【 ဆောင်းပါး 】 လူငယ်တို့အတွက်ရေးတဲ့စာ၊ ၂၀၂၀ ရွေးကောက်ပွဲနှင့် နိုင်ငံသားတာဝန်

【 ဆောင်းပါး 】 လူငယ်တို့အတွက်ရေးတဲ့စာ၊ ၂၀၂၀ ရွေးကောက်ပွဲနှင့် နိုင်ငံသားတာဝန်

၄.၈.၂၀၂၀ ရက်နေ့တွင် အဆိုတော်ယုန်လေး စီစဉ်ရိုက်ကူးသည့် ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်) သီချင်းရုပ်သံဖိုင် လူမှုကွန်ရက်စာမျက်နှာပေါ်တက်လာပါသည်။အဆိုပါသီချင်းရုပ်သံသည် လူထုကြားတွင် ချက်ခြင်းပျံ့နှံ့သွားပြီး ယုန်လေးနှင့် ပါဝင်သရုပ်ဆောင်ထားသူများအား အပြစ်တင်ဝေဖန်သည့် မှတ်ချက်မြောက်မြားစွာတက်လာပါသည်။ယုန်လေး၏ သီချင်းရုပ်သံကို ၈၈၈၈ ရှစ်လေးလုံးအရေးအခင်းအမှီ အင်အယ်လ်ဒီကိုတိုက်ခိုက်ရန် အချိန်ကိုက်တင်ပေးသည်ဟု ယူဆသူများပြားသဖြင့် သည်သီချင်းရုပ်သံကို ဆဲရေးအပြစ်တင်သူများစွာ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ရှစ်လေးလုံးအရေးတော်ပုံဖြစ်နေစဉ်က သူသည် ၃ နှစ်သားသာရှိသေးကြောင်း၊ သူ့ရည်ရွယ်ချက်မှာ မည်သည့်ပါတီ၊ မည်သည့်လူပုဂ္ဂိုလ်ကိုယ်ကိုမျှ ထိုးနှက်တိုက်ခိုက်ရန် မရည်ရွယ်ကြောင်း၊ အားလုံးစည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်ရိုက်ကူးခဲ့ခြင်းသာဖြစ်ကြောင်း ယုန်လေး က ပြန်လည်ရှင်းလင်းပါသည်။

ယုန်လေး ရှင်းလင်းပြောပြသည့် စကားများအပေါ် မည်သို့သဘောထားသနည်းဟု မီဒီယာများက ရုပ်ရှင်အစည်းအရုံးဥက္ကဌအဖြစ် တာဝန်ယူထားသူ ဦးညီညီထွန်းလွင် ကို မေးမြန်းကြပါသည်။ဦးညီညီထွန်းလွင် က လူငယ်များအနေဖြင့် မိမိနိုင်ငံ၏အခြေအနေနှင့် နိုင်ငံရေးကိုနားလည်ရန် စာဖတ်ဖို့လိုကြောင်း၊ ပုံနှိပ်စာအုပ်များကို မဖတ်လျှင်ပင် ဖေ့စ်ဘုတ်ပေါ်ရေးသားနေကြသည့်စာများကို ဖတ်ရန်လိုကြောင်း၊ လူငယ်များသည် ဖုန်းပွတ်လိုက်၊ ညဘက် ကလပ်တက်လိုက်ဖြင့် အချိန်မကုန်စေသင့်စေသင့်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။တစ်ဖက်တွင်လည်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကို မဲမပေးဘဲနေကြရန် (နိုးဘုတ် - No Vote) လုပ်ရန် လှုံ့ဆော်နေသူများရှိလာပါသည်။ထို့ကြောင့် လူငယ်များသည် နိုင်ငံရေးကိုနားမလည်၍ မဲမပေးဘူး၊ မဲပေးမည် မဖြစ်စေသင့်ဟု ယူဆမိပါသည်။လူငယ်များသည် မိမိဘာသာမိမိ အမှားအမှန်သိသည့် လူငယ်များ၊ မိမိတာဝန်ကို နားလည်သည့်လူငယ်များဖြစ်ရမည်ဟု ယုံကြည်ပါသည်။ထို့ကြောင့် လူငယ်များအနေဖြင့် မဲပေးမည်၊ မဲမပေးဘူး ကိုယ်တိုင်ဆုံးဖြတ်ကြရန် မြန်မာနိုင်ငံဖြတ်သန်းလာရသည့် ရွေးကောက်ပွဲများအကြောင်း ထိတို့ပြရုံမျှသာရည်ရွယ်လျက် သည်ဆောင်းပါးကိုရေးသားပါသည်။

မြန်မာနိုင်ငံ ဖြတ်သန်းလာခဲ့ရသည့် သမိုင်းများကိုသိနေသူ လူငယ်များနှင့် လူလတ်၊ လူကြီးများအတွက် ရည်ရွယ်ရေးသားခြင်းမဟုတ်ကြောင်း ပဏာမပြောကြားလိုပါသည်။

