【 ဆောင်းပါး 】 အမေရိကန်ရဲ့ စာမျက်နှာသစ် ဘယ်လိုဖွင့်မလဲ

【 ဆောင်းပါး 】 အမေရိကန်ရဲ့ စာမျက်နှာသစ် ဘယ်လိုဖွင့်မလဲ

၂၀၂၀ ခုနှစ်ကို ကမ္ဘာ့အဆိုးရွားဆုံးနှစ်လို့ သတ်မှတ်ကြမယ်ဆိုရင် ၂၀၂၁ ခုနှစ်ကလည်း အတိတ်နိမိတ်မကောင်းလှတဲ့ အစပျိုးမှုနဲ့ စနေပြီလို့တောင် ဆိုရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆို မကြာသေးမီက ဒီမိုကရေစီ အရင့်အမာ နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ ၂၀၂၁ ခုနှစ် စာမျက်နှာသစ်ကို အရုပ်ဆိုးအကျဉ်းတန်စွာ ဖွင့်လှစ်လိုက်တယ်လို့ ဆိုရမှာဖြစ်တယ်။

 
တကယ်တော့ အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲပြီးကတည်းက လက်ရှိသမ္မတ ထရမ့်ဟာ ရွေးကောက်ပွဲရလဒ်တွေကို လက်မခံနိုင်ရာကနေ ပြဿနာတွေစတင်ခဲ့တာလို့ ဆိုရမှာဖြစ်တယ်။ဒါပေမဲ့ ထရမ့်ဘက်က ရွေးကောက်ပွဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အထောက်အထားမဲ့ တရားရုံးချုပ်အထိ အဆင့်ဆင့်ကန့်ကွက်နေခဲ့တာဖြစ်တယ်။ပိုဆိုးတာ ပြည်နယ်ကိုယ်စားလှယ်မဲတွေကို ကွန်ဂရက်လွှတ်တော်မှာ တရားဝင်အတည်ပြုခါနီးမှာ ရီပတ်အလီကန်အမတ်အချို့က ထရမ့်ဘက်လိုက်ပြီး ကန့်ကွက်ဖို့ပြင်လာတဲ့အတွက် ကာကွယ်ရေးဝန်ကြီးဟောင်း ၁၀ ဦးအဖွဲ့က ရွေးကောက်ပွဲပြီးဆုံးပါပြီဆိုတဲ့ ကြေညာချက်ကို ဝါရှင်တန်ပို့စ်သတင်းစာကနေ ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ကာကွယ်ရေးဝန်ကြီးဟောင်း ၁၀ ဦးရဲ့ ထုတ်ပြန်ကြေညာချက်ဟာ ထရမ့်အနေနဲ့ အရှုံးကိုလက်ခံပြီး အခြေဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း အတည်ပြုဖို့ အချိန်တန်ပြီဆိုတဲ့အကြောင်းဇန်နဝါရီလ ၂၀ ရက်နေ့မှာ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဂျိုးဘိုင်ဒင်အနေနဲ့ သမ္မတရာထူးကို လက်ခံရရှိ အနေအထားအတွင်း လက်ရှိသမ္မတ ထရမ့် လိုလားသူတွေက သမ္မတထရမ့် ကို ထောက်ခံကြောင်း ဆန္ဒပြဖို့ စီစဉ်နေတာဖြစ်ပါတယ်။အဆိုပါဆန္ဒပြပွဲမှာ သမ္မတထရမ့် ကိုယ်တိုင်တောင် ပါဝင် ဆန္ဒပြမယ့် အရိပ်အယောင်တွေတောင် ပြသနေ တယ်လို့ ဆိုပါတယ်။
 
စီစဉ်ထားသည့်အတိုင်းပင် ထရမ့် ထောက်ခံသူ လူအုပ်ကြီးက ကွန်ဂရက်ကို ဝင်ရောက်စီးနင်းခဲ့ကြပြီး နာရီပိုင်းခန့်ကြာအောင် ထိန်းသိမ်းနိုင်ခဲ့သည်။ဆန္ဒပြသူတို့၏ ဝင်ရောက်စီးနင်းမှု ဖြစ်ပွားပြီးနောက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူ ၄ ဦးသေဆုံးခဲ့ရပါတယ်။
 
