【 ဆောင်းပါး 】 လက်နက်ကိုင်ပဋိပက္ခနဲ့ ကလေးသူငယ်

【 ဆောင်းပါး 】 လက်နက်ကိုင်ပဋိပက္ခနဲ့ ကလေးသူငယ်

မြင်၊ တွေ့၊ ကြား၊ သိရသူတိုင်း အင်မတန်မှ စိတ်မကောင်းဖြစ်စရာ၊ ဝမ်းနည်းစရာအဖြစ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ကြုံခဲ့၊ ဆုံခဲ့ကြပါတယ်။
တခြားတော့မဟုတ်။စစ်ပွဲတွေကနေ အပြစ်မဲ့ပြည်သူတွေအပေါ် သက်ရောက်လာစေတဲ့ ဆိုးကျိုးရလဒ်တစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လဖြစ်တဲ့ သြဂုတ် ၁၅ ရက်က စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနောက် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့တဲ့ နှစ်ဖက်အဖွဲ့အစည်းကြား လက်နက်ကိုင် ပဋိပက္ခဟာ ဒေသခံတွေအပေါ်ကို သက်ရောက်လာစေခဲ့ပြီး အထက်မှာဆိုခဲ့တဲ့ ဖြစ်စဉ်ကို ဖြစ်ပေါ်လာစေခဲ့တာ ဖြစ်ပါတယ်။

အဲဒါကတော့ သြဂုတ် ၃၁ ရက် နှစ်ဖက်လက်နက်ကိုင်တို့ကြား ပစ်ခတ်တိုက်ခိုက်ကြရင်း လက်နက်ကြီးကျည် ကျရောက်ခဲ့ရာကနေ အသက်တစ်နှစ်သာရှိသေးတဲ့ ကလေးငယ်တစ်ဦး အပါအဝင် လူငါးဦး အသက်ဆုံးရှုံးစေခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။သေဆုံးသူငါးဦးထဲမှာ အခုပြောခဲ့တဲ့ အသက်တစ်နှစ်အရွယ် အမျိုးသမီး ကလေးငယ်တစ်ဦး အပါအဝင် အသက်ရှစ်နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ပါဝင်ပါတယ်။

အဲဒီထဲက အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသာ လူကြီးပိုင်းဖြစ်ပြီး ကျန်လေးဦးက အသက် ၁၈ နှစ်နဲ့ ၁၈ နှစ်အောက် ကလေးသူငယ်များသာ ဖြစ်ပါတယ်။အဲဒီငါးဦးသေဆုံးမှုဖြစ်စဉ်ထဲက အသက်တစ်နှစ်အရွယ် ကလေးငယ်လေး သေဆုံးနေတဲ့ဓာတ်ပုံဟာ လူမှုကွန်ရက်ပေါ်ကို ရောက်ရှိပျံ့နှံ့ခဲ့ပါတယ်။ချီပိုးတဲ့အခါ အသုံးပြုတဲ့ အိတ်အတွင်း ဒဏ်ရာတွေ၊ သွေးတွေနဲ့ သေဆုံးနေရတဲ့ အဲဒီကလေးငယ်ရဲ့ အဖြစ်ဟာ မြင်ရသူအပေါင်းကို များစွာစိတ်မကောင်းဖြစ်စေခဲ့ပါတယ်။စစ်ပွဲတွေရဲ့ အနိဋ္ဌာရုံကိုလည်း ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြနေသလို ဖြစ်စေပါတယ်။