မြန််မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရပြီးသည်နှင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည့်နိုင်ငံဖြစ်ပါသည်။သို့သော် မြန်မာနိုင်ငံတွေ့ကြုံခဲ့ရသည့် နိုင်ငံရေးအချိုးအကွေ့များကြောင့် ဒီမိုကရေစီစနစ်ကျင့်သုံးမှု ၁၀ နှစ်သာ ရှည်ကြာခဲ့ပါသည်။သို့ဖြင့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၁၉၆၀ ပြည့်နှစ်တွင် ကျင်းပပြီးနောက်ပိုင်း ပါတီစုံအထွေထွေရွေးကောက်ပွဲ မကျင်းပခဲ့သည်မှာ ၁၉၉၀ ပြည့်နှစ်ထိတိုင် ဖြစ်ပါသည်။ ၁၉၆၂ မတ်လ ၂ ရက်နေ့တွင် တပ်မတော်အစိုးရတက်လာပြီး၊ တပ်မတော်အစိုးရအုပ်ချုပ်ရေးစနစ် ကျင့်သုံးသဖြင့် နိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပါသည်။ ၁၉၈၈ အရေးအခင်းပေါ်ပေါက်ခဲ့ပြီးနောက် နဝတအစိုးရတက်လာပါသည်။နဝတအစိုးရလက်ထက်တွင် နိုင်ငံရေးပါတီများကို ပြန်လည်တည်ထောင်ခွင့်ပြုခဲ့ပါသည်။ထို့နောက် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ်တွင် နဝတအစိုးရက ကျင်းပပေးခဲ့ပါသည်။

၁၉၆၀ မှ ရေတွက်လျှင် နှစ်ပေါင်း (၃၀) ကြာမှ ၁၉၉၀ ပြည့်နှစ်တွင် ပါတီစုံရွေးကောက်ပွဲကို မြန်မာနိုင်ငံတွင် တဖန်ပြန်လည်ကျင်းပနိုင်ခဲ့ပါသည်။သို့သော် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များ ပျက်ပြယ်သွားပါသည်။သည်နောက် နှစ်ပေါင်း (၂၀) အကြာ ၂၀၁၀ ပြည့်နှစ်ရောက်မှ တဖန်ပြန်၍ ပါတီစုံရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီးတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးမည်ဖြစ်ကြောင်း ကမ္ဘာသို့ကြေညာခဲ့ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးသည့် မြန်မာနိုင်ငံသည် ပါတီစုံရွေးကောက်ပွဲများကို ၅ နှစ်တစ်ကြိမ် ကျင်းပရမည်ဖြစ်ပါသည်။ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲတွင် မဲအများစုအနိုင်ရသောပါတီက ပြည်သူအပ်နှင်းသည့် နိုင်ငံ့အာဏာကိုရရှိပြီး အစိုးရဖွဲ့လျက် အစစအရာရာ စီမံအုပ်ချုပ်ရမည်ဖြစ်ပါသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက မဲအများဆုံးရရှိခဲ့၍ ၂၀၁၁-၂၀၁၅ အစိုးရငါးနှစ်သက်တမ်းကို ပြည်ခိုင်ဖြိုးပါတီက အစိုးရဖွဲ့စည်းလျက် ဦးသိန်းစိန် က သမ္မတအဖြစ် တာဝန်ယူအုပ်ချုပ်ခဲ့ပါသည်။ ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်မူ တစ်နိုင်ငံလုံးအတိုင်းအတာအရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အတိုကောက် ဒီချုပ် သို့မဟုတ် အင်အယ်လ်ဒီ) က မဲအများဆုံး အနိုင်ရခဲ့ပါသည်။သို့ဖြင့် ဦးထင်ကျော် သမ္မတအဖြစ် တာဝန်ယူခဲ့သည့် အင်အယ်လ်ဒီအစိုးရတက်လာပါသည်။ဦးထင်ကျော် ကျန်းမာရေးကြောင့် အနားယူချိန်တွင် သမ္မတတာဝန်ကို ဦးဝင်းမြင့် က ဆက်လက်ဆောင်ရွက်ကြောင်း အားလုံးသိရှိကြပါသည်။မကြာမီ အင်အယ်လ်ဒီအစိုးရ၏ ၅ နှစ်သက်တမ်းပြည့်တော့မည်ဖြစ်ပြီး ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစ၍ တစ်ကမ္ဘာလုံးရှိ နိုင်ငံအများစုတွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကို ခံစားကြရပါသည်။သို့သော် ကိုဗစ်-၁၉ ရောဂါကပ်ဘေး ကျရောက်နေဆဲဖြစ်စေကာမူ၊  မူလစီစဉ်ထားသည့်အတိုင်း ရွေးကောက်ပွဲကျင်းပခဲ့သည့် နိုင်ငံများရှိခဲ့ပါသည်။ဥပမာ - ၂၀၂၀ မတ် ၄ ရက်နေ့တွင် အစ္စရေး၊ ၂၀၂၀ မတ် ၁၅ ရက်နေ့တွင် ပြင်သစ်၊ ၂၀၂၀ ဧပြီ ၁၅ တွင် တောင်ကိုရီးယား စသဖြင့် ရွေးကောက်ပွဲများကျင်းပခဲ့ကြပါသည်။

