗာန်သို့ရောက်ရှိလိုပါကြောင်း မပြတ်ဆုတောင်းလေ့ရှိသော ဘုရင်မျိုးသည်လည်း ကျွန်ုပ်တို့၏သမိုင်းတွင် မြင်တွေ့ခဲ့ရသည်။ဆိုလိုသည်မှာ ကျွန်ုပ်တို့ဘိုးဘွားများ မျိုးဆက်အလီလီ ဖြတ်သန်းခဲ့ရသောခေတ်မှာ ထားရာနေ၊ စေရာသွားဖြင့် မေးခွန်းထုတ်ခွင့်ကို ပယ်ချ၊ လွတ်လပ်မှုကို ဓားဖြင့်အထောက်ခံထားရသော အပိတ်ခေတ်ဖြစ်သည်။ထိုသို့သော မှောင်နှင့်မည်းမည်း လှိုဏ်ခေါင်းရှည်ကြီးကဲ့သို့သော ပဒေသရာဇ်ခေတ်၏ ရှည်ကြာလွန်းမှုမှာ  မြန်မာနိုင်ငံသားတို့၏ စရိုက်လက္ခဏာအပေါ် ထိုက်သင့်သည့် သြဇာညောင်းမှုရှိခဲ့သည်။

ယခုဆောင်းပါးကိုချုပ်ရသော်၊ ပူပြင်းလှသည့် ပထဝီအနေအထားက ဆူလွယ်ပွက်လွယ် လူသားအဖြစ်၊ ဗမာတို့၏ အခြေခံဗီဇရင်းကလည်း ရဲစိတ်ရဲမာန်ခပ်ပြင်းပြင်း၊ ဓားထက်လှသော ပဒေသရာဇ်ခေတ်ကြီးကလည်း တစ်ချက်လွှတ်အမိန့်၊ တစ်ချက်လွှတ်အာဏာ။မတူကွဲပြားမှုများကို အသိအမှတ်ပြုယှဉ်တွဲနေထိုင်ကြခြင်းဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှုကို အားပေးအားမြှောက်ပြုသည်မှာ ဗုဒ္ဓဝါဒ၏ ငြိမ်းချမ်းသောအရိပ်အာဝါသသာလျှင် ရှိခဲ့သည်။

ပို၍ရှင်းအောင်ဆိုရသော် ကျွန်ုပ်တို့၏ ရေခံမြေခံနှင့် ခေတ်အခံက ဒီမိုကရေစီယဉ်ကျေးမှုကို ခွင့်မပြုခဲ့သော်လည်း ကျွန်ုပ်တို့၏ စိတ်အခံမှာမူ ဒီမိုကရေစီပျိုးပင်ကို ရှင်သန်နိုင်စွမ်းရှိခဲ့သည်။ကျွန်ုပ်တို့ ဘိုးဘွားတို့၏ သွေးသားထဲတွင် ထိုသို့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသော အရောင်နှစ်မျိုးက လှည့်လည်စီးဆင်းခဲ့သည်။

ကိုးကား - ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း)

လင်းဆက်ငြိမ်းချမ်း
အောက်တိုဘာ - ၂၉

( Zawgyi )

သိပၸံပညာျဖင့္ သက္ေသျပ၍မရ။မျမင္ရသည့္ အခ်င္းအရာမ်ား၏ ျပဌာန္းခ်က္ ရာခိုင္ႏႈန္းမည္မွ်ပါဝင္ေနသလဲမသိ။ကြၽႏ္ုပ္တို႔ကိုယ္စီ၏ လူတစ္ေယာက္ျဖစ္ျခင္းဘဝတြင္ ကြၽႏ္ုပ္တို႔၏ ေ႐ြးခ်ယ္ခြင့္မပါခဲ့တာ ေသခ်ာသည္။သူလည္းလူ၊ ကိုယ္လည္းလူ လူျဖစ္တာခ်င္းတူတူ ဘာ့ေၾကာင့္ သူက ကမာၻ႔အေနာက္ဘက္ျခမ္းတြင္ လူျဖစ္လာၿပီး က်ေနာ္တို႔က အေရွ႕တိုင္းသားအျဖစ္ လူျဖစ္လာရသနည္း။အေရွ႕တိုင္းသားခ်င္းတူတာေတာင္ သူက တ႐ုတ္၊ ကိုယ္က ဗမာ ဘာ့ေၾကာင့္ ဘယ္လို လူမ်ိဳးႏွင့္ ေနရပ္ေဒသျခားနားစြာ လူျဖစ္လာၾကသနည္း။

