【 ဆောင်းပါး 】 "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဘာကြောင့်မအောင်မြင်ခဲ့တာလဲ"

【 ဆောင်းပါး 】 "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဘာကြောင့်မအောင်မြင်ခဲ့တာလဲ"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အစိုးရကနေရေးဆွဲထားပြီး အင်မတန်ပြင်ဆင်ဖို့ခက်ခဲတယ်ဆိုတာ အားလုံးသိခဲ့ကြပြီးသားဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ကို အကာအကွယ်ပေးနိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ် နိုင်ငံရေးမျက်နှာစာပေါ်ကနေ နောက်ဆုတ်ပျောက်ကွယ်သွားဖို့ကို အဓိကဦးတည်ရေးဆွဲခဲ့တာပါ။ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ရေးဆွဲပြီး နှစ်ပေါင်းအတော်ကြာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။ပထမအကြိမ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ စစ်အာဏာရှင်စနစ်ကို အတိုက်အခံလုပ်ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အကျဉ်းထောင်ထဲကနေ မလွှတ်ပေးပဲ ကျင်းပခဲ့ကြတယ်။

အဲဒီလို ဒီမိုကရေစီအင်အားစု ခေါင်းဆောင်တွေကို ထောင်ထဲကနေမလွှတ်ပဲ၊ စစ်အာဏာရှင်စနစ် ခေါင်းဆောင်တွေကို အရပ်ဝတ်လဲခိုင်းပြီး အထွေထွေရွေးကောက်ပွဲ ဝင်ခိုင်းခဲ့ပါတယ်။ပြည်ထောင်စုကြံ့ခိုင်ရေးအသင်းကြီးကို နိုင်ငံရေးပါတီအသွင်ပြောင်းပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရအောင်ဖန်တီးခဲ့ကြတယ်။ဒီအခြေအနေကလည်း စစ်အာဏာရှင်စနစ် နိုင်ငံရေးမျက်နှစာနောက်ကွယ်ကို နောက်ဆုတ်သွားဖို့အတွက် ပထမအဆင့်ဖြစ်ပါတယ်။ဒုတိယအဆင့်ကိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အတိအကျရေးဆွဲပြီး ထည့်သွင်းထားခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ (၆) (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်ဆိုပြီး ပြဋ္ဌာန်းထားသလို၊ အခန်း (၄) ဥပဒေပြုရေး၊ ပုဒ်မ ၁၀၉ မှာ ပြည်သူ့လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၄၄၀ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည် - (က) မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း မဲဆန္ဒနယ်သတ်မှတ်၍ ရွေးကောက်တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ။(ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းသည် ၁၁၀ ဦးထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ။အခန်း (၄) ဥပဒေပြုရေး ပုဒ်မ ၁၄၁ မှာ အမျိုးသားလွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦးဖြင့် အောက်ပါအတိုင်းဖွဲ့စည်းရမည်ဆိုတဲ့ နေရာမှာလည်း တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တွေက ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး ပါဝင်ရမယ်လို့ အခိုင်အမာ ရေးဆွဲပြဋ္ဌာန်းထားခဲ့ပါတယ်။ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၉၈ ဦး တပ်မတော်ကိုယ်စားလှယ် ၁၆၆ ဦး ရှိနေပါတယ်။တပ်မတော်သား ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ ၂၅ % ပါဝင်နေပါတယ်။

ဒီ့အပြင်၊ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာပါဝင်နေတဲ့ အခန်း (၁၂)၊ ပုဒ်မ ၄၃၆ (က) မှာ ပြဋ္ဌာန်းထားတဲ့ "ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁)၊ ပုဒ်မ ၁ မှ ၄၈ ထိ။အခန်း (၂)၊ ပုဒ်မ ၄၉ မှ ၅၆ ထိ။အခန်း (၃)၊ ပုဒ်မ ၅၉၊ ၆၀။အခန်း (၄)၊ ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁။အခန်း (၅)၊ ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆။အခန်း (၆)၊ ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀။အခန်း (၁၁)၊ ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ။အခန်း (၁၂)၊ ပုဒ်မ ၄၃၆ " တွေကို ပြင်ဆင်နိုင်ဖို့အတွက်တင်မက၊၊ပုဒ်မ ၄၃၆ (ခ) မှာ ပြဋ္ဌာန်းထားတာက "ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ၊ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဆိုပြီး ရေးဆွဲထည့်သွင်းထားခဲ့ပါတယ်။

