【 ဆောင်းပါး 】 အစိုးရလား၊ ဂေါပကလား

【 ဆောင်းပါး 】 အစိုးရလား၊ ဂေါပကလား

ကိုဗစ်ကြောင့် ငုတ်တုပ်မေ့နေသော ၈ တန်း ကျောင်းသား ကျနော့်သားက လာမည့်ဇွန်တွင်ရော ကျောင်းဖွင့်နိုင်မလားဟု မေးသည်။သူ့မေးခွန်းကိုမဖြေမီ ဘာ့ကြောင့်မေးရတာလဲဟု ပြန်လှန်မေးခွန်းထုတ်ကြည့်တော့ ‘ကျောင်းမတက်ရတာကြာတော့ တော်တော်ပျင်းလှပြီ’ ဟု ဆိုသည်။

 
ပထမလှိုင်းကာလ ကိုဗစ်စည်းကမ်းများနှင့်အညီ ကျောင်းများ အပိုင်းလိုက်ပြန်ဖွင့်သော်လည်း ၈ တန်း ကျောင်းသားများ ကျောင်းမတက်ရသေးမီ ပြန်ပိတ်သွားသဖြင့် ကျနော့်သား ကျောင်းမတက်ရ သည်မှာ ပြီးခဲ့သည့်နွေရာသီ ကျောင်းပိတ်ကတည်းကဖြစ်သည်။
 
ထို့ပြင် ကျနော့်သားနေထိုင်နေသည့်မြို့မှာ Stay at Home သတ်မှတ်ထားသည့် ရန်ကုန်တိုင်းအတွင်းရှိ နယ်မြို့တစ်မြို့။ Stay at Home ဆိုသော်လည်း ရန်ကုန်တိုင်းစတိုင် မလိုက်နာလည်း ဘာမှမဖြစ် သည့် Stay at Home မို့ ပုံမှန်သွားလာလှုပ်ရှားမှုများဖြင့် ကိုဗစ်မရှိတော့သည့်နှယ် အသက်ဝင်လျက်ရှိ သည့် မြို့လည်းဖြစ်သည်။သို့သော်၊ နယ်မြို့လည်း နယ်မြို့အလျောက် ပိုးတွေ့လူနာများကမပြတ်၍ သားသူငယ်ချင်းများနှင့် သွားလာကစားခြင်းကို ကန့်သတ်ထားသည်မှာ ဒုတိယလှိုင်းစတင်ကတည်း ကဆိုတော့။ပြီးတော့ သူက တစ်ဦးတည်းသားမို့ ပျင်းမယ်ဆိုလည်း ပျင်းလောက်သည့်အနေအထား။
 
‘လာမယ့်ဇွန်မှာ ကျောင်း ဖွင့်၊ မဖွင့် လောလောဆယ် မပြောနိုင်သေးဘူး။’ ဟု ကျနော်ကဆိုလိုက်တော့ ‘ကိုဗစ်ကာကွယ်ဆေးရတော့မယ် မဟုတ်လား။’ ဟု သားက ထပ်ဆင့်မေးခွန်းထုတ်သည်။ထိုမေးခွန်း မှာ ကျနော်မကြာခဏကြားရလေ့ရှိသော မေးခွန်းဖြစ်ပြီး ကျနော်တို့နိုင်ငံအတွက်လည်း အင်မတန်အရေး ကြီးသော မေးခွန်းဖြစ်သည်။
 
ဘာ့ကြောင့် အရေးကြီးမေးခွန်းဖြစ်ရသနည်း။ကိုဗစ်ကာကွယ်ဆေးနှင့်ပတ်သက်ပြီး ပြည်သူတချို့၏ သိရှိမှုမှာ အလွဲကြီးလွဲနေသောကြောင့်ဖြစ်သည်။ဘယ်လောက်ထိအောင် လွဲနေသလဲဆိုတော့ ကိုဗစ် ကာကွယ်ဆေးများပေါ်လာပြီဖြစ်၍ မကြာမီလပိုင်းအတွင်း ကမ္ဘာဖျက်ပိုး ကိုဗစ်သည် ကမ္ဘာ့အပြင် ဘက်သို့ လွင့်စင်ပျောက်ကွယ်သွားတော့မည်ဟု ဆတ်ဆတ်ခါလွဲနေကြခြင်းဖြစ်သည်။
 
ထိုအလွဲကပင် ၈ လကျော်၊ ၉ လ အိမ်တွင်းအောင်းဘဝကို ငြီးငွေ့နေပြီဖြစ်သော စိတ်ကို ရဲရဲတင်းတင်း အိမ်ပြင်ထွက်လာအောင် လှုံ့ဆော်သည်။ထိုအလွဲကြောင့်ပင် ရှောင်ကိုရှောင်ရမည့် လူစုလူဝေးရှိရာနေရာသို့ မရောက်ရောက်အောင် ရောက်ရှိကြသည်။ကိုဗစ်ဖြစ်ချင်လည်းဖြစ် မကြာမီလာတော့မည့် ကာကွယ်ဆေးက အဆင်သင့်ဆိုတာမျိုး။
 
ပြည်သူတို့မြင်ထားသလို ကာကွယ်ဆေးက အမှန်တကယ်ပေါ်နေခဲ့ပြီ။ပြီးတော့ ကုမ္ပဏီတစ်ခုတည်းကမဟုတ်ဘဲ အပြိုင်အဆိုင်ပေါ်နေခြင်းဖြစ်သည်။သို့သော်၊ ကိုဗစ်ကာကွယ်ဆေး တီထွင်ထုတ်လုပ်နိုင်သော ကုမ္ပဏီနှင့် အဖွဲ့အစည်းများမှာ မြန်မာနိုင်ငံကမဟုတ်ပေ။ကိုယ့်နိုင်ငံက တီထွင်ထုတ်လုပ်ခြင်းမဟုတ်သဖြင့် ကိုယ်လိုသလောက် ကာကွယ်ဆေးရရန် မည်သို့မျှမဖြစ်နိုင်။
 
