【 ဆောင်းပါး 】 အင်အယ်လ်ဒီ အစိုးရအဖွဲ့၏ လူကောင်းလူတော်ပြဿနာ

【 ဆောင်းပါး 】 အင်အယ်လ်ဒီ အစိုးရအဖွဲ့၏ လူကောင်းလူတော်ပြဿနာ

တိုင်းပြည်အုပ်ချုပ် အစိုးရလုပ်ရသည်မှာ အတော်မလွယ်သော ကိစ္စဖြစ်ပါသည်။အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ကာလရှည်စွာ လွဲမှားသော စီမံခန့်ခွဲမှုများအောက်တွင် တစတစ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အတက်မရှိ ဆက်တိုက်ကျနေသည့် နိုင်ငံကို စီမံခန့်ခွဲရသည်မှာ အလွန့်အလွန် မလွယ်ကူသည့် အလုပ်ဖြစ်ပါသည်။သည်ကြားထဲ ယုံကြည်ရမည်ဟု ယူဆရသော လူကောင်းကို ဦးစားပေးပြီး လူတော်သော်လည်း ယုံကြည်ရပါ့မလား သံသယရှိသူကို ဦးစားမပေးသည့် ရွေးချယ်မှုကြောင့်၊ အစိုးရ၊ ပြည်သူလူထုနှင့် တိုင်းပြည် နစ်နာရပြန်ပါသည်။

မြန်မာနိုင်ငံ၏ လူကောင်းနှင့် လူတော်အပေါ် ခံယူချက်နှင့် ရွေးချယ်မှု ပြဿနာသည် ယခု အင်အယ်လ်ဒီအစိုးရ လက်ထက်တွင်မှ ပေါ်ပေါက်လာခြင်းမဟုတ်ပါ။ဦးနေဝင်း လက်ထက်ကလည်း ဦးနေဝင်း ပါးစပ်မှ လူကောင်းနှင့် လူတော် ယှဉ်လာပါက လူကောင်းကိုသာ ရွေးမည်ဟူသော စကားမျိုးကို အတိအလင်းပြောဖူးပါသည်။ပြောသည့်အတိုင်း ဦးနေဝင်း ယုံကြည်စိတ်ချရသည်ဟု ယူဆသူများကိုသာ နေရာကောင်းများ ပေးခဲ့ပါသည်။အနားတွင်ထားခဲ့ပါသည်။လူလူချင်း ပေါင်းသင်းဆက်ဆံရာ၌ တစ်ဦးပေါ်တစ်ဦး ယုံကြည်စိတ်ချမှုပေါ် အရင်းခံသည်ဖြစ်ရာ ရှေးမင်းများလက်ထက်မှစ၍ ယနေ့ထိတိုင် မည်သည့်အစိုးရအဖွဲ့ တက်သည်ဖြစ်စေ အစိုးရအဖွဲ့အတွင်း၌ ကြီးမားသည့်တာဝန် ပေးအပ်ရမည့်သူကို ရွေးချယ်ရာတွင် ယုံကြည်စိတ်ချရမှုကို အရင်းခံမည်သာ ဖြစ်ပါသည်။

ဦးနေဝင်းအစိုးရ လက်ထက်တွင် တရားစီရင်ရေး၌ ဥပဒဘွဲ့ရ မဟုတ်သူများကို ခန့်အပ်တာဝန်ပေးခဲ့ဖူးပါသည်။ထိုသို့ မသင့်မတော် နေရာပေးမှုများကို မြင်တွေ့ကြရပေရာ၊ ဆိုက်ကားဆရာက တရားသူကြီးဖြစ်တဲ့ခေတ်ဟု မျက်ကွယ်တွင် လူထုက ပြက်ရယ်ပြုခဲ့ကြပါသည်။အင်အယ်လ်ဒီအစိုးရအဖွဲ့ အမည်စာရင်း ထွက်လာသည့်အခါ ခန့်အပ်လိုက်သည့် ဝန်ကြီးသုံးတစ်ပုံကို လူထုမနှစ်မြို့ခဲ့ပါ။စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်တို့ကို ဒေါက်တာအတုများဟု လူထုက ဝေဖန်ကန့်ကွက်ခဲ့ကြပါသည်။သို့သော် သူတို့နှစ်ဦးစလုံးကို ခန့်အပ်ခဲ့ပါသည်။တစ်ဦးက အစိုးရသက်တမ်း ၂ နှစ်ထဲ ရောက်လာချိန်တွင် အနားပေးခံရပြီး ကျန်တစ်ဦးကား လုပ်ငန်းစီမံခန့်ခွဲနိုင်မှု အားနည်းသူအဖြစ် ပြည်သူ၏ စိတ်ပျက်မှုကို ခံယူရသူဖြစ်လာပါသည်။

