【 ဆောင်းပါး 】 ၂၀၂၀ ရွေးကောက်ပွဲကပေးတဲ့ နိုင်ငံရေးသင်ခန်းစာများ

【 ဆောင်းပါး 】 ၂၀၂၀ ရွေးကောက်ပွဲကပေးတဲ့ နိုင်ငံရေးသင်ခန်းစာများ

အများမျှော်လင့်နေခဲ့တဲ့ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ပြီးစီးသွားပါပြီ။အဖုအထစ်နည်းနည်းပါးပါးရှိခဲ့ပေမဲ့၊ မဲပေးရတဲ့နေ့မှာ ကြီးမားတဲ့ပြဿနာမရှိလို့၊ အောင်အောင်မြင်မြင် ပြီးစီးသွားပြီလို့ ဆိုနိုင်ပါတယ်။ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေရော၊ မဲပေးခဲ့တဲ့လူထုကပါ ရင်တမမစောင့်မျှော်နေကြတဲ့ မဲရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်မထုတ်ပြန်နိုင်သေးပေမယ့်၊ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ၊ တစ်ပါတီတည်း ကျွတ်ကျွတ်လွတ်လွတ် အစိုးရဖွဲ့နိုင်တဲ့ သတ်မှတ်ထားတဲ့ မဲရလဒ်အရေအတွက်ထက် ကျော်လွန်တဲ့ မဲရလဒ်ကို  အင်အယ်လ်ဒီပါတီ ရရှိသွားပါပြီ။

ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေကြားမှာ ကျင်းပခဲ့ရတဲ့ ရွေးကောက်ပွဲပါ။တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေက ကြိုကြားဖြစ်နေခဲ့ပြီး၊ ကိုဗစ်ကူးစက်ရောဂါ ဒုတိယလှိုင်းဒဏ်ကို အလူးအလဲခံနေရချိန်မှာ ဒီရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ရတာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာ အဓိကဇာတ်လိုက်လေးဦး ပါဝင်ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပါဝင်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီများ၊ အစိုးရနဲ့ လူထုပါ။ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဒီလေးမျိုးဒွန်တွဲနေပါတယ်။နိုင်ငံရေးတည်ငြိမ်ပြီး လူထုအသိမြင့်မားတဲ့ နိုင်ငံတွေမှာတောင် နိုင်ငံရေးအာဏာအတွက် ပြိုင်ဆိုင်မှုတွေကြီးမားကြပါတယ်။တခါတလေမှာတော့ မတရားတဲ့နည်းလမ်းတွေသုံးပြီး အနိုင်ရဖို့လုပ်ဆောင်ကြတဲ့ဖြစ်ရပ်တွေ ရှိကြပါတယ်။

နို်ငငံ့အရေးအရာတွေမှာ လူထုသာပဓာန၊ လူထုသာအဓိကဆိုပြီး နိုင်ငံရေးသမားတွေက ပြောတတ်ကြပါတယ်။ဒါပေမဲ့ လူထုရဲ့စိတ်နှလုံးကို သိမ်းကြုံးယူနိုင်ဖို့ (တစ်နည်းအားဖြင့်) လူထုရဲ့ယုံကြည်မှုရဖို့၊ မိမိတို့ရဲ့ပါတီကို ဘယ်လိုဗျူဟာကျင့်သုံးမယ်ဆိုတာကို နိုင်ငံရေးသမားအများစု မေ့နေကြပုံရပါတယ်။ဘယ်ပါတီပဲဖြစ်ဖြစ် အဲဒီလို လူထုရဲ့ယုံကြည်မှုကိုရယူနိုင်ဖို့ ပါတီဝင်နိုင်ငံရေးသမားတစ်ယောက်ချင်းက မလုပ်နိုင်ကြပါဘူး။ပါတီခေါင်းဆောင်ပိုင်းက အဓိကလုပ်ဆောင်ပေးရတာပါ။နိုင်ငံရေးပါတီတိုင်း အလုပ်အမှုဆောင်အဖွဲ့ဖွဲ့ပြီး လုပ်ကိုင်ဆောင်ရွက်ကြတာဖြစ်ပေမဲ့၊ ပါတီခေါင်းဆောင်ရဲ့ ဦးဆောင်နိုင်မှုဟာ အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။
ပါတီခေါင်းဆောင်အပေါ် လူထုယုံကြည်မှ နိုင်ငံရေးခရီးကို ရှေ့ဆက်နိုင်ပါတယ်။ဒီဖြစ်ရပ်မျိုး မြန်မာ့နိုင်ငံရေးမှာ တစ်ကြိမ်မကရှိခဲ့ပါတယ်။လွတ်လပ်ရေးအကြိုကာလတုန်းက မြန်မာလူထုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုနောက်မှာ တညီတညွတ်ရှိခဲ့ကြပါတယ်။ဖဆပလခေတ်မှာ လူထုထောက်ခံမှုကို အတော်အတန်ရယူနိုင်ခဲ့သူက မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးနုပါ။ဦးနု ကို သူ့အတိုက်အခံတွေက ဘာသာရေးဗန်းပြပြီး လူထုထောက်ခံမှုကို လှည့်ဖြားယူနေတာလို့ စွပ်စွဲကြပေမဲ့၊ လူထုက ဦးနု ကို ထောက်ခံမြဲထောက်ခံခဲ့ကြပါတယ်။

၁၉၈၈ အရေးတော်ပုံအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုအားကိုးယုံကြည်သူ ဖြစ်လာပါတယ်။အဲဒီကတဆင့် အလွန်ကြမ်းတမ်းခက်ခဲတဲ့ နိုင်ငံရေးခရီးကို ဒေါ်အောင်ဆန်းစုကြည် ဝင်လာတော့ မြန်မာလူထုက စုနောက်မှာ အမြဲရပ်တည်ပေးလာကြပါတယ်။စုရဲ့ အတိုက်အခံတွေက စုကို မြန်မာလူထု ဒီလောက်ထောက်ခံနေတာဟာ၊ ဗိုလ်ချုပ်အောင်ဆန်း သမီးဆိုတဲ့ အစွဲကြောင့်လို့ အစဉ်တစိုက်ပြောဆိုခဲ့ကြပါတယ်။ရှေးမင်းတွေကို ထည့်မစဉ်းစားဘဲ၊ သက်ဦးဆံပိုင်ဘုရင်ခေတ်အလွန် နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ အုံနဲ့ကျင်းနဲ့ လူထုထောက်ခံမှုရယူနိုင်ခဲ့သူဆိုလို့၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးသာရှိပါသေးတယ်။

တခြားနိုင်ငံရေးပါတီတွေအနေနဲ့ ဒီအချက်ကို သတိပြုပြီး၊ မိမိတို့ပါတီအပေါ်၊ ပါတီခေါင်းဆောင်အပေါ် လူထုယုံကြည်မှုခိုင်မာရေး တည်ဆောက်ကြဖို့လိုပါတယ်။မတည်ဆောက်နိုင်ဘူးဆိုရင်၊ နိုင်ငံရေးပါတီတစ်ဖွဲ့အနေနဲ့ ဘယ်လိုမှရေရှည်ရပ်တည်မှာ မဟုတ်ပါ။နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းအရ မယှဉ်ပြိုင်ဘဲ လူပုဂ္ဂိုလ်ကို တိုက်ခိုက်ပြောဆိုတဲ့နည်းနဲ့ ပြိုင်ဘက်နိုင်ငံရေးသမားရဲ့ပုံရိပ်ကို ကျဆင်းဖို့ ကြိုးစားတဲ့နည်းကလဲ ခေတ်ကုန်သွားပါပြီ။အမျိုးဘာသာ သာသနာဆိုတဲ့ လက်နက်နဲ့တိုက်ခိုက်နည်းကလဲ ခေတ်ကုန်သွားပါပြီ။ဒီလိုပြောတဲ့အတွက် အမျိုးဘာသာ သာသနာထက် အရေးကြီးတာ ဘာရှိသေးလဲလို့ မေးခွန်းထုတ်မယ့်သူတွေ မြန်မာနိုင်ငံမှာ များပြားလှကြောင်း သိပါတယ်။လူထုလက်ခံထားတဲ့ အမျိုးဘာသာ သာသနာရဲ့ ဖွင့်ဆိုချက်တစ်မျိုးဖြစ်ပြီး၊ ဒီဆောင်ပုဒ်ကို တောက်လျှောက်ကိုင်စွဲထားသူတို့ရဲ့ ဖွင့်ဆိုချက်ကြားမှာ ဘာတွေကွာခြားနေသလဲ၊ မဆန်းစစ်ခြင်းအကျိုးကို ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံးရဲ့ မဲရလဒ်တွေက ပြသသွားပါတယ်။

အမျိုးဘာသာ သာသနာဝါဒီ နိုင်ငံရေးသမားတို့ ခေတ်ကိုမျက်ခြည်မပြတ်ဖို့လိုပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဒီဆောင်ပုဒ်အောက်မှာပဲ ဘယ်ပါတီကိုမဲပေးရင် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာပျောက်ကွယ်သွားမယ်လို့ ပြောဆိုမဲဆွယ်ခဲ့ကြသလဲ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်ပါတီအောင်ပွဲခံသွားသလဲ အားလုံးသိကြပါတယ်။ ၂၀၂၀ နားနီးလာတော့လဲ နိုင်ငံရေးပါတီတချို့က ဒီဆောင်ပုဒ်ကိုပဲ ပြန်ထုတ်သုံးလာကြပြန်ပါတယ်။ရွေးကောက်ပွဲကျင်းပဖို့ ၆ ရက်လောက် အလိုမှာသာ ဦးဝီရသူ ပြန်ပေါ်မလာရင် အင်အယ်လ်ဒီ ဒီလောက်မဲမရနိုင်ပါဘူး။ဦးဝီရသူ ကို တည်ကြက်အဖြစ်ထားပြီး နိုင်ငံရေးပါတီတစ်ခုက လူမျိုးရေး ဘာသာရေး အမြတ်ထုတ်တော့မယ်လို့ လူထုကကြောက်လန့်စိုးရိမ်သွားလို့ မနက် ၄ နာရီကတည်းက ရောက်လာကြ၊ တန်းစီမဲပေးကြတဲ့ အနေအထားအထိ ပို့ပေးလိုက်တဲ့ တွန်းအားတစ်ရပ် ဖြစ်လာစေခဲ့ပါတယ်။အင်အယ်လ်ဒီပါတီ ပြတ်ပြတ်သားသား မဲအနိုင်ရတာဟာ၊ အင်အယ်လ်ဒီပါတီကို ပြိုင်ဘက်ပါတီတွေက ပါတီခေါင်းဆောင်ချင်း ယှဉ်ပြိုင်နိုင်မှုအားနည်းရုံသာမက၊ နိုင်ငံရေးကို နိုင်ငံရေးနည်းအရ မယှဉ်ပြိုင်နိုင်ဘဲ၊ အသုံးပြုတဲ့နည်းဗျူဟာတွေ မှားယွင်းခဲ့လို့ပါ။လူထုအမြင်မှာ အမျိုးဘာသာ သာသနာဆိုတဲ့ ဆောင်ပုဒ်ထုတ်သုံးလာတိုင်း၊ လူချတဲ့ ဘောလုံးပွဲလို့ ခံစားကြရတာကို အတိုက်အခံနိုင်ငံရေးပါတီတွေ အချိန်မီသိပြီးပြုပြင်မှ ဒီဆောင်ပုဒ်ကိုစွဲကိုင်ထားတဲ့ ပါတီတွေ ၂၀၂၅ ရွေးကောက်ပွဲမှာ တစညပါတီ ကြုံတွေ့ရတဲ့အဖြစ်မျိုးကို ရှောင်ရှားနိုင်ကြပါလိမ့်မယ်။

မဆလပါတီကို အမည်ပြောင်းထားတဲ့ တစညပါတီဖြစ်စဉ်ကို လေ့လာကြည့်ပါ။ ၁၉၆၂ ကနေ ၁၉၈၈ ထိ၊ မြန်မာမှာ နိုင်ငံရေးပါတီရယ်လို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ဖွဲ့ပဲရှိခဲ့ပါတယ်။အသက် ၁၈ နှစ်ပြည့်ပြီးသူ အားလုံးနီးပါး မဆလပါတီ ဝင်ကြရပါတယ်။တော်လှန်ရေးကောင်စီအစိုးရက ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တဲ့အတွက် ငွေကြေး၊ လူအင်အား လိုလေသေးမရှိ ပြည့်စုံပါတယ်။ဒါပေမဲ့ ပါတီတည်‌ထောင်ပြီး သက်တမ်း ၂၆ နှစ်အကြာရောက်တော့ လူထုလက်မခံကြောင်း ပြသလာတဲ့အတွက် ၁၉၈၈ ဇူလိုင် ၂၃ ရက်နေ့မှာ အပြီးဖျက်သိမ်းတယ်လို့ ကြေညာလိုက်ပါတယ်။နောက်မှ နာမည်ပြောင်းပြီး တစညပါတီအနေနဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့တာ အားလုံးအသိပါ။မဆလပါတီ ခေါင်းဆောင်ဟောင်းတွေက သူတို့ပါတီရဲ့ ပါတီဝင်အင်အားအရေအတွက်ကို ယုံကြည်လို့သာ ၁၉၉၀ ရွေးကောက်ပွဲကို သန့်ရှင်းမျှတလွတ်လပ်တဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပပေးပြီး ဝင်ပြိုင်ခဲ့တာပါ။လူထုက ပါတီသက်တမ်း ၂ နှစ်လောက်ပဲရှိသေးတဲ့ အင်အယ်လ်ဒီကို ပုံအောမဲပေးခဲ့ပါတယ်။တစည မရှုမလှ မဲရှုံးခဲ့ပါတယ်။

အခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မနေ့တစ်နေ့ကမှ ထဖွဲ့တဲ့ ပါတီတချို့ဟာ သူတို့ရဲ့ မဲရလဒ်အရှုံးအပေါ် သုံးသပ်ပြကြတဲ့အခါ ပါတီအသစ်တွေအတွက် မဲဆွယ်စည်းရုံးခွင့်အချိန် နည်းပါးတယ်။ကိုဗစ်ကြောင့် အခက်အခဲတွေကြုံခဲ့တယ် စတဲ့ဆင်ခြေတွေပေးကြတာကို ကြားသိနေရပါတယ်။ပါတီခေါင်းဆောင်တစ်ယောက်ကတော့ မြန်မာ့နိုင်ငံရေးမှာ ချစ်ခြင်းမုန်းခြင်းတွေနဲ့ သွားနေမယ်ဆိုရင် ရေရှည်အတွေက် မကောင်းဘူးလို့ သုံးသပ်ပြသွားပါတယ်။