သို့သော်၊ ကိုယ့်နိုင်ငံကမဟုတ်လည်း ငွေပေးနိုင်လျှင်တော့ မြန်မြန်များများ ရရှိနိုင်မည်ဟုထင်၏။စစ်အစိုးရနှစ်ဆက် ဖြစ်ချင်တိုင်းဖြစ် နစ်ချင်တိုင်းနစ်ကာ အကြွေးများ ပတ်ချာလည်နေသောတိုင်းပြည်အတွက် ဒေါ်လာတွေပုံပေးဝယ်ယူရန် မည်သို့မျှမဖြစ်နိုင်ပါ။ကာကွယ်ဆေးဝယ်ယူရန်၊သယ်ယူရန်နှင့် ထိုးနှံရန် ကမ္ဘာ့ဘဏ်က မြန်မာအတွက် ချေးငွေ ကန်ဒေါ်လာ သန်း ၆၀ ပေးမည်ဆိုသည့် သတင်းကို အားမနာတမ်း နောက်တစ်မျိုးဖွင့်ဆိုရသော် နေမကောင်းဖြစ်နေသော ဆင်းရဲသားမြန်မာ ဆေးထိုးရန် ပိုက်ဆံမရှိသဖြင့် ကမ္ဘာ့ဘဏ်က ဆေးဖိုးဝါးခ ချေးပေးခြင်းဖြစ်သည်။
 
ဒါတောင်မှ ဆေးမပေါ်သေးခင်ကတည်းက ကြိုဝယ်ထားပြီးသား နိုင်ငံကြီးများက ရှေ့တွင် တန်းစီနေသဖြင့် ကိုယ့်အလှည့်ဆိုသည်မှာ တရေးတမောအိပ်စောင့်လည်း ရောက်ဦးမည်မဟုတ်။နောက်ဆုံးကြားရသည့်သတင်းများအရ မြန်မာလူဦးရေ၏ ရာခိုင်နှုန်း၂၀ ခွဲတမ်းရရန်တော့ရှိသည်။သို့သော်၊ ရာခိုင်နှုန်း ၂၀ စလုံးအတွက် အကုန်ရရှိမည်မဟုတ်။ပထမအသုတ်အဖြစ် ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်တွင် ၃ ရာခိုင်နှုန်း (လူဦးရေ တစ်သန်းခွဲခန့်) ရနိုင်ပြီး ကျန် ၁၇ ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း၌ ရနိုင်မည်ဟု သိရသည်။
 
ကျန်ရှိလူဦးရေအတွက် ကာကွယ်ဆေးကိုမူ ၂၀၂၂-၂၀၂၃ ခုနှစ်ကြမှသာ အသုတ်လိုက် ထပ်မံရ ဖွယ်ရှိသည်ဟု အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဒုဥက္ကဌ ပါမောက္ခ ဒေါက်တာစောဝင်း က ပြောကြောင်း သိရသည်။
 
တကယ်တော့ ရာခိုင်နှုန်း ၂၀ သော ကိုဗစ်ကာကွယ်ဆေးသည် မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်မှုကို လုံးဝရပ်သွားစေလောက်သည့် ပမာဏမဟုတ်ပေ။ရာခိုင်နှုန်း ၂၀ သည် ကိုဗစ်ကူးစက်မှုကိုလုံး၀မရပ်တောင် အတိုင်းအတာတစ်ခုအထိအဟန့်အတားပြုနိုင်သည် ထားဦးတော့။နောက်ထပ် ၂ လ ၃ လကြာမှ ကာကွယ်ဆေး ၃ ရာခိုင်နှုန်းရရှိမည်ဖြစ်ပြီး ကျန် ၁၇ ရာခိုင်နှုန်းကို ၂၀၂၁ နှစ်ကုန်မှ ရရှိနိုင်မည်ဖြစ်၍ နောက်ထပ်တစ်နှစ်ဝန်းကျင်ကြာမှ ရာခိုင်နှုန်း ၂၀ ပြည့် ရရှိပေလိမ့်မည်။
 
ဆိုတော့ ယခုအတိုင်း ဆက်ရွေ့မည်ဆိုပါက နောက်ထပ်တစ်နှစ်ကြာမှ ကိုဗစ်ကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်မည့် သဘောဖြစ်သည်။လတ်တလော နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁၅၀၀ ပတ် လည်။ ၁၅၀၀ ကို ၃၆၅ ရက်နှင့် မြှောက်လိုက်ပါက ၅၄၇၅၀၀။ အစွန်းထွက် ကိန်းဂဏန်းများကို လျှော့လိုက်သည့်တိုင် နောက်ထပ်တစ်နှစ်အတွင်း နောက်ထပ် ကိုဗစ်ကူးစက်ခံ ၅ သိန်းကျော် ဆက်လက်ထွက်ပေါ်လာနိုင်မည့် သဘောဖြစ်သည်။
 
ရောဂါမပြင်းထန်သည့် ကိုဗစ်လူနာတစ်ဦးအတွက် နိုင်ငံတော်စိုက်ထုတ်နေရသည့် ကုန်ကျစရိတ်မှာ အနည်းဆုံး ကျပ် ၁၅ သိန်းရှိပြီး ပြင်းထန်လူနာတစ်ဦးအတွက် ကုန်ကျစရိတ်မှာ အနည်းဆုံးကျပ်၂၅ သိန်းရှိကြောင်း အတိုင်ပင်ခံက ဆိုထားသည်။ထို့ကြောင့် နောက်ထပ်တစ်နှစ်တာ ကိုဗစ်ကူးစက်ခံရနိုင်ခြေ လူ ၅ သိန်းအတွက် နိုင်ငံတော်စိုက်ထုတ်ရမည့် ကုန်ကျစရိတ်မှာ ကြက်သီးထစရာ များလွန်းလှသည်။ထို့ပြင် တန်ဖိုးမဖြတ်နိုင်သော နိုင်ငံသားတို့၏ အသက်ကိုလည်း ပေးရဦးမည်။ထိုသို့ ကုန်ကျစရိတ်များသလောက် ကိုဗစ်မပြီးမချင်း စီးပွားရေးလုပ်ငန်းများကိုလည်း ပုံမှန်အခြေအနေအတိုင်း မလုပ်ဆောင်နိုင်သဖြင့် နိုင်ငံတော်ရရှိမည့် ဝင်ငွေသည်လည်း ကျိန်းသေပေါက် လျော့နည်းနေပေမည်။ထားတော့။
 
