【 ဆောင်းပါး 】 သွေးပျက်ဖွယ်ရာ တစ်သောင်းတန်အတုပြဿနာ

【 ဆောင်းပါး 】 သွေးပျက်ဖွယ်ရာ တစ်သောင်းတန်အတုပြဿနာ

ရန်ကုန်မြို့ရှိ ကုမ္ပဏီတော်တော်များများ၏ လစာငွေပေးချေမှု ဘဏ်စနစ်ဖြစ်လာသည်မှာ နည်းနည်းတောင်ကြာခဲ့ပြီ။ဝန်ထမ်းတို့၏ လစာကို ကုမ္ပဏီနှင့် ချိတ်ဆက်ထားသော ဘဏ်တွင် စာအုပ်နဲ့ဖြစ်ဖြစ်၊ အေတီအမ်ကတ်နဲ့ဖြစ်ဖြစ် သွားထုတ်။ရသမျှလစာ တစ်ခါတည်းအကုန်ထုတ်လိုသော လစာနည်းဝန်ထမ်းများကတော့ ဘဏ်သို့ တကူးတက သွားထုတ်ရသဖြင့် မကြိုက်သော်လည်း လိုသလောက်သာ ငွေသားထုတ်ယူလိုသော ဝန်ထမ်းများကတော့ ကြိုက်သည်ဟုထင်၏။ထားတော့။    

အေတီအမ်စက်မှ ထွက်လာသမျှ ငွေစက္ကူများတွင် တစ်သောင်းတန်က အများဆုံးဖြစ်သည်။တစ်သောင်းတန်ပြီးလျှင် ဒုတိယအများစုထွက်ရှိလာသည်မှာ ငါးထောင်တန်။ပြီးတော့ တစ်ထောင်တန်။တစ်သောင်းတန်က ကိုယ့်ပိုက်ဆံနဲ့ကိုယ် မယုံသင်္ကာအဖြစ်ခံရသော ငွေစက္ကူမို့ မလိုချင်သော်လည်း မကျေနပ်လျှင် လာမထုတ်နဲ့ပုံစံမျိုး အေတီအမ်စက်၏ သဘောသဘာဝအရ ဘာမှမတတ်နိုင်။

တစ်ခုခုဝယ်သည့်အခါ အခြားငွေစက္ကူများကျတော့ အစုတ်အပြဲ ဟုတ်၊ မဟုတ်သာ စစ်ဆေးကြသော်လည်း တစ်သောင်းတန်ကျတော့ အတုများဖြစ်နေမလားဟူ၍ သေချာစစ်ဆေးခြင်းခံရသည်။လှည်းတန်းက King လားရှိုးခုနှစ်လွှာပေါက်စီဆိုင်တွင်ဆို တစ်သောင်းတန်ငွေစက္ကူ အတုအစစ် ခွဲခြားသိနိုင်မည့်စက် တပ်ဆင်ထားသည်။အရောင်းစင်တာအသီးသီးမှ အရောင်းစာရေးမ အများစုဆိုလျှင် ကိုယ့်ဆိုင်မှပစ္စည်း လာဝယ်သူပါလားဟူ၍ အားမနာနိုင်။တစ်သောင်းတန်ကို သေချာပြူးပြဲ ထောင်ကြည့်စစ်ဆေးသေးသည်။ထိုသို့ပြုမူခြင်းမှာ လူတစ်ဖက်သားအပေါ် စော်ကားလိုခြင်းမဟုတ်။အကယ်၍ သူတို့လက်ခံလိုက်သော ငွေစက္ကူမှာ အတုဖြစ်ခဲ့လျှင် ထိုအတုတစ်သောင်းငွေကို တာဝန်ယူလျော်ပေးရမှာက သူတို့ပဲဆိုတော့ ဘဝပေးအခြေအနေအရ အားမနာနိုင်သည့်သဘောဟု ထင်၏။