အကြမ်းဖက်ဆန္ဒပြမှုအတွင်း ထရမ့်ဟာ သူ့ရဲ့ တွစ်တာကနေ အားပေးနေတဲ့အတွက် သူ့ရဲ့တွစ်တာ အကောင့်ကို ပိတ်ခဲ့ရတယ်။ဘာပဲဖြစ်ဖြစ် လက်ရှိ ကွန်ဂရက်လွှတ်တော်ကို အကြမ်းဖက်ဝင်ရောက်စီးနင်းမှုဖြစ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ဘယ်တုန်းကမျှမရှိခဲ့ဘူးတဲ့ အရုပ်ဆိုးအကျဉ်းတန်လှတဲ့ဖြစ်ရပ်ဖြစ်ပြီး ဒီဆိုးရွားလှတဲ့ ဖြစ်ရပ်ကြီးအပြီးမှာ ထရမ့်ဟာ လုံးဝအရေးနိမ့်သူအဖြစ် သက်ဆင်းသွားခဲ့သလို အမေရိကန်တို့ ဒီမိုကရေစီခံတပ်ကြီးကို အမည်းစက် စွန်းထင်းစေသူအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။
 
ဒေါ်နယ်ထရမ့်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုလူစားမျိုးလဲ
 
၂၀၁၆ ခုနှစ်မှာ အများက မျှော်လင့်ထားခြင်းမရှိဘဲ ရွေးကောက်ပွဲမှာ အနိုင်ရရှိလာခဲ့တယ်။အိမ်ဖြူတော်ကို ရောက်ရှိလာကတည်းက ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုမှာ အသားကျနေတဲ့ ဒီမိုကရေစီကို စတင်ဖျက်လိုဖျက်ဆီးပြုလာခဲ့သူဖြစ်တယ်။အိမ်ဖြူတော်ကို ရောက်လာပြီးကတည်းက သူစိတ်နဲ့မတွေ့တဲ့သူ မှန်သမျှကို မထင်ရင်မထင်သလို ရာထူးကနေ ဖြုတ်ချတတ်သူဖြစ်တယ်။ထရမ့်ရဲ့ အရင်းနှီးဆုံးနဲ့ အနီးကပ်ဆုံးနေထိုင်ခဲ့တဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လတန်ဆိုရင် မကြာသေးမီက သူရေးသားခဲ့တဲ့ The Room Where It Happened ဆိုတဲ့ စာအုပ်ထဲမှာ ထရမ့်နဲ့ပတ်သက်လို့ ထရမ့်ဟာ ပြဿနာရှိသူဖြစ်တယ်။ထရမ့်ဟာ သူတို့ရဲ့ပင်ကိုယ်ဗီဇအရ သိနေတဲ့ အရာရှိတွေရဲ့ ကျွမ်းကျင်လိမ္မာတဲ့ စိတ်ကူးအကြံအစည်တွေကို စိတ်ဝင်စားခြင်းမရှိဘူးလို့ ဆိုတယ်။ဒါ့အပြင် ထရမ့်ဟာ အတွေးအမြင် သဘောတရားအရ ပြုမူဆောင်ရွက်ခြင်းရှိသူလည်း မဟုတ်သလို စည်းကမ်းနည်းလမ်းအရ ဦးဆောင်သူလည်း မဟုတ်ဘူးလို့ဆိုတယ်။ဒါအပြင် ထရမ့်ဟာ သူဘရဲ့ နှုတ်သရမ်းမှုကို မထိန်းသိမ်းနိုင်သလို မကြာခဏဆိုသလို ကိုယ့်ကိုယ်ကိုဖော် မသူတော်ဆိုတဲ့အတိုင်း ကြွားလုံးထုတ်တတ်သူဖြစ်တယ်လို့ ဆိုတယ်။
 
