【 ဆောင်းပါး 】 လူမခွဲ မူတစ်ခုတည်းဖြင့် အဂတိတိုက်ဖျက်ခြင်း

【 ဆောင်းပါး 】 လူမခွဲ မူတစ်ခုတည်းဖြင့် အဂတိတိုက်ဖျက်ခြင်း

အဂတိလိုက်စားမှုအကြောင်းပြောလျှင် ဆင်းရဲမွဲတေမှုနှင့် လွတ်လပ်စွာပြောရေးဆိုခွင့် မရှိခြင်းတို့က တွဲလျက်ပါလာမြဲ ဖြစ်သည်။ဆက်လက်ပြီး အနှစ်ချုပ်သင်္ကေတပြုတာက အာဏာရှင်စနစ်ဖြစ်သည်။

အာဏာရှင်စနစ်က ပြည်သူကို ကျေးကျွန်ဟုသာ သိမှတ်သည်။ပြည်သူတွင် မည်သို့သောပြောရေးဆိုခွင့်မှမရှိ။ အာဏာရှင်တို့၏ ပြုမူဆောင်ရွက်ချက်များကို ထိန်းကျောင်းခွင့်၊ ဝေဖန်ခွင့်မရှိ။အာဏာရှင်အများစုသည် ဘယ်လိုပညာရှိကိုမဆို ကိုယ့်လောက်တတ်သည်ဟုမထင်၊ ကိုယ်ယိုထားသောချေး ကိုယ့်ဘာသာ ရွှေတုံးကြီးဟု ယူဆကိုးကွယ်ကာ ဆင်းရဲမွဲတေခြင်းဆီသို့ ဦးစိုက်ခြင်းနှင့် အဂတိလိုက်စားခြင်းတို့သည်လည်း ကျွဲကူးရေပါ ဖြစ်လာရမြဲ ဖြစ်သည်။

ထိုသို့ဆိုလိုက်သဖြင့် ချမ်းသာကြွယ်ဝသော ဒီမိုကရေစီနိုင်ငံများတွင် အဂတိမရှိဘူးတော့မဟုတ်။ချမ်းသာခြင်းသည် မိမိ၏ဂုဏ်သရေကို ထိပါးလာမည့် ခိုးခြင်းဝှက်ခြင်းကိစ္စမျိုးကို မကျူးလွန်မိစေအောင် ထိန်းကျောင်းနိုင်စွမ်းသော အထောက်အပံ့ကောင်းဖြစ်သလို ဒီမိုကရေစီအရင်းအမြစ် အားကောင်းလျှင် ကောင်းသလို အပြန်အလှန် စောင့်ကြည့်ထိန်းကျောင်းခြင်းသည်လည်း အားကောင်းသဖြင့် အဂတိလိုက်စားမှုသည် ရှိသော်လည်း နည်းနည်းကျဲကျဲမျှသာ ဖြစ်သည်။

လွတ်လပ်သော မြန်မာနိုင်ငံကနေ စတင်ကြည့်မလား။ပြည်တွင်းစစ်မီး တဝုန်းဝုန်းတောက်လောင်နေသော ဒီမိုကရေစီနိုင်ငံတော်ကြီးတွင် စစ်မီးအရှိန်ကြောင့် ပြည့်ဝဒီမိုကရေစီအဆင့် မတက်လှမ်းနိုင်ခဲ့သော်လည်း အရှေ့တောင်အာရှနိုင်ငံများထဲ တစ်ပေးခံ ထွန်းသစ်စနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သလို အဂတိလိုက်စားမှု ဆိုသည်မှာလည်း လက်ရဲဇက်ရဲ သိက္ခာကျခံရဲသော စုန်းပြူးတချို့နှင့်သာ အကျွမ်းဝင်ခဲ့သည်။    

သေနတ်အားကိုးဖြင့် ကြမ်းပိုးထိုးတက်လာသော ပထမအာဏာရှင် လက်ထက်ကျတော့ လစ်လျှင်ဖြောင်မည်ဆိုသည့် စိတ်ဓာတ် စတင်ကိန်းအောင်းလာသည်။ကိုယ့်ဘာသာ ထင်သလိုလုပ်၊ တိုင်းပြည်ဘဏ္ဍာ ထင်သလိုသုံးဖြုန်းပြီး ထင်တစ်လုံးအောင်ခဲ့သော ပထမအာဏာရှင်ကြီးက “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” ဆိုသည့် မူကို ထိထိမိမိကိုင်တွယ်ထားနိုင်ခြင်းအရ အဂတိလိုက်စားမှုသည် အာဏာရှင်ကြီးမှလွဲ အစိုးရအဖွဲ့အတွင်း လှိုက်စားကျွမ်းလောင်ခြင်း နည်းခဲ့သော်လည်း ဆင်းရဲမွဲတေမှုကို တောင့်မခံနိုင်တော့သော အောက်ခြေနှင့် အလယ်အလတ်အဆင့်တွင်မူ ဖွဲမီးပမာ တငွေ့ငွေ့လှိုက်လောင်ခဲ့လေသည်။

ဒုတိယအာဏာရှင် လက်ထက်ရောက်တော့ တိုင်းပြည်နှင့် လူမျိုးကို ချစ်လှပါသည်ဆိုသော အာဏာရယူထားသူအများစုက ကိုယ်ရကိုယ်ယူစနစ်ဖြင့် ပြည်သူ့ဘဏ္ဍာကို သိုက်တူးကြသည်မှာ အနည်းဆုံး ၁၀ ဘ၀ သုံးဖြုန်းလို့ မကုန်နိုင်သည့်အဆင့်ဖြစ်သည်။ပြောရလျှင် အာဏာဖြင့် အပွကြံခြင်းနည်းမှာ ဒုတိယအာဏာရှင် လက်ထက်တွင် အစွမ်းကုန် ခြေကုန်ထုတ်ကစားခဲ့ကြသလိုပင် ဖြစ်သည်။သို့သော်၊ သိုက်သမားတို့၏ ထုံးစံအတိုင်း ယနေ့ထိတိုင် သူတို့လောက် တိုင်းပြည်နှင့် လူမျိုးကို ချစ်သည့်လူမရှိဟု ပြောနေကြဆဲဖြစ်သည်။ထားတော့။