သူတို့မပြောနဲ့။ဘဏ်ဝန်ထမ်းများပင်လျှင် အပ်ခြင်း၊ လွှဲခြင်း ငွေများအနက် တစ်သောင်းတန်ဆိုလျှင် သေချာစိစစ်လေ့ရှိသည်။မသင်္ကာသောအရွက်ဆို သေချာပြန်ကြည့်လေ့ရှိသည်။အလကားနေရင်း မယုံသင်္ကာဖြစ်နေကြတာတော့ မဟုတ်။တစ်သောင်းတန်အတုများက အမှန်တကယ်ရှိနေသောကြောင့် ထိုသို့စစ်ရခြင်းဖြစ်သည်။

ဘယ်အချိန်ကတည်းက တစ်သောင်းတန်အတုတွေ ရှိနေသလဲဆိုတော့ ဦးသိန်းစိန် အစိုးရလက်ထက်၊ ၂၀၁၂ ခုနှစ် ဇွန် ၁၅ ရက်နေ့၊ တစ်သောင်းတန်ငွေစက္ကူ ထွက်ပြီး သိပ်မကြာသော အချိန်ကတည်းကဟု ထင်၏။စိတ်ဝင်စားစရာကောင်းတာက ဒီချုပ်အစိုးရလက်ထက်ကျမှ တစ်သောင်းတန်အတု သတင်းကို ခပ်စိပ်စိပ်ကြားလာရခြင်း ဖြစ်သည်။

ထို့ကြောင့် နည်းပညာမြင့်မားလာသော ပရင်တာက ငွေစက္ကူအတုအဖြစ် ခွဲရခက်နိုင်သည်ဟုဆိုသည့် ယုံကြည်ချက်နှင့် အချောင်လိုချင်သော လောဘကြောင့် အတုများ ထွက်ပေါ်လာရသလို နိုင်ငံရေးအောက်လမ်းနည်းအရ အတုထုတ်လုပ်ခြင်းရော မဖြစ်နိုင်ဘူးလားဟု တွေးစရာရှိလာသည်။ထား။

ယခင့်ယခင်က ငွေစက္ကူအတု ပြဿနာများမှာ ပြည်တွင်း၌သာဖြစ်သော ပြဿနာများဖြစ်သော်လည်း ယခုအခါမှာတော့ နိုင်ငံခြားသားနှင့် နိုင်ငံခြားမှ ပြန်လာသူနှင့်ပါ ပါဝင်ပတ်သက်မှု ဖြစ်လာသည်။ကြည့်၊ ယခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း တစ်သောင်းတန်အတု ၃ မှုမှာ နိုင်ငံခြားနှင့် ဆက်စပ်နေသည်။စင်ကာပူနိုင်ငံသား ဇနီးမောင်နှံထံမှ ကျပ်တစ်သောင်းတန် အတု ၄၅ ရွက်၊ ထိုင်းနိုင်ငံသူထံမှ အတု ၄၁ ရွက်နှင့် စင်ကာပူမှ ပြန်လာသော ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ရွာသူထံမှ ၁၅၄ ရွက် တွေ့ရှိခဲ့သည်။

ဗဟိုဘဏ်ဥပဒေများတွင် ငွေအတုမှန်းသိလျက်နှင့် သုံးစွဲခြင်းမပြုလုပ်ရ။အတုကို ပြည်ပမှ တင်သွင်းခြင်း (သို့မဟုတ်) ပြည်ပသို့ တင်ပို့ခြင်း မပြုလုပ်ရ။စသည်ဖြင့် ပြဌာန်းထားသည်ဆိုတော့ ငွေအတုမိပြီဆိုလျှင် မည်သို့သော အကြောင်းကြောင့် ကိုယ့်လက်ထဲ ငွေအတုရောက်ရှိသည်တို့ ဘာတို့က နောက်။လောလောဆယ်မှာတော့ အမှုဖွင့် အချုပ်ထဲရောက်ရသည်။