ဒါ့အပြင် ထရမ့် ကို အူလှိုက်သည်းလှိုက် ထောက်ခံအားပေးနေတဲ့သူတွေ အများစုဟာ သူ့ရဲ့မအောင်မြင်တဲ့လုပ်ရပ်တွေကို လျစ်လျူရှုတတ်ကြသလို ရီပတ်ဘလီကန်တွေကလည်း သူ့ရဲ့အစစ်အမှန်အရည်အချင်းတွေနဲ့ပတ်သက်ရင် မသိကျိုးကျွန်ပြုတတ်ကြတယ်လို့ ဆိုတယ်။ဂျွန်ဘော်လတန်ရဲ့ ထရမ့်အပေါ် သုံးသပ်ပြောဆိုမှုတွေကိုကြည့်ရင် ထရမ့်ဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ အကဲခတ်မိကြမှာဖြစ်ပါတယ်။
 
နောက်တစ်ခုက ထရမ့်ဟာ အိမ်ဖြူတော်ကို ရောက်လာပြီးကတည်းက အမေရိကန်က ပထမဆိုတဲ့ ကြွေးကြော်သံနဲ့အတူ အမေရိကန်အကျိုးစီးပွားကာကွယ်ရေးကို လက်စွဲပြုခဲ့တာဖြစ်တယ်။ဒါကြောင့်လည်း ထရမ့်ရဲ့ အမေရိကန်အကျိုးစီးပွားကာကွယ်ရေးပစ်မှတ်ဟာ ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ ဩဇာအရှိန်အဝါကြီးထွားလာတဲ့ တရုတ်နိုင်ငံဖြစ်လာခဲ့တယ်လို့ ဆိုရမှာပါ။
 
ထရမ့်ဟာ သူ့ကြွေးကြော်သံအတိုင်း သမ္မတရာထူး တာဝန်စတင်ထမ်းဆောင်ပြီး မကြာခင်ဆိုသလို တရုတ်နိုင်ငံက သွင်းကုန်ပစ္စည်းတွေအပေါ် အခွန်တိုးထောက်ခံမှုနဲ့အတူ ကုန်သွယ်ရေးစစ်ပွဲအခင်းအကျင်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်တယ်။တကယ်တော့ သမ္မတထရမ့် ခင်းကျင်းလိုက်တဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ စီးပွားရေးအင်အားကြီးထွားလာတဲ့ တရုတ်နိုင်ငံကို ဟန့်တားထိန်းချုပ်ဖို့ ကြိုးပမ်းလိုက်တာပဲဖြစ်ပါတယ်။တကယ်တမ်းပြောရရင် ထရမ့် ခင်းကျင်းလိုက်တဲ့ ကုန်သွယ်ရေးစစ်ပွဲကနေ အမေရိကန်ပြည်ထောင်စုကို စီးပွားရေးမှာ အသာစီးရစေခဲ့လားဆိုရင်တော့ ထရမ့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ မအောင်မြင်ခဲ့ဘူးလို့ ဆိုရ မှာပါ။ဒီလိုအချိန်မျိုးမှာ ထရမ့်ဟာ တရုတ်နိုင်ငံရဲ့ တစ်နိုင်ငံတည်းမူဝါဒအရိပ်အောက်က ရုန်းထွက်လိုနေတဲ့ ထိုင်ဝမ်နဲ့ ဟောင်ကောင် ဒီမိုကရေစီလိုလားသူများ လှုပ်ရှားမှုမှာ မြှောက်ထိုးပင့်ကော်လုပ်လာခဲ့သလို ထိုင်ဝမ် ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်တို့မှာပါ တရုတ်နိုင်ငံစစ်အင်အားကို ထိန်းချုပ်နိုင်ဖို့ ရန်လိုမှုတွေနဲ့အတူ ဝင်ရောက်စွက်ဖက်မှု ပြုလာခဲ့ပါတယ်။
 
ဖြစ်ချင်တော့ ၂၀၂၀ ခုနှစ် အဦးအစမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုက ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းဆိုက်မှုဆီကို ရောက်ရှိလာခဲ့ပါတယ်။ဒီလိုအချိန်မျိုးမှာ တရုတ်နိုင်ငံအပါအဝင် အာရှနိုင်ငံအများစုက ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ရေးကို ကြိုးပမ်းအားထုတ်ခဲ့ကြပေမဲ့ ထရမ့်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဟာ တရုတ်နိုင်ငံကြောင့်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေနဲ့ အချိန်ကုန်နေခဲ့တဲ့အတွက် နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့ခြင်းမရှိတဲ့ အကျိုးဆက်ကို လက်ရှိအချိန်အထိ ခံစားနေရတာဖြစ်တယ်။
 
ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အကျိုးဆက်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကို ထိခိုက်ကျဆင်းခဲ့ရတယ်။လက်ရှိအနေအထားအရ တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကာလအတွင်း နိုင်ငံစီးပွားရေးကို တည်တည်ငြိမ်ငြိမ်ရှေ့ဆက်နိုင်တဲ့ အနေအထားမှာရှိနေသလို စီးပွားရေးဖြစ်ထွန်းတိုးတက်မှုကလည်း အရှိန်အဟုန်မပျက် ရှိနေတာဖြစ်တယ်။ဒီလိုအချိန်မျိုးမှာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဟာ ကပ်ရောဂါဒုတိယလှိုင်းနဲ့ လော့ခ်ဒေါင်းအကျိုးဆက်ကြောင့် လာမယ့် ၂ နှစ်အတွင်း ပြန်လည်နာလန်ထူနိုင်ရေးကိုတောင် ရုန်းကန်ရမယ့်အနေအထားမှာ ရှိနေတာဖြစ်တယ်။
 
ဘာပဲဖြစ်ဖြစ် ၂၀၂၀ ခုနှစ် အမေရိကန်ပြည်ထောင်စုသမ္မတရွေးကောက်ပွဲဟာ အပြောင်းအလဲပြုဖို့ လိုအပ်နေပြီဆိုတာကို အမေရိကန်အများစုက သတိပြုခဲ့ကြတဲ့အတွက် သမ္မတထရမ့် အရေးနိမ့်ခဲ့တာဖြစ်တယ်။ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်အပြောင်းအလဲကို လက်မခံနိုင်လောက်အောင် ခေါင်းမာလွန်းပြီး အမေရိကန်ပြည် ထောင်စုရဲ့ ဒီမိုကရေစီတန်ဖိုးကို ဆုတ်ယုတ်ကျဆင်းအောင်လုပ်ဆောင်လာတဲ့ ထရမ့်ကြောင့်ပဲ အခုဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းမှာ ဘယ်တုန်းကမှမဖြစ်ခဲ့ဘူးတဲ့ အရုပ်ဆိုးအကျဉ်းတန်လှတဲ့ ဖြစ်ရပ်ကြီးကို ဖြစ်ပေါ်လာစေခဲ့ပြီဖြစ်ပါတယ်။
 
ဒါကြောင့်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က အမေရိကန်ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်အဖြစ် ညွှန်းဆိုလိုက်တာပဲဖြစ်ပါတယ်။
 
နေစိုးဦး
Ref : CNN / CGTN
ဇန်နဝါရီ - ၁၆ 
 
( Zawgyi )
 
၂၀၂၀ ခုႏွစ္ကို ကမာၻ႔အဆိုး႐ြားဆုံးႏွစ္လို႔ သတ္မွတ္ၾကမယ္ဆိုရင္ ၂၀၂၁ ခုႏွစ္ကလည္း အတိတ္နိမိတ္မေကာင္းလွတဲ့ အစပ်ိဳးမႈနဲ႔ စေနၿပီလို႔ေတာင္ ဆိုရမွာျဖစ္ပါတယ္။ဘာေၾကာင့္လဲဆို မၾကာေသးမီက ဒီမိုကေရစီ အရင့္အမာ ႏိုင္ငံႀကီးျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စုမွာျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္ဟာ ၂၀၂၁ ခုႏွစ္ စာမ်က္ႏွာသစ္ကို အ႐ုပ္ဆိုးအက်ဥ္းတန္စြာ ဖြင့္လွစ္လိုက္တယ္လို႔ ဆိုရမွာျဖစ္တယ္။
 