ဒီမိုကရေစီကျင့်စဉ်အရ နိုင်ငံသားများက မိမိတို့၏အာဏာကို မည်သည့်ပါတီထံအပ်နှင်းမည်ဟု ဆုံးဖြတ်မဲပေးခြင်းဖြင့် ရွေးချယ်ကြရပါသည်။ထို့ကြောင့် ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် နေထိုင်ကြသည့် နိုင်ငံသူနိုင်ငံသားတို့တွင် မဲပေးရမည့်တာဝန်ရှိပါသည်။ယေဘုယျအားဖြင့် ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားများအား မဲပေးခွင့်ပြုပါသည်။တချို့နိုင်ငံများတွင် မဲမပေးမနေရစနစ်ကျင့်သုံးပြီး တချို့နိုင်ငံများကား မဲပေးလိုကပေး၍ မဲမပေးလိုက မပေးဘဲနေနိုင်သည့်စနစ်ကို ကျင့်သုံးကြပါသည်။မြန်မာနိုင်ငံတွင် ပြဌာန်းထားဆဲဥပဒေများအရ အသက် ၁၈ နှစ်ပြည့်ပြီး သတ်မှတ်ထားသည့်အချက်များနှင့် ညီညွတ်သည့် နိုင်ငံသားများသည် မဲပေးလိုကပေး၍ မဲမပေးလိုက မပေးဘဲနေနိုင်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲကို နှိုင်းယှဉ်ကြည့်ပါက ၂၀၁၅ တုန်းက အဓိကယှဉ်ပြိုင်ဘက်ပါတီဟူ၍ ပြည်ခိုင်ဖြိုးပါတီနှင့် အင်အယ်လ်ဒီပါတီ ၂ ဖွဲ့သာရှိပါသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီသစ်များရှိလာပြီး ထိုပါတီသစ်များအား ဦးဆောင်သူတချို့သည် လူသိများထင်ရှားသူများဖြစ်ကြပါသည်။သို့ဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲသည် ၂၀၁၅ ရွေးကောက်ပွဲထက် ယှဉ်ပြိုင်မှုပိုမိုများမည့် ရွေးကောက်ပွဲဖြစ်လာပါသည်။သို့ဖြင့် ရွေးကောက်ပွဲအတွက် ပြောသံဆိုသံများလည်း အမျိုးမျိုးအဖုံဖုံပေါ်ထွက်လာပါသည်။

ပါတီတိုင်းက မိမိပါတီအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးကြမည်ဖြစ်ပါသည်။တချို့ပါတီများက မိမိပါတီ၏ ရပ်တည်ချက်၊ ဦးတည်ရည်မှန်းချက်နှင့် ရှေ့လုပ်ငန်းစဉ်များ၊ မူဝါဒများအား လူထုကို ချပြကြရမည့်အစား၊ တခြားပါတီများအား ပုတ်ခတ်ဝေဖန်ခြင်းဖြင့် လူထုမဲကိုတောင်းနေကြပါသည်။တချို့ကလည်း မည်သို့သောအကြောင်းများကြောင့် လူထုက မဲမပေးသင့်ကြောင်း (No Vote) လှုံ့ဆော်မှုများ ပြုလုပ်နေကြပြီဖြစ်ပါသည်။တချို့ကလည်း ပါတီကိုကြည့်ပြီး မဲပေးကြပါ။တချို့ကမူ ပါတီတစ်ခုတည်းကိုကြည့်ပြီး မဲမပေးပါနှင့်။တချို့ကလည်း ပါတီကိုရော လူကိုပါကြည့်ပြီး ရွေးချယ်ပါ စသဖြင့် အသံစုံထွက်နေချိန်ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်မဲပေးကြမည့် လူငယ် ၅ သန်းရှိသည်ဟု ဆိုပါသည်။ဤ ၅ သန်းသော လူငယ်များအားလုံး ဖုန်းပွတ်နေကြသူများ၊ စာမဖတ်သူများ မဟုတ်ကြောင်း သေချာပါသည်။တချို့လူငယ်များ စာအလွန်ဖတ်ကြပါသည်။ပုံနှိပ်စာရော၊ အွန်လိုင်းစာများပါ ဖတ်ရှုလျက် စာဖတ်နာသည့် လူငယ်များစွာရှိကြောင်း တွေ့မြင်နေရပါသည်။စာဖတ်သည့်အလေ့နည်းပါးသော လူငယ်များရော၊ စာဖတ်ကျင့်ရှိပြီးလူငယ်များပါ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးမည်၊ မဲမပေးဘူး၊ မည်သည့်ပါတီကို မဲပေးမည်ဆိုသည့် ဆုံးဖြတ်ချက်ချရန် ကိုးကားသင့်သည်မှာ  မြတ်ဗုဒ္ဓဟောကြားခဲ့သည့် ကာလမသုတ်ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားက ကာလာမသုတ်တွင် “ မိဖများကပြောသည်ဆိုရုံဖြင့် မယုံပါနှင့်။ဆရာသမားများကပြောသည်ဆိုပြီး မယုံပါနှင့်။အစဉ်အဆက် ဤသို့လက်ခံခဲ့ကြသည်ဟုဆိုပြီး မယုံပါနှင့် - - - “စသဖြင့် မြတ်စွာဘုရားက မယုံပါနှင့်ပေါင်းများစွာကို ဦးစွာမိန့်ကြားပါသည်။ထို့နောက် အကြောင်းအရာတစ်ရပ်ကို ကိစ္စတစ်ခုကို မိမိကိုယ်တိုင်လေ့လာစူးစမ်းပြီး တွေ့ရှိရသည့်အမှန်တရားကိုသာ ယုံပါဟု လမ်းညွှန်ပါသည်။ယခုလည်း မဲမပေးပါနှင့်။မဲပေးပါ။မည်သည့်ပါတီကို မဲပေးပါ။ပါတီကိုပဲကြည့်၍ မဲပေးပါ။ပါတီရော လူပါကြည့်ပြီး မဲပေးပါ စသော အသံများကြောင့် ဝေဝါးမည့်လူငယ်များမဖြစ်ရန် အလွန်လွယ်ကူပါသည်။မြန်မာ့နိင်ငံရေးအကြောင်း၊ မြန်မာနိုင်ငံသမိုင်းအကြောင်း စာအုပ်များ၊ အွန်လိုင်းပေါ်တင်ထားသည့်စာများ များပြားစွာရှိပါသည်။လူငယ်များ ဖတ်ရှုလေ့လာရုံသာဖြစ်ပါသည်။