လက်ရှိကြားသိရသော သတင်းများအရ ထို ၃ မှုစလုံးမှ ငွေအတုရရှိမှု အရင်းအမြစ်မှာ စင်ကာပူနှင့် ထိုင်းရှိ ငွေလဲကောင်တာများမှ ဖြစ်သည်။

စင်ကာပူလင်မယားနှင့် ထိုင်းနိုင်ငံသူတို့ ထွက်ဆိုသကဲ့သို့ ယင်းတစ်သောင်းတန် အတုများကို ၎င်းတို့နိုင်ငံရှိ ငွေလဲဌာနများမှ ရရှိကြောင်းမှန်ပြီး ၎င်းတို့၏ မသိနားမလည်မှုကြောင့် အတုမှန်းမသိဘဲ သုံးစွဲခဲ့ရိုးမှန်ခဲ့သော် သူတို့အတွက် အကြီးအကျယ် ထိခိုက်နစ်နာမှာ သေချာ၏။မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ပါမှ ကံကြမ္မာက အချုပ်ထဲသို့ ပို့ဆောင်ခဲ့လေခြင်း။သူတို့ ၃ ဦးအမှု မကြာမီလုံးဝပြီးမြောက်မည် ထားဦးတော့။နောက်တစ်ကြိမ် မြန်မာနိုင်ငံသို့ လည်ပတ်ရန် စရိတ်ငြိမ်းခေါ်မည့်သူရှိတောင် ကြောက်ပါပြီဗျ..ဟု ပြောမည့်အနေအထား။

သူတို့လို တစ်သောင်းတန် ငွေအတုဖြစ်စဉ်မျိုး နောက်ထပ် နိုင်ငံခြားဧည့်သည်များ ကြုံခဲ့သော် မြန်မာ့ခရီးသွား လုပ်ငန်းအပေါ် သက်ရောက်မှု ရှိလာနိုင်ပါသည်။ပျော်ချင်လို့ လာသည့်နိုင်ငံ၊ အခန့်မသင့်လျှင် ပြဿနာလည်း တက်သွားနိုင်သည်ဆိုပါက ငွေအကုန်ခံပြီး မည်သူကလာမည်နည်း။

ထို့ကြောင့် နိုင်ငံခြားသားများနှင့် တိုက်ရိုက်ဆက်စပ်နေသော ယင်းငွေအတုပြဿနာမှာ မြန်မာနိုင်ငံအတွင်း မြန်မာနိုင်ငံသား တစ်ဦးဦးထံမှ ငွေအတုမိခြင်းထက် များစွာကြီးကျယ်သည့် ပြဿနာဖြစ်သလို ထိရောက်သော ကိုင်တွယ်မှုရှိရန်လည်း လိုအပ်သည်။

နောက်ထပ်ဆွေးနွေးလိုတာက တစ်သောင်းတန်အတုဖြင့် အချုပ်ထဲရောက်နေသော ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ရွာသူ မနော်သော့သွဲ့ထူး ပြဿနာဖြစ်သည်။သူမမှာ စင်ကာပူတွင် အိမ်အကူလုပ်ပြီး ပြန်လာသူ။သူမက ရွာပြန်တော့မည်ဆိုသဖြင့် အိမ်ရှင်အမျိုးသမီးက စင်ကာပူ ငွေလဲဌာနတစ်ခုကနေ ငွေသွားလဲပြီးပေးသည့် ကျပ်သိန်း ၃၀ ထဲ အတုများပါလာခြင်းဟု သိရသည်။စုစုပေါင်း တစ်သောင်းတန်အတု ၁၅၄ ရွက်။

မနော်သော့သွဲ့ထူး မိသားစု၏ ပြောကြားချက်မှာ ငွေအတုမှန်း သိသဖြင့် ရဲစခန်းသို့ သွားအပ်နှံရာမှ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ပြီးတော့ သူတို့မိသားစုအားလုံးမှာ ရိုးသားသူများဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ထောက်ခံပြောဆိုသည်။အရပ်ဖက်အဖွဲ့များက အမှုမှလွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီလျက်ရှိသည်။

