【 ဆောင်းပါး 】 သောင်ပြိုကမ်းပြို နိုင်အောင်တိုက်ရဦးမည့် ၂၀၂၀ ရွေးကောက်ပွဲ

【 ဆောင်းပါး 】 သောင်ပြိုကမ်းပြို နိုင်အောင်တိုက်ရဦးမည့် ၂၀၂၀ ရွေးကောက်ပွဲ

ယခုရက်ပိုင်းအတွင်း ဒဂုံတက္ကသိုလ်နေ့ရက်များအကြောင်း ဆောင်းပါးတစ်ပုဒ်ရေးဖြစ်သည်။ ၁၉၉၄- ၁၉၉၅ ခုနှစ်က အကြောင်းဆိုတော့ ပြီးခဲ့သည့် ၂၅ နှစ်က အကြောင်းဖြစ်သည်။ ၂၅ နှစ်ဆိုသည်မှာ မျိုးဆက်တစ်ဆက်စာ အချိန်ကာလ။ ၂၅ နှစ်တာ အချိန်ကာလကို သိပ်ကိုကြာလွန်းသောနှစ်များဟု တချို့ကယူဆကြမည်လားမသိ။ဒဂုံတက္ကသိုလ်နေ့ရက်များကို လည်ပြန်ငေးကြည့်တော့ ကျနော့်အတွက် သိပ်မကြာသေးသလို။

သို့သော်၊ ထိုအချိန်က ဒဂုံတက္ကသိုလ်ထဲက ကျနော်တို့ထိုင်နေကျ ‘ဝမ်ဝမ်’ ကန်တင်းတွင်ရောင်း သည့် လက်ဖက်ရည်တစ်ခွက် ၇ ကျပ်၊ ဗိုက်ပြည့်သည်ဆိုရုံရသော ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်တစ်ပွဲ ၂၅ ကျပ်ဆိုသည့်အကြောင်း ရောက်သွားတော့ ကိုယ့်သိမှတ်မှုကိုယ် သံသယဖြစ်ကာ အတွေးက အလိုလိုရပ်သွားသည်။

ကျနော့်စိတ်ထဲ ဘာမှမကြာသေးသောကာလ ၂၅ နှစ်တာအတွင်း ငွေကြေးဖောင်းပွမှုက ဒီလောက်တောင်များသွားတာလား။ကိုယ့်မှတ်ဉာဏ်ကပဲ ၂၅၀ ကို သုညတစ်လုံးလျှော့ကာ ၂၅ ကျပ်ဟု မှားယွင်းမှတ်သားမိနေခြင်းလားဟု ရှုပ်ထွေးနေမိသည်။

ဒါနဲ့ ကျနော်နှင့်တစ်တန်းတည်းတက်ခဲ့သော ကျနော့်ငယ်သူငယ်ချင်းဆီ ချက်ချင်းဖုန်းဆက် အဖြေ ညှိကြည့်တော့ ကျနော့်မှတ်ဉာဏ်မှာ မမှား။အမှန်တကယ်ကို ၂၅ ကျပ်။စဉ်းစားကြည့်၊ တက္ကသိုလ်ပထမနှစ်တက်နေသော ကျောင်းသားတစ်ယောက် ဗိုက်ပြည့်ရုံအထိ အသားသိပ်မများသော ခေါက်ဆွဲကြော်၊ ကြာဇံကြော် တစ်ပွဲသည် ၂၅ကျပ်။

ကျနော့်သားတို့ ကျနော်တူတို့ကို ၂၅ ကျပ်တန် ခေါက်ဆွဲကြော်အကြောင်း ပြောပြဖြစ်ပါက ကျနော့်စကားကို မယုံသင်္ကာဖြစ်ကြဦးမှာပဲဟု ဆက်တွေးမိပြန်သည်။

ကျနော့် သားနှင့် တူတို့မှာ သူတို့ငယ်ငယ်တုန်းက ကျနော်နှင့်အတူ သိပ်အိပ်ချင်ကြသည်။ဘာ့ကြောင့်လဲဆိုတော့ ကျနော်က ပုံပြင်ပြောပြ၍ဖြစ်သည်။ကျနော်က ပုံပြင်များကတစ်ဆင့် မေတ္တာတရား၊ ကိုယ်ချင်းစာတရားနှင့် အမှန်တရားတို့ သူတို့နှလုံးသားထဲ နည်းနည်းဖြင့်စီးဝင်လည်း မနည်းဘူးဆိုသည့်စိတ်ဖြင့် ပြောပြခြင်းဖြစ်သည်။

သူတို့နည်းနည်းကြီးလာ၊ ပုံပြင်များမကြိုက်တော့သည့်အချိန်ရောက်တော့ ကျနော်တို့နင့်နေအောင် ဖြတ်သန်းခဲ့ရသော စစ်အစိုးရအကြောင်းပြောပြသည်။ကိုယ်ကခံခဲ့ရသဖြင့် တစ်သက်တာအခဲမကျေနိုင်ဖြစ်ကာ အာဃာတတရားကြီးစွာဖြင့် ပြောပြခြင်းမဟုတ်ပါ။မြန်မာ့နိုင်ငံတွင် အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက် ကျနော်တို့မျိုးဆက်သစ်များတွင် အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ် အမြစ်တွယ်စေရေးအတွက်ဖြစ်သည်။