ဒီအချက်တွေဟာ စစ်အာဏာရှင်စနစ်ကို ဥပဒေဘောင်အတွင်းကနေ အဓိကကာကွယ်ထားနိုင်ဖို့ဖြစ်ပါတယ်။လွှတ်တော်အတွင်းမှာရှိနေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ % က အခိုင်အမာတပ်စွဲထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ပေးနေတာကိုကြည့်ရင်၊ ဘယ်လိုနည်းနဲ့မှ ပြင်ဆင်နိုင်ဖို့မဖြစ်နိုင်တာကို တွေ့ရပါတယ်။ပြင်ဆင်ဖို့နည်းလမ်းကိုလဲ မတွေ့နိုင်လောက်အောင်ပါပဲ။တစ်ခုတည်းသော နည်းလမ်းအနေနဲ့ တိုင်းပြည်ရဲ့ အဓိကခေါင်းဆောင်တွေ ညှိနှိုင်းနိုင်ဖို့ လိုအပ်နေပါတယ်။ဒီလိုပြင်ဆင်နိုင်ဖို့ မဖြစ်နိုင်မှန်းလည်း သိနေကြပါတယ်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပြီး လွှတ်တော်ခေါ်ယူကျင်းပနိုင်တဲ့အချိန်ကတည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အသံမထွက်ခဲ့တာကို ပြန်ကြည့်လိုက်ရင်လည်း ပြင်ဆင်ဖို့မဖြစ်နိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒါမှမဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွင့်ပြုမိန့်မရလို့လည်း ဖြစ်နိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၁ (ရာစု) ပင်လုံညီလာခံကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်လိမ့်မယ်ထင်ခဲ့ပြီး လွှတ်တော်ကဏ္ဍကို လွှတ်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။၂၁ (ရာစု) ပင်လုံညီလာခံက အခက်အခဲတွေတွေ့ရပြီး ရှေ့မဆက်နိုင်တော့တဲ့အချိန်ကျမှ လွှတ်တော်ကဏ္ဍဘက်ကို ပြန်လှည့်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ စပြီးအသံထွက်လာခဲ့တာပါ။

အဲဒီလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ မဖြစ်နိုင်သေးတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေစပြီး လုပ်ဆောင်ချက်တွေက အမှားများစွာကို တွေ့မြင်ခဲ့ရပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြင်ဆင်သင့်တဲ့အချိန်မှာ ပြင်ဆင်ရမှာပါလို့ ပြောခဲ့ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခွင့်ရပြီး ပြင်ဆင်သင့်တဲ့အချက်တွေကို စပြီးပြင်ဆင်ရမှာပါ။အလွန်ခိုင်မာစွာ ကာကွယ်မှုပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ခဲ့တာက စမှားနေတာကို တွေ့ရပါတယ်။

နောက်ဆက်မှားတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေအများစုရဲ့ အင်အားကိုယူပြီး ပူးပေါင်းကော်မတီဖွဲ့လိုက်တာက ပိုမှားသွားခဲ့ပါတယ်။လွှတ်တော်တွင်းမှာ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်များမှုနဲ့ လွှတ်တော်အတွင်း မဲခွဲအတည်ပြုချက် ရယူလိုက်နိုင်ပေမယ့်၊ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက်တော့ မှားယွင်းနေပါတယ်။ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအပြင် တပ်မတော်ကိုယ်စားလှယ်တစ်ဦးရဲ့ ထောက်ခံမှုပါ လိုအပ်နေတာ သိနေကြပါတယ်။တပ်မတော်ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက်မယူပဲနဲ့ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပိုင်စီးလိုက်သလို ဖြစ်သွားပါတယ်။

ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းလိုက်တဲ့ မူကြမ်းပါအချက်တွေကို ကြည့်ရင်လည်း ဘယ်လိုမှမဖြစ်နိုင်တာတွေများပြီး စိတ်ကူးယဉ်အိပ်မက် မက်နေသလိုဖြစ်နေပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အများစုပါဝင်တဲ့ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းလိုက်တဲ့ မူကြမ်းဟာ တိုင်းရင်းသားပြည်သူတွေ လိုအပ်နေတဲ့အချက်တွေမပါပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆန္ဒတွေသာများပါတယ်။တိုင်းရင်းသားပြည်သူတွေအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်နိုင်ပြင်သင့်တဲ့ ပုဒ်မအနည်းငယ်ကို စပြီးပြင်ရမှာဖြစ်ပါတယ်။ဒီလိုတစ်ပါတီအကျိုးအတွက်ကိုပဲကြည့်ပြီး ဆောင်ရွက်နေမယ်ဆိုရင် ဘယ်အရာမှ မအောင်မြင်နိုင်ပါဘူး။အဆိုးဆုံးကတော့ ရိုးသားမှု စေတနာမပါတာတွေကြောင့် ဖြစ်ပါတယ်။

ဒီလို ၂၀၂၀ ရွေးကောက်ပွဲနီးမှ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆောင်ရွက်နေတာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှေ့ဆက်အာဏာရဖို့ လုပ်ပြသလိုဖြစ်နေတယ်လို့လည်း ဝေဖန်နေကြပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီထဲမှာရော၊ ပူးပေါင်းကော်မတီအနေနဲ့ မူကြမ်းတင်တဲ့ ပြည်ထောင်စုလွှတ်တော်ထဲမှာပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ်တွေ ပြင်းပြင်းထန်ထန် အငြင်းပွားနေတာတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် မအောင်မြင်နိုင်တော့တာကို တွေ့မြင်ရပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တစ်ချက်မှမအောင်မြင်တာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကာကွယ်ပြောဆိုနေတာတွေကလည်း နိုင်ငံရေးသမားအဆင့်မရှိတာတွေ တွေ့နေရပါတယ်။ဒီလိုလွှတ်တော်အတွင်းမှာ အတူဆောင်ရွက်နေကြသူအချင်းချင်း တိုက်ခိုက်စွပ်စွဲမှုတွေဖြစ်နေကြမယ်ဆိုရင် ရှေ့ဆက်ဆောင်ရွက်မယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မအောင်မြင်နိုင်ပါဘူး။အမျိုးသားရင်ကြားစေ့ရေး လွဲမှားနေပါတယ်။အဓိကအနေနဲ့ တိုင်းရင်းသားပြည်သူတွေ အကျိုးအတွက်ကြည့်ပြီး ရိုးသားစိတ်နဲ့ ဆောင်ရွက်နိုင်ရပါလိမ့်မယ်။ကိုယ့်ပါတီ အကျိုးသက်သက်ကိုသာကြည့်ရင်ဖြစ်ဖြစ်၊ ပါတီအကြီးအကဲရဲ့ ညွှန်ကြားချက်တစ်ခုထဲကို လိုက်နာလို့ပဲဖြစ်ဖြစ် ဆောင်ရွက်နေမယ်ဆိုရင် အခုလိုပဲမအောင်မြင်နိုင်ပါဘူး။

မြန်မာနိုင်ငံ ရှေ့ဆောင်ရွက်ရမယ့် ဆောင်ရွက်မှုတွေတိုင်း လွှတ်တော်တွင်းမှာရှိနေကြမယ့် ကိုယ်စားလှယ်တွေအပါအဝင်၊ နိုင်ငံ့အကြီးအကဲဖြစ်တဲ့ (နိုင်ငံရေးပါတီခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်) တွေ တွေ့ဆုံညှိနှိုင်းနိုင်ရပါလိမ့်မယ်။ဒီနိုင်ငံအကြီးအကဲတွေ တွေ့ဆုံညှိနှိုင်းနိုင်ပြီး ဆောင်ရွက်မှသာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင်၊ တခြားတိုင်းပြည်အရေးတွေမှာပါ  ဆောင်ရွက်အောင်မြင်နိုင်ပါလိမ့်မယ်။

မြတ်လှိုင်း
မတ် - ၂၀

( Zawgyi )