လူ့အခွင့်အရေးကော်မရှင်ကလည်း မနေသာ။မနော်သော့သွဲ့ထူး အဖမ်းခံထားရခြင်းတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးမည်ဟု ဆို၏။လောလောဆယ်တွင်တော့ မနော်သော့သွဲ့ထူး မှာ ငွေအတု ကိုင်ဆောင်မှုဖြင့် ဒိုက်ဦး မြို့မရဲစခန်းတွင် (ပ) ၁၄၂၀/၂၀၁၈ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် ဖမ်းဆီးထားသည်။မကြာမီအချိန်အတွင်း ငွေအတုမှန်းသိ၍ ကိုယ်တိုင်သွားအပ်ခြင်းလား၊ အတုကို အတုမှန်းသိလျက် သုံးစွဲရာမှ အဖမ်းခံရခြင်းလား ဆိုသည်မှာ အဖြေထွက်မည့်သဘော ရှိသည်။

နောက်ဆုံး၊ မနော်သော့သွဲ့ထူး ပြန်လည်လွတ်မြောက်လာသည့်တိုင် ရုပ်ရောစိတ်ပါ ပင်ပန်းကြီးစွာဖြင့် သူများနိုင်ငံ၊ သူများအိမ်တွင် အိမ်အကူသွားလုပ်ခဲ့သမျှထဲမှ ကျပ် ၁၅ သိန်းကျော်သော ငွေမှာ ဆုံးရှုံးရမည့်သဘော ဖြစ်သည်။

ပြောရလျှင် အချုပ်လည်းကျ၊ ငွေလည်းရှုံး ဘဝ။ထို့ကြောင့်ပင် မနော်သော့သွဲ့ထူး ပြဿနာမှာ လူမှုကွန်ရက်တွင် ပြင်းစွာဂယက်ရိုက်ခဲ့သည်။အကြောင်းအမျိုးမျိုးကြောင့် မိမိလက်ဝယ် ငွေအတုများ ရောက်ရှိခဲ့လျှင် မည်သို့မည်ပုံဆောင်ရွက်မလဲဟူ၍ မေးခွန်းလည်း ထွက်ပေါ်လာသည်။

ရဲလက်အပ်မည်လား၊ ကိုယ့်ဘာသာ ဖျောက်ဖျက်ပစ်မည်လား။တစ်ချိန်မဟုတ်တစ်ချိန် ကြုံရနိုင်တာမို့ စာဖတ်သူတို့ရော မည်သို့ဆန္ဒရှိပါသနည်းဟု မေးကြည့်ချင်သည်။

မျိုးညွန့်(Popular News)
ဒီဇင်ဘာ - ၂၂

( Zawgyi )

ရန္ကုန္ၿမိဳ႕ရွိ ကုမၸဏီေတာ္ေတာ္မ်ားမ်ား၏ လစာေငြေပးေခ်မႈ ဘဏ္စနစ္ျဖစ္လာသည္မွာ နည္းနည္းေတာင္ၾကာခဲ့ၿပီ။ဝန္ထမ္းတို႔၏ လစာကို ကုမၸဏီႏွင့္ ခ်ိတ္ဆက္ထားေသာ ဘဏ္တြင္ စာအုပ္နဲ႔ျဖစ္ျဖစ္၊ ေအတီအမ္ကတ္နဲ႔ျဖစ္ျဖစ္ သြားထုတ္။ရသမွ်လစာ တစ္ခါတည္းအကုန္ထုတ္လိုေသာ လစာနည္းဝန္ထမ္းမ်ားကေတာ့ ဘဏ္သို႔ တကူးတက သြားထုတ္ရသျဖင့္ မႀကိဳက္ေသာ္လည္း လိုသေလာက္သာ ေငြသားထုတ္ယူလိုေသာ ဝန္ထမ္းမ်ားကေတာ့ ႀကိဳက္သည္ဟုထင္၏။ထားေတာ့။    