မြန်မာနိုင်ငံသည် ယခုချိန်ထိတိုင် စိုက်ပျိုးရေးအပေါ် အားထားနေရသည့် နိုင်ငံဖြစ်ပါသည်။အင်အယ်လ်ဒီအစိုးရ လက်ထက်တွင် စိုက်ပျိုးရေးကဏ္ဍကို နားလည်တတ်ကျွမ်းသည့် ပညာရှင်များဖြင့် အလေးထားပြုပြင်ပါက စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲတိုးတက်လျက် ကျေးလက်တောရွာမှ လူငယ်များ နေ့စဉ်နှင့်အမျှ ပြည်ပသို့ထွက်ခွာနေခြင်း လျော့ကျစေမည်ဟု လူထုက မျှော်လင့်ခဲ့ပါသည်။သို့သော် သင်္ချာပညာရပ်တွင် အထူးကျွမ်းကျင်သည့် တက္ကသိုလ် ပါမောက္ခဟောင်းကို လယ်-ဆည် ဝန်ကြီးနေရာ ပေးထားပြီး ပါရဂူဘွဲ့ရ စိုက်ပျိုရေးပညာရှင်ကို ဒု-ဝန်ကြီးနေရာ ပေးထားခဲ့ပါသည်။ဤသို့ ဒုတိယ ဦးနေဝင်းထုံး နှလုံးမူ လူရွေးနေရာပေးမှုကို လူထုက အံ့လည်းအံ့အားသင့် စိတ်လည်း ပျက်ခဲ့ကြပါသည်။ထို့အတူ တာဝန်ပေးခံရသူများ၏ အတွင်းကြောင်းများကို သိနေသူများက အင်အယ်လ်ဒီပါတီသည် မိမိအစိုးရအဖွဲ့တွင် ဝန်ကြီးနေရာ ပေးမည့်သူများအကြောင်းကို လွယ်လင့်တကူ စနည်းနာနည်းများရှိပါလျက် အဘယ်ကြောင့် သည်လိုလူတွေကို ဝန်ကြီးနေရာ ပေးလေသနည်းဟု အံ့သြကြခဲ့ပါသည်။တချို့ကလည်း ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်မှ ဝန်ကြီးများအား ပြန်နေရာပေးသည်ကို အနည်းငယ်မျှ မနှစ်မြို့ခဲ့ကြပါ။အချုပ်ဆိုသော် အင်အယ်လ်ဒီအစိုးရအဖွဲ့ အမည်စာရင်း ထွက်လာကတည်းက အစိုးရယန္တရားကို သွက်လက်ထက်မြက်စွာ မည်သည့်နည်းနှင့်မျှ လည်ပတ်နိုင်မည်မဟုတ်ဟု ကြိုတင်ခန့်မှန်းသူ အများအပြား ပေါ်ထွက်လာပါသည်။

အများယူဆသကဲ့သို့ပင် အစိုးရသက်တမ်း ပထမနှစ်အတွင်းမှာပင် ပထမဆုံး အလုပ်မှထုတ်ပယ်ခံရသူက နိုင်ငံအတွက် အရေးကြီးဆုံး စိုက်ပျိုးရေးကဏ္ဍကို တာဝန်ယူနေသည့် ဒု-ဝန်ကြီး ဖြစ်နေပါသည်။ထို့နောက် လျှပ်စစ်ဝန်ကြီး။ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီး။ထို့နောက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်။ထို့နောက် စက်မှုဝန်ကြီး စသဖြင့် ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊ တိုင်းအဆင့် ဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့ထဲမှ လွင့်စင်ခဲ့ကြပါသည်။ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး မှ လွဲ၍ မည်သည့်ဝန်ကြီးမှ အနားပေးခံရခြင်း၊ ထုတ်ပယ်ခံရခြင်း မရှိခဲ့ပါ။

ဦးသိန်းစိန် လက်ထက် ဝန်ကြီးအဖွဲ့ မပြောင်းအလဲမရှိခြင်းသည် မဆန်းပါ။အင်အယ်လ်ဒီအစိုးရ လက်ထက်ကဲ့သို့ လက်ဆောင်ပစ္စည်းကို နှစ်သောင်းခွဲတန်ထက် ပိုမယူရဟု မတားမြစ်ထားပါ။သုံးသိန်းတန်ပစ္စည်း ယူခွင့်ပြုထားပါသည်။လုပ်ငန်းတိုင်းကို အပေး၊ အယူဖြင့် လုပ်ကြရာ မည်သည့်လုပ်ငန်းရှင်ကမှ မည်သည့်ဝန်ကြီးကိုမျှ တိုင်ကြားခြင်းမရှိ။
တိုင်ခဲ့ပါက တိုင်သူဘက်သို့ အမှုမျှားဦး လှည့်လာတတ်သဖြင့် မည်သူမှမတိုင်။အဂတိတိုက်ဖျက်ရေးအဖွဲ့ ဖွဲ့ထားသော်လည်း အဖွဲ့သည် မည်သူ့ကိုမှ မစစ်ဆေးခဲ့ရ။ထို့ပြင် ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ခိုင်ဖြိုးအမတ် အများစုပါရှိနေသည့် လွှတ်တော်နှင့် ပြည်ခိုင်ဖြိုးအစိုးရတို့၏ ကျောထောက်နောက်ခံသည် တပ်မတော်ဖြစ်သဖြင့် အဖွဲ့ ၃ ရပ်သည် ဆွေမျိုးရင်းချာများ ဖြစ်နေကြပါသည်။သို့ဖြင့် အင်အယ်လ်ဒီအစိုးရ လက်ထက်ကဲ့သို့ ပါတီ၊ လွှတ်တော်နှင့် အစိုးရ သုံးကွဲကွဲနေပါသည်ဟု မည်သည့် ပြည်ခိုင်ဖြိုးပါတီဝင်ကမှ ပြောဆိုခြင်းမရှိ။၂၀၁၅ နီးကပ်လာမှ ဦးရွှေမန်း ကို ပြည်ခိုင်ဖြိုးပါတီထဲမှ ဆွဲထုတ်သည့် အရုပ်ဆိုးလှသည့် အတွင်းအက်ကြောင်းတစ်ခုကိုသာ ပြည်သူမြင်ခွင့်ရခဲ့ပါသည်။