ကြၽႏ္ုပ္တို႔ ေ႐ြးခ်ယ္ခြင့္မရွိစြာျဖင့္ ကြၽႏ္ုပ္တို႔ကိုယ္စီ ပထဝီအေနအထားတစ္ခုခုဆီ ဘာ့ေၾကာင့္မွန္းမသိ ေရာက္ရွိလာခဲ့ၾကသည္။အ႐ြယ္ေရာက္လာ၊ ေရၾကည္ရာျမက္ႏုရာ ကိုယ့္အနာဂတ္ကိုယ္ရွာေဖြရင္း မိမိေမြးဖြားရာအရပ္ႏွင့္ လုံးဝျခားနားသည့္ အျခားတစ္ပါးေသာအရပ္ဆီသို႔ ေရာက္ရွိသြားမႈ အနည္းငယ္ရွိသည့္တိုင္ မ်ားေသာအားျဖင့္ မိမိေမြးဖြားရာအရပ္တြင္ ႏွစ္အတန္ၾကာေနထိုင္ခဲ့ၾကတာကမ်ားသည္။

ထိုသို႔ မ်ိဳး႐ိုးစဥ္ဆက္ေနထိုင္ခဲ့ျခင္းတြင္ မိမိေနထိုင္ရာ ပထဝီအေနအထား၏ ျပဌာန္းမႈကိုလည္း ျငင္းပယ္ခြင့္မရွိ လက္ခံလိုက္ရျပန္သည္။ဥပမာ - က်ေနာ္တို႔ ျမန္မာႏိုင္ငံ၏ မ်ားစြာေသာဧရိယာတို႔သည္ အီေကြတာအနီး အပူပိုင္းဇုန္တြင္ က်ေရာက္ေနေပသည္။အပူပိုင္းဇုန္ ပထဝီရပ္ဝန္း၏ ပူျပင္းေသာရာသီဥတုက ကြၽႏ္ုပ္တို႔ ျမန္မာႏိုင္ငံသားမ်ားစြာကို  ေသြးပူလြယ္ ေသြးဆူလြယ္သူမ်ားအျဖစ္ ျပဌာန္းေပးမႈတြင္ အဓိကက်ေသာဇာတ္ေကာင္ဟု ဆိုႏိုင္ပါသည္။ေျပာရလွ်င္ လူမ်ိဳးတိုင္း၏ စ႐ိုက္လကၡဏာကို သူေနထိုင္ႀကီးျပင္းရာ ပထဝီသြင္ျပင္က အနည္းႏွင့္အမ်ားဆိုသလို ျပဌာန္းေလ့ရွိျခင္းပင္ျဖစ္သည္။

တကယ္ေတာ့ မူလဗမာတို႔သည္ ဇာတိရင္းျမစ္မွာ လက္ရွိျမန္မာႏိုင္ငံ မဟုတ္ေပ။တိဗက္ ျမန္မာအႏြယ္ဝင္ျဖစ္ေသာ ဗမာတို႔၏ အစကို သမိုင္းပညာရွင္တို႔၏ မွန္းဆခ်က္မွာ တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္၊ ကန္စုနယ္၊ ယခု ၿမိဳ႕ေတာ္လန္ေက်ာင္၏ ေတာင္ဘက္ မိုင္ ၅၀ ခန႔္ ရွည္လ်ားေသာ ေတာင္ျမစ္ဝွမ္းဟု ဆိုသည္။ထိုစဥ္က ဗမာတို႔သည္ ယဥ္ေက်းမႈအရ အဆင့္အတန္းျမင့္ၿပီး ၎တို႔ထုတ္လုပ္သုံးစြဲေသာ အိုးတို႔မွာ အေျပာက္အမႊန္းမ်ားျဖင့္ ေခတ္ၿပိဳင္ခ်င္းယွဥ္လွ်င္ သာသူမရွိဟု ဆိုသည္။