မိုးခါးရေ ဆိုသည့် ဝေါဟာရတွင်ကျယ်ခဲ့သည်။မိုးခါးရေ၏ အရသာ မည်သို့ရှိလေမလဲဟု မြည်းစမ်းကြည့်ကြရာမှ မိုးခါးရေသည် သောက်လို့ကောင်းပြီး သောက်မှဖြစ်မည်ဆိုသည့် ယဉ်ကျေးမှုအသွင် ဖြစ်လာခဲ့သည်။

အာဏာရှင်များ လက်ထက်တွင် အဂတိလိုက်စားမှုကို မတိုက်ဖျက်တာတော့မဟုတ်။ဆယ်ခါ့တစ်ခါလိုမျိုး အာဏာရှင်တို့ ဉာဏ်အလင်းပွင့်လာသည့် အချိန်မျိုးတွင် လူကြားကောင်းရုံ အပေါ်ယံပါးပါးရှပ်လို့ တိုက်ဖျက်တာမျိုးတော့ရှိသည်။သူတို့အခေါ် စီမံချက်ကာလဖြစ်သည်။စီမံချက်ကာလတွင်ပင် အနေအထိုင်မတတ်သော ငါးပြားဆယ်ပြား အဂတိသမားများမှာ စားရသည့် အဂတိနှင့် မတန်သော ထောင်ဒဏ်ဖြင့် ကိုင်းကြီးကြီးမှာ နားလိုက်ရသည်။

အဂတိလိုက်စားမှုနှင့် ပတ်သက်၍ အာဏာရှင်တို့ နောက်တစ်နည်း တွင်တွင်ကျယ်ကျယ် အသုံးပြုသည်မှာ နိုင်ငံရေးအရ သိက္ခာချအသေသတ်ခြင်းဖြစ်သည်။အုပ်စုတွင်းအားပြိုင်မှုတွင် လည်မျိုနင်းလိုက်နိုင်သူက အရေးနိမ့်သူများအား အဂတိလိုက်စားခြင်းဟု ခေါင်းစဉ်တပ်ကာ အသေသတ်ခြင်း ဖြစ်သည်။

ပထမအာဏာရှင်ကြီးဆိုလျှင် သူ့ကို ခြေရာချင်းတိုင်းလာနိုင်သည်ဟု ယူဆသော (သို့မဟုတ်) သူမကြည်ဖြူတော့သောသူများကို ဖြုတ်ရုံထုတ်ရုံတင်မက အဂတိတံဆိပ်ကပ်ကာ ထောင်ထဲပို့လေ့ရှိသည်။တစ်ခါက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီရွေးကောက်ရာတွင် ဝန်ကြီး ဦးထွန်းလင်း နှင့် ဦးသန်းစိန် တို့ ရရှိသောမဲမှာ အာဏာရှင်ကြီး ရရှိသောမဲထက် များနေသဖြင့် အမျက်တော်အရှခံရတော့သည်။
ထောက်လှမ်းရေးတို့က ပြစ်ချက်လိုက်ရှာသော်လည်း ပြောလောက်စရာ ဘာမှမတွေ့၊ နောက်ဆုံးတော့ ဓာတ်ဆီတစ်ဂါလံသုံးမှုဟုဆိုကာ တရားရုံးတင် ထောင်ချခြင်းခံရသည်။ထိုသို့သော သင်ခန်းစာမျိုးက ကြီးကြီးမားမား ရှိခဲ့လေတော့ နောက်ပိုင်း ဗဟိုကော်မတီရွေးချယ်ရာ၌ ဗဟိုကော်မတီတို့၏ အဓိကလုပ်ဆောင်မှုမှာ မဲများများမရရေး ဖြစ်နေတော့ကြောင်း သိရသည်။

ထိုသို့သော အဂတိခေါင်းစဉ်တပ်ထားသော နိုင်ငံရေးအသေသတ်မှုနည်းမှာ ပထမအာဏာရှင်၏ လက်သုံးတော်ဓားဖြစ်ခဲ့သလို ဒုတိယအာဏာရှင် လက်ထက်တွင်လည်း ယင်းကို အကြီးအကျယ် အမွေဆက်ခံခဲ့သည်။ထို့ကြောင့်ပင် ဒုတိယအာဏာရှင် လက်ထက် အဖြုတ်ခံလိုက်ရသော ရာထူးကြီးပုဂ္ဂိုလ်တိုင်းလိုလိုမှာ အဂတိလိုက်စားမှုကြောင့်ဟု ခေါင်းစဉ်အတပ်ခံရလေ့ရှိသည်။
ဒုတိယအာဏာရှင် လက်ထက်တွင် လုပ်ပိုင်ခွင့်ရှိလျှင် ရှိသလို အများစုက အဝစားနေကြခြင်းကြောင့် အဂတိခေါင်းစဉ်တပ်ရန် အဂတိပြစ်ချက်ကို ပြူးပြဲရှာစရာမလိုဟု ထင်၏။

မည်သည့်အကြောင်းကြောင့် ဖြုတ်သည်ဖြစ်စေ အဂတိလိုက်စားခြင်း ခေါင်းစဉ်တပ်လိုက်ခြင်းကြောင့် အဖြုတ်ခံရသူကို နိုင်ငံရေးအရ အသေသတ်ပြီးသားဖြစ်သလို အဂတိလိုက်စားမှုကို တိုက်ဖျက်နေသည့် အစိုးရဟူ၍ ပြည်သူများအား အတည်ပေါက် ဟန်လုပ်ပြနိုင်သဖြင့် ပြုတ်တိုင်းကြားရသော ခေါင်းစဉ်ဖြစ်နေခြင်းဟု ထင်၏။