ပြည်သူက မျှော်လင့်ချက်ကြီးစွာဖြင့်  ပြည်ခိုင်ဖြိုးအစိုးရကို တင်မြှောက်ခဲ့ခြင်းမဟုတ်ပါ။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြိုတင်မဲတန်ခိုးဖြင့် မဲနိုင်ပြီးတက်လာသည်ဟု လူထုက ခံယူထားရာ အစိုးရအပေါ် မျှော်လင့်မှုလည်းမရှိ။စိတ်ဝင်စားမှုလည်းမရှိပေ။အင်အယ်လ်ဒီအစိုးရကိုမူ လူထုက လိုလိုလားလား မဲပေးတင်မြှောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ဒေါ်အောင်ဆန်းစုကြည် နှုတ်မှ ထွက်သမျှစကားကို လိုက်နာကြသည်။ဒေါ်အောင်ဆန်းစုကြည် က ပေးတာယူ ကျွေးတာစား မဲထည့်ရင် အင်အယ်လ်ဒီကို ထည့်ပါဆိုသည့်အတိုင်း၊ လူနာမည်မကြည့်ဘဲ အင်အယ်လ်ဒီပါတီတံဆိပ်ကို ကြည့်ပြီး မဲပေးခဲ့ကြပါသည်။မဲပေးရမည့် ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့က မနက်အစောကြီး မဲရုံများသို့သွား၍ မဲပေးရန် တန်းစီခဲ့ကြပါသည်။သည်မျှအားကိုးခဲ့သည့် လူထု၏ ယုံကြည်မှုကို အင်အယ်လ်ဒီ မထိန်းထားနိုင်ခဲ့ပါ။၂၀၁၆ - ၂၀၁၇ နှစ်နှစ်နီးပါးအတွင်း တချို့သောအမတ်များ၊ တချို့သောဝန်ကြီးများနှင့် တချို့သောဝန်ကြီးချုပ်များ၏ ပြောဆိုလုပ်ကိုင်ပုံများက လူထုကို စိတ်ပျက်စေပါသည်။ထို့ပြင် စိန်ခေါ်မှုအမျိုးမျိုးကြားတွင် ရုန်းကန်နေရသော အင်အယ်လ်ဒီအစိုးရသည် ပြည်သူအပေါ် ပွင့်လင်းမြင်သာ ချပြအသိပေးခြင်း အားနည်းလာပါသည်။

သည်အခင်းအကျင်းများက နိုင်ငံရေးအပေါ် လူထုစိတ်ဝင်စားမှု လျော့ကျစေခဲ့ပါသည်။အင်အယ်လ်ဒီပါတီအပေါ် ယုံကြည်ကိုးစားမှုလည်း လျော့ကျခဲ့ပါသည်။သို့ဖြင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲသို့ မဲလာပေးသူ နည်းပါးခဲ့ပါသည်။ထို့အတူ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း မဲလာပေးသူ နည်းလာပါသည်။၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ နှစ်ပွဲစလုံးတွင် အင်အယ်လ်ဒီအနေဖြင့် ရာခိုင်နှုန်း ၅၀ နှင့် ၆၀ ကြားသာ မဲအနိုင်ရခဲ့ပါသည်။၂၀၁၅ ရွေးကောက်ပွဲ မဲရလဒ်မျိုး ပြန်မရတော့ပါ။

အင်အယ်လ်ဒီအပေါ် လူထုဘက်က သွေးအေးသွားခြင်းအပေါ် ပါတီဘက်မှ မည်သို့အဖြေရှာခဲ့သည်ကို လူထုမသိခဲ့ရပါ။ပြည်သူက အာဏာအပ်နှင်းလိုက်ချိန်တွင် ပြုပြင်ပြောင်းလဲရေးများကို အားကြိုးမာန်တက် လုပ်မည့်အစား၊ ဗိုလ်ချုပ်ရုပ်တု ထုရေး အင်အယ်လ်ဒီအရေး လုပ်ခဲ့ကြသည်ကို လူထုစိတ်ပျက်ခဲ့သည်။
ချောင်းဆုံတံတား အမည်ကိစ္စကို လွှတ်တော်ထဲထိ သယ်ဆောင်မဲခွဲ ဆုံးဖြတ်ကြသည်ကို လူထုစိတ်ပျက်ကြသည်။ကယားပြည်နယ်တွင် ဗိုလ်ချုပ်ရုပ်တု ထားရှိရေး ဒေသခံများနှင့် ပြဿနာကြီးငယ်ဖြစ်သည်ကို လူထုစိတ်ပျက်ခဲ့ကြသည်။လွှတ်တော်တွင် အမတ်များအား ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် ကိုင်တွယ်သည်ဟု ကြားသိရခြင်းအပေါ် လူထုစိတ်ပျက်ခဲ့သည်။

အင်အယ်လ်ဒီသည် တိုင်းပြည်စီးပွားရေး သိသိသာသာ ဦးမော့လာစေရန် မဆောင်ရွက်နိုင်သည်ကို လူထုခွင့်လွှတ်နိုင်သော်လည်း၊ ဗိုလ်ချုပ်ကို ခုတုံးလုပ် နိုင်ငံရေးလုပ်လာသည်ကို စိတ်ပျက်ခဲ့ကြပါသည်။ကယားတွင် ဗိုလ်ချုပ်ရုပ်တု ထားရှိရေး ဒေသခံတချို့က ကန့်ကွက်သည်မှာ သူတို့ကို ကြိုးကိုင်နေသူများရှိ၍ဟူသော အင်အယ်လ်ဒီဘက်က ပြောဆိုမှုမှန်ခဲ့လျှင်ပင် ဒေသခံလူထုကို အလျှော့မပေးဘဲ ဖမ်းဆီးအမှုဖွင့်ပြီး ဗိုလ်ချုပ်ရုပ်တု ဆက်ထားရေး ဆောင်ရွက်သည်မှာ နိုင်ငံရေးအရ အင်အယ်လ်ဒီ အရှုံးကြီးရှုံးပါသည်။ကယားပြည်နယ်တွင် ဗိုလ်ချုပ်ရုပ်တု ထားသည့်ကိစ္စ ကန့်ကွက်ခံရပြီးနောက်ပိုင်း ဗိုလ်ချုပ်ရုပ်တု အသံငြိမ်သွားပါသည်။