ကျနော့် သားရော တူများပါ ကျနော့်ကိုမကြောက်ကြပါ။သူတို့ငယ်စဉ်ကတည်းက ကျနော့်ကိုမကြောက်ရလေအောင် ဆက်ဆံရေးထူထောင်ထားသဖြင့် မကြောက်ကြခြင်းဖြစ်သည်။ထို့ကြောင့် ကျနော့် သားနှင့် တူများက ကျနော်ဘာပြောပြော လူကြီးပြောသမျှ အမှန်ဟုထင်ကာ ခေါင်းငြိမ့်လေ့မရှိ။သူတို့မယုံလျှင် ပြန်လှန်မေးခွန်းထုတ်တတ်သည်။

ဥပမာ - ကျနော် ၁၆ နှစ်ပြည့်စအချိန်တွင် ထောင်ထဲရောက်ခြင်းကို သူတို့မယုံ။(ကျနော်ကိုယ်တိုင်သည်လည်း ယခုအရွယ်အတွေးဖြင့် ၁၆ နှစ်သားကလေးကို ထောင်ထဲထည့်ခြင်းအား ယုံရခက်လှသည်။) ကျနော့်တူဆိုလျှင် သူ့အသက်က ၁၆ နှစ်ကျော်ပြီမို့ သူ့အရွယ် သူတို့ဘဝပေးနှင့်နှိုင်းကာ လက်မခံချင်။ကျနော့်သားဆိုလျှင်လည်း ‘အခုမှ ၁၀ တန်းဖြေပြီးခါစ ကလေးအရွယ်ကို ထောင်ထဲထည့်ပါ့မလား။’ ဟု မေးခွန်းထုတ်သည်။သူ့အမေထံ ကျနော်ပြောတာ ဟုတ်၊ မဟုတ် ကွန်ဖန်းထပ်လုပ်သည်။သေချာပြီဆိုမှ ‘ကလေးအရွယ်ကို ဘာလို့ သူတို့ထောင်ထဲထည့်ရတာလဲ’ ဟု မေးခွန်းထပ်ထုတ်သည်။

အာဏာရှင်တို့မည်သည် သူတို့၏အာဏာကိုထိပါးလာလျှင် ကလေးတစ်ယောက်ကိုလည်း သေနတ်နှင့်ပစ်ရဲခဲ့ကြောင်း ရှစ်လေးလုံးအရေးတော်ပုံအတွင်း ကျဆုံးသွားသော အဖြူအစိမ်းဝတ်ကျောင်းသားများအကြောင်း၊ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကို ကြိုးပေးသတ်ခဲ့ရုံမက သူ့မိသားစုတစ်စုလုံး၏ဘဝကို ညှင်းပန်းနှိပ်စက်၊ မည်သည့်နိုင်ငံရေးမျှမလုပ်သော မိဘနှစ်ပါးကိုပင် ထောင်ထဲထည့်သည့်အကြောင်း၊ အာဏာရှင်တို့မည်သည် သူတို့အာဏာကိုထိပါးလာလျှင် သူတို့၏တပည့်သားမြေးများကိုလည်း ချမ်းသာမပေးကြောင်းရှင်းပြရသည်။

နောက်ထပ် သူတို့မယုံကြည်သည့် အကြောင်းများမှာ နိုင်ငံရေးစကားကို လက်ဖက်ရည်ဆိုင်တွင် ကျယ်ကျယ်မပြောရဲ၊ ပြည်ပအသံလွှင့်ဌာနများကို ကိုယ့်အိမ်ထဲတွင်ပင် ကျယ်ကျယ်မဖွင့်ရဲခြင်းနှင့် ဟန်းဖုန်းတစ်လုံး သိန်းသုံး၊ လေးဆယ် ပေးရသည့်အကြောင်းတို့ဖြစ်သည်။

‘ဘာလို့ ဖုန်းတစ်လုံး သိန်းသုံး၊ လေးဆယ် ပေးရတာလဲ’ တဲ့။ကျနော့်စကားကို သူတို့မယုံ။ဘယ်လိုမှလည်းယုံကြည်စရာမရှိ။ဆင်းကတ်တစ်ကတ်မှ ကျပ်တစ်ထောင်ပင် မပေးရတော့သည့်ကာလတွင် သူတို့လူဖြစ်လာသဖြင့် ကျနော့်စကားကို သူတို့ချက်ချင်းလက်မခံနိုင်ခြင်းမှာ သဘာဝကျသည်။

‘ဘာလို့ အဲလောက်ဈေးကြီးတာလဲ။’

‘တမင်ကိုဈေးကြီးအောင်လုပ်ထားတာ။’

‘ဘာလို့ တမင်လုပ်ရတာလဲ’

‘လူလူချင်းဝေးနေအောင်ပေါ့။ဖုန်းတွေသိပ်မရှိတော့ တစ်နယ်နဲ့ တစ်နယ် အလွယ်တကူဆက်သွယ်လို့မရတော့ဘူး။ဒေသတစ်ခုမှာဖြစ်တဲ့ပြဿနာကို တခြားဒေသက အလွယ်တကူမသိနိုင်ဘူး။နိုင်ငံရပ်ခြားနဲ့လည်း အလွယ်တကူမဆက်သွယ်နိုင်ဘူး။နိုင်ငံတကာနဲ့ အလွယ်တကူမဆက်သွယ်နိုင်တော့ သူတို့ဆီမှာ ဘာဖြစ်နေပြီလဲဆိုတာ သေချာမသိနိုင်သလို ကိုယ့်ဆီကအဖြစ်အပျက်ကိုလည်း မသိနိုင်ဘူး။’ ဟု သူတို့နားလည်မည့်စကားများဖြင့် ရှင်းပြတော့ ကျနော့်သားက ခေါင်းကုတ်သည်။

