【 ဆောင်းပါး 】 ၂၀၂၀ နှင့် သံသရာချားရဟတ်

【 ဆောင်းပါး 】 ၂၀၂၀ နှင့် သံသရာချားရဟတ်

ကျွန်တော်တို့ ကလေးဘဝက လူကြီးမိဘများနှင့်အတူ ဘုရားပွဲဈေးတန်းရောက်တိုင်း တွေ့ရလေ့ရှိသော ချားရဟတ်ကြီးများကိုမြင်လျှင် ကြောက်အားပိုနေမိတတ်ပါသည်။ချားရဟတ်ကြီးက ကျွန်တော်တို့အပေါ် မြင့်မားစွာစီးမိုးထားခြင်းကပင် ကျွန်တော်တို့ကို ကြောက်အားပိုစေခဲ့သလားမသိပါ။မည်သို့ဆိုစေ ချားရဟတ်ကြီးက ထိတ်လန့်ချောက်ချားမှုကို ဖြစ်စေသော်လည်း ချားရဟတ်ကြီးအနီးမှ မခွာနိုင်အောင် ကျွန်တော်တို့ကို ညှို့ငင်ဖမ်းစားထားသည်ကတော့ အမှန်ပင်ဖြစ်သည်။

ကျွန်တော်တို့ ငယ်စဉ်က ချားရဟတ်ကြီးများကို သစ်သားပေါင်များဖြင့် ရစ်ခွေကာ ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။ရစ်ခွေထားသော သစ်သားပေါင်များတွင် သစ်သားထိုင်ခုံများကို လှုပ်ယမ်း၍ရအောင် အရှင်တပ်ဆင်ထားပါသည်။ချားရဟတ် စက်ဝိုင်းဘောင်ခွေအတွင်း ထိုင်ခုံများကို ပတ်လည်တပ်ဆင်ထားပြီး ချားရဟတ် လည်ပတ်ခြင်းမပြုမီ ထိုင်ခုံစေ့လူတင်သည့် အမှုကိုပြုသည်။
ထိုင်ခုံတစ်ခုံချင်း လူတင်နေချိန်တွင် တဖြည်းဖြည်းမြင့်တက်သွားသော ချားရဟတ်ကြီးကိုကြည့်ကာ ကျွန်တော်တို့ ကလေးများအား နောက်ထပ်စိုးထိတ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ထိုသို့သော အကြောက်တရားများနှင့် ဖွဲ့စည်းရစ်ပတ်ထားသည့်တိုင်အောင် ထိုစဉ်ကတော့ ထိုချားရဟတ်ကြီးအနားမှ ဖယ်ခွာခြင်းမပြုနိုင်သည်မှာလည်း အမှန်ပင်ဖြစ်သည်။

တစ်ခါကတော့ ထိုမျှစိုးထိတ်စရာဖြစ်နေမိသော ချားရဟတ်ကြီးပေါ်တွင် မဖြစ်မနေစီးနင်းလိုက်ပါခဲ့ရဖူးပါသည်။ထိုစဉ်က ချားရဟတ်ထိုင်ခုံပေါ် တက်ထိုင်လိုက်သည်နှင့်ပင် နှလုံးခုန်သံက စည်းချက်မြန်သလိုရှိလာသည်။ထိုင်နေသောထိုင်ခုံက တဖြည်းဖြည်းမြင့်တက်လာချိန်တွင်မူ ကြောက်လန့်စိတ်ဖြင့် စိုးထိတ်ပူပန်လာမိပြန်သည်။ချားရဟတ်ကြီး လည်ပတ်လာစေရန် လုပ်ကိုင်ဆောင်ရွက်နေသူတို့ကိုကြည့်ကာ နောက်ထပ်ဘာတွေဖြစ်လာဦးမလဲဟူသော ပူပန်စိတ်က ကြီးစိုးလာပြန်သည်။

