【 ဆောင်းပါး 】 ဟောင်ကောင်အတွက် စိန်ခေါ်မှုလား၊ လုံခြုံမှုလား

【 ဆောင်းပါး 】 ဟောင်ကောင်အတွက် စိန်ခေါ်မှုလား၊ လုံခြုံမှုလား

များမကြာသေးမီက ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးကို အကာအကွယ်ပေးရန်နှင့် ဟောင်ကောင် ရေရှည်တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို အကာအကွယ်ပေးရန် ရည်စူး၍ အမျိုးသားလုံခြုံရေးဥပဒေကို သတ်မှတ်ပြဌာန်းခဲ့ပါသည်။အမျိုးသားလုံခြုံရေးဥပဒေကို သတ်မှတ်ပြဌာန်းခဲ့ပြီးနောက်ပိုင်း ဥပဒေသတ်မှတ်ပြဌာန်းမှုအပေါ် အနည်းငယ်သောလူအချို့က ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်ကိုလည်း တွေ့ရပါသည်။သို့တစေ ဟောင်ကောင်တွင် အခြေချနေထိုင်သူအများစုကမူ အမျိုးသားလုံခြုံရေးဥပဒေကို တစ်ခဲနက်ထောက်ခံခဲ့ကြသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြရပါသည်။

ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသူတို့က နှစ်ကာလအတန်ကြာ ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့သည်ဆိုသော်လည်း အမျိုးသားလုံခြုံရေးဥပဒေ သတ်မှတ်ပြဌာန်းပြီးနောက်ပိုင်း ပေါ်ထွက်လာသော ကန့်ကွက်ဆန္ဒပြမှုများတွင် ထောက်ခံအားပေးသူ မဆိုစလောက်သာရှိခဲ့ခြင်းက အမျိုးသားလုံခြုံရေးဥပဒေ သတ်မှတ်ပြဌာန်းခြင်းကို ဟောင်ကောင်သားအများစုက လက်ခံကြိုဆိုသည့် အရိပ်လက္ခဏာအဖြစ် တွေ့မြင်လာခဲ့ရပါသည်။

နိုင်ငံခြားသတင်းဌာနအချို့၏ လူထုသဘောထားစစ်တမ်းကောက်မှုအရ အမျိုးသားလုံခြုံရေးဥပဒေ သတ်မှတ်ပြဌာန်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်သူ ၄၉ ရာခိုင်နှုန်းရှိပြီး အမျိုးသားလုံခြုံရေးဥပဒေကို ထောက်ခံသူ ၆၆ ရာခိုင်နှုန်းရှိနေခြင်းက ဟောင်ကောင်သားတို့က အမျိုးသားလုံခြုံရေးဥပဒေကို လက်ခံကြိုဆိုကြောင်း အထင်အရှားပြသနေခြင်းလည်းဖြစ်ပါသည်။

အလားတူပင် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဟောင်ကောင်တွင် အခြေချနေထိုင်သူတို့က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ထူထောင်သည့် ၂၃ ကြိမ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဆုတောင်းမင်္ဂလာပြုခဲ့ကြသကဲ့သို့ အမျိုးသားလုံခြုံရေးဥပဒေကို ထောက်ခံကြိုဆိုခဲ့ကြသည်ကိုလည်း တွေ့ရပါသည်။အမှန်စင်စစ် ဟောင်ကောင်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပါသည်။ဂျီနီဗာမြို့တွင်ကျင်းပသော ၄၄ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံပေါင်း ၇၀ ကျော်တို့က တရုတ်နိုင်ငံ၏ ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေကို ထောက်ခံကြောင်း ဖွင့်ဟခဲ့ကြသည်ကိုလည်း တွေ့ရပါသည်။

တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့လွှတ်တော်က အမျိုးသားလုံခြုံရေးဥပဒေကို တစ်ညီတစ်ညွတ်တည်း ထောက်ခံမဲပေးအတည်ပြုခဲ့ပြီးနောက်ပိုင်း နိုင်ငံပေါင်း ၅၃ နိုင်ငံတို့အား ကိုယ်စားပြု၍ ကျူးဘားနိုင်ငံကိုယ်စားလှယ်က အမျိုးသားလုံခြုံရေးဥပဒေကို ထောက်ခံကြောင်းဖော်ပြခဲ့ပါသည်။အလားတူပင် အခြားသောနိုင်ငံပေါင်း ၂၀ တို့ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေကို ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။