ဒါကို ဆက်အထူးပြုရသော် အာဏာရှင်တို့သည် သူတို့ကိုယ်တိုင် ကျူးလွန်နေကြသော အဂတိလိုက်စားမှုကို ဟန်ပြတိုက်ဖျက်ခြင်းနှင့် နိုင်ငံရေးအရ အသေသတ်ရန်အတွက်သာ အသုံးပြုကြကြောင်း ပြည်သူတိုင်းက လက်ခံခဲ့ကြသည်။

ထိုသို့သောပြုမူမှုမှာ ဘယ်အချိန်ထထိလဲဟုဆိုတော့ ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်ထိပင် ဖြစ်သည်။ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်တွင်  လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် (နောက်ပိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟု အမည်ပြောင်း) ကို ဖွဲ့စည်းခဲ့သော်လည်း ယင်းသို့ဖွဲ့စည်းမှုမှာ ရွေးကောက်ခံအစိုးရတွင် ရှိသင့်ရှိအပ်သော ယူနီဖောင်းအဖြစ်ထက် မပို။ဒီချုပ်အစိုးရလက်ထက်ကျမှ ဖော်ထုတ်နိုင်ခဲ့သော မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ပြည်ခိုင်ဖြိုးဝန်ကြီးချုပ်များ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများစွာ အစိုးရသစ်သို့ လွှဲပြောင်းမှုမရှိခြင်းနှင့် မန္တလေး၌ အစိုးရအကူးအပြောင်း ကာလအတွင်း မြေကွက်များစွာ လက်သိပ်ထိုးပေးခဲ့ခြင်းများအရ ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်တွင် ကြီးကျယ်သော အဂတိများရှိခဲ့သေးကြောင်း ငြင်းလို့မရသော သက်သေကောင်းများဖြစ်သည်။သို့သော်၊ ကြီးကျယ်သော အဂတိလိုက်စားမှုမျိုး ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်၌ ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိပေ။ထို့ပြင် တချို့သော အဂတိခေါင်းစဉ်ဖြင့် ရာထူးဖြုတ် ထောင်ထဲသွင်းခြင်းတွင် ပွင့်လင်းမြင်သာမှု လုံးဝမရှိသော တရားစီရင်မှုအရ ယခင်အာဏာရှင်အစိုးရတို့၏ အမူအကျင့်အတိုင်း နိုင်ငံရေးအသေသတ်ခြင်းဟု သံသယပွားရပေသည်။

ပြောရလျှင် နှစ်များစွာကြာ ယဉ်ကျေးမှုအသွင် အားကောင်းခဲ့သော အဂတိလိုက်စားခြင်းသည် ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်တွင် ဗြောင်လာဘ်စားခြင်းမျိုး လျော့ပါးသွားသည်မှအပ ထူးခြားမလာ။ထိရောက်သည့်ကိုင်တွယ်မှု မရှိခြင်းကြောင့် ရမှတ်သုညဖြင့် ဂိတ်ဆုံးခဲ့သည်။

ဒီချုပ်အစိုးရတက်လာသည်။အဂတိတိုက်ဖျက်ရေး ကော်မရှင်မှာ ယခင်အတိုင်း အမှတ်ပေးစရာမရှိ။၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အသစ်စတင်လိုက်ချိန်မှာတော့ အပြောင်းအလဲကို စတင်မြင်လာရသည်။နိုင်ငံတော်အကြီးအကဲများက အဂတိလိုက်စားသော မည်သူ့ကိုမဆို ထိရောက်စွာအရေးယူရန် ကော်မရှင်သို့ လုပ်ပိုင်ခွင့်အပြည့်ပေးထားကြောင်း ပြောသည်။

ပထမ၊ FDA ညွှန်ချုပ်ကို လာဘ်စားမှုဖြင့် ကော်မရှင်က တရားစွဲတင်လိုက်သဖြင့် ကျယ်လောင်သော လက်ခုပ်သံ ကြားလိုက်ရသည်။မလိုသူအချို့က ကိုယ့်ကန်ထဲက ငါးကြီးကြီးကို အရင်ဖမ်းပြရန် တောင်းဆိုသည်။ဆိုလိုတာက FDA ညွှန်ချုပ်မှာ ကိုယ့်လူမဟုတ်၊ တခြားကန်ထဲကငါး။နိုင်ငံရေးအရ သိက္ခာချလိုသဖြင့် တခြားကန်ထဲက ငါးကြီးကိုသာ ဖမ်းပြခြင်းလားဟု ယခင်အစွဲအလမ်းအတိုင်း နိုင်ငံရေးနှင့် အဂတိကို လေနှင့် ဝမ်း မကွဲသောအမြင်ဖြင့် ပြောချင်ပုံရသည်။

ဒုတိယ၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်းကို အဂတိနှင့် ငြိ၊ မငြိ စစ်ဆေးခဲ့သော်လည်း မငြိ၍အရေးမယူဟု ဆိုသဖြင့် ကိုယ့်ကန်ထဲက ငါးကြီးကြီးမို့ ရှော်လိုက်တာလားဟု မေးငေါ့ကြသည်။

တတိယ၊ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုကို ပြန်လည်ရုပ်သိမ်းခြင်းအပေါ် ကော်မရှင်ကိုင်တွယ်ခဲ့ရာ နောက်ထပ်လက်ခုပ်သံများ ထပ်ရသည်။သို့သော်၊ တချို့ကတော့ တခြားကန်ထဲကငါးဟုဆိုကာ လေနှင့် ဝမ်း ဆက်မကွဲပြန်။