တကယ္ေတာ့ အေမရိကန္ျပည္ေထာင္စုမွာ ေ႐ြးေကာက္ပြဲၿပီးကတည္းက လက္ရွိသမၼတ ထရမ့္ဟာ ေ႐ြးေကာက္ပြဲရလဒ္ေတြကို လက္မခံႏိုင္ရာကေန ျပႆနာေတြစတင္ခဲ့တာလို႔ ဆိုရမွာျဖစ္တယ္။ဒါေပမဲ့ ထရမ့္ဘက္က ေ႐ြးေကာက္ပြဲမသမာမႈရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အေထာက္အထားမဲ့ တရား႐ုံးခ်ဳပ္အထိ အဆင့္ဆင့္ကန႔္ကြက္ေနခဲ့တာျဖစ္တယ္။ပိုဆိုးတာ ျပည္နယ္ကိုယ္စားလွယ္မဲေတြကို ကြန္ဂရက္လႊတ္ေတာ္မွာ တရားဝင္အတည္ျပဳခါနီးမွာ ရီပတ္အလီကန္အမတ္အခ်ိဳ႕က ထရမ့္ဘက္လိုက္ၿပီး ကန႔္ကြက္ဖို႔ျပင္လာတဲ့အတြက္ ကာကြယ္ေရးဝန္ႀကီးေဟာင္း ၁၀ ဦးအဖြဲ႕က ေ႐ြးေကာက္ပြဲၿပီးဆုံးပါၿပီဆိုတဲ့ ေၾကညာခ်က္ကို ဝါရွင္တန္ပို႔စ္သတင္းစာကေန ထုတ္ျပန္ေၾကညာခဲ့ၾကပါတယ္။ကာကြယ္ေရးဝန္ႀကီးေဟာင္း ၁၀ ဦးရဲ႕ ထုတ္ျပန္ေၾကညာခ်က္ဟာ ထရမ့္အေနနဲ႔ အရႈံးကိုလက္ခံၿပီး အေျခဥပေဒပါ ျပ႒ာန္းခ်က္အတိုင္း အတည္ျပဳဖို႔ အခ်ိန္တန္ၿပီဆိုတဲ့အေၾကာင္းဇန္နဝါရီလ ၂၀ ရက္ေန႔မွာ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ ဂ်ိဳးဘိုင္ဒင္အေနနဲ႔ သမၼတရာထူးကို လက္ခံရရွိ အေနအထားအတြင္း လက္ရွိသမၼတ ထရမ့္ လိုလားသူေတြက သမၼတထရမ့္ ကို ေထာက္ခံေၾကာင္း ဆႏၵျပဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။အဆိုပါဆႏၵျပပြဲမွာ သမၼတထရမ့္ ကိုယ္တိုင္ေတာင္ ပါဝင္ ဆႏၵျပမယ့္ အရိပ္အေယာင္ေတြေတာင္ ျပသေန တယ္လို႔ ဆိုပါတယ္။
 
စီစဥ္ထားသည့္အတိုင္းပင္ ထရမ့္ ေထာက္ခံသူ လူအုပ္ႀကီးက ကြန္ဂရက္ကို ဝင္ေရာက္စီးနင္းခဲ့ၾကၿပီး နာရီပိုင္းခန႔္ၾကာေအာင္ ထိန္းသိမ္းႏိုင္ခဲ့သည္။ဆႏၵျပသူတို႔၏ ဝင္ေရာက္စီးနင္းမႈ ျဖစ္ပြားၿပီးေနာက္ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ရာ လူ ၄ ဦးေသဆုံးခဲ့ရပါတယ္။
 
အၾကမ္းဖက္ဆႏၵျပမႈအတြင္း ထရမ့္ဟာ သူ႔ရဲ႕ တြစ္တာကေန အားေပးေနတဲ့အတြက္ သူ႔ရဲ႕တြစ္တာ အေကာင့္ကို ပိတ္ခဲ့ရတယ္။ဘာပဲျဖစ္ျဖစ္ လက္ရွိ ကြန္ဂရက္လႊတ္ေတာ္ကို အၾကမ္းဖက္ဝင္ေရာက္စီးနင္းမႈျဖစ္ရပ္ဟာ အေမရိကန္ျပည္ေထာင္စုသမိုင္းမွာ ဘယ္တုန္းကမွ်မရွိခဲ့ဘူးတဲ့ အ႐ုပ္ဆိုးအက်ဥ္းတန္လွတဲ့ျဖစ္ရပ္ျဖစ္ၿပီး ဒီဆိုး႐ြားလွတဲ့ ျဖစ္ရပ္ႀကီးအၿပီးမွာ ထရမ့္ဟာ လုံးဝအေရးနိမ့္သူအျဖစ္ သက္ဆင္းသြားခဲ့သလို အေမရိကန္တို႔ ဒီမိုကေရစီခံတပ္ႀကီးကို အမည္းစက္ စြန္းထင္းေစသူအျဖစ္ပါ မွတ္တမ္းဝင္သြားခဲ့ၿပီ ျဖစ္ပါတယ္။
 