UNHRC တွင် ရုရှားကိုယ်စားလှယ်က ဟောင်ကောင်အရေးကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးပြဿနာသာလျှင်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေနှင့်လည်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်နိုင်ငံ၏ တစ်နိုင်ငံစနစ်နှစ်ခု အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်ကို တွေ့ရပါသည်။

အလားတူပင် လာအိုနိုင်ငံကလည်း ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေ သတ်မှတ်ပြဌာန်းခြင်းဖြင့် အမျိုးသားလုံခြုံရေးအကာအကွယ်ပေးရန် တရုတ်နိုင်ငံ၏ကြိုးပမ်းမှုကို ကြိုဆိုကြောင်း ပြောကြားသွားခဲ့ပါသည်။တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျိုလီကျန်း က နိုင်ငံပေါင်း ၇၀ ကျော်တို့က တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဥပဒေအပေါ် ထောက်ခံအားပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားခဲ့ပါသည်။

UNHRC တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသော မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်တို့က နိုင်ငံတစ်နိုင်ငံ၏ အချုပ်အချာအာဏာပိုင်ဒေသအတွင်း အမျိုးသားလုံခြုံရေးဥပဒေ သတ်မှတ်ပြဌာန်းမှုက တရုတ်နိုင်ငံ၏ တစ်နိုင်ငံစနစ်နှစ်ခု အကောင်အထည်ဖော်မှုကို အခိုင်အမာဆက်လက်တည်မြဲစေမည်ဖြစ်သကဲ့သို့ အမျိုးသားလုံခြုံရေးကို အပြည့်အဝအကာအကွယ်ပေးနိုင်မည့် အကျိုးကျေးဇူးကို ရရှိစေမည်ဖြစ်ကြောင်း အလားတူပင် အမျိုးသားလုံခြုံရေးဥပဒေသစ်က ဟောင်ကောင်တွင် တည်ငြိမ်အေးချမ်းမှု၊ သဟဇာတဖြစ်မှု သာယာဝပြောမှုနှင့် ပြည်ပမှဝင်ရောက်စွက်ဖက်မှုများမှ ကင်းလွတ်ကာ အေးချမ်းသာယာသော ဒေသအဖြစ် တွေ့မြင်ရမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသွားခဲ့ကြပါသည်။

ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေ သတ်မှတ်ပြဌာန်းခြင်းသည် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အစိတ်အပိုင်းဖြစ်ကြောင်း၊ ဥပဒေသစ်က တစ်နိုင်ငံစနစ်နှစ်ခုကို ပျက်ယွင်းစေမည်မဟုတ်သကဲ့သို့ ဟောင်ကောင်သားတို့၏ ဥပဒေဆိုင်ရာ ရပိုင်ခွင့်များ၊ လွတ်လပ်ခွင့်နှင့် အကျိုးစီးပွားများကို ထိခိုက်ဆုံးရှုံးစေမည်မဟုတ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံမှ ကိုယ်စားလှယ်က ပြောကြားခဲ့ပါသည်။အလားတူပင် ဘူရွန်ဒီနိုင်ငံကလည်း တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေးဆိုင်ရာ အရေးကိစ္စများတွင် ပါဝင်ကူညီအားပေးနေမှုနှင့်အတူ လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးခြင်းနှင့် အားပေးမြှင့်တင်ခြင်း ကြိုးပမ်းမှုများကို များစွာအားရကျေနပ်မိပါကြောင်း၊ အလားတူပင် ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေသစ်သည် ဟောင်ကောင်သားတို့၏ လူ့အခွင့်အရေးနှင့်ပတ်သက်၍ ထိရောက်စွာ အာမခံချက်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါသည်။

အလားတူပင် UNHRC သို့ တက်ရောက်လာသော ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗင်နီဇွဲလားနိုင်ငံနှင့် ကင်မရွန်းနိုင်ငံတို့က ဟောင်ကောင်အရေးနှင့် စင်ကျန်းဝီဂါ မူဆလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်နေသည့်နိုင်ငံများကို ဆန့်ကျင်ရှုတ်ချခဲ့ကြပြီး ယင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးပြဿနာများသာဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။  