ထိုကလေးငယ်နည်းတူ စစ်ကြောင့် အသေဆိုးနဲ့ သေဆုံးခဲ့ကြရတဲ့ ကလေးသူငယ်များစွာလည်း ရှိနေပါတယ်။နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိတဲ့ ပြည်တွင်းစစ်မီးတစ်လျှောက်မှာကို ရှိနေခဲ့တာပါ။အဲဒီထဲက လက်လှမ်းမီသလောက် အနီးအနားကဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုးမြို့နယ် ပူဝန်ကျေးရွာမှာ လက်နက်ကြီးကျည်ဆန် ကျရောက်ခဲ့လို့ အသက်တစ်နှစ်ကိုးလအရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ၂၀၁၆ ခုနှစ် အောက်တိုဘာလထဲမှာ ဖြစ်ခဲ့ပါတယ်။မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက မိုင်းယုကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ဆော့ကစားနေတဲ့ အသက်သုံးနှစ်အရွယ် ကလေးငယ် ခြေတစ်ဖက်ဖြတ်ခဲ့ရမှု ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ဖြစ်ခဲ့ပါတယ်။သူနဲ့အတူ ဆော့နေခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ကလေးငယ်ကတော့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် မိသားစုနဲ့အတူ လားရှိုးမြို့ပေါ် တိမ်းရှောင်လာတဲ့ ရက် ၂၀ သာ ရှိသေးတဲ့ မွေးကင်းစ အမြွှာညီအစ်မနှစ်ဦးအနက် အငယ်ကလေး သေဆုံးခဲ့ရမှု ၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ ရှိခဲ့ပါတယ်။တပ်မတော်နဲ့  ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ဖြစ်ပွားတဲ့ သမီးလှကျေးရွာဝန်းကျင် တိုက်ပွဲကြားမှာ အသက်ခုနစ်နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး ကျည်ဆန်ထိမှန် အသက်သေဆုံးခဲ့ရမှု ဒီနှစ် ဇန်နဝါရီလထဲမှာ ဖြစ်ခဲ့ပါတယ်။

ဒါတွေဟာ တိုက်ပွဲတွေကနေ ကလေးသူငယ်များအပေါ် သက်ရောက်စေခဲ့၊ ကလေးသူငယ်တွေ အသက်ဆုံးရှုံးစေခဲ့တဲ့ ဖြစ်ရပ်တွေထဲက လက်လှမ်းမီသလောက်သာ ဖော်ပြရခြင်းဖြစ်ပါတယ်။ဒီထက်ပိုမိုဆိုးရွားတဲ့ ဖြစ်ရပ်များစွာလည်း ကျန်ရှိနေပါသေးတယ်။

လက်နက်ကိုင် ပဋိပက္ခအတွင်း ကျရောက်စေတဲ့ ကလေးသူငယ်များအရေးနဲ့ ပတ်သက်ပြီး မကြာမီက အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ အကျယ်တဝင့် ထည့်သွင်းပြဋ္ဌာန်းခဲ့တာကို တွေ့ရပါတယ်။ဒီနှစ် ဇူလိုင် ၂၃ ရက်က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ‘ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ’ မှာ ဖြစ်ပြီး အဲဒီဥပဒေ အခန်း (၁၇) မှာ ‘ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ’ ဆိုတဲ့ ခေါင်းစဉ်ကို သီးခြားထည့်သွင်း ပြဋ္ဌာန်းခဲ့တာပါ။

အဲဒီ အခန်း (၁၇) ကို ပုဒ်မခြောက်ခု၊ ပုဒ်မခွဲ ၂၄ ခုနဲ့ ပြဋ္ဌာန်းထားပြီး ကလေးသူငယ်တွေအပေါ် လက်နက်ကိုင်ပဋိပက္ခကနေ သက်ရောက်လာမယ့် ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး အကာအကွယ်ပေးနိုင်မယ့် ပြဋ္ဌာန်းချက်တွေ ထည့်သွင်းရေးဆွဲခဲ့တာကို တွေ့ရပါတယ်။