ဒီကနေ့ လူထုထောက်ခံမှုကို အင်နဲ့အားနဲ့ရနေတဲ့ အင်အယ်လ်ဒီပါတီကို ယေဘုယျသုံးသပ်ကြည့်မယ်ဆိုရင် ၁၉၈၈ အရေးတော်ပုံနဲ့ အတူ လူထုကြားကပေါက်ဖွားလာတဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်ပါတယ်ငွေရှိလို့ ထထူထောင်တဲ့ပါတီ၊ တစ်ဖွဲ့ဖွဲ့ရဲ့ ကျောထောက်နောက်ခံယူပြီး ထူထောင်တဲ့ပါတီမဟုတ်ဘူးဆိုတာ တွေ့ရပါမယ်။အင်အယ်လ်ဒီပါတီဟာ စတည်ထောင်ကတည်းက သူရင်ဆိုင်ရတဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေနဲ့ ပါတီတွေကို နိုင်ငံရေးနည်းအရပဲ တုန့်ပြန်ရင်ဆိုင်သွားပါတယ်။ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ၊ တစ်ဘက်သားရဲ့ ငယ်ကျိုးငယ်နာဖော်တာ စတဲ့ အောက်လမ်းနည်းတွေမသုံးခဲ့ဘဲ၊ လူထုရဲ့ယုံကြည်မှုနဲ့ မေတ္တာကို ရယူထားပါတယ်။

ပုထုဇဉ်မှန်သမျှ ချစ်ခြင်း၊ မုန်းခြင်း မကင်းကြပါဘူး။လူကောင်း လူမှန်လို့ထင်သူကို ချစ်ကြတယ်။မိမိတို့ကောင်းကျိုးကို ဖော်ဆောင်ပေးမယ်လို့ ယူဆရသူကို ချစ်ခင်အားကိုးကြတယ်။တရားနည်းလမ်းကျတယ်လို့ ယူဆသူကို လေးစားကြတယ်။ပုထုဇဉ်လောကမှာ ပုဂ္ဂိုလ်မင်မှ တရားခင်ကြတာများပါတယ်။
ပါတီခေါင်းဆောင်တစ်ယောက်ကို လူထုကချစ်တယ်ဆိုတာ သူ့ကို ခေါင်းဆောင်အဖြစ်လက်ခံကြောင်း ပြသတာပါ။ဆန့်ကျင်ဘက်အနေနဲ့ မယုံကြည်ဘူး၊ အားမကိုးဘူး၊ မုန်းတယ်ဆိုတဲ့ ရလဒ်ကို သိမ်းပိုက်ထားရသူဟာ အဖွဲ့အစည်းတစ်ခုရဲ့ အရေးပါတဲ့လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီခေါင်းဆောင်ပဲဖြစ်ဖြစ် လူထုရဲ့အားပေးထောက်ခံမှု မရနိုင်ပါဘူး။

မြန်မာ့နိုင်ငံရေး တည်ငြိမ်လာတာနဲ့အမျှ လူထုရဲ့ မြင့်မားလာတဲ့ အသိအမြင်တွေကို အမှီမလိုက်နိုင်တဲ့ နိုင်ငံရေးပါတီမှန်သမျှ လုံးပါးပါးကျန်ရစ်ကြမှာပါ။လုပ်ဆောင်နိုင်စွမ်း အရည်အချင်း အင်အားချင်း မတိမ်းမယိမ်းရှိတဲ့ နိုင်ငံရေးပါတီနည်းနည်းပဲ နိုင်ငံရေးလမ်းကြောင်းပေါ် ကျန်ရစ်ကြမှာဖြစ်ပါတယ်။ကမ္ဘာ့အင်အားကြီး အမေရိကန်လိုနိုင်ငံမှာတောင်၊ နိုင်ငံရေးပါတီ နှစ်ဖွဲ့ပဲရှိပါတယ်။မြန်မာ့တိုင်းရင်းဆေးလောကမှာ ဆိုရိုးစကားတစ်ခုရှိပါတယ်။ဆရာဖျင်းရင် ပုလင်းရှုပ်သတဲ့။မြန်မာ့တိုင်းရင်းဆေးပညာဟာ ဗုဒ္ဓတရားနဲ့ တစိတ်တဒေသ ဆက်စပ်နေပါတယ်။ဘယ်တိုင်းရင်းဆေးပညာပဲဖြစ်ဖြစ် ဓာတ်ကြီးလေးပါးကို လက်ကိုင်ပြုကြရပါတယ်။
ဘုရားဟောတရားမှာ ရှိရှိသမျှ သက်ရှိသက်မဲ့အားလုံး ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဆိုတဲ့ (ရေ၊ လေ၊ မြေ၊ မီး) ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတယ်လို့ အတိအကျဟောထားပါတယ်။

လောကဓာတ် အနောက်တိုင်းဆေးပညာအရ ရောဂါတစ်ခုအတွက် အမည်တစ်မျိုး၊ ဆေးတစ်မျိုးသုံးကြတာကို ရှေးရိုးစွဲမြန်မာတွေက မကြိုက်ကြပါဘူး။မြန်မာမှာ ရောဂါမှန်သမျှ ဓာတ်လေးပါးဖောက်ပြန်တာလို့ ခံယူထားကြတော့ ဒီဓာတ်လေးပါးကိုပဲ မိမိဆေးနည်းနဲ့မိမိ ပြန်ညှိယူကြတာပါ။ဒါကြောင့် မျက်လုံးအရောင်၊ လျှာအရောင်ကြည့်ပြီး ဝါယောလွန်နေတယ်။တေဇောငုတ်နေတယ် စသဖြင့် တိုင်းရင်းဆေးဆရာက သတ်မှတ်ပြီး ဆေးတစ်မျိုးတည်းကို ရေလဲနဲ့ပေးပြီးကုသတဲ့ ကုထုံးတွေရှိပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေးဟာ တိုင်းရင်းဆေးဆရာတွေအပြောနဲ့ ပြောရမယ်ဆိုရင် ဆရာဖျင်း ပုလင်းရှုပ်နေတာပါ။ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်လ်ဒီပါတီကို ယှဉ်ပြိုင်နိုင်ဖို့ အတိုက်အခံပါတီတွေ ဓားထက်လာပြီဆိုရင်၊ တကယ့်ဒေါင်ဒေါင်မြည်ပါတီတချို့ပဲ ကျန်ရစ်ပြီး မှိုလိုပေါက်နေတဲ့ ပါတီခေတ် ကုန်သွားမှာပါ။ဒီလိုပြောဆိုတဲ့အထဲမှာ တိုင်းရင်းသားပါတီတွေ မပါပါဘူး။ဆရာဖျင်း ပုလင်းရှုပ်သဘောကို နားလည်လာတဲ့ တိုင်းရင်းသားပါတီတွေဟာ ၂၀၁၅ တုန်းကလို၊ ဟိုမှာတစ်ပါတီ၊ ဒီမှာတစ်ပါတီ ပြန့်ကျဲမနေဘဲ၊ တူရာတိုင်းရင်းသားပါတီတွေ စုပေါင်းလိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲဝင်ကြတာ၊ မှန်ကန်တဲ့ဗျူဟာတစ်ခုဖြစ်ပါတယ်။