မကြာသေးမီက လူထုသဘောထား စစ်တမ်းကောက်ယူမှုတွင် ဖော်ပြမှုအရ ဟောင်ကောင်တွင် အခြေချနေထိုင်သူ ၆၆ ရာခိုင်နှုန်းတို့က တရုတ်နိုင်ငံ၏ ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေ သတ်မှတ်ပြဌာန်းခြင်းကို ထောက်ခံကြောင်းပြသခဲ့ကြပါသည်။
ယင်းသည်ဇူလိုင်လ ၂ ရက်မှ ဇူလိုင်လ ၅ ရက်အတွင်း ဟောင်ကောင် သုတေသနအဖွဲ့အစည်းမှ ဦးဆောင်ကာ ကောက်ယူခဲ့သော လူထုသဘောထားစစ်တမ်းမှ ထွက်ပေါ်လာသောရလဒ်လည်းဖြစ်ပါသည်။

ဟောင်ကောင်သုတေသနအဖွဲ့အစည်း၏ အဆိုအရ လူထုသဘောထားစစ်တမ်း ကောက်ယူမှုရလဒ်သည် ဟောင်ကောင်တွင် အခြေချနေထိုင်သူတို့က သူတို့နိုင်ငံနှင့် သူတို့အရပ်ဒေသတွင်ပင် တိုးတက်ခြင်းနှင့် ငြိမ်းချမ်းစွာနေထိုင်ခြင်းကို မြင်တွေ့လိုသော ပြင်းပြသည့်ဆန္ဒကို ထုတ်ဖော်ပြသရာရောက်သည်ဟု ဆိုပါသည်။မည်သို့ဆိုစေ ဟောင်ကောင်အတွက် လုံခြုံရေးဥပဒေသစ်သည် ဟောင်ကောင်သားတို့၏ လုံခြုံရေးနှင့် အကျိုးစီးပွားအတွက် ထိရောက်စွာအကာအကွယ်ပေးမည့် ဥပဒေတစ်ခုဖြစ်သလို စိန်ခေါ်မှုတစ်ခုလည်း ဖြစ်လာနိုင်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။

စိုးသန်းလင်း
ဇူလိုင် - ၂၈

( Zawgyi )

မ်ားမၾကာေသးမီက ေဟာင္ေကာင္တြင္ အမ်ိဳးသားလုံၿခဳံေရးကို အကာအကြယ္ေပးရန္ႏွင့္ ေဟာင္ေကာင္ ေရရွည္တည္ၿငိမ္ေရးႏွင့္ သာယာဝေျပာေရးကို အကာအကြယ္ေပးရန္ ရည္စူး၍ အမ်ိဳးသားလုံၿခဳံေရးဥပေဒကို သတ္မွတ္ျပဌာန္းခဲ့ပါသည္။အမ်ိဳးသားလုံၿခဳံေရးဥပေဒကို သတ္မွတ္ျပဌာန္းခဲ့ၿပီးေနာက္ပိုင္း ဥပေဒသတ္မွတ္ျပဌာန္းမႈအေပၚ အနည္းငယ္ေသာလူအခ်ိဳ႕က ဆန႔္က်င္ကန႔္ကြက္ခဲ့ၾကသည္ကိုလည္း ေတြ႕ရပါသည္။သို႔တေစ ေဟာင္ေကာင္တြင္ အေျခခ်ေနထိုင္သူအမ်ားစုကမူ အမ်ိဳးသားလုံၿခဳံေရးဥပေဒကို တစ္ခဲနက္ေထာက္ခံခဲ့ၾကသည္ကို မ်က္ဝါးထင္ထင္ေတြ႕ျမင္ခဲ့ၾကရပါသည္။

ေဟာင္ေကာင္တြင္ ဒီမိုကေရစီလိုလားသူတို႔က ႏွစ္ကာလအတန္ၾကာ ကန႔္ကြက္ဆႏၵျပမႈမ်ားရွိခဲ့သည္ဆိုေသာ္လည္း အမ်ိဳးသားလုံၿခဳံေရးဥပေဒ သတ္မွတ္ျပဌာန္းၿပီးေနာက္ပိုင္း ေပၚထြက္လာေသာ ကန႔္ကြက္ဆႏၵျပမႈမ်ားတြင္ ေထာက္ခံအားေပးသူ မဆိုစေလာက္သာရွိခဲ့ျခင္းက အမ်ိဳးသားလုံၿခဳံေရးဥပေဒ သတ္မွတ္ျပဌာန္းျခင္းကို ေဟာင္ေကာင္သားအမ်ားစုက လက္ခံႀကိဳဆိုသည့္ အရိပ္လကၡဏာအျဖစ္ ေတြ႕ျမင္လာခဲ့ရပါသည္။