မတ်လ ၁၀ ရက်နေ့တွင်တော့ ကိုယ့်ကန်ထဲကငါးကြီးကြီး။တနင်္သာရီဝန်ကြီးချုပ်ပါ ၄ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း ကြေညာလိုက်ချိန်မှာတော့ အစိုးရနှင့် အဂတိတိုက်ဖျက်ရေး ကော်မရှင်တို့၏ အဂတိတိုက်ဖျက်ရေး ရပ်တည်ချက်အပေါ် မေးခွန်းထုတ်စရာ မလိုတော့ကြောင်း ပြောလိုက်သကဲ့သို့ပင်ဖြစ်သည်။

အစိုးရနှင့် ကော်မရှင်၏ ရပ်တည်ချက်မှာ မည်သို့နည်း။အဂတိလိုက်စားမှုကို သူ့လူကိုယ့်လူမခွဲခြား၊ အဂတိအတိုင်းသာရှုမြင်ကာ ပြတ်ပြတ်သားသား ချေမှုန်းခြင်းဖြစ်သည်။ဒါကို နောက်တစ်မျိုးထပ်ပြောရသော်၊ ယခင်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့သော အဂတိလိုက်စားမှုကို နိုင်ငံရေးအရ အသေသတ်ရန် ခေါင်းစဉ်တပ်ခြင်းနှင့် လူကြားကောင်းရုံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှသည် ပြတ်သားစွာ လမ်းခွဲထွက်လာခြင်း ဖြစ်သည်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့မှ ထုတ်ပြန်သော ၂၀၁၁ ခုနှစ် အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် အညွှန်းကိန်းတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် မြန်မာနိုင်ငံမှာ အဆင့် ၁၈၀ ရှိခဲ့ရာမှ ၂၀၁၅ခုနှစ်တွင် အဆင့် ၁၄၇၊ ၂၀၁၈ခုနှစ်တွင် အဆင့် ၁၃၂ သို့ လျော့ကျလာခြင်းမှာလည်း လက်ရှိ အဂတိတိုက်ဖျက်ရေး ကော်မရှင်၏ စွမ်းဆောင်ရည်ဖြစ်သည်။

ကော်မရှင်၏ စွမ်းဆောင်ရည်မှာ အစိုးရ၏ စွမ်းဆောင်ရည်လည်းဖြစ်သည်။အစိုးရအနေနှင့် အမှန်တကယ် တိုက်ဖျက်လိုစိတ်ရှိပြီး စွမ်းဆောင်နိုင်မည့်သူများကို ရွေးချယ်တာဝန်ပေးအပ်နိုင်ခြင်းနှင့် ကော်မရှင်၏ တိုက်ဖျက်ရေးလုပ်ငန်းများကို ဝင်ရောက်စွက်ဖက်မှု မရှိခြင်းသည် ကော်မရှင်၏ စွမ်းဆောင်ရည်အား ပိုမိုချွန်မြစေပါသည်။

ယခုအရှိန်အတိုင်း ဆက်လှမ်းနိုင်မည်ဆိုပါက ၂၀၂၀ ခုနှစ် နောက်ပိုင်းတွင် မဟာဗျူဟာမြောက် အဂတိတိုက်ဖျက်နိုင်သည့် အဆင့်သို့ ရောက်ရှိလာနိုင်ဖွယ်ရှိသည်။တစ်ခုတော့ရှိသည်။အဂတိကို အဂတိအတိုင်း ကျောသားရင်သား မခွဲခြားဘဲ အမှန်တကယ်တိုက်ဖျက်လိုသည့် အစိုးရ ၂၀၂၀ တွင် ဆက်လက်အာဏာရရှိရန် လိုပေမည်။

မျိုးညွန့် (Popular News)
ကိုးကား - မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦး (တက္ကသိုလ်စိန်တင်)
မတ် - ၂၀

( Zawgyi )

အဂတိလိုက္စားမႈအေၾကာင္းေျပာလွ်င္ ဆင္းရဲမြဲေတမႈႏွင့္ လြတ္လပ္စြာေျပာေရးဆိုခြင့္ မရွိျခင္းတို႔က တြဲလ်က္ပါလာၿမဲ ျဖစ္သည္။ဆက္လက္ၿပီး အႏွစ္ခ်ဳပ္သေကၤတျပဳတာက အာဏာရွင္စနစ္ျဖစ္သည္။

အာဏာရွင္စနစ္က ျပည္သူကို ေက်းကြၽန္ဟုသာ သိမွတ္သည္။ျပည္သူတြင္ မည္သို႔ေသာေျပာေရးဆိုခြင့္မွမရွိ။ အာဏာရွင္တို႔၏ ျပဳမူေဆာင္႐ြက္ခ်က္မ်ားကို ထိန္းေက်ာင္းခြင့္၊ ေဝဖန္ခြင့္မရွိ။အာဏာရွင္အမ်ားစုသည္ ဘယ္လိုပညာရွိကိုမဆို ကိုယ့္ေလာက္တတ္သည္ဟုမထင္၊ ကိုယ္ယိုထားေသာေခ်း ကိုယ့္ဘာသာ ေ႐ႊတုံးႀကီးဟု ယူဆကိုးကြယ္ကာ ဆင္းရဲမြဲေတျခင္းဆီသို႔ ဦးစိုက္ျခင္းႏွင့္ အဂတိလိုက္စားျခင္းတို႔သည္လည္း ကြၽဲကူးေရပါ ျဖစ္လာရၿမဲ ျဖစ္သည္။