လူထုရဲ့ ယုံကြည်အားကိုးစိတ်ကိုမရတဲ့ နိုင်ငံရေးပါတီမှန်သမျှ ၂၀၂၅ ရွေးကောက်ပွဲရောက်ရင်လဲ ငွေကုန်သံပြာဖြစ်ကြအုံးမှာပါ။အိန္ဒိယနိုင်ငံမှာ အမျိုးသားကွန်ဂရက်ပါတီဟာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အကြိမ်အတော်များများ ဆက်တိုက်အာဏာရခဲ့ အစိုးရဖွဲ့အုပ်ချုပ်နိုင်ခဲ့ပေမဲ့၊ နောက်ပိုင်းမှာ တခြားနိုင်ငံရေးပါတီတွေ အားကောင်းလာကြပါတယ်။နောက်ပိုင်း ရွေးကောက်ပွဲတွေမှာ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီကို ကျော်တက်အနိုင်ရခဲ့ကြတဲ့ ပါတီတွေ ဒီကနေ့ထိရှိလာကြပြီး  နိုင်ငံ့အာဏာကို ရယူနိုင်ခဲ့ကြပါတယ်။လူပုဂ္ဂိုလ်ဖြစ်ဖြစ် အဖွဲ့အစည်းဖြစ်ဖြစ် အတက်အကျဆိုတဲ့ လောကဓံကို ရင်ဆိုင်ရစမြဲပါ။နှစ်အတော်ကြာ နိုင်ငံရေးမှာ ဦးဆောင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီဟာ လက်ရှိအချိန်မှာ အကျဘက်ကိုရောက်နေတဲ့ နိုင်ငံရေးပါတီတစ်ဖွဲ့ ဖြစ်လာပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာလဲ အတိုက်အခံနိုင်ငံရေးပါတီတွေ အားကောင်းလာမှသာ၊ အင်အယ်လ်ဒီပါတီ ကြီးစိုးနေတာကို ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်။အခုလဲ နိုင်ငံရေးပါတီတချို့ဟာ ဒေါ်အောင်ဆန်းစုကြည်အလွန်ကို တွက်ဆပြီး လုပ်ဆောင်နေကြတာတွေရှိပါတယ်။မြန်မာ့နိုင်ငံရေးတည်ငြိမ်ဖို့ အတိုက်အခံပါတီတွေ အားကောင်းလာဖို့ အမှန်တကယ်လိုအပ်ပါတယ်။ဒါပေမဲ့ နိုင်ငံရေးအင်အားကို နည်းမှန်လမ်းမှန် တည်ဆောက်ယူတာမဟုတ်ဘဲ၊ ဒေါ်အောင်ဆန်းစုကြည် ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြီး၊ လူထုထောက်ခံမှုရဖို့ နိုင်ငံရေးနည်းနဲ့မတိုက်ခိုက်ဘဲ၊ အောက်လမ်းနိုင်ငံရေးနည်းတွေနဲ့တိုက်ခိုက် ရပ်တည်မှုရှာမယ့် နိုင်ငံရေးပါတီမှန်သမျှ နေဝင်သွားကြပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ မြန်မာလူထုဟာ နိုင်ငံရေးအသိအမြင် မြင့်မားလာရုံသာမက၊ အကြောက်တရားလဲ ကင်းလာကြပါပြီ။ဒါကြောင့် အတိုက်အခံနိုင်ငံရေးပါတီတွေဟာ ရိုးသားကြိုးစားကြဖို့လိုပါတယ်။

တပြိုင်တည်းမှာပဲ ပြောင်းလဲလာတဲ့နည်းပညာနဲ့ ကမ္ဘာ့နိုင်ငံရေးကို မမေ့ကြဖို့လိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတချို့ရဲ့ လုပ်ဆောင်မှုအားနည်းတာတွေ၊ မဲလာပေးသူတချို့ရဲ့ မသမာမှုတွေကို ရွေးကောက်ပွဲဝင်ပါတီတွေက ဖော်ထုတ်ပေးတာမဟုတ်ဘဲ၊ လူထုက‌ဖော်ထုတ်ပေးခဲ့တာပါ။
တံဆိပ်တုံးအတုယူလာတဲ့ မဲပေးသူ၊ ကြိုတင်မဲ ၂ ကြိမ်ပေးတဲ့ ဝန်ထမ်းဆိုတဲ့ တံဆိပ်ဆိုးကြီးက ဒီလိုလုပ်ရပ်မျိုးလုပ်ဆောင်သူတွေ မဲရုံထဲကထွက်မလာရသေးချိန်မှာပဲ တစ်ပြည်လုံးသိကြမြင်ကြတဲ့ အခြေဆိုက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ရေရှည်တည်တံ့တည်ငြိမ် တိုးတက်ဖို့အတွက် အတိုက်အခံ နိုင်ငံရေးပါတီတွေ အားကောင်းဖို့လိုပါတယ်။နိုင်ငံနဲ့ လူထုအကျိုးကို ရှေ့ရှုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပါတီအားလုံး မိမိတို့ရဲ့အားနည်းချက်တွေကို ပြန်လည်ဆန်းစစ် ပြုပြင်နိုင်ကြပါစေ။လူထုရဲ့ယုံကြည်အားကိုးမှုကို ရယူနိုင်ကြပြီး၊ နိုင်ငံနဲ့ လူထုအကျိုးကို ဖော်ဆောင်ပေးကြမယ့် နိုင်ငံရေးပါတီများဖြစ်လာကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

ခင်နှင်းဦး
နိုဝင်ဘာ - ၁၁

( Zawgyi )

အမ်ားေမွ်ာ္လင့္ေနခဲ့တဲ့ ၂၀၂၀ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲႀကီး ၿပီးစီးသြားပါၿပီ။အဖုအထစ္နည္းနည္းပါးပါးရွိခဲ့ေပမဲ့၊ မဲေပးရတဲ့ေန႔မွာ ႀကီးမားတဲ့ျပႆနာမရွိလို႔၊ ေအာင္ေအာင္ျမင္ျမင္ ၿပီးစီးသြားၿပီလို႔ ဆိုႏိုင္ပါတယ္။ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ ပါတီေတြေရာ၊ မဲေပးခဲ့တဲ့လူထုကပါ ရင္တမမေစာင့္ေမွ်ာ္ေနၾကတဲ့ မဲရလဒ္ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က တရားဝင္မထုတ္ျပန္ႏိုင္ေသးေပမယ့္၊ သတင္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ေတြအရ၊ တစ္ပါတီတည္း ကြၽတ္ကြၽတ္လြတ္လြတ္ အစိုးရဖြဲ႕ႏိုင္တဲ့ သတ္မွတ္ထားတဲ့ မဲရလဒ္အေရအတြက္ထက္ ေက်ာ္လြန္တဲ့ မဲရလဒ္ကို  အင္အယ္လ္ဒီပါတီ ရရွိသြားပါၿပီ။