ချားရဟတ်ကြီး လည်ပတ်လာစေရန် လုပ်ကိုင်ဆောင်ရွက်နေသူတို့ကတော့ သူတို့လုပ်နေကျအတိုင်း ချားရဟတ် လည်ပတ်လာစေရေးတို့ အဆင့်ဆင့်လုပ်ဆောင်လျှက်ရှိကြသည်။ချားရဟတ်ကြီး ဖြည်းဖြည်းချင်းလည်နေရာမှ အရှိန်မြင့်တက်လာချိန်တွင်မူ ချားရဟတ်ပေါ် လိုက်ပါလာသူတို့ထံမှ အပျော်တစ်ဖက် စိုးရိမ်စိတ်တစ်ဖက်နှင့် စူးစူးဝါးဝါးအော်ဟစ်သံများ ဆူညံစွာပေါ်ထွက်လာခဲ့ပါသည်။
နောက်တော့ ချားရဟတ်ကြီး၏ နိမ့်လိုက်မြင့်လိုက် လည်ပတ်မှုအတွင်း ရင်ခုန်စွာစီးမျောရင်း ချားရဟတ်စီးသူတို့အတွက် အကြောက်တရားထက် ပျော်ရွှင်မှုဖက်ကို ပိုကဲလာစေခဲ့သည်ဟု ဆိုရပါမည်။

“ကျွန်တော်တို့ ကလေးဘဝက အကြောက်တရားနှင့် ပျော်ရွှင်ဖွယ်ခံစားမှုမျိုးကို တစ်ပြိုင်နက်တည်း ခံစားစေခဲ့သော ချားရဟတ်နှင့် အလားသဏ္ဍန်တူသည့် ခေတ်စနစ် ချားရဟတ်တစ်ခုကို ဓိဋ္ဌဠဓမ္မလက်တွေ့ဘဝတွင် ကျွန်တော်တို့ စီးခဲ့ကြရပါသည်။ကျွန်တော်တို့ စီးခဲ့ရသော ခေတ်စနစ် ချားရဟတ်သည် မျှတမှုထက် မမျှတမှုကို ချိန်ခွင်လျှာကဲထားသော ချားရဟတ်ဖြစ်ပြီး အနိမ့်အမြင့်မညီမျှသည့် လည်ပတ်မှုအတွင်း ပျော်ရွှင်မှုထက် စိတ်မချမ်းမြေ့မှုကိုသာ ပိုမိုတွေ့ကြုံခံစားခဲ့ကြရသည်။အဆိုးဆုံးမှာ ချားရဟတ်ကြီး လည်ပတ်ရေး စီမံဆောင်ရွက်မှုကို လက်ဝါးကြီးအုပ်ထားသူတို့က ချားရဟတ်ကြီးပေါ်တွင် လိုက်ပါလာသူတို့အပေါ် ထားရှိသည့် သဘောထားပင်ဖြစ်သည်။”

သူတို့က ချားရဟတ်ကြီးပေါ်တွင် လိုက်ပါလာသူတို့ ဘေးကင်းလုံခြုံရေး၊ သက်တောင့်သက်သာရှိရေးအတွက် ချားရဟတ်ကြီးကို ပိုမိုကြံ့ခိုင်တောင့်တင်းသော ခေတ်မီတိုးတက်သော၊ အခြားသောချားရဟတ်များထက် ရင်ပေါင်တန်းနိုင်သော ချားရဟတ်ကြီးအဖြစ် ပြုပြင်ပြောင်းလဲဖို့ထက် သူတို့အကျိုးအမြတ်ရှိရေးကိုသာ ပိုမိုအလေးထားခဲ့ကြသည်ဟု ဆိုရပါမည်။မည်သို့ဆိုစေ ချားရဟတ်ပေါ်တွင် လိုက်ပါစီးနင်းသူတို့ထဲမှ တော်လှန်ပြောင်းလဲသူတို့၏ စောဒကတက် တွန်းအားပေးမှုကြောင့် မကြာသေးမီကတော့ ချားရဟတ်ကြီး ပြုပြင်ပြောင်းလဲရေးကို တစိတ်တပိုင်းလိုက်လျောမှု ပြုလာခဲ့ကြပါသည်။

တော်လှန်ပြောင်းလဲလိုသူတို့က ချားရဟတ်ကြီး ပိုမိုကြံ့ခိုင်တောင့်တင်းရေး၊ ပိုမိုဘေးကင်းလုံခြုံရေး၊ လိုက်ပါစီးနင်းသူတို့ ပိုမိုသက်တောင့်သက်သာရှိရေး၊ ပိုမိုသစ်လွင်လတ်ဆတ်၍ ခေတ်မီတိုးတက်သော ချားရဟတ်ကြီးအဖြစ် အသွင်ပြောင်းလဲရန် ကြိုးပမ်းအားထုတ်ခဲ့လင့်ကစား ချားရဟတ်ကြီး လည်ပတ်ရေးတွင် နှစ်ပေါင်း ၅၀ ကြာ လက်ဝါးကြီးအုပ်ထားသူတို့၏ ဝင်ရောက်စွက်ဖက် ထိန်းချုပ်နေခြင်းကမူ ကျွန်တော်တို့၏ ချားရဟတ်ကြီးမှာ မပြောင်းလဲသောပြောင်းလဲခြင်း သံသရာတွင် ဆက်လက်လည်ပတ်နေသလို ရှိနေခဲ့ပါသည်။