ထိုသို႔ဆိုလိုက္သျဖင့္ ခ်မ္းသာႂကြယ္ဝေသာ ဒီမိုကေရစီႏိုင္ငံမ်ားတြင္ အဂတိမရွိဘူးေတာ့မဟုတ္။ခ်မ္းသာျခင္းသည္ မိမိ၏ဂုဏ္သေရကို ထိပါးလာမည့္ ခိုးျခင္းဝွက္ျခင္းကိစၥမ်ိဳးကို မက်ဴးလြန္မိေစေအာင္ ထိန္းေက်ာင္းႏိုင္စြမ္းေသာ အေထာက္အပံ့ေကာင္းျဖစ္သလို ဒီမိုကေရစီအရင္းအျမစ္ အားေကာင္းလွ်င္ ေကာင္းသလို အျပန္အလွန္ ေစာင့္ၾကည့္ထိန္းေက်ာင္းျခင္းသည္လည္း အားေကာင္းသျဖင့္ အဂတိလိုက္စားမႈသည္ ရွိေသာ္လည္း နည္းနည္းက်ဲက်ဲမွ်သာ ျဖစ္သည္။

လြတ္လပ္ေသာ ျမန္မာႏိုင္ငံကေန စတင္ၾကည့္မလား။ျပည္တြင္းစစ္မီး တဝုန္းဝုန္းေတာက္ေလာင္ေနေသာ ဒီမိုကေရစီႏိုင္ငံေတာ္ႀကီးတြင္ စစ္မီးအရွိန္ေၾကာင့္ ျပည့္ဝဒီမိုကေရစီအဆင့္ မတက္လွမ္းႏိုင္ခဲ့ေသာ္လည္း အေရွ႕ေတာင္အာရွႏိုင္ငံမ်ားထဲ တစ္ေပးခံ ထြန္းသစ္စႏိုင္ငံအျဖစ္ ရပ္တည္ႏိုင္ခဲ့သလို အဂတိလိုက္စားမႈ ဆိုသည္မွာလည္း လက္ရဲဇက္ရဲ သိကၡာက်ခံရဲေသာ စုန္းျပဴးတခ်ိဳ႕ႏွင့္သာ အကြၽမ္းဝင္ခဲ့သည္။    

ေသနတ္အားကိုးျဖင့္ ၾကမ္းပိုးထိုးတက္လာေသာ ပထမအာဏာရွင္ လက္ထက္က်ေတာ့ လစ္လွ်င္ေျဖာင္မည္ဆိုသည့္ စိတ္ဓာတ္ စတင္ကိန္းေအာင္းလာသည္။ကိုယ့္ဘာသာ ထင္သလိုလုပ္၊ တိုင္းျပည္ဘ႑ာ ထင္သလိုသုံးျဖဳန္းၿပီး ထင္တစ္လုံးေအာင္ခဲ့ေသာ ပထမအာဏာရွင္ႀကီးက “ငါေျပာသလိုလုပ္၊ ငါလုပ္သလိုမလုပ္နဲ႔” ဆိုသည့္ မူကို ထိထိမိမိကိုင္တြယ္ထားႏိုင္ျခင္းအရ အဂတိလိုက္စားမႈသည္ အာဏာရွင္ႀကီးမွလြဲ အစိုးရအဖြဲ႕အတြင္း လႈိက္စားကြၽမ္းေလာင္ျခင္း နည္းခဲ့ေသာ္လည္း ဆင္းရဲမြဲေတမႈကို ေတာင့္မခံႏိုင္ေတာ့ေသာ ေအာက္ေျခႏွင့္ အလယ္အလတ္အဆင့္တြင္မူ ဖြဲမီးပမာ တေငြ႕ေငြ႕လႈိက္ေလာင္ခဲ့ေလသည္။

ဒုတိယအာဏာရွင္ လက္ထက္ေရာက္ေတာ့ တိုင္းျပည္ႏွင့္ လူမ်ိဳးကို ခ်စ္လွပါသည္ဆိုေသာ အာဏာရယူထားသူအမ်ားစုက ကိုယ္ရကိုယ္ယူစနစ္ျဖင့္ ျပည္သူ႔ဘ႑ာကို သိုက္တူးၾကသည္မွာ အနည္းဆုံး ၁၀ ဘ၀ သုံးျဖဳန္းလို႔ မကုန္ႏိုင္သည့္အဆင့္ျဖစ္သည္။ေျပာရလွ်င္ အာဏာျဖင့္ အပြႀကံျခင္းနည္းမွာ ဒုတိယအာဏာရွင္ လက္ထက္တြင္ အစြမ္းကုန္ ေျခကုန္ထုတ္ကစားခဲ့ၾကသလိုပင္ ျဖစ္သည္။သို႔ေသာ္၊ သိုက္သမားတို႔၏ ထုံးစံအတိုင္း ယေန႔ထိတိုင္ သူတို႔ေလာက္ တိုင္းျပည္ႏွင့္ လူမ်ိဳးကို ခ်စ္သည့္လူမရွိဟု ေျပာေနၾကဆဲျဖစ္သည္။ထားေတာ့။

မိုးခါးေရ ဆိုသည့္ ေဝါဟာရတြင္က်ယ္ခဲ့သည္။မိုးခါးေရ၏ အရသာ မည္သို႔ရွိေလမလဲဟု ျမည္းစမ္းၾကည့္ၾကရာမွ မိုးခါးေရသည္ ေသာက္လို႔ေကာင္းၿပီး ေသာက္မွျဖစ္မည္ဆိုသည့္ ယဥ္ေက်းမႈအသြင္ ျဖစ္လာခဲ့သည္။