ဒီေ႐ြးေကာက္ပြဲဟာ ျမန္မာႏိုင္ငံအတြက္ ႀကီးမားတဲ့စိန္ေခၚမႈေတြၾကားမွာ က်င္းပခဲ့ရတဲ့ ေ႐ြးေကာက္ပြဲပါ။တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ေတြနဲ႔ တပ္မေတာ္ၾကား တိုက္ပြဲေတြက ႀကိဳၾကားျဖစ္ေနခဲ့ၿပီး၊ ကိုဗစ္ကူးစက္ေရာဂါ ဒုတိယလႈိင္းဒဏ္ကို အလူးအလဲခံေနရခ်ိန္မွာ ဒီေ႐ြးေကာက္ပြဲႀကီးကို က်င္းပခဲ့ရတာျဖစ္ပါတယ္။ေ႐ြးေကာက္ပြဲမွာ အဓိကဇာတ္လိုက္ေလးဦး ပါဝင္ပါတယ္။ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၊ ပါဝင္ယွဥ္ၿပိဳင္ၾကတဲ့ ႏိုင္ငံေရးပါတီမ်ား၊ အစိုးရနဲ႔ လူထုပါ။ဒီမိုကေရစီစနစ္က်င့္သုံးတဲ့ ႏိုင္ငံေတြမွာ ဒီေလးမ်ိဳးဒြန္တြဲေနပါတယ္။ႏိုင္ငံေရးတည္ၿငိမ္ၿပီး လူထုအသိျမင့္မားတဲ့ ႏိုင္ငံေတြမွာေတာင္ ႏိုင္ငံေရးအာဏာအတြက္ ၿပိဳင္ဆိုင္မႈေတြႀကီးမားၾကပါတယ္။တခါတေလမွာေတာ့ မတရားတဲ့နည္းလမ္းေတြသုံးၿပီး အႏိုင္ရဖို႔လုပ္ေဆာင္ၾကတဲ့ျဖစ္ရပ္ေတြ ရွိၾကပါတယ္။

ႏို္ငငံ့အေရးအရာေတြမွာ လူထုသာပဓာန၊ လူထုသာအဓိကဆိုၿပီး ႏိုင္ငံေရးသမားေတြက ေျပာတတ္ၾကပါတယ္။ဒါေပမဲ့ လူထုရဲ႕စိတ္ႏွလုံးကို သိမ္းႀကဳံးယူႏိုင္ဖို႔ (တစ္နည္းအားျဖင့္) လူထုရဲ႕ယုံၾကည္မႈရဖို႔၊ မိမိတို႔ရဲ႕ပါတီကို ဘယ္လိုဗ်ဴဟာက်င့္သုံးမယ္ဆိုတာကို ႏိုင္ငံေရးသမားအမ်ားစု ေမ့ေနၾကပုံရပါတယ္။ဘယ္ပါတီပဲျဖစ္ျဖစ္ အဲဒီလို လူထုရဲ႕ယုံၾကည္မႈကိုရယူႏိုင္ဖို႔ ပါတီဝင္ႏိုင္ငံေရးသမားတစ္ေယာက္ခ်င္းက မလုပ္ႏိုင္ၾကပါဘူး။ပါတီေခါင္းေဆာင္ပိုင္းက အဓိကလုပ္ေဆာင္ေပးရတာပါ။ႏိုင္ငံေရးပါတီတိုင္း အလုပ္အမႈေဆာင္အဖြဲ႕ဖြဲ႕ၿပီး လုပ္ကိုင္ေဆာင္႐ြက္ၾကတာျဖစ္ေပမဲ့၊ ပါတီေခါင္းေဆာင္ရဲ႕ ဦးေဆာင္ႏိုင္မႈဟာ အင္မတန္အေရးပါတဲ့ အခန္းက႑မွာရွိပါတယ္။
ပါတီေခါင္းေဆာင္အေပၚ လူထုယုံၾကည္မွ ႏိုင္ငံေရးခရီးကို ေရွ႕ဆက္ႏိုင္ပါတယ္။ဒီျဖစ္ရပ္မ်ိဳး ျမန္မာ့ႏိုင္ငံေရးမွာ တစ္ႀကိမ္မကရွိခဲ့ပါတယ္။လြတ္လပ္ေရးအႀကိဳကာလတုန္းက ျမန္မာလူထုဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ေခါင္းေဆာင္မႈေနာက္မွာ တညီတၫြတ္ရွိခဲ့ၾကပါတယ္။ဖဆပလေခတ္မွာ လူထုေထာက္ခံမႈကို အေတာ္အတန္ရယူႏိုင္ခဲ့သူက ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့တဲ့ ဦးႏုပါ။ဦးႏု ကို သူ႔အတိုက္အခံေတြက ဘာသာေရးဗန္းျပၿပီး လူထုေထာက္ခံမႈကို လွည့္ျဖားယူေနတာလို႔ စြပ္စြဲၾကေပမဲ့၊ လူထုက ဦးႏု ကို ေထာက္ခံၿမဲေထာက္ခံခဲ့ၾကပါတယ္။

၁၉၈၈ အေရးေတာ္ပုံအၿပီးမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ လူထုအားကိုးယုံၾကည္သူ ျဖစ္လာပါတယ္။အဲဒီကတဆင့္ အလြန္ၾကမ္းတမ္းခက္ခဲတဲ့ ႏိုင္ငံေရးခရီးကို ေဒၚေအာင္ဆန္းစုၾကည္ ဝင္လာေတာ့ ျမန္မာလူထုက စုေနာက္မွာ အၿမဲရပ္တည္ေပးလာၾကပါတယ္။စုရဲ႕ အတိုက္အခံေတြက စုကို ျမန္မာလူထု ဒီေလာက္ေထာက္ခံေနတာဟာ၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း သမီးဆိုတဲ့ အစြဲေၾကာင့္လို႔ အစဥ္တစိုက္ေျပာဆိုခဲ့ၾကပါတယ္။ေရွးမင္းေတြကို ထည့္မစဥ္းစားဘဲ၊ သက္ဦးဆံပိုင္ဘုရင္ေခတ္အလြန္ ႏိုင္ငံ့ေခါင္းေဆာင္ေတြထဲမွာ အုံနဲ႔က်င္းနဲ႔ လူထုေထာက္ခံမႈရယူႏိုင္ခဲ့သူဆိုလို႔၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ႏွစ္ဦးသာရွိပါေသးတယ္။

တျခားႏိုင္ငံေရးပါတီေတြအေနနဲ႔ ဒီအခ်က္ကို သတိျပဳၿပီး၊ မိမိတို႔ပါတီအေပၚ၊ ပါတီေခါင္းေဆာင္အေပၚ လူထုယုံၾကည္မႈခိုင္မာေရး တည္ေဆာက္ၾကဖို႔လိုပါတယ္။မတည္ေဆာက္ႏိုင္ဘူးဆိုရင္၊ ႏိုင္ငံေရးပါတီတစ္ဖြဲ႕အေနနဲ႔ ဘယ္လိုမွေရရွည္ရပ္တည္မွာ မဟုတ္ပါ။ႏိုင္ငံေရးကို ႏိုင္ငံေရးနည္းလမ္းအရ မယွဥ္ၿပိဳင္ဘဲ လူပုဂၢိဳလ္ကို တိုက္ခိုက္ေျပာဆိုတဲ့နည္းနဲ႔ ၿပိဳင္ဘက္ႏိုင္ငံေရးသမားရဲ႕ပုံရိပ္ကို က်ဆင္းဖို႔ ႀကိဳးစားတဲ့နည္းကလဲ ေခတ္ကုန္သြားပါၿပီ။အမ်ိဳးဘာသာ သာသနာဆိုတဲ့ လက္နက္နဲ႔တိုက္ခိုက္နည္းကလဲ ေခတ္ကုန္သြားပါၿပီ။ဒီလိုေျပာတဲ့အတြက္ အမ်ိဳးဘာသာ သာသနာထက္ အေရးႀကီးတာ ဘာရွိေသးလဲလို႔ ေမးခြန္းထုတ္မယ့္သူေတြ ျမန္မာႏိုင္ငံမွာ မ်ားျပားလွေၾကာင္း သိပါတယ္။လူထုလက္ခံထားတဲ့ အမ်ိဳးဘာသာ သာသနာရဲ႕ ဖြင့္ဆိုခ်က္တစ္မ်ိဳးျဖစ္ၿပီး၊ ဒီေဆာင္ပုဒ္ကို ေတာက္ေလွ်ာက္ကိုင္စြဲထားသူတို႔ရဲ႕ ဖြင့္ဆိုခ်က္ၾကားမွာ ဘာေတြကြာျခားေနသလဲ၊ မဆန္းစစ္ျခင္းအက်ိဳးကို ၂၀၁၅ ႏွင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ ႏွစ္ႀကိမ္စလုံးရဲ႕ မဲရလဒ္ေတြက ျပသသြားပါတယ္။