သို့သော် ကျန်ခဲ့သည့် ရက်သတ္တပတ်က ချင်းပြည်နယ်တွင် ဗိုလ်ချုပ်ရုပ်တု ထားမည်ကို ဒေသခံများအား ကြိုတင်မတိုင်ပင်၍ ထားခွင့်မပြုဟုချင်း လူငယ်များကဆိုကြောင်း သတင်းများပါလာပြန်ပါသည်။လူထု၏ ယုံကြည်ကိုးစားမှုကို ပြန်တည်ဆောက် အလုပ် လုပ်ပြရမည့်အချိန်တွင် ဗိုလ်ချုပ်ရုပ်တုကိစ္စ ပေါ်လာပြန်ပါသည်။
ဗိုလ်ချုပ်ရုပ်တုတိုင်းနှင့် ပြည်နယ်တိုင်းတွင် ရှိရမည်ဆိုသည့် လျှို့ဝှက်ညွှန်ကြားချက် အင်အယ်လ်ဒီပါတီနှင့် အစိုးရတွင် ရှိနေလေသလား။ဗိုလ်ချုပ်၏ မူလရှိပြီးသား ဂုဏ်ပုဒ်များအား သေးသိမ်စေသည့် ရုပ်တုထားရှိရေး လက်မခံနိုင်ဆိုသည့် ဖြစ်ရပ်ပေါ်လာစေရန် မည်သူတွေက စီမံနေကြလေသနည်း။

နိုင်ငံရေးအရှုံးပေါ်စေသည့် ဗိုလ်ချုပ်ရုပ်တုရောဂါကို အင်အယ်လ်ဒီ ဗဟိုကော်မတီက ဘာကြောင့်ဝင်မထိန်းသိမ်းဘဲ နိုင်ငံရေးအရှုံးခံနေပါသနည်း။ဗဟိုအစိုးရကရော ဗိုလ်ချုပ်ရုပ်တုကိစ္စ ရုပ်ပျက်ဆင်းပျက်ဖြစ်လာသည်ကို အဘယ်ကြောင့် နှုတ်ဆိတ်နေပါသနည်း။လူကောင်း လူတော် ပြဿနာသည် ဝန်ကြီးရာထူး ဝန်ကြီးချုပ်ရာထူးအတွက်သာမက၊ ယခုကဲ့သို့ အင်အယ်လ်ဒီအတွက် နိုင်ငံရေးအရှုံးပေါ်စေသည့် လုပ်ရပ်မျိုးကို တားရဲပြောရဲသူ အင်အယ်လ်ဒီပါတီဝင် တစ်ယာက်မှ ပေါ်မလာခြင်းသည် အင်အယ်လ်ဒီပါတီဝင်များ၏ ကျဆင်းနေသည့် ထက်မြက်မှုကို ဖော်ပြနေပါသည်။

ယခုအချိန်သာ ဦးဝင်းတင် ရှိမည်ဆိုပါက အင်အယ်လ်ဒီပါတီ၏ လူကောင်းလူတော်ရွေးချယ်မှုကို ဓမ္မဓိဌာန်ကျကျ ဝေဖန်သုံးသပ်ပြမည်ဟု ယုံကြည်ပါသည်။

တိုင်းပြည်ရေရှည်အကျိုးကို ရှေ့ရှုလျက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တော်လည်းတော်၊ ထက်လည်းထက်၍ ကောင်းလည်းကောင်းသော အင်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပါမှ လူထု၏ နိုင်ငံရေးအပေါ် စိတ်ကုန်၊ စိတ်မဝင်စားမှုကို ဖယ်ရှားပေးနိုင်ပါမည်ဟု ယုံကြည်ပါသည်။

ခင်နှင်းဦး
စက်တင်ဘာ ၂၅

( Zawgyi )

တိုင္းျပည္အုပ္ခ်ဳပ္ အစိုးရလုပ္ရသည္မွာ အေတာ္မလြယ္ေသာ ကိစၥျဖစ္ပါသည္။အထူးသျဖင့္ ျမန္မာႏိုင္ငံကဲ့သို႔ ကာလရွည္စြာ လြဲမွားေသာ စီမံခန႔္ခြဲမႈမ်ားေအာက္တြင္ တစတစ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ အတက္မရွိ ဆက္တိုက္က်ေနသည့္ ႏိုင္ငံကို စီမံခန႔္ခြဲရသည္မွာ အလြန႔္အလြန္ မလြယ္ကူသည့္ အလုပ္ျဖစ္ပါသည္။သည္ၾကားထဲ ယုံၾကည္ရမည္ဟု ယူဆရေသာ လူေကာင္းကို ဦးစားေပးၿပီး လူေတာ္ေသာ္လည္း ယုံၾကည္ရပါ့မလား သံသယရွိသူကို ဦးစားမေပးသည့္ ေ႐ြးခ်ယ္မႈေၾကာင့္၊ အစိုးရ၊ ျပည္သူလူထုႏွင့္ တိုင္းျပည္ နစ္နာရျပန္ပါသည္။