အာဏာရွင္မ်ား လက္ထက္တြင္ အဂတိလိုက္စားမႈကို မတိုက္ဖ်က္တာေတာ့မဟုတ္။ဆယ္ခါ့တစ္ခါလိုမ်ိဳး အာဏာရွင္တို႔ ဉာဏ္အလင္းပြင့္လာသည့္ အခ်ိန္မ်ိဳးတြင္ လူၾကားေကာင္း႐ုံ အေပၚယံပါးပါးရွပ္လို႔ တိုက္ဖ်က္တာမ်ိဳးေတာ့ရွိသည္။သူတို႔အေခၚ စီမံခ်က္ကာလျဖစ္သည္။စီမံခ်က္ကာလတြင္ပင္ အေနအထိုင္မတတ္ေသာ ငါးျပားဆယ္ျပား အဂတိသမားမ်ားမွာ စားရသည့္ အဂတိႏွင့္ မတန္ေသာ ေထာင္ဒဏ္ျဖင့္ ကိုင္းႀကီးႀကီးမွာ နားလိုက္ရသည္။

အဂတိလိုက္စားမႈႏွင့္ ပတ္သက္၍ အာဏာရွင္တို႔ ေနာက္တစ္နည္း တြင္တြင္က်ယ္က်ယ္ အသုံးျပဳသည္မွာ ႏိုင္ငံေရးအရ သိကၡာခ်အေသသတ္ျခင္းျဖစ္သည္။အုပ္စုတြင္းအားၿပိဳင္မႈတြင္ လည္မ်ိဳနင္းလိုက္ႏိုင္သူက အေရးနိမ့္သူမ်ားအား အဂတိလိုက္စားျခင္းဟု ေခါင္းစဥ္တပ္ကာ အေသသတ္ျခင္း ျဖစ္သည္။

ပထမအာဏာရွင္ႀကီးဆိုလွ်င္ သူ႔ကို ေျခရာခ်င္းတိုင္းလာႏိုင္သည္ဟု ယူဆေသာ (သို႔မဟုတ္) သူမၾကည္ျဖဴေတာ့ေသာသူမ်ားကို ျဖဳတ္႐ုံထုတ္႐ုံတင္မက အဂတိတံဆိပ္ကပ္ကာ ေထာင္ထဲပို႔ေလ့ရွိသည္။တစ္ခါက ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ ဗဟိုေကာ္မတီေ႐ြးေကာက္ရာတြင္ ဝန္ႀကီး ဦးထြန္းလင္း ႏွင့္ ဦးသန္းစိန္ တို႔ ရရွိေသာမဲမွာ အာဏာရွင္ႀကီး ရရွိေသာမဲထက္ မ်ားေနသျဖင့္ အမ်က္ေတာ္အရွခံရေတာ့သည္။
ေထာက္လွမ္းေရးတို႔က ျပစ္ခ်က္လိုက္ရွာေသာ္လည္း ေျပာေလာက္စရာ ဘာမွမေတြ႕၊ ေနာက္ဆုံးေတာ့ ဓာတ္ဆီတစ္ဂါလံသုံးမႈဟုဆိုကာ တရား႐ုံးတင္ ေထာင္ခ်ျခင္းခံရသည္။ထိုသို႔ေသာ သင္ခန္းစာမ်ိဳးက ႀကီးႀကီးမားမား ရွိခဲ့ေလေတာ့ ေနာက္ပိုင္း ဗဟိုေကာ္မတီေ႐ြးခ်ယ္ရာ၌ ဗဟိုေကာ္မတီတို႔၏ အဓိကလုပ္ေဆာင္မႈမွာ မဲမ်ားမ်ားမရေရး ျဖစ္ေနေတာ့ေၾကာင္း သိရသည္။

ထိုသို႔ေသာ အဂတိေခါင္းစဥ္တပ္ထားေသာ ႏိုင္ငံေရးအေသသတ္မႈနည္းမွာ ပထမအာဏာရွင္၏ လက္သုံးေတာ္ဓားျဖစ္ခဲ့သလို ဒုတိယအာဏာရွင္ လက္ထက္တြင္လည္း ယင္းကို အႀကီးအက်ယ္ အေမြဆက္ခံခဲ့သည္။ထို႔ေၾကာင့္ပင္ ဒုတိယအာဏာရွင္ လက္ထက္ အျဖဳတ္ခံလိုက္ရေသာ ရာထူးႀကီးပုဂၢိဳလ္တိုင္းလိုလိုမွာ အဂတိလိုက္စားမႈေၾကာင့္ဟု ေခါင္းစဥ္အတပ္ခံရေလ့ရွိသည္။
ဒုတိယအာဏာရွင္ လက္ထက္တြင္ လုပ္ပိုင္ခြင့္ရွိလွ်င္ ရွိသလို အမ်ားစုက အဝစားေနၾကျခင္းေၾကာင့္ အဂတိေခါင္းစဥ္တပ္ရန္ အဂတိျပစ္ခ်က္ကို ျပဴးၿပဲရွာစရာမလိုဟု ထင္၏။

မည္သည့္အေၾကာင္းေၾကာင့္ ျဖဳတ္သည္ျဖစ္ေစ အဂတိလိုက္စားျခင္း ေခါင္းစဥ္တပ္လိုက္ျခင္းေၾကာင့္ အျဖဳတ္ခံရသူကို ႏိုင္ငံေရးအရ အေသသတ္ၿပီးသားျဖစ္သလို အဂတိလိုက္စားမႈကို တိုက္ဖ်က္ေနသည့္ အစိုးရဟူ၍ ျပည္သူမ်ားအား အတည္ေပါက္ ဟန္လုပ္ျပႏိုင္သျဖင့္ ျပဳတ္တိုင္းၾကားရေသာ ေခါင္းစဥ္ျဖစ္ေနျခင္းဟု ထင္၏။

ဒါကို ဆက္အထူးျပဳရေသာ္ အာဏာရွင္တို႔သည္ သူတို႔ကိုယ္တိုင္ က်ဴးလြန္ေနၾကေသာ အဂတိလိုက္စားမႈကို ဟန္ျပတိုက္ဖ်က္ျခင္းႏွင့္ ႏိုင္ငံေရးအရ အေသသတ္ရန္အတြက္သာ အသုံးျပဳၾကေၾကာင္း ျပည္သူတိုင္းက လက္ခံခဲ့ၾကသည္။