အမ်ိဳးဘာသာ သာသနာဝါဒီ ႏိုင္ငံေရးသမားတို႔ ေခတ္ကိုမ်က္ျခည္မျပတ္ဖို႔လိုပါတယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ဒီေဆာင္ပုဒ္ေအာက္မွာပဲ ဘယ္ပါတီကိုမဲေပးရင္ ျမန္မာႏိုင္ငံမွာ ဗုဒၶဘာသာေပ်ာက္ကြယ္သြားမယ္လို႔ ေျပာဆိုမဲဆြယ္ခဲ့ၾကသလဲ။ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ဘယ္ပါတီေအာင္ပြဲခံသြားသလဲ အားလုံးသိၾကပါတယ္။ ၂၀၂၀ နားနီးလာေတာ့လဲ ႏိုင္ငံေရးပါတီတခ်ိဳ႕က ဒီေဆာင္ပုဒ္ကိုပဲ ျပန္ထုတ္သုံးလာၾကျပန္ပါတယ္။ေ႐ြးေကာက္ပြဲက်င္းပဖို႔ ၆ ရက္ေလာက္ အလိုမွာသာ ဦးဝီရသူ ျပန္ေပၚမလာရင္ အင္အယ္လ္ဒီ ဒီေလာက္မဲမရႏိုင္ပါဘူး။ဦးဝီရသူ ကို တည္ၾကက္အျဖစ္ထားၿပီး ႏိုင္ငံေရးပါတီတစ္ခုက လူမ်ိဳးေရး ဘာသာေရး အျမတ္ထုတ္ေတာ့မယ္လို႔ လူထုကေၾကာက္လန႔္စိုးရိမ္သြားလို႔ မနက္ ၄ နာရီကတည္းက ေရာက္လာၾက၊ တန္းစီမဲေပးၾကတဲ့ အေနအထားအထိ ပို႔ေပးလိုက္တဲ့ တြန္းအားတစ္ရပ္ ျဖစ္လာေစခဲ့ပါတယ္။အင္အယ္လ္ဒီပါတီ ျပတ္ျပတ္သားသား မဲအႏိုင္ရတာဟာ၊ အင္အယ္လ္ဒီပါတီကို ၿပိဳင္ဘက္ပါတီေတြက ပါတီေခါင္းေဆာင္ခ်င္း ယွဥ္ၿပိဳင္ႏိုင္မႈအားနည္း႐ုံသာမက၊ ႏိုင္ငံေရးကို ႏိုင္ငံေရးနည္းအရ မယွဥ္ၿပိဳင္ႏိုင္ဘဲ၊ အသုံးျပဳတဲ့နည္းဗ်ဴဟာေတြ မွားယြင္းခဲ့လို႔ပါ။လူထုအျမင္မွာ အမ်ိဳးဘာသာ သာသနာဆိုတဲ့ ေဆာင္ပုဒ္ထုတ္သုံးလာတိုင္း၊ လူခ်တဲ့ ေဘာလုံးပြဲလို႔ ခံစားၾကရတာကို အတိုက္အခံႏိုင္ငံေရးပါတီေတြ အခ်ိန္မီသိၿပီးျပဳျပင္မွ ဒီေဆာင္ပုဒ္ကိုစြဲကိုင္ထားတဲ့ ပါတီေတြ ၂၀၂၅ ေ႐ြးေကာက္ပြဲမွာ တစညပါတီ ႀကဳံေတြ႕ရတဲ့အျဖစ္မ်ိဳးကို ေရွာင္ရွားႏိုင္ၾကပါလိမ့္မယ္။

မဆလပါတီကို အမည္ေျပာင္းထားတဲ့ တစညပါတီျဖစ္စဥ္ကို ေလ့လာၾကည့္ပါ။ ၁၉၆၂ ကေန ၁၉၈၈ ထိ၊ ျမန္မာမွာ ႏိုင္ငံေရးပါတီရယ္လို႔ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ တစ္ဖြဲ႕ပဲရွိခဲ့ပါတယ္။အသက္ ၁၈ ႏွစ္ျပည့္ၿပီးသူ အားလုံးနီးပါး မဆလပါတီ ဝင္ၾကရပါတယ္။ေတာ္လွန္ေရးေကာင္စီအစိုးရက ဖြဲ႕စည္းထားတဲ့ ပါတီျဖစ္တဲ့အတြက္ ေငြေၾကး၊ လူအင္အား လိုေလေသးမရွိ ျပည့္စုံပါတယ္။ဒါေပမဲ့ ပါတီတည္‌ေထာင္ၿပီး သက္တမ္း ၂၆ ႏွစ္အၾကာေရာက္ေတာ့ လူထုလက္မခံေၾကာင္း ျပသလာတဲ့အတြက္ ၁၉၈၈ ဇူလိုင္ ၂၃ ရက္ေန႔မွာ အၿပီးဖ်က္သိမ္းတယ္လို႔ ေၾကညာလိုက္ပါတယ္။ေနာက္မွ နာမည္ေျပာင္းၿပီး တစညပါတီအေနနဲ႔ ၁၉၉၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ခဲ့တာ အားလုံးအသိပါ။မဆလပါတီ ေခါင္းေဆာင္ေဟာင္းေတြက သူတို႔ပါတီရဲ႕ ပါတီဝင္အင္အားအေရအတြက္ကို ယုံၾကည္လို႔သာ ၁၉၉၀ ေ႐ြးေကာက္ပြဲကို သန႔္ရွင္းမွ်တလြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲအျဖစ္ က်င္းပေပးၿပီး ဝင္ၿပိဳင္ခဲ့တာပါ။လူထုက ပါတီသက္တမ္း ၂ ႏွစ္ေလာက္ပဲရွိေသးတဲ့ အင္အယ္လ္ဒီကို ပုံေအာမဲေပးခဲ့ပါတယ္။တစည မရႈမလွ မဲရႈံးခဲ့ပါတယ္။

အခု ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမွာ မေန႔တစ္ေန႔ကမွ ထဖြဲ႕တဲ့ ပါတီတခ်ိဳ႕ဟာ သူတို႔ရဲ႕ မဲရလဒ္အရႈံးအေပၚ သုံးသပ္ျပၾကတဲ့အခါ ပါတီအသစ္ေတြအတြက္ မဲဆြယ္စည္း႐ုံးခြင့္အခ်ိန္ နည္းပါးတယ္။ကိုဗစ္ေၾကာင့္ အခက္အခဲေတြႀကဳံခဲ့တယ္ စတဲ့ဆင္ေျခေတြေပးၾကတာကို ၾကားသိေနရပါတယ္။ပါတီေခါင္းေဆာင္တစ္ေယာက္ကေတာ့ ျမန္မာ့ႏိုင္ငံေရးမွာ ခ်စ္ျခင္းမုန္းျခင္းေတြနဲ႔ သြားေနမယ္ဆိုရင္ ေရရွည္အေတြက္ မေကာင္းဘူးလို႔ သုံးသပ္ျပသြားပါတယ္။