ေဒၚနယ္ထရမ့္ဆိုတဲ့ ပုဂၢိဳလ္ဟာ ဘယ္လိုလူစားမ်ိဳးလဲ
 
၂၀၁၆ ခုႏွစ္မွာ အမ်ားက ေမွ်ာ္လင့္ထားျခင္းမရွိဘဲ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိလာခဲ့တယ္။အိမ္ျဖဴေတာ္ကို ေရာက္ရွိလာကတည္းက ထရမ့္ဟာ အေမရိကန္ျပည္ေထာင္စုမွာ အသားက်ေနတဲ့ ဒီမိုကေရစီကို စတင္ဖ်က္လိုဖ်က္ဆီးျပဳလာခဲ့သူျဖစ္တယ္။အိမ္ျဖဴေတာ္ကို ေရာက္လာၿပီးကတည္းက သူစိတ္နဲ႔မေတြ႕တဲ့သူ မွန္သမွ်ကို မထင္ရင္မထင္သလို ရာထူးကေန ျဖဳတ္ခ်တတ္သူျဖစ္တယ္။ထရမ့္ရဲ႕ အရင္းႏွီးဆုံးနဲ႔ အနီးကပ္ဆုံးေနထိုင္ခဲ့တဲ့ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးပုဂၢိဳလ္ ဂြၽန္ေဘာ္လတန္ဆိုရင္ မၾကာေသးမီက သူေရးသားခဲ့တဲ့ The Room Where It Happened ဆိုတဲ့ စာအုပ္ထဲမွာ ထရမ့္နဲ႔ပတ္သက္လို႔ ထရမ့္ဟာ ျပႆနာရွိသူျဖစ္တယ္။ထရမ့္ဟာ သူတို႔ရဲ႕ပင္ကိုယ္ဗီဇအရ သိေနတဲ့ အရာရွိေတြရဲ႕ ကြၽမ္းက်င္လိမၼာတဲ့ စိတ္ကူးအႀကံအစည္ေတြကို စိတ္ဝင္စားျခင္းမရွိဘူးလို႔ ဆိုတယ္။ဒါ့အျပင္ ထရမ့္ဟာ အေတြးအျမင္ သေဘာတရားအရ ျပဳမူေဆာင္႐ြက္ျခင္းရွိသူလည္း မဟုတ္သလို စည္းကမ္းနည္းလမ္းအရ ဦးေဆာင္သူလည္း မဟုတ္ဘူးလို႔ဆိုတယ္။ဒါအျပင္ ထရမ့္ဟာ သူဘရဲ႕ ႏႈတ္သရမ္းမႈကို မထိန္းသိမ္းႏိုင္သလို မၾကာခဏဆိုသလို ကိုယ့္ကိုယ္ကိုေဖာ္ မသူေတာ္ဆိုတဲ့အတိုင္း ႂကြားလုံးထုတ္တတ္သူျဖစ္တယ္လို႔ ဆိုတယ္။
 
ဒါ့အျပင္ ထရမ့္ ကို အူလႈိက္သည္းလႈိက္ ေထာက္ခံအားေပးေနတဲ့သူေတြ အမ်ားစုဟာ သူ႔ရဲ႕မေအာင္ျမင္တဲ့လုပ္ရပ္ေတြကို လ်စ္လ်ဴရႈတတ္ၾကသလို ရီပတ္ဘလီကန္ေတြကလည္း သူ႔ရဲ႕အစစ္အမွန္အရည္အခ်င္းေတြနဲ႔ပတ္သက္ရင္ မသိက်ိဳးကြၽန္ျပဳတတ္ၾကတယ္လို႔ ဆိုတယ္။ဂြၽန္ေဘာ္လတန္ရဲ႕ ထရမ့္အေပၚ သုံးသပ္ေျပာဆိုမႈေတြကိုၾကည့္ရင္ ထရမ့္ဟာ ဘယ္လိုလူစားမ်ိဳးလဲဆိုတာ အကဲခတ္မိၾကမွာျဖစ္ပါတယ္။
 