အမှန်စင်စစ် ချားရဟတ်ကြီးကို လက်ဝါးကြီးအုပ် လုပ်ကိုင်ဆောင်ရွက်နေသူတို့က သားစဉ်မြေးဆက် လက်ဆင့်ကမ်းလုပ်ကိုင်လာခဲ့သည်ဖြစ်ရာ နှောင်းလူတို့က ရှေးလူတို့၏ သဘောဆန္ဒမှ သွေမည်နိုင်ခဲ့ခြင်းမရှိသေးပါ။ဆိုရလျှင် ချားရဟတ်ကြီးကို ဖွဲ့စည်းထားသော သစ်သားပေါင်များမှာ ဆေးသားများအရောင်လွင့်ပြယ်၍ မွဲခြောက်ခြောက်ပင် ဖြစ်နေပြီဖြစ်သည်။ပြုပြင်ပြောင်းလဲချိန်တန်နေပြီ ဖြစ်သော်လည်း နှစ်ကာလအတန်ကြာ မပြုမပြင် မပြောင်းမလဲထားရှိသည့် အကျိုးဆက်မှာ ချားရဟတ်ကြီး၏ သစ်သားပေါင်များက ယိုင်တိယိုင်နဲ့၊ ထိုင်ခုံများက ခနော်ခနဲ့ဖြစ်လျက် လိုက်ပါစီးနင်းသူတို့အတွက် ဘေးဥပါဒ်အန္တရာယ်များလှသော ချားရဟတ်ကြီးအဖြစ် စိတ်မကောင်းဖွယ်ရာ မြင်တွေ့လာခဲ့ရပါသည်။

စင်စစ် ချားရဟတ်ကြီး ပြုပြင်ပြောင်းလဲရေးတွင် ပြုပြင်ပြောင်းလဲသူတို့နှင့် လက်ဝါးကြီးအုပ်ထားသူတို့အကြား ညီညွတ်မျှတ သဟဇာတဖြစ်မှသာလျှင် ချားရဟတ်ကြီး ပြင်ဆင်တည်ဆောက်ရေးက အဆင်ပြေချောမွေ့နိုင်စရာ ရှိပါမည်။သို့တစေ ပြုပြင်ပြောင်းလဲသူတို့နှင့် လက်ဝါးကြီးအုပ်ထားသူတို့အကြား ညီညွတ်မျှတ သဟဇာတဖြစ်ဖို့ထက် ဆန့်ကျင်ဘက်အားပြိုင်မှု အသွင်သဏ္ဍာန်များ ပိုမိုလွန်ကဲနေခြင်းက ချားရဟတ်ကြီး ပြုပြင်တည်ဆောက်ရေးမှာ ခရီးမရောက်နိုင် ဖြစ်နေခဲ့ရပါသည်။ထိုသို့သော အခြေအနေမျိုးမှာပင် ပြင်ပ ပယောဂများ၊ အနှောင့်အယှက်များက ကြီးမားသောစိန်ခေါ်မှုများအဖြစ် ပေါ်ပေါက်လာခဲ့ရာ ချားရဟတ်ကြီး ပြုပြင်တည်ဆောက်ရေးမှာ များစွာနှောင့်နှေး ကြန့်ကြာနေခဲ့ရပါသည်။