ရွေးကောက်ပွဲများတွင် မဲထည့်ဖူးသည့် လူလတ်၊ လူကြီးများကား သူတို့ယုံကြည်မှုဖြင့် သူတို့ မဲပေးမည်၊ မပေးဘူး ဆုံးဖြတ်ကြပါလိမ့်မည်။မည်သည့်ပါတီကို မဲပေးမည်၊ ပါတီကြည့်မဲပေးမည်၊ ပါတီရော လူကိုပါကြည့်၍မဲပေး စသဖြင့် ဆုံးဖြတ်ကြပါလိမ့်မည်။လူငယ်များကား စာဖတ်လေ့လာကြည့်ကြပါ။မိမိနိုင်ငံ၏သမိုင်းကို အကျဉ်းမျှ နားလည်သဘောပေါက်ရုံ စာဖတ်လျှင်ပင် လုံလောက်ပါသည်။ထို့နောက် မဲပေးမည်၊ မဲမပေးဘူး ဆုံးဖြတ်ပါ။မည်သည့်ပါတီကို မဲပေးမည်၊ လူကိုကြည့်ပြီးပေးမည်။ပါတီကိုကြည့်ပြီးပေးမည်၊ ပါတီရော လူကိုပါကြည့်ပြီး မဲပေးမည် စသည့်ဆုံးဖြတ်ချက်ကို မိမိကိုယ်တိုင်၏ ဆင်ခြင်တုံတရားအရဆုံးဖြတ်ပါဟု တိုက်တွန်းလိုပါသည်။အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏အနာဂတ်သည် မြန်မာလူငယ်များလက်ထဲတွင်ရှိနေပါသည်။အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမဆုံးမဲပေးဖူးသူများဖြစ်လာမည့် မြန်မာလူငယ် ၅ သန်း၏ လက်ထဲတွင်ရှိနေပါသည်။တစ်စုံတစ်ယောက် (သို့မဟုတ်) အဖွဲ့တစ်ဖွဲ့၏ လောင်းရိပ်မမိသော လူငယ်များ နိုင်ငံနှင့် လူမျိုးအကျိုး ဗဟိုပြုစဉ်းစားလုပ်ဆောင်မည့် လူငယ်များ ပေါ်ထွက်လာမှသာ ယနေ့ မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ဖြတ်လမ်းနည်းဖြင့် အာဏာရယူလိုသူများ နည်းပါးသွားမည်ဖြစ်ပြီး တည်ငြိမ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ပေမည်။လူငယ်များကိုယ်တိုင် ၂၀၂၀ ရွေးကောက်ပွဲကို ဆုံးဖြတ်ခြင်းဖြင့် လူငယ့်တာဝန်ကျေပွန်ကြပါစေသတည်း။

ခင်နှင်းဦး
သြဂုတ် - ၁၂

( Zawgyi )

၄.၈.၂၀၂၀ ရက္ေန႔တြင္ အဆိုေတာ္ယုန္ေလး စီစဥ္႐ိုက္ကူးသည့္ ငါတို႔အားလုံးရဲ႕ေျမ (စည္းလုံးသင့္ၿပီ ျမန္မာျပည္) သီခ်င္း႐ုပ္သံဖိုင္ လူမႈကြန္ရက္စာမ်က္ႏွာေပၚတက္လာပါသည္။အဆိုပါသီခ်င္း႐ုပ္သံသည္ လူထုၾကားတြင္ ခ်က္ျခင္းပ်ံ႕ႏွံ႔သြားၿပီး ယုန္ေလးႏွင့္ ပါဝင္သ႐ုပ္ေဆာင္ထားသူမ်ားအား အျပစ္တင္ေဝဖန္သည့္ မွတ္ခ်က္ေျမာက္ျမားစြာတက္လာပါသည္။ယုန္ေလး၏ သီခ်င္း႐ုပ္သံကို ၈၈၈၈ ရွစ္ေလးလုံးအေရးအခင္းအမွီ အင္အယ္လ္ဒီကိုတိုက္ခိုက္ရန္ အခ်ိန္ကိုက္တင္ေပးသည္ဟု ယူဆသူမ်ားျပားသျဖင့္ သည္သီခ်င္း႐ုပ္သံကို ဆဲေရးအျပစ္တင္သူမ်ားစြာ ေပၚေပါက္လာျခင္းျဖစ္ပါသည္။ရွစ္ေလးလုံးအေရးေတာ္ပုံျဖစ္ေနစဥ္က သူသည္ ၃ ႏွစ္သားသာရွိေသးေၾကာင္း၊ သူ႔ရည္႐ြယ္ခ်က္မွာ မည္သည့္ပါတီ၊ မည္သည့္လူပုဂၢိဳလ္ကိုယ္ကိုမွ် ထိုးႏွက္တိုက္ခိုက္ရန္ မရည္႐ြယ္ေၾကာင္း၊ အားလုံးစည္းလုံးညီၫြတ္ေရးအတြက္ ရည္႐ြယ္႐ိုက္ကူးခဲ့ျခင္းသာျဖစ္ေၾကာင္း ယုန္ေလး က ျပန္လည္ရွင္းလင္းပါသည္။