ျမန္မာႏိုင္ငံ၏ လူေကာင္းႏွင့္ လူေတာ္အေပၚ ခံယူခ်က္ႏွင့္ ေ႐ြးခ်ယ္မႈ ျပႆနာသည္ ယခု အင္အယ္လ္ဒီအစိုးရ လက္ထက္တြင္မွ ေပၚေပါက္လာျခင္းမဟုတ္ပါ။ဦးေနဝင္း လက္ထက္ကလည္း ဦးေနဝင္း ပါးစပ္မွ လူေကာင္းႏွင့္ လူေတာ္ ယွဥ္လာပါက လူေကာင္းကိုသာ ေ႐ြးမည္ဟူေသာ စကားမ်ိဳးကို အတိအလင္းေျပာဖူးပါသည္။ေျပာသည့္အတိုင္း ဦးေနဝင္း ယုံၾကည္စိတ္ခ်ရသည္ဟု ယူဆသူမ်ားကိုသာ ေနရာေကာင္းမ်ား ေပးခဲ့ပါသည္။အနားတြင္ထားခဲ့ပါသည္။လူလူခ်င္း ေပါင္းသင္းဆက္ဆံရာ၌ တစ္ဦးေပၚတစ္ဦး ယုံၾကည္စိတ္ခ်မႈေပၚ အရင္းခံသည္ျဖစ္ရာ ေရွးမင္းမ်ားလက္ထက္မွစ၍ ယေန႔ထိတိုင္ မည္သည့္အစိုးရအဖြဲ႕ တက္သည္ျဖစ္ေစ အစိုးရအဖြဲ႕အတြင္း၌ ႀကီးမားသည့္တာဝန္ ေပးအပ္ရမည့္သူကို ေ႐ြးခ်ယ္ရာတြင္ ယုံၾကည္စိတ္ခ်ရမႈကို အရင္းခံမည္သာ ျဖစ္ပါသည္။

ဦးေနဝင္းအစိုးရ လက္ထက္တြင္ တရားစီရင္ေရး၌ ဥပဒဘြဲ႕ရ မဟုတ္သူမ်ားကို ခန႔္အပ္တာဝန္ေပးခဲ့ဖူးပါသည္။ထိုသို႔ မသင့္မေတာ္ ေနရာေပးမႈမ်ားကို ျမင္ေတြ႕ၾကရေပရာ၊ ဆိုက္ကားဆရာက တရားသူႀကီးျဖစ္တဲ့ေခတ္ဟု မ်က္ကြယ္တြင္ လူထုက ျပက္ရယ္ျပဳခဲ့ၾကပါသည္။အင္အယ္လ္ဒီအစိုးရအဖြဲ႕ အမည္စာရင္း ထြက္လာသည့္အခါ ခန႔္အပ္လိုက္သည့္ ဝန္ႀကီးသုံးတစ္ပုံကို လူထုမႏွစ္ၿမိဳ႕ခဲ့ပါ။စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္တို႔ကို ေဒါက္တာအတုမ်ားဟု လူထုက ေဝဖန္ကန႔္ကြက္ခဲ့ၾကပါသည္။သို႔ေသာ္ သူတို႔ႏွစ္ဦးစလုံးကို ခန႔္အပ္ခဲ့ပါသည္။တစ္ဦးက အစိုးရသက္တမ္း ၂ ႏွစ္ထဲ ေရာက္လာခ်ိန္တြင္ အနားေပးခံရၿပီး က်န္တစ္ဦးကား လုပ္ငန္းစီမံခန႔္ခြဲႏိုင္မႈ အားနည္းသူအျဖစ္ ျပည္သူ၏ စိတ္ပ်က္မႈကို ခံယူရသူျဖစ္လာပါသည္။

ျမန္မာႏိုင္ငံသည္ ယခုခ်ိန္ထိတိုင္ စိုက္ပ်ိဳးေရးအေပၚ အားထားေနရသည့္ ႏိုင္ငံျဖစ္ပါသည္။အင္အယ္လ္ဒီအစိုးရ လက္ထက္တြင္ စိုက္ပ်ိဳးေရးက႑ကို နားလည္တတ္ကြၽမ္းသည့္ ပညာရွင္မ်ားျဖင့္ အေလးထားျပဳျပင္ပါက စိုက္ပ်ိဳးေရးက႑ ေျပာင္းလဲတိုးတက္လ်က္ ေက်းလက္ေတာ႐ြာမွ လူငယ္မ်ား ေန႔စဥ္ႏွင့္အမွ် ျပည္ပသို႔ထြက္ခြာေနျခင္း ေလ်ာ့က်ေစမည္ဟု လူထုက ေမွ်ာ္လင့္ခဲ့ပါသည္။သို႔ေသာ္ သခ်ၤာပညာရပ္တြင္ အထူးကြၽမ္းက်င္သည့္ တကၠသိုလ္ ပါေမာကၡေဟာင္းကို လယ္-ဆည္ ဝန္ႀကီးေနရာ ေပးထားၿပီး ပါရဂူဘြဲ႕ရ စိုက္ပ်ိဳေရးပညာရွင္ကို ဒု-ဝန္ႀကီးေနရာ ေပးထားခဲ့ပါသည္။ဤသို႔ ဒုတိယ ဦးေနဝင္းထုံး ႏွလုံးမူ လူေ႐ြးေနရာေပးမႈကို လူထုက အံ့လည္းအံ့အားသင့္ စိတ္လည္း ပ်က္ခဲ့ၾကပါသည္။ထို႔အတူ တာဝန္ေပးခံရသူမ်ား၏ အတြင္းေၾကာင္းမ်ားကို သိေနသူမ်ားက အင္အယ္လ္ဒီပါတီသည္ မိမိအစိုးရအဖြဲ႕တြင္ ဝန္ႀကီးေနရာ ေပးမည့္သူမ်ားအေၾကာင္းကို လြယ္လင့္တကူ စနည္းနာနည္းမ်ားရွိပါလ်က္ အဘယ္ေၾကာင့္ သည္လိုလူေတြကို ဝန္ႀကီးေနရာ ေပးေလသနည္းဟု အံ့ၾသၾကခဲ့ပါသည္။တခ်ိဳ႕ကလည္း ျပည္ခိုင္ၿဖိဳးအစိုးရ လက္ထက္မွ ဝန္ႀကီးမ်ားအား ျပန္ေနရာေပးသည္ကို အနည္းငယ္မွ် မႏွစ္ၿမိဳ႕ခဲ့ၾကပါ။အခ်ဳပ္ဆိုေသာ္ အင္အယ္လ္ဒီအစိုးရအဖြဲ႕ အမည္စာရင္း ထြက္လာကတည္းက အစိုးရယႏၲရားကို သြက္လက္ထက္ျမက္စြာ မည္သည့္နည္းႏွင့္မွ် လည္ပတ္ႏိုင္မည္မဟုတ္ဟု ႀကိဳတင္ခန႔္မွန္းသူ အမ်ားအျပား ေပၚထြက္လာပါသည္။