ပြောချင်တာက လာမည့်တစ်နှစ်အတွင်း ကိုဗစ်ကာကွယ်ဆေးအပေါ် စိတ်ကူးမယဉ်မိစေရေး (သို့မ ဟုတ်) လာမည့်တစ်နှစ်အတွင်း မဟာဗျူဟာမြောက် ကိုဗစ်တိုက်ဖျက်ရေးလက်နက်သည် ကာကွယ်ဆေးမဟုတ်ခြင်းဖြစ်သည်။
 
ဟုတ်ပြီ။ကာကွယ်ဆေးကို အားမကိုးရသေးဘူးဆိုတော့ မည်သို့သောလက်နက်ကို အားကိုးကြရမည်နည်း။လက်ရှိသွားနေသော ဗိုင်းရပ်စ် မမြင်အောင် ရှောင်ပုန်းခြင်းဆိုသည့် အိမ်တွင်းပုန်းသီအိုရီကိုသာ ဆက်လက်အားကိုးရန်သာရှိသည်။
 
Stay at Home ဟု ဆိုသည်။မလိုအပ်ဘဲ အိမ်ပြင်မထွက်ရ၊ နှာခေါင်းစည်းတပ်ကြ၊ Face Shield ထပ် တပ်ကာ နှစ်ထပ်ကာကြ။လူစုလူဝေးရှောင်ကြ။ကျွနု်ပ်တို့ တရေးနိုး အိပ်ချင်မူးတူးအချိန်တွင်လည်း ဒိုးဒိုးဒေါက်ဒေါက် အလွတ်ရွတ်ပြနိုင်သော စည်းကမ်းချက်များဖြစ်သည်။အထူးသဖြင့် ဒုတိယလှိုင်းကာလ စက်တင်ဘာ ၂၀ ရက်နေ့ ညကတည်းက Stay at Home သတ်မှတ်ခံထားရသည့် ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများအတွက် နားရည်ဝပြီးသားဖြစ်သည်။
 
ယခုဆိုလျှင် ရန်ကုန်တိုင်းအတွင်း (ကိုကိုးကျွန်း မပါ) Stay at Home သတ်မှတ်လိုက်သည်မှာ ၃ လပြည့်ရန်ပင် အနည်းငယ်သာလိုတော့သည်။သို့သော်၊ နေ့စဉ် ကိုဗစ်ကူးစက်ခံရမှုနှုန်းမှာ ရွေးကောက်ပွဲမတိုင်မီ ၁၀၀၀ ၀န်းကျင်သာရှိခဲ့ရာက ရွေးကောက်ပွဲအပြီးမှ ယနေ့တိုင် ၁၅၀၀ ပတ်လည်သို့ မြင့်တက်လာခဲ့သည်။ဆိုတော့ Stay at Home သည် အလုပ်မဖြစ်သည့်သဘော။
 
ဘာ့ကြောင့် Stay at Home အလုပ်မဖြစ်ရသနည်း။အစိုးရထုတ်ပြန်လိုက်သော Stay at Home မှာ မလိုက်နာလည်း ဘာမှမဖြစ်သော Stay at Home ဖြစ်နေခြင်းကြောင့်ဖြစ်သည်။ပြောရလျှင် အစိုးရ၏ Stay at Home အမိန့် ထုတ်ပြန်မှုသည် အဟန့်အတားဖြစ်ရုံအဆင့်သာ ရည်မှန်းပုံရပြီး ပြည်သူများလိုက်နာအောင် ထပ်အားမထုတ်ခဲ့ပေ။
 
အစိုးရက ကိုဗစ်ဒုတိယလှိုင်းကို ပျော့ပျောင်းသောနည်း၊ လေပြေလေးဖြင့် မေတ္တာရပ်ခံပန်ကြားခြင်း နည်းဖြင့် ကျော်ဖြတ်နိုင်မလားဟု လက်တွေ့စိတ်ကူးယဉ်ကြည့်ဟန်တူသည်။စူးနေသည့် ဆူးကို တစ်ချက်တည်းဆွဲနှုတ်လိုက်လျှင် ဆတ်ခနဲ ခပ်ပြင်းပြင်းနာကျင်သွားမှာစိုးပုံရသည်။ထို့ကြောင့် စူးနေ သော ဆူးပတ်ပတ်လည် အပ်ဖျားလေးဖြင့် ဖြည်းဖြည်းချင်းဆွကာ တဖြည်းဖြည်း နှဲ့ထုတ်နေပုံရသည်။ဖြည်းဖြည်းချင်းဆိုတော့ ခပ်ပြင်းပြင်းမနာသော်လည်း အချိန်ကာလကြာသည်။အချိန်ကြာလာလျှင် ပြည်တည်တတ်သည်။အခန့်မသင့်လျှင် ဆူးကထွက်မလာဘဲ အနာကပိုကြီးကာ ခြေထောက်ဖြတ်လိုက်ရတာမျိုးလည်းရှိသည်။
 
ဘာပဲဖြစ်ဖြစ် ကိုဗစ်ကူးစက်နှုန်းမြင့်နေသော မန္တလေးခရိုင်အတွင်း အမှန်တကယ် Stay at Home စည်းကမ်းများ တင်းကျပ်ကာ ထိရောက်သောအရေးယူမှု စတင်လိုက်ခြင်းက မေတ္တာရပ်ခံခြင်း နည်းသည် အလုပ်မဖြစ်တော့ကြောင်း အစိုးရနားလည်သွားပြီဟု ထင်ရသည်။
 
မန္တလေးသည် နယ်မြေကျဉ်းသဖြင့် ကိုင်တွယ်ရလွယ်သည်။မန္တလေးတိုင်းအစိုးရသည် ထိုက်သင့် သော သြဇာကြီးမှုရှိသဖြင့် ကိုဗစ်ထိန်းချုပ်ရေး အာဏာပိုင်အဆင့်ဆင့်ကို တာဝန်ကျေပွန်အောင် နှိုးဆွနိုင်စွမ်းရှိသည်။ထို့ကြောင့် ဒီဇင်ဘာ ၅-၁၈ ရက် နှစ်ပတ်တာတင်းကျပ်ကြည့်ကာ အလုပ် ဖြစ်၊ မဖြစ် စမ်းသပ်ကြည့်ပုံရသည်။ရလဒ်ထူးခြားလာပါက မန္တလေးနမူနာအပေါ် အခြေခံကာ ရန်ကုန်နှင့် ကိုဗစ်ကူးစက်နှုန်းမြင့်နေသည့် မြို့များ၌ ထပ်မံဖော်ဆောင်မည်လားဟု တွေးမိသည်။
 