ယုန္ေလး ရွင္းလင္းေျပာျပသည့္ စကားမ်ားအေပၚ မည္သို႔သေဘာထားသနည္းဟု မီဒီယာမ်ားက ႐ုပ္ရွင္အစည္းအ႐ုံးဥကၠဌအျဖစ္ တာဝန္ယူထားသူ ဦးညီညီထြန္းလြင္ ကို ေမးျမန္းၾကပါသည္။ဦးညီညီထြန္းလြင္ က လူငယ္မ်ားအေနျဖင့္ မိမိႏိုင္ငံ၏အေျခအေနႏွင့္ ႏိုင္ငံေရးကိုနားလည္ရန္ စာဖတ္ဖို႔လိုေၾကာင္း၊ ပုံႏွိပ္စာအုပ္မ်ားကို မဖတ္လွ်င္ပင္ ေဖ့စ္ဘုတ္ေပၚေရးသားေနၾကသည့္စာမ်ားကို ဖတ္ရန္လိုေၾကာင္း၊ လူငယ္မ်ားသည္ ဖုန္းပြတ္လိုက္၊ ညဘက္ ကလပ္တက္လိုက္ျဖင့္ အခ်ိန္မကုန္ေစသင့္ေစသင့္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့ပါသည္။တစ္ဖက္တြင္လည္း ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲကို မဲမေပးဘဲေနၾကရန္ (ႏိုးဘုတ္ - No Vote) လုပ္ရန္ လႈံ႕ေဆာ္ေနသူမ်ားရွိလာပါသည္။ထို႔ေၾကာင့္ လူငယ္မ်ားသည္ ႏိုင္ငံေရးကိုနားမလည္၍ မဲမေပးဘူး၊ မဲေပးမည္ မျဖစ္ေစသင့္ဟု ယူဆမိပါသည္။လူငယ္မ်ားသည္ မိမိဘာသာမိမိ အမွားအမွန္သိသည့္ လူငယ္မ်ား၊ မိမိတာဝန္ကို နားလည္သည့္လူငယ္မ်ားျဖစ္ရမည္ဟု ယုံၾကည္ပါသည္။ထို႔ေၾကာင့္ လူငယ္မ်ားအေနျဖင့္ မဲေပးမည္၊ မဲမေပးဘူး ကိုယ္တိုင္ဆုံးျဖတ္ၾကရန္ ျမန္မာႏိုင္ငံျဖတ္သန္းလာရသည့္ ေ႐ြးေကာက္ပြဲမ်ားအေၾကာင္း ထိတို႔ျပ႐ုံမွ်သာရည္႐ြယ္လ်က္ သည္ေဆာင္းပါးကိုေရးသားပါသည္။

ျမန္မာႏိုင္ငံ ျဖတ္သန္းလာခဲ့ရသည့္ သမိုင္းမ်ားကိုသိေနသူ လူငယ္မ်ားႏွင့္ လူလတ္၊ လူႀကီးမ်ားအတြက္ ရည္႐ြယ္ေရးသားျခင္းမဟုတ္ေၾကာင္း ပဏာမေျပာၾကားလိုပါသည္။

ျမန္္မာႏိုင္ငံသည္ အဂၤလိပ္လက္ေအာက္မွ လြတ္လပ္ေရးရၿပီးသည္ႏွင့္ ပါလီမန္ဒီမိုကေရစီစနစ္ကို က်င့္သုံးခဲ့သည့္ႏိုင္ငံျဖစ္ပါသည္။သို႔ေသာ္ ျမန္မာႏိုင္ငံေတြ႕ႀကဳံခဲ့ရသည့္ ႏိုင္ငံေရးအခ်ိဳးအေကြ႕မ်ားေၾကာင့္ ဒီမိုကေရစီစနစ္က်င့္သုံးမႈ ၁၀ ႏွစ္သာ ရွည္ၾကာခဲ့ပါသည္။သို႔ျဖင့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ၁၉၆၀ ျပည့္ႏွစ္တြင္ က်င္းပၿပီးေနာက္ပိုင္း ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ မက်င္းပခဲ့သည္မွာ ၁၉၉၀ ျပည့္ႏွစ္ထိတိုင္ ျဖစ္ပါသည္။ ၁၉၆၂ မတ္လ ၂ ရက္ေန႔တြင္ တပ္မေတာ္အစိုးရတက္လာၿပီး၊ တပ္မေတာ္အစိုးရအုပ္ခ်ဳပ္ေရးစနစ္ က်င့္သုံးသျဖင့္ ႏိုင္ငံေရးပါတီမ်ားကို ဖ်က္သိမ္းခဲ့ပါသည္။ ၁၉၈၈ အေရးအခင္းေပၚေပါက္ခဲ့ၿပီးေနာက္ နဝတအစိုးရတက္လာပါသည္။နဝတအစိုးရလက္ထက္တြင္ ႏိုင္ငံေရးပါတီမ်ားကို ျပန္လည္တည္ေထာင္ခြင့္ျပဳခဲ့ပါသည္။ထို႔ေနာက္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ၁၉၉၀ ျပည့္ႏွစ္တြင္ နဝတအစိုးရက က်င္းပေပးခဲ့ပါသည္။