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို စစ္အစိုးရကေနေရးဆြဲထားၿပီး အင္မတန္ျပင္ဆင္ဖို႔ခက္ခဲတယ္ဆိုတာ အားလုံးသိခဲ့ၾကၿပီးသားျဖစ္ပါတယ္။စစ္အာဏာရွင္စနစ္ကို အကာအကြယ္ေပးႏိုင္ဖို႔နဲ႔ စစ္အာဏာရွင္စနစ္ ႏိုင္ငံေရးမ်က္ႏွာစာေပၚကေန ေနာက္ဆုတ္ေပ်ာက္ကြယ္သြားဖို႔ကို အဓိကဦးတည္ေရးဆြဲခဲ့တာပါ။ဒီ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ စတင္ေရးဆြဲၿပီး ႏွစ္ေပါင္းအေတာ္ၾကာမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို က်င္းပေပးခဲ့ပါတယ္။ပထမအႀကိမ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ က်င္းပတဲ့အခ်ိန္မွာ စစ္အာဏာရွင္စနစ္ကို အတိုက္အခံလုပ္ခဲ့ၾကတဲ့ ႏိုင္ငံေရးေခါင္းေဆာင္ေတြကို အက်ဥ္းေထာင္ထဲကေန မလႊတ္ေပးပဲ က်င္းပခဲ့ၾကတယ္။

အဲဒီလို ဒီမိုကေရစီအင္အားစု ေခါင္းေဆာင္ေတြကို ေထာင္ထဲကေနမလႊတ္ပဲ၊ စစ္အာဏာရွင္စနစ္ ေခါင္းေဆာင္ေတြကို အရပ္ဝတ္လဲခိုင္းၿပီး အေထြေထြေ႐ြးေကာက္ပြဲ ဝင္ခိုင္းခဲ့ပါတယ္။ျပည္ေထာင္စုႀကံ့ခိုင္ေရးအသင္းႀကီးကို ႏိုင္ငံေရးပါတီအသြင္ေျပာင္းၿပီး ၂၀၁၀ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရေအာင္ဖန္တီးခဲ့ၾကတယ္။ဒီအေျခအေနကလည္း စစ္အာဏာရွင္စနစ္ ႏိုင္ငံေရးမ်က္ႏွစာေနာက္ကြယ္ကို ေနာက္ဆုတ္သြားဖို႔အတြက္ ပထမအဆင့္ျဖစ္ပါတယ္။ဒုတိယအဆင့္ကိုေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာ အတိအက်ေရးဆြဲၿပီး ထည့္သြင္းထားခဲ့ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း (၁) ႏိုင္ငံေတာ္အေျခခံမူမ်ား၊ ပုဒ္မ (၆) (စ) ႏိုင္ငံေတာ္၏ အမ်ိဳးသားႏိုင္ငံေရးဦးေဆာင္မႈ အခန္းက႑တြင္ တပ္မေတာ္က ပါဝင္ထမ္းေဆာင္ႏိုင္ေရးတို႔ကို အစဥ္တစိုက္ဦးတည္သည္ဆိုၿပီး ျပ႒ာန္းထားသလို၊ အခန္း (၄) ဥပေဒျပဳေရး၊ ပုဒ္မ ၁၀၉ မွာ ျပည္သူ႔လႊတ္ေတာ္ကို လႊတ္ေတာ္ကိုယ္စားလွယ္ဦးေရ အမ်ားဆုံး ၄၄၀ ဦးျဖင့္ ေအာက္ပါအတိုင္း ဖြဲ႕စည္းရမည္ - (က) ၿမိဳ႕နယ္ကို အေျခခံ၍လည္းေကာင္း၊ လူဦးေရကို အေျခခံ၍လည္းေကာင္း မဲဆႏၵနယ္သတ္မွတ္၍ ေ႐ြးေကာက္တင္ေျမႇာက္သည့္ ၃၃၀ ဦးထက္မပိုေသာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ား။(ခ) တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဥပေဒႏွင့္အညီ အမည္စာရင္းသည္ ၁၁၀ ဦးထက္မပိုေသာ တပ္မေတာ္သား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ား။အခန္း (၄) ဥပေဒျပဳေရး ပုဒ္မ ၁၄၁ မွာ အမ်ိဳးသားလႊတ္ေတာ္ကို လႊတ္ေတာ္ကိုယ္စားလွယ္ဦးေရ အမ်ားဆုံး ၂၂၄ ဦးျဖင့္ ေအာက္ပါအတိုင္းဖြဲ႕စည္းရမည္ဆိုတဲ့ ေနရာမွာလည္း တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္ေတြက ေ႐ြးေကာက္တင္ေျမႇာက္သည့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ၁၆၈ ဦး၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တင္သြင္းတဲ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ၅၆ ဦး ပါဝင္ရမယ္လို႔ အခိုင္အမာ ေရးဆြဲျပ႒ာန္းထားခဲ့ပါတယ္။ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ႏွစ္ရပ္ေပါင္း ျပည္ေထာင္စုလႊတ္ေတာ္မွာ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ၄၉၈ ဦး တပ္မေတာ္ကိုယ္စားလွယ္ ၁၆၆ ဦး ရွိေနပါတယ္။တပ္မေတာ္သား ကိုယ္စားလွယ္ေတြက ျပည္ေထာင္စုလႊတ္ေတာ္မွာ ၂၅ % ပါဝင္ေနပါတယ္။