ေအတီအမ္စက္မွ ထြက္လာသမွ် ေငြစကၠဴမ်ားတြင္ တစ္ေသာင္းတန္က အမ်ားဆုံးျဖစ္သည္။တစ္ေသာင္းတန္ၿပီးလွ်င္ ဒုတိယအမ်ားစုထြက္ရွိလာသည္မွာ ငါးေထာင္တန္။ၿပီးေတာ့ တစ္ေထာင္တန္။တစ္ေသာင္းတန္က ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ မယုံသကၤာအျဖစ္ခံရေသာ ေငြစကၠဴမို႔ မလိုခ်င္ေသာ္လည္း မေက်နပ္လွ်င္ လာမထုတ္နဲ႔ပုံစံမ်ိဳး ေအတီအမ္စက္၏ သေဘာသဘာဝအရ ဘာမွမတတ္ႏိုင္။

တစ္ခုခုဝယ္သည့္အခါ အျခားေငြစကၠဴမ်ားက်ေတာ့ အစုတ္အၿပဲ ဟုတ္၊ မဟုတ္သာ စစ္ေဆးၾကေသာ္လည္း တစ္ေသာင္းတန္က်ေတာ့ အတုမ်ားျဖစ္ေနမလားဟူ၍ ေသခ်ာစစ္ေဆးျခင္းခံရသည္။လွည္းတန္းက King လားရႈိးခုႏွစ္လႊာေပါက္စီဆိုင္တြင္ဆို တစ္ေသာင္းတန္ေငြစကၠဴ အတုအစစ္ ခြဲျခားသိႏိုင္မည့္စက္ တပ္ဆင္ထားသည္။အေရာင္းစင္တာအသီးသီးမွ အေရာင္းစာေရးမ အမ်ားစုဆိုလွ်င္ ကိုယ့္ဆိုင္မွပစၥည္း လာဝယ္သူပါလားဟူ၍ အားမနာႏိုင္။တစ္ေသာင္းတန္ကို ေသခ်ာျပဴးၿပဲ ေထာင္ၾကည့္စစ္ေဆးေသးသည္။ထိုသို႔ျပဳမူျခင္းမွာ လူတစ္ဖက္သားအေပၚ ေစာ္ကားလိုျခင္းမဟုတ္။အကယ္၍ သူတို႔လက္ခံလိုက္ေသာ ေငြစကၠဴမွာ အတုျဖစ္ခဲ့လွ်င္ ထိုအတုတစ္ေသာင္းေငြကို တာဝန္ယူေလ်ာ္ေပးရမွာက သူတို႔ပဲဆိုေတာ့ ဘဝေပးအေျခအေနအရ အားမနာႏိုင္သည့္သေဘာဟု ထင္၏။

သူတို႔မေျပာနဲ႔။ဘဏ္ဝန္ထမ္းမ်ားပင္လွ်င္ အပ္ျခင္း၊ လႊဲျခင္း ေငြမ်ားအနက္ တစ္ေသာင္းတန္ဆိုလွ်င္ ေသခ်ာစိစစ္ေလ့ရွိသည္။မသကၤာေသာအ႐ြက္ဆို ေသခ်ာျပန္ၾကည့္ေလ့ရွိသည္။အလကားေနရင္း မယုံသကၤာျဖစ္ေနၾကတာေတာ့ မဟုတ္။တစ္ေသာင္းတန္အတုမ်ားက အမွန္တကယ္ရွိေနေသာေၾကာင့္ ထိုသို႔စစ္ရျခင္းျဖစ္သည္။

