【 ဆောင်းပါး 】 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲ အကြိုပြင်ဆင်မှု (၂)

【 ဆောင်းပါး 】 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲ အကြိုပြင်ဆင်မှု (၂)

၂၀၂၀ ခုနှစ်ရဲ့ နိုဝင်ဘာလကို ပြည်သူတွေမျှော်လင့်နေကြပါပြီ။၂၀၂၀ နိုဝင်ဘာလမှာ တတိယအကြိမ်ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပနိုင်လိမ့်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။အခု ကမ္ဘာကြီးမှာရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ဆိုတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်ရောဂါ (ကမ္ဘာ့ကပ်ရောဂါကြီး) ကို ကျွန်တော်တို့နိုင်ငံမှာ ပိုမကြီးထွားလာခဲ့ရင်ဖြစ်ပါတယ်။အခုအချိန်မှာ ဒေသတွင်းကူးစက်သူတွေမရှိအောင် ထိန်းချုပ်နိုင်ပါသေးတယ်။ဒါပေမယ့် အခုအချိန်ထိ လူစုလူဝေးနဲ့ပြုလုပ်ရမယ့်ပွဲတွေကိုတော့ မကျင်းပနိုင်သေးပါဘူး။

ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ဖို့အတွက် လူစုလူဝေးပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ရွေး ကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေက မဲဆန္ဒရှင်ပြည်သူတွေကို အပြိုင်အဆိုင်မဲဆွယ်ပွဲတွေ၊ ဟောပြောစည်းရုံးပွဲတွေ ပြုလုပ်ရပါတော့မယ်။ဒီလိုမဲဆွယ်စည်းရုံးဟောပြောနိုင်ဖို့ လူစုလူဝေးလုပ်မှ အဆင်ပြေနိုင်ပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်၊ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ကျင်းပနိုင်ပါလိမ့်မယ်။

၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ကြမယ့် နိုင်ငံရေးပါတီများဟာ မိမိတို့ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွေအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်နေကြပါပြီ။တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒနယ်တွေအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် အင်အားကြီးပါတီကြီးအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပါတီ) နဲ့ ပြည်ခိုင်ဖြိုးပါတီကြီး နှစ်ခုသာရှိမယ်လို့ထင်ပါတယ်။အခုအချိန်မှာ ပြည်ခိုင်ဖြိုးပါတီကတော့ လွှတ်တော်ကိုယ်စားလောင်း ရွေးချယ်ဖို့အတွက် အသံတိတ်နေပါသေးတယ်။ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဗဟိုကနေချမှတ်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ပြည်ခိုင်ဖြိုးပါတီဟာ အခုအချိန်ထိ ဗဟိုဦးစီးစနစ် ကျင့်သုံးနေပါတယ်။နောက် ပြည်ခိုင်ဖြိုးပါတီအတွက် ထောက်ခံဆန္ဒမဲပေးကြမယ့် အမာခံတွေရှိနေပြီးသားဖြစ်နိုင်ပါတယ်။ပြည်ခိုင်ဖြိုးပါတီ စိုက်ထူထားတဲ့တံတိုင်းကြီးကို ပြိုင်ဖက်ပါတီတွေကဖြတ်ကျော်နိုင်မှ အနိုင်ရမှာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီက စိုက်ထူထားတဲ့ တံတိုင်း (အသေ) ကြီးကို အနိုင်ယူဖြတ်ကျော်နိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပါတီ) အနေနဲ့ ပြောမယ်ဆိုရင် ထောက်ခံဆန္ဒမဲပေးမယ့် မဲဆန္ဒရှင်တွေအသေမရှိပါဘူး။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပါတီ) ရဲ့ စည်းရုံးနိုင်စွမ်းအပေါ်မှာရော၊ ပြည်သူတွေအကျိုးပြုနိုင်မှုအပေါ်မှာမူတည်ပြီး ထောက်ခံဆန္ဒမဲပေးကြမယ့် မဲဆန္ဒရှင်တွေ ပြောင်းလဲမှုတွေရှိနေပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကျင်းပပြုပ်ခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြိုင်ဖက် ပြည်ခိုင်ဖြိုးပါတီကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့တဲ့ အခြေအနေကိုပြန်ကြည့်ရင် ဒေသအသီးသီးမြို့နယ်တွေမှာ ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေ အပြည့်အဝကြိုက်နှစ်သက်ပြီး မဲပေးခဲ့ကြတာမဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေက နီးစပ်ရာရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းအားနည်းခဲ့လို့ဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပါတီ) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံတဲ့ ပြည်သူတွေအားနဲ့ အနိုင်ရခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