သို႔ေသာ္၊ တ႐ုတ္တို႔၏ ေႏွာင့္ယွက္မႈေၾကာင့္ ေျပာင္းရေ႐ႊ႕ရ တိမ္းေရွာင္ရ။ထို႔ေနာက္ နန္ေက်ာင္တို႔၏ လက္ေအာက္တြင္ တိုက္ရည္ခိုက္ရည္ေကာင္းေသာ ဗမာတို႔မွာ အေသခံတပ္သားမ်ားအျဖစ္ အမႈေတာ္ထမ္းရ။အတည္တက်မရွိျခင္း၊ ၿငိမ္းခ်မ္းမႈမရွိျခင္းႏွင့္ လက္ေအာက္ခံျဖစ္ျခင္း ႏွစ္ေပါင္းေထာင္ခ်ီက ယဥ္ေက်းမႈကို ဆက္လက္မဖြံ႕ၿဖိဳးႏိုင္႐ုံတင္မက ရွိႏွင့္ၿပီး အရာမ်ားစြာပင္လွ်င္ ယုတ္ေလ်ာ့ခဲ့ရသည္။

မူလဗမာတို႔မွာ ကိုယ့္ဘာသာ လြတ္လပ္စြာေနထိုင္လိုသူမ်ားျဖစ္၍ နန္ေက်ာင္တို႔ လိုက္မလာႏိုင္ေသာ ပူအိုက္လြင္ျပင္သို႔ ေအဒီ ၉ ရာစုလယ္တြင္ ထြက္ေျပးလာခဲ့ၾကသည္။မ်ိဳးဆက္အလီလီ ေအးေသာအရပ္တြင္ အသားက်ခဲ့ၿပီးကာမွ လြတ္လပ္မႈအတြက္ ရွမ္းျပည္နယ္၊ ရပ္ေစာက္၊ ေရငန္မွ နတ္ထိပ္ေတာင္ၾကားလမ္းအတိုင္း အလ်င္အျမန္ဆင္းလာကာ ေက်ာက္ဆည္တခြင္ကို သိမ္းပိုက္။လြတ္လပ္မႈအတြက္ ေခြၽးဒီးဒီးက်ေနေသာ အပူပိုင္းေဒသကို ေ႐ြးခ်ယ္လိုက္ျခင္းျဖစ္သည္။

ဗမာသည္ စစ္ရည္ႂကြယ္ၿပီးသား၊ တိုက္ရည္ခိုက္ရည္ေကာင္းေသာ ျမင္းသည္ေတာ္မ်ားအျဖစ္ တိုက္ပြဲအလီလီႏႊဲခဲ့ၿပီးသား။ထို႔ျပင္ ေက်ာက္ဆည္တြင္ အထိုင္က်ၿပီးသား ေဒသခံမ်ားျဖစ္သည့္ မြန္၊ ပ်ဴ၊ သက္ စသည္တို႔မွာ ခ်ိနဲ႔အင္အားသာရွိသျဖင့္ အလြယ္တကူသိမ္းပိုက္ႏိုင္ခဲ့ျခင္းျဖစ္သည္။

တိုက္မယ္ခိုက္မယ္ဆိုသည့္ ဗမာတို႔မွာ အပူပိုင္းေဒသ၏ ေသြးဆူလြယ္မႈႏွင့္ ေပါင္းစပ္မိေသာအခါ စစ္ေသြးႂကြမ်ားျဖစ္လာခဲ့သည္။ပုဂံတြင္ တထီးတနန္းျဖစ္လာ၊ အင္အားေကာင္းေသာ အနိ႐ုဒၶမင္း (အေနာ္ရထာ) လက္ထက္ေရာက္ေတာ့ နယ္ေျမပိုင္စိုးမႈကို အျပင္းအထန္ တိုက္ခိုက္ခ်ဲ႕ထြင္ေတာ့သည္။ထင္ရွားေသာ အမွတ္အသားတစ္ခုမွာ ေအာက္ျပည္ေအာက္႐ြာတြင္ တထီးတနန္းျဖင့္ ယဥ္ေက်းမႈအဆင့္အတန္းျမင့္ေနၿပီျဖစ္ေသာ သုဝဏၰဘူမိကို အလြယ္တကူသိမ္းပိုက္ႏိုင္ခဲ့ျခင္းျဖစ္သည္။