သို့သော်၊ ရန်ကုန်သည် မန္တလေးနှင့်မတူ။နယ်မြေကျယ်ဝန်းသဖြင့် ပိုမိုအသေးစိတ်သော စီမံချက်လိုသလို စည်းကမ်းမလိုက်နာသူများကို ထိရောက်စွာအရေးယူနိုင်ရန် ဝန်ထမ်းအင်အား ပိုသုံးရမည်။ထို့ပြင် ရန်ကုန်တိုင်းအစိုးရသည် စီမံခန့်ခွဲမှုဆိုင်ရာအားနည်းချက်ရှိသည်။ထို့ကြောင့် နှစ်ပတ်တာ ကာလကို အတိအကျ ကွပ်ကဲနိုင်စွမ်းရှိသည့်တိုင် နှစ်ပတ်၏ ဟိုဘက်တွင် လျော့တိလျော့ရဲဖြင့် ထူးမခြားနား ပြန်ဖြစ်သွားနိုင်သည်။
 
နှစ်ပတ်တာ အတိအကျ စည်းကမ်းတင်းကျပ်မှုသည် လက်ရှိ နေ့စဉ်ကူးစက်နှုန်း ၁၅၀၀ ပတ်လည် ကို ၁၀၀၀ ပတ်လည်ဆီသို့ ဆွဲချနိုင်မည်ဟု ထင်ရသော်လည်း ပထမလှိုင်းကူးစက်နှုန်းအဆင့်သို့ရောက်အောင် လျှော့ချရန်မှာ တစ်လ၊ နှစ်လကြာ အတိအကျ စည်းကမ်းတင်းကျပ်ရန် လိုမည်ဟုထင်သည်။
 
ထိုသို့မဟုတ်ဘဲ နှစ်ပတ်ကြာ စည်းကမ်းတင်းကျပ်ပြီး ပြန်လျော့ရဲသွားမည်ဆိုပါက ကျသွားသော ကူးစက်မှုနှုန်းသည် အတက်ဘက်သို့ ပြန်ရောက်ကာ သံသရာဆက်လည်နေမည်သာဖြစ်သည်။
 
ရန်ကုန်တွင် ကိုဗစ်စည်းကမ်းများ တင်းကျပ်ပေးရန်နှင့် အရေးယူမှုများလုပ်ဆောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး က ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို တိုက်တွန်းကြောင်း ဒီဇင်ဘာ ၉ ရက်နေ့ထုတ် သတင်းများက ဖော်ပြခဲ့သည်။ယခုဆောင်းပါးရေးနေသည့် ဒီဇင်ဘာ ၁၄ ရက်နေ့တိုင် ရန်ကုန်သည် မငြိမ်မသက် YBS ပတ်စီးနေဆဲဖြစ်သည်။
 
မန္တလေးကို စောင့်ကြည့်နေတာလည်း ဖြစ်နိုင်သည်။ဗဟိုနှင့် တိုင်းအစိုးရ ပူးပေါင်းဆောင်ရွက်မည့် အထူးစီမံချက်ကို ရေပက်မဝင်အောင် ရေးဆွဲပြင်ဆင်နေတာလည်းဖြစ်နိုင်သည်။ဘယ်ကစရကောင်းမလဲဟု ခေါင်းမီးတောက် ဗျာများနေခြင်းလည်း ဖြစ်နိုင်သည်။
 
မည်သို့ပင်ဆိုစေ၊ ပြည်သူအပ်နှင်းထားသော အာဏာဆိုသည်မှာ တိုင်းသူပြည်သားများအတွက်လိုအပ်သောဥပဒေနှင့် အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်ရုံတင်မက ထုတ်ပြန်ထားသမျှကို ပြည်သူများလိုက်နာအောင် ကွပ်ကဲရန်နှင့် မလိုက်နာပါက အရေးယူရန်အတွက်ဖြစ်သည်။
 
မေတ္တာရပ်ခံ ပန်ကြားခြင်းဆိုသည်မှာ ဂေါပကတို့၏ အလုပ်ဖြစ်ပြီး အစိုးရ၏အလုပ်မှာ နိုင်ငံအကျိုးရှိစေရေးအတွက် အာဏာကို လိုအပ်သလိုသက်ရောက်ရန်ဖြစ်သည်။ COVID-19 ဆိုသည်မှာ မီးဖို ထဲလောင်နေသော မီးမဟုတ်၊ ကမ္ဘာပတ်လောင်နေသော တောမီးဖြစ်သည်။
 
လင်းဆက်ငြိမ်းချမ်း
ဒီဇင်ဘာ - ၁၉
 
( Zawgyi )
 
ကိုဗစ္ေၾကာင့္ ငုတ္တုပ္ေမ့ေနေသာ ၈ တန္း ေက်ာင္းသား က်ေနာ့္သားက လာမည့္ဇြန္တြင္ေရာ ေက်ာင္းဖြင့္ႏိုင္မလားဟု ေမးသည္။သူ႔ေမးခြန္းကိုမေျဖမီ ဘာ့ေၾကာင့္ေမးရတာလဲဟု ျပန္လွန္ေမးခြန္းထုတ္ၾကည့္ေတာ့ ‘ေက်ာင္းမတက္ရတာၾကာေတာ့ ေတာ္ေတာ္ပ်င္းလွၿပီ’ ဟု ဆိုသည္။
 
ပထမလႈိင္းကာလ ကိုဗစ္စည္းကမ္းမ်ားႏွင့္အညီ ေက်ာင္းမ်ား အပိုင္းလိုက္ျပန္ဖြင့္ေသာ္လည္း ၈ တန္း ေက်ာင္းသားမ်ား ေက်ာင္းမတက္ရေသးမီ ျပန္ပိတ္သြားသျဖင့္ က်ေနာ့္သား ေက်ာင္းမတက္ရ သည္မွာ ၿပီးခဲ့သည့္ေႏြရာသီ ေက်ာင္းပိတ္ကတည္းကျဖစ္သည္။
 