ဒီ့အျပင္၊ ၂၀၀၈ ဖြဲ႕စည္းပုံထဲမွာပါဝင္ေနတဲ့ အခန္း (၁၂)၊ ပုဒ္မ ၄၃၆ (က) မွာ ျပ႒ာန္းထားတဲ့ "ဤဖြဲ႕စည္းပုံအေျခခံဥပေဒ၏ အခန္း (၁)၊ ပုဒ္မ ၁ မွ ၄၈ ထိ။အခန္း (၂)၊ ပုဒ္မ ၄၉ မွ ၅၆ ထိ။အခန္း (၃)၊ ပုဒ္မ ၅၉၊ ၆၀။အခန္း (၄)၊ ပုဒ္မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁။အခန္း (၅)၊ ပုဒ္မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆။အခန္း (၆)၊ ပုဒ္မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀။အခန္း (၁၁)၊ ပုဒ္မ ၄၁၀ မွ ၄၃၂ ထိ။အခန္း (၁၂)၊ ပုဒ္မ ၄၃၆ " ေတြကို ျပင္ဆင္ႏိုင္ဖို႔အတြက္တင္မက၊၊ပုဒ္မ ၄၃၆ (ခ) မွာ ျပ႒ာန္းထားတာက "ပုဒ္မခြဲ (က) တြင္ ေဖာ္ျပထားသည့္ ျပ႒ာန္းခ်က္မ်ားမွအပ၊ အျခားျပ႒ာန္းခ်က္မ်ားကို ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္အားလုံး၏ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံဆႏၵမဲျဖင့္သာ ျပင္ဆင္ရမည္ဆိုၿပီး ေရးဆြဲထည့္သြင္းထားခဲ့ပါတယ္။

ဒီအခ်က္ေတြဟာ စစ္အာဏာရွင္စနစ္ကို ဥပေဒေဘာင္အတြင္းကေန အဓိကကာကြယ္ထားႏိုင္ဖို႔ျဖစ္ပါတယ္။လႊတ္ေတာ္အတြင္းမွာရွိေနတဲ့ တပ္မေတာ္သားကိုယ္စားလွယ္ ၂၅ % က အခိုင္အမာတပ္စြဲထားၿပီး ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ကာကြယ္ေပးေနတာကိုၾကည့္ရင္၊ ဘယ္လိုနည္းနဲ႔မွ ျပင္ဆင္ႏိုင္ဖို႔မျဖစ္ႏိုင္တာကို ေတြ႕ရပါတယ္။ျပင္ဆင္ဖို႔နည္းလမ္းကိုလဲ မေတြ႕ႏိုင္ေလာက္ေအာင္ပါပဲ။တစ္ခုတည္းေသာ နည္းလမ္းအေနနဲ႔ တိုင္းျပည္ရဲ႕ အဓိကေခါင္းေဆာင္ေတြ ညႇိႏႈိင္းႏိုင္ဖို႔ လိုအပ္ေနပါတယ္။ဒီလိုျပင္ဆင္ႏိုင္ဖို႔ မျဖစ္ႏိုင္မွန္းလည္း သိေနၾကပါတယ္။၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အႏိုင္ရၿပီး လႊတ္ေတာ္ေခၚယူက်င္းပႏိုင္တဲ့အခ်ိန္ကတည္း ၂၀၀၈ ဖြဲ႕စည္းပုံ ျပင္ဆင္ဖို႔ အသံမထြက္ခဲ့တာကို ျပန္ၾကည့္လိုက္ရင္လည္း ျပင္ဆင္ဖို႔မျဖစ္ႏိုင္တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ဒါမွမဟုတ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခြင့္ျပဳမိန႔္မရလို႔လည္း ျဖစ္ႏိုင္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ၂၁ (ရာစု) ပင္လုံညီလာခံကေန ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ႏိုင္လိမ့္မယ္ထင္ခဲ့ၿပီး လႊတ္ေတာ္က႑ကို လႊတ္ထားခဲ့တာကိုလည္း ေတြ႕ရပါတယ္။၂၁ (ရာစု) ပင္လုံညီလာခံက အခက္အခဲေတြေတြ႕ရၿပီး ေရွ႕မဆက္ႏိုင္ေတာ့တဲ့အခ်ိန္က်မွ လႊတ္ေတာ္က႑ဘက္ကို ျပန္လွည့္ၿပီး ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ႏိုင္ဖို႔ စၿပီးအသံထြက္လာခဲ့တာပါ။