အခု ၂၀၂၀ မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ၂၀၁၅ ရွေးကောက်ပွဲကလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မနိုင်နိုင်တော့ပါဘူး။ဒေါ်အောင်ဆန်းစုကြည် ကို တိုင်းရင်းသားပြည်သူတွေရဲ့ ထောက်ခံအားပေးမှုဟာ ကျဆင်းနေတယ်လို့ပြောလို့ရမှာပါ။ ၂၀၁၅ ရွေးကောက်ပွဲကလို ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံအားပေးမှုတစ်ခုထဲကို အားထားလို့မရနိုင်တော့ပါဘူး။အဓိကအနေနဲ့ တိုင်းရင်းသားတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယုံကြည်မှုလျော့နည်းသွားတာတွေကတော့ အမှန်ပါပဲ။ဒီ ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မြို့နယ်ပြည်သူတွေ ကြိုက်နှစ်သက်ကြဖို့ အရေးကြီးလာမှာပါ။မြို့နယ်အသီးသီးမှာ လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ အရည်အချင်းရှိဖို့၊ ပြည်သူတွေအကျိုးကို ဆောင်ရွက်ပေးနိုင်ဖို့ကို မဲဆန္ဒပေးမယ့်ပြည်သူတွေ ယုံကြည်ကြရပါမယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကလို လူကိုမကြည့်ပဲ ပါတီအလံကိုပဲကြည့်ပြီး မဲပေးကြပါလို့ မေတ္တာရပ်ခံလို့ရနိုင်မယ့် အခြေအနေမဟုတ်တော့ပါဘူး။မဲဆန္ဒရှင်ပြည်သူတွေက လူရောမူပါကြည့်ပြီး မဲပေးကြပါလိမ့်မယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မှုတွေမှားခဲ့တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရပါတီဖြစ်လာခဲ့ပေမယ့်၊ ပြည်သူတွေရဲ့အကျိုးကို မဖော်ဆောင်နိုင်ခဲ့တာ ငါးနှစ်နီးပါးရှိလာခဲ့ပါပြီ။ဒီကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ခေါင်းဆောင်တွေက ပြန်ပြင်ဆင်တဲ့အနေနဲ့ ပါတီအောက်ခြေ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေကို ရွေးချယ်ရေးမူဝါဒတွေ ပြန်ချပေးလိုက်ပါတယ်။မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က မြို့မိမြို့ဖငါးဦးရွေးချယ်ပြီး လွှတ်တော်အသီးသီးအတွက်ရွေးချယ်မှုမှာ ကြီးကြပ်ပေးရမယ်ဆိုတာပါပဲ။
ဒီမြို့မိမြို့ဖငါးဦးအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရေးမှာ ကြီးကြပ်စိစစ်ရမယ်ဆိုတဲ့ တာဝန်ယူခဲ့ရတာမဟုတ်ပဲ၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲတစ်မဲစီပေးလိုက်ရတာဖြစ်နေပါတယ်။ဒီမူဟာလည်း လွဲချော်နေပါတယ်။
အောက်ခြေအဆင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကနေ တိုင်းအလုပ်အမှုဆောင်ကို တင်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရွေးချယ်မှုမှာ မြို့မိမြို့ဖရွေးချယ်ခန့်အပ်တဲ့နေရာမှာ ဘက်လိုက်မှုတွေရှိနေကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် က အတည်ပြုပြောကြားလိုက်ရပါတယ်။