ထို႔ျပင္ က်ေနာ့္သားေနထိုင္ေနသည့္ၿမိဳ႕မွာ Stay at Home သတ္မွတ္ထားသည့္ ရန္ကုန္တိုင္းအတြင္းရွိ နယ္ၿမိဳ႕တစ္ၿမိဳ႕။ Stay at Home ဆိုေသာ္လည္း ရန္ကုန္တိုင္းစတိုင္ မလိုက္နာလည္း ဘာမွမျဖစ္ သည့္ Stay at Home မို႔ ပုံမွန္သြားလာလႈပ္ရွားမႈမ်ားျဖင့္ ကိုဗစ္မရွိေတာ့သည့္ႏွယ္ အသက္ဝင္လ်က္ရွိ သည့္ ၿမိဳ႕လည္းျဖစ္သည္။သို႔ေသာ္၊ နယ္ၿမိဳ႕လည္း နယ္ၿမိဳ႕အေလ်ာက္ ပိုးေတြ႕လူနာမ်ားကမျပတ္၍ သားသူငယ္ခ်င္းမ်ားႏွင့္ သြားလာကစားျခင္းကို ကန႔္သတ္ထားသည္မွာ ဒုတိယလႈိင္းစတင္ကတည္း ကဆိုေတာ့။ၿပီးေတာ့ သူက တစ္ဦးတည္းသားမို႔ ပ်င္းမယ္ဆိုလည္း ပ်င္းေလာက္သည့္အေနအထား။
 
‘လာမယ့္ဇြန္မွာ ေက်ာင္း ဖြင့္၊ မဖြင့္ ေလာေလာဆယ္ မေျပာႏိုင္ေသးဘူး။’ ဟု က်ေနာ္ကဆိုလိုက္ေတာ့ ‘ကိုဗစ္ကာကြယ္ေဆးရေတာ့မယ္ မဟုတ္လား။’ ဟု သားက ထပ္ဆင့္ေမးခြန္းထုတ္သည္။ထိုေမးခြန္း မွာ က်ေနာ္မၾကာခဏၾကားရေလ့ရွိေသာ ေမးခြန္းျဖစ္ၿပီး က်ေနာ္တို႔ႏိုင္ငံအတြက္လည္း အင္မတန္အေရး ႀကီးေသာ ေမးခြန္းျဖစ္သည္။
 
ဘာ့ေၾကာင့္ အေရးႀကီးေမးခြန္းျဖစ္ရသနည္း။ကိုဗစ္ကာကြယ္ေဆးႏွင့္ပတ္သက္ၿပီး ျပည္သူတခ်ိဳ႕၏ သိရွိမႈမွာ အလြဲႀကီးလြဲေနေသာေၾကာင့္ျဖစ္သည္။ဘယ္ေလာက္ထိေအာင္ လြဲေနသလဲဆိုေတာ့ ကိုဗစ္ ကာကြယ္ေဆးမ်ားေပၚလာၿပီျဖစ္၍ မၾကာမီလပိုင္းအတြင္း ကမာၻဖ်က္ပိုး ကိုဗစ္သည္ ကမာၻ႔အျပင္ ဘက္သို႔ လြင့္စင္ေပ်ာက္ကြယ္သြားေတာ့မည္ဟု ဆတ္ဆတ္ခါလြဲေနၾကျခင္းျဖစ္သည္။
 
ထိုအလြဲကပင္ ၈ လေက်ာ္၊ ၉ လ အိမ္တြင္းေအာင္းဘဝကို ၿငီးေငြ႕ေနၿပီျဖစ္ေသာ စိတ္ကို ရဲရဲတင္းတင္း အိမ္ျပင္ထြက္လာေအာင္ လႈံ႕ေဆာ္သည္။ထိုအလြဲေၾကာင့္ပင္ ေရွာင္ကိုေရွာင္ရမည့္ လူစုလူေဝးရွိရာေနရာသို႔ မေရာက္ေရာက္ေအာင္ ေရာက္ရွိၾကသည္။ကိုဗစ္ျဖစ္ခ်င္လည္းျဖစ္ မၾကာမီလာေတာ့မည့္ ကာကြယ္ေဆးက အဆင္သင့္ဆိုတာမ်ိဳး။
 
ျပည္သူတို႔ျမင္ထားသလို ကာကြယ္ေဆးက အမွန္တကယ္ေပၚေနခဲ့ၿပီ။ၿပီးေတာ့ ကုမၸဏီတစ္ခုတည္းကမဟုတ္ဘဲ အၿပိဳင္အဆိုင္ေပၚေနျခင္းျဖစ္သည္။သို႔ေသာ္၊ ကိုဗစ္ကာကြယ္ေဆး တီထြင္ထုတ္လုပ္ႏိုင္ေသာ ကုမၸဏီႏွင့္ အဖြဲ႕အစည္းမ်ားမွာ ျမန္မာႏိုင္ငံကမဟုတ္ေပ။ကိုယ့္ႏိုင္ငံက တီထြင္ထုတ္လုပ္ျခင္းမဟုတ္သျဖင့္ ကိုယ္လိုသေလာက္ ကာကြယ္ေဆးရရန္ မည္သို႔မွ်မျဖစ္ႏိုင္။
 
သို႔ေသာ္၊ ကိုယ့္ႏိုင္ငံကမဟုတ္လည္း ေငြေပးႏိုင္လွ်င္ေတာ့ ျမန္ျမန္မ်ားမ်ား ရရွိႏိုင္မည္ဟုထင္၏။စစ္အစိုးရႏွစ္ဆက္ ျဖစ္ခ်င္တိုင္းျဖစ္ နစ္ခ်င္တိုင္းနစ္ကာ အေႂကြးမ်ား ပတ္ခ်ာလည္ေနေသာတိုင္းျပည္အတြက္ ေဒၚလာေတြပုံေပးဝယ္ယူရန္ မည္သို႔မွ်မျဖစ္ႏိုင္ပါ။ကာကြယ္ေဆးဝယ္ယူရန္၊သယ္ယူရန္ႏွင့္ ထိုးႏွံရန္ ကမာၻ႔ဘဏ္က ျမန္မာအတြက္ ေခ်းေငြ ကန္ေဒၚလာ သန္း ၆၀ ေပးမည္ဆိုသည့္ သတင္းကို အားမနာတမ္း ေနာက္တစ္မ်ိဳးဖြင့္ဆိုရေသာ္ ေနမေကာင္းျဖစ္ေနေသာ ဆင္းရဲသားျမန္မာ ေဆးထိုးရန္ ပိုက္ဆံမရွိသျဖင့္ ကမာၻ႔ဘဏ္က ေဆးဖိုးဝါးခ ေခ်းေပးျခင္းျဖစ္သည္။
 