ကျနော်တို့ လူငယ်ဘဝတွင် ဟန်းဖုန်းမပြောနဲ့၊ ကြိုးဖုန်းတစ်လုံးရှိရန်ပင်မလွယ်။ကြိုးဖုန်းလောက်ရှိလျှင်ပင် ဖုန်းအဝင်အထွက်ဌားစား၊ မိသားစုဈေးဖိုးလောက်တော့ အေးဆေးရသည်အထိ ဖုန်းကရှားပါးလွန်းလှသဖြင့် အင်တာနက်ဆိုသည့်ဝေါဟာရမှာ ကျနော်တို့အဘိဓာန်ထဲ တော်တော်နောက်ကျပြီးမှ ရောက်ခဲ့သည်။

‘ကွန်ပျူတာလောက် စာရိုက်တတ်ရင်ကို လူလေးစားခံရပြီ။’ ဟု ကျနော့်လူငယ်ဘဝကိုပြောပြတော့ ကျနော့်သားကရယ်သည်။

ပြီးတော့ အာဏာရှင်တို့၏ အာဏာဖြင့်သိုက်တူးခြင်းနှင့် သားတူညီများကောင်းစားရေးအကြောင်း ပြောပြလျှင်လည်း သူတို့အထူးတလည်စိတ်ဝင်စားကြသည်။သို့သော်၊ ထုံးစံအတိုင်း ကျနော့် သားနှင့် တူများက သိပ်မယုံချင်။စစ်အစိုးရ ဗိုလ်ချုပ်များစွာတို့၏ ယုံရခက်လှသော ကြွယ်ဝချမ်းသာမှုအကြောင်း ပြည်သူများမယုံကြည်အောင် မည်သူကမှ (ကျနော်တို့ ရိုးသားစွာ တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့ကြောင်း) သက်သေမပြ။ထို့ကြောင့် ပြည်သူတို့က စစ်အစိုးရ၏အာဏာဖြင့် အကြီးအကျယ်သိုက်တူးခဲ့ခြင်းကို ယနေ့ထိတိုင်ယုံကြည်မြဲ။ယနေ့ခေတ် လူငယ်လေးများပင် ယုံကြည်ကြောင်းသိရသည်။သို့သော်၊ ဘယ်တုန်းကမှမကောင်းခဲ့သော စစ်အစိုးရက နောက်ဆုံးအချိန်တွင် ကောင်းခဲ့သလိုလို အရေးအသားတချို့ကြောင့် သူတို့လူငယ်လေးများ၏အာရုံကို လမ်းလွှဲပေးနေကြောင်းသိရ၍ ထိတ်လန့်မိပြန်သည်။

ပထမအကျော့ ကိုဗစ်ငြိမ်ခါစ ပလတ်စတစ်ကာထားသော New Normal ဆိုင်တစ်ဆိုင်တွင် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်မှ မဲစတင်ပေးရမည့် အသက် ၂၀ စွန်းရုံ လူငယ်လေးတစ်ဦးနှင့် စကားလက်ဆုံကျမိတော့ သူက ‘စစ်အစိုးရက တိုင်းပြည်ဖွတ်ဖွတ်ညက်ညက်ကြေအောင် ရသလောက်အကုန်စားပြီးတော့မှ ဒီမိုကရေစီပေးတာလား’ ဟု မေးသဖြင့် ကျနော်ထိတ်လန့်ခဲ့ခြင်းဖြစ်သည်။

ကျနော်ထိတ်လန့်ခဲ့သည်မှာ ဒီမိုကရေစီပေးတာလားဆိုသည့် လူငယ်လေး၏ ထင်မြင်မှုကိုဖြစ်သည်။ထို့ကြောင့် စစ်အစိုးရ၏ အာဏာရှင်အဖြစ် ရှေ့ဆက်လှမ်းရန်ခက်လာသည့်အခြေအနေ၊ မသေမချင်း အာဏာရှင်အဖြစ် ဆက်လက်မင်းမူလျှင် ပထမအာဏာရှင်ကြီးကဲ့သို့ အကျယ်ချုပ်ဘဝဖြင့် သေရာပါသွားနိုင်မလားဆိုသည့် တွေးလုံး။နှစ် ၂၀ ကျော်ကြာ အပြင်းအထန်ဖိနှိပ်ခဲ့သည့်တိုင် ဒီမိုကရေစီအင်အားစု ပိုမိုကြီးထွားလာသလို ပြည်သူတို့၏ ဒီမိုကရေစီရေးအိပ်မက်ကို မဖယ်ရှားနိုင်ခြင်း စသည့်အခြေအနေများအရ အာဏာရှင်ကြီး စိတ်ကြိုက်ရေးဆွဲခဲ့သော အခြေခံဥပဒေဖြင့် နောက်တစ်လှမ်းဆုတ်ခြင်း (သို့မဟုတ်) စစ်တစ်ပိုင်း ဒီမိုကရေစီသို့ မဖြစ်မနေလှမ်းရသည့်အကြောင်း။