အဲဒီပုဒ်မ၊ ပုဒ်မခွဲတွေထဲမှာ ‘လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်သော၊ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်နစ်နာသော သို့မဟုတ် နေရပ်စွန့်ခွာရသော ကလေးသူငယ်များ အားလုံးကို ဒုက္ခခံစားရသူများအဖြစ် သတ်မှတ်၍ ယင်းကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို အရေးကြီးကိစ္စအဖြစ် စီမံဆောင်ရွက်ရမည်၊ လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်စပ်၍ ကလေးသူငယ်များအပေါ် ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအား အရေးယူ တရားစွဲဆိုတင်ပို့ရေးအတွက် ဆောင်ရွက်ရမည်၊ အကယ်၍ ချိုးဖောက်သူများသည် တပ်မတော်သား စစ်မှုထမ်းများဖြစ်ပါက စစ်ဘက်တရားစီရင်ရေးအရ အရေးယူဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးရမည်၊ ထိုသို့လွှဲပြောင်းပေးပြီးနောက် စစ်ဘက်တရားရုံး၏ ဆုံးဖြတ်ချက်မိတ္တူကို တောင်းယူ၍ ချိုးဖောက်ခံရသော ကလေးသူငယ်၏ မိသားစုထံ ပေးပို့ရမည်’ ဆိုတဲ့ အချက်တွေ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး ဥပဒေမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ကိုယ်အင်္ဂါ ထိခိုက်ပျက်စီးစေတာ၊ သတ်ဖြတ်တာဟာ ပြစ်မှုကျူးလွန်ရာ ရောက်တယ်လို့လည်း ဆိုပါတယ်။ကလေးစစ်သားတွေအရေး၊ ကလေးသူငယ်အပေါ် လူသစ်စုဆောင်းမှုတွေနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်းပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။
အဆိုပါအချက်တွေ ပါဝင်တဲ့ ဥပဒေကတော့ အတည်ပြုခဲ့ပါပြီ။နောက်ဆက်တွဲ နည်းဥပဒေ ထွက်ဖို့ရှိပါမယ်။ကလေးသူငယ်များအရေး ဥပဒေက ပြည့်ဝစွာ အကာအကွယ်ပေးနိုင်ဖို့ကို မျှော်လင့်ပါတယ်။

အခုကျင်းပနေဆဲဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာလည်း ကလေးသူငယ်များအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးချက်တစ်ခုကို ပြုခဲ့ကြပါသေးတယ်။အဲဒါက နိုင်ငံတော်သမ္မတထံက ပေးပို့လာတဲ့ ‘ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ စာချုပ်၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်သို့ မြန်မာနိုင်ငံက အတည်ပြုပါဝင်နိုင်ရေး’ ကိစ္စအပေါ် ဆွေးနွေးခဲ့ကြ၊ အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ဒါသည်လည်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အခါမလပ်ဆိုသလို ကြုံတွေ့ရင်ဆိုင်နေရတဲ့ ကလေးသူငယ်များအတွက် အကာအကွယ်တစ်ခု၊ အဟန့်အတားတစ်ခု ရရှိနိုင်ကောင်းပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေထဲ ကြည့်လိုက်မယ်ဆိုရင် အပြစ်မဲ့အရပ်သားတွေဟာ အနည်းနဲ့အများဆိုသလို ဒုက္ခရောက်ကြရတာချည်း ဖြစ်ပါတယ်။ထွက်ပြေးကြရ၊ ထိခိုက်ဒဏ်ရာရကြ၊ သေဆုံးကြရဆိုတဲ့ ဖြစ်စဉ်မှာ ဝဲလည်နေသူများဖြစ်ပါတယ်။အဲဒီထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် စတဲ့ အားနည်းသူများ ပါဝင်နေတာဟာ ပိုလို့ထိခိုက်ခံစားရစေပါတယ်။စစ်ပွဲတွေထဲ ကလေးသူငယ်တွေရဲ့ အသက်တွေ ပေးအပ်နေရတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို သတ်ပစ်နေ၊ သုတ်သင်ပစ်နေတာနဲ့ အတူတူပဲဖြစ်ပါတယ်။ဒီလိုကလေးသူငယ်တွေ စစ်ပွဲရဲ့သားကောင်၊ တိုက်ပွဲရဲ့သားကောင်၊ လက်နက်ကိုင်ပဋိပက္ခရဲ့သားကောင် ဖြစ်နေစေမှုကနေ ကင်းဝေးဖို့အတွက် ဝိုင်းကူပေးဖို့ လိုမှာဖြစ်ပါတယ်။

ဒီအရွေ့တစ်ခုဆီကို ရောက်ဖို့ဆိုရင် မကြာသေးမီကာလအတွင်းက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို ကျားကန်လို့ လူမှုရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ ကလေးသူငယ်အရေး အထူးပြုလှုပ်ရှားနေသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ အစိုးရ၊ လွှတ်တော်တို့ဘက်က မမှိတ်မသုန် ပူးပေါင်းပါဝင် အားထုတ်ကြိုးပမ်းသွားကြရမှာ ဖြစ်ကြောင်းပါ။

ဂျေငြိမ်း
စက်တင်ဘာ - ၅

( Zawgyi )