ထိုသို႔ေသာျပဳမူမႈမွာ ဘယ္အခ်ိန္ထထိလဲဟုဆိုေတာ့ ျပည္ခိုင္ၿဖိဳးအစိုးရ လက္ထက္ထိပင္ ျဖစ္သည္။ျပည္ခိုင္ၿဖိဳးအစိုးရ လက္ထက္တြင္  လာဘ္ေပးလာဘ္ယူမႈ ပေပ်ာက္ေရး ေကာ္မရွင္ (ေနာက္ပိုင္းတြင္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ဟု အမည္ေျပာင္း) ကို ဖြဲ႕စည္းခဲ့ေသာ္လည္း ယင္းသို႔ဖြဲ႕စည္းမႈမွာ ေ႐ြးေကာက္ခံအစိုးရတြင္ ရွိသင့္ရွိအပ္ေသာ ယူနီေဖာင္းအျဖစ္ထက္ မပို။ဒီခ်ဳပ္အစိုးရလက္ထက္က်မွ ေဖာ္ထုတ္ႏိုင္ခဲ့ေသာ မေကြးတိုင္း၊ မႏၲေလးတိုင္းႏွင့္ ဧရာဝတီတိုင္းတို႔မွ ျပည္ခိုင္ၿဖိဳးဝန္ႀကီးခ်ဳပ္မ်ား ေဒသဖြံ႕ၿဖိဳးေရး ရန္ပုံေငြမ်ားစြာ အစိုးရသစ္သို႔ လႊဲေျပာင္းမႈမရွိျခင္းႏွင့္ မႏၲေလး၌ အစိုးရအကူးအေျပာင္း ကာလအတြင္း ေျမကြက္မ်ားစြာ လက္သိပ္ထိုးေပးခဲ့ျခင္းမ်ားအရ ျပည္ခိုင္ၿဖိဳးအစိုးရ လက္ထက္တြင္ ႀကီးက်ယ္ေသာ အဂတိမ်ားရွိခဲ့ေသးေၾကာင္း ျငင္းလို႔မရေသာ သက္ေသေကာင္းမ်ားျဖစ္သည္။သို႔ေသာ္၊ ႀကီးက်ယ္ေသာ အဂတိလိုက္စားမႈမ်ိဳး ျပည္ခိုင္ၿဖိဳးအစိုးရ လက္ထက္၌ ေဖာ္ထုတ္ႏိုင္ခဲ့ျခင္းမရွိေပ။ထို႔ျပင္ တခ်ိဳ႕ေသာ အဂတိေခါင္းစဥ္ျဖင့္ ရာထူးျဖဳတ္ ေထာင္ထဲသြင္းျခင္းတြင္ ပြင့္လင္းျမင္သာမႈ လုံးဝမရွိေသာ တရားစီရင္မႈအရ ယခင္အာဏာရွင္အစိုးရတို႔၏ အမူအက်င့္အတိုင္း ႏိုင္ငံေရးအေသသတ္ျခင္းဟု သံသယပြားရေပသည္။

ေျပာရလွ်င္ ႏွစ္မ်ားစြာၾကာ ယဥ္ေက်းမႈအသြင္ အားေကာင္းခဲ့ေသာ အဂတိလိုက္စားျခင္းသည္ ျပည္ခိုင္ၿဖိဳးအစိုးရ လက္ထက္တြင္ ေျဗာင္လာဘ္စားျခင္းမ်ိဳး ေလ်ာ့ပါးသြားသည္မွအပ ထူးျခားမလာ။ထိေရာက္သည့္ကိုင္တြယ္မႈ မရွိျခင္းေၾကာင့္ ရမွတ္သုညျဖင့္ ဂိတ္ဆုံးခဲ့သည္။

ဒီခ်ဳပ္အစိုးရတက္လာသည္။အဂတိတိုက္ဖ်က္ေရး ေကာ္မရွင္မွာ ယခင္အတိုင္း အမွတ္ေပးစရာမရွိ။၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာ ၂၃ ရက္၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ အသစ္စတင္လိုက္ခ်ိန္မွာေတာ့ အေျပာင္းအလဲကို စတင္ျမင္လာရသည္။ႏိုင္ငံေတာ္အႀကီးအကဲမ်ားက အဂတိလိုက္စားေသာ မည္သူ႔ကိုမဆို ထိေရာက္စြာအေရးယူရန္ ေကာ္မရွင္သို႔ လုပ္ပိုင္ခြင့္အျပည့္ေပးထားေၾကာင္း ေျပာသည္။

ပထမ၊ FDA ၫႊန္ခ်ဳပ္ကို လာဘ္စားမႈျဖင့္ ေကာ္မရွင္က တရားစြဲတင္လိုက္သျဖင့္ က်ယ္ေလာင္ေသာ လက္ခုပ္သံ ၾကားလိုက္ရသည္။မလိုသူအခ်ိဳ႕က ကိုယ့္ကန္ထဲက ငါးႀကီးႀကီးကို အရင္ဖမ္းျပရန္ ေတာင္းဆိုသည္။ဆိုလိုတာက FDA ၫႊန္ခ်ဳပ္မွာ ကိုယ့္လူမဟုတ္၊ တျခားကန္ထဲကငါး။ႏိုင္ငံေရးအရ သိကၡာခ်လိုသျဖင့္ တျခားကန္ထဲက ငါးႀကီးကိုသာ ဖမ္းျပျခင္းလားဟု ယခင္အစြဲအလမ္းအတိုင္း ႏိုင္ငံေရးႏွင့္ အဂတိကို ေလႏွင့္ ဝမ္း မကြဲေသာအျမင္ျဖင့္ ေျပာခ်င္ပုံရသည္။