ဘယ္အခ်ိန္ကတည္းက တစ္ေသာင္းတန္အတုေတြ ရွိေနသလဲဆိုေတာ့ ဦးသိန္းစိန္ အစိုးရလက္ထက္၊ ၂၀၁၂ ခုႏွစ္ ဇြန္ ၁၅ ရက္ေန႔၊ တစ္ေသာင္းတန္ေငြစကၠဴ ထြက္ၿပီး သိပ္မၾကာေသာ အခ်ိန္ကတည္းကဟု ထင္၏။စိတ္ဝင္စားစရာေကာင္းတာက ဒီခ်ဳပ္အစိုးရလက္ထက္က်မွ တစ္ေသာင္းတန္အတု သတင္းကို ခပ္စိပ္စိပ္ၾကားလာရျခင္း ျဖစ္သည္။

ထို႔ေၾကာင့္ နည္းပညာျမင့္မားလာေသာ ပရင္တာက ေငြစကၠဴအတုအျဖစ္ ခြဲရခက္ႏိုင္သည္ဟုဆိုသည့္ ယုံၾကည္ခ်က္ႏွင့္ အေခ်ာင္လိုခ်င္ေသာ ေလာဘေၾကာင့္ အတုမ်ား ထြက္ေပၚလာရသလို ႏိုင္ငံေရးေအာက္လမ္းနည္းအရ အတုထုတ္လုပ္ျခင္းေရာ မျဖစ္ႏိုင္ဘူးလားဟု ေတြးစရာရွိလာသည္။ထား။

ယခင့္ယခင္က ေငြစကၠဴအတု ျပႆနာမ်ားမွာ ျပည္တြင္း၌သာျဖစ္ေသာ ျပႆနာမ်ားျဖစ္ေသာ္လည္း ယခုအခါမွာေတာ့ ႏိုင္ငံျခားသားႏွင့္ ႏိုင္ငံျခားမွ ျပန္လာသူႏွင့္ပါ ပါဝင္ပတ္သက္မႈ ျဖစ္လာသည္။ၾကည့္၊ ယခုႏွစ္ ႏိုဝင္ဘာႏွင့္ ဒီဇင္ဘာလအတြင္း တစ္ေသာင္းတန္အတု ၃ မႈမွာ ႏိုင္ငံျခားႏွင့္ ဆက္စပ္ေနသည္။စင္ကာပူႏိုင္ငံသား ဇနီးေမာင္ႏွံထံမွ က်ပ္တစ္ေသာင္းတန္ အတု ၄၅ ႐ြက္၊ ထိုင္းႏိုင္ငံသူထံမွ အတု ၄၁ ႐ြက္ႏွင့္ စင္ကာပူမွ ျပန္လာေသာ ဒိုက္ဦးၿမိဳ႕နယ္၊ လယ္ၾကားေျမာင္႐ြာသူထံမွ ၁၅၄ ႐ြက္ ေတြ႕ရွိခဲ့သည္။

ဗဟိုဘဏ္ဥပေဒမ်ားတြင္ ေငြအတုမွန္းသိလ်က္ႏွင့္ သုံးစြဲျခင္းမျပဳလုပ္ရ။အတုကို ျပည္ပမွ တင္သြင္းျခင္း (သို႔မဟုတ္) ျပည္ပသို႔ တင္ပို႔ျခင္း မျပဳလုပ္ရ။စသည္ျဖင့္ ျပဌာန္းထားသည္ဆိုေတာ့ ေငြအတုမိၿပီဆိုလွ်င္ မည္သို႔ေသာ အေၾကာင္းေၾကာင့္ ကိုယ့္လက္ထဲ ေငြအတုေရာက္ရွိသည္တို႔ ဘာတို႔က ေနာက္။ေလာေလာဆယ္မွာေတာ့ အမႈဖြင့္ အခ်ဳပ္ထဲေရာက္ရသည္။

လက္ရွိၾကားသိရေသာ သတင္းမ်ားအရ ထို ၃ မႈစလုံးမွ ေငြအတုရရွိမႈ အရင္းအျမစ္မွာ စင္ကာပူႏွင့္ ထိုင္းရွိ ေငြလဲေကာင္တာမ်ားမွ ျဖစ္သည္။