၁၉၆၀ မွ ေရတြက္လွ်င္ ႏွစ္ေပါင္း (၃၀) ၾကာမွ ၁၉၉၀ ျပည့္ႏွစ္တြင္ ပါတီစုံေ႐ြးေကာက္ပြဲကို ျမန္မာႏိုင္ငံတြင္ တဖန္ျပန္လည္က်င္းပႏိုင္ခဲ့ပါသည္။သို႔ေသာ္ ၁၉၉၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲရလဒ္မ်ား ပ်က္ျပယ္သြားပါသည္။သည္ေနာက္ ႏွစ္ေပါင္း (၂၀) အၾကာ ၂၀၁၀ ျပည့္ႏွစ္ေရာက္မွ တဖန္ျပန္၍ ပါတီစုံေ႐ြးေကာက္ပြဲ က်င္းပႏိုင္ခဲ့ပါသည္။ ၂၀၁၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲအၿပီးတြင္ ျမန္မာႏိုင္ငံသည္ ဒီမိုကေရစီစနစ္ကို ျပန္လည္က်င့္သုံးမည္ျဖစ္ေၾကာင္း ကမာၻသို႔ေၾကညာခဲ့ပါသည္။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဒီမိုကေရစီစနစ္ကို ျပန္လည္က်င့္သုံးသည့္ ျမန္မာႏိုင္ငံသည္ ပါတီစုံေ႐ြးေကာက္ပြဲမ်ားကို ၅ ႏွစ္တစ္ႀကိမ္ က်င္းပရမည္ျဖစ္ပါသည္။ထို႔ျပင္ ၂၀၀၈ ဖြဲ႕စည္းပုံအရ ေ႐ြးေကာက္ပြဲတြင္ မဲအမ်ားစုအႏိုင္ရေသာပါတီက ျပည္သူအပ္ႏွင္းသည့္ ႏိုင္ငံ့အာဏာကိုရရွိၿပီး အစိုးရဖြဲ႕လ်က္ အစစအရာရာ စီမံအုပ္ခ်ဳပ္ရမည္ျဖစ္ပါသည္။

၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ ျပည္ခိုင္ၿဖိဳးပါတီက မဲအမ်ားဆုံးရရွိခဲ့၍ ၂၀၁၁-၂၀၁၅ အစိုးရငါးႏွစ္သက္တမ္းကို ျပည္ခိုင္ၿဖိဳးပါတီက အစိုးရဖြဲ႕စည္းလ်က္ ဦးသိန္းစိန္ က သမၼတအျဖစ္ တာဝန္ယူအုပ္ခ်ဳပ္ခဲ့ပါသည္။ ၂၀၁၅ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲတြင္မူ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (အတိုေကာက္ ဒီခ်ဳပ္ သို႔မဟုတ္ အင္အယ္လ္ဒီ) က မဲအမ်ားဆုံး အႏိုင္ရခဲ့ပါသည္။သို႔ျဖင့္ ဦးထင္ေက်ာ္ သမၼတအျဖစ္ တာဝန္ယူခဲ့သည့္ အင္အယ္လ္ဒီအစိုးရတက္လာပါသည္။ဦးထင္ေက်ာ္ က်န္းမာေရးေၾကာင့္ အနားယူခ်ိန္တြင္ သမၼတတာဝန္ကို ဦးဝင္းျမင့္ က ဆက္လက္ေဆာင္႐ြက္ေၾကာင္း အားလုံးသိရွိၾကပါသည္။မၾကာမီ အင္အယ္လ္ဒီအစိုးရ၏ ၅ ႏွစ္သက္တမ္းျပည့္ေတာ့မည္ျဖစ္ၿပီး ၂၀၂၀ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ ေ႐ြးေကာက္ပြဲက်င္းပေတာ့မည္ျဖစ္ပါသည္။

၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီမွစ၍ တစ္ကမာၻလုံးရွိ ႏိုင္ငံအမ်ားစုတြင္ ကိုဗစ္-၁၉ ကပ္ေရာဂါကူးစက္မႈကို ခံစားၾကရပါသည္။သို႔ေသာ္ ကိုဗစ္-၁၉ ေရာဂါကပ္ေဘး က်ေရာက္ေနဆဲျဖစ္ေစကာမူ၊  မူလစီစဥ္ထားသည့္အတိုင္း ေ႐ြးေကာက္ပြဲက်င္းပခဲ့သည့္ ႏိုင္ငံမ်ားရွိခဲ့ပါသည္။ဥပမာ - ၂၀၂၀ မတ္ ၄ ရက္ေန႔တြင္ အစၥေရး၊ ၂၀၂၀ မတ္ ၁၅ ရက္ေန႔တြင္ ျပင္သစ္၊ ၂၀၂၀ ဧၿပီ ၁၅ တြင္ ေတာင္ကိုရီးယား စသျဖင့္ ေ႐ြးေကာက္ပြဲမ်ားက်င္းပခဲ့ၾကပါသည္။