တကယ္ေတာ့ ဗမာတို႔ ျမန္မာႏိုင္ငံအလယ္ပိုင္းတြင္ ႀကီးပြားခဲ့ၿပီျဖစ္ေသာ္လည္း သူ႔ပိုင္ဆိုင္မႈမွာ စစ္တိုက္ကြၽမ္းက်င္ျခင္းမွ်သာရွိၿပီး ယဥ္ေက်းမႈအဆင့္အတန္းမွာ ဗလာနီးနီးျဖစ္သည္။ထို႔ေၾကာင့္ ေဒသခံ ပ်ဴ၊ မြန္ႏွင့္ သက္တို႔ထံမွ သင္ယူရသည္။

ပ်ဴဆိုလွ်င္ ဗမာႏွင့္မ်ိဳးရင္းတူ တိဗက္ ျမန္မာအႏြယ္။ ၃ ရာစုခန႔္ကတည္းက ျမန္မာႏိုင္ငံထဲသို႔ေရာက္ရွိကာ သေရခတၱရာတြင္ ႀကီးက်ယ္ခမ္းနားခဲ့သူမ်ားျဖစ္သည္။တူးေဖာ္ေတြ႕ရွိေသာ အေထာက္အထားမ်ားအရ ပ်ဴတို႔သည္ ဗုဒၶဝါဒကို က်မ္းဂန္ႏွင့္တကြ က်က်နနတတ္ေျမာက္ခဲ့ၿပီးသား။ဗုဒၶ၏ အရိပ္အာဝါသေအာက္တြင္ ပ်ဴတို႔သည္ ၿငိမ္းခ်မ္းေရးကိုျမတ္ႏိုးေသာသူ၊ စကားနည္းသူ၊ ပိုးေကာင္ေလးမ်ား၏အသက္ကို မသတ္လိုသျဖင့္ ပိုးထည္ကိုပင္ မဝတ္ဆင္သူမ်ားျဖစ္သည္။

(ျမန္မာႏိုင္ငံအတြင္း ပထမျပည္ေထာင္စုအျဖစ္ တည္ေထာင္ႏိုင္ခဲ့ေသာ ပ်ဴတို႔မွာ ကရင္တို႔ထိပါးမႈေၾကာင့္ အင္အားခ်ိနဲ႔ခဲ့ၿပီး နန္ေက်ာင္တို႔၏ တိုက္ခိုက္မႈေၾကာင့္ လုံးဝၿပိဳပ်က္ခဲ့ရသည္။)

နတ္နဂါးကိုးကြယ္ၿပီး သားေကာင္ကို ယဇ္ပူေဇာ္ေလ့ရွိေသာ ဗမာတို႔မွာ ျမန္မာႏိုင္ငံသို႔ေရာက္ရွိၿပီးေနာက္ ေဒသခံတို႔ထံမွ ယဥ္ေက်းမႈအစုစုတို႔တင္မက ဗုဒၶဘာသာကိုလည္း ဆက္ခံရရွိခဲ့ျခင္းမွာ အေရးႀကီးေသာ အလွည့္အေျပာင္းတစ္ခုျဖစ္သည္။

ဗုဒၶဘာသာက သူ႔အသက္သတ္ျခင္းကို ျငင္းဆိုသည္။သည္းခံျခင္းတရားကို အဆုံးတိုင္လႊင့္ထူသည္။ကိုယ္ေရာစိတ္ပါ ၿငိမ္းခ်မ္းတတ္လာေအာင္ သြန္သင္သည္။ေလာဘရမၼက္ကို ခြၽန္းအုပ္ေစကာ ရမၼက္မီးတစ္စပင္ မက်န္ျခင္းဆီသို႔ ဦးတည္ေစသည္။မွ်ေဝသည္။ဒါနျပဳသည္။အမ်ားေကာင္းက်ိဳးကို ေရွ႕ရႈသည္။ဗုဒၶဘာသာ၏ သီလစင္ၾကယ္မႈသည္ ေကာင္းမြန္ေသာ လူ႔အဖြဲ႕အစည္းတစ္ရပ္ျဖစ္လာေအာင္ ပံ့ပိုးႏိုင္စြမ္းေသာ အဓိကေဒါက္တိုင္ႀကီးလည္း ျဖစ္သည္။