မည်သို့ဆိုစေ လက်ရှိအချိန်မှာ ချားရဟတ်ကြီးနှင့် ချားရဟတ်ကြီးပေါ်တွင် လိုက်ပါလာသူတို့ အကျိုးအတွက် အမှန်တကယ် ထည့်သွင်းစဉ်းစားရမည့်အချိန်ကို ရောက်ရှိနေပြီဖြစ်ပါသည်။ချားရဟတ်ကြီးကို ယခင်ကထက် ပိုမိုတောင့်တင်းခိုင်မျာအောင်၊ ပိုမိုသစ်လွင်လှပ၍ ခေတ်နှင့်အညီ ပြင်ဆင်တည်ဆောက်ကြရမည့်အချိန်ကို ရောက်ရှိနေပြီဖြစ်ပါပြီ။ထို့ပြင် ဘဝချားရဟတ်ကြီးပေါ်တွင် လိုက်ပါလာသူတို့ ဘေးဥပါဒ်အန္တရာယ် ကင်းဝေးအောင်၊ ပိုမိုသက်သောင့်သက်သာရှိအောင်၊ သာတူညီမျှရှိ၍ ယခင်ကထက် ပိုမိုယုံကြည့်စိတ်ချစွာ လိုက်ပါလိုသောဆန္ဒများ ကိန်းအောင်းလာစေရန်၊ ချားရဟတ်ကြီး ပြုပြင်တည်ဆောက်ရေး လုပ်ဆောင်နေသူတို့အပေါ် ပိုမိုယုံကြည်အားထားစိတ်များ ဖြစ်ပေါ်လာအောင် ပြုပြင်ပြောင်းလဲသင့်သမျှကို ပြောင်းလဲပြင်ဆင်ကြရမည့်အချိန်ကို ရောက်ရှိနေပြီဖြစ်ပါသည်။

ဆိုရလျှင် ချားရဟတ်ကြီး ပြုပြင်တည်ဆောက်ရေးကို ဦးဆောင်နေသူတို့အပေါ် ချားရဟတ်ကြီးပေါ်တွင် လိုက်လာသူတို့ ယုံကြည်ကိုးစားလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် ခေတ်မီတိုးတက်၍ အစစအရာရာပြီးပြည့်စုံသော အသွင်သစ် ချားရဟတ်ကြီးအဖြစ် မြင်တွေ့နိုင်ရေးတွင် ချားရဟတ်ကြီး ပြုပြင်တည်ဆောက်မှုလုပ်ငန်းကို ဦးစီးလုပ်ကိုင် ဆောင်ရွက်နေသူတို့အကြား စိတ်ဝမ်းကွဲမှုမရှိဘဲ ပေါင်းစည်းညီညွတ်မှုရှိကြရမည့် အချိန်အခါကို ရောက်ရှိနေပြီဖြစ်ပါသည်။အလားတူပင် ချားရဟတ်ကြီးပေါ်တွင် လိုက်ပါလူသူတို့ကလည်း အတွေးဟောင်း အမြင်ဟောင်း အကျင့်ဟောင်းများကို စွန့်ပယ်၍ စည်းကမ်းတကျနှင့် လိုက်ပါကြရန် လိုအပ်လှပါသည်။

ထိုသို့မှမဟုတ်လျှင်မူ အားလုံးကမြင်တွေ့ချင်နေသော ခေတ်မီတိုးတက်သည့် အသွင်သစ် ချားရဟတ်ကြီးကို တွေ့မြင်ရဖို့ အလှမ်းဝေးနေဦးမည်ဖြစ်သကဲ့သို့ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်လောက်ကတည်းက လိုက်ပါခဲ့ရသော ထူးမခြားနား ချားရဟတ်ကြီးအဖြစ် သံသရာလည်နေဦးမည်သာ ဖြစ်ပါသည်။

မြင့်နောင်မိုး
ဇန်န၀ါရီ - ၉

( Zawgyi )

ကြၽန္ေတာ္တို႔ ကေလးဘဝက လူႀကီးမိဘမ်ားႏွင့္အတူ ဘုရားပြဲေဈးတန္းေရာက္တိုင္း ေတြ႕ရေလ့ရွိေသာ ခ်ားရဟတ္ႀကီးမ်ားကိုျမင္လွ်င္ ေၾကာက္အားပိုေနမိတတ္ပါသည္။ခ်ားရဟတ္ႀကီးက ကြၽန္ေတာ္တို႔အေပၚ ျမင့္မားစြာစီးမိုးထားျခင္းကပင္ ကြၽန္ေတာ္တို႔ကို ေၾကာက္အားပိုေစခဲ့သလားမသိပါ။မည္သို႔ဆိုေစ ခ်ားရဟတ္ႀကီးက ထိတ္လန႔္ေခ်ာက္ခ်ားမႈကို ျဖစ္ေစေသာ္လည္း ခ်ားရဟတ္ႀကီးအနီးမွ မခြာႏိုင္ေအာင္ ကြၽန္ေတာ္တို႔ကို ညႇိဳ႕ငင္ဖမ္းစားထားသည္ကေတာ့ အမွန္ပင္ျဖစ္သည္။