စင္ကာပူလင္မယားႏွင့္ ထိုင္းႏိုင္ငံသူတို႔ ထြက္ဆိုသကဲ့သို႔ ယင္းတစ္ေသာင္းတန္ အတုမ်ားကို ၎တို႔ႏိုင္ငံရွိ ေငြလဲဌာနမ်ားမွ ရရွိေၾကာင္းမွန္ၿပီး ၎တို႔၏ မသိနားမလည္မႈေၾကာင့္ အတုမွန္းမသိဘဲ သုံးစြဲခဲ့႐ိုးမွန္ခဲ့ေသာ္ သူတို႔အတြက္ အႀကီးအက်ယ္ ထိခိုက္နစ္နာမွာ ေသခ်ာ၏။ျမန္မာႏိုင္ငံသို႔ အလည္အပတ္လာေရာက္ပါမွ ကံၾကမၼာက အခ်ဳပ္ထဲသို႔ ပို႔ေဆာင္ခဲ့ေလျခင္း။သူတို႔ ၃ ဦးအမႈ မၾကာမီလုံးဝၿပီးေျမာက္မည္ ထားဦးေတာ့။ေနာက္တစ္ႀကိမ္ ျမန္မာႏိုင္ငံသို႔ လည္ပတ္ရန္ စရိတ္ၿငိမ္းေခၚမည့္သူရွိေတာင္ ေၾကာက္ပါၿပီဗ်..ဟု ေျပာမည့္အေနအထား။

သူတို႔လို တစ္ေသာင္းတန္ ေငြအတုျဖစ္စဥ္မ်ိဳး ေနာက္ထပ္ ႏိုင္ငံျခားဧည့္သည္မ်ား ႀကဳံခဲ့ေသာ္ ျမန္မာ့ခရီးသြား လုပ္ငန္းအေပၚ သက္ေရာက္မႈ ရွိလာႏိုင္ပါသည္။ေပ်ာ္ခ်င္လို႔ လာသည့္ႏိုင္ငံ၊ အခန႔္မသင့္လွ်င္ ျပႆနာလည္း တက္သြားႏိုင္သည္ဆိုပါက ေငြအကုန္ခံၿပီး မည္သူကလာမည္နည္း။

ထို႔ေၾကာင့္ ႏိုင္ငံျခားသားမ်ားႏွင့္ တိုက္႐ိုက္ဆက္စပ္ေနေသာ ယင္းေငြအတုျပႆနာမွာ ျမန္မာႏိုင္ငံအတြင္း ျမန္မာႏိုင္ငံသား တစ္ဦးဦးထံမွ ေငြအတုမိျခင္းထက္ မ်ားစြာႀကီးက်ယ္သည့္ ျပႆနာျဖစ္သလို ထိေရာက္ေသာ ကိုင္တြယ္မႈရွိရန္လည္း လိုအပ္သည္။

ေနာက္ထပ္ေဆြးေႏြးလိုတာက တစ္ေသာင္းတန္အတုျဖင့္ အခ်ဳပ္ထဲေရာက္ေနေသာ ဒိုက္ဦးၿမိဳ႕နယ္၊ လယ္ၾကားေျမာင္႐ြာသူ မေနာ္ေသာ့သြဲ႕ထူး ျပႆနာျဖစ္သည္။သူမမွာ စင္ကာပူတြင္ အိမ္အကူလုပ္ၿပီး ျပန္လာသူ။သူမက ႐ြာျပန္ေတာ့မည္ဆိုသျဖင့္ အိမ္ရွင္အမ်ိဳးသမီးက စင္ကာပူ ေငြလဲဌာနတစ္ခုကေန ေငြသြားလဲၿပီးေပးသည့္ က်ပ္သိန္း ၃၀ ထဲ အတုမ်ားပါလာျခင္းဟု သိရသည္။စုစုေပါင္း တစ္ေသာင္းတန္အတု ၁၅၄ ႐ြက္။