ေနာက္တစ္ခုက ထရမ့္ဟာ အိမ္ျဖဴေတာ္ကို ေရာက္လာၿပီးကတည္းက အေမရိကန္က ပထမဆိုတဲ့ ေႂကြးေၾကာ္သံနဲ႔အတူ အေမရိကန္အက်ိဳးစီးပြားကာကြယ္ေရးကို လက္စြဲျပဳခဲ့တာျဖစ္တယ္။ဒါေၾကာင့္လည္း ထရမ့္ရဲ႕ အေမရိကန္အက်ိဳးစီးပြားကာကြယ္ေရးပစ္မွတ္ဟာ ကမာၻ႔စီးပြားေရးနယ္ပယ္မွာ ဩဇာအရွိန္အဝါႀကီးထြားလာတဲ့ တ႐ုတ္ႏိုင္ငံျဖစ္လာခဲ့တယ္လို႔ ဆိုရမွာပါ။
 
ထရမ့္ဟာ သူ႔ေႂကြးေၾကာ္သံအတိုင္း သမၼတရာထူး တာဝန္စတင္ထမ္းေဆာင္ၿပီး မၾကာခင္ဆိုသလို တ႐ုတ္ႏိုင္ငံက သြင္းကုန္ပစၥည္းေတြအေပၚ အခြန္တိုးေထာက္ခံမႈနဲ႔အတူ ကုန္သြယ္ေရးစစ္ပြဲအခင္းအက်င္းကို စတင္ဖြင့္လွစ္ခဲ့တာျဖစ္တယ္။တကယ္ေတာ့ သမၼတထရမ့္ ခင္းက်င္းလိုက္တဲ့ ကုန္သြယ္ေရးစစ္ပြဲဟာ စီးပြားေရးအင္အားႀကီးထြားလာတဲ့ တ႐ုတ္ႏိုင္ငံကို ဟန႔္တားထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းလိုက္တာပဲျဖစ္ပါတယ္။တကယ္တမ္းေျပာရရင္ ထရမ့္ ခင္းက်င္းလိုက္တဲ့ ကုန္သြယ္ေရးစစ္ပြဲကေန အေမရိကန္ျပည္ေထာင္စုကို စီးပြားေရးမွာ အသာစီးရေစခဲ့လားဆိုရင္ေတာ့ ထရမ့္ရဲ႕ ကုန္သြယ္ေရးစစ္ပြဲဟာ မေအာင္ျမင္ခဲ့ဘူးလို႔ ဆိုရ မွာပါ။ဒီလိုအခ်ိန္မ်ိဳးမွာ ထရမ့္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ တစ္ႏိုင္ငံတည္းမူဝါဒအရိပ္ေအာက္က ႐ုန္းထြက္လိုေနတဲ့ ထိုင္ဝမ္နဲ႔ ေဟာင္ေကာင္ ဒီမိုကေရစီလိုလားသူမ်ား လႈပ္ရွားမႈမွာ ေျမႇာက္ထိုးပင့္ေကာ္လုပ္လာခဲ့သလို ထိုင္ဝမ္ ေရလက္ၾကားနဲ႔ ေတာင္တ႐ုတ္ပင္လယ္တို႔မွာပါ တ႐ုတ္ႏိုင္ငံစစ္အင္အားကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ရန္လိုမႈေတြနဲ႔အတူ ဝင္ေရာက္စြက္ဖက္မႈ ျပဳလာခဲ့ပါတယ္။
 