ႏိုင္ငံျခားသတင္းဌာနအခ်ိဳ႕၏ လူထုသေဘာထားစစ္တမ္းေကာက္မႈအရ အမ်ိဳးသားလုံၿခဳံေရးဥပေဒ သတ္မွတ္ျပဌာန္းမႈအေပၚ ဆန႔္က်င္ကန႔္ကြက္သူ ၄၉ ရာခိုင္ႏႈန္းရွိၿပီး အမ်ိဳးသားလုံၿခဳံေရးဥပေဒကို ေထာက္ခံသူ ၆၆ ရာခိုင္ႏႈန္းရွိေနျခင္းက ေဟာင္ေကာင္သားတို႔က အမ်ိဳးသားလုံၿခဳံေရးဥပေဒကို လက္ခံႀကိဳဆိုေၾကာင္း အထင္အရွားျပသေနျခင္းလည္းျဖစ္ပါသည္။

အလားတူပင္ လြန္ခဲ့သည့္ရက္အနည္းငယ္ခန႔္က ေဟာင္ေကာင္တြင္ အေျခခ်ေနထိုင္သူတို႔က ေဟာင္ေကာင္အထူးအုပ္ခ်ဳပ္ခြင့္ရေဒသ ထူေထာင္သည့္ ၂၃ ႀကိမ္ေျမာက္ ႏွစ္ပတ္လည္ေန႔အခမ္းအနားတြင္ ဆုေတာင္းမဂၤလာျပဳခဲ့ၾကသကဲ့သို႔ အမ်ိဳးသားလုံၿခဳံေရးဥပေဒကို ေထာက္ခံႀကိဳဆိုခဲ့ၾကသည္ကိုလည္း ေတြ႕ရပါသည္။အမွန္စင္စစ္ ေဟာင္ေကာင္အေရးသည္ တ႐ုတ္ႏိုင္ငံ၏ ျပည္တြင္းေရးသာျဖစ္ပါသည္။ဂ်ီနီဗာၿမိဳ႕တြင္က်င္းပေသာ ၄၄ ႀကိမ္ေျမာက္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ေတြ႕ဆုံေဆြးေႏြးပြဲတြင္ ႏိုင္ငံေပါင္း ၇၀ ေက်ာ္တို႔က တ႐ုတ္ႏိုင္ငံ၏ ေဟာင္ေကာင္ဆိုင္ရာ အမ်ိဳးသားလုံၿခဳံေရးဥပေဒကို ေထာက္ခံေၾကာင္း ဖြင့္ဟခဲ့ၾကသည္ကိုလည္း ေတြ႕ရပါသည္။

တ႐ုတ္ႏိုင္ငံ၏ အမ်ိဳးသားျပည္သူ႔လႊတ္ေတာ္က အမ်ိဳးသားလုံၿခဳံေရးဥပေဒကို တစ္ညီတစ္ၫြတ္တည္း ေထာက္ခံမဲေပးအတည္ျပဳခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံေပါင္း ၅၃ ႏိုင္ငံတို႔အား ကိုယ္စားျပဳ၍ က်ဴးဘားႏိုင္ငံကိုယ္စားလွယ္က အမ်ိဳးသားလုံၿခဳံေရးဥပေဒကို ေထာက္ခံေၾကာင္းေဖာ္ျပခဲ့ပါသည္။အလားတူပင္ အျခားေသာႏိုင္ငံေပါင္း ၂၀ တို႔ကလည္း ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ေတြ႕ဆုံေဆြးေႏြးပြဲတြင္ တ႐ုတ္ႏိုင္ငံ၏ ေဟာင္ေကာင္ဆိုင္ရာ အမ်ိဳးသားလုံၿခဳံေရးဥပေဒကို ေထာက္ခံေၾကာင္း ေျပာၾကားခဲ့ပါသည္။

UNHRC တြင္ ႐ုရွားကိုယ္စားလွယ္က ေဟာင္ေကာင္အေရးကိစၥသည္ တ႐ုတ္ႏိုင္ငံ၏ ျပည္တြင္းေရးျပႆနာသာလွ်င္ျဖစ္ေၾကာင္း၊ ႐ုရွားႏိုင္ငံအေနႏွင့္လည္း ေဟာင္ေကာင္အထူးအုပ္ခ်ဳပ္ခြင့္ရေဒသတြင္ တ႐ုတ္ႏိုင္ငံ၏ တစ္ႏိုင္ငံစနစ္ႏွစ္ခု အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈကို အျပည့္အဝေထာက္ခံေၾကာင္း ေျပာၾကားခဲ့သည္ကို ေတြ႕ရပါသည္။