ျမင္၊ ေတြ႕၊ ၾကား၊ သိရသူတိုင္း အင္မတန္မွ စိတ္မေကာင္းျဖစ္စရာ၊ ဝမ္းနည္းစရာအျဖစ္နဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ႀကဳံခဲ့၊ ဆုံခဲ့ၾကပါတယ္။
တျခားေတာ့မဟုတ္။စစ္ပြဲေတြကေန အျပစ္မဲ့ျပည္သူေတြအေပၚ သက္ေရာက္လာေစတဲ့ ဆိုးက်ိဳးရလဒ္တစ္ခု ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လျဖစ္တဲ့ ၾသဂုတ္ ၁၅ ရက္က စတင္ခဲ့တဲ့ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြေနာက္ ဆက္တိုက္ဆိုသလို ျဖစ္ေပၚလာခဲ့တဲ့ ႏွစ္ဖက္အဖြဲ႕အစည္းၾကား လက္နက္ကိုင္ ပဋိပကၡဟာ ေဒသခံေတြအေပၚကို သက္ေရာက္လာေစခဲ့ၿပီး အထက္မွာဆိုခဲ့တဲ့ ျဖစ္စဥ္ကို ျဖစ္ေပၚလာေစခဲ့တာ ျဖစ္ပါတယ္။

အဲဒါကေတာ့ ၾသဂုတ္ ၃၁ ရက္ ႏွစ္ဖက္လက္နက္ကိုင္တို႔ၾကား ပစ္ခတ္တိုက္ခိုက္ၾကရင္း လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့ရာကေန အသက္တစ္ႏွစ္သာရွိေသးတဲ့ ကေလးငယ္တစ္ဦး အပါအဝင္ လူငါးဦး အသက္ဆုံးရႈံးေစခဲ့တဲ့ ျဖစ္စဥ္ျဖစ္ပါတယ္။ေသဆုံးသူငါးဦးထဲမွာ အခုေျပာခဲ့တဲ့ အသက္တစ္ႏွစ္အ႐ြယ္ အမ်ိဳးသမီး ကေလးငယ္တစ္ဦး အပါအဝင္ အသက္ရွစ္ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊ အသက္ ၁၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊ အသက္ ၁၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္ ၃၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးတို႔ ပါဝင္ပါတယ္။

အဲဒီထဲက အသက္ ၃၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသာ လူႀကီးပိုင္းျဖစ္ၿပီး က်န္ေလးဦးက အသက္ ၁၈ ႏွစ္နဲ႔ ၁၈ ႏွစ္ေအာက္ ကေလးသူငယ္မ်ားသာ ျဖစ္ပါတယ္။အဲဒီငါးဦးေသဆုံးမႈျဖစ္စဥ္ထဲက အသက္တစ္ႏွစ္အ႐ြယ္ ကေလးငယ္ေလး ေသဆုံးေနတဲ့ဓာတ္ပုံဟာ လူမႈကြန္ရက္ေပၚကို ေရာက္ရွိပ်ံ႕ႏွံ႔ခဲ့ပါတယ္။ခ်ီပိုးတဲ့အခါ အသုံးျပဳတဲ့ အိတ္အတြင္း ဒဏ္ရာေတြ၊ ေသြးေတြနဲ႔ ေသဆုံးေနရတဲ့ အဲဒီကေလးငယ္ရဲ႕ အျဖစ္ဟာ ျမင္ရသူအေပါင္းကို မ်ားစြာစိတ္မေကာင္းျဖစ္ေစခဲ့ပါတယ္။စစ္ပြဲေတြရဲ႕ အနိ႒ာ႐ုံကိုလည္း ကြက္ကြက္ကြင္းကြင္း မီးေမာင္းထိုးျပေနသလို ျဖစ္ေစပါတယ္။