"တချို့က ဗဟိုမှချမှတ်ပေးတဲ့မူတွေကို လစ်လျူရှုပြီး ကိုယ်နဲ့နီးစပ်တဲ့ မြို့မိမြို့ဖတွေရွေးကြတယ်၊ မျှမျှတတဖြစ်အောင် မြို့မိမြို့ဖတွေနဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေ ပူးပေါင်းပြီး ရွေးစေချင်တာ။အဲ့ဒီမှာကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းတွေကို တစ်ခါတည်းသတ်မှတ်တယ်။
အဲဒီလိုမဟုတ်ဘဲ ဘက်လိုက်မှုတွေရှိသွားတော့ တိုင်စာတွေရောက်လာတယ်။ဒါကိုလည်းဝန်ခံရမယ်"ဆိုပြီး ဒေါက်တာဇော်မြင့်မောင် က ပြောသွားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အကြီးမားဆုံးအခက်အခဲကြီးကတော့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာပါပဲ။ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တာက ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲအပေါ်မှာ အားကိုးယုံကြည်ခဲ့လို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တိုင်းရင်းသားတွေ မကြိုက်ခဲ့ကြပါဘူး။နောက် အခုငါးနှစ်အာဏာရလာတဲ့အချိန်အတွင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေက တိုင်းရင်းသားအရေးကို ဆောင်ရွက်မှုအလွန်အားနည်းခဲ့တာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအပေါ်မှာရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေအပေါ်မှာရော တိုင်းရင်းသားတွေ ယုံကြည်အားကိုးမှုတွေ လျော့နည်းသွားတာကြောင့်လည်း ခက်ခဲမှာဖြစ်ပါတယ်။တိုင်းရင်းသားပါတီတွေကလည်း သူတို့တိုင်းရင်းသားတွေအကျိုးကို ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး ပြည်နယ်ဒေသအတွင်းမှာရှိတဲ့ ပါတီတွေပေါင်းစည်းပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြတော့မှာဖြစ်ပါတယ်။တိုင်းရင်းသားတွေဟာ တိုင်းရင်းသားပါတီတွေဘက်ကို မျက်နှာပြန်လှည့်သွားကြပါပြီ။
တိုင်းရင်းသားလူမျိုးစုတွေဟာ လူမျိုးအစွဲကြီးမားကြတဲ့သူတွေပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးလိုက်ကြတာက ဒေါ်အောင်ဆန်းစုကြည် က တိုင်းရင်းသားတွေယုံကြည်ခဲ့ကြတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတာပါပါတယ်။ဗိုလ်ချုပ်အောင်ဆန်းလို ကတိပေးစကားကိုတည်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ခဲ့ကြလို့ဖြစ်ပါတယ်။အခုတိုင်းရင်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ပေးခဲ့တဲ့ ကတိစကားတွေကို မယုံကြည်ကြတဲ့လူ ပိုများလာပါတယ်။

ဒီလိုအခြေအနေမှာ ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပိုပြီးအရည်အချင်းရှိကြဖို့ လိုအပ်နေပါတယ်။အောက်ခြေမြို့နယ်တွေကရွေးချယ်ပြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို သေသေချာချာစိစစ်နိုင်ဖို့ လိုအပ်ပါတယ်။ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထက် အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်တွေပိုရှိရမှာဖြစ်ပါတယ်။

မြတ်လှိုင်း
ဇူလိုင် - ၁

( Zawgyi )