ဒီကေန႔ လူထုေထာက္ခံမႈကို အင္နဲ႔အားနဲ႔ရေနတဲ့ အင္အယ္လ္ဒီပါတီကို ေယဘုယ်သုံးသပ္ၾကည့္မယ္ဆိုရင္ ၁၉၈၈ အေရးေတာ္ပုံနဲ႔ အတူ လူထုၾကားကေပါက္ဖြားလာတဲ့ ႏိုင္ငံေရးပါတီတစ္ခုျဖစ္ပါတယ္ေငြရွိလို႔ ထထူေထာင္တဲ့ပါတီ၊ တစ္ဖြဲ႕ဖြဲ႕ရဲ႕ ေက်ာေထာက္ေနာက္ခံယူၿပီး ထူေထာင္တဲ့ပါတီမဟုတ္ဘူးဆိုတာ ေတြ႕ရပါမယ္။အင္အယ္လ္ဒီပါတီဟာ စတည္ေထာင္ကတည္းက သူရင္ဆိုင္ရတဲ့ ဆန႔္က်င္ဘက္အဖြဲ႕အစည္းေတြနဲ႔ ပါတီေတြကို ႏိုင္ငံေရးနည္းအရပဲ တုန႔္ျပန္ရင္ဆိုင္သြားပါတယ္။ပုဂၢိဳလ္ေရးတိုက္ခိုက္တာ၊ တစ္ဘက္သားရဲ႕ ငယ္က်ိဳးငယ္နာေဖာ္တာ စတဲ့ ေအာက္လမ္းနည္းေတြမသုံးခဲ့ဘဲ၊ လူထုရဲ႕ယုံၾကည္မႈနဲ႔ ေမတၱာကို ရယူထားပါတယ္။

ပုထုဇဥ္မွန္သမွ် ခ်စ္ျခင္း၊ မုန္းျခင္း မကင္းၾကပါဘူး။လူေကာင္း လူမွန္လို႔ထင္သူကို ခ်စ္ၾကတယ္။မိမိတို႔ေကာင္းက်ိဳးကို ေဖာ္ေဆာင္ေပးမယ္လို႔ ယူဆရသူကို ခ်စ္ခင္အားကိုးၾကတယ္။တရားနည္းလမ္းက်တယ္လို႔ ယူဆသူကို ေလးစားၾကတယ္။ပုထုဇဥ္ေလာကမွာ ပုဂၢိဳလ္မင္မွ တရားခင္ၾကတာမ်ားပါတယ္။
ပါတီေခါင္းေဆာင္တစ္ေယာက္ကို လူထုကခ်စ္တယ္ဆိုတာ သူ႔ကို ေခါင္းေဆာင္အျဖစ္လက္ခံေၾကာင္း ျပသတာပါ။ဆန႔္က်င္ဘက္အေနနဲ႔ မယုံၾကည္ဘူး၊ အားမကိုးဘူး၊ မုန္းတယ္ဆိုတဲ့ ရလဒ္ကို သိမ္းပိုက္ထားရသူဟာ အဖြဲ႕အစည္းတစ္ခုရဲ႕ အေရးပါတဲ့လူပုဂၢိဳလ္ပဲျဖစ္ျဖစ္၊ ႏိုင္ငံေရးပါတီေခါင္းေဆာင္ပဲျဖစ္ျဖစ္ လူထုရဲ႕အားေပးေထာက္ခံမႈ မရႏိုင္ပါဘူး။

ျမန္မာ့ႏိုင္ငံေရး တည္ၿငိမ္လာတာနဲ႔အမွ် လူထုရဲ႕ ျမင့္မားလာတဲ့ အသိအျမင္ေတြကို အမွီမလိုက္ႏိုင္တဲ့ ႏိုင္ငံေရးပါတီမွန္သမွ် လုံးပါးပါးက်န္ရစ္ၾကမွာပါ။လုပ္ေဆာင္ႏိုင္စြမ္း အရည္အခ်င္း အင္အားခ်င္း မတိမ္းမယိမ္းရွိတဲ့ ႏိုင္ငံေရးပါတီနည္းနည္းပဲ ႏိုင္ငံေရးလမ္းေၾကာင္းေပၚ က်န္ရစ္ၾကမွာျဖစ္ပါတယ္။ကမာၻ႔အင္အားႀကီး အေမရိကန္လိုႏိုင္ငံမွာေတာင္၊ ႏိုင္ငံေရးပါတီ ႏွစ္ဖြဲ႕ပဲရွိပါတယ္။ျမန္မာ့တိုင္းရင္းေဆးေလာကမွာ ဆို႐ိုးစကားတစ္ခုရွိပါတယ္။ဆရာဖ်င္းရင္ ပုလင္းရႈပ္သတဲ့။ျမန္မာ့တိုင္းရင္းေဆးပညာဟာ ဗုဒၶတရားနဲ႔ တစိတ္တေဒသ ဆက္စပ္ေနပါတယ္။ဘယ္တိုင္းရင္းေဆးပညာပဲျဖစ္ျဖစ္ ဓာတ္ႀကီးေလးပါးကို လက္ကိုင္ျပဳၾကရပါတယ္။
ဘုရားေဟာတရားမွာ ရွိရွိသမွ် သက္ရွိသက္မဲ့အားလုံး ပထဝီ၊ ေတေဇာ၊ အာေပါ၊ ဝါေယာဆိုတဲ့ (ေရ၊ ေလ၊ ေျမ၊ မီး) ဓာတ္ႀကီးေလးပါးနဲ႔ ဖြဲ႕စည္းထားတယ္လို႔ အတိအက်ေဟာထားပါတယ္။

ေလာကဓာတ္ အေနာက္တိုင္းေဆးပညာအရ ေရာဂါတစ္ခုအတြက္ အမည္တစ္မ်ိဳး၊ ေဆးတစ္မ်ိဳးသုံးၾကတာကို ေရွး႐ိုးစြဲျမန္မာေတြက မႀကိဳက္ၾကပါဘူး။ျမန္မာမွာ ေရာဂါမွန္သမွ် ဓာတ္ေလးပါးေဖာက္ျပန္တာလို႔ ခံယူထားၾကေတာ့ ဒီဓာတ္ေလးပါးကိုပဲ မိမိေဆးနည္းနဲ႔မိမိ ျပန္ညႇိယူၾကတာပါ။ဒါေၾကာင့္ မ်က္လုံးအေရာင္၊ လွ်ာအေရာင္ၾကည့္ၿပီး ဝါေယာလြန္ေနတယ္။ေတေဇာငုတ္ေနတယ္ စသျဖင့္ တိုင္းရင္းေဆးဆရာက သတ္မွတ္ၿပီး ေဆးတစ္မ်ိဳးတည္းကို ေရလဲနဲ႔ေပးၿပီးကုသတဲ့ ကုထုံးေတြရွိပါတယ္။