ျဖစ္ခ်င္ေတာ့ ၂၀၂၀ ခုႏွစ္ အဦးအစမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈက ကမာၻလုံးဆိုင္ရာ အက်ပ္အတည္းဆိုက္မႈဆီကို ေရာက္ရွိလာခဲ့ပါတယ္။ဒီလိုအခ်ိန္မ်ိဳးမွာ တ႐ုတ္ႏိုင္ငံအပါအဝင္ အာရွႏိုင္ငံအမ်ားစုက ဗိုင္းရပ္စ္ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ေရးကို ႀကိဳးပမ္းအားထုတ္ခဲ့ၾကေပမဲ့ ထရမ့္ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါဟာ တ႐ုတ္ႏိုင္ငံေၾကာင့္ဆိုတဲ့ စြပ္စြဲေျပာဆိုမႈေတြနဲ႔ အခ်ိန္ကုန္ေနခဲ့တဲ့အတြက္ ႏိုင္ငံတြင္းမွာ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈကို ေကာင္းစြာထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းမရွိတဲ့ အက်ိဳးဆက္ကို လက္ရွိအခ်ိန္အထိ ခံစားေနရတာျဖစ္တယ္။
 
ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ အက်ိဳးဆက္ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ စီးပြားေရးကို ထိခိုက္က်ဆင္းခဲ့ရတယ္။လက္ရွိအေနအထားအရ တ႐ုတ္ႏိုင္ငံဟာ ကိုဗစ္-၁၉ ကပ္ေရာဂါ အက်ပ္အတည္းကာလအတြင္း ႏိုင္ငံစီးပြားေရးကို တည္တည္ၿငိမ္ၿငိမ္ေရွ႕ဆက္ႏိုင္တဲ့ အေနအထားမွာရွိေနသလို စီးပြားေရးျဖစ္ထြန္းတိုးတက္မႈကလည္း အရွိန္အဟုန္မပ်က္ ရွိေနတာျဖစ္တယ္။ဒီလိုအခ်ိန္မ်ိဳးမွာ အေမရိကန္ျပည္ေထာင္စုရဲ႕ စီးပြားေရးဟာ ကပ္ေရာဂါဒုတိယလႈိင္းနဲ႔ ေလာ့ခ္ေဒါင္းအက်ိဳးဆက္ေၾကာင့္ လာမယ့္ ၂ ႏွစ္အတြင္း ျပန္လည္နာလန္ထူႏိုင္ေရးကိုေတာင္ ႐ုန္းကန္ရမယ့္အေနအထားမွာ ရွိေနတာျဖစ္တယ္။
 
ဘာပဲျဖစ္ျဖစ္ ၂၀၂၀ ခုႏွစ္ အေမရိကန္ျပည္ေထာင္စုသမၼတေ႐ြးေကာက္ပြဲဟာ အေျပာင္းအလဲျပဳဖို႔ လိုအပ္ေနၿပီဆိုတာကို အေမရိကန္အမ်ားစုက သတိျပဳခဲ့ၾကတဲ့အတြက္ သမၼတထရမ့္ အေရးနိမ့္ခဲ့တာျဖစ္တယ္။ဒါေပမဲ့ ေ႐ြးေကာက္ပြဲရလဒ္အေျပာင္းအလဲကို လက္မခံႏိုင္ေလာက္ေအာင္ ေခါင္းမာလြန္းၿပီး အေမရိကန္ျပည္ ေထာင္စုရဲ႕ ဒီမိုကေရစီတန္ဖိုးကို ဆုတ္ယုတ္က်ဆင္းေအာင္လုပ္ေဆာင္လာတဲ့ ထရမ့္ေၾကာင့္ပဲ အခုဆိုရင္ အေမရိကန္ျပည္ေထာင္စုရဲ႕ သမိုင္းမွာ ဘယ္တုန္းကမွမျဖစ္ခဲ့ဘူးတဲ့ အ႐ုပ္ဆိုးအက်ဥ္းတန္လွတဲ့ ျဖစ္ရပ္ႀကီးကို ျဖစ္ေပၚလာေစခဲ့ၿပီျဖစ္ပါတယ္။
 
ဒါေၾကာင့္လည္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္ က အေမရိကန္ျပည္ေထာင္စု ကြန္ဂရက္ လႊတ္ေတာ္မွာျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္ကို ဝမ္းနည္းေၾကကြဲစရာ ျဖစ္ရပ္အျဖစ္ ၫႊန္းဆိုလိုက္တာပဲျဖစ္ပါတယ္။
 
ေနစိုးဦး
Ref : CNN / CGTN
ဇန္နဝါရီ - ၁၆