ထို႔ေၾကာင့္ပင္ ပုဂံေခတ္သာသနာေရးတြင္ ဗုဒၶဝါဒသည္ အထိတ္အထိပ္သို႔ေရာက္ရွိခဲ့သည့္တိုင္ တျခားဘာသာဝါဒအေပၚ ခ်ိဳးႏွိမ္ျခင္းမရွိဘဲ အၿပိဳင္တည္ရွိမႈအေပၚ သည္းခံသည္ဟု ဆို၏။အထိတ္အထိပ္သို႔ေရာက္ရွိလာေသာ ဗုဒၶဝါဒ၏ အဓိကပဲ့ျပင္ႏိုင္စြမ္းမွာ ေႏွာင္ႀကိဳးမဲ့ျမင္း႐ိုင္းတစ္ေကာင္လို စစ္ေသြးႂကြေနေသာ ဗမာတို႔၏ေသြးသားကို (ျမင္းကို ဇက္ခြံ႕ေပးလိုက္သလို) အထိန္းအကြပ္ျဖစ္ေစျခင္း ျဖစ္၏။

ေျပာရလွ်င္ ပ်ဴတို႔စတင္ရာ ၃ ရာစုခန႔္ကတည္းက အျမစ္တြယ္ခဲ့ၿပီးျဖစ္ေသာ ဗုဒၶဝါဒသည္ ျမန္မာႏိုင္ငံအတြင္း မြန္၊ ဗမာ မင္းအဆက္ဆက္ ဘုရင္ေရာ ျပည္သူပါ ကိုးကြယ္သည့္ အဓိကဘာသာႀကီးတစ္ရပ္အျဖစ္ ဆင့္ပြားဆက္ခံခဲ့ျခင္းအရ ဗုဒၶဝါဒ၏ ပဲ့ျပင္မႈသည္လည္း ျမန္မာ့လူ႔အဖြဲ႕အစည္းအေပၚ ၾသဇာေညာင္းခဲ့ေပသည္။

သို႔ေသာ္၊ ကြၽႏ္ုပ္တို႔ဘိုးဘြားမ်ား ျဖတ္သန္းခဲ့ရသည့္ေခတ္မွာမူ အာဏာပိုင္ဘုရင္ စိတ္တစ္ခ်က္အကြက္တြင္ တိခနဲေခါင္းျပတ္သြားႏိုင္ေသာ ပေဒသရာဇ္စနစ္ျဖစ္သည္။ပေဒသရာဇ္စနစ္ဆိုသည္မွာ ဒီမိုကေရစီယဥ္ေက်းမႈအေၾကာင္း ေလသံပင္မဟရဲေအာင္ ဓားထက္ထက္ျဖင့္ ရန္-ငါ စည္းျပတ္ၿပီးသားျဖစ္သည္။ဘုရင္ဟု ဆိုသူတို႔၏ လက္ညႇိဳးၫႊန္ရာတြင္ ေရျဖစ္ခ်င္လွ်င္ ေရျဖစ္ႏိုင္သလို ငရဲမီးျဖစ္ခ်င္လည္း ငရဲမီးျဖစ္ႏိုင္သည္။ဘုရင္ႏႈတ္ဖ်ားမွ ထြက္က်လာသမွ်သည္ ဥပေဒကဲ့သို႔ အာဏာတည္ေသာ အမိန႔္ပင္ျဖစ္သည္။