နောက်ပိုင်းထွက်ပေါ်လာသော အချက်အလက်သစ်များအရ စစ်တစ်ပိုင်း ဒီမိုကရေစီခရီးတွင်ပင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုံး၀ဝင်ပါခွင့်မရရေးအတွက် အာဏာရှင်ကြီး၏ ပိုင်းဖြတ်ထားချက်။အမှန်တကယ်ပြုပြင်ပြောင်းလဲပြီဖြစ်ကြောင်း နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ်တော်နိုင်ငံရေးထဲသို့ ဖိတ်ခေါ်၊ လွှတ်တော်ထဲ အတိုက်အခံဘဝဖြင့် သင်္ကြန်အမြောက်ပမာ အသံသာကျယ်ပြီး အဆံမပါနိုင်ဆိုသည့် ၂၅ ရာခိုင်နှုန်း အသာရသလိုဖြစ်နေမှုအပေါ် စိတ်ကူးယဉ်ခန်း။၎င်းတို့၏စိတ်ကူးယဉ်မှုကို ပြည်သူတို့၏ လက်သန်းပေါင်းများစွာက တရေးနိုးစေခဲ့သော ၂၀၁၅ ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သောင်ပြိုကမ်းပြိုအနိုင်ရရှိမှု။

ကျနော်တို့ ဘာတစ်ခုမှ အလကားမရခဲ့။အသက်များစွာ၊ ဘဝများစွာဖြင့် ယနေ့သို့ရောက်အောင် လျှောက်ခဲ့သည့်ခရီးတွင် အာဏာရှင်တို့၏စေတနာ တစ်ပြားတစ်စေ့ပင်မပါ။ယခုကာလမှာလည်း ဒီမိုကရေစီရနေပြီဆိုသည့် ကာလမဟုတ်။တစ်ချိန်က အသက်ပေး ဘဝပေးတိုက်ခဲ့ရသလို ယခုအခါသည်လည်း လက်သန်းပေါင်းများစွာ၏ ခွန်အားဖြင့် ဒီမိုကရေစီရရှိရေးတိုက်ပွဲကို ရွေးကောက်ပွဲနည်းဖြင့် တိုက်နေရတုန်း။ရွေးကောက်ပွဲကိုတောင်မှ ၂၅ ရာခိုင်နှုန်း အကျောပေးထားရသလို မမျှတသောအခြေအနေ။

စကားဝိုင်းက တစ်ညနှင့်မပြတ်သဖြင့် နောက်ထပ်တစ်ကျော့ ထပ်မံတွေ့ဆုံကာ ပြောကြဆိုကြ မေးကြဖြေကြရသည်။ယနေ့လူငယ်များတွင် အာဏာရှင်ဆန့်ကျင်ရေးအမြင် ခိုင်မာလာရေးအတွက် အာဏာရှင်တို့အကြောင်း ရည်ရွယ်ချက်ရှိစွာဖြင့် ကျနော်ရှင်းပြခဲ့ခြင်းဖြစ်သည်။ကျနော်တို့ ဒါ့ထက်မက ယနေ့လူငယ်များကို အာဏာရှင်ဆန့်ကျင်ရေးအမွေ လက်ဆင့်ကမ်းပေးရန် လိုအပ်ပေးဦးမည်။

ကျနော်တို့ စကားဝိုင်းအပြီး ထိုလူငယ်လေးက ‘ဒါဆို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ၂၀၁၅ တုန်းကလို ပြည်သူတွေအပြတ်အသတ်နိုင်အောင် တိုက်ရဦးမှာပေါ့’ ဟု ဆိုသဖြင့် ကျနော်မွှေးမြခဲ့ဖူးသည်။

မျိုးညွန့် (Popular News)
အောက်တိုဘာ - ၁၇

( Zawgyi )

ယခုရက္ပိုင္းအတြင္း ဒဂုံတကၠသိုလ္ေန႔ရက္မ်ားအေၾကာင္း ေဆာင္းပါးတစ္ပုဒ္ေရးျဖစ္သည္။ ၁၉၉၄- ၁၉၉၅ ခုႏွစ္က အေၾကာင္းဆိုေတာ့ ၿပီးခဲ့သည့္ ၂၅ ႏွစ္က အေၾကာင္းျဖစ္သည္။ ၂၅ ႏွစ္ဆိုသည္မွာ မ်ိဳးဆက္တစ္ဆက္စာ အခ်ိန္ကာလ။ ၂၅ ႏွစ္တာ အခ်ိန္ကာလကို သိပ္ကိုၾကာလြန္းေသာႏွစ္မ်ားဟု တခ်ိဳ႕ကယူဆၾကမည္လားမသိ။ဒဂုံတကၠသိုလ္ေန႔ရက္မ်ားကို လည္ျပန္ေငးၾကည့္ေတာ့ က်ေနာ့္အတြက္ သိပ္မၾကာေသးသလို။