အဲဒီလို ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ မျဖစ္ႏိုင္ေသးတဲ့အခ်ိန္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြစၿပီး လုပ္ေဆာင္ခ်က္ေတြက အမွားမ်ားစြာကို ေတြ႕ျမင္ခဲ့ရပါတယ္။တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကလည္း ျပင္ဆင္သင့္တဲ့အခ်ိန္မွာ ျပင္ဆင္ရမွာပါလို႔ ေျပာခဲ့ပါတယ္။၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ခြင့္ရၿပီး ျပင္ဆင္သင့္တဲ့အခ်က္ေတြကို စၿပီးျပင္ဆင္ရမွာပါ။အလြန္ခိုင္မာစြာ ကာကြယ္မႈေပးထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ခုလုံးကို ျပင္ဆင္ႏိုင္ဖို႔ ရည္႐ြယ္ခဲ့တာက စမွားေနတာကို ေတြ႕ရပါတယ္။

ေနာက္ဆက္မွားတာက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ေတြအမ်ားစုရဲ႕ အင္အားကိုယူၿပီး ပူးေပါင္းေကာ္မတီဖြဲ႕လိုက္တာက ပိုမွားသြားခဲ့ပါတယ္။လႊတ္ေတာ္တြင္းမွာ လႊတ္ေတာ္ကိုယ္စားလွယ္ အေရအတြက္မ်ားမႈနဲ႔ လႊတ္ေတာ္အတြင္း မဲခြဲအတည္ျပဳခ်က္ ရယူလိုက္ႏိုင္ေပမယ့္၊ အဓိကရည္႐ြယ္ခ်က္ျဖစ္တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ႏိုင္ဖို႔အတြက္ေတာ့ မွားယြင္းေနပါတယ္။ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းအျပင္ တပ္မေတာ္ကိုယ္စားလွယ္တစ္ဦးရဲ႕ ေထာက္ခံမႈပါ လိုအပ္ေနတာ သိေနၾကပါတယ္။တပ္မေတာ္ကိုယ္စားလွယ္ေတြရဲ႕ သေဘာတူညီခ်က္မယူပဲနဲ႔ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အပိုင္စီးလိုက္သလို ျဖစ္သြားပါတယ္။

ပူးေပါင္းေကာ္မတီက ျပည္ေထာင္စုလႊတ္ေတာ္ကို တင္သြင္းလိုက္တဲ့ မူၾကမ္းပါအခ်က္ေတြကို ၾကည့္ရင္လည္း ဘယ္လိုမွမျဖစ္ႏိုင္တာေတြမ်ားၿပီး စိတ္ကူးယဥ္အိပ္မက္ မက္ေနသလိုျဖစ္ေနပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အမ်ားစုပါဝင္တဲ့ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက တင္သြင္းလိုက္တဲ့ မူၾကမ္းဟာ တိုင္းရင္းသားျပည္သူေတြ လိုအပ္ေနတဲ့အခ်က္ေတြမပါပဲ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဆႏၵေတြသာမ်ားပါတယ္။တိုင္းရင္းသားျပည္သူေတြအတြက္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲက ျပင္ႏိုင္ျပင္သင့္တဲ့ ပုဒ္မအနည္းငယ္ကို စၿပီးျပင္ရမွာျဖစ္ပါတယ္။ဒီလိုတစ္ပါတီအက်ိဳးအတြက္ကိုပဲၾကည့္ၿပီး ေဆာင္႐ြက္ေနမယ္ဆိုရင္ ဘယ္အရာမွ မေအာင္ျမင္ႏိုင္ပါဘူး။အဆိုးဆုံးကေတာ့ ႐ိုးသားမႈ ေစတနာမပါတာေတြေၾကာင့္ ျဖစ္ပါတယ္။