အလားတူပင္ လာအိုႏိုင္ငံကလည္း ေဟာင္ေကာင္ဆိုင္ရာ အမ်ိဳးသားလုံၿခဳံေရးဥပေဒ သတ္မွတ္ျပဌာန္းျခင္းျဖင့္ အမ်ိဳးသားလုံၿခဳံေရးအကာအကြယ္ေပးရန္ တ႐ုတ္ႏိုင္ငံ၏ႀကိဳးပမ္းမႈကို ႀကိဳဆိုေၾကာင္း ေျပာၾကားသြားခဲ့ပါသည္။တ႐ုတ္ႏိုင္ငံႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ က်ိဳလီက်န္း က ႏိုင္ငံေပါင္း ၇၀ ေက်ာ္တို႔က တ႐ုတ္ႏိုင္ငံ၏ အမ်ိဳးသားလုံၿခဳံေရးဥပေဒအေပၚ ေထာက္ခံအားေပးျခင္းအတြက္ ေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားသြားခဲ့ပါသည္။

UNHRC ေတြ႕ဆုံေဆြးေႏြးပြဲသို႔ တက္ေရာက္လာေသာ ျမန္မာႏိုင္ငံႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔မွ ကိုယ္စားလွယ္တို႔က ႏိုင္ငံတစ္ႏိုင္ငံ၏ အခ်ဳပ္အခ်ာအာဏာပိုင္ေဒသအတြင္း အမ်ိဳးသားလုံၿခဳံေရးဥပေဒ သတ္မွတ္ျပဌာန္းမႈက တ႐ုတ္ႏိုင္ငံ၏ တစ္ႏိုင္ငံစနစ္ႏွစ္ခု အေကာင္အထည္ေဖာ္မႈကို အခိုင္အမာဆက္လက္တည္ၿမဲေစမည္ျဖစ္သကဲ့သို႔ အမ်ိဳးသားလုံၿခဳံေရးကို အျပည့္အဝအကာအကြယ္ေပးႏိုင္မည့္ အက်ိဳးေက်းဇူးကို ရရွိေစမည္ျဖစ္ေၾကာင္း အလားတူပင္ အမ်ိဳးသားလုံၿခဳံေရးဥပေဒသစ္က ေဟာင္ေကာင္တြင္ တည္ၿငိမ္ေအးခ်မ္းမႈ၊ သဟဇာတျဖစ္မႈ သာယာဝေျပာမႈႏွင့္ ျပည္ပမွဝင္ေရာက္စြက္ဖက္မႈမ်ားမွ ကင္းလြတ္ကာ ေအးခ်မ္းသာယာေသာ ေဒသအျဖစ္ ေတြ႕ျမင္ရမည္ဟု ေမွ်ာ္လင့္ပါေၾကာင္း ေျပာၾကားသြားခဲ့ၾကပါသည္။

ေဟာင္ေကာင္အတြက္ အမ်ိဳးသားလုံၿခဳံေရးဥပေဒ သတ္မွတ္ျပဌာန္းျခင္းသည္ တ႐ုတ္ႏိုင္ငံ၏ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ အစိတ္အပိုင္းျဖစ္ေၾကာင္း၊ ဥပေဒသစ္က တစ္ႏိုင္ငံစနစ္ႏွစ္ခုကို ပ်က္ယြင္းေစမည္မဟုတ္သကဲ့သို႔ ေဟာင္ေကာင္သားတို႔၏ ဥပေဒဆိုင္ရာ ရပိုင္ခြင့္မ်ား၊ လြတ္လပ္ခြင့္ႏွင့္ အက်ိဳးစီးပြားမ်ားကို ထိခိုက္ဆုံးရႈံးေစမည္မဟုတ္ေၾကာင္း အာဖဂန္နစၥတန္ႏိုင္ငံမွ ကိုယ္စားလွယ္က ေျပာၾကားခဲ့ပါသည္။အလားတူပင္ ဘူ႐ြန္ဒီႏိုင္ငံကလည္း တ႐ုတ္ႏိုင္ငံသည္ ကမာၻေပၚရွိ လူ႔အခြင့္အေရးဆိုင္ရာ အေရးကိစၥမ်ားတြင္ ပါဝင္ကူညီအားေပးေနမႈႏွင့္အတူ လူ႔အခြင့္အေရးဆိုင္ရာ အကာအကြယ္ေပးျခင္းႏွင့္ အားေပးျမႇင့္တင္ျခင္း ႀကိဳးပမ္းမႈမ်ားကို မ်ားစြာအားရေက်နပ္မိပါေၾကာင္း၊ အလားတူပင္ ေဟာင္ေကာင္ဆိုင္ရာ အမ်ိဳးသားလုံၿခဳံေရးဥပေဒသစ္သည္ ေဟာင္ေကာင္သားတို႔၏ လူ႔အခြင့္အေရးႏွင့္ပတ္သက္၍ ထိေရာက္စြာ အာမခံခ်က္ေပးႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ေျပာၾကားသြားခဲ့ပါသည္။