၂၀၂၀ ခုႏွစ္ရဲ႕ ႏိုဝင္ဘာလကို ျပည္သူေတြေမွ်ာ္လင့္ေနၾကပါၿပီ။၂၀၂၀ ႏိုဝင္ဘာလမွာ တတိယအႀကိမ္က်င္းပျပဳလုပ္မယ့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲႀကီးကို က်င္းပႏိုင္လိမ့္မယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာခဲ့ပါတယ္။အခု ကမာၻႀကီးမွာရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ ကိုဗစ္-၁၉ ဆိုတဲ့ ကူးစက္ျမန္ဗိုင္းရပ္စ္ေရာဂါ (ကမာၻ႔ကပ္ေရာဂါႀကီး) ကို ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ပိုမႀကီးထြားလာခဲ့ရင္ျဖစ္ပါတယ္။အခုအခ်ိန္မွာ ေဒသတြင္းကူးစက္သူေတြမရွိေအာင္ ထိန္းခ်ဳပ္ႏိုင္ပါေသးတယ္။ဒါေပမယ့္ အခုအခ်ိန္ထိ လူစုလူေဝးနဲ႔ျပဳလုပ္ရမယ့္ပြဲေတြကိုေတာ့ မက်င္းပႏိုင္ေသးပါဘူး။

ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္ႏိုင္ဖို႔အတြက္ လူစုလူေဝးျပဳလုပ္ႏိုင္ဖို႔ လိုအပ္ပါတယ္။ေ႐ြး ေကာက္ပြဲဝင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြနဲ႔ အဲ့ဒီလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ကိုယ္စားျပဳတဲ့ ႏိုင္ငံေရးပါတီေတြက မဲဆႏၵရွင္ျပည္သူေတြကို အၿပိဳင္အဆိုင္မဲဆြယ္ပြဲေတြ၊ ေဟာေျပာစည္း႐ုံးပြဲေတြ ျပဳလုပ္ရပါေတာ့မယ္။ဒီလိုမဲဆြယ္စည္း႐ုံးေဟာေျပာႏိုင္ဖို႔ လူစုလူေဝးလုပ္မွ အဆင္ေျပႏိုင္ပါလိမ့္မယ္။ဘာပဲျဖစ္ျဖစ္၊ ၂၀၂၀ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလမွာ က်င္းပႏိုင္ပါလိမ့္မယ္။