ဒီလို ၂၀၂၀ ေ႐ြးေကာက္ပြဲနီးမွ ၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ဖို႔ ေဆာင္႐ြက္ေနတာေတြကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေရွ႕ဆက္အာဏာရဖို႔ လုပ္ျပသလိုျဖစ္ေနတယ္လို႔လည္း ေဝဖန္ေနၾကပါတယ္။၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီထဲမွာေရာ၊ ပူးေပါင္းေကာ္မတီအေနနဲ႔ မူၾကမ္းတင္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ထဲမွာပါ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ တပ္မေတာ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ျပင္းျပင္းထန္ထန္ အျငင္းပြားေနတာေတြကလည္း ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရးအတြက္ မေအာင္ျမင္ႏိုင္ေတာ့တာကို ေတြ႕ျမင္ရပါတယ္။၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ တစ္ခ်က္မွမေအာင္ျမင္တာကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ကာကြယ္ေျပာဆိုေနတာေတြကလည္း ႏိုင္ငံေရးသမားအဆင့္မရွိတာေတြ ေတြ႕ေနရပါတယ္။ဒီလိုလႊတ္ေတာ္အတြင္းမွာ အတူေဆာင္႐ြက္ေနၾကသူအခ်င္းခ်င္း တိုက္ခိုက္စြပ္စြဲမႈေတြျဖစ္ေနၾကမယ္ဆိုရင္ ေရွ႕ဆက္ေဆာင္႐ြက္မယ့္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး မေအာင္ျမင္ႏိုင္ပါဘူး။အမ်ိဳးသားရင္ၾကားေစ့ေရး လြဲမွားေနပါတယ္။အဓိကအေနနဲ႔ တိုင္းရင္းသားျပည္သူေတြ အက်ိဳးအတြက္ၾကည့္ၿပီး ႐ိုးသားစိတ္နဲ႔ ေဆာင္႐ြက္ႏိုင္ရပါလိမ့္မယ္။ကိုယ့္ပါတီ အက်ိဳးသက္သက္ကိုသာၾကည့္ရင္ျဖစ္ျဖစ္၊ ပါတီအႀကီးအကဲရဲ႕ ၫႊန္ၾကားခ်က္တစ္ခုထဲကို လိုက္နာလို႔ပဲျဖစ္ျဖစ္ ေဆာင္႐ြက္ေနမယ္ဆိုရင္ အခုလိုပဲမေအာင္ျမင္ႏိုင္ပါဘူး။

ျမန္မာႏိုင္ငံ ေရွ႕ေဆာင္႐ြက္ရမယ့္ ေဆာင္႐ြက္မႈေတြတိုင္း လႊတ္ေတာ္တြင္းမွာရွိေနၾကမယ့္ ကိုယ္စားလွယ္ေတြအပါအဝင္၊ ႏိုင္ငံ့အႀကီးအကဲျဖစ္တဲ့ (ႏိုင္ငံေရးပါတီေခါင္းေဆာင္၊ တပ္မေတာ္ေခါင္းေဆာင္၊ တိုင္းရင္းသားေခါင္းေဆာင္) ေတြ ေတြ႕ဆုံညႇိႏႈိင္းႏိုင္ရပါလိမ့္မယ္။ဒီႏိုင္ငံအႀကီးအကဲေတြ ေတြ႕ဆုံညႇိႏႈိင္းႏိုင္ၿပီး ေဆာင္႐ြက္မွသာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး အပါအဝင္၊ တျခားတိုင္းျပည္အေရးေတြမွာပါ  ေဆာင္႐ြက္ေအာင္ျမင္ႏိုင္ပါလိမ့္မယ္။

ျမတ္လႈိင္း
မတ္ - ၂၀