မေနာ္ေသာ့သြဲ႕ထူး မိသားစု၏ ေျပာၾကားခ်က္မွာ ေငြအတုမွန္း သိသျဖင့္ ရဲစခန္းသို႔ သြားအပ္ႏွံရာမွ ဖမ္းဆီးခံရျခင္း ျဖစ္သည္။ၿပီးေတာ့ သူတို႔မိသားစုအားလုံးမွာ ႐ိုးသားသူမ်ားျဖစ္ေၾကာင္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ေထာက္ခံေျပာဆိုသည္။အရပ္ဖက္အဖြဲ႕မ်ားက အမႈမွလြတ္ေျမာက္ေရးအတြက္ ဝိုင္းဝန္းကူညီလ်က္ရွိသည္။

လူ႔အခြင့္အေရးေကာ္မရွင္ကလည္း မေနသာ။မေနာ္ေသာ့သြဲ႕ထူး အဖမ္းခံထားရျခင္းတြင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရျခင္း ရွိ၊ မရွိ စုံစမ္းစစ္ေဆးမည္ဟု ဆို၏။ေလာေလာဆယ္တြင္ေတာ့ မေနာ္ေသာ့သြဲ႕ထူး မွာ ေငြအတု ကိုင္ေဆာင္မႈျဖင့္ ဒိုက္ဦး ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၄၂၀/၂၀၁၈ ျမန္မာႏိုင္ငံ ဗဟိုဘဏ္ဥပေဒ ၁၀၅/၁၀၆ ျဖင့္ အမႈဖြင့္ ဖမ္းဆီးထားသည္။မၾကာမီအခ်ိန္အတြင္း ေငြအတုမွန္းသိ၍ ကိုယ္တိုင္သြားအပ္ျခင္းလား၊ အတုကို အတုမွန္းသိလ်က္ သုံးစြဲရာမွ အဖမ္းခံရျခင္းလား ဆိုသည္မွာ အေျဖထြက္မည့္သေဘာ ရွိသည္။

ေနာက္ဆုံး၊ မေနာ္ေသာ့သြဲ႕ထူး ျပန္လည္လြတ္ေျမာက္လာသည့္တိုင္ ႐ုပ္ေရာစိတ္ပါ ပင္ပန္းႀကီးစြာျဖင့္ သူမ်ားႏိုင္ငံ၊ သူမ်ားအိမ္တြင္ အိမ္အကူသြားလုပ္ခဲ့သမွ်ထဲမွ က်ပ္ ၁၅ သိန္းေက်ာ္ေသာ ေငြမွာ ဆုံးရႈံးရမည့္သေဘာ ျဖစ္သည္။

ေျပာရလွ်င္ အခ်ဳပ္လည္းက်၊ ေငြလည္းရႈံး ဘဝ။ထို႔ေၾကာင့္ပင္ မေနာ္ေသာ့သြဲ႕ထူး ျပႆနာမွာ လူမႈကြန္ရက္တြင္ ျပင္းစြာဂယက္႐ိုက္ခဲ့သည္။အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိမိလက္ဝယ္ ေငြအတုမ်ား ေရာက္ရွိခဲ့လွ်င္ မည္သို႔မည္ပုံေဆာင္႐ြက္မလဲဟူ၍ ေမးခြန္းလည္း ထြက္ေပၚလာသည္။

ရဲလက္အပ္မည္လား၊ ကိုယ့္ဘာသာ ေဖ်ာက္ဖ်က္ပစ္မည္လား။တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ ႀကဳံရႏိုင္တာမို႔ စာဖတ္သူတို႔ေရာ မည္သို႔ဆႏၵရွိပါသနည္းဟု ေမးၾကည့္ခ်င္သည္။

မ်ိဳးၫြန႔္(Popular News)
ဒီဇင္ဘာ - ၂၂