ကြၽန္ေတာ္တို႔ ငယ္စဥ္က ခ်ားရဟတ္ႀကီးမ်ားကို သစ္သားေပါင္မ်ားျဖင့္ ရစ္ေခြကာ ဖြဲ႕စည္းတည္ေဆာက္ထားျခင္းျဖစ္သည္။ရစ္ေခြထားေသာ သစ္သားေပါင္မ်ားတြင္ သစ္သားထိုင္ခုံမ်ားကို လႈပ္ယမ္း၍ရေအာင္ အရွင္တပ္ဆင္ထားပါသည္။ခ်ားရဟတ္ စက္ဝိုင္းေဘာင္ေခြအတြင္း ထိုင္ခုံမ်ားကို ပတ္လည္တပ္ဆင္ထားၿပီး ခ်ားရဟတ္ လည္ပတ္ျခင္းမျပဳမီ ထိုင္ခုံေစ့လူတင္သည့္ အမႈကိုျပဳသည္။
ထိုင္ခုံတစ္ခုံခ်င္း လူတင္ေနခ်ိန္တြင္ တျဖည္းျဖည္းျမင့္တက္သြားေသာ ခ်ားရဟတ္ႀကီးကိုၾကည့္ကာ ကြၽန္ေတာ္တို႔ ကေလးမ်ားအား ေနာက္ထပ္စိုးထိတ္ပူပန္မႈကို ျဖစ္ေပၚေစခဲ့ပါသည္။ထိုသို႔ေသာ အေၾကာက္တရားမ်ားႏွင့္ ဖြဲ႕စည္းရစ္ပတ္ထားသည့္တိုင္ေအာင္ ထိုစဥ္ကေတာ့ ထိုခ်ားရဟတ္ႀကီးအနားမွ ဖယ္ခြာျခင္းမျပဳႏိုင္သည္မွာလည္း အမွန္ပင္ျဖစ္သည္။

တစ္ခါကေတာ့ ထိုမွ်စိုးထိတ္စရာျဖစ္ေနမိေသာ ခ်ားရဟတ္ႀကီးေပၚတြင္ မျဖစ္မေနစီးနင္းလိုက္ပါခဲ့ရဖူးပါသည္။ထိုစဥ္က ခ်ားရဟတ္ထိုင္ခုံေပၚ တက္ထိုင္လိုက္သည္ႏွင့္ပင္ ႏွလုံးခုန္သံက စည္းခ်က္ျမန္သလိုရွိလာသည္။ထိုင္ေနေသာထိုင္ခုံက တျဖည္းျဖည္းျမင့္တက္လာခ်ိန္တြင္မူ ေၾကာက္လန႔္စိတ္ျဖင့္ စိုးထိတ္ပူပန္လာမိျပန္သည္။ခ်ားရဟတ္ႀကီး လည္ပတ္လာေစရန္ လုပ္ကိုင္ေဆာင္႐ြက္ေနသူတို႔ကိုၾကည့္ကာ ေနာက္ထပ္ဘာေတြျဖစ္လာဦးမလဲဟူေသာ ပူပန္စိတ္က ႀကီးစိုးလာျပန္သည္။

ခ်ားရဟတ္ႀကီး လည္ပတ္လာေစရန္ လုပ္ကိုင္ေဆာင္႐ြက္ေနသူတို႔ကေတာ့ သူတို႔လုပ္ေနက်အတိုင္း ခ်ားရဟတ္ လည္ပတ္လာေစေရးတို႔ အဆင့္ဆင့္လုပ္ေဆာင္လွ်က္ရွိၾကသည္။ခ်ားရဟတ္ႀကီး ျဖည္းျဖည္းခ်င္းလည္ေနရာမွ အရွိန္ျမင့္တက္လာခ်ိန္တြင္မူ ခ်ားရဟတ္ေပၚ လိုက္ပါလာသူတို႔ထံမွ အေပ်ာ္တစ္ဖက္ စိုးရိမ္စိတ္တစ္ဖက္ႏွင့္ စူးစူးဝါးဝါးေအာ္ဟစ္သံမ်ား ဆူညံစြာေပၚထြက္လာခဲ့ပါသည္။
ေနာက္ေတာ့ ခ်ားရဟတ္ႀကီး၏ နိမ့္လိုက္ျမင့္လိုက္ လည္ပတ္မႈအတြင္း ရင္ခုန္စြာစီးေမ်ာရင္း ခ်ားရဟတ္စီးသူတို႔အတြက္ အေၾကာက္တရားထက္ ေပ်ာ္႐ႊင္မႈဖက္ကို ပိုကဲလာေစခဲ့သည္ဟု ဆိုရပါမည္။