ထိုကေလးငယ္နည္းတူ စစ္ေၾကာင့္ အေသဆိုးနဲ႔ ေသဆုံးခဲ့ၾကရတဲ့ ကေလးသူငယ္မ်ားစြာလည္း ရွိေနပါတယ္။ႏွစ္ေပါင္း ၇၀ ေက်ာ္ သက္တမ္းရွိတဲ့ ျပည္တြင္းစစ္မီးတစ္ေလွ်ာက္မွာကို ရွိေနခဲ့တာပါ။အဲဒီထဲက လက္လွမ္းမီသေလာက္ အနီးအနားကျဖစ္စဥ္ေတြကို ၾကည့္မယ္ဆိုရင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) မုံးကိုးၿမိဳ႕နယ္ ပူဝန္ေက်း႐ြာမွာ လက္နက္ႀကီးက်ည္ဆန္ က်ေရာက္ခဲ့လို႔ အသက္တစ္ႏွစ္ကိုးလအ႐ြယ္ ကေလးငယ္တစ္ဦး ေသဆုံးမႈ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလထဲမွာ ျဖစ္ခဲ့ပါတယ္။မူဆယ္ၿမိဳ႕ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္အနီးက မိုင္းယုေက်း႐ြာထဲ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့လို႔ ေဆာ့ကစားေနတဲ့ အသက္သုံးႏွစ္အ႐ြယ္ ကေလးငယ္ ေျခတစ္ဖက္ျဖတ္ခဲ့ရမႈ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလထဲမွာ ျဖစ္ခဲ့ပါတယ္။သူနဲ႔အတူ ေဆာ့ေနခဲ့တဲ့ အသက္ ၁၂ ႏွစ္အ႐ြယ္ ကေလးငယ္ကေတာ့ ေနရာမွာပဲ ပြဲခ်င္းၿပီးေသဆုံးခဲ့ရပါတယ္။ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ အခ်င္းခ်င္းၾကား ျဖစ္ပြားတဲ့ တိုက္ပြဲေၾကာင့္ မိသားစုနဲ႔အတူ လားရႈိးၿမိဳ႕ေပၚ တိမ္းေရွာင္လာတဲ့ ရက္ ၂၀ သာ ရွိေသးတဲ့ ေမြးကင္းစ အႁမႊာညီအစ္မႏွစ္ဦးအနက္ အငယ္ကေလး ေသဆုံးခဲ့ရမႈ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလထဲမွာ ရွိခဲ့ပါတယ္။တပ္မေတာ္နဲ႔  ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) တို႔ ျဖစ္ပြားတဲ့ သမီးလွေက်း႐ြာဝန္းက်င္ တိုက္ပြဲၾကားမွာ အသက္ခုနစ္ႏွစ္အ႐ြယ္ ေယာက်ၤားေလးတစ္ဦး က်ည္ဆန္ထိမွန္ အသက္ေသဆုံးခဲ့ရမႈ ဒီႏွစ္ ဇန္နဝါရီလထဲမွာ ျဖစ္ခဲ့ပါတယ္။

ဒါေတြဟာ တိုက္ပြဲေတြကေန ကေလးသူငယ္မ်ားအေပၚ သက္ေရာက္ေစခဲ့၊ ကေလးသူငယ္ေတြ အသက္ဆုံးရႈံးေစခဲ့တဲ့ ျဖစ္ရပ္ေတြထဲက လက္လွမ္းမီသေလာက္သာ ေဖာ္ျပရျခင္းျဖစ္ပါတယ္။ဒီထက္ပိုမိုဆိုး႐ြားတဲ့ ျဖစ္ရပ္မ်ားစြာလည္း က်န္ရွိေနပါေသးတယ္။

လက္နက္ကိုင္ ပဋိပကၡအတြင္း က်ေရာက္ေစတဲ့ ကေလးသူငယ္မ်ားအေရးနဲ႔ ပတ္သက္ၿပီး မၾကာမီက အတည္ျပဳျပ႒ာန္းလိုက္တဲ့ ဥပေဒမွာ အက်ယ္တဝင့္ ထည့္သြင္းျပ႒ာန္းခဲ့တာကို ေတြ႕ရပါတယ္။ဒီႏွစ္ ဇူလိုင္ ၂၃ ရက္က အတည္ျပဳျပ႒ာန္းလိုက္တဲ့ ‘ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒ’ မွာ ျဖစ္ၿပီး အဲဒီဥပေဒ အခန္း (၁၇) မွာ ‘ကေလးသူငယ္ႏွင့္ လက္နက္ကိုင္ပဋိပကၡ’ ဆိုတဲ့ ေခါင္းစဥ္ကို သီးျခားထည့္သြင္း ျပ႒ာန္းခဲ့တာပါ။