ထို႔ေၾကာင့္ ဘုရင္တို႔၏ စိတ္ေနစိတ္ထားသည္ တိုင္းျပည္၏ ကံၾကမၼာႏွင့္ တိုက္႐ိုက္အခ်ိဳးက်ေနေပသည္။ဘုရား၏ သားေတာ္ ရဟန္းေတာ္မ်ားကို အေလးအျမတ္ျပဳ ပူေဇာ္ခ်ီးေျမႇာက္ေသာ္လည္း စစ္ေသြးစစ္မာန္ႂကြေနေသာ ဘုရင္မ်ား၊ မယားမ်ားစြာယူၿပီး နိဗၺာန္သို႔ေရာက္ရွိလိုပါေၾကာင္း မျပတ္ဆုေတာင္းေလ့ရွိေသာ ဘုရင္မ်ိဳးသည္လည္း ကြၽႏ္ုပ္တို႔၏သမိုင္းတြင္ ျမင္ေတြ႕ခဲ့ရသည္။ဆိုလိုသည္မွာ ကြၽႏ္ုပ္တို႔ဘိုးဘြားမ်ား မ်ိဳးဆက္အလီလီ ျဖတ္သန္းခဲ့ရေသာေခတ္မွာ ထားရာေန၊ ေစရာသြားျဖင့္ ေမးခြန္းထုတ္ခြင့္ကို ပယ္ခ်၊ လြတ္လပ္မႈကို ဓားျဖင့္အေထာက္ခံထားရေသာ အပိတ္ေခတ္ျဖစ္သည္။ထိုသို႔ေသာ ေမွာင္ႏွင့္မည္းမည္း လႈိဏ္ေခါင္းရွည္ႀကီးကဲ့သို႔ေသာ ပေဒသရာဇ္ေခတ္၏ ရွည္ၾကာလြန္းမႈမွာ  ျမန္မာႏိုင္ငံသားတို႔၏ စ႐ိုက္လကၡဏာအေပၚ ထိုက္သင့္သည့္ ၾသဇာေညာင္းမႈရွိခဲ့သည္။

ယခုေဆာင္းပါးကိုခ်ဳပ္ရေသာ္၊ ပူျပင္းလွသည့္ ပထဝီအေနအထားက ဆူလြယ္ပြက္လြယ္ လူသားအျဖစ္၊ ဗမာတို႔၏ အေျခခံဗီဇရင္းကလည္း ရဲစိတ္ရဲမာန္ခပ္ျပင္းျပင္း၊ ဓားထက္လွေသာ ပေဒသရာဇ္ေခတ္ႀကီးကလည္း တစ္ခ်က္လႊတ္အမိန႔္၊ တစ္ခ်က္လႊတ္အာဏာ။မတူကြဲျပားမႈမ်ားကို အသိအမွတ္ျပဳယွဥ္တြဲေနထိုင္ၾကျခင္းဆိုသည့္ ဒီမိုကေရစီယဥ္ေက်းမႈကို အားေပးအားေျမႇာက္ျပဳသည္မွာ ဗုဒၶဝါဒ၏ ၿငိမ္းခ်မ္းေသာအရိပ္အာဝါသသာလွ်င္ ရွိခဲ့သည္။

ပို၍ရွင္းေအာင္ဆိုရေသာ္ ကြၽႏ္ုပ္တို႔၏ ေရခံေျမခံႏွင့္ ေခတ္အခံက ဒီမိုကေရစီယဥ္ေက်းမႈကို ခြင့္မျပဳခဲ့ေသာ္လည္း ကြၽႏ္ုပ္တို႔၏ စိတ္အခံမွာမူ ဒီမိုကေရစီပ်ိဳးပင္ကို ရွင္သန္ႏိုင္စြမ္းရွိခဲ့သည္။ကြၽႏ္ုပ္တို႔ ဘိုးဘြားတို႔၏ ေသြးသားထဲတြင္ ထိုသို႔ေျဖာင့္ေျဖာင့္ႀကီးဆန႔္က်င္ေနေသာ အေရာင္ႏွစ္မ်ိဳးက လွည့္လည္စီးဆင္းခဲ့သည္။

ကိုးကား - ေခတ္ေဟာင္း ျမန္မာရာဇဝင္ (ေဒါက္တာသန္းထြန္း)

လင္းဆက္ၿငိမ္းခ်မ္း
ေအာက္တိုဘာ - ၂၉