လက္ရွိျမန္မာ့ႏိုင္ငံေရးဟာ တိုင္းရင္းေဆးဆရာေတြအေျပာနဲ႔ ေျပာရမယ္ဆိုရင္ ဆရာဖ်င္း ပုလင္းရႈပ္ေနတာပါ။ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အင္အယ္လ္ဒီပါတီကို ယွဥ္ၿပိဳင္ႏိုင္ဖို႔ အတိုက္အခံပါတီေတြ ဓားထက္လာၿပီဆိုရင္၊ တကယ့္ေဒါင္ေဒါင္ျမည္ပါတီတခ်ိဳ႕ပဲ က်န္ရစ္ၿပီး မႈိလိုေပါက္ေနတဲ့ ပါတီေခတ္ ကုန္သြားမွာပါ။ဒီလိုေျပာဆိုတဲ့အထဲမွာ တိုင္းရင္းသားပါတီေတြ မပါပါဘူး။ဆရာဖ်င္း ပုလင္းရႈပ္သေဘာကို နားလည္လာတဲ့ တိုင္းရင္းသားပါတီေတြဟာ ၂၀၁၅ တုန္းကလို၊ ဟိုမွာတစ္ပါတီ၊ ဒီမွာတစ္ပါတီ ျပန႔္က်ဲမေနဘဲ၊ တူရာတိုင္းရင္းသားပါတီေတြ စုေပါင္းလိုက္ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲဝင္ၾကတာ၊ မွန္ကန္တဲ့ဗ်ဴဟာတစ္ခုျဖစ္ပါတယ္။

လူထုရဲ႕ ယုံၾကည္အားကိုးစိတ္ကိုမရတဲ့ ႏိုင္ငံေရးပါတီမွန္သမွ် ၂၀၂၅ ေ႐ြးေကာက္ပြဲေရာက္ရင္လဲ ေငြကုန္သံျပာျဖစ္ၾကအုံးမွာပါ။အိႏၵိယႏိုင္ငံမွာ အမ်ိဳးသားကြန္ဂရက္ပါတီဟာ အိႏၵိယႏိုင္ငံ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း အႀကိမ္အေတာ္မ်ားမ်ား ဆက္တိုက္အာဏာရခဲ့ အစိုးရဖြဲ႕အုပ္ခ်ဳပ္ႏိုင္ခဲ့ေပမဲ့၊ ေနာက္ပိုင္းမွာ တျခားႏိုင္ငံေရးပါတီေတြ အားေကာင္းလာၾကပါတယ္။ေနာက္ပိုင္း ေ႐ြးေကာက္ပြဲေတြမွာ အိႏၵိယအမ်ိဳးသားကြန္ဂရက္ပါတီကို ေက်ာ္တက္အႏိုင္ရခဲ့ၾကတဲ့ ပါတီေတြ ဒီကေန႔ထိရွိလာၾကၿပီး  ႏိုင္ငံ့အာဏာကို ရယူႏိုင္ခဲ့ၾကပါတယ္။လူပုဂၢိဳလ္ျဖစ္ျဖစ္ အဖြဲ႕အစည္းျဖစ္ျဖစ္ အတက္အက်ဆိုတဲ့ ေလာကဓံကို ရင္ဆိုင္ရစၿမဲပါ။ႏွစ္အေတာ္ၾကာ ႏိုင္ငံေရးမွာ ဦးေဆာင္ႏိုင္ခဲ့တဲ့ အိႏၵိယအမ်ိဳးသားကြန္ဂရက္ပါတီဟာ လက္ရွိအခ်ိန္မွာ အက်ဘက္ကိုေရာက္ေနတဲ့ ႏိုင္ငံေရးပါတီတစ္ဖြဲ႕ ျဖစ္လာပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာလဲ အတိုက္အခံႏိုင္ငံေရးပါတီေတြ အားေကာင္းလာမွသာ၊ အင္အယ္လ္ဒီပါတီ ႀကီးစိုးေနတာကို ျဖတ္ေတာက္ႏိုင္မွာျဖစ္ပါတယ္။အခုလဲ ႏိုင္ငံေရးပါတီတခ်ိဳ႕ဟာ ေဒၚေအာင္ဆန္းစုၾကည္အလြန္ကို တြက္ဆၿပီး လုပ္ေဆာင္ေနၾကတာေတြရွိပါတယ္။ျမန္မာ့ႏိုင္ငံေရးတည္ၿငိမ္ဖို႔ အတိုက္အခံပါတီေတြ အားေကာင္းလာဖို႔ အမွန္တကယ္လိုအပ္ပါတယ္။ဒါေပမဲ့ ႏိုင္ငံေရးအင္အားကို နည္းမွန္လမ္းမွန္ တည္ေဆာက္ယူတာမဟုတ္ဘဲ၊ ေဒၚေအာင္ဆန္းစုၾကည္ ကို ပုဂၢိဳလ္ေရးတိုက္ခိုက္ၿပီး၊ လူထုေထာက္ခံမႈရဖို႔ ႏိုင္ငံေရးနည္းနဲ႔မတိုက္ခိုက္ဘဲ၊ ေအာက္လမ္းႏိုင္ငံေရးနည္းေတြနဲ႔တိုက္ခိုက္ ရပ္တည္မႈရွာမယ့္ ႏိုင္ငံေရးပါတီမွန္သမွ် ေနဝင္သြားၾကပါလိမ့္မယ္။ဘာေၾကာင့္လဲဆိုေတာ့ ျမန္မာလူထုဟာ ႏိုင္ငံေရးအသိအျမင္ ျမင့္မားလာ႐ုံသာမက၊ အေၾကာက္တရားလဲ ကင္းလာၾကပါၿပီ။ဒါေၾကာင့္ အတိုက္အခံႏိုင္ငံေရးပါတီေတြဟာ ႐ိုးသားႀကိဳးစားၾကဖို႔လိုပါတယ္။

တၿပိဳင္တည္းမွာပဲ ေျပာင္းလဲလာတဲ့နည္းပညာနဲ႔ ကမာၻ႔ႏိုင္ငံေရးကို မေမ့ၾကဖို႔လိုပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲတခ်ိဳ႕ရဲ႕ လုပ္ေဆာင္မႈအားနည္းတာေတြ၊ မဲလာေပးသူတခ်ိဳ႕ရဲ႕ မသမာမႈေတြကို ေ႐ြးေကာက္ပြဲဝင္ပါတီေတြက ေဖာ္ထုတ္ေပးတာမဟုတ္ဘဲ၊ လူထုက‌ေဖာ္ထုတ္ေပးခဲ့တာပါ။
တံဆိပ္တုံးအတုယူလာတဲ့ မဲေပးသူ၊ ႀကိဳတင္မဲ ၂ ႀကိမ္ေပးတဲ့ ဝန္ထမ္းဆိုတဲ့ တံဆိပ္ဆိုးႀကီးက ဒီလိုလုပ္ရပ္မ်ိဳးလုပ္ေဆာင္သူေတြ မဲ႐ုံထဲကထြက္မလာရေသးခ်ိန္မွာပဲ တစ္ျပည္လုံးသိၾကျမင္ၾကတဲ့ အေျခဆိုက္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံ ေရရွည္တည္တံ့တည္ၿငိမ္ တိုးတက္ဖို႔အတြက္ အတိုက္အခံ ႏိုင္ငံေရးပါတီေတြ အားေကာင္းဖို႔လိုပါတယ္။ႏိုင္ငံနဲ႔ လူထုအက်ိဳးကို ေရွ႕ရႈၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့တဲ့ ပါတီအားလုံး မိမိတို႔ရဲ႕အားနည္းခ်က္ေတြကို ျပန္လည္ဆန္းစစ္ ျပဳျပင္ႏိုင္ၾကပါေစ။လူထုရဲ႕ယုံၾကည္အားကိုးမႈကို ရယူႏိုင္ၾကၿပီး၊ ႏိုင္ငံနဲ႔ လူထုအက်ိဳးကို ေဖာ္ေဆာင္ေပးၾကမယ့္ ႏိုင္ငံေရးပါတီမ်ားျဖစ္လာၾကပါေစလို႔ ဆႏၵျပဳအပ္ပါတယ္။

ခင္ႏွင္းဦး
ႏိုဝင္ဘာ - ၁၁