သို႔ေသာ္၊ ထိုအခ်ိန္က ဒဂုံတကၠသိုလ္ထဲက က်ေနာ္တို႔ထိုင္ေနက် ‘ဝမ္ဝမ္’ ကန္တင္းတြင္ေရာင္း သည့္ လက္ဖက္ရည္တစ္ခြက္ ၇ က်ပ္၊ ဗိုက္ျပည့္သည္ဆို႐ုံရေသာ ထမင္းေၾကာ္၊ ေခါက္ဆြဲေၾကာ္၊ ၾကာဇံေၾကာ္တစ္ပြဲ ၂၅ က်ပ္ဆိုသည့္အေၾကာင္း ေရာက္သြားေတာ့ ကိုယ့္သိမွတ္မႈကိုယ္ သံသယျဖစ္ကာ အေတြးက အလိုလိုရပ္သြားသည္။

က်ေနာ့္စိတ္ထဲ ဘာမွမၾကာေသးေသာကာလ ၂၅ ႏွစ္တာအတြင္း ေငြေၾကးေဖာင္းပြမႈက ဒီေလာက္ေတာင္မ်ားသြားတာလား။ကိုယ့္မွတ္ဉာဏ္ကပဲ ၂၅၀ ကို သုညတစ္လုံးေလွ်ာ့ကာ ၂၅ က်ပ္ဟု မွားယြင္းမွတ္သားမိေနျခင္းလားဟု ရႈပ္ေထြးေနမိသည္။

ဒါနဲ႔ က်ေနာ္ႏွင့္တစ္တန္းတည္းတက္ခဲ့ေသာ က်ေနာ့္ငယ္သူငယ္ခ်င္းဆီ ခ်က္ခ်င္းဖုန္းဆက္ အေျဖ ညႇိၾကည့္ေတာ့ က်ေနာ့္မွတ္ဉာဏ္မွာ မမွား။အမွန္တကယ္ကို ၂၅ က်ပ္။စဥ္းစားၾကည့္၊ တကၠသိုလ္ပထမႏွစ္တက္ေနေသာ ေက်ာင္းသားတစ္ေယာက္ ဗိုက္ျပည့္႐ုံအထိ အသားသိပ္မမ်ားေသာ ေခါက္ဆြဲေၾကာ္၊ ၾကာဇံေၾကာ္ တစ္ပြဲသည္ ၂၅က်ပ္။

က်ေနာ့္သားတို႔ က်ေနာ္တူတို႔ကို ၂၅ က်ပ္တန္ ေခါက္ဆြဲေၾကာ္အေၾကာင္း ေျပာျပျဖစ္ပါက က်ေနာ့္စကားကို မယုံသကၤာျဖစ္ၾကဦးမွာပဲဟု ဆက္ေတြးမိျပန္သည္။

က်ေနာ့္ သားႏွင့္ တူတို႔မွာ သူတို႔ငယ္ငယ္တုန္းက က်ေနာ္ႏွင့္အတူ သိပ္အိပ္ခ်င္ၾကသည္။ဘာ့ေၾကာင့္လဲဆိုေတာ့ က်ေနာ္က ပုံျပင္ေျပာျပ၍ျဖစ္သည္။က်ေနာ္က ပုံျပင္မ်ားကတစ္ဆင့္ ေမတၱာတရား၊ ကိုယ္ခ်င္းစာတရားႏွင့္ အမွန္တရားတို႔ သူတို႔ႏွလုံးသားထဲ နည္းနည္းျဖင့္စီးဝင္လည္း မနည္းဘူးဆိုသည့္စိတ္ျဖင့္ ေျပာျပျခင္းျဖစ္သည္။

သူတို႔နည္းနည္းႀကီးလာ၊ ပုံျပင္မ်ားမႀကိဳက္ေတာ့သည့္အခ်ိန္ေရာက္ေတာ့ က်ေနာ္တို႔နင့္ေနေအာင္ ျဖတ္သန္းခဲ့ရေသာ စစ္အစိုးရအေၾကာင္းေျပာျပသည္။ကိုယ္ကခံခဲ့ရသျဖင့္ တစ္သက္တာအခဲမေက်ႏိုင္ျဖစ္ကာ အာဃာတတရားႀကီးစြာျဖင့္ ေျပာျပျခင္းမဟုတ္ပါ။ျမန္မာ့ႏိုင္ငံတြင္ အာဏာရွင္စနစ္ အၿပီးတိုင္ခ်ဳပ္ၿငိမ္းေစေရးအတြက္ က်ေနာ္တို႔မ်ိဳးဆက္သစ္မ်ားတြင္ အာဏာရွင္ဆန႔္က်င္ေရးစိတ္ဓာတ္ အျမစ္တြယ္ေစေရးအတြက္ျဖစ္သည္။

က်ေနာ့္ သားေရာ တူမ်ားပါ က်ေနာ့္ကိုမေၾကာက္ၾကပါ။သူတို႔ငယ္စဥ္ကတည္းက က်ေနာ့္ကိုမေၾကာက္ရေလေအာင္ ဆက္ဆံေရးထူေထာင္ထားသျဖင့္ မေၾကာက္ၾကျခင္းျဖစ္သည္။ထို႔ေၾကာင့္ က်ေနာ့္ သားႏွင့္ တူမ်ားက က်ေနာ္ဘာေျပာေျပာ လူႀကီးေျပာသမွ် အမွန္ဟုထင္ကာ ေခါင္းၿငိမ့္ေလ့မရွိ။သူတို႔မယုံလွ်င္ ျပန္လွန္ေမးခြန္းထုတ္တတ္သည္။