၂၀၂၀ ႏိုဝင္ဘာလမွာ က်င္းပျပဳလုပ္မယ့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲႀကီးမွာ ပါဝင္ယွဥ္ၾကမယ့္ ႏိုင္ငံေရးပါတီမ်ားဟာ မိမိတို႔ပါတီကိုယ္စားျပဳယွဥ္ၿပိဳင္မယ့္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္ေတြအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္ေနၾကပါၿပီ။တစ္ႏိုင္ငံလုံးမွာရွိတဲ့ မဲဆႏၵနယ္ေတြအားလုံးမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္မယ့္ အင္အားႀကီးပါတီႀကီးအေနနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ပါတီ) နဲ႔ ျပည္ခိုင္ၿဖိဳးပါတီႀကီး ႏွစ္ခုသာရွိမယ္လို႔ထင္ပါတယ္။အခုအခ်ိန္မွာ ျပည္ခိုင္ၿဖိဳးပါတီကေတာ့ လႊတ္ေတာ္ကိုယ္စားေလာင္း ေ႐ြးခ်ယ္ဖို႔အတြက္ အသံတိတ္ေနပါေသးတယ္။ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ ဗဟိုကေနခ်မွတ္ေပးတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာပါ။ျပည္ခိုင္ၿဖိဳးပါတီဟာ အခုအခ်ိန္ထိ ဗဟိုဦးစီးစနစ္ က်င့္သုံးေနပါတယ္။ေနာက္ ျပည္ခိုင္ၿဖိဳးပါတီအတြက္ ေထာက္ခံဆႏၵမဲေပးၾကမယ့္ အမာခံေတြရွိေနၿပီးသားျဖစ္ႏိုင္ပါတယ္။ျပည္ခိုင္ၿဖိဳးပါတီ စိုက္ထူထားတဲ့တံတိုင္းႀကီးကို ၿပိဳင္ဖက္ပါတီေတြကျဖတ္ေက်ာ္ႏိုင္မွ အႏိုင္ရမွာျဖစ္ပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီက စိုက္ထူထားတဲ့ တံတိုင္း (အေသ) ႀကီးကို အႏိုင္ယူျဖတ္ေက်ာ္ႏိုင္ခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ပါတီ) အေနနဲ႔ ေျပာမယ္ဆိုရင္ ေထာက္ခံဆႏၵမဲေပးမယ့္ မဲဆႏၵရွင္ေတြအေသမရွိပါဘူး။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ပါတီ) ရဲ႕ စည္း႐ုံးႏိုင္စြမ္းအေပၚမွာေရာ၊ ျပည္သူေတြအက်ိဳးျပဳႏိုင္မႈအေပၚမွာမူတည္ၿပီး ေထာက္ခံဆႏၵမဲေပးၾကမယ့္ မဲဆႏၵရွင္ေတြ ေျပာင္းလဲမႈေတြရွိေနပါတယ္။ ၂၀၁၅ ခုႏွစ္မွာ က်င္းပျပဳပ္ခဲ့တဲ့ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ၿပိဳင္ဖက္ ျပည္ခိုင္ၿဖိဳးပါတီကို အႏိုင္ယူေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ အေျခအေနကိုျပန္ၾကည့္ရင္ ေဒသအသီးသီးၿမိဳ႕နယ္ေတြမွာ ေ႐ြးခ်ယ္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ျပည္သူေတြ အျပည့္အဝႀကိဳက္ႏွစ္သက္ၿပီး မဲေပးခဲ့ၾကတာမဟုတ္ဘူးလို႔ ေျပာႏိုင္ပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕ေတြက နီးစပ္ရာေ႐ြးခ်ယ္လိုက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အရည္အခ်င္းအားနည္းခဲ့လို႔ျဖစ္ပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ပါတီ) ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို ေထာက္ခံတဲ့ ျပည္သူေတြအားနဲ႔ အႏိုင္ရခဲ့တယ္ဆိုတာ မျငင္းႏိုင္ပါဘူး။