ဒီမိုကေရစီက်င့္စဥ္အရ ႏိုင္ငံသားမ်ားက မိမိတို႔၏အာဏာကို မည္သည့္ပါတီထံအပ္ႏွင္းမည္ဟု ဆုံးျဖတ္မဲေပးျခင္းျဖင့္ ေ႐ြးခ်ယ္ၾကရပါသည္။ထို႔ေၾကာင့္ ဒီမိုကေရစီစနစ္က်င့္သုံးသည့္ ႏိုင္ငံမ်ားတြင္ ေနထိုင္ၾကသည့္ ႏိုင္ငံသူႏိုင္ငံသားတို႔တြင္ မဲေပးရမည့္တာဝန္ရွိပါသည္။ေယဘုယ်အားျဖင့္ ဒီမိုကေရစီစနစ္က်င့္သုံးသည့္ ႏိုင္ငံမ်ားတြင္ အသက္ ၁၈ ႏွစ္ျပည့္ၿပီးသူ ႏိုင္ငံသားမ်ားအား မဲေပးခြင့္ျပဳပါသည္။တခ်ိဳ႕ႏိုင္ငံမ်ားတြင္ မဲမေပးမေနရစနစ္က်င့္သုံးၿပီး တခ်ိဳ႕ႏိုင္ငံမ်ားကား မဲေပးလိုကေပး၍ မဲမေပးလိုက မေပးဘဲေနႏိုင္သည့္စနစ္ကို က်င့္သုံးၾကပါသည္။ျမန္မာႏိုင္ငံတြင္ ျပဌာန္းထားဆဲဥပေဒမ်ားအရ အသက္ ၁၈ ႏွစ္ျပည့္ၿပီး သတ္မွတ္ထားသည့္အခ်က္မ်ားႏွင့္ ညီၫြတ္သည့္ ႏိုင္ငံသားမ်ားသည္ မဲေပးလိုကေပး၍ မဲမေပးလိုက မေပးဘဲေနႏိုင္ပါသည္။

၂၀၁၅ ေ႐ြးေကာက္ပြဲႏွင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ႏႈိင္းယွဥ္ၾကည့္ပါက ၂၀၁၅ တုန္းက အဓိကယွဥ္ၿပိဳင္ဘက္ပါတီဟူ၍ ျပည္ခိုင္ၿဖိဳးပါတီႏွင့္ အင္အယ္လ္ဒီပါတီ ၂ ဖြဲ႕သာရွိပါသည္။ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္မည့္ ပါတီသစ္မ်ားရွိလာၿပီး ထိုပါတီသစ္မ်ားအား ဦးေဆာင္သူတခ်ိဳ႕သည္ လူသိမ်ားထင္ရွားသူမ်ားျဖစ္ၾကပါသည္။သို႔ျဖင့္ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲသည္ ၂၀၁၅ ေ႐ြးေကာက္ပြဲထက္ ယွဥ္ၿပိဳင္မႈပိုမိုမ်ားမည့္ ေ႐ြးေကာက္ပြဲျဖစ္လာပါသည္။သို႔ျဖင့္ ေ႐ြးေကာက္ပြဲအတြက္ ေျပာသံဆိုသံမ်ားလည္း အမ်ိဳးမ်ိဳးအဖုံဖုံေပၚထြက္လာပါသည္။

ပါတီတိုင္းက မိမိပါတီေအာင္ႏိုင္ေရးအတြက္ မဲဆြယ္စည္း႐ုံးၾကမည္ျဖစ္ပါသည္။တခ်ိဳ႕ပါတီမ်ားက မိမိပါတီ၏ ရပ္တည္ခ်က္၊ ဦးတည္ရည္မွန္းခ်က္ႏွင့္ ေရွ႕လုပ္ငန္းစဥ္မ်ား၊ မူဝါဒမ်ားအား လူထုကို ခ်ျပၾကရမည့္အစား၊ တျခားပါတီမ်ားအား ပုတ္ခတ္ေဝဖန္ျခင္းျဖင့္ လူထုမဲကိုေတာင္းေနၾကပါသည္။တခ်ိဳ႕ကလည္း မည္သို႔ေသာအေၾကာင္းမ်ားေၾကာင့္ လူထုက မဲမေပးသင့္ေၾကာင္း (No Vote) လႈံ႕ေဆာ္မႈမ်ား ျပဳလုပ္ေနၾကၿပီျဖစ္ပါသည္။တခ်ိဳ႕ကလည္း ပါတီကိုၾကည့္ၿပီး မဲေပးၾကပါ။တခ်ိဳ႕ကမူ ပါတီတစ္ခုတည္းကိုၾကည့္ၿပီး မဲမေပးပါႏွင့္။တခ်ိဳ႕ကလည္း ပါတီကိုေရာ လူကိုပါၾကည့္ၿပီး ေ႐ြးခ်ယ္ပါ စသျဖင့္ အသံစုံထြက္ေနခ်ိန္ျဖစ္ပါသည္။

၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ ပထမဆုံးအႀကိမ္မဲေပးၾကမည့္ လူငယ္ ၅ သန္းရွိသည္ဟု ဆိုပါသည္။ဤ ၅ သန္းေသာ လူငယ္မ်ားအားလုံး ဖုန္းပြတ္ေနၾကသူမ်ား၊ စာမဖတ္သူမ်ား မဟုတ္ေၾကာင္း ေသခ်ာပါသည္။တခ်ိဳ႕လူငယ္မ်ား စာအလြန္ဖတ္ၾကပါသည္။ပုံႏွိပ္စာေရာ၊ အြန္လိုင္းစာမ်ားပါ ဖတ္ရႈလ်က္ စာဖတ္နာသည့္ လူငယ္မ်ားစြာရွိေၾကာင္း ေတြ႕ျမင္ေနရပါသည္။စာဖတ္သည့္အေလ့နည္းပါးေသာ လူငယ္မ်ားေရာ၊ စာဖတ္က်င့္ရွိၿပီးလူငယ္မ်ားပါ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ မဲေပးမည္၊ မဲမေပးဘူး၊ မည္သည့္ပါတီကို မဲေပးမည္ဆိုသည့္ ဆုံးျဖတ္ခ်က္ခ်ရန္ ကိုးကားသင့္သည္မွာ  ျမတ္ဗုဒၶေဟာၾကားခဲ့သည့္ ကာလမသုတ္ျဖစ္ပါသည္။