ဒါေတာင္မွ ေဆးမေပၚေသးခင္ကတည္းက ႀကိဳဝယ္ထားၿပီးသား ႏိုင္ငံႀကီးမ်ားက ေရွ႕တြင္ တန္းစီေနသျဖင့္ ကိုယ့္အလွည့္ဆိုသည္မွာ တေရးတေမာအိပ္ေစာင့္လည္း ေရာက္ဦးမည္မဟုတ္။ေနာက္ဆုံးၾကားရသည့္သတင္းမ်ားအရ ျမန္မာလူဦးေရ၏ ရာခိုင္ႏႈန္း၂၀ ခြဲတမ္းရရန္ေတာ့ရွိသည္။သို႔ေသာ္၊ ရာခိုင္ႏႈန္း ၂၀ စလုံးအတြက္ အကုန္ရရွိမည္မဟုတ္။ပထမအသုတ္အျဖစ္ ၂၀၂၁ ခုႏွစ္ ပထမ ၃ လပတ္တြင္ ၃ ရာခိုင္ႏႈန္း (လူဦးေရ တစ္သန္းခြဲခန႔္) ရႏိုင္ၿပီး က်န္ ၁၇ ရာခိုင္ႏႈန္းကို ၂၀၂၁ ခုႏွစ္ ႏွစ္ကုန္ပိုင္း၌ ရႏိုင္မည္ဟု သိရသည္။
 
က်န္ရွိလူဦးေရအတြက္ ကာကြယ္ေဆးကိုမူ ၂၀၂၂-၂၀၂၃ ခုႏွစ္ၾကမွသာ အသုတ္လိုက္ ထပ္မံရ ဖြယ္ရွိသည္ဟု အမ်ိဳးသားအဆင့္ ကာကြယ္ေဆးထိုး လုပ္ငန္းဆိုင္ရာ နည္းပညာအႀကံေပးအဖြဲ႕ဒုဥကၠဌ ပါေမာကၡ ေဒါက္တာေစာဝင္း က ေျပာေၾကာင္း သိရသည္။
 
တကယ္ေတာ့ ရာခိုင္ႏႈန္း ၂၀ ေသာ ကိုဗစ္ကာကြယ္ေဆးသည္ ျမန္မာႏိုင္ငံတြင္း ကိုဗစ္ကူးစက္မႈကို လုံးဝရပ္သြားေစေလာက္သည့္ ပမာဏမဟုတ္ေပ။ရာခိုင္ႏႈန္း ၂၀ သည္ ကိုဗစ္ကူးစက္မႈကိုလုံးဝမရပ္ေတာင္ အတိုင္းအတာတစ္ခုအထိအဟန႔္အတားျပဳႏိုင္သည္ ထားဦးေတာ့။ေနာက္ထပ္ ၂ လ ၃ လၾကာမွ ကာကြယ္ေဆး ၃ ရာခိုင္ႏႈန္းရရွိမည္ျဖစ္ၿပီး က်န္ ၁၇ ရာခိုင္ႏႈန္းကို ၂၀၂၁ ႏွစ္ကုန္မွ ရရွိႏိုင္မည္ျဖစ္၍ ေနာက္ထပ္တစ္ႏွစ္ဝန္းက်င္ၾကာမွ ရာခိုင္ႏႈန္း ၂၀ ျပည့္ ရရွိေပလိမ့္မည္။
 
ဆိုေတာ့ ယခုအတိုင္း ဆက္ေ႐ြ႕မည္ဆိုပါက ေနာက္ထပ္တစ္ႏွစ္ၾကာမွ ကိုဗစ္ကို အတိုင္းအတာ တစ္ခုအထိ ထိန္းခ်ဳပ္ႏိုင္မည့္ သေဘာျဖစ္သည္။လတ္တေလာ ေန႔စဥ္ကူးစက္မႈႏႈန္းမွာ ၁၅၀၀ ပတ္ လည္။ ၁၅၀၀ ကို ၃၆၅ ရက္ႏွင့္ ေျမႇာက္လိုက္ပါက ၅၄၇၅၀၀။ အစြန္းထြက္ ကိန္းဂဏန္းမ်ားကို ေလွ်ာ့လိုက္သည့္တိုင္ ေနာက္ထပ္တစ္ႏွစ္အတြင္း ေနာက္ထပ္ ကိုဗစ္ကူးစက္ခံ ၅ သိန္းေက်ာ္ ဆက္လက္ထြက္ေပၚလာႏိုင္မည့္ သေဘာျဖစ္သည္။
 
ေရာဂါမျပင္းထန္သည့္ ကိုဗစ္လူနာတစ္ဦးအတြက္ ႏိုင္ငံေတာ္စိုက္ထုတ္ေနရသည့္ ကုန္က်စရိတ္မွာ အနည္းဆုံး က်ပ္ ၁၅ သိန္းရွိၿပီး ျပင္းထန္လူနာတစ္ဦးအတြက္ ကုန္က်စရိတ္မွာ အနည္းဆုံးက်ပ္၂၅ သိန္းရွိေၾကာင္း အတိုင္ပင္ခံက ဆိုထားသည္။ထို႔ေၾကာင့္ ေနာက္ထပ္တစ္ႏွစ္တာ ကိုဗစ္ကူးစက္ခံရႏိုင္ေျခ လူ ၅ သိန္းအတြက္ ႏိုင္ငံေတာ္စိုက္ထုတ္ရမည့္ ကုန္က်စရိတ္မွာ ၾကက္သီးထစရာ မ်ားလြန္းလွသည္။ထို႔ျပင္ တန္ဖိုးမျဖတ္ႏိုင္ေသာ ႏိုင္ငံသားတို႔၏ အသက္ကိုလည္း ေပးရဦးမည္။ထိုသို႔ ကုန္က်စရိတ္မ်ားသေလာက္ ကိုဗစ္မၿပီးမခ်င္း စီးပြားေရးလုပ္ငန္းမ်ားကိုလည္း ပုံမွန္အေျခအေနအတိုင္း မလုပ္ေဆာင္ႏိုင္သျဖင့္ ႏိုင္ငံေတာ္ရရွိမည့္ ဝင္ေငြသည္လည္း က်ိန္းေသေပါက္ ေလ်ာ့နည္းေနေပမည္။ထားေတာ့။
 