“ကြၽန္ေတာ္တို႔ ကေလးဘဝက အေၾကာက္တရားႏွင့္ ေပ်ာ္႐ႊင္ဖြယ္ခံစားမႈမ်ိဳးကို တစ္ၿပိဳင္နက္တည္း ခံစားေစခဲ့ေသာ ခ်ားရဟတ္ႏွင့္ အလားသ႑န္တူသည့္ ေခတ္စနစ္ ခ်ားရဟတ္တစ္ခုကို ဓိ႒ဠဓမၼလက္ေတြ႕ဘဝတြင္ ကြၽန္ေတာ္တို႔ စီးခဲ့ၾကရပါသည္။ကြၽန္ေတာ္တို႔ စီးခဲ့ရေသာ ေခတ္စနစ္ ခ်ားရဟတ္သည္ မွ်တမႈထက္ မမွ်တမႈကို ခ်ိန္ခြင္လွ်ာကဲထားေသာ ခ်ားရဟတ္ျဖစ္ၿပီး အနိမ့္အျမင့္မညီမွ်သည့္ လည္ပတ္မႈအတြင္း ေပ်ာ္႐ႊင္မႈထက္ စိတ္မခ်မ္းေျမ့မႈကိုသာ ပိုမိုေတြ႕ႀကဳံခံစားခဲ့ၾကရသည္။အဆိုးဆုံးမွာ ခ်ားရဟတ္ႀကီး လည္ပတ္ေရး စီမံေဆာင္႐ြက္မႈကို လက္ဝါးႀကီးအုပ္ထားသူတို႔က ခ်ားရဟတ္ႀကီးေပၚတြင္ လိုက္ပါလာသူတို႔အေပၚ ထားရွိသည့္ သေဘာထားပင္ျဖစ္သည္။”

သူတို႔က ခ်ားရဟတ္ႀကီးေပၚတြင္ လိုက္ပါလာသူတို႔ ေဘးကင္းလုံၿခဳံေရး၊ သက္ေတာင့္သက္သာရွိေရးအတြက္ ခ်ားရဟတ္ႀကီးကို ပိုမိုႀကံ့ခိုင္ေတာင့္တင္းေသာ ေခတ္မီတိုးတက္ေသာ၊ အျခားေသာခ်ားရဟတ္မ်ားထက္ ရင္ေပါင္တန္းႏိုင္ေသာ ခ်ားရဟတ္ႀကီးအျဖစ္ ျပဳျပင္ေျပာင္းလဲဖို႔ထက္ သူတို႔အက်ိဳးအျမတ္ရွိေရးကိုသာ ပိုမိုအေလးထားခဲ့ၾကသည္ဟု ဆိုရပါမည္။မည္သို႔ဆိုေစ ခ်ားရဟတ္ေပၚတြင္ လိုက္ပါစီးနင္းသူတို႔ထဲမွ ေတာ္လွန္ေျပာင္းလဲသူတို႔၏ ေစာဒကတက္ တြန္းအားေပးမႈေၾကာင့္ မၾကာေသးမီကေတာ့ ခ်ားရဟတ္ႀကီး ျပဳျပင္ေျပာင္းလဲေရးကို တစိတ္တပိုင္းလိုက္ေလ်ာမႈ ျပဳလာခဲ့ၾကပါသည္။

ေတာ္လွန္ေျပာင္းလဲလိုသူတို႔က ခ်ားရဟတ္ႀကီး ပိုမိုႀကံ့ခိုင္ေတာင့္တင္းေရး၊ ပိုမိုေဘးကင္းလုံၿခဳံေရး၊ လိုက္ပါစီးနင္းသူတို႔ ပိုမိုသက္ေတာင့္သက္သာရွိေရး၊ ပိုမိုသစ္လြင္လတ္ဆတ္၍ ေခတ္မီတိုးတက္ေသာ ခ်ားရဟတ္ႀကီးအျဖစ္ အသြင္ေျပာင္းလဲရန္ ႀကိဳးပမ္းအားထုတ္ခဲ့လင့္ကစား ခ်ားရဟတ္ႀကီး လည္ပတ္ေရးတြင္ ႏွစ္ေပါင္း ၅၀ ၾကာ လက္ဝါးႀကီးအုပ္ထားသူတို႔၏ ဝင္ေရာက္စြက္ဖက္ ထိန္းခ်ဳပ္ေနျခင္းကမူ ကြၽန္ေတာ္တို႔၏ ခ်ားရဟတ္ႀကီးမွာ မေျပာင္းလဲေသာေျပာင္းလဲျခင္း သံသရာတြင္ ဆက္လက္လည္ပတ္ေနသလို ရွိေနခဲ့ပါသည္။