ဗုဒၶျမတ္စြာဘုရားက ကာလာမသုတ္တြင္ “ မိဖမ်ားကေျပာသည္ဆို႐ုံျဖင့္ မယုံပါႏွင့္။ဆရာသမားမ်ားကေျပာသည္ဆိုၿပီး မယုံပါႏွင့္။အစဥ္အဆက္ ဤသို႔လက္ခံခဲ့ၾကသည္ဟုဆိုၿပီး မယုံပါႏွင့္ - - - “စသျဖင့္ ျမတ္စြာဘုရားက မယုံပါႏွင့္ေပါင္းမ်ားစြာကို ဦးစြာမိန႔္ၾကားပါသည္။ထို႔ေနာက္ အေၾကာင္းအရာတစ္ရပ္ကို ကိစၥတစ္ခုကို မိမိကိုယ္တိုင္ေလ့လာစူးစမ္းၿပီး ေတြ႕ရွိရသည့္အမွန္တရားကိုသာ ယုံပါဟု လမ္းၫႊန္ပါသည္။ယခုလည္း မဲမေပးပါႏွင့္။မဲေပးပါ။မည္သည့္ပါတီကို မဲေပးပါ။ပါတီကိုပဲၾကည့္၍ မဲေပးပါ။ပါတီေရာ လူပါၾကည့္ၿပီး မဲေပးပါ စေသာ အသံမ်ားေၾကာင့္ ေဝဝါးမည့္လူငယ္မ်ားမျဖစ္ရန္ အလြန္လြယ္ကူပါသည္။ျမန္မာ့နိင္ငံေရးအေၾကာင္း၊ ျမန္မာႏိုင္ငံသမိုင္းအေၾကာင္း စာအုပ္မ်ား၊ အြန္လိုင္းေပၚတင္ထားသည့္စာမ်ား မ်ားျပားစြာရွိပါသည္။လူငယ္မ်ား ဖတ္ရႈေလ့လာ႐ုံသာျဖစ္ပါသည္။

ေ႐ြးေကာက္ပြဲမ်ားတြင္ မဲထည့္ဖူးသည့္ လူလတ္၊ လူႀကီးမ်ားကား သူတို႔ယုံၾကည္မႈျဖင့္ သူတို႔ မဲေပးမည္၊ မေပးဘူး ဆုံးျဖတ္ၾကပါလိမ့္မည္။မည္သည့္ပါတီကို မဲေပးမည္၊ ပါတီၾကည့္မဲေပးမည္၊ ပါတီေရာ လူကိုပါၾကည့္၍မဲေပး စသျဖင့္ ဆုံးျဖတ္ၾကပါလိမ့္မည္။လူငယ္မ်ားကား စာဖတ္ေလ့လာၾကည့္ၾကပါ။မိမိႏိုင္ငံ၏သမိုင္းကို အက်ဥ္းမွ် နားလည္သေဘာေပါက္႐ုံ စာဖတ္လွ်င္ပင္ လုံေလာက္ပါသည္။ထို႔ေနာက္ မဲေပးမည္၊ မဲမေပးဘူး ဆုံးျဖတ္ပါ။မည္သည့္ပါတီကို မဲေပးမည္၊ လူကိုၾကည့္ၿပီးေပးမည္။ပါတီကိုၾကည့္ၿပီးေပးမည္၊ ပါတီေရာ လူကိုပါၾကည့္ၿပီး မဲေပးမည္ စသည့္ဆုံးျဖတ္ခ်က္ကို မိမိကိုယ္တိုင္၏ ဆင္ျခင္တုံတရားအရဆုံးျဖတ္ပါဟု တိုက္တြန္းလိုပါသည္။အဘယ္ေၾကာင့္ဆိုေသာ္ ျမန္မာႏိုင္ငံ၏အနာဂတ္သည္ ျမန္မာလူငယ္မ်ားလက္ထဲတြင္ရွိေနပါသည္။အထူးသျဖင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ပထမဆုံးမဲေပးဖူးသူမ်ားျဖစ္လာမည့္ ျမန္မာလူငယ္ ၅ သန္း၏ လက္ထဲတြင္ရွိေနပါသည္။တစ္စုံတစ္ေယာက္ (သို႔မဟုတ္) အဖြဲ႕တစ္ဖြဲ႕၏ ေလာင္းရိပ္မမိေသာ လူငယ္မ်ား ႏိုင္ငံႏွင့္ လူမ်ိဳးအက်ိဳး ဗဟိုျပဳစဥ္းစားလုပ္ေဆာင္မည့္ လူငယ္မ်ား ေပၚထြက္လာမွသာ ယေန႔ ျမန္မာႏိုင္ငံရင္ဆိုင္ေနရသည့္ ျဖတ္လမ္းနည္းျဖင့္ အာဏာရယူလိုသူမ်ား နည္းပါးသြားမည္ျဖစ္ၿပီး တည္ၿငိမ္သည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္လာႏိုင္ေပမည္။လူငယ္မ်ားကိုယ္တိုင္ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ဆုံးျဖတ္ျခင္းျဖင့္ လူငယ့္တာဝန္ေက်ပြန္ၾကပါေစသတည္း။

ခင္ႏွင္းဦး
ၾသဂုတ္ - ၁၂