ေျပာခ်င္တာက လာမည့္တစ္ႏွစ္အတြင္း ကိုဗစ္ကာကြယ္ေဆးအေပၚ စိတ္ကူးမယဥ္မိေစေရး (သို႔မ ဟုတ္) လာမည့္တစ္ႏွစ္အတြင္း မဟာဗ်ဴဟာေျမာက္ ကိုဗစ္တိုက္ဖ်က္ေရးလက္နက္သည္ ကာကြယ္ေဆးမဟုတ္ျခင္းျဖစ္သည္။
 
ဟုတ္ၿပီ။ကာကြယ္ေဆးကို အားမကိုးရေသးဘူးဆိုေတာ့ မည္သို႔ေသာလက္နက္ကို အားကိုးၾကရမည္နည္း။လက္ရွိသြားေနေသာ ဗိုင္းရပ္စ္ မျမင္ေအာင္ ေရွာင္ပုန္းျခင္းဆိုသည့္ အိမ္တြင္းပုန္းသီအိုရီကိုသာ ဆက္လက္အားကိုးရန္သာရွိသည္။
 
Stay at Home ဟု ဆိုသည္။မလိုအပ္ဘဲ အိမ္ျပင္မထြက္ရ၊ ႏွာေခါင္းစည္းတပ္ၾက၊ Face Shield ထပ္ တပ္ကာ ႏွစ္ထပ္ကာၾက။လူစုလူေဝးေရွာင္ၾက။ကြၽႏု္ပ္တို႔ တေရးႏိုး အိပ္ခ်င္မူးတူးအခ်ိန္တြင္လည္း ဒိုးဒိုးေဒါက္ေဒါက္ အလြတ္႐ြတ္ျပႏိုင္ေသာ စည္းကမ္းခ်က္မ်ားျဖစ္သည္။အထူးသျဖင့္ ဒုတိယလႈိင္းကာလ စက္တင္ဘာ ၂၀ ရက္ေန႔ ညကတည္းက Stay at Home သတ္မွတ္ခံထားရသည့္ ရန္ကုန္တိုင္းအတြင္းရွိ ျပည္သူမ်ားအတြက္ နားရည္ဝၿပီးသားျဖစ္သည္။
 
ယခုဆိုလွ်င္ ရန္ကုန္တိုင္းအတြင္း (ကိုကိုးကြၽန္း မပါ) Stay at Home သတ္မွတ္လိုက္သည္မွာ ၃ လျပည့္ရန္ပင္ အနည္းငယ္သာလိုေတာ့သည္။သို႔ေသာ္၊ ေန႔စဥ္ ကိုဗစ္ကူးစက္ခံရမႈႏႈန္းမွာ ေ႐ြးေကာက္ပြဲမတိုင္မီ ၁၀၀၀ ဝန္းက်င္သာရွိခဲ့ရာက ေ႐ြးေကာက္ပြဲအၿပီးမွ ယေန႔တိုင္ ၁၅၀၀ ပတ္လည္သို႔ ျမင့္တက္လာခဲ့သည္။ဆိုေတာ့ Stay at Home သည္ အလုပ္မျဖစ္သည့္သေဘာ။
 
ဘာ့ေၾကာင့္ Stay at Home အလုပ္မျဖစ္ရသနည္း။အစိုးရထုတ္ျပန္လိုက္ေသာ Stay at Home မွာ မလိုက္နာလည္း ဘာမွမျဖစ္ေသာ Stay at Home ျဖစ္ေနျခင္းေၾကာင့္ျဖစ္သည္။ေျပာရလွ်င္ အစိုးရ၏ Stay at Home အမိန႔္ ထုတ္ျပန္မႈသည္ အဟန႔္အတားျဖစ္႐ုံအဆင့္သာ ရည္မွန္းပုံရၿပီး ျပည္သူမ်ားလိုက္နာေအာင္ ထပ္အားမထုတ္ခဲ့ေပ။
 
အစိုးရက ကိုဗစ္ဒုတိယလႈိင္းကို ေပ်ာ့ေပ်ာင္းေသာနည္း၊ ေလေျပေလးျဖင့္ ေမတၱာရပ္ခံပန္ၾကားျခင္း နည္းျဖင့္ ေက်ာ္ျဖတ္ႏိုင္မလားဟု လက္ေတြ႕စိတ္ကူးယဥ္ၾကည့္ဟန္တူသည္။စူးေနသည့္ ဆူးကို တစ္ခ်က္တည္းဆြဲႏႈတ္လိုက္လွ်င္ ဆတ္ခနဲ ခပ္ျပင္းျပင္းနာက်င္သြားမွာစိုးပုံရသည္။ထို႔ေၾကာင့္ စူးေန ေသာ ဆူးပတ္ပတ္လည္ အပ္ဖ်ားေလးျဖင့္ ျဖည္းျဖည္းခ်င္းဆြကာ တျဖည္းျဖည္း ႏွဲ႔ထုတ္ေနပုံရသည္။ျဖည္းျဖည္းခ်င္းဆိုေတာ့ ခပ္ျပင္းျပင္းမနာေသာ္လည္း အခ်ိန္ကာလၾကာသည္။အခ်ိန္ၾကာလာလွ်င္ ျပည္တည္တတ္သည္။အခန႔္မသင့္လွ်င္ ဆူးကထြက္မလာဘဲ အနာကပိုႀကီးကာ ေျခေထာက္ျဖတ္လိုက္ရတာမ်ိဳးလည္းရွိသည္။
 
ဘာပဲျဖစ္ျဖစ္ ကိုဗစ္ကူးစက္ႏႈန္းျမင့္ေနေသာ မႏၲေလးခ႐ိုင္အတြင္း အမွန္တကယ္ Stay at Home စည္းကမ္းမ်ား တင္းက်ပ္ကာ ထိေရာက္ေသာအေရးယူမႈ စတင္လိုက္ျခင္းက ေမတၱာရပ္ခံျခင္း နည္းသည္ အလုပ္မျဖစ္ေတာ့ေၾကာင္း အစိုးရနားလည္သြားၿပီဟု ထင္ရသည္။
 