အမွန္စင္စစ္ ခ်ားရဟတ္ႀကီးကို လက္ဝါးႀကီးအုပ္ လုပ္ကိုင္ေဆာင္႐ြက္ေနသူတို႔က သားစဥ္ေျမးဆက္ လက္ဆင့္ကမ္းလုပ္ကိုင္လာခဲ့သည္ျဖစ္ရာ ေႏွာင္းလူတို႔က ေရွးလူတို႔၏ သေဘာဆႏၵမွ ေသြမည္ႏိုင္ခဲ့ျခင္းမရွိေသးပါ။ဆိုရလွ်င္ ခ်ားရဟတ္ႀကီးကို ဖြဲ႕စည္းထားေသာ သစ္သားေပါင္မ်ားမွာ ေဆးသားမ်ားအေရာင္လြင့္ျပယ္၍ မြဲေျခာက္ေျခာက္ပင္ ျဖစ္ေနၿပီျဖစ္သည္။ျပဳျပင္ေျပာင္းလဲခ်ိန္တန္ေနၿပီ ျဖစ္ေသာ္လည္း ႏွစ္ကာလအတန္ၾကာ မျပဳမျပင္ မေျပာင္းမလဲထားရွိသည့္ အက်ိဳးဆက္မွာ ခ်ားရဟတ္ႀကီး၏ သစ္သားေပါင္မ်ားက ယိုင္တိယိုင္နဲ႔၊ ထိုင္ခုံမ်ားက ခေနာ္ခနဲ႔ျဖစ္လ်က္ လိုက္ပါစီးနင္းသူတို႔အတြက္ ေဘးဥပါဒ္အႏၲရာယ္မ်ားလွေသာ ခ်ားရဟတ္ႀကီးအျဖစ္ စိတ္မေကာင္းဖြယ္ရာ ျမင္ေတြ႕လာခဲ့ရပါသည္။

စင္စစ္ ခ်ားရဟတ္ႀကီး ျပဳျပင္ေျပာင္းလဲေရးတြင္ ျပဳျပင္ေျပာင္းလဲသူတို႔ႏွင့္ လက္ဝါးႀကီးအုပ္ထားသူတို႔အၾကား ညီၫြတ္မွ်တ သဟဇာတျဖစ္မွသာလွ်င္ ခ်ားရဟတ္ႀကီး ျပင္ဆင္တည္ေဆာက္ေရးက အဆင္ေျပေခ်ာေမြ႕ႏိုင္စရာ ရွိပါမည္။သို႔တေစ ျပဳျပင္ေျပာင္းလဲသူတို႔ႏွင့္ လက္ဝါးႀကီးအုပ္ထားသူတို႔အၾကား ညီၫြတ္မွ်တ သဟဇာတျဖစ္ဖို႔ထက္ ဆန႔္က်င္ဘက္အားၿပိဳင္မႈ အသြင္သ႑ာန္မ်ား ပိုမိုလြန္ကဲေနျခင္းက ခ်ားရဟတ္ႀကီး ျပဳျပင္တည္ေဆာက္ေရးမွာ ခရီးမေရာက္ႏိုင္ ျဖစ္ေနခဲ့ရပါသည္။ထိုသို႔ေသာ အေျခအေနမ်ိဳးမွာပင္ ျပင္ပ ပေယာဂမ်ား၊ အေႏွာင့္အယွက္မ်ားက ႀကီးမားေသာစိန္ေခၚမႈမ်ားအျဖစ္ ေပၚေပါက္လာခဲ့ရာ ခ်ားရဟတ္ႀကီး ျပဳျပင္တည္ေဆာက္ေရးမွာ မ်ားစြာေႏွာင့္ေႏွး ၾကန႔္ၾကာေနခဲ့ရပါသည္။