အမ်ားယူဆသကဲ့သို႔ပင္ အစိုးရသက္တမ္း ပထမႏွစ္အတြင္းမွာပင္ ပထမဆုံး အလုပ္မွထုတ္ပယ္ခံရသူက ႏိုင္ငံအတြက္ အေရးႀကီးဆုံး စိုက္ပ်ိဳးေရးက႑ကို တာဝန္ယူေနသည့္ ဒု-ဝန္ႀကီး ျဖစ္ေနပါသည္။ထို႔ေနာက္ လွ်ပ္စစ္ဝန္ႀကီး။ထို႔ေနာက္ စီမံကိန္းႏွင့္ ဘ႑ေရးဝန္ႀကီး။ထို႔ေနာက္ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္။ထို႔ေနာက္ စက္မႈဝန္ႀကီး စသျဖင့္ ျပည္ေထာင္စုအဆင့္ ဝန္ႀကီးမ်ား၊ တိုင္းအဆင့္ ဝန္ႀကီးခ်ဳပ္တို႔ အစိုးရအဖြဲ႕ထဲမွ လြင့္စင္ခဲ့ၾကပါသည္။ဦးသိန္းစိန္အစိုးရ လက္ထက္တြင္ ဒုတိယသမၼတ ဦးတင္ေအာင္ျမင့္ဦး မွ လြဲ၍ မည္သည့္ဝန္ႀကီးမွ အနားေပးခံရျခင္း၊ ထုတ္ပယ္ခံရျခင္း မရွိခဲ့ပါ။

ဦးသိန္းစိန္ လက္ထက္ ဝန္ႀကီးအဖြဲ႕ မေျပာင္းအလဲမရွိျခင္းသည္ မဆန္းပါ။အင္အယ္လ္ဒီအစိုးရ လက္ထက္ကဲ့သို႔ လက္ေဆာင္ပစၥည္းကို ႏွစ္ေသာင္းခြဲတန္ထက္ ပိုမယူရဟု မတားျမစ္ထားပါ။သုံးသိန္းတန္ပစၥည္း ယူခြင့္ျပဳထားပါသည္။လုပ္ငန္းတိုင္းကို အေပး၊ အယူျဖင့္ လုပ္ၾကရာ မည္သည့္လုပ္ငန္းရွင္ကမွ မည္သည့္ဝန္ႀကီးကိုမွ် တိုင္ၾကားျခင္းမရွိ။
တိုင္ခဲ့ပါက တိုင္သူဘက္သို႔ အမႈမွ်ားဦး လွည့္လာတတ္သျဖင့္ မည္သူမွမတိုင္။အဂတိတိုက္ဖ်က္ေရးအဖြဲ႕ ဖြဲ႕ထားေသာ္လည္း အဖြဲ႕သည္ မည္သူ႔ကိုမွ မစစ္ေဆးခဲ့ရ။ထို႔ျပင္ ျပည္ခိုင္ၿဖိဳးပါတီ၊ ျပည္ခိုင္ၿဖိဳးအမတ္ အမ်ားစုပါရွိေနသည့္ လႊတ္ေတာ္ႏွင့္ ျပည္ခိုင္ၿဖိဳးအစိုးရတို႔၏ ေက်ာေထာက္ေနာက္ခံသည္ တပ္မေတာ္ျဖစ္သျဖင့္ အဖြဲ႕ ၃ ရပ္သည္ ေဆြမ်ိဳးရင္းခ်ာမ်ား ျဖစ္ေနၾကပါသည္။သို႔ျဖင့္ အင္အယ္လ္ဒီအစိုးရ လက္ထက္ကဲ့သို႔ ပါတီ၊ လႊတ္ေတာ္ႏွင့္ အစိုးရ သုံးကြဲကြဲေနပါသည္ဟု မည္သည့္ ျပည္ခိုင္ၿဖိဳးပါတီဝင္ကမွ ေျပာဆိုျခင္းမရွိ။၂၀၁၅ နီးကပ္လာမွ ဦးေ႐ႊမန္း ကို ျပည္ခိုင္ၿဖိဳးပါတီထဲမွ ဆြဲထုတ္သည့္ အ႐ုပ္ဆိုးလွသည့္ အတြင္းအက္ေၾကာင္းတစ္ခုကိုသာ ျပည္သူျမင္ခြင့္ရခဲ့ပါသည္။