အဲဒီ အခန္း (၁၇) ကို ပုဒ္မေျခာက္ခု၊ ပုဒ္မခြဲ ၂၄ ခုနဲ႔ ျပ႒ာန္းထားၿပီး ကေလးသူငယ္ေတြအေပၚ လက္နက္ကိုင္ပဋိပကၡကေန သက္ေရာက္လာမယ့္ ဆိုးက်ိဳးေတြနဲ႔ ပတ္သက္ၿပီး အကာအကြယ္ေပးႏိုင္မယ့္ ျပ႒ာန္းခ်က္ေတြ ထည့္သြင္းေရးဆြဲခဲ့တာကို ေတြ႕ရပါတယ္။

အဲဒီပုဒ္မ၊ ပုဒ္မခြဲေတြထဲမွာ ‘လက္နက္ကိုင္ပဋိပကၡတြင္ ပါဝင္ပတ္သက္ေသာ၊ လက္နက္ကိုင္ပဋိပကၡေၾကာင့္ ထိခိုက္နစ္နာေသာ သို႔မဟုတ္ ေနရပ္စြန႔္ခြာရေသာ ကေလးသူငယ္မ်ား အားလုံးကို ဒုကၡခံစားရသူမ်ားအျဖစ္ သတ္မွတ္၍ ယင္းကေလးသူငယ္မ်ား၏ အေကာင္းဆုံး အက်ိဳးစီးပြားကို အေရးႀကီးကိစၥအျဖစ္ စီမံေဆာင္႐ြက္ရမည္၊ လက္နက္ကိုင္ပဋိပကၡႏွင့္ ဆက္စပ္၍ ကေလးသူငယ္မ်ားအေပၚ ခ်ိဳးေဖာက္မႈမ်ားအတြက္ တာဝန္ရွိသူမ်ားအား အေရးယူ တရားစြဲဆိုတင္ပို႔ေရးအတြက္ ေဆာင္႐ြက္ရမည္၊ အကယ္၍ ခ်ိဳးေဖာက္သူမ်ားသည္ တပ္မေတာ္သား စစ္မႈထမ္းမ်ားျဖစ္ပါက စစ္ဘက္တရားစီရင္ေရးအရ အေရးယူေဆာင္႐ြက္ႏိုင္ရန္ လႊဲေျပာင္းေပးရမည္၊ ထိုသို႔လႊဲေျပာင္းေပးၿပီးေနာက္ စစ္ဘက္တရား႐ုံး၏ ဆုံးျဖတ္ခ်က္မိတၱဴကို ေတာင္းယူ၍ ခ်ိဳးေဖာက္ခံရေသာ ကေလးသူငယ္၏ မိသားစုထံ ေပးပို႔ရမည္’ ဆိုတဲ့ အခ်က္ေတြ ထည့္သြင္းျပ႒ာန္းထားပါတယ္။

ဒါ့အျပင္ ကေလးသူငယ္ေတြနဲ႔ပတ္သက္ၿပီး ဥပေဒမွာ လက္နက္ကိုင္ပဋိပကၡေၾကာင့္ ကိုယ္အဂၤါ ထိခိုက္ပ်က္စီးေစတာ၊ သတ္ျဖတ္တာဟာ ျပစ္မႈက်ဴးလြန္ရာ ေရာက္တယ္လို႔လည္း ဆိုပါတယ္။ကေလးစစ္သားေတြအေရး၊ ကေလးသူငယ္အေပၚ လူသစ္စုေဆာင္းမႈေတြနဲ႔ ပတ္သက္ၿပီးလည္း ထည့္သြင္းျပ႒ာန္းထားတာ ေတြ႕ရပါတယ္။
အဆိုပါအခ်က္ေတြ ပါဝင္တဲ့ ဥပေဒကေတာ့ အတည္ျပဳခဲ့ပါၿပီ။ေနာက္ဆက္တြဲ နည္းဥပေဒ ထြက္ဖို႔ရွိပါမယ္။ကေလးသူငယ္မ်ားအေရး ဥပေဒက ျပည့္ဝစြာ အကာအကြယ္ေပးႏိုင္ဖို႔ကို ေမွ်ာ္လင့္ပါတယ္။