မည္သို႔ဆိုေစ လက္ရွိအခ်ိန္မွာ ခ်ားရဟတ္ႀကီးႏွင့္ ခ်ားရဟတ္ႀကီးေပၚတြင္ လိုက္ပါလာသူတို႔ အက်ိဳးအတြက္ အမွန္တကယ္ ထည့္သြင္းစဥ္းစားရမည့္အခ်ိန္ကို ေရာက္ရွိေနၿပီျဖစ္ပါသည္။ခ်ားရဟတ္ႀကီးကို ယခင္ကထက္ ပိုမိုေတာင့္တင္းခိုင္မ်ာေအာင္၊ ပိုမိုသစ္လြင္လွပ၍ ေခတ္ႏွင့္အညီ ျပင္ဆင္တည္ေဆာက္ၾကရမည့္အခ်ိန္ကို ေရာက္ရွိေနၿပီျဖစ္ပါၿပီ။ထို႔ျပင္ ဘဝခ်ားရဟတ္ႀကီးေပၚတြင္ လိုက္ပါလာသူတို႔ ေဘးဥပါဒ္အႏၲရာယ္ ကင္းေဝးေအာင္၊ ပိုမိုသက္ေသာင့္သက္သာရွိေအာင္၊ သာတူညီမွ်ရွိ၍ ယခင္ကထက္ ပိုမိုယုံၾကည့္စိတ္ခ်စြာ လိုက္ပါလိုေသာဆႏၵမ်ား ကိန္းေအာင္းလာေစရန္၊ ခ်ားရဟတ္ႀကီး ျပဳျပင္တည္ေဆာက္ေရး လုပ္ေဆာင္ေနသူတို႔အေပၚ ပိုမိုယုံၾကည္အားထားစိတ္မ်ား ျဖစ္ေပၚလာေအာင္ ျပဳျပင္ေျပာင္းလဲသင့္သမွ်ကို ေျပာင္းလဲျပင္ဆင္ၾကရမည့္အခ်ိန္ကို ေရာက္ရွိေနၿပီျဖစ္ပါသည္။

ဆိုရလွ်င္ ခ်ားရဟတ္ႀကီး ျပဳျပင္တည္ေဆာက္ေရးကို ဦးေဆာင္ေနသူတို႔အေပၚ ခ်ားရဟတ္ႀကီးေပၚတြင္ လိုက္လာသူတို႔ ယုံၾကည္ကိုးစားလိုစိတ္ ျဖစ္ေပၚလာေစရန္ႏွင့္ ေခတ္မီတိုးတက္၍ အစစအရာရာၿပီးျပည့္စုံေသာ အသြင္သစ္ ခ်ားရဟတ္ႀကီးအျဖစ္ ျမင္ေတြ႕ႏိုင္ေရးတြင္ ခ်ားရဟတ္ႀကီး ျပဳျပင္တည္ေဆာက္မႈလုပ္ငန္းကို ဦးစီးလုပ္ကိုင္ ေဆာင္႐ြက္ေနသူတို႔အၾကား စိတ္ဝမ္းကြဲမႈမရွိဘဲ ေပါင္းစည္းညီၫြတ္မႈရွိၾကရမည့္ အခ်ိန္အခါကို ေရာက္ရွိေနၿပီျဖစ္ပါသည္။အလားတူပင္ ခ်ားရဟတ္ႀကီးေပၚတြင္ လိုက္ပါလူသူတို႔ကလည္း အေတြးေဟာင္း အျမင္ေဟာင္း အက်င့္ေဟာင္းမ်ားကို စြန႔္ပယ္၍ စည္းကမ္းတက်ႏွင့္ လိုက္ပါၾကရန္ လိုအပ္လွပါသည္။

ထိုသို႔မွမဟုတ္လွ်င္မူ အားလုံးကျမင္ေတြ႕ခ်င္ေနေသာ ေခတ္မီတိုးတက္သည့္ အသြင္သစ္ ခ်ားရဟတ္ႀကီးကို ေတြ႕ျမင္ရဖို႔ အလွမ္းေဝးေနဦးမည္ျဖစ္သကဲ့သို႔ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၅၀ ေက်ာ္ေလာက္ကတည္းက လိုက္ပါခဲ့ရေသာ ထူးမျခားနား ခ်ားရဟတ္ႀကီးအျဖစ္ သံသရာလည္ေနဦးမည္သာ ျဖစ္ပါသည္။

ျမင့္ေနာင္မိုး
ဇန္န၀ါရီ - ၉