ျပည္သူက ေမွ်ာ္လင့္ခ်က္ႀကီးစြာျဖင့္  ျပည္ခိုင္ၿဖိဳးအစိုးရကို တင္ေျမႇာက္ခဲ့ျခင္းမဟုတ္ပါ။၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ ႀကိဳတင္မဲတန္ခိုးျဖင့္ မဲႏိုင္ၿပီးတက္လာသည္ဟု လူထုက ခံယူထားရာ အစိုးရအေပၚ ေမွ်ာ္လင့္မႈလည္းမရွိ။စိတ္ဝင္စားမႈလည္းမရွိေပ။အင္အယ္လ္ဒီအစိုးရကိုမူ လူထုက လိုလိုလားလား မဲေပးတင္ေျမႇာက္ခဲ့ၾကျခင္း ျဖစ္ပါသည္။ေဒၚေအာင္ဆန္းစုၾကည္ ႏႈတ္မွ ထြက္သမွ်စကားကို လိုက္နာၾကသည္။ေဒၚေအာင္ဆန္းစုၾကည္ က ေပးတာယူ ေကြၽးတာစား မဲထည့္ရင္ အင္အယ္လ္ဒီကို ထည့္ပါဆိုသည့္အတိုင္း၊ လူနာမည္မၾကည့္ဘဲ အင္အယ္လ္ဒီပါတီတံဆိပ္ကို ၾကည့္ၿပီး မဲေပးခဲ့ၾကပါသည္။မဲေပးရမည့္ ၂၀၁၅ ႏိုဝင္ဘာ ၈ ရက္ေန႔က မနက္အေစာႀကီး မဲ႐ုံမ်ားသို႔သြား၍ မဲေပးရန္ တန္းစီခဲ့ၾကပါသည္။သည္မွ်အားကိုးခဲ့သည့္ လူထု၏ ယုံၾကည္မႈကို အင္အယ္လ္ဒီ မထိန္းထားႏိုင္ခဲ့ပါ။၂၀၁၆ - ၂၀၁၇ ႏွစ္ႏွစ္နီးပါးအတြင္း တခ်ိဳ႕ေသာအမတ္မ်ား၊ တခ်ိဳ႕ေသာဝန္ႀကီးမ်ားႏွင့္ တခ်ိဳ႕ေသာဝန္ႀကီးခ်ဳပ္မ်ား၏ ေျပာဆိုလုပ္ကိုင္ပုံမ်ားက လူထုကို စိတ္ပ်က္ေစပါသည္။ထို႔ျပင္ စိန္ေခၚမႈအမ်ိဳးမ်ိဳးၾကားတြင္ ႐ုန္းကန္ေနရေသာ အင္အယ္လ္ဒီအစိုးရသည္ ျပည္သူအေပၚ ပြင့္လင္းျမင္သာ ခ်ျပအသိေပးျခင္း အားနည္းလာပါသည္။

သည္အခင္းအက်င္းမ်ားက ႏိုင္ငံေရးအေပၚ လူထုစိတ္ဝင္စားမႈ ေလ်ာ့က်ေစခဲ့ပါသည္။အင္အယ္လ္ဒီပါတီအေပၚ ယုံၾကည္ကိုးစားမႈလည္း ေလ်ာ့က်ခဲ့ပါသည္။သို႔ျဖင့္ ၂၀၁၇ ၾကားျဖတ္ေ႐ြးေကာက္ပြဲသို႔ မဲလာေပးသူ နည္းပါးခဲ့ပါသည္။ထို႔အတူ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲတြင္လည္း မဲလာေပးသူ နည္းလာပါသည္။၂၀၁၇ ႏွင့္ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ႏွစ္ပြဲစလုံးတြင္ အင္အယ္လ္ဒီအေနျဖင့္ ရာခိုင္ႏႈန္း ၅၀ ႏွင့္ ၆၀ ၾကားသာ မဲအႏိုင္ရခဲ့ပါသည္။၂၀၁၅ ေ႐ြးေကာက္ပြဲ မဲရလဒ္မ်ိဳး ျပန္မရေတာ့ပါ။

အင္အယ္လ္ဒီအေပၚ လူထုဘက္က ေသြးေအးသြားျခင္းအေပၚ ပါတီဘက္မွ မည္သို႔အေျဖရွာခဲ့သည္ကို လူထုမသိခဲ့ရပါ။ျပည္သူက အာဏာအပ္ႏွင္းလိုက္ခ်ိန္တြင္ ျပဳျပင္ေျပာင္းလဲေရးမ်ားကို အားႀကိဳးမာန္တက္ လုပ္မည့္အစား၊ ဗိုလ္ခ်ဳပ္႐ုပ္တု ထုေရး အင္အယ္လ္ဒီအေရး လုပ္ခဲ့ၾကသည္ကို လူထုစိတ္ပ်က္ခဲ့သည္။
ေခ်ာင္းဆုံတံတား အမည္ကိစၥကို လႊတ္ေတာ္ထဲထိ သယ္ေဆာင္မဲခြဲ ဆုံးျဖတ္ၾကသည္ကို လူထုစိတ္ပ်က္ၾကသည္။ကယားျပည္နယ္တြင္ ဗိုလ္ခ်ဳပ္႐ုပ္တု ထားရွိေရး ေဒသခံမ်ားႏွင့္ ျပႆနာႀကီးငယ္ျဖစ္သည္ကို လူထုစိတ္ပ်က္ခဲ့ၾကသည္။လႊတ္ေတာ္တြင္ အမတ္မ်ားအား ဗဟိုခ်ဳပ္ကိုင္မႈစနစ္ျဖင့္ ကိုင္တြယ္သည္ဟု ၾကားသိရျခင္းအေပၚ လူထုစိတ္ပ်က္ခဲ့သည္။