အခုက်င္းပေနဆဲျဖစ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာလည္း ကေလးသူငယ္မ်ားအေရးနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခ်က္တစ္ခုကို ျပဳခဲ့ၾကပါေသးတယ္။အဲဒါက ႏိုင္ငံေတာ္သမၼတထံက ေပးပို႔လာတဲ့ ‘ကေလးသူငယ္မ်ား၏ အခြင့္အေရးမ်ားဆိုင္ရာ စာခ်ဳပ္၏ လက္နက္ကိုင္ပဋိပကၡအတြင္း ကေလးသူငယ္မ်ား ပါဝင္ပတ္သက္မႈဆိုင္ရာ ေနာက္ဆက္တြဲ အေျချပစာခ်ဳပ္သို႔ ျမန္မာႏိုင္ငံက အတည္ျပဳပါဝင္ႏိုင္ေရး’ ကိစၥအေပၚ ေဆြးေႏြးခဲ့ၾက၊ အတည္ျပဳခဲ့ၾကတာ ျဖစ္ပါတယ္။ဒါသည္လည္း လက္နက္ကိုင္ပဋိပကၡေတြနဲ႔ အခါမလပ္ဆိုသလို ႀကဳံေတြ႕ရင္ဆိုင္ေနရတဲ့ ကေလးသူငယ္မ်ားအတြက္ အကာအကြယ္တစ္ခု၊ အဟန႔္အတားတစ္ခု ရရွိႏိုင္ေကာင္းပါတယ္။

လက္နက္ကိုင္ပဋိပကၡေတြထဲ ၾကည့္လိုက္မယ္ဆိုရင္ အျပစ္မဲ့အရပ္သားေတြဟာ အနည္းနဲ႔အမ်ားဆိုသလို ဒုကၡေရာက္ၾကရတာခ်ည္း ျဖစ္ပါတယ္။ထြက္ေျပးၾကရ၊ ထိခိုက္ဒဏ္ရာရၾက၊ ေသဆုံးၾကရဆိုတဲ့ ျဖစ္စဥ္မွာ ဝဲလည္ေနသူမ်ားျဖစ္ပါတယ္။အဲဒီထဲမွာ သက္ႀကီး႐ြယ္အိုနဲ႔ ကေလးသူငယ္ စတဲ့ အားနည္းသူမ်ား ပါဝင္ေနတာဟာ ပိုလို႔ထိခိုက္ခံစားရေစပါတယ္။စစ္ပြဲေတြထဲ ကေလးသူငယ္ေတြရဲ႕ အသက္ေတြ ေပးအပ္ေနရတာဟာ တိုင္းျပည္ရဲ႕ အနာဂတ္ကို သတ္ပစ္ေန၊ သုတ္သင္ပစ္ေနတာနဲ႔ အတူတူပဲျဖစ္ပါတယ္။ဒီလိုကေလးသူငယ္ေတြ စစ္ပြဲရဲ႕သားေကာင္၊ တိုက္ပြဲရဲ႕သားေကာင္၊ လက္နက္ကိုင္ပဋိပကၡရဲ႕သားေကာင္ ျဖစ္ေနေစမႈကေန ကင္းေဝးဖို႔အတြက္ ဝိုင္းကူေပးဖို႔ လိုမွာျဖစ္ပါတယ္။

ဒီအေ႐ြ႕တစ္ခုဆီကို ေရာက္ဖို႔ဆိုရင္ မၾကာေသးမီကာလအတြင္းက အတည္ျပဳျပ႒ာန္းခဲ့တဲ့ ဥပေဒကို က်ားကန္လို႔ လူမႈေရးဆိုင္ရာ အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ အသင္းအဖြဲ႕မ်ား၊ ကေလးသူငယ္အေရး အထူးျပဳလႈပ္ရွားေနသူမ်ား၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားနဲ႔ အစိုးရ၊ လႊတ္ေတာ္တို႔ဘက္က မမွိတ္မသုန္ ပူးေပါင္းပါဝင္ အားထုတ္ႀကိဳးပမ္းသြားၾကရမွာ ျဖစ္ေၾကာင္းပါ။

ေဂ်ၿငိမ္း
စက္တင္ဘာ - ၅