ဥပမာ - က်ေနာ္ ၁၆ ႏွစ္ျပည့္စအခ်ိန္တြင္ ေထာင္ထဲေရာက္ျခင္းကို သူတို႔မယုံ။(က်ေနာ္ကိုယ္တိုင္သည္လည္း ယခုအ႐ြယ္အေတြးျဖင့္ ၁၆ ႏွစ္သားကေလးကို ေထာင္ထဲထည့္ျခင္းအား ယုံရခက္လွသည္။) က်ေနာ့္တူဆိုလွ်င္ သူ႔အသက္က ၁၆ ႏွစ္ေက်ာ္ၿပီမို႔ သူ႔အ႐ြယ္ သူတို႔ဘဝေပးႏွင့္ႏႈိင္းကာ လက္မခံခ်င္။က်ေနာ့္သားဆိုလွ်င္လည္း ‘အခုမွ ၁၀ တန္းေျဖၿပီးခါစ ကေလးအ႐ြယ္ကို ေထာင္ထဲထည့္ပါ့မလား။’ ဟု ေမးခြန္းထုတ္သည္။သူ႔အေမထံ က်ေနာ္ေျပာတာ ဟုတ္၊ မဟုတ္ ကြန္ဖန္းထပ္လုပ္သည္။ေသခ်ာၿပီဆိုမွ ‘ကေလးအ႐ြယ္ကို ဘာလို႔ သူတို႔ေထာင္ထဲထည့္ရတာလဲ’ ဟု ေမးခြန္းထပ္ထုတ္သည္။

အာဏာရွင္တို႔မည္သည္ သူတို႔၏အာဏာကိုထိပါးလာလွ်င္ ကေလးတစ္ေယာက္ကိုလည္း ေသနတ္ႏွင့္ပစ္ရဲခဲ့ေၾကာင္း ရွစ္ေလးလုံးအေရးေတာ္ပုံအတြင္း က်ဆုံးသြားေသာ အျဖဴအစိမ္းဝတ္ေက်ာင္းသားမ်ားအေၾကာင္း၊ ေက်ာင္းသားေခါင္းေဆာင္ ဆလိုင္းတင္ေမာင္ဦး ကို ႀကိဳးေပးသတ္ခဲ့႐ုံမက သူ႔မိသားစုတစ္စုလုံး၏ဘဝကို ညႇင္းပန္းႏွိပ္စက္၊ မည္သည့္ႏိုင္ငံေရးမွ်မလုပ္ေသာ မိဘႏွစ္ပါးကိုပင္ ေထာင္ထဲထည့္သည့္အေၾကာင္း၊ အာဏာရွင္တို႔မည္သည္ သူတို႔အာဏာကိုထိပါးလာလွ်င္ သူတို႔၏တပည့္သားေျမးမ်ားကိုလည္း ခ်မ္းသာမေပးေၾကာင္းရွင္းျပရသည္။

ေနာက္ထပ္ သူတို႔မယုံၾကည္သည့္ အေၾကာင္းမ်ားမွာ ႏိုင္ငံေရးစကားကို လက္ဖက္ရည္ဆိုင္တြင္ က်ယ္က်ယ္မေျပာရဲ၊ ျပည္ပအသံလႊင့္ဌာနမ်ားကို ကိုယ့္အိမ္ထဲတြင္ပင္ က်ယ္က်ယ္မဖြင့္ရဲျခင္းႏွင့္ ဟန္းဖုန္းတစ္လုံး သိန္းသုံး၊ ေလးဆယ္ ေပးရသည့္အေၾကာင္းတို႔ျဖစ္သည္။

‘ဘာလို႔ ဖုန္းတစ္လုံး သိန္းသုံး၊ ေလးဆယ္ ေပးရတာလဲ’ တဲ့။က်ေနာ့္စကားကို သူတို႔မယုံ။ဘယ္လိုမွလည္းယုံၾကည္စရာမရွိ။ဆင္းကတ္တစ္ကတ္မွ က်ပ္တစ္ေထာင္ပင္ မေပးရေတာ့သည့္ကာလတြင္ သူတို႔လူျဖစ္လာသျဖင့္ က်ေနာ့္စကားကို သူတို႔ခ်က္ခ်င္းလက္မခံႏိုင္ျခင္းမွာ သဘာဝက်သည္။

‘ဘာလို႔ အဲေလာက္ေဈးႀကီးတာလဲ။’

‘တမင္ကိုေဈးႀကီးေအာင္လုပ္ထားတာ။’

‘ဘာလို႔ တမင္လုပ္ရတာလဲ’

‘လူလူခ်င္းေဝးေနေအာင္ေပါ့။ဖုန္းေတြသိပ္မရွိေတာ့ တစ္နယ္နဲ႔ တစ္နယ္ အလြယ္တကူဆက္သြယ္လို႔မရေတာ့ဘူး။ေဒသတစ္ခုမွာျဖစ္တဲ့ျပႆနာကို တျခားေဒသက အလြယ္တကူမသိႏိုင္ဘူး။ႏိုင္ငံရပ္ျခားနဲ႔လည္း အလြယ္တကူမဆက္သြယ္ႏိုင္ဘူး။ႏိုင္ငံတကာနဲ႔ အလြယ္တကူမဆက္သြယ္ႏိုင္ေတာ့ သူတို႔ဆီမွာ ဘာျဖစ္ေနၿပီလဲဆိုတာ ေသခ်ာမသိႏိုင္သလို ကိုယ့္ဆီကအျဖစ္အပ်က္ကိုလည္း မသိႏိုင္ဘူး။’ ဟု သူတို႔နားလည္မည့္စကားမ်ားျဖင့္ ရွင္းျပေတာ့ က်ေနာ့္သားက ေခါင္းကုတ္သည္။