အင္အယ္လ္ဒီသည္ တိုင္းျပည္စီးပြားေရး သိသိသာသာ ဦးေမာ့လာေစရန္ မေဆာင္႐ြက္ႏိုင္သည္ကို လူထုခြင့္လႊတ္ႏိုင္ေသာ္လည္း၊ ဗိုလ္ခ်ဳပ္ကို ခုတုံးလုပ္ ႏိုင္ငံေရးလုပ္လာသည္ကို စိတ္ပ်က္ခဲ့ၾကပါသည္။ကယားတြင္ ဗိုလ္ခ်ဳပ္႐ုပ္တု ထားရွိေရး ေဒသခံတခ်ိဳ႕က ကန႔္ကြက္သည္မွာ သူတို႔ကို ႀကိဳးကိုင္ေနသူမ်ားရွိ၍ဟူေသာ အင္အယ္လ္ဒီဘက္က ေျပာဆိုမႈမွန္ခဲ့လွ်င္ပင္ ေဒသခံလူထုကို အေလွ်ာ့မေပးဘဲ ဖမ္းဆီးအမႈဖြင့္ၿပီး ဗိုလ္ခ်ဳပ္႐ုပ္တု ဆက္ထားေရး ေဆာင္႐ြက္သည္မွာ ႏိုင္ငံေရးအရ အင္အယ္လ္ဒီ အရႈံးႀကီးရႈံးပါသည္။ကယားျပည္နယ္တြင္ ဗိုလ္ခ်ဳပ္႐ုပ္တု ထားသည့္ကိစၥ ကန႔္ကြက္ခံရၿပီးေနာက္ပိုင္း ဗိုလ္ခ်ဳပ္႐ုပ္တု အသံၿငိမ္သြားပါသည္။

သို႔ေသာ္ က်န္ခဲ့သည့္ ရက္သတၱပတ္က ခ်င္းျပည္နယ္တြင္ ဗိုလ္ခ်ဳပ္႐ုပ္တု ထားမည္ကို ေဒသခံမ်ားအား ႀကိဳတင္မတိုင္ပင္၍ ထားခြင့္မျပဳဟုခ်င္း လူငယ္မ်ားကဆိုေၾကာင္း သတင္းမ်ားပါလာျပန္ပါသည္။လူထု၏ ယုံၾကည္ကိုးစားမႈကို ျပန္တည္ေဆာက္ အလုပ္ လုပ္ျပရမည့္အခ်ိန္တြင္ ဗိုလ္ခ်ဳပ္႐ုပ္တုကိစၥ ေပၚလာျပန္ပါသည္။
ဗိုလ္ခ်ဳပ္႐ုပ္တုတိုင္းႏွင့္ ျပည္နယ္တိုင္းတြင္ ရွိရမည္ဆိုသည့္ လွ်ိဳ႕ဝွက္ၫႊန္ၾကားခ်က္ အင္အယ္လ္ဒီပါတီႏွင့္ အစိုးရတြင္ ရွိေနေလသလား။ဗိုလ္ခ်ဳပ္၏ မူလရွိၿပီးသား ဂုဏ္ပုဒ္မ်ားအား ေသးသိမ္ေစသည့္ ႐ုပ္တုထားရွိေရး လက္မခံႏိုင္ဆိုသည့္ ျဖစ္ရပ္ေပၚလာေစရန္ မည္သူေတြက စီမံေနၾကေလသနည္း။

ႏိုင္ငံေရးအရႈံးေပၚေစသည့္ ဗိုလ္ခ်ဳပ္႐ုပ္တုေရာဂါကို အင္အယ္လ္ဒီ ဗဟိုေကာ္မတီက ဘာေၾကာင့္ဝင္မထိန္းသိမ္းဘဲ ႏိုင္ငံေရးအရႈံးခံေနပါသနည္း။ဗဟိုအစိုးရကေရာ ဗိုလ္ခ်ဳပ္႐ုပ္တုကိစၥ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္လာသည္ကို အဘယ္ေၾကာင့္ ႏႈတ္ဆိတ္ေနပါသနည္း။လူေကာင္း လူေတာ္ ျပႆနာသည္ ဝန္ႀကီးရာထူး ဝန္ႀကီးခ်ဳပ္ရာထူးအတြက္သာမက၊ ယခုကဲ့သို႔ အင္အယ္လ္ဒီအတြက္ ႏိုင္ငံေရးအရႈံးေပၚေစသည့္ လုပ္ရပ္မ်ိဳးကို တားရဲေျပာရဲသူ အင္အယ္လ္ဒီပါတီဝင္ တစ္ယာက္မွ ေပၚမလာျခင္းသည္ အင္အယ္လ္ဒီပါတီဝင္မ်ား၏ က်ဆင္းေနသည့္ ထက္ျမက္မႈကို ေဖာ္ျပေနပါသည္။

ယခုအခ်ိန္သာ ဦးဝင္းတင္ ရွိမည္ဆိုပါက အင္အယ္လ္ဒီပါတီ၏ လူေကာင္းလူေတာ္ေ႐ြးခ်ယ္မႈကို ဓမၼဓိဌာန္က်က် ေဝဖန္သုံးသပ္ျပမည္ဟု ယုံၾကည္ပါသည္။

တိုင္းျပည္ေရရွည္အက်ိဳးကို ေရွ႕ရႈလ်က္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ ေတာ္လည္းေတာ္၊ ထက္လည္းထက္၍ ေကာင္းလည္းေကာင္းေသာ အင္အယ္လ္ဒီ ကိုယ္စားလွယ္ေလာင္းမ်ားကို ေ႐ြးခ်ယ္ပါမွ လူထု၏ ႏိုင္ငံေရးအေပၚ စိတ္ကုန္၊ စိတ္မဝင္စားမႈကို ဖယ္ရွားေပးႏိုင္ပါမည္ဟု ယုံၾကည္ပါသည္။

ခင္ႏွင္းဦး
စက္တင္ဘာ ၂၅