အခု ၂၀၂၀ မွာ က်င္းပျပဳလုပ္မယ့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ၂၀၁၅ ေ႐ြးေကာက္ပြဲကလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ မႏိုင္ႏိုင္ေတာ့ပါဘူး။ေဒၚေအာင္ဆန္းစုၾကည္ ကို တိုင္းရင္းသားျပည္သူေတြရဲ႕ ေထာက္ခံအားေပးမႈဟာ က်ဆင္းေနတယ္လို႔ေျပာလို႔ရမွာပါ။ ၂၀၁၅ ေ႐ြးေကာက္ပြဲကလို ေဒၚေအာင္ဆန္းစုၾကည္ ကို ေထာက္ခံအားေပးမႈတစ္ခုထဲကို အားထားလို႔မရႏိုင္ေတာ့ပါဘူး။အဓိကအေနနဲ႔ တိုင္းရင္းသားေတြရဲ႕ ေဒၚေအာင္ဆန္းစုၾကည္အေပၚမွာ ယုံၾကည္မႈေလ်ာ့နည္းသြားတာေတြကေတာ့ အမွန္ပါပဲ။ဒီ ၂၀၂၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေ႐ြးခ်ယ္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ၿမိဳ႕နယ္ျပည္သူေတြ ႀကိဳက္ႏွစ္သက္ၾကဖို႔ အေရးႀကီးလာမွာပါ။ၿမိဳ႕နယ္အသီးသီးမွာ လႊတ္ေတာ္အသီးသီးအတြက္ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ၾကမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အရည္အခ်င္းရွိဖို႔၊ ျပည္သူေတြအက်ိဳးကို ေဆာင္႐ြက္ေပးႏိုင္ဖို႔ကို မဲဆႏၵေပးမယ့္ျပည္သူေတြ ယုံၾကည္ၾကရပါမယ္။ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲကလို လူကိုမၾကည့္ပဲ ပါတီအလံကိုပဲၾကည့္ၿပီး မဲေပးၾကပါလို႔ ေမတၱာရပ္ခံလို႔ရႏိုင္မယ့္ အေျခအေနမဟုတ္ေတာ့ပါဘူး။မဲဆႏၵရွင္ျပည္သူေတြက လူေရာမူပါၾကည့္ၿပီး မဲေပးၾကပါလိမ့္မယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္မႈေတြမွားခဲ့တာေၾကာင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အာဏာရပါတီျဖစ္လာခဲ့ေပမယ့္၊ ျပည္သူေတြရဲ႕အက်ိဳးကို မေဖာ္ေဆာင္ႏိုင္ခဲ့တာ ငါးႏွစ္နီးပါးရွိလာခဲ့ပါၿပီ။ဒီကိစၥကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဗဟို ေခါင္းေဆာင္ေတြက ျပန္ျပင္ဆင္တဲ့အေနနဲ႔ ပါတီေအာက္ေျခ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕ေတြကို ေ႐ြးခ်ယ္ေရးမူဝါဒေတြ ျပန္ခ်ေပးလိုက္ပါတယ္။ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕က ၿမိဳ႕မိၿမိဳ႕ဖငါးဦးေ႐ြးခ်ယ္ၿပီး လႊတ္ေတာ္အသီးသီးအတြက္ေ႐ြးခ်ယ္မႈမွာ ႀကီးၾကပ္ေပးရမယ္ဆိုတာပါပဲ။
ဒီၿမိဳ႕မိၿမိဳ႕ဖငါးဦးအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေ႐ြးခ်ယ္ေရးမွာ ႀကီးၾကပ္စိစစ္ရမယ္ဆိုတဲ့ တာဝန္ယူခဲ့ရတာမဟုတ္ပဲ၊ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕ဝင္ေတြနဲ႔အတူ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို မဲတစ္မဲစီေပးလိုက္ရတာျဖစ္ေနပါတယ္။ဒီမူဟာလည္း လြဲေခ်ာ္ေနပါတယ္။
ေအာက္ေျခအဆင့္ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕ကေန တိုင္းအလုပ္အမႈေဆာင္ကို တင္လာတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြေ႐ြးခ်ယ္မႈမွာ ၿမိဳ႕မိၿမိဳ႕ဖေ႐ြးခ်ယ္ခန႔္အပ္တဲ့ေနရာမွာ ဘက္လိုက္မႈေတြရွိေနေၾကာင္းကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္ က အတည္ျပဳေျပာၾကားလိုက္ရပါတယ္။