က်ေနာ္တို႔ လူငယ္ဘဝတြင္ ဟန္းဖုန္းမေျပာနဲ႔၊ ႀကိဳးဖုန္းတစ္လုံးရွိရန္ပင္မလြယ္။ႀကိဳးဖုန္းေလာက္ရွိလွ်င္ပင္ ဖုန္းအဝင္အထြက္ဌားစား၊ မိသားစုေဈးဖိုးေလာက္ေတာ့ ေအးေဆးရသည္အထိ ဖုန္းကရွားပါးလြန္းလွသျဖင့္ အင္တာနက္ဆိုသည့္ေဝါဟာရမွာ က်ေနာ္တို႔အဘိဓာန္ထဲ ေတာ္ေတာ္ေနာက္က်ၿပီးမွ ေရာက္ခဲ့သည္။

‘ကြန္ပ်ဴတာေလာက္ စာ႐ိုက္တတ္ရင္ကို လူေလးစားခံရၿပီ။’ ဟု က်ေနာ့္လူငယ္ဘဝကိုေျပာျပေတာ့ က်ေနာ့္သားကရယ္သည္။

ၿပီးေတာ့ အာဏာရွင္တို႔၏ အာဏာျဖင့္သိုက္တူးျခင္းႏွင့္ သားတူညီမ်ားေကာင္းစားေရးအေၾကာင္း ေျပာျပလွ်င္လည္း သူတို႔အထူးတလည္စိတ္ဝင္စားၾကသည္။သို႔ေသာ္၊ ထုံးစံအတိုင္း က်ေနာ့္ သားႏွင့္ တူမ်ားက သိပ္မယုံခ်င္။စစ္အစိုးရ ဗိုလ္ခ်ဳပ္မ်ားစြာတို႔၏ ယုံရခက္လွေသာ ႂကြယ္ဝခ်မ္းသာမႈအေၾကာင္း ျပည္သူမ်ားမယုံၾကည္ေအာင္ မည္သူကမွ (က်ေနာ္တို႔ ႐ိုးသားစြာ တိုင္းျပည္တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း) သက္ေသမျပ။ထို႔ေၾကာင့္ ျပည္သူတို႔က စစ္အစိုးရ၏အာဏာျဖင့္ အႀကီးအက်ယ္သိုက္တူးခဲ့ျခင္းကို ယေန႔ထိတိုင္ယုံၾကည္ၿမဲ။ယေန႔ေခတ္ လူငယ္ေလးမ်ားပင္ ယုံၾကည္ေၾကာင္းသိရသည္။သို႔ေသာ္၊ ဘယ္တုန္းကမွမေကာင္းခဲ့ေသာ စစ္အစိုးရက ေနာက္ဆုံးအခ်ိန္တြင္ ေကာင္းခဲ့သလိုလို အေရးအသားတခ်ိဳ႕ေၾကာင့္ သူတို႔လူငယ္ေလးမ်ား၏အာ႐ုံကို လမ္းလႊဲေပးေနေၾကာင္းသိရ၍ ထိတ္လန႔္မိျပန္သည္။

ပထမအေက်ာ့ ကိုဗစ္ၿငိမ္ခါစ ပလတ္စတစ္ကာထားေသာ New Normal ဆိုင္တစ္ဆိုင္တြင္ ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္မွ မဲစတင္ေပးရမည့္ အသက္ ၂၀ စြန္း႐ုံ လူငယ္ေလးတစ္ဦးႏွင့္ စကားလက္ဆုံက်မိေတာ့ သူက ‘စစ္အစိုးရက တိုင္းျပည္ဖြတ္ဖြတ္ညက္ညက္ေၾကေအာင္ ရသေလာက္အကုန္စားၿပီးေတာ့မွ ဒီမိုကေရစီေပးတာလား’ ဟု ေမးသျဖင့္ က်ေနာ္ထိတ္လန႔္ခဲ့ျခင္းျဖစ္သည္။