မႏၲေလးသည္ နယ္ေျမက်ဥ္းသျဖင့္ ကိုင္တြယ္ရလြယ္သည္။မႏၲေလးတိုင္းအစိုးရသည္ ထိုက္သင့္ ေသာ ၾသဇာႀကီးမႈရွိသျဖင့္ ကိုဗစ္ထိန္းခ်ဳပ္ေရး အာဏာပိုင္အဆင့္ဆင့္ကို တာဝန္ေက်ပြန္ေအာင္ ႏႈိးဆြႏိုင္စြမ္းရွိသည္။ထို႔ေၾကာင့္ ဒီဇင္ဘာ ၅-၁၈ ရက္ ႏွစ္ပတ္တာတင္းက်ပ္ၾကည့္ကာ အလုပ္ ျဖစ္၊ မျဖစ္ စမ္းသပ္ၾကည့္ပုံရသည္။ရလဒ္ထူးျခားလာပါက မႏၲေလးနမူနာအေပၚ အေျခခံကာ ရန္ကုန္ႏွင့္ ကိုဗစ္ကူးစက္ႏႈန္းျမင့္ေနသည့္ ၿမိဳ႕မ်ား၌ ထပ္မံေဖာ္ေဆာင္မည္လားဟု ေတြးမိသည္။
 
သို႔ေသာ္၊ ရန္ကုန္သည္ မႏၲေလးႏွင့္မတူ။နယ္ေျမက်ယ္ဝန္းသျဖင့္ ပိုမိုအေသးစိတ္ေသာ စီမံခ်က္လိုသလို စည္းကမ္းမလိုက္နာသူမ်ားကို ထိေရာက္စြာအေရးယူႏိုင္ရန္ ဝန္ထမ္းအင္အား ပိုသုံးရမည္။ထို႔ျပင္ ရန္ကုန္တိုင္းအစိုးရသည္ စီမံခန႔္ခြဲမႈဆိုင္ရာအားနည္းခ်က္ရွိသည္။ထို႔ေၾကာင့္ ႏွစ္ပတ္တာ ကာလကို အတိအက် ကြပ္ကဲႏိုင္စြမ္းရွိသည့္တိုင္ ႏွစ္ပတ္၏ ဟိုဘက္တြင္ ေလ်ာ့တိေလ်ာ့ရဲျဖင့္ ထူးမျခားနား ျပန္ျဖစ္သြားႏိုင္သည္။
 
ႏွစ္ပတ္တာ အတိအက် စည္းကမ္းတင္းက်ပ္မႈသည္ လက္ရွိ ေန႔စဥ္ကူးစက္ႏႈန္း ၁၅၀၀ ပတ္လည္ ကို ၁၀၀၀ ပတ္လည္ဆီသို႔ ဆြဲခ်ႏိုင္မည္ဟု ထင္ရေသာ္လည္း ပထမလႈိင္းကူးစက္ႏႈန္းအဆင့္သို႔ေရာက္ေအာင္ ေလွ်ာ့ခ်ရန္မွာ တစ္လ၊ ႏွစ္လၾကာ အတိအက် စည္းကမ္းတင္းက်ပ္ရန္ လိုမည္ဟုထင္သည္။
 
ထိုသို႔မဟုတ္ဘဲ ႏွစ္ပတ္ၾကာ စည္းကမ္းတင္းက်ပ္ၿပီး ျပန္ေလ်ာ့ရဲသြားမည္ဆိုပါက က်သြားေသာ ကူးစက္မႈႏႈန္းသည္ အတက္ဘက္သို႔ ျပန္ေရာက္ကာ သံသရာဆက္လည္ေနမည္သာျဖစ္သည္။
 
ရန္ကုန္တြင္ ကိုဗစ္စည္းကမ္းမ်ား တင္းက်ပ္ေပးရန္ႏွင့္ အေရးယူမႈမ်ားလုပ္ေဆာင္ရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြး က ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ကို တိုက္တြန္းေၾကာင္း ဒီဇင္ဘာ ၉ ရက္ေန႔ထုတ္ သတင္းမ်ားက ေဖာ္ျပခဲ့သည္။ယခုေဆာင္းပါးေရးေနသည့္ ဒီဇင္ဘာ ၁၄ ရက္ေန႔တိုင္ ရန္ကုန္သည္ မၿငိမ္မသက္ YBS ပတ္စီးေနဆဲျဖစ္သည္။
 
မႏၲေလးကို ေစာင့္ၾကည့္ေနတာလည္း ျဖစ္ႏိုင္သည္။ဗဟိုႏွင့္ တိုင္းအစိုးရ ပူးေပါင္းေဆာင္႐ြက္မည့္ အထူးစီမံခ်က္ကို ေရပက္မဝင္ေအာင္ ေရးဆြဲျပင္ဆင္ေနတာလည္းျဖစ္ႏိုင္သည္။ဘယ္ကစရေကာင္းမလဲဟု ေခါင္းမီးေတာက္ ဗ်ာမ်ားေနျခင္းလည္း ျဖစ္ႏိုင္သည္။
 
မည္သို႔ပင္ဆိုေစ၊ ျပည္သူအပ္ႏွင္းထားေသာ အာဏာဆိုသည္မွာ တိုင္းသူျပည္သားမ်ားအတြက္လိုအပ္ေသာဥပေဒႏွင့္ အမိန႔္၊ ၫႊန္ၾကားခ်က္မ်ားထုတ္ျပန္႐ုံတင္မက ထုတ္ျပန္ထားသမွ်ကို ျပည္သူမ်ားလိုက္နာေအာင္ ကြပ္ကဲရန္ႏွင့္ မလိုက္နာပါက အေရးယူရန္အတြက္ျဖစ္သည္။
 
ေမတၱာရပ္ခံ ပန္ၾကားျခင္းဆိုသည္မွာ ေဂါပကတို႔၏ အလုပ္ျဖစ္ၿပီး အစိုးရ၏အလုပ္မွာ ႏိုင္ငံအက်ိဳးရွိေစေရးအတြက္ အာဏာကို လိုအပ္သလိုသက္ေရာက္ရန္ျဖစ္သည္။ COVID-19 ဆိုသည္မွာ မီးဖို ထဲေလာင္ေနေသာ မီးမဟုတ္၊ ကမာၻပတ္ေလာင္ေနေသာ ေတာမီးျဖစ္သည္။
 
လင္းဆက္ၿငိမ္းခ်မ္း
ဒီဇင္ဘာ - ၁၉