"တခ်ိဳ႕က ဗဟိုမွခ်မွတ္ေပးတဲ့မူေတြကို လစ္လ်ဴရႈၿပီး ကိုယ္နဲ႔နီးစပ္တဲ့ ၿမိဳ႕မိၿမိဳ႕ဖေတြေ႐ြးၾကတယ္၊ မွ်မွ်တတျဖစ္ေအာင္ ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕ေတြ ပူးေပါင္းၿပီး ေ႐ြးေစခ်င္တာ။အဲ့ဒီမွာကိုယ္စားလွယ္ေလာင္းရဲ႕ အရည္အခ်င္းေတြကို တစ္ခါတည္းသတ္မွတ္တယ္။
အဲဒီလိုမဟုတ္ဘဲ ဘက္လိုက္မႈေတြရွိသြားေတာ့ တိုင္စာေတြေရာက္လာတယ္။ဒါကိုလည္းဝန္ခံရမယ္"ဆိုၿပီး ေဒါက္တာေဇာ္ျမင့္ေမာင္ က ေျပာသြားခဲ့ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အတြက္ ၂၀၂၀ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ အႀကီးမားဆုံးအခက္အခဲႀကီးကေတာ့ ျပည္နယ္ေတြမွာ တိုင္းရင္းသားပါတီေတြနဲ႔ ယွဥ္ၿပိဳင္ရမွာပါပဲ။ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အႏိုင္ရခဲ့တာက ေဒၚေအာင္ဆန္းစုၾကည္ တစ္ေယာက္ထဲအေပၚမွာ အားကိုးယုံၾကည္ခဲ့လို႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ တိုင္းရင္းသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုလည္း တိုင္းရင္းသားေတြ မႀကိဳက္ခဲ့ၾကပါဘူး။ေနာက္ အခုငါးႏွစ္အာဏာရလာတဲ့အခ်ိန္အတြင္းမွာလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက တိုင္းရင္းသားအေရးကို ေဆာင္႐ြက္မႈအလြန္အားနည္းခဲ့တာ ေတြ႕ရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဦးေဆာင္မႈအေပၚမွာေရာ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေပၚမွာေရာ တိုင္းရင္းသားေတြ ယုံၾကည္အားကိုးမႈေတြ ေလ်ာ့နည္းသြားတာေၾကာင့္လည္း ခက္ခဲမွာျဖစ္ပါတယ္။တိုင္းရင္းသားပါတီေတြကလည္း သူတို႔တိုင္းရင္းသားေတြအက်ိဳးကို ေဆာင္႐ြက္ႏိုင္ဖို႔ရည္႐ြယ္ၿပီး ျပည္နယ္ေဒသအတြင္းမွာရွိတဲ့ ပါတီေတြေပါင္းစည္းၿပီး ေ႐ြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ၾကေတာ့မွာျဖစ္ပါတယ္။တိုင္းရင္းသားေတြဟာ တိုင္းရင္းသားပါတီေတြဘက္ကို မ်က္ႏွာျပန္လွည့္သြားၾကပါၿပီ။
တိုင္းရင္းသားလူမ်ိဳးစုေတြဟာ လူမ်ိဳးအစြဲႀကီးမားၾကတဲ့သူေတြပါ။ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို မဲေပးလိုက္ၾကတာက ေဒၚေအာင္ဆန္းစုၾကည္ က တိုင္းရင္းသားေတြယုံၾကည္ခဲ့ၾကတဲ့ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ သမီးျဖစ္ေနတာပါပါတယ္။ဗိုလ္ခ်ဳပ္ေအာင္ဆန္းလို ကတိေပးစကားကိုတည္လိမ့္မယ္လို႔ ယုံၾကည္ေမွ်ာ္လင့္ခဲ့ၾကလို႔ျဖစ္ပါတယ္။အခုတိုင္းရင္းသားေတြဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ယုံၾကည္ခဲ့သလို ေဒၚေအာင္ဆန္းစုၾကည္ ေပးခဲ့တဲ့ ကတိစကားေတြကို မယုံၾကည္ၾကတဲ့လူ ပိုမ်ားလာပါတယ္။

ဒီလိုအေျခအေနမွာ ၂၀၂၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ပိုၿပီးအရည္အခ်င္းရွိၾကဖို႔ လိုအပ္ေနပါတယ္။ေအာက္ေျခၿမိဳ႕နယ္ေတြကေ႐ြးခ်ယ္ၿပီး တိုင္းအလုပ္အမႈေဆာင္အဖြဲ႕နဲ႔ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ကို ေရာက္လာတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ေသေသခ်ာခ်ာစိစစ္ႏိုင္ဖို႔ လိုအပ္ပါတယ္။ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္ခဲ့ၾကတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြထက္ အရည္အခ်င္းနဲ႔ လုပ္ရည္ကိုင္ရည္ေတြပိုရွိရမွာျဖစ္ပါတယ္။

ျမတ္လႈိင္း
ဇူလိုင္ - ၁