က်ေနာ္ထိတ္လန႔္ခဲ့သည္မွာ ဒီမိုကေရစီေပးတာလားဆိုသည့္ လူငယ္ေလး၏ ထင္ျမင္မႈကိုျဖစ္သည္။ထို႔ေၾကာင့္ စစ္အစိုးရ၏ အာဏာရွင္အျဖစ္ ေရွ႕ဆက္လွမ္းရန္ခက္လာသည့္အေျခအေန၊ မေသမခ်င္း အာဏာရွင္အျဖစ္ ဆက္လက္မင္းမူလွ်င္ ပထမအာဏာရွင္ႀကီးကဲ့သို႔ အက်ယ္ခ်ဳပ္ဘဝျဖင့္ ေသရာပါသြားႏိုင္မလားဆိုသည့္ ေတြးလုံး။ႏွစ္ ၂၀ ေက်ာ္ၾကာ အျပင္းအထန္ဖိႏွိပ္ခဲ့သည့္တိုင္ ဒီမိုကေရစီအင္အားစု ပိုမိုႀကီးထြားလာသလို ျပည္သူတို႔၏ ဒီမိုကေရစီေရးအိပ္မက္ကို မဖယ္ရွားႏိုင္ျခင္း စသည့္အေျခအေနမ်ားအရ အာဏာရွင္ႀကီး စိတ္ႀကိဳက္ေရးဆြဲခဲ့ေသာ အေျခခံဥပေဒျဖင့္ ေနာက္တစ္လွမ္းဆုတ္ျခင္း (သို႔မဟုတ္) စစ္တစ္ပိုင္း ဒီမိုကေရစီသို႔ မျဖစ္မေနလွမ္းရသည့္အေၾကာင္း။

ေနာက္ပိုင္းထြက္ေပၚလာေသာ အခ်က္အလက္သစ္မ်ားအရ စစ္တစ္ပိုင္း ဒီမိုကေရစီခရီးတြင္ပင္ အ မ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လုံး၀ဝင္ပါခြင့္မရေရးအတြက္ အာဏာရွင္ႀကီး၏ ပိုင္းျဖတ္ထားခ်က္။အမွန္တကယ္ျပဳျပင္ေျပာင္းလဲၿပီျဖစ္ေၾကာင္း ႏိုင္ငံတကာအသိအမွတ္ျပဳမႈရရွိရန္အတြက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို လႊတ္ေတာ္ႏိုင္ငံေရးထဲသို႔ ဖိတ္ေခၚ၊ လႊတ္ေတာ္ထဲ အတိုက္အခံဘဝျဖင့္ သၾကၤန္အေျမာက္ပမာ အသံသာက်ယ္ၿပီး အဆံမပါႏိုင္ဆိုသည့္ ၂၅ ရာခိုင္ႏႈန္း အသာရသလိုျဖစ္ေနမႈအေပၚ စိတ္ကူးယဥ္ခန္း။၎တို႔၏စိတ္ကူးယဥ္မႈကို ျပည္သူတို႔၏ လက္သန္းေပါင္းမ်ားစြာက တေရးႏိုးေစခဲ့ေသာ ၂၀၁၅ ေ႐ြးေကာက္ပြဲ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေသာင္ၿပိဳကမ္းၿပိဳအႏိုင္ရရွိမႈ။

က်ေနာ္တို႔ ဘာတစ္ခုမွ အလကားမရခဲ့။အသက္မ်ားစြာ၊ ဘဝမ်ားစြာျဖင့္ ယေန႔သို႔ေရာက္ေအာင္ ေလွ်ာက္ခဲ့သည့္ခရီးတြင္ အာဏာရွင္တို႔၏ေစတနာ တစ္ျပားတစ္ေစ့ပင္မပါ။ယခုကာလမွာလည္း ဒီမိုကေရစီရေနၿပီဆိုသည့္ ကာလမဟုတ္။တစ္ခ်ိန္က အသက္ေပး ဘဝေပးတိုက္ခဲ့ရသလို ယခုအခါသည္လည္း လက္သန္းေပါင္းမ်ားစြာ၏ ခြန္အားျဖင့္ ဒီမိုကေရစီရရွိေရးတိုက္ပြဲကို ေ႐ြးေကာက္ပြဲနည္းျဖင့္ တိုက္ေနရတုန္း။ေ႐ြးေကာက္ပြဲကိုေတာင္မွ ၂၅ ရာခိုင္ႏႈန္း အေက်ာေပးထားရသလို မမွ်တေသာအေျခအေန။

စကားဝိုင္းက တစ္ညႏွင့္မျပတ္သျဖင့္ ေနာက္ထပ္တစ္ေက်ာ့ ထပ္မံေတြ႕ဆုံကာ ေျပာၾကဆိုၾက ေမးၾကေျဖၾကရသည္။ယေန႔လူငယ္မ်ားတြင္ အာဏာရွင္ဆန႔္က်င္ေရးအျမင္ ခိုင္မာလာေရးအတြက္ အာဏာရွင္တို႔အေၾကာင္း ရည္႐ြယ္ခ်က္ရွိစြာျဖင့္ က်ေနာ္ရွင္းျပခဲ့ျခင္းျဖစ္သည္။က်ေနာ္တို႔ ဒါ့ထက္မက ယေန႔လူငယ္မ်ားကို အာဏာရွင္ဆန႔္က်င္ေရးအေမြ လက္ဆင့္ကမ္းေပးရန္ လိုအပ္ေပးဦးမည္။

က်ေနာ္တို႔ စကားဝိုင္းအၿပီး ထိုလူငယ္ေလးက ‘ဒါဆို ၂၀၂၀ ေ႐ြးေကာက္ပြဲမွာလည္း ၂၀၁၅ တုန္းကလို ျပည္သူေတြအျပတ္အသတ္ႏိုင္ေအာင္ တိုက္ရဦးမွာေပါ့’ ဟု ဆိုသျဖင့္ က်ေနာ္ေမႊးျမခဲ့ဖူးသည္။

မ်ိဳးၫြန႔္ (Popular News)
ေအာက္တိုဘာ - ၁၇