အလားတူပင္ UNHRC သို႔ တက္ေရာက္လာေသာ ကိုရီးယားဒီမိုကရက္တစ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဗင္နီဇြဲလားႏိုင္ငံႏွင့္ ကင္မ႐ြန္းႏိုင္ငံတို႔က ေဟာင္ေကာင္အေရးႏွင့္ စင္က်န္းဝီဂါ မူဆလင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အေရးကိစၥမ်ားတြင္ ဝင္ေရာက္စြက္ဖက္ေနသည့္ႏိုင္ငံမ်ားကို ဆန႔္က်င္ရႈတ္ခ်ခဲ့ၾကၿပီး ယင္းသည္ တ႐ုတ္ႏိုင္ငံ၏ ျပည္တြင္းေရးျပႆနာမ်ားသာျဖစ္ေၾကာင္း ေျပာၾကားခဲ့ၾကပါသည္။  

မၾကာေသးမီက လူထုသေဘာထား စစ္တမ္းေကာက္ယူမႈတြင္ ေဖာ္ျပမႈအရ ေဟာင္ေကာင္တြင္ အေျခခ်ေနထိုင္သူ ၆၆ ရာခိုင္ႏႈန္းတို႔က တ႐ုတ္ႏိုင္ငံ၏ ေဟာင္ေကာင္ဆိုင္ရာ အမ်ိဳးသားလုံၿခဳံေရးဥပေဒ သတ္မွတ္ျပဌာန္းျခင္းကို ေထာက္ခံေၾကာင္းျပသခဲ့ၾကပါသည္။
ယင္းသည္ဇူလိုင္လ ၂ ရက္မွ ဇူလိုင္လ ၅ ရက္အတြင္း ေဟာင္ေကာင္ သုေတသနအဖြဲ႕အစည္းမွ ဦးေဆာင္ကာ ေကာက္ယူခဲ့ေသာ လူထုသေဘာထားစစ္တမ္းမွ ထြက္ေပၚလာေသာရလဒ္လည္းျဖစ္ပါသည္။

ေဟာင္ေကာင္သုေတသနအဖြဲ႕အစည္း၏ အဆိုအရ လူထုသေဘာထားစစ္တမ္း ေကာက္ယူမႈရလဒ္သည္ ေဟာင္ေကာင္တြင္ အေျခခ်ေနထိုင္သူတို႔က သူတို႔ႏိုင္ငံႏွင့္ သူတို႔အရပ္ေဒသတြင္ပင္ တိုးတက္ျခင္းႏွင့္ ၿငိမ္းခ်မ္းစြာေနထိုင္ျခင္းကို ျမင္ေတြ႕လိုေသာ ျပင္းျပသည့္ဆႏၵကို ထုတ္ေဖာ္ျပသရာေရာက္သည္ဟု ဆိုပါသည္။မည္သို႔ဆိုေစ ေဟာင္ေကာင္အတြက္ လုံၿခဳံေရးဥပေဒသစ္သည္ ေဟာင္ေကာင္သားတို႔၏ လုံၿခဳံေရးႏွင့္ အက်ိဳးစီးပြားအတြက္ ထိေရာက္စြာအကာအကြယ္ေပးမည့္ ဥပေဒတစ္ခုျဖစ္သလို စိန္ေခၚမႈတစ္ခုလည္း ျဖစ္လာႏိုင္ပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါသည္။

စိုးသန္းလင္း
ဇူလိုင္ - ၂၈