ဒုတိယ၊ စီမံ/ဘ႑ာ ဝန္ႀကီးေဟာင္းကို အဂတိႏွင့္ ၿငိ၊ မၿငိ စစ္ေဆးခဲ့ေသာ္လည္း မၿငိ၍အေရးမယူဟု ဆိုသျဖင့္ ကိုယ့္ကန္ထဲက ငါးႀကီးႀကီးမို႔ ေရွာ္လိုက္တာလားဟု ေမးေငါ့ၾကသည္။

တတိယ၊ သ႐ုပ္ေဆာင္ ေအာင္ရဲေထြး အသတ္ခံရမႈကို ျပန္လည္႐ုပ္သိမ္းျခင္းအေပၚ ေကာ္မရွင္ကိုင္တြယ္ခဲ့ရာ ေနာက္ထပ္လက္ခုပ္သံမ်ား ထပ္ရသည္။သို႔ေသာ္၊ တခ်ိဳ႕ကေတာ့ တျခားကန္ထဲကငါးဟုဆိုကာ ေလႏွင့္ ဝမ္း ဆက္မကြဲျပန္။

မတ္လ ၁၀ ရက္ေန႔တြင္ေတာ့ ကိုယ့္ကန္ထဲကငါးႀကီးႀကီး။တနသၤာရီဝန္ႀကီးခ်ဳပ္ပါ ၄ ဦးကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒျဖင့္ အမႈဖြင့္လိုက္ေၾကာင္း ေၾကညာလိုက္ခ်ိန္မွာေတာ့ အစိုးရႏွင့္ အဂတိတိုက္ဖ်က္ေရး ေကာ္မရွင္တို႔၏ အဂတိတိုက္ဖ်က္ေရး ရပ္တည္ခ်က္အေပၚ ေမးခြန္းထုတ္စရာ မလိုေတာ့ေၾကာင္း ေျပာလိုက္သကဲ့သို႔ပင္ျဖစ္သည္။

အစိုးရႏွင့္ ေကာ္မရွင္၏ ရပ္တည္ခ်က္မွာ မည္သို႔နည္း။အဂတိလိုက္စားမႈကို သူ႔လူကိုယ့္လူမခြဲျခား၊ အဂတိအတိုင္းသာရႈျမင္ကာ ျပတ္ျပတ္သားသား ေခ်မႈန္းျခင္းျဖစ္သည္။ဒါကို ေနာက္တစ္မ်ိဳးထပ္ေျပာရေသာ္၊ ယခင္အစိုးရအဆက္ဆက္ က်င့္သုံးခဲ့ေသာ အဂတိလိုက္စားမႈကို ႏိုင္ငံေရးအရ အေသသတ္ရန္ ေခါင္းစဥ္တပ္ျခင္းႏွင့္ လူၾကားေကာင္း႐ုံ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးမွသည္ ျပတ္သားစြာ လမ္းခြဲထြက္လာျခင္း ျဖစ္သည္။

ႏိုင္ငံတကာ ပြင့္လင္းျမင္သာမႈရွိေရးအဖြဲ႕မွ ထုတ္ျပန္ေသာ ၂၀၁၁ ခုႏွစ္ အဂတိလိုက္စားမႈႏွင့္ ပတ္သက္သည့္ အၫႊန္းကိန္းတြင္ ကမာၻ႔ႏိုင္ငံေပါင္း ၁၈၂ ႏိုင္ငံအနက္ ျမန္မာႏိုင္ငံမွာ အဆင့္ ၁၈၀ ရွိခဲ့ရာမွ ၂၀၁၅ခုႏွစ္တြင္ အဆင့္ ၁၄၇၊ ၂၀၁၈ခုႏွစ္တြင္ အဆင့္ ၁၃၂ သို႔ ေလ်ာ့က်လာျခင္းမွာလည္း လက္ရွိ အဂတိတိုက္ဖ်က္ေရး ေကာ္မရွင္၏ စြမ္းေဆာင္ရည္ျဖစ္သည္။

ေကာ္မရွင္၏ စြမ္းေဆာင္ရည္မွာ အစိုးရ၏ စြမ္းေဆာင္ရည္လည္းျဖစ္သည္။အစိုးရအေနႏွင့္ အမွန္တကယ္ တိုက္ဖ်က္လိုစိတ္ရွိၿပီး စြမ္းေဆာင္ႏိုင္မည့္သူမ်ားကို ေ႐ြးခ်ယ္တာဝန္ေပးအပ္ႏိုင္ျခင္းႏွင့္ ေကာ္မရွင္၏ တိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို ဝင္ေရာက္စြက္ဖက္မႈ မရွိျခင္းသည္ ေကာ္မရွင္၏ စြမ္းေဆာင္ရည္အား ပိုမိုခြၽန္ျမေစပါသည္။

ယခုအရွိန္အတိုင္း ဆက္လွမ္းႏိုင္မည္ဆိုပါက ၂၀၂၀ ခုႏွစ္ ေနာက္ပိုင္းတြင္ မဟာဗ်ဴဟာေျမာက္ အဂတိတိုက္ဖ်က္ႏိုင္သည့္ အဆင့္သို႔ ေရာက္ရွိလာႏိုင္ဖြယ္ရွိသည္။တစ္ခုေတာ့ရွိသည္။အဂတိကို အဂတိအတိုင္း ေက်ာသားရင္သား မခြဲျခားဘဲ အမွန္တကယ္တိုက္ဖ်က္လိုသည့္ အစိုးရ ၂၀၂၀ တြင္ ဆက္လက္အာဏာရရွိရန္ လိုေပမည္။

မ်ိဳးၫြန႔္ (Popular News)
ကိုးကား - ျမန္မာ့ဒီမိုကေရစီခရီးႏွင့္ သူရဦးတင္ဦး (တကၠသိုလ္စိန္တင္